YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

London.Files.S01E01.1080p.AAC5.1CH(CM).mp4

734.29 MB 1080p video/mp4 261 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
Black Panther: Wakanda Forever
7.2

မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ ဇာတ်လမ်းအညွှန်း အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။ File size…(2.4 GB)/(1.1 GB) / 784MB   / 6.25GB Quality….Bluray 1080p / 720p / 480p / 4K Format…mp4 Duration….02:41:00 Genre...Action, Adventure, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Drama
7.2 2022 162 mins
Black Panther: Wakanda Forever
The Passenger

ခရီးသည်တွေ တင်လာတဲ့ ဗန်ကား တစ်စီးဟာ တောင်တက်လမ်းတစ်ခုမှာတော့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တိုက်မိသွားခဲ့ပါတယ်။ ညကြီးမိုးချုပ် ဖြစ်တဲ့အပြင် လမ်းပေါ်မှာလည်း ဘယ်သူမှ မရှိ၊ ဘယ်ကိုမှလည်း ဆက်သွယ်လို့မရတာကြောင့် သူတို့ကားပေါ်တင်လာပြီး အနီးစပ်ဆုံး ဆေးရုံကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြဿနာကတော့ အဲ့ဒီမှာ စတော့တာပါပဲ။ ခရီးသည်တွေလည်း သူတို့ ကူညီဖို့ဆုံးဖြတ်ခဲ့တာဟာ တစ်ခုခု လွဲမှားသွားပြီဆိုတာသိလိုက်ပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြင်လို့မရတော့ပါဘူး။ သူတို့ ကားပေါ်တင်လာခဲ့တဲ့ အမျိုးသမီးက ဘယ်လိုလူမျိုးလဲ? အဲ့ဒီအမျိုးသမီးနဲ့ သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲ? ကားပေါ်ပါလာတဲ့ ခရီးသည်တွေကော ဘယ်လိုပြဿနာတွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကိုတော့ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.4GB, 541MB, 253MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 30mins Genre : Horror Translated by Poant Encoded by Kinnov

Adventure • Animation • Family • Science Fiction
0 2020 18 mins
The Passenger
The Pursuit of Happyness
7.9

အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​...သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။ သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ... ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ... ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​... ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​...​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​... ဘဝဆိုတာ ​"ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်" ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို...သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ... ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​... ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​...၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့် > MTV+TV awards(2007) : Breakthrough Performance ဆု > Phoenix Film Critics Society Awards(2006) :Best Performance by a Youth ဆု > Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​...အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့... မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ > Academy Awards,USA(Oscar)(2007): Nominated > Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့.. အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ...။ IMDb Rating(8.0)ထိရရှိထားပါတယ်။ File size…(1.7 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Bwar

Comedy • Romance • TV Movie
7.9 2006 117 mins
The Pursuit of Happyness
Treeless Mountain
6.9

"သစ်ပင်မရှိတဲ့ တောင်" ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ အမေမရှိတဲ့ ကလေးတွေရဲ့ဘဝဟာ သစ်ပင်မရှိတဲ့ တောင်လို အကာအကွယ်မဲ့ဖြစ်ရတတ်ကြောင်းကို ဒီကားလေးထဲမှာ တင်ဆက်ပြသထားပါတယ်... ဂျင် နဲ့ ဘင် ဆိုတဲ့ ကလေးမလေးနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူ ဟောင်းနွမ်းနေတဲ့တိုက်ခန်းကျဥ်းလေးထဲမှာ နေထိုင်ကြပါတယ်။ တစ်ရက် ကလေးတွေရဲ့အမေဟာ အဝေးရောက်နေတဲ့ ခင်ပွန်းကိုသွားရှာဖို့အတွက် လူမမည်ကလေးနှစ်ယောက်ကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ သွားအပ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်။ ကလေးတွေအတွက် ဝက်ရုပ်စုဘူးလေးပေးခဲ့ပြီး အဲ့ဒီစုဘူးလေးပြည့်တဲ့နေ့ ပြန်လာခဲ့မယ်ကတိပေးပြီး ထွက်သွားပါတယ်။ အဒေါ်ဖြစ်သူဟာ အရက်စွဲနေတဲ့သူဖြစ်ပြီး ကလေးတွေကို သေချာဂရုမစိုက်နိုင်လို့ ဂျင် နဲ့ ဘင် ဟာ သူတို့ဘာသာပဲ နှံကောင်လေးတွေလိုက်ဖမ်းလိုက်၊ ကင်ပြီးရောင်းလိုက်နဲ့ ရသမျှငွေလေးတွေကို စုဘူးလေးထဲဖြည့်ရင်း အမေပြန်အလာကို စောင့်မျှော်နေကြပါတယ်။ တစ်ချိန် ဝက်ရုပ်စုဘူးလေးပြည့်သွားတဲ့နေ့ ကတိအတိုင်း အမေဖြစ်သူ ပြန်လာခေါ်ပါ့မလား...အမေပြန်မလာခဲ့ရင်ရော ကလေးနှစ်ယောက် ရှေ့ဆက်ဘာဖြစ်သွားကြမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ရအောင်နော်~ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ei Phyu Khin ပါ) File Size          :  (1.1GB) & (370MB) Quality            : 720p HDTV & 480p Format            : mp4 Duration         : 1hr & 29mins Genre              : Drama Translated by  Ei Phyu Khin Encoded by Kinnov

