YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Loneliness Society (2023) (Ep10)_1080p.mp4

793.15 MB 1080p video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
RoboCop
7.3

Science genre အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Robocop ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Robocop ဆိုတဲ့ စကားလုံးအတိုင်း စက်ရုပ်ရဲရဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒက်ထရွိုက်မြို့ကြီးမှာ ရာဇဝတ်မှုတွေက အဖြစ်များလှပါတယ်။ တစ်နေ့မှာတော့ ဒက်ထရွိုက်ရဲဌာနကို မာဖီ‌ဆိုတဲ့သူက တာဝန်ပြောင်းလာခဲ့ပါတယ်။ လူးဝစ်ဆိုတဲ့ ရဲမေနဲ့ ပါတနာအဖြစ် တာဝန်ထမ်းဆောင်ရင်း လူဆိုး ဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းရှာတဲ့ မာဖီက လူဆိုးတွေလက်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ OCP ဆိုတာက ဒယ်တာမြို့အသစ် တည်ဆောက်ရေးအတွက် ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းပါ။ သူတို့ဟာ ရဲတွေနေရာမှာ အစားထိုးမယ့် စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပေမဲ့ ပရိုဂရမ်အမှားအယွင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာ သေသွားတဲ့ မာဖီကို နောက်ထပ်စမ်းသပ်ချက်အတွက် အသုံးချဖို့ လုပ်ခဲ့ပါတယ်။ မာဖီအလောင်းကိုယူပြီး စက်ရုပ်တစ်ခုအဖြစ် အသက် သွင်းခဲ့တာပါ။ ဒါဆိုရင် စက်ရုပ်ဖြစ်သွားမယ့် မာဖီကရော မြို့အတွက် အထောက်အကူပြုလာနိုင်မလား၊ သူ့ကို သတ်ခဲ့တဲ့လူတွေကိုရော ပြန်ပြီးလက်စားချေမလား၊ ဒီတီထွင်မှုကို ဖျက်စီးချင်တဲ့သူရော ရှိလာမလားဆိုတာကိုတော့ Robocop ဆိုတဲ့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ File size…1.98GB / 733MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Action , Crime , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Action • Adventure • Science Fiction
7.3 1987 102 mins
RoboCop
Look At Me: XXXTENTACION
6.3

Look at Me: XXXTentacion IMDb-7/10, Rotten Tomatoes-89% ဒီ Documentary မှာတော့ ရက်ပ် ဆိုရင်လည်း ကြမ်းပြီး သီချင်းဆိုရင်လည်း ချိုတဲ့ ကျွန်တော်တို့ရဲ့ ကွယ်လွန်လေပြီးသော စွယ်စုံရအဆိုတော်ကြီး XXXTentacion (Jahseh Onfroy) ရဲ့ ဘဝဇာတ်ကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ် X ဟာ အသက် ၁၀နှစ်အရွယ်တည်းက စိတ်ကျဝေဒနာရှင်ဖြစ်ခဲ့တာပါ သူ့ရဲ့ဂီတလမ်းကြောင်းကလည်း ဟိုးအစတည်းက သူ့ရဲ့ရွေးချယ်မှုကြောင့်ရော ဘေးလူတွေကြောင့်ပါ မထင်မှတ်ထားလောက်အောင် ကြမ်းတမ်းပြီးအကျည်းတန်ခဲ့ပါတယ် သို့သော် သူ့သီချင်းတွေကတော့ လူအများကြီးရဲ့ဘဝကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်... သူ့အကြောင်းကိုဖော်ပြသွားတဲ့နေရာမှာလည်း မိသားစု သူငယ်ချင်း ချစ်သူ လုပ်ဖော်ကိုင်ဖက် ပရိတ်သတ် စသဖြင့် ရှုထောင့်ပေါင်းစုံကနေရိုက်ပြထားတာဖြစ်တဲ့အတွက် X ကိုအမြင်မျိုးစုံနဲ့မြင်ရမှာပါ အားလုံးထက် X ကိုယ်တိုင်ဖြေထားတဲ့ Interview တွေနဲ့ ဗီဒီရိုတွေကိုပါ ထည့်သွင်းပြသထားတာကြောင့် X တစ်ယောက် အသက်ရှင်နေသေးသလားလို့တောင် အောက်မေ့ရမှာဖြစ်ပါတယ်... ဂီတလောကကို ကိုင်လှုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဒီ Documentary လေးကို X fan တွေအတွက်ရော X fan မဟုတ်တဲ့သူတွေအတွက်ကော ညွှန်းပေးလိုက်ရပါတယ်ဗျာ... File size…1.85GB / 848MB Quality…1080p WEBRIP AAC5.1CH / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & Honey

