YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lockdown Lovers (2023) WEB-DL,720p(CM).mp4

686.41 MB N/A video/mp4 79 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Help Me, Eros
5.7

လွင့်နေတဲ့ဇာတ်လမ်းကြည့်ချင်ပါတယ်ဆို ဒီကားကိုသာ​ ပြေးကြည့်လိုက်တော့။ အလွင့်ကိုမှ အငြိမ်ဇယားလေးလွင့်တာ။ လောကမှာ အသက်ရှင်ချင်တဲ့သူတွေက စောစောစီးစီး ဘဝကထွက်သွားကြရပြီး ဆက်ရှင်သန်လိုစိတ်မရှိတဲ့သူတွေကို ဒုက္ခတွေ တစ်လှေကြီးနဲ့ အသက်ရှည်အောင် ပစ်ထားတာမျိုး။ အဲ့လိုလောကမှာ​ ခက်ခဲပင်ပန်းပြီးကုန်းကောက်စရာမရှိအောင်မွဲတေ​နေပေမယ့် လူဆိုတာအချစ်ကိုမျှော်လင့်တတ်ကြတုန်းပဲ။ ကျန်တာ မရှိချင်နေ "အချစ်" ဆိုသော ထိုအရာက လူတစ်ယောက် ရှင်သန်ဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲ။ ကိုယ်ကချစ်နေပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားတော့တဲ့အခိုက်အတန့် ၊ သူထွက်သွားပြီးမှ သူ့အချစ်ကိုနားလည်တဲ့အခိုက်အတန့်၊ အချစ် ဆိုတာ မရှိတော့တဲ့အခိုက်အတန့်ဟာ နောက်ဆုံးကောက်ရိုးမျှင်ပါ နှစ်မြုပ်သွားသလိုပါပဲ။ မှတ်ချက်- အချစ်ဇာတ်လမ်းဆိုပေမယ့် 18+ တော့ ပါတာမို့ မိသားစုနဲ့ ကြည့်ဖို့ကတော့ မသင့်တော်ပါကြောင်း။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 720p | 480p File size… 1.1GB | 510MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Blank

Comedy • Drama • Romance • TV Movie
5.7 2007 116 mins
Help Me, Eros
Beauty Water
5.8

ဒီတစ်ခါမှာတော့ ပုံမှန်ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကိုရီးယားနိုင်ငံမှာ သူတို့ရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အလှအပစံနှုန်းတွေနဲ့ လွှမ်းမိုးခံရမှုတွေအကြောင်း စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ကိုရီးယား animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့်  အနှိမ်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ မိတ်ကပ်ဆရာမတစ်ယောက် အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော  လူမှုဘဝ မှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ်တာပါ။ တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည် တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။ အဲဒီ အလှရည်နဲ့ပြုပြင်လိုက်ရုံနဲ့ သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ….. ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရတဲ့ ခေါင်းအစခြေအဆုံး လှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖို့အတွက် ကြိုးစားခဲ့တဲ့အခါမှာတော့ ……. ရယ်ဂျီဟာ လှဖို့အတွက်ဆို ဘာမဆိုလုပ်ရဲလာပါတော့တယ် …… ဒီလိုနဲ့ ကိုရီးယားနဲ့အလှအပနဲ့ပက်သက်တဲ့ စံနှုန်းတွေ သတ်မှတ်ချက်တွေနဲ့ ဖိနှိပ်ခံစားခဲ့ ရတဲ့ လူတစ်ယောက်၊ ရယ်ဂျီပေးဆပ်ရမယ့် အလှတရားရဲ့ တန်ကြေးနဲ့၊ ဒီလို ထူးဆန်း လွန်းတဲ့ အလှရည်ရဲ့နောက်ကွယ်က လျို့ဝှက်ချက်ကရော ဘာဖြစ်မလဲ။ ရယ်ဂျီကရော ဒီအလှရည်ကိုအသုံးချပြီး ရလာတဲ့ ရုပ်ရည်နဲ့အောင်မြင်မှုတွေကို ဘယ်လိုဆက်ထိန်း သိမ်းမလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ရင်တထိတ် ထိတ်နဲ့ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်။ 2020 ခုနှစ် Date ပေမဲ့ 2022ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး Boston Sci-Fi Film Festival မှာ ဆုရရှိထားတဲ့ ပထမဆုံး ကိုရီးယား animation ဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် ခံစားကြည့်ရှုပေးကြပါဦး…. (အသက်မပြည့်သေးတဲ့ကလေးငယ်တွေအနေနဲ့ကတော့ Animation ဖြစ်ပေမယ့်လည်း dead body တွေ၊ သွေးသံရဲရဲနဲ့ ထိတ်လန့်စရာအခန်းတွေ ပါဝင်နေတာကြောင့် ကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thant Sin ဖြစ်ပါတယ်) File Size..........(1.32 GB) / (540 MB) / (320 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Horror, Thriller Translator.......Thant Sin Encoder..........SWM

Comedy • Crime • Drama
5.8 2020 85 mins
Beauty Water
Chup
6.6

အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယမှုခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အမျိုးသမီးတစ်ယောက် အိမ်ပြန်လာတော့ အိမ်ထဲမှာမှောင်နေတယ် သူ့ယောက်ျားကို သူအော်ခေါ်နေရင်း လိုက်ရှာတော့ အိမ်သာထဲမှာ တွေ့လိုက်ရတာက တစ်ကိုယ်လုံးကို တိတိပပ လှီးဖြတ်ထားတဲ့ ဓားရာတွေနဲ့ သေဆုံးနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်ရတော့တယ် သူ့ယောက်ျားက ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ပြီး သူသေတော့ သူ့နဖူးပေါ်မှာ အမှတ်အသားတစ်ခုရှိနေခဲ့တယ် အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရထားလမ်းပေါ်မှာ လူတစ်ယောက် ကိုယ်တစ်ပိုင်းပြတ်ပြီး သေနေပြီး သူကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ကာ သူ့ရဲ့နဖူးမှာလည်း ပထမတစ်ယောက်လိုမျိုး အမှတ်အသားတစ်ခု ရှိနေခဲ့တယ်.. အဲဒီလိုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး