YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Longing.For.You(2023)EP4.WEB-DL.1080P(CM).mp4

712.02 MB N/A video/mp4 325 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Charles Enterprises

Charles Enterprises (2023) IMDb 6.7 ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရော ဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni~Thaik San~BpL~Aditi~Moon~ Zwe Yan

Comedy • Romance
0 2023 132 mins
Charles Enterprises
Time

IMDb Rating - 6.4/10 ဟောင်ကောင်ကား ကောင်းကောင်းကြည့်ချင်တဲ့လူတွေအတွက် Ricky Koဆိုတဲ့ ဟောင်ကောင် ‌ဒါရိုက်တာအသစ်ရဲ့ Debutရုပ်ရှင်ပါ။ သရုပ်ဆောင်တွေကတော့ Patrick Tse Yinနဲ့ Fung Bo-Boလို 1960ဟောင်ကောင်ရဲ့ နာမည်ကျော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ အက်ရှင်လည်းဟုတ်သလို တော်‌တော်လည်းရယ်ရတယ် ဒရာမာလည်း အသေချိုးတယ်။ ဒါရိုက်တာရဲ့ Debutအနေနဲ့ဆိုကောင်းတဲ့ အနေအထားရှိပါတယ်။ အရင်ဟောင်ကောင် ရုပ်ရှင်တွေရဲ့ အငွေ့အသက်ကိုပြန်ရတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်အများစုနဲ့ ယှဉ်ရင်တော့ ရွှေပါပဲ။ဘာမှမဆိုင်အောင်ကို ကောင်းတယ်။ ဇာတ်အိမ်ပေါ့ပေါ့ပါးပါးနဲ့ တော်တော် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်‌ကြောင်းကတော့ ကြေးစားလူသတ်သမား လူမိုက်၃ယောက်ရှိတယ်။ ငယ်စဉ်ကတော့ တော်တော် နာမည်ကြီးပြီး သူတို့ကို နိုင်တဲ့လူမရှိဘူး။ Timeဆိုတဲ့အတိုင်း ကာလတွေရွေလျောပြီး အိုမင်းလာကြတော့ ကိုယ်ပိုင်ဒုက္ခတွေ တစ်ပုံတပင်နေရတာကို ဟာ‌သလေးနှောပြသွားတယ်။ ‌နောက်တော့ ဘ၀မှာ လွတ်လွတ်လပ်လပ်ရှင်သန်ဖို့ ကိုယ့်အတွက်ကိုယ်ရှင်သန်ဖို့ ဘာညာပေါ့။ ဝါရင့် သရုပ်ဆောင်တွေချည်းမို့ သရုပ်ဆောင်လည်း ကောင်းကြသလို စီနီမာတိုကလည်း မဆိုးဘူးပြောလို့ရတဲ့ အနေအထားပါပဲ။ စိတ်ပြေ‌လက်ပျောက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ကောင်းလည်းကောင်းတဲ့ ဟောင်ကောင်ကား ကြည့်ချင်ရင်တော့ ရွေးဖို့အကောင်းဆုံးရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.73GB) / (850MB) Quality__1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:39:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama
0 2021 6 mins
Time
As They Made Us
5.6

~ Rotten Tomatoes - 81% ~ မင်းသားကြီး Dustin Hoffman ရဲ့ ဇာတ်ကားအသစ်ဖြစ်ပြီး သူ့အပြင် The Big Bang Theory ထဲက Howard အနေနဲ့ လူသိများခဲ့တဲ့ မင်းသား Simon Helberg ရဲ့ TBBT အလွန် Acting Skill တွေကိုပါ ရှုစားကြရပါလိမ့်မယ်။ ဒီကားကိုကြည့်ရင်းတွေးမိတာက အဘီဂေးရဲ့မိသားစုလိုမျိုးက လက်တွေ့မှာ လက်ညှိုးထိုးမလွဲများလွန်းတယ်လို့ပါပဲ။ မိဘတွေက သားသမီးကိုရွေးလို့ရတယ် သားသမီးကမိဘကိုရွေးလို့မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ အဘီဂေးတို့မောင်နှမက မွန်းကြပ်ဖို့ကောင်းတဲ့မိဘတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ကိစ္စတွေက အကုန် အဘီဂေးခေါင်းပေါ်ကျလာပါတော့တယ်။ ကိုယ်ကလည်း ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့အပြင် အဖေကလည်းနာမကျန်းဖြစ် အမေကလည်းတစ်မျိုးနဲ့ အဘီဂေးရဲ့ဘဝကို စိတ်၀င်တစားကြည့်ရမှာပါ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီကားလေးက ရိုးရှင်းပေမဲ့ ငယ်ဘ၀ Trauma ရှိတဲ့သူတွေ၊ ပုံစံတူတဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့သူတွေအတွက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျအောင်လုပ်နိုင်ပါလိမ့်မယ်။ လူတိုင်းနီးပါးကတော့ အဖေနဲ့အမေစကားများရင် ချောင်တစ်ချောင်မှာကပ်ပြီး ခိုးငိုဖူးကြတဲ့သူတွေပဲမလား...) (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Comedy • Romance
5.6 2022 96 mins
As They Made Us
The Fate of the Furious
6.9

Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။ တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ယူသွားပြီးတော့ Cipher နဲ့ ပူးပေါင်းသွားပါတော့တယ် ။ “Cipher” ဆိုတာကတော့ အလွန်တော်တဲ့ Hacker တစ်ယောက် Cyber အကြမ်းဖက်သူကြီးတစ်ဦးပေမယ့် မိန်းမချောလေးတစ်ဦးပါ။ သူက အလွန်တော်တဲ့Hacker မို့ သူ့အကြောင်းတွေ အလွယ်တကူ စုံစမ်းလို့မရပါဘူး။ ဘဝဆိုတာ ရွေးချယ်မှုကြားထဲမှာပဲ ရှင်သန်လုပ်ရှားနေရတာပါ ။ ကိုယ့်ဘဝဟာ ကိုယ့်လက်ထဲမှာ ရှိပါတယ် “ အောင်မြင်ချင်သလား ရှုံးနိမ့်ချင်သလား” ကြိုက်ရာကိုရွေးချယ်လို့ရပါတယ်။ ဒွန်တစ်ယောက် ဒီလမ်းကို ရွေးချယ်သွားတာလည်း အကြောင်းရှိပါတယ်။ -မိသားစုတွေကို ဘယ်တော့မှ သစ္စာမဖောက်တတ်တဲ့ဒွန် ဒီလမ်းကို ဘာကြောင့်များ ရွေးချယ်သွားရတာလဲ - “Cipher” ကရော ဒီ EMP ဗုံးကို ဘယ်လိုအသုံးချပြီး ဘာတွေကို အကြမ်းဖက်ချင်တာလဲ သူရဲ့ Hacking skill တွေကိုရော ဘယ်လောက်တောင်ပြနိုင်မှာလဲ -Furious အဖွဲ့သားတွေကရော ဒွန်ကို ဘယ်လိုပြန်ရှာဖွေမလဲ -သူတို့ရဲ့ ရန်သူတော်ကြီးရော “ ဒက်ရှော” ကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မှာလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ကြိုက်နှစ်သက်သူများရှိသလို မကြိုက်တဲ့သူများလည်း ရှိနေတဲ့ ဒီကားကိုကြည့်မှာလား မကြည့်ဘူးလားဆိုတာကတော့ CM ပရိသတ်ကြီးရဲ့လက်ထဲမှာပါပဲကြိုက်ရာကိုရွေးချယ်လို့ရပါတယ်။ File Size : (2.5 GB) / (1.6 GB) Quality : BluRay 1080p /720p 5.1CH Running Time : 2hr 16min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Little Twinlay Encoded by Nyeinsaeya Aung

Action • Crime • Science Fiction
6.9 2017 136 mins
The Fate of the Furious
Red State
6.1

Imdb rating – 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။ တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best Motion Picture ဆုချီးမြှင့်ခံခဲ့ရပါတယ်။ အစွန်း​ရောက်ဂိုဏ်းတွေ ဘာသာရေး​ cult​ တွေကို​ စိတ်​ဝင်စား​သူများကြည့်ရှုသင့်ပါတယ်။ အရွယ်​မရောက်သေးသူများ မကြည့်ရှူသင့်ပါဘူး။ File size…(1.5 GB)/(801 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