Drama
6.3 2022 108 mins
Look At Me: XXXTENTACION
The Grandmother
5.9

ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။ အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ရိုက်ထားတဲ့ ကားကောင်းပါ။ ဇာတ်ကိုလည်း မှန်းရလွယ်သလို ဖြစ်အောင် လုပ်ထားပေမဲ့ ‌ရင်ဖိုစရာအတော်ကောင်းပါတယ်။ မခြောက်ဘဲလည်း ရင်တုန်ရတာတွေပါပါတယ်။ ကောင်မလေးက သူ့အဘွားပုံကို ကြည့်တဲ့အခန်းမှာတောင် နောက်ခံအသံနဲ့ပေါင်းစပ်ပြီး ရင်တုန်စရာတကယ်ကောင်းပါတယ်။ ပညာသားပါပါနဲ့ ခြောက်ပြထားသလို ဝုန်းခနဲလည်း ခြောက်ပြထားတဲ့ ဟော်ရာကားကောင်း တစ်ကားပါပဲ။ Horror ကား Rating 6 ပါ။ သို့ပေမဲ့ စစကတည်းက ဘောင်မ၀င်တဲ့ User rating တွေကို ဖယ်ထားလိုက်ပါ။ အဲဒီ Rating ဘေးမှာ Critic Review ဆိုတာ ရှိပါတယ်။ ၀င်ကြည့်လိုက်ပါ။ 4/5 တွေ 4.5/5 တွေချည်း ပေးထားတာပါ။ ဒီလိုပေးဖို့လည်း တကယ်တန်ပါတယ်။ ဒါရိုက်တာကလည်း ဟော်ရာလိုင်းမှာ နာမည်ရှိတဲ့ Rec ကားတွေကို ရိုက်ခဲ့တဲ့ Paco Plaza ပါပဲ။ Size - 1.24GB, 591MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Drama • Thriller
5.9 2022 101 mins
The Grandmother
Operation Fortune: Ruse de Guerre
6.4

ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။ File size…(1.86GB)/(100.6MB)/(502 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre…action/ Thriller / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

6.4 2023
Operation Fortune: Ruse de Guerre
Ravenous
5.8

Ravenous (2017) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ဒီကားလေးကတော့ 2017 ခုနှစ်ထွက် ဟော်ရာ ဒရာမာအမျိုးအစား ဇွန်ဘီကားတစ်ကားပါ။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ထဲမှာ ဇွန်ဘီကားတွေကို Horror ပုံစံကနေအစ Comedy, Drama ပုံစံအထိ Genre ပုံစံအမျိုးမျိုးနဲ့ ကြည့်ရတာလည်းပါတယ်မလား။ ဒီကားကိုတော့ ကမ္ဘာပျက်ကပ်အလယ် ဆာလောင်နေတဲ့ဇွန်ဘီတွေကြားမှာ ရုန်းကန်‌နေရတဲ့‌ ကနေဒီယန်ကျေးလက်ဒေသတစ်ခုအပေါ်မှာ အခြေတည်ထားပါတယ်။ ပြီးတော့ ရိုးရာမပျက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရတဲ့ လူတစ်စုနဲ့ပေါ့။ ဇာတ်လမ်းပုံစံလေးကတော့ ဇွန်ဘီတွေက ပုံမှန်အတိုင်းမဟုတ်နေဘဲ လယ်ကွင်းထဲမှာ ပစ္စည်းဟောင်းတွေကို စုပုံနေတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်း တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုပြီး လုံခြုံဖို့ခိုလှုံရာအသစ်လိုက်ရှာရင်း နောက်ဆုံးရှာတွေ့သွားမလား… ဖုတ်ကောင်တွေလက်ထဲပဲ အကိုက်ခံလိုက်ရမလား… ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ကြည့်ရင်း တစ်ချက်တစ်ချက် The Walking Dead ကြည့်ရသလိုမျိုးဖြစ်ပေမဲ့ ခံစားချက်ကတော့ တစ်မူထူးပြီးကွဲပြားပါတယ်။ Cinematography ကလည်း အရမ်းကိုလှပပြီး ကာရိုက်တာတွေကလည်း သူ့ဟာနဲ့သူ ပြီးပြည့်စုံပါတယ်။ ပျက်ကပ်ကြောင့် တိတ်ဆိတ်နေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အော်ဟစ်သံတွေက ဟော်ရာအရသာကို Perfect ဖြစ်စေတာမျိုးပါပဲ။ Drama ဖက်လည်း မလစ်ဟင်းစေရဘဲ အေးအေးလေးနဲ့ တဖြည်ဖြည်းဇာတ်ရှိန်တက်လာတဲ့ Slow Burn ဇာတ်ကားအမျိုးအစားပါ။ IMDb rating (5.8/10) ရထားပြီး ခရမ်းချဉ်သီး 88% ရထားပါတယ်။ အားလုံးပဲ… ဆုတွေ (၁၆)ခုထိရထားပြီး Nomination (၇)ခုလည်း ၀င်ထားတဲ့ ဒီကားလေးကို မိုးအေးအေးလေးမှာ အိပ်ရာထဲကွေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 840MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.8 2017
Ravenous
The Order

အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူ မရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆို နားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက် ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန် ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းက ရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်း စီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလို ပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့ လျှို့ဝှက်ဆန်းကျယ်တာတွေကို ဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက် တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။ File size… 1.4 GB / 954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by El’MoH

Comedy • Animation
0 2001
The Order
Return

Return (2007) ဒီတစ်ခါမှာတော့ Thriller, Mystery အမျိုးအစား ကိုရီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါပြီ။ IMDB 6.4/10 ရရှိထားတာမို့ တစ်ခါတော့ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါပဲ။ ၁၉၈၀ ခုနှစ် တောင်ကိုရီးယား၊ ဆန်းနော့ဆူဆေးရုံမှာ အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက် နှလုံးခွဲစိတ်မှု ရှိခဲ့ပါတယ်။ ခွဲစိတ်မှုက မထူးခြားပေမဲ့ လူနာကလေးက မေ့ဆေးမတိုးတဲ့ ကလေးဖြစ်နေတာပါပဲ။ ခွဲစိတ်မှုတစ်လျှောက်လုံး အသိရှိနေခဲ့တဲ့ကောင်လေးက သူကြုံတွေ့ခဲ့ရတဲ့ နာကျင်မှကို ပြန်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ မယုံခဲ့ကြပါဘူး။ ဒီလိုနဲ့ ၂၅ နှစ်ကြာတဲ့အခါ ဆန်းနော့ဆူဆေးရုံက ဆရာဝန်ဟောင်းတွေနဲ့ အကြီးအကဲဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုအမျိုးမျိုးနဲ့ သေဆုံးမှုတွေ ဖြစ်လာပါတယ်။ လက်ရှိ ခွဲစိတ်ဆရာဝန် ဒေါက်တာယူဂျယ်အု၊ မေ့ဆေးဆရာဝန် ဂျန်ဆော့ဟို၊ စိတ်ကျန်းမာရေးဆရာဝန် အိုချီဟွမ်နဲ့ ဂန်အုဟွမ်တို့ကြားက ပတ်သက်မှု၊ သူတို့ကြားက တရားခံရှာပွဲကို စိတ်ဝင်စားဖွယ် လိုက်ပါ ခန့်မှန်းကြည့်ရှုရမှာပဲ ဖြစ်ပါတယ်၊ အညွှန်းနဲ့ ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.77GB | 858MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

