YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lost In London [2017] (MM Sub).mp4

905.68 MB 720p video/mp4 353 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Cousin Vinny
7.5

နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။ သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Drama • Romance
7.5 1992 120 mins
My Cousin Vinny
Raging Fire
7

ယခုတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မူးယစ်နှိမ်နင်းရေးကားလေး တစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ - ပင်းဟိုင်မြို့ မူးယစ်တပ်ဖွဲ့ကို မူးယစ်ရောင်းဝယ်နေတယ်ဆိုပြီး တိုင်ကြားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ချီဝေပင်းက အဖွဲ့ဝင် ၆ ယောက်နဲ့အတူ စစ်ဆေးစုံစမ်းမှုတွေ လုပ်ပါတော့တယ်။ အစပိုင်း အစီအစဉ်တကျ ဖြစ်ခဲ့ပေမဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်ပြီး ချီဝေပင်းက မူးယစ်ဂိုဏ်းထဲကို တစ်ယောက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တပ်ကူတွေ ရောက်လာပြီးမှ မူးယစ်ထုတ်လုပ်တဲ့ နေရာကို အပြတ်ရှင်းခဲ့ပါတယ်။ သို့သော် အဓိက ခေါင်းဆောင် တွမ့်မျိုးနွယ် ညီအစ်ကို နှစ်ယောက်ကတော့ လွှတ်သွားခဲ့ပြီး သူတို့က ကလဲ့စားချေရန် စတင် ကြံစည်ကြပါတော့တယ်။ ထိုညီအစ်ကို နှစ်ယောက်က ရာဇဝတ်မှုတွေကို ဘယ်လို ရက်စက်စွာ ကျူးလွန်ကြမလဲ...... ချီဝေပင်းတို့ အဖွဲ့ကရော ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ...... ဆိုတာတွေကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ဦးနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

7 2023
Raging Fire
The Great Dictator
8.3

Comedy/War IMDb -8.4, Rotten Tomatoes 93% ချာလီချက်ပလင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေကိုပဲ အများစုပြေးမြင်ကြမယ်ဆိုပေမယ့် ဒါ အသံတိတ်ဇာတ်လမ်းမဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို ချာလီချက်ပလင်ကိုယ်တိုင် ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ထားပြီး သူထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံးလို့တောင် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဘာကြောင့်ဆို ဟစ်တလာ၊ နာဇီနဲ့ ဖက်ဆစ်စနစ်တို့ကို ပညာသားပါပါ သရော်ထားပြီး ဂျူးမုန်းတီးရေးဝါဒီတွေကို ရှုတ်ချထားလို့ပါ။ ဒီဇာတ်လမ်းမှာ သာမန်အညတရ ဆံသဆရာ စစ်မှုထမ်းဟောင်းတစ်ယောက်အဖြစ်နဲ့ ဟင်ကယ်လို့ အမည်ရတဲ့ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ စစ်အာဏာရှင်အဖြစ် ချာလီကိုယ်တိုင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ အားလုံးနဲ့ မစိမ်းတော့တဲ့ အာဏာရှင်လက်အောက် ကျရောက်နေတဲ့ နိုင်ငံသားတို့ရဲ့ ကျီးလန့်စာစား၊ ဘာဆိုဘာမှ ပြောပိုင်ခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀တွေကို မြင်ရလိမ့်မယ်။ စက်ရုပ်လို ပုံစံရိုက်သွင်းခံထားရတဲ့ စစ်သားတွေရဲ့ ရပ်ကွက်တွေထဲ နိုင်ထက်စီးနင်းမှုတွေကို မြင်ရလိမ့်မယ်။ အာဏာရှင်တို့ရဲ့ " ဘယ်သူသေသေ ငတေမာရင် ပြီးရော " ဆိုတဲ့ ကိုယ့်ဖို့ကိုယ်သာကြည့်တဲ့ စရိုက်ဆိုးတွေကို မြင်ရပါလိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးနဲ့ နာမည်အကြီးခဲ့ဆုံးအပိုင်းကတော့ သူ့ရဲ့ ဇာတ်ကောင် စရိုက်လက္ခဏာဖြစ်တဲ့ ရယ်ရွှင်စရာ ပုံစံကနေ ကွဲထွက်ပြီး ချာလီပြောခဲ့တဲ့ နောက်ဆုံး ငါးမိနစ်စာ မိန့်ခွန်းပါပဲ။ ခေတ်စနစ်နဲ့ အာဏာရှင်တွေကို ပီပီပြင်ပြင် သရော်ထားတဲ့ ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ တစ်ခုခုတော့ ဆင်ခြင်မိကြမယ်လို့ ယူဆမိပါတယ် File size…1.2GB Quality…720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yoon Sandi Aung