6.1 2011
Red State
Schächten
6

ဒီရုပ်ရှင်က ဂျာမန် နာဇီတွေနဲ့ ဂျူးလူမျိုး Victimsတွေ အကြောင်းရိုက်ထားတာတွေထဲက တစ်ခုဖြစ်ပေမယ့် နာဇီခေတ်မှာ ဇာတ်အိမ်တည်ထားတာ မဟုတ်ပါဘူး။ Holocaustအပြီး နှစ်၂၀နီးပါးကြာတဲ့အချိန် ၁၉၆၂မှာ တည်ထားပါတယ်။ ဇာတ်လမ်းကတော့ Victor Dessaur ဆိုတဲ့သူက သူ့မိသားစုကို သတ်ခဲ့တဲ့ နာဇီစစ်ခေါင်းဆောင် Kurt Goglဆိုသူကို အမှုပြန်ဖွင့်ပြီး တရားစွဲအပြစ်ပေးစီရင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ မတရားမှုက လုံးဝမပျောက်ပြယ်သွားဘဲနဲ့ ဂျူးတွေအပေါ် ဖိနှိပ်မှု ခွဲခြားဆက်ဆံမှုတွေက ဆက်ပြီး ရှိနေသေးတဲ့ ကာလလည်းဖြစ်ပါတယ်။ရုပ်ရှင်က ဂျူးလူမျိုးတွေရဲ့ နစ်နာခဲ့ပုံတွေမကဘဲ နာဇီစစ်ခေါင်းဆောင် ဟစ်တလာကြောင့် နာဇီဝါဒ ရိုက်သွင်းခံခဲ့ရတဲ့ ဂျာမန်လူမျိုးတွေအပေါ်မှာပါ ဘယ်လိုသက်ရောက်စေခဲ့သလဲ ရိုက်ပြထားပါတယ်။ ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Schachten ဆိုတာက ဂျူးရိုးရာ သားသတ်တဲ့နေရာသုံးတဲ့ ဓားဖြစ်ပါတယ်။ ဒီဓားနဲ့ မိမိ မိသားစုဝင်တွေဖြစ်တဲ့ အဖိုး၊ အဖွား၊ အမေနဲ့ ညီမကို မျက်စိရှေ့အသတ်ခံလိုက်ရတဲ့ Victorက တကယ်ပဲ ကျူးလွန်ခဲ့သူကို ပြန်ပြီးဒဏ်ခတ်နိုင်မှာလား ကြည့်ရှုရမယ့်ကားဖြစ်ပါတယ်။ စိတ်ထိခိုက်စေတဲ့ ပြကွက် တစ်ကွက် နှစ်ကွက်လောက်ပဲပါတဲ့အတွက် ကြည့်ပြီးကသိကအောက်ဖြစ်စေမှာမဟုတ်လို့ ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(1.3 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

Action • Crime • Thriller • Romance • Drama
6 2022 105 mins
Schächten
Quick CounterAttack
5.8

အင်တာနက်ခေတ်ကြီးမှာ အင်တာနက်ဒုစရိုက်မှုတွေလည်း များပြားလာတာ မဆန်းပါဘူး။ ဒုစရိုက်သမားတွေကြောင့် ဘဝပျက်ရတဲ့ လူတွေလည်း မနည်းပါဘူး။ ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်မှုတွေကို သရုပ်ဖော်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ အာဖရိကမှာ လုံခြုံရေးအလုပ်လုပ်နေတဲ့ မာရွှိတုန်းဟာ သမီးဖြစ်သူ ပျေ ာက်သွားတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ တရုတ်နိုင်ငံကိုပြန်ပြီး သူ့သမီးကို လိုက်ရှာတဲ့အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ဆက်နွယ်နေတာ သိလိုက်ရပါတယ်။ သမီးကို ကယ်ဆယ်ဖို့အတွက် မာရွှိတုန်းတစ်ယောက် အန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိန်းကလေးတွေကို လိမ်လည်ပြီး ငွေချေးတာကနေ တစ်ဆင့် ဒုစရိုက်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်ကို ရိုက်ပြထားတာဖြစ်ပြီး အက်ရှင်ကားပီပီ သွေးထွက်သံယိုများကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မာရွှိတုန်းတစ်ယောက် သူ့သမီးကို ကယ်နိုင်ပါ့မလား…… ဒုစရိုက်ဂိုဏ်းကြီးကိုရော ရဲတပ်ဖွဲ့ကနေရော အပြတ်ရှင်းနိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