0 2007
Return
Scent of Love

The Scent Of Love (2003) ကျွန်တော်ကတော့ တစ်သက်တာလို့ ပြောတော့ သူက တစ်ခဏဖြစ်မှာပါတဲ့။ ဒီလိုနဲ့ သူ့ထက်ငယ်တဲ့ငချွတ်လေး ကျွန်တော့်အချစ်ကို မယုံကြည်ခဲ့ပါဘူးပေါ့။ သူ့ကို နောက်ထပ်မဆုံးရှုံးချင်တော့တဲ့အခါ ရေစက်ဆိုတာ ဖန်တီးယူရမယ်မှန်း လက်ခံလိုက်ရတာပဲ။ “အသက်ရှင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊၊ မင်းလိုတာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်” လူချင်းနီးနေပေမဲ့ မပြောနိုင်တာတွေ များတဲ့အခါ ဒဏ်ရာတွေက မကုစားနိုင်ပြန်ဘူး။ ချစ်ခြင်းတွေက ဖြူစင်တော့လည်း နောင်တတွေက လျော့မသွားပြန်ဘူး။ နားလည်မှုတွေ ရှိခဲ့ကြ၊ အကြင်နာတွေ ပိုခဲ့ကြ ဆုံခဲ့ပါလျက်၊ ပျော်ရွှင်ခဲ့ပါလျက်နဲ့များ… မင်းဆီက ဂန္ဓာမာပန်းနံ့ထပ်မရတော့တဲ့အခါ…။ ၂၀၀၃ ခုနှစ်က ထွက်ရှိထားတာမို့ လွမ်းလွမ်းဆွေးဆွေး Melodrama မျိုးကို ၂၀၀၀ ခုနှစ်က ခံစားသက်ဝင်မှုအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.5GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

0 2003
Scent of Love
Daybreakers
6.5

Daybreakers (2009) IMDB: 6.4 Rotten Tomatoes: 69% Metacritic: 57% Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှ ခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့် လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။ သွေးသောက်၊ အသက်ရှည်တာကလွဲရင် ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှ သွေးဟာလည်းရှားပါးလာပါတယ်။ အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက် ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်း လူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။ အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။ အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawke လိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoe မစ္စတာဘရွန်လေအဖြစ် မင်းသား Sam Neill တို့က အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ File size… 4.2 GB / 1.3 GB / 615 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mkv / mp4 Duration…. 1h 38m Genre ….. Action / Horror / Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.5 2009
Daybreakers
Nokturno
5

သဘာဝလွန် သည်းထိတ်ရင်ဖို Horror ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဖိလစ်ပိုင် Horror ဇာတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် ဖိလစ်ပိုင်မင်းသမီးချော Nadine Lustre, ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Eula Valdez, Ku Aquino တို့က ပါဝင်ထားပြီးတော့ ဒါရိုက်တာအဖြစ် Mikhail Red က ရိုက်ကူးပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ပါးစပ်ပြော ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ညသန်းခေါင်ကျော်တဲ့အခါ တံခါးခေါက်သံ ကြားလို့ တံခါးဖွင့်ပေးလို့ရှိရင် အဲဒီတံခါးဖွင့်ပေးတဲ့သူဟာ Kumakatok ကျိန်စာသင့်သွားပြီးတော့ သုံးရက်အတွင်း ဝိညာဉ်တွေ လာခေါ်တာကိုခံရကာ သေသွားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျိန်စာကြောင့်သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ထူးခြားတဲ့သေဆုံးမှုကို အစ်မဖြစ်သူကစုံစမ်းရင်း သူပါကျိန်စာမိသွားပြီးတော့ အဲဒီကျိန်စာရဲ့ လက်ထဲကနေလွတ်မြောက်အောင် ကြိုးစားတဲ့ပုံကို သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ Horror Genre ဖြစ်တာနဲ့အညီ ရင်တုန်ပန်းတုန် ကြည့်ရှုရမှာ ဖြစ်ပြီးတော့ Horror vibe ကို လုံးဝပေးစွမ်းနိုင်တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ File size… (1.06GB ) / (581MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
5 2024
Nokturno
Deadline
6.5