Action • Drama • Fantasy
8.3 1940 125 mins
The Great Dictator
A Moment of Romance
6.9

~ IMDb rating - 7.4/10 ~ " ဒီတိုတောင်းလွန်းတဲ့ ဘဝမှာတောင် မင်းထွက်သွားတဲ့နားပဲ ကိုယ်ရပ်တန့်နေခဲ့တယ်။ မချစ်ခဲ့မိရင် အကောင်းသားလို့ နောင်တမရချင်တာကလည်း ငါတို့ရဲ့ ရိုးရှင်းစွာတုံးအခဲ့ခြင်းတွေပေါ့။ အရှိန်အဟုန်တွေ ဘယ်လောက်ပြေးပြေး အလှမ်းဝေးလွန်းတဲ့မြစ်ကို တို့မရောက်နိုင်ခဲ့။ မင်းမျက်ရည်စတွေ ငါတို့ရဲ့နေ့တွေ အကုန်မြန်လွန်းတဲ့ ခန်းခြောက်မြစ်တွေ ဖြစ်စေ...။ မိုးသားထဲ ပျံသန်းကြည့်ခဲ့ကြတယ်။ အရှိန်အဟုန်တွေ တို့ကိုခေါ်နိုင်စေသားပေါ့ အားလုံးမဲ့တဲ့ အရပ်ဆီ။ တိမ်တွေဟာ ရေမှုန်ကို မိုးသားထဲ သယ်ဆောင်နိုင်သွားလည်း ခဏတာ။ တစ်စစီ တစ်စစီ။ အသက်နဲ့ဆက်ဆက် ဘဝနဲ့ဆက်ဆက် ဒီအချစ်ရဲ့ အခိုက်တန့်လေး ကိုယ်လဲယူချင်ခဲ့တာ။ ဝေးလွန်းတယ်ဆိုပေမဲ့ လှမ်းကြည့်ရင် အစဉ်မြင်ဆဲ..." မင်းသားက အန်ဒီလောင်ဆိုတော့ ဒီရုပ်ရှင်က ၁၉၉၀ ဝန်းကျင်မှာ အန်ဒီလောင်အရိုက်များခဲ့တဲ့ တခြားဇာတ်တွေလိုပဲ အပေအတေ ဂိုဏ်းစတားလူငယ်လေးနဲ့ ဂိုဏ်းအရှုပ်အထွေးတွေကြားက ညီအစ်ကိုသံယောဇဉ်နဲ့ ချစ်ခြင်းရဲ့ကားပါပဲ။ ဆိုင်ကယ်ပြိုင်ပွဲတွေ ကားပြိုင်ပွဲတွေနဲ့ လမ်းဘေးရန်ပွဲတွေကို ပုံဖော်ပြီး သူတို့ဂိုဏ်းရဲ့ ဂေါ့ဖာသားကြီး ဆေးရုံစားရိတ်အတွက် ဓားပြသွားတိုက်ရာကနေ အလွဲအချော်ဖြစ်ပြီး ဓားစာခံဖမ်းခဲ့ရတဲ့ ကောင်မလေးနဲ့ ဂိုဏ်းစတားတစ်ကောင်ကြားက ချစ်ခြင်းကိုပုံဖော်ထားခဲ့တယ်။ သရုပ်ဆောင်တွေကတော့ ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက ဒီမှာတော့ နာမည်အကြီးဆုံးလို့ ပြောလို့ရတဲ့ အန်ဒီလောင်၊ စတီဖင်ချောင်ရုပ်ရှင်တွေနဲ့ အားလုံးရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ ယမန်နှစ်က ဆုံးသွားခဲ့တဲ့ အန်ကယ်တက်တို့အပြင် မင်းသမီး Chien-Lien Wu ရဲ့ နုလွန်းတဲ့အလှကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တယ်။ သူ့လိုရုပ်မျိုးနဲ့မဟုတ်ဘဲ မက်ဂီတို့ ဂေါင်လီတို့လို ရုပ်တွေနဲ့ရိုက်ရင် ဒီလောက် အသက်ဝင်မှာမဟုတ်ဘူးလို့ ပြောလို့ရတဲ့အထိပဲ။ အန်ကယ်တက်ကလည်း ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့ဆုရခဲ့ပါတယ်။ ဟောင်ကောင်အက်ရှင်ဆရာကြီးတစ်ပါးဖြစ်တဲ့ Johnnie To ရဲ့ လက်ထောက်ဖြစ်ဖူးတဲ့ Benny Chan ဟာ JT ရဲ့လက်ထောက်ပီသစွာပဲ ပွဲဦးထွက် ကားမှာတင် တော်တော်ပြောင်မြောက်အောင်ရိုက်နိုင်ခဲ့ပြီး တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ A Moment of Romance ဟာ ဘန်နီချန်းရဲ့ ပွဲဦးထွက်ကားပေမဲ့ အတုခိုးခံခဲ့ရတာလည်းများသလို အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားလည်းဟုတ်ပါတယ်။ ဘန်နီချန်းဟာ Who Am I?, Rob-B-Hood, New Police Story, Shaolin, Raging Fire တို့လို ကားတွေကိုလည်း ရိုက်ကူးခဲ့ပြီး ယမန်နှစ်က ဆုံးသွားခဲ့တာကြောင့် Raging Fire ဟာ သူ့နောက်ဆုံးကားဖြစ်သွားသလို သူ့ရဲ့အကောင်းဆုံးကားတွေစာရင်းထဲတောင် မဝင်ပေမဲ့ ဟောင်ကောင်ရုပ်ရှင်ပွဲတော်မှာ ထိပ်ဆုံးဆုတွေကို ရရှိခဲ့ပါတယ်။ အခု A Moment of Romance ကတော့ သူ့အကောင်းဆုံးတွေထဲကဖြစ်သလို အာရှရုပ်ရှင်ပရိသတ်တွေ ဘန်နီချန်းအကြောင်းပြောကြတဲ့အခါ ထိပ်ဆုံးက ထည့်ပြောရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ တစ်ချို့ကတော့‌ ဟောင်ကောင်အက်ရှင်စီနီမာက အမြင့်ဆုံးပေးစွမ်းနိုင်တဲ့ ကားမျိုးလို့လည်းဆိုကြပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB, 591MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 1H 27Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.9 1990 92 mins
A Moment of Romance
Character
7.2