Action • Mystery • Thriller
6.9 2009 89 mins
Treeless Mountain
Oblivion
7

Oblivion (2013) IMDb – 7.0/10_____Rotten – 53% ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့….။ ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။

7 2013
Oblivion
Encino Man
5.8

Encino Man (1992) အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ဟော့ဘစ်လေး ဆမ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူပါပဲ။ The Goonies မှာလည်း သူနဲ့ Ke Huy Quan တို့ အတူသရုပ်ဆောင်ခဲ့ဖူးတယ်။ သူ့သူငယ်ချင်းအဖြစ်တော့ Pauly Shore က သရုပ်ဆောင်ထားတယ်။ ဒီကားရဲ့ အခရာထဲ Pauly နဲ့ ဘရန်ဒန်နဲ့ ဒေ့တို့ကြားက Chemistry ကလည်း တစ်ချက်ပါပါလိမ့်မယ်။ ကီကတော့ သူတို့တက်တဲ့တက္ကသိုလ်က ဂိကျောင်းသားအဖြစ် သရုပ်ဆောင်ထားတယ်။ ဒီလိုနဲ့ ရေခဲခေတ်လူသားကြီးနဲ့ ဒီဘက်ခေတ်ကောင်လေး၂ယောက်ဟာ ဘယ်လိုဗရုတ်သုတ်ခတွေ ကြုံကြမလဲ၊ ဘယ်လိုမျိုး အချစ်တွေပေးကြမလဲကိုတော့ ဘရန်ဒန်ကြီးရဲ့ အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့အတူ Encino Man မှာ ရှု့စားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 700MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 28Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 1992 88 mins
Encino Man
Wiener-Dog
5.9

Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေ တစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်က ပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။ Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီး ခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။ နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကို အိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာက နောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံက သူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။ သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကို ပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ ညီဖြစ်သူ Tommy နဲ့ ချစ်သူ April စုံတွဲဆီကို ပေးထားခဲ့ပြန်ပါတယ်။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ရုပ်ရှင်ကျောင်းက ပါမောက္ခ Dave Schmerz ဖြစ်ပါတယ်။ Career ပိုင်းမှာ မအောင်မြင်တဲ့ Dave ဘဝမှာ ခွေးလေးက သူ့ကိုယ်သူ ပြန်လည်သုံးသပ်မိစေဖို့ အထောက်အကူလေးပါ။ ဒီအပိုင်းမှာတော့ ဒါရိုက်တာက ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေကို သရော်ထားတာလည်း တွေ့ရမှာပါ။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ဘဝနေဝင်ချိန်ကို ရောက်နေတဲ့ နောင်တတွေနဲ့ အဘွားအို NaNa ပါ။ သူကတော့ ခွေးလေးကို Cancer လို့ ခေါ်ပါတယ်။ ဒီအပိုင်းမှာတော့ အဘွားဆီကို လာမတွေ့ဘဲ ငွေလိုမှသာ လာတတ်တဲ့ မြေးဖြစ်သူနဲ့ အဘွား NaNa တို့ရဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာပါ။ ဒီအပိုင်းမှာတော့ သေခြင်းတရား ဘဝရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်စတာတွေနဲ့ ပတ်သက်ပြီး Message ပေးထားပါတယ်။ Wiener Dog က ခွေးချစ်သူတို့ သဘောကျလေ့ရှိကြတဲ့ ခွေးလိမ္မာလေးနဲ့ သခင်တို့ရဲ့ ဇာတ်လမ်းမျိုး မဟုတ်ပေမဲ့ အချိတ်အဆက်မမိတဲ့ အူကြောင်ကြောင် လူလေးယောက်ရဲ့ ဘဝကို ခွေးတစ်ကောင်နဲ့ ချိတ်ဆက်တင်ပြထားပါတယ်။ Dark Comedy အမျိုးအစားဖြစ်ပြီး တွေးစရာ အတွေးစတွေ အများကြီး ကျန်ခဲ့စေမဲ့ ကားကောင်းတစ်ကားဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်) File size… 1 GB / 576 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Juno Saurus