Deadline (2024) ****************** Disaster ဇာတ်လမ်း အမျိုးအစားတွေကို ကြိုက်နှစ်သက်ပြီး ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားကိုလည်း ရှာနေတယ်ဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက ပရိသတ်ကြီးအတွက်ပါပဲ။ အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်လာခဲ့ပြီး ဖိုဟန်မြို့ကို လွင်တီးခေါင်ဖြစ်အောင် မွှေနှောက်ခဲ့တဲ့ “ဟင်နမ်နို”တိုင်ဖွန်းကြောင့် ဖိုဟန်မြို့ရဲ့ သံမဏိ စက်ရုံ စက်ယန္တရား လည်ပတ်မှုဟာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လည်ပတ်မှုကို အချိန်ကာလ တစ်ခုအထိ ရပ်တန့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဘီလီယံ ချီတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ မရပ်တန့်ဘူး ဆိုရင်လည်း ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေနဲ့ အက်စစ်မိုး‌ရေ ပေါင်းစပ်မိတဲ့အခါ မတွေးဝံ့စရာ ဘေးဒုက္ခကို ရင်ဆိုင်ရမှာပါ။ အားကောင်းလာတဲ့ မုန်တိုင်းကြားမှာ သံမဏိ စက်ရုံက စက်ယန္တရားတွေ အချိန်မီ ပြန်လည်ပတ်နိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်လို့ တင်ဆက်ပေးလိုက်ပါရစေ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Handsome Guys၊ The First Responders အစရှိတဲ့ ဇာတ်လမ်းတွေထဲက မင်းသမီး Gong Seung Yeonနဲ့ အတူ တခြား ဝါရင့် သရုပ်ဆောင်‌ အများအပြား ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.54GB/ 630MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:24:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Treasure Htet, Hnin Wai Oo & Stary Encoded by Tiff

6.5 2024 85 mins
Deadline
Paddington in Peru
6.8

Paddington in Peru (2024) IMDb Rating (6.8) / Rotten Tomatoes (94%) ဒီကားလေးကတော့ ပိတ်ရက်မှာ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံ‌လေး Paddington ကို သိကြမှာပါ။ ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်း ပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။ အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။ အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size… (6.4 GB) / (2.2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Comedy, Family, Mystery Duration….01:46:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vader

Horror • Thriller
6.8 2024 106 mins
Paddington in Peru
Sorop
5.4

Sorop (2024) IMDb Rating (5.4) နေဝင်ရီတရောအချိန်၊ နွားရိုင်းသွင်းချိန်လို့ သညာပြုကြတဲ့ Sorop သို့မဟုတ် မာဂရစ်အချိန်ဟာ ဝိဉာဉ်တွေလွတ်လပ်စာလှုပ်ရှားသွားလာနိုင်တဲ့အချိန်ဖြစ်တယ်လို့ ဘာသာဓလေ့အတော်များများမှာအယုံအကြည်ရှိကြသလို ဂျာဗားကျွန်းသားတွေမှာလည်းရှိပါတယ်။ အဲ့ဒီလိုပဲ “Puasa Sorop” ဆိုတဲ့ အစာရှောင်ခြင်းဓလေ့ဟာလည်း ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ဝိဉာဉ်တွေကိုခေါ်ယူတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာထူးခြားချက်ကတော့ အစာရှောင်သူဟာ သင်္ချိုင်းမြေတွေကိုစားသုံးရတာပါပဲ။ ဒီဓလေ့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့လုပ်ဆောင်လေ့ရှိကြပေမယ့် ကာယကံရှင်အပေါ်မူတည်ပြီး အကောင်းအဆိုး အကျိုးအပြစ်တွေ ရလဒ်ထွက်လာရစမြဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဟာနစ်ဖ်နဲ့အစ်စ်တီဆိုတဲ့ ညီအစ်မနှစ်ယောက် သူတို့ဦးလေးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ စကားကြောင့် ငယ်ငယ်လေးကတည်းက စွန့်ခွာခဲ့တဲ့ မိသားစုပိုင်နေ အိမ်ကြီးကိုပြန်ရောက်လာပြီးမကြာခင်မှာ သေဆုံးသွားတဲ့ ဦးလေးဖြစ်သူနဲ့အတူ ထူးခြားကြောက်မက်ဖွယ်ဖြစ်ရပ်တွေကိုရင်ဆိုင်ရတာကိုတွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ငယ်စဉ်ကကြုံတွေ့ခဲ့ရဖူးတဲ့ ထိတ်လန့်ခြောက်ခြားစရာကိစ္စတွေဟာ အခုဖြစ်နေတာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုတာကို သိလာရပြီး ရုန်းထွက်ဖို့ အဖြေရှာကြရမှာပါ။ တစ်ချိန်က Twitter မှာနာမည်ကြီးခဲ့တဲ့ thread တစ်ခုကိုအခြေခံဖန်တီးထားတာဖြစ်ပြီး Jumpscare တွေကို အားမကိုးပဲ ကင်မရာအယူအဆ၊နောက်ခံတေးဂီတ တိတ်ဆိတ်မှုတွေကနေ ခြောက်ခြားစရာဖြစ်အောင် တင်ဆက်ထားတာပါ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း cinematography လှလှနဲ့သိချင်စိတ်ကိုနှိုးဆွပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (600 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:45:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.4 2024 103 mins
Sorop
Clown in a Cornfield
6.1