Adventure • Comedy • Drama
5.8 2023
Quick CounterAttack
Into the Darkness
6.4

Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကို ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိက အသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကို နာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့ အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင် ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရော သူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့ မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ် အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီး ကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ…. File size…2.12GB / 987MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.4 2020
Into the Darkness
The Wild Blade of Strangers
6.1

ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။ အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ ‌သုတ်သင်ခံလိုက်ရပါတော့တယ် ။ မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်‌သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။ အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။ အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ

Drama • Music • Romance
6.1 2024
The Wild Blade of Strangers
Sweet Dreams
5.4

Sweet Dreams (2024) ================ IMDb – 5.4/10 လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်း ကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ ဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့် မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေ ဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုး မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း ကန်ရပါတယ်။ သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါ မှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ် ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊ နွေးထွေးမှုတွေရှိလာကြပုံတွေ… မော်ရစ်တစ်ယောက်သူချစ်ရတဲ့ သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(2.16 GB) / (920 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Sport Translator…….Theo Katt Encoder……….SWM

Crime • Thriller • Drama
5.4 2024
Sweet Dreams
Perfect Game
6.9

Perfect Game (2011) ********************* IMDb… 6.9 ဒီနေ့မှာဆိုရင်တော့ တောင်ကိုရီးယားဘေ့စ်ဘောလောကရဲ့ အထင်ကရ ဘေ့စ်ဘောကစားသမားနှစ်ယောက်ဖြစ်ကြတဲ့ “ချွဲဒုံဝန်း” နဲ့ “ဆွန်းဒုံယော” တို့အကြောင်း ရိုက်ကူးထားတဲ့ biographical sports drama ကားဟောင်း ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Lotte Giants အသင်းရဲ့ ကစားသမားဖြစ်တဲ့ “ချွဲဒုံဝန်း” နဲ့ “Haitai Tigers” အသင်းရဲ့ ကစားသမားဖြစ်တဲ့ “ဆွန်းဒုံယော” တို့ဟာ အစပိုင်းမှာတော့ သိပ်ကိုခင်မင်ရင်းနှီးကြတဲ့ စီနီယာ-ဂျူနီယာ ဘေ့စ်ဘောကစားသမားနှစ်ယောက်ပေါ့။ စီနီယာဖြစ်တဲ့ “ချွဲဒုံဝန်း” ရဲ့အောင်မြင်မှုအရှိန်အဝါကြီးနေတဲ့အချိန်မှာ ဂျူနီယာဖြစ်တဲ့ “ဆွန်းဒုံယော” ကတော့ “စီနီယာ ချွဲဒုံဝန်းလိုမျိုး ဘောလုံးပစ်သမားဖြစ်ချင်ပါတယ်” လို့ အင်တာဗျူး ဖြေရတဲ့ အနေအထားမှာပဲရှိပါသေးတယ်။ ဒီလိုနဲ့ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ကြိုးစားမှုက အရာထင်လာပြီး တကယ်လည်း “ဆွန်းဒုံယော” က ၁၉၈၆ ခုနှစ် တောင်ကိုရီးယားဘေ့စ်ဘောရာသီရဲ့ MVP တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒီအထိလည်း အခင်အမင်မပျက်ဖြစ်နေကြသေးတဲ့ သူတို့နှစ်ယောက်ဟာဆိုရင် ပတ်ဝန်းကျင်ရဲ့ နှိုင်းယှဥ်မှုတွေ အားကောင်းတဲ့ အသင်းကြီးနှစ်သင်းရဲ့ ပရိသတ်တွေရဲ့ “ပြိုင်လာရင်နိုင်ချင်တာပဲ” ဆိုတဲ့ စိတ်တွေကြောင့် ဘေ့စ်ဘောလောကရဲ့ အားအကောင်းဆုံး ပြိုင်ဘက်နှစ်ယောက်ဖြစ်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ယှဥ်ကစားလိုက်ရင် ထိန်းမနိုင်သိမ်းမရလောက်အောင် အင်မတန်ပွဲဆူလွန်းတာမို့ သူတို့နှစ်ယောက်ကို ယှဥ်မကစားခိုင်းရဲလောက်အောင် ဖြစ်ရတဲ့အထိပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ကံကြမ္မာက သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ဖို့ ဖန်တီးပေးလိုက်တဲ့အခါမှာ ..။ စလိုက်ပြီဆိုတာနဲ့ ရှေ့သို့သာဆက်သွားတတ်တဲ့အကျင့်စရိုက်ရှိတဲ့ သံမဏိလက်ပိုင်ရှင် “ချွဲဒုံဝန်း” နဲ့ ဇွဲလုံ့လဝီရိယအားကောင်းလွန်းလှတဲ့ ရော်ဘာလက်ပိုင်ရှင် “ဆွန်းဒုံယော” တို့ရဲ့ ၁၉၈၇ ခုနှစ် ဘူဆန်မှာ ကျင်းပခဲ့တဲ့ သမိုင်းဝင်ဘေ့စ်ဘောပွဲကြီးကို ရင်သပ်ရှုမောဖွယ် ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Cho Seung Woo, Yang Dong Geun, Ma Dong Seok, Choi Jung Won, Oh Jung Se, Juni, Cho Jin Woong နဲ့ တခြားသော အနုပညာရှင်များစွာ ပါဝင်သလို ကိုကို Park Seo Joon ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Lai Laii မှ ရေးသားပေးထားပါတယ်…) File Size : 2.72GB/ 1.19GB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…02:08:00 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

