YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Lost Identity E05 1080p WEB-DL CM.mp4

513.95 MB N/A video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Two Sinners and a Mule
6.4

Western ကား အသစ်ကို ငတ်မွတ်နေတဲ့လူတွေအတွက် Western အက်ရှင် ဟာသ ဒရာမာကားလေးပါ။ အသစ်ကြပ်ချွတ်ကြည့်ရမယ့် ကားပေါ့။ ကြမ်းတမ်း‌သွေ့ခြောက်လှတဲ့ Western အငွေ့အသက်ကိုမှ ပြည့်တန်ဆာတွေရဲ့ ဘဝနဲ့အဖြစ်အပျက်တွေရောပြီး ဟာသတွေနှောပေးထားတယ်။ ဇာတ်ကတော့ ဒီလိုဗျာ။ မြို့တစ်မြို့မှာ မိန်းမရွှင်နှစ်ယောက်ရှိတယ်။ နှစ်ကောင်သားက တစ်မြို့လုံးက ယောက်ျားတွေရဲ့ အကြိုက်ဖြစ်နေတော့ မိန်းမတွေက ဆန္ဒပြပြီး နှင်ထုတ်ခိုင်းရော။ ဒါကိုမှ မြို့ဝန်ရဲ့ခုံအောက်ကထွက်လာပြီး ပြဿနာထပ်ရှာလိုက်တော့ သူတို့နှစ်ယောက် နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်မြို့ကူးဖို့ အသွား ကန္တာပြင်ကို ဖြတ်သန်းဖို့အကြောင်းဖန်လာတယ်။ အဲဒီကန္တာရထဲမှာ နာမည်ကြီးလူဆိုးဂိုဏ်းတစ်ခုရှိတယ်။ ဆုကြေးဒေါ်လာ၂ထောင်အထိထုတ်ထားရတဲ့ နာမည်ကြီးလူဆိုးတစ်ကောင် ကျက်စားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဖြတ်လာရင်း လမ်းခုလတ်မှာ သေနတ်ကျည်ဗရပွမှန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူကိုကယ်ရင်းမှ အဲဒီလူက ခုနနာမည်ကြီးလူဆိုးကို လိုက်နေတဲ့ ဆုကြေးစားမုဆိုးမှန်းသိလိုက်ရတယ်။ ဒီတော့ မိန်းမရွှင်ဘဝက လွတ်ချင်တဲ့ မိန်းမရွှင်၂ယောက်ရယ် ဆုကြေးစားမုဆိုးတစ်ကောင်ရယ်ပေါင်းပြီး ရာဇဝင်လူဆိုးကြီးကို အရဖမ်းဖို့ ကြံကြတယ်။ သူတို့ရဲ့စွန့်စားခန်းကို အက်ရှင် ဟာသ ငိုချင်း ရသစုံရောပြွမ်းပြီး ကြည့်ကြရမှာပါ။ အတော်အတန်ကြည့်ကောင်းတဲ့ကားမို့ Western ကား ငတ်နေတဲ့လူတွေအတွက် အာသာပြေစေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Romance
6.4 2023 97 mins
Two Sinners and a Mule
Fanfan
6.4