Clown in a Corn Field (2025) လျို့ဝှက်ဆန်းကြယ်ဆန်ဆန် အသတ်အဖြတ် အကြမ်းအရမ်းဇာတ်ကားတွေကို ကြည့်ချင်ရင်တော့ ၂၀၂၅ ထဲမှာပဲ ပူပူနွေးနွေးထွက်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ Ginny & Georgia ဇာတ်လမ်းတွဲထဲက အက်ဘီနေရာမှာ သရုပ်ဆောင်တဲ့မင်းသမီး ကေတီလည်း အဓိကပါဝင်ထားပြီး IMDb မှာ 6.1/10 နှင့် Rotten Tomatoes မှာ 74% ရရှိထားလို့ တကယ့် ကြည့်ပျော်ရှုပျော် ရင်ထိတ်စရာ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း ဒေါက်တာ မေဘရွတ်ခ်ဟာ သူ့မိန်းမ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာ မဖြည်ဆည်နိုင်လို့ စိတ်ဖြတ်နိုင်အောင် သမီးဖြစ်သူ ကွင်းန်နဲ့အတူ ရှေးရိုးစွဲပြီး ဖုန်းလိုင်းတောင် သိပ်မကောင်းချင်တဲ့ နယ်မြို့ကလေးကို ပြောင်းလာခဲ့ပါတယ်။ ကွင်းန်ကလည်း သူ့အိမ်နှင့် သူ့သူငယ်ချင်းတွေကို ထားခဲ့ရလို့ စိတ်မချမ်းသာပေမဲ့ ဒီမြိုသစ်ကလေးရဲ့ ကျောင်းမှာ ကိုးလ်၊ တပ်ကာ၊ မတ်နဲ့ ရွန်နီ အစရှိတဲ့ လူရမ်းကား ဆယ်ကျော်သက်ကလေးတွေနဲ့ အဖွဲ့ကျသွားပါတော့တယ်။ အဲမြို့မှာ ကိုးလ်က လူချမ်းသာမြို့မျက်နှာဖုံးရဲ့သားဖြစ်ပြီး သူ့ရဲ့အဘေးက ပြောင်းသကြားရည်ကို ဖန်တီးရောင်းချရာက ချမ်းသာလာတာဖြစ်ပါတယ်။ အဲပြောင်းသကြားရည်ရဲ့တံဆိပ်မှာ ထူးဆန်းစွာပဲ ကျောချမ်းစရာ လူပြက်ပုံလည်း ပါပြီးတော့ အဲလူပြက်ကို မြို့ခံတွေက ဖရန်ဒိုလို့ နာမည်ပေးထားပါတယ်။ အဲမှာ သူတို့သူငယ်ချင်းအုပ်စုက ယူကျုမှာ နာမည်ကြီးချင်တဲ့အတွက် ဖရန်ဒိုက တကယ်ရှိကြောင်း၊ လူသတ်တတ်ကြောင်း ဇာတ်လမ်းတွေဆင်ရိုက်ရာကနေ တကယ်ပဲ သူတို့အဖွဲ့ထဲက လူသေလာပါတော့တယ်။ အဲတော့ ဒီဖရန်ဒိုဆိုတဲ့လူပြက်က တကယ်ပဲ သဘာဝလွန်သတ္တဝါလား၊ သာမာန်မျက်နှာဖုံးစွပ် ကွင်းဆက်လူသတ်သမားလား သူတို့သူငယ်ချင်းအုပ်စု အဲလူပြက်ဆီကနေ ဘယ်လိုလွတ်အောင်ရုန်းကန်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

6.1 2025 96 mins
Clown in a Cornfield