Animation • Action • Comedy • Family
5.9 2016 88 mins
Wiener-Dog
Sometimes I Think About Dying
6.6

ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့ လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလို စိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Wars ရုပ်ရှင်တွေထဲက’ရေး’အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီး Daisy Ridleyဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှု အသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေး ဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသ ထားတာနဲ့ပိုတူတယ်ဗျ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊ မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်း တွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိ ကြတဲ့အဖြစ်မျိုးပေါ့….။ ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာ အလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေ စဖြစ်ခဲ့ပါတယ်…။ သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာ ခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.6 2023
Sometimes I Think About Dying
Trigger Warning

မင်းသမီး Jessica Alba ရဲ့ Netflix အက်ရှင်ဇာတ်ကြမ်းကားသစ်လေးပါ… အမေရိကန်စစ်တပ်ရဲ့ လက်ရွေးစင်စစ်သမီး ပါကာဟာ အာဖဂန်မှာ စစ်မှုထမ်းပြီး ဖခင်ဆုံးသွားတာကြောင့် သူ့အဖေရှိရာ မြို့ငယ်လေးကိုပြန်လာခဲ့ပါတယ် သူ့အဖေရဲ့ ဘားဆိုင်ကို လက်လွှဲယူပြီး အေးဆေးဖြတ်သန်းနေရင်းနဲ့… သူ့ဖခင်ဆုံးသွားတာက သွေးရိုးသားရိုးမဟုတ်ဘဲ … မြို့တွင်းက လက်နက်မှောင်ခိုအကျင့်ပျက်ခြစားနေတဲ့ ရဲဝန်ထမ်းနဲ့ လူမိုက်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့…. ဖခင်ရဲ့သေဆုံးမှုကို လက်စားချေရင်း ဒုစရိုက်မှုတွေကိုဖော်ထုတ်ရှင်းလင်းဖို့ ပါကာရဲ့တာဝန်ဖြစ်လာပါတော့တယ်။ Rating တွေ မကောင်းလှပေမယ့် ဂျက်စီကာအယ်လ်ဘာ ပရိတ်သတ်နဲ့ အက်ရှင်ပရိတ်သတ်တွေတော့ ကြည့်လို့ကောင်းမှာပါ။ (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.6 GB) / (1.2 GB)/(720 MB) Quality….Webrip 4K HEVC/1080p / 720p Format…mkv/mp4 Duration….01:47:00 Genre… Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