IMDb rating - 6.6/10 Genre - Psychological Thriller, Family ကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ... ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။ အဲဒီကစလို့ စာရေးဆရာ ယမရှိရိုက ""Dagger"လို့ခေါ်တဲ့ဇာတ်ကောင်ကိုဖန်တီးပြီး " 34,Rising Sun"ဆိုတဲ့ Manga Seriesကိုရေးဆွဲပြီး လူကြိုက်များလာပါတယ်။ သူမျက်မြင်တွေ့ခဲ့ရတဲ့လူသတ်မှုအကြောင်းကို ပထမဆုံးဇာတ်လမ်းအဖြစ် ရေးထားတာပါ။ ဒါပေမဲ့ သူ့Mangaထဲက ဒုတိယဇာတ်လမ်းအတိုင်း လိုက်သတ်ထားတဲ့လူသတ်မှုတစ်ခုဖြစ်လာပါတယ်။ နေရာ သေတဲ့ပုံစံ၊လူသတ်လက်နက်ကိုထားတဲ့နေရာကအစ mangaထဲကအတိုင်းဖြစ်လာတာမို့ ရဲတွေကလည်းသူ့ကိုနောက်တစ်ကြိမ်ထပ်မံစစ်ဆေးပါတယ်။ ဒါပေမဲ့ တရားခံက mangaဆရာမဖြစ်နိုင်တဲ့အခါ... စီရင်စုရဲတွေ လူသတ်သမား​ကို ဘယ်သူလို့ယူဆပြီး ဆက်စပ်စုံစမ်းကြမလဲ လူသတ်သမားက မိသားစုဝင်၄ဦးရှိတဲ့မိသားစုတွေကိုမှ ဘာလို့ရွေးသတ်ရတာလဲ ကိုယ်ပိုင်identityမရှိတဲ့သူတစ်ယောက် သူများရဲ့characterကိုပုံတူကူးချပြီးနေတတ်တဲ့သူတစ်ယောက်က.. လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာကို တစိမ့်စိမ့်တွေးရင်း အဆုံးထိကြည့်ဖို့ဆွဲခေါ်သွားမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.2GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__02:05:00 Type__Crime, Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Comedy • Drama
7.2 2021 125 mins
Character
Yes, Madam!
7