" ပြင်သစ်ကားတွေရဲ့ထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူလို့ အဆင်မပြေနိုင်ပါခင်ဗျာ " ~ IMDb - 6.7/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ဟာ ပြင်သစ်ရုပ်ရှင်ကားဟောင်း၊ ကားကောင်းလေးတွေထဲမှာတော့ ရှေ့ဆုံးက ဦးဆောင်ခဲ့တဲ့ကားတစ်ကားပါပဲ။ အဓိကကတော့ ၂၀ ရာစုနှစ်ပြင်သစ်ရုပ်ရှင်ကားတွေကို ချုပ်ကိုင်ခဲ့တဲ့၊ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာတောင် ပါဝင်ခဲ့တဲ့၊ ရုပ်ရှင်ဇာတ်လမ်းမကောင်းရင် ဘယ်တော့မှရိုက်လေ့ရိုက်ထမရှိတဲ့ ပြင်သစ်မင်းသမီး‌ချော Sophie Marceau ကြောင့်လို့လည်း ဆိုရမှာပဲဖြစ်ပါတယ်။ အ‌ဆိုပါပြင်သစ်မင်သမီးကြီးရဲ့ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားတိုင်းဟာ ဇာတ်လမ်းဇာတ်ကွက်အလွန်ကောင်းလှသလို IMDb - 6.2/10 အထက်မှာပဲ အမြဲနေရာယူထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးကတော့ တဖန်ပြန်လည် ‌ခေတ်ထနေတယ်လို့သိရပြီး ခေတ်ပြန်ထချင်ရလောက်အောင်ကို ဒီဖက်ခေတ်မှာလည်း ကြည့်လို့ကောင်းနေတဲ့ Romance ကားတစ်ကားဖြစ်လို့နေပါတယ်။ တစ်ခါတလေတော့ အချစ်ဆိုတာ ဘယ်လိုမျိူးလဲတောင် နားလည်ဖို့အလွန်ခက်ခဲလှပါတယ်။ ဒီရုပ်ရှင်ကားကို Comedy လို့ပါ အမျိုးအစားတပ်ထားပေမဲ့ ကျွန်တော်အနေနဲ့တော့ Comedy ဆန်တာတစ်ခုမှမ‌တွေ့ရဘဲ ဇာတ်ကောင်စရိုက်နိုင်လှတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်အားပြိုင်မှုတွေကြားမှာ အဆုံးထိကို မျောသွားရတဲ့ကားလေးပါ။ ဒီကားလေးကို ကြည့်ပြီးတဲ့အခါမှာတော့ ဖန်ဖန်ကို မုန်းသွားမလား၊ လောရက်ကိုပဲ သနားသွားမလား၊ အလက်ဇန်းဒါးလိုဇာတ်ကောင်မျိုးကိုပဲ ထရိုက်ချင်မလားကတော့ ခုရုပ်ရှင်ကားလေးထဲမှာ ရှုစားပေးလှည့်ပါဦး ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 760MB Quality - 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 1H 25Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Comedy • Crime • Drama
6.4 1993 89 mins
Fanfan
Dune
7.8

IMDb Rating - 8.4/10 စောင့်​မျှော်​နေသူ​ ​အ​တော်များများရှိ​နေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်​တွေအတွက် အမြန်ဆုံး တင်ဆက်​ပေးလိုက်ပါတယ်၊ သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်... အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲဆိုတာကို CGIနဲ့ VFX အမိုက်စား၊ Soundtrackအမိုက်စား၊ Castsအမိုက်စား​တွေနဲ့ပဲ ရိုက်ကူးတင်ဆက်ထားတာ မလို့ Hypeရကျိုးနပ်မယ့် Sci-Fic ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတာမို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – BluRay 4K HEVC /DS4K HEVC/HDRip 1080p/ 720p/ 360p Duration - 2hr 35min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Drama Source : BluRay/HDRip Translator – CM Team Encoder – SWM,Nyeinsaeya Aung

Action • Crime
7.8 2021 155 mins
Dune
Going in Style
6.7

Going in Style (2017)_______IMDb - 6.6/10 ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ) File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw

Comedy • Horror • Thriller
6.7 2017 96 mins
Going in Style
Collateral Beauty
7.2

ဒီရုပ်ရှင်ကားမှာ ဝီလ်စမစ် ကို အကြမ်းအရမ်း အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပဲ ပုံစံတစ်မျိုး ထူးခြားစွာ မြင်တွေ့ရမှာပါ... ဟောင်းဝါ့ဒ် (ဝီလ်စမစ်) ဟာ စီးပွားရေး နယ်ပယ်မှာ အချိန် ၊ အချစ် ၊ သေခြင်းတရား ဆိုတဲ့ စကားလုံး သုံးခု နှင့် လူတွေ ရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်... ဟောင်းဝါ့ဒ် နှင့် သူငယ်ချင်း ၃ ယောက်ဖြစ်သော ဝှစ် ၊ ကလဲယား ၊ ဆိုင်မွန် တို့ အတူ တကွ အောင်မြင်အောင် စီးပွားရေး လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်.... သို့ပေမယ့်.... ၃ နှစ်ကြာပြီးနောက် ဟောင်းဝါဒ် ဟာ သူ့ရဲ့ သမီးငယ်လေး သေဆုံးသွားတဲ့ အချိန်ကစပြီး တစ်ယောက်ထဲ ငူငူ ငိုင်ငိုင် ဖြစ်ကာ အလုပ်ကိုလဲ စိတ်မဝင်စား မိမိကိုယ်ကိုယ်လဲ ဂရုမစိုက်ပဲ နေချင်သလိုနေခဲ့ပါတယ်... အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ရုတ်တရက် ဆိုသလို ရပ်တန့်လိုက်တဲ့ အခါ စီးပွားရေးလုပ်ငန်းမှာလဲ အရှုံးပေါ် ရလဒ်တွေပဲ ဖြစ်ပေါ်လာခဲ့ပါတယ်... ဒါကြောင့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဟောင်းဝါဒ် ကို အဲ့ဒီ စိတ်ဒဏ်ရာတွေကနေ ဆွဲထုတ်ဖို့အတွက် ဟောင်းဝါဒ် ရဲ့ သူငယ်ချင်းတွေက အချိန် ၊ အချစ် ၊ သေခြင်းတရား တို့ကို အပြင်မှာ စပြီး အကောင်အထည်ဖော်ကာ အသက်သွင်းပြီး သူတို့ သူငယ်ချင်း ဟောင်းဝဒ် ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်.... Thit San Khant