0 2024
Trigger Warning
Hall Pass Nightmare

ကယ်ရီနဲ့ဂျပ်စတင်တို့စုံတွဲဟာ လက်ထပ်သက်တမ်းကြာပြီး လူတိုင်းအားကျရတဲ့စုံတွဲဖြစ်ပါတယ် သက်တမ်းကြာလာတဲ့စုံတွဲတွေရဲ့ထုံးစံအတိုင်း တကယ်တမ်းကျသူတို့အိမ်ထောင်ရေးဟာခြောက်သွေ့စပြုနေပါပြီ ဒီလိုနဲ့ ကယ်ရီ့သူငယ်ချင်းနှစ်ယောက်က သူမကို” Hall Pass”ထားကြည့်ဖို့ အကြံပေးကြတယ် Hall Passဆိုတာ စုံတွဲတွေအကြားမှာ နှစ်ဦးသဘောတူနားလည်မှုယူပြီး တခြားနှစ်သက်ရာအပြင်လူတစ်ယောက်နဲ့အပျော်တမ်းအိပ်ခွင့်ပေါ့ တချို့ကနာမည်ကြီးဆယ်လီအိုင်ဒေါတွေနဲ့Hall Passအဖြစ်နေချင်ကြတယ် ဒီလိုနဲ့ကယ်ရီအလုပ်ခရီးထွက်ရာက ဘားတစ်ခုမှာ သူ့အိုင်ဒေါရော့ခ်စတား”ဒန်တေး” နဲ့ဆုံမိပါတော့တယ် ဒန်တေးရဲ့ပရိတ်သတ်အကြီးစားဖြစ်တဲ့ကယ်ရီဟာ ဒန်တေးနဲ့ရင်းနှီးလာပြီးအဖွဲ့ကျသွားရာကနေ နှစ်ယောက်သားခဏတာငြိတွယ်သွားကြပါတော့တယ် ကယ်ရီဟာ လက်ထပ်ပြီးသားမို့လို့ ငြင်းခဲ့ပေမဲ့ ကယ်ရီ့ကိုစွဲလမ်းသွားတဲ့ ဒန်တေးဟာ ကယ်ရီ့ကိုရနိုင်ဖို့ ဘယ်လ်ိုတွေဆက်ပြီး လှုပ်ရှားသွားမလဲဆိုတာ….. File size…(800 Mb) Quality….WEB-DL 720p Format…mp4 Duration….01:30:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C an dy

Horror • Thriller
0 2022
Hall Pass Nightmare
[18+] Touchless Bez Doteku

Touchless (2013) Bez Doteku Dark Side Production အနေနဲ့ နိုင်ငံစုံက Dark Side ကားတွေကို တင်ဆက်နိုင်ဖို့ ကြိုးစားနေတာမလို့ ခုတစ်ခါလဲ Czech စကားပြောရုပ်ရှင်တစ်ခုဖြစ်တဲ့ Touchless (2013) ကိုတင်ဆက်လိုက်ပါတယ်။ Netflix ကနေ ထွက်ရှိခဲ့တာဖြစ်ပြီး ချက်ရုပ်ရှင်တွေ ဘယ်လိုအထာရှိလဲ ခံစားကြည့်ကြည့်တာပေါ့။ ဇာတ်လမ်းကတော့… ယိုလာနာဆိုတဲ့ကောင်မလေးဟာ သူမရဲ့ပထွေးဖြစ်သူနဲ့အတူတူ တစ်အိမ်ထဲနေကြပါတယ်… သူမဟာ အိမ်နဲ့အဆင်ပြေနေပေမယ့် ဆယ်ကျော်သက်တို့ထုံးစံအတိုင်း တစ်ရက်မှာတော့ ပထွေးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ စိတ်ရူးပေါက်ရာလျှောက်လုပ်ရင်းနဲ့ ဘယ်ကိုရောက်သွားလည်းဆိုတော့ ပြည့်တန်ဆာအိမ်ကိုရောက်သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ……။ (Dark Side Production မှ တင်ဆက်သည်။)