Mystery • Thriller • Crime
6.9 2011
Perfect Game
The Hunter’s Anthology – The Demon Hunter
5

ဒီဇာတ်ကားလေးကတော့ Mystery, Horror ဆန်ဆန် ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ သဘာဝလွန်စူးစမ်း ရှာဖွေမှုတွေနဲ့ မှောင်မိုက်တဲ့အမှန်တရားတွေကို ဖော်ထုတ်မယ့် နတ်ဆိုးမုဆိုးတစ်ယောက်ရဲ့စွန့်စားခန်းကို ဇာတ်အိမ်ထား ရိုက်ကူးထားပါတယ်။ 2021 တုန်းကထွက်ရှိခဲ့တဲ့ The Hunter’s Anthology Series ကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် လူအုပ်စုတစ်စုဟာ နတ်ဆိုးမုဆိုးတစ်ယောက်နဲ့အတူ မြေအောက်ရထားတွဲထဲမှာ ပိတ်မိသွားပြီးတော့ သူတို့ထဲမှာပုန်းနေတဲ့နတ်ဆိုးကို ဖမ်းဖို့အတွက် တစ်ယောက်ချင်းစီရဲ့ မှောင်မိုက်တဲ့အတိတ်တွေကို စစ်မေးရင်း နတ်ဆိုးကိုဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းပုံစံက စုံထောက်ဆန်ဆန်ကိုမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ထားပြီးတော့ ကြည့်ရှုသူတွေကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာလည်း rating ကောင်း တစ်ခုကို ရရှိထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ File size… (1.53GB) / (793MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 6m Genre …..Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 126 mins
The Hunter’s Anthology – The Demon Hunter
Bombay Talkies
6.6

Bombay Talkies ဟာဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အဖြစ်ပွဲထွက်ခဲ့တာဖြစ်ပြီး Karan Johar, Dibakar Banerjee, Zoya Akhtar နဲ့ Anurag Kashyap တို့ နာမည်ကျော်ဒါရိုက်တာလေးဦးရဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ဖွဲ့စည်းထားတဲ့ anthology film ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒါရိုက်တာလေးဦးရဲ့ anthology သုံးကားတွဲထဲက ပထမဆုံးဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးသိကြတဲ့ Lust Stories (2018) Ghost Stories (2020) တို့ဆက်ပြီး ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းတိုတွေထဲမှာ Rani တို့လို Nawazuddin Siddiqui တို့လိုနာမည်ကျော်တွေ ပါဝင်သလို သရုပ်ဆောင်ဘက်မှာမခေတဲ့ အဲ့ဒီခေတ်အခါက တက်သစ်စတွေလည်းအင်တိုက်အားတိုက်ပါဝင်ထားပါတယ်။ Amitabh Bachchan တို့ Katrina Kaif တို့ကိုလည်း cameo နေရာမှာတွေ့မြင်ရမှာပါ။ ဘောလိ၀ုဒ်နှစ်တစ်ရာ ဂုဏ်ပြုသီချင်းဖြစ်တဲ့ အပိတ်သီချင်းမှာတော့ ပိတ်ကားပေါ်မှာ တစ်စုတစ်စည်းထဲ မြင်ရခဲတဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ အများကြီးကို သီချင်းတစ်ပုဒ်ထဲမှာတွေ့မြင်ရမှာဖြစ်တဲ့အတွက် ဘောလိ၀ုဒ်ချစ်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဆိုတာတော့လက်တို့လိုက်ပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.8GB | 1.1GB Format… mp4 Duration….2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Alias Encoder ….. Aaron