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်... ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ... ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။ မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး Cynthia Rothrock တို့ အဓိကပါဝင်ထားပြီး ဇာတ်ရံတွေကလဲ ဟောင်ကောင်ရဲ့နာမည်ကြီးတွေသရုပ်ဆောင်တွေပါပဲ။ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy

Horror
7 1985 93 mins
Yes, Madam!
After Blue (Dirty Paradise)
5.3

After Blue (Dirty Paradise) (2021) အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ သားအမိနှစ်ယောက်ကို Kate Bush ကို သွားသတ်ခိုင်းပါတော့တယ်။ သားအမိနှစ်ယောက်ခမျာ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ Kate Bush ကို သတ်ဖို့ ရှာပုံတော် ဖွင့်ကြရတဲ့အခါ … ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 2.9GB, 1GB, 536MB Quality : 1080p WEBRip AC3 5.1CH, 720p WEBRip, 480p Format : mp4 Duration : 2hr & 9mins Genre : Fantasy, Sci-Fi Translated by Jane Encoded by Kinnov

Action • Adventure • Animation • Comedy • Family
5.3 2021 129 mins
After Blue (Dirty Paradise)
Mrs. Undercover
7.1

Mrs. Undercover 2023 အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1 အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူက အိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Strong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှ ရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။ အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့ အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာ အေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာ လူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာ ဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊ အိမ်ထောင်ရှင်မနောက်ကွယ်မှာ သူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

Comedy • Action • Drama
7.1 2023
Mrs. Undercover
Shade
6.3

Genre – Crime, Thriller IMDB – 6.3/10 သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုး တစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေး လာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီး စိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့ လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။ လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင် နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုး ရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူး Spoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းက လှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေ ပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ပေါ့ သူ့ကို ဒင်းန်လို့ သမုတ်ကြတယ်။ ပြီးတော့ လူတွေကို ရိုက်စားလုပ်နေတဲ့ ချာလီနဲ့ တွဲဖက်မိန်းကလေး တစ်ဖနီဆိုတာရှိတယ်။ သူတို့က ဖဲဆော့တာ လက်ရည်ကောင်းလို့ဆိုပြီး ပါလာတဲ့ ဂျန်နင်းရှိမယ်။ တတိယလူအဖြစ် ဖဲကိုင်တဲ့နေရာမှာ ဆရာကျပြီး ချာလီနဲ့ အလုပ်တွဲ လုပ်ဖူးတဲ့ ဗာနွန်ပါလာမယ်။ ဒီအုပ်စုကြီးက ဒီ ဒင်းန်ဆိုတဲ့ ဆရာကြီးကို ဝိုင်းဖြုတ်ကြမယ်ပေါ့။ တစ်ဖက်မှာလည်း လူမိုက်ဂိုဏ်းတို့ဘာတို့ကလည်း တစ်ဇာတ်လမ်းပေါ့လေ ကြည့်ရင်းနဲ့တော့ ရှင်းသွားပါလိမ့်မယ် သိပ်အများကြီး ပြောလို့မရဘူး ဖြစ်နေတော့။ သရုပ်ဆောင်တွေကလည်း ဆရာတွေနော် The Usual Suspect ထဲက မင်းသားကြီး Gabriel Byrne တို့ မင်းသား Jamie Foxx တို့ Stallone တို့ MI 2 ထဲက မင်းသမီးတို့ နောက်ပြီး အဲဒီခေတ် Queen of the Damned တို့နဲ့ မိုက်ခဲ့တဲ့ မင်းသား Stuart Townsend တို့ အစုံအလင် ပါဝင်ထားကြတာပါ။ သိပ်လေရှည်လို့ မရတဲ့ကားဆိုတော့ သွားကြည့်တာပဲ ကောင်းပါလိမ့်မယ် မိတ်ဆွေတို့။ File size…1.84GB / 784MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 41m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.3 2003
Shade
Guidance
5.6