0 2013 72 mins
[18+] Touchless Bez Doteku
Faith of Angels
5.8

ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ် ယူတာပြည်နယ်က စွန့်ပစ်မိုင်းတွင်းထဲမှာပျောက်ဆုံးသွားတဲ့ ဆယ်နှစ် သားကလေး ဂျောရှူဝါဒန်းနစ်ကိုရှာဖွေကယ်ဆယ်တဲ့ အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတဘုရှ်ကိုယ်တိုင် ဒီဖြစ်ရပ်ကို ထူးခြား ဆန်းကြယ်တာဖြစ်တယ်ဆိုတဲ့သက်သေပဲ လို့ပြော လောက်တဲ့အထိ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဂျော့ရှ်တိုသားအဖက ကျောင်းကလူပျိုပေါက်တွေ မိုင်းတွင်းဖက်ကိုစခန်းချခရီးထွက်တဲ့ ခရီးစဉ်ကို လိုက်လာခဲ့ပါတယ်။ စူးစမ်းချင်စိတ်ပြင်းလွန်းတဲ့ ဆယ်နှစ်သားလေးကိုအဖေဖြစ်သူကတယ်ရီက အဖော်လိုက်ပေးခဲ့တာပါ။ ဒီလိုနဲ့ တောင်ပေါ်ရောက်တော့ အဖွဲ့ထဲကတစ်ချို့က မိုင်းတွင်းထဲကိုထွက်သွားပေမယ့် အဖွဲ့ထဲက လူငယ်တစ်ယောက်နဲ့ သူတို့သားအဖက တဲထိုးဖို့အတွက်ခဏနေခဲ့ပြီးနောက် ညနေပိုင်းလောက် အရောက်မှာ သုံးယောက်သားမိုင်းတွင်းဖက်ကို ထွက်လာကြပါတယ်။ မိုင်းတွင်းထဲကိုလည်းရောက်ရော ရှေ့ကအဖွဲ့ပြန်တွေ့ပါတယ်။ အဖွဲ့ထဲက ကိုင်လ်ဆိုတဲ့ လူငယ်တစ်ယောက်မိုင်းတွင်းထဲမှာ ဆက်မနေချင်တော့ တာနဲ့ တယ်ရီကစခန်းကိုပြန်ပို့ဖို့အကြောင်းဖန်လာ ပါတော့တယ်။ ဒါပေမယ့် ဂျော့ရှ်ကအဖွဲ့နဲ့ဆက်နေချင် တယ်လို့ပြောလို့ တယ်ရီကလည်း အဖွဲ့နားမှာပဲသေချာ ကပ်နေလို့ပြောပြီးထားခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့် သွားနေရင်းနဲ့ ဂျော့ရှ်ဟာလမ်းပျောက် သွားပြီးတစ်ယောက်တည်းကျန်ခဲ့ပါတယ်။ အဖွဲ့ကလည်းစခန်းကိုပြန်ရောက်တော့မှဂျော့ရှ်ပါ မလာတာသိတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ကလေးပျောက်ရှာဖွေရေးကိုစတင်ပါ တော့တယ်။ File size… (1.14 GB) / (646 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …..Biography , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Thriller • Mystery • TV Movie
5.8 2025 98 mins
Faith of Angels
Alexander and the Terrible, Horrible, No Good, Very Bad Road Trip
5.1

Alexander and the Terrible, Horrible, No Good, Very Bad Road Trip (2025) IMDb Rating (5.1) / Rotten Tomatoes (58%) Alexander and the Terrible, Horrible, No Good, Very Bad Road Trip ဟာ ၂၀၁၄မှာထွက်ခဲ့တဲ့ Alexander and the Terrible, Horrible, No Good, Very Bad Dayရဲ့ Remakeပါ။ Alexander and the Terrible, Horrible, No Good, Very Bad Road Trip ဟာ Family Drama , Road Drama ကားလို့‌ ပြောလည်းရပေမဲ့ သူက မှော်တွေ စုန်းတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ဇာတ်လမ်းကတော့ မိသားစုတစ်စုက အဘေးဟာ ကြီးပွားချမ်းသာအောင် စုန်းမတွေဆီက အဆောင်ရုပ်တုတစ်ခုကို ခဏငှားခဲ့ပါတယ်။ ဒါပေမဲ့ သူက စုန်းမတွေကို ပေးရမယ့်အချိန်မှာ ပြန်မပေးခဲ့ပါဘူး။ ဒီနောက်မှာ သူတို့မိသားစုဟာ မျိုးဆက်အဆက်ဆက်ကျိန်စာသင့်သွားခဲ့တယ်။ ဒီကျိန်စာကို‌ သတိထားမိသွားတာက အလက်ဇန္ဒားဆိုတဲ့ သူတို့မိသားစုထဲက အငယ်ဆုံးလေးပါ။ ဒီအငယ်ဆုံးလေးက ထပ်ခိုးထပ်ကနေ ရုပ်တုကိုတွေ့ပြီး မိသားစုခရီးကို သွားရင်း ဒီကျိန်စာပြဿနာကို အဖြေရှာကြတာကို မြင်ရမယ့် ပျော်စရာကောင်းတဲ့ မိသားစုဇာတ်လမ်းလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(5.7 GB) / (2 GB) / (920 MB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,,Family Duration….01:35:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Drama
5.1 2025 96 mins
Alexander and the Terrible, Horrible, No Good, Very Bad Road Trip