Action • Adventure • Fantasy
7.2 2016 97 mins
Collateral Beauty
Golda
6.1

Golda (2023) ~ IMDb – 6.1/10, Rotten Tomatoes – 53% ~ အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် နိုင်ငံအပေါ် ဂိုလ်ဒါရဲ့ကြိုးပမ်းမှုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 670MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 40Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.1 2023
Golda
Toxic Parents
6.2

Toxic Parents (2023) ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ကိုရီးယားလူငယ်တော်တော်များများကြုံတွေ့ရတတ်တဲ့အခက်အခဲကို သေချာလေးမီးမောင်းထိုးရိုက်ပြထားတဲ့ Toxic Parents ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အီယူရီဆိုတဲ့ကလေးမလေးကအတန်းထဲမှာစံပြကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် တင်းကြပ်လွန်းတဲ့သူမအမေဖြစ်သူကြောင့်သူငယ်ချင်းတစ်ယောက်မှမရှိသူပါ ဒါပေမယ့်တစ်နေ့မှာတော့အိုင်ဒေါလ်ဖြစ်ဖို့ကြိုးစားနေတဲ့သင်တန်းသူမလေး ယယ်နာနဲ့တွေ့ပြီးသူငယ်ချင်းဖြစ်သွားပါတော့တယ် ဂျစ်ပစီမလေးယယ်နာနဲ့ယူရီက အကျင့်စရိုက်ချင်းကွာခြားပေမယ့်အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပြီးတဲ့နောက်မှာရုတ်တရက်ယူရီကသေဆုံးသွားခဲ့ပါတယ် စုံထောက်တွေအနေနဲ့ယူရီသေဆုံးရတဲ့အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာ ယူရီဟာဘာကြောင့်သေဆုံးသွားသလဲ ဘယ်သူတွေပါဝင်ပက်သက်နေသေးလဲ ယယ်နာကရောယူရီရဲ့သေဆုံးမှုမှာပါဝင်နေမလားဆိုတာကြည့်လိုက်ကြရအောင် သားသမီးတွေကိုကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲအဆိပ်တွေပေးနေမိမှန်းမသိတဲ့မိဘတွေလည်းရှိပါတယ် ပညာပေးကားလေးလည်းဖြစ်တာမို့ နောင်တစ်ချိန်မိဘဖြစ်လာမယ့်လူငယ်တွေ‌ရော လက်ရှိမှာမိဘဖြစ်နေတဲ့သူတွေရောကြည့်ရှုသင့်တဲ့ကားလေးပါ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Thae Thae ပဲ ဖြစ်ပါတယ် Genre….. Drama, Mystery Quality…. 1080p | 720p File size… 1.1GB | 418MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

6.2 2023 104 mins
Toxic Parents
Doghouse

သူငယ်ချင်း အုပ်စုတစ်စုဟာ ကွာရှင်းလိုက်တဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျေးလက်တောရွာလေးတစ်ခုမှာ သောက်စား‌ပျော်ပါးဖို့ ခေါ်သွားရာက ဇာတ်လမ်းစပါတယ်။ သူတို့သွားတဲ့ကျေးလက်ရွာလေးက Moodley လို့ အမည်ရပြီး ယောက်ျား၊ မိန်းမအချိုး 1:4 ရှိတဲ့ ‌ရွာတစ်ရွာဖြစ်တယ်။ ပြီးတော့ ကံမကောင်းစွာပဲ ဗိုင်းရက်စ်ကူးစက်ခံနေရတဲ့ ရွာတစ်ရွာလဲဖြစ်နေခဲ့တယ်။ ဗိုင်းရက်စ်က ထူးထူးဆန်းဆန်းပဲ အမျိုးသမီးတွေကိုပဲ ကူးစက်တတ်ပြီး ကူးစက်ခံအမျိုးသမီးတွေက ရွာမှာရှိသမျှ ယောက်ျားတိုင်းကို စားပစ်ကြတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ ယောက်ျားတွေကို အမဲလိုက်နေတဲ့ အမျိုးသမီးဇွန်ဘီးတွေကြားထဲ ဘယ်လိုမျာ အသက်ရှင်သန်အောင် ရုန်းထွက်ကြမလဲ❓ File size…(1.5 GB)/(849 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