AI ခေတ်ကြီးထဲ AI ကို အဆုံးမဲ့စွမ်းအင်အဖြစ် အသုံးပြုပြီး လူတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်မယ်ဆို ဘယ်လို ကမ္ဘာကြီးဖြစ်လာမှာလဲ စဉ်းစားတဲ့သူရှိကြမှာပဲ.. ဒီလူငါ့ကို လိမ်နေတာလား… အမှန်အတိုင်းပြောနေတာလား ဆိုပြီး အလိုလိုသိချင်တဲ့သူရှိမှာပဲ.. သူတွေးလိုက်တိုင်း ငါသိနေတယ် ဆိုတာမျိုး ဖြစ်ချင်ကြသူလည်း နည်းမှာမဟုတ်ပါဘူး…. ဒီဇာတ်ကားလေးက Guidance ဆိုတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို လိမ်ညာမရအောင် ခံစားချက်အမှန် ဖော်ပြပြီး ထိန်းချုပ်ထားတဲ့ App အကြောင်း နောက်ခံထားပြီး ရိုက်ကူးထားတာပေါ့…. NIS ဆေးလုံးလေးသောက်လိုက်တာနဲ့ အချင်းချင်း ကိုယ့်ကို လိမ်နေတာလား…. အမှန်ပြောနေရဲ့လား… သူ့ခံစားချက် အစစ်အမှန်က ဘာလဲ မြင်ရမယ်ဆို သောက်ကြည့်ကြမှာလား… ဇာတ်လမ်းထဲက ဟန်မြောင်ဆိုတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူ မိုက်ဇီရွှမ်တို့ကတော့ သောက်ခဲ့ကြပါတယ်… အပြန်အလှန် သိချင်တဲ့ အချက်လေးတွေက တွန်းအားပေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်… ကဲဒီတော့ သဘာဝလွန် ဒီစိတ်ကူးယဉ် ဆေးလုံးလေးက တကယ်ပဲ လူတွေကို ထိန်းချုပ်နိုင်သွားမှာလား… တကယ်ရော ချစ်သူနှစ်ဦးကို ပိုကောင်းတဲ့ အဆုံးသတ်ဆီ ပို့ပေးမှာလား… တကယ် ဒီ App က ချစ်ကြည်ရေးတွေ သယ်ဆောင်ပေးပြီး လူသားတွေအတွက် လိုအပ်ရဲ့လား… ကြည့်လိုက်ကြရအောင်~