6.6 2013
Bombay Talkies
The Universal Theory
6.1

The Universal Theory (2024) IMDb Rating (6.1) / Rotten Tomatoes (70%) ဒီဇာတ်လမ်းကတော့ ၁၉၆၂ ခုနှစ်တုန်းက ဆွဇ်ဇာလန်နဲ့ ဂျာမနီနိုင်ငံတို့က သိပ္ပံပညာရှင်ကြီးတွေစုစည်းဦးဆောင်ပြီး အက်ပ်မြို့မှာပြုလုပ်ခဲ့တဲ့ ညီလာခံအကြောင်းကို မှီငြမ်းပြီးတော့ စိတ်ကူးယာဉ်ဆန်ဆန်ရိုက်ကားထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက quantum mechanics အဏုမြူနဲ့ပတ်သက်တဲ့ သီအိုရီတွေက ယနေ့ခေတ်လူတွေ သိမြင်လက်ခံထားတဲ့အဆင့်လိုမျိုးရောက်ခဲ့တာမဟုတ်ဘဲ ပညာရှင်တွေအချင်းချင်း သီအိုရီဖြစ်မဖြစ်ကို စမ်းသပ်အတည်ပြုနေဆဲကာလတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုဟန်ဆိုတဲ့ ၂၀ ကျော်ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်သည့်တိုင်အောင် ဘယ်အရာကိုမှလက်ပွန်းတတီးလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကို နားလည်နေတဲ့မိခင်ဟာ မိသားစုဂုဏ်ကျပြီး ဘိုးဘွားတွေဆီကနေ အမ​ွေမရမှာစိုးရိမ်ပြီး သူ့ကို ပညာနယ်ပယ်မှာနာမည်ခံရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက်လက်ထဲကိုထည့်ပေးခဲ့ပါတယ်။ ဘွဲ့လွန် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့ ဂျိုဟန်ဟာ သူ့ရဲ့ကြီးကြပ်သူပါမောက္ခစထရာတန်နဲ့အတူ ညီလာခံတစ်ခုကိုတက်ဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ ပြုစုနေတဲ့စာတမ်းက quantum mechanics ပေါ် အခြေခံထားတဲ့ အရာအားလုံးရဲ့ သီအိုရီ “The Theory of Everything” အကြောင်းပဲဖြစ်ပါတယ်။ Quantum Mechanics တောင်မှ မတွင်ကျယ်သေးတဲ့အချိန် ခိုင်မာမှုမရှိတဲ့အဲဒီဘာသာရပ်ကိုအခြေခံပြီး ထပ်ပြီးချဲ့ထွင်ရေးသားထားတာကိုမြင်လိုက်ရတဲ့အခါမှာ ငြင်းခုန်မှုတွေအကြီးအကျယ်စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဆရာတပည့်နှစ်ယောက် ညီလာခံကိုရောက်သွားတဲ့အခါမှာ နောက်ထပ်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ဘလွန်းဘတ်ဆိုသူတွေ့ခဲ့ပါတယ်။ ပါမောက္ခဘလွန်းဘတ်က ဂျိုဟန်ရဲ့စာတမ်းကိုသဘောကျသွားပြီး အားပေးနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျ ပါမောက္ခဘလွန်းဘတ်တစ်ယောက် ညီလာခံမဖြစ်မြောက်သွားလို့ ပြန်တော့မယ့်ဆဲဆဲ ပျောက်သွားပြီး သူ့ရဲ့အလောင်းလို့ယူဆရတဲ့ အလောင်းတစ်လောင်းပေါ်လာတဲ့အချိန်မှာတော့ ဖြစ်စဉ်တွေအားလုံး ဇောက်ထိုးမိုးမျှော်တွေဖြစ်သွားခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.2 GB) / (590 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:54:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Animation • Fantasy • Adventure • Action
6.1 2024 118 mins
The Universal Theory