0 2009
Doghouse
Fallen Leaves
7.5

Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 2023 81 mins
Fallen Leaves
Arcadian
5.9

နစ်ကလက်ကေ့ ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလည်း ပေါကားမဟုတ်ပါဘူး။ သူ့ကားတွေက အခုနောက်ပိုင်း နည်းနည်းချင်း ပြန်ကောင်းလာတာတော့ တွေ့နေရပါပြီ။ IT ရုပ်ရှင်ထဲက မင်းသား Jaeden Martell က နစ်ရဲ့ သားအဖြစ်ပါဝင်ထားပါတယ်။ အက်ရှင် ဟော်ရာ အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်ကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို တည်ထားတာပါပဲ။ ကမ္ဘာဘာလို့ပျက်လဲ မပြဘဲ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်စု ဆက်အသက်ရှင်ဖို့ ကြိုးစားပုံကိုပြတဲ့အမျိုးအစားပါပဲ။ နစ်ဟာ သားနှစ်ယောက်နဲ့အတူ အိမ်တစ်လုံးမှာနေတယ်။ လူနည်းစုလေးတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ့်ခြံနဲ့ကိုယ် အသက်ရှင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အတွက် အန္တရာယ်ကတော့ ညတိုင်း အိမ်တွေထဲကို အတင်းဝင်ဖို့ ကြိုးစားတဲ့ သတ္တဝါကြီးတွေပါပဲ။ မှောင်တာနဲ့ ကိုယ့်အိမ်ကိုယ် အချိန်မီပြန်ပြီး အိမ်ကို အမြဲလုံနေအောင် နေကြရတာပါ။ ဒါပေမဲ့ နစ်ရဲ့ သားအကြီးကောင်က အခြားခြံက ကောင်မလေးကို ဖွန်အကြောင်လွန်ပြီး ညဘက်နောက်ကျသွားတဲ့အခါ လမ်းမှာပိတ်မိသွားပါတယ်။ ဒါကို နစ်က လိုက်ကယ်ဖို့ကြိုးစားရင်း အကောင်ဗလောင်ကြီးတွေနဲ့ ရင်ဆိုင်ရပုံတွေကို ပြထားတာပါ။ ဒီလို ရုန်းကန်တိုက်ခိုက်ရတဲ့အမျိုးအစားတွေကို ကြိုက်တတ်တဲ့သူတွေ ကြည့်သင့်ပါတယ်။ File size…(1.4 GB)/(660 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Action, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson

Comedy • Drama • Music
5.9 2024 92 mins
Arcadian
Murdercise

ဇာတ်ကားရဲ့‌စပိုင်းမှာတော့ The Skid Row Strangler ဆိုတဲ့လူသတ်သမား၂ယောက်ကမိန်းကလေးတွေကိုလိုက်သတ်တဲ့ပုံစံမျိုးနဲ့စထားပါတယ်၊အဲဒီနောက်မှာတော့နောက်ထပ်လူသတ်မားတယောက်ပေါ်လာစေမယ့် Gino ပိုင်ဆိုင်တဲ့စတူဒီယိုကဇာတ်ဝင်ခန်းတွေကိုကြည့်ရှုရမှာပါ၊ Phoebe ဆိုတဲ့ကောင်မလေးအပါဝင်တခြားကောင်မလေးတွေက ကျန်းမာရေးအသိပေးဗီဒီယိုလေးရိုက်နေကြတာပါ၊Phoebe ဟာအားလုံးဆီမှာအနှိမ်ခံရသူဖြစ်ပြီး သူဖြစ်ချင်တာနဲ့ဖြစ်နေတာတွေမတူလို့စိတ်ညစ်နေရပါတယ်၊အဲဒီနောက်မှာ Video ထုတ်လုပ်သူရဲ့သမီးဖြစ်သူ Isabella ရောက်လာပြီး Phoebe နဲ့စကားပြောဖြစ်ကြရာကနေ Isabella ပေးတဲ့အကြံတွေကို Phoebe တယောက် တလွဲတွေအဓိပ္ပာယ်ကောက်ရာကနေမှ Phoebe တယောက်လူတွေသတ်ပါတော့တယ်၊ ဇာတ်လမ်းအစက လူသတ်သမား၂ယောက်ကကော ဒီကိစ္စနဲ့ဘာတွေဆက်စပ်မှုရှိနေတာလဲ Phoebe တယောက်ကကောလူတွေသတ်ရင်းနဲ့ဘာဆက်ဖြစ်သွားလဲဆိုတာတွေကို သည်းထိပ်ရင်ဖိုကြည့်ရမယ့်ဇာတ်ကားလေးပါ။ File size…(1.5 GB)/(779 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2023
Murdercise
Sniper: Reloaded
5.5