Comedy • Action • Crime
5.6 2021
Guidance
Tiger Robbers
5.3

Tiger robbers တဲ့ ကျားပြန်ပေးဆွဲကြသူများပေါ့… ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ရိုးရှင်းတယ် ဒါပေမယ့် နက်နဲတယ် ရှုပ်ထွေးတယ်။ အကျဉ်းနည်းနည်းပြောပြရရင် အများနဲ့မတူ တစ်မူထူးနေတဲ့ ဂေါက်သီး ၃ ယောက်က ပေါင်းပြီး ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို ကယ်တင်ပြီး ပိုင်ရှင်ပြန်လာတဲ့အထိ စောင့်ပေးတယ်။ ပိုင်ရှင်ပြန်မပေါ်လာရင်လည်း ပိုင်ရှင်လိုက်ရှာပေးတယ်။ ဒီဂေါက်သီး ၃ ယောက်အကြောင်းပြောရမယ်ဆိုရင် မကောင်းတဲ့သူတွေလက်ထဲက ဘာမဆို ခဏလေးနဲ့ ခိုးတတ်တဲ့ ခေတ်သစ်ရော်ဘင်ဟုဒ်ရယ် အိုင်းစတိုင်းကို အားကျပြီး ပေါက်ကရတီထွင်နေတဲ့ ဦးထုပ်ဆန်းဆန်းဝတ်တတ်တတဲ့ ကိုတီထွင်ကြီးရယ်၊ ယောက်ျားတွေတောင်အရှုံးပေးရလောက်တဲ့ အကြည့်တစ်ချက်နဲ့ အလိမ်အညာစကားအကုန် မှန်းနိုင်တဲ့ ကုတုံးဆံပင်ပေါက် မမရယ်ပေါ့။ တစ်နေ့ သူတို့က သူတို့ထက်ပိုဂေါက်တဲ့ သမီးပျောက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တော့တယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပဲ။ သမီးပျောက်လိုက်ရှာတဲ့အမျိုးသမီးရဲ့ သမီးက လူမဟုတ်ဘဲ ကျားဖြစ်နေတဲ့အခါကြတော့ ရဲတိုင်လို့လည်းမရ။ အလွတ်တန်းစုံထောက်တွေအပ်တော့လည်း ငွေလိမ်ပြီးပြေးကြတာပဲ။ ဒီဂေါက်သီး ၃ ယောက်ကတော့ ငွေလည်းလိမ်မပြေးသလို သေချာလည်း ရှာပေးပါတယ်။ တစ်ခုပဲ… ဂေါက်သီး ၃ ယောက်ရယ် ဂေါက်သီးမလေးရယ်ပေါင်းပြီးလိုက်ရှာတော့ အလွဲလေးတွေရှိတာပေါ့။ ကြားထဲ ကျားသမီးလေးကို ခိုးသွားတဲ့တစ်ဖက်ကလည်း ဂေါက်သီးကြီးဆိုတော့ ဇာတ်လမ်းလေးက ရယ်မဆုံးဖြစ်နေပါတော့တယ် စိတ်ပြေလက်ပျောက်ကြည့်ဖို့အတွက်သင့်တော်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်

Drama
5.3 2021
Tiger Robbers
Better Luck Tomorrow
7

Better Luck Tomorrow (2002) IMDb Rating (7.0) / Rotten Tomatoes (81%) Director Justin Lin ရိုက်ကူးခဲ့ပြီး၊ အတိတ်ကာလက ကျောင်းသားလေးတွေ ရင်ဆိုင်နေရတဲ့ စိတ်အခြေအနေတွေ ရည်မှန်းချက်တွေနဲ့ လက်တွေ့အခြေအနေတွေကို ဖော်ပြတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အောင်မြင်မှုအတွက် စိတ်နဲ့ ငြိမ်းချမ်းသော ဘဝမှာ အကြမ်းဖက်မှုတွေကို စတင်ခဲ့တဲ့ အပေါ်လွတ်လပ်ချင်တဲ့ ကျောင်းသား Ben (Parry Shen) ရဲ့ ဘဝအမြင်ကနေကြည့်ရပါမယ် ။ Ben ဟာ သူ့ရဲ့ အဖွဲ့သားတွေအပါအဝင် Virgil (Jason Tobin) နှင့် Steve (Sheng-Wei Liao) တို့ဟာ အကြမ်းဖက်မှုများအတွင်း ဝင်ရောက်ပြီး မကောင်းမှုတွေပိုလုပ်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အရင်က ပျော်ရွှင်သော အချိန်များ နဲ့ မတည်တံ့တဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ပြီး ရုပ်ရှင်ရဲ့ ပြင်းထန်မှုတွေကို ခံစားရစေပါတယ်။ ဒါကအချိန်လွန်ပြီးသွားပေမယ့် ခေတ်မီတဲ့ လူငယ်တွေရဲ့ ကိုယ်ပိုင်အတွေး ယုံကြည်မှုတွေကို လေ့လာရတာတင် မဟုတ်ဘဲ၊ လူတွေကို ပြသတဲ့ စိတ်ကူးကို ပါမြင်ရပါမယ်။ Better Luck Tomorrow ရုပ်ရှင်ကို Justin Lin ရိုက်ကူးထားပြီး Parry Shen ရဲ့ အခန်းကတွေကတော့စိတ်သက်သက်သာသာနဲ့ မိုက်ပါတယ် ။ လူငယ်ဆန်ဆန် အတွေးတွေမြင်ချင်ရင်တော့ကြည့်ကောင်းတဲ့ဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Romance Duration….01:39:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

7 2002 101 mins
Better Luck Tomorrow
Chaalchitro
6.7

Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများ IMDb 6.7/10 မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေ။ ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။ သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။ အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့ စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့ အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။ သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာ နံရံမှာချိတ်ဆွဲထားပါတယ်။ အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။ သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ ‌ နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကို အရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊ သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်‌ပြီးအားငယ်နေသူပေါ့။ အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲ နာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။ နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန် သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့ သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။ သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။ သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာက သူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။ အနှိပ်ခန်းသွားရာက ပြည့်တန်ဆာမလေးနဲ့ ချစ်ကြိုက်မိသူ ဘစ်ရှ်ဝါ၊ သမီးတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရသူ နာစီရာ၊ စာကြမ်းပိုး မာနခဲ‌လေးရီတေ့ရှ်နဲ့ ကာနစ်ရှ်ကူမာတို့ လေး‌ယောက်အဖွဲ့ ဒီအမှုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ သူတို့ဘဝဇာတ်ကြောင်းအသီးသီးနဲ့အတူ စိတ်လှုပ်ရှားစွာ သိရှိရမှာမို့ ကြည့်ရှုအဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Drama
6.7 2024 122 mins
Chaalchitro
The Repairman

The Repairman (2025) Jack Whitlock က တစ်ချိန်တုန်းက ကျွမ်းကျင်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အဲဒီအတိတ်ကနေ နုတ်ထွက်ပြီး လူတွေရဲ့ စိတ်ဒဏ်ရာမှတ်ဉာဏ်တွေကို ပြုပြင်ဖျက်သိမ်းပေးတဲ့ နည်းပညာအလုပ်တစ်ခုကို စတင်လုပ်ကိုင်ခဲ့တယ်။ တစ်နေ့မှာတော့ သူ့ client တစ်ဦးရဲ့ မှတ်ဉာဏ်ထဲက လူဆိုးဂိုဏ်းတစ်ခုရဲ့ သတင်းပေးသမားကို သတ်ဖြတ်မှုနှင့်ဆက်စပ်တဲ့ သတင်းအချက်အလက်တစ်ခုကို သူ တွေ့လိုက်ရတယ်။ Jack က အဲဒီမှတ်ဉာဏ်ကို သိပေမဲ့ ဖုံးကွယ်ထားလိုက်ပြီး၊ တခြားသူမသိအောင် ဝှက်ထားလိုက်တယ်။ တစ်ချိန်တည်းမှာ သူ့ရဲ့ မကျန်းမာတဲ့ သမီးလေးက အခြေအနေဆိုးလာပြီး ကုသမှုအတွက် ငွေလိုအပ်လာလို Jack တစ်ယောက် အဲဒီမှတ်ဉာဏ်ရဲ့ အချက်အလက်ကို အသုံးချပြီးတော့ ရာဇဝတ်လောကထဲကို ပြန်ဝင်ရောက်လာပါတော့တယ်။ ဒါပေမဲ့ အဲဒီမှတ်ဉာဏ်ကို သိထားတဲ့သူတွေလည်းရှိကြပြီး၊ မှတ်ဉာဏ်တွေက ယုံကြည်စိတ်ချလိုရတဲ့ အရာတစ်ခုမဟုတ်တာကြောင့် လှည့်စားမှုတွေ ၊ သံသယတွေနဲ့ သွေးချောင်းစီးမဲ့ အန္တရာယ်တွေကို ဘယ်လိုတွေ့ကြုံလာရမလဲဆိုတာကိုတော့ ဒီ Sci-Fi Thriller ဇာတ်ကားသစ်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Sci-Fi Duration….01:31:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy • Drama
0 2025 90 mins
The Repairman