Sniper Reloaded ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ထွက် Rating R ရှိတဲ့ Sniper အသားပေး အက်ရှင်ဒရမ်မာကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Sniper နဲ့ military အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။ အတိုက်အခိုက် အပစ်အခတ်တွေက ကြမ်းတမ်းရက်စက်သလို ဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ တချိန်က နာမည်ကျော် Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်း ဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှ သူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာ Sniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီး သူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက် သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစက ဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ မင်းသားအနေနဲ့ ရုန်းထွက်နိုင်ပါ့မလား ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရော ထိခိုက်သွားမှာလား စတာတွေကို ရင်ခုန်စွာ စောင့်ကြည့်ရမဲ့ အက်ရှင်ကားကောင်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်……….. File size…1.97GB / 1.05GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 31m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama
5.5 2011
Sniper: Reloaded
[18+] Celestina: Burlesk Dancer
7.6

Celestina: Burlesk Dancer (20224) IMDb Rating (7.6) Celestina: Burlesk Dancer ဟာ Lovely Ladies Dormitory တစ်ကားထဲနဲ့ပွဲဦးထွက်မှာတင် ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ Yen Durano လေးရဲ့ပထမဆုံးရုံတင်ကားကြီးဖြစ်ပြီး VMX အတွက်တော့ Unang Tikim နောက်ဒုတိယဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံရဲ့ မငြိမ်မသက်ကာလတစ်ခုကိုအခြေခံထားတာပါ။ ဆယ်လက်စ်တီးနား သို့မဟုတ် တီနေးဟာ လင်ဆိုးမယားဘ၀နဲ့ရင်ဆိုင်ရုန်းကန်နေရပါတယ်။ ခင်ပွန်းဖြစ်သူဟာ ရခဲ့သမျှအမွေတွေကိုရောင်းစားရင်း၊ လောင်းကစားလုပ်မိန်းမရှုပ်ရင်းအချိန်ကုန်ပြီးလက်ကြောမတင်းတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆက်သည်းမခံနိုင်တော့တဲ့နောက် သားဖြစ်သူလက်ကိုဆွဲပြီး ဘ၀သစ်စဖို့ တီနေးထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာမှ ပဒေသာဇာတ်ရုံတစ်ခုမှာ burlesque ကချေသည်အဖြစ် အလုပ်ဝင်ရင်းလီယန်ဒရိုဆိုတဲ့ ဂျပန်တော်လှန်ရေးသမားလေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ခဲ့မိပါတယ်။ဘ၀သစ်မှာနေသားတကျပျော်မွေ့နေတဲ့ တီနေးဆီကို တဖန်ပြန်ရောက်လာခဲ့တဲ့ ကြမ္မာဆိုးကတော့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ အခုချိန်မှာ သူ့ခင်ပွန်းဟာ ဂျပန်အလိုတော်ရိတစ်ယောက်အဖြစ်ကောင်းစားနေပါပြီ။ လှုပ်လှုပ်ခတ်ခတ် နိုင်ငံရေး အခြေအနေ၊ဆန့်ကျင်ဘက်တွေဖြစ်နေကြတဲ့ ချစ်သူနဲ့ခင်ပွန်းဟောင်း၊ သားတစ်ယောက်တို့ကြားက တီနေးရဲ့အနိမ့်အမြင့်အတက်အကျတွေကို လိုက်ပါစီးမျောခံစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Comedy • Romance
7.6 2024 119 mins
[18+] Celestina: Burlesk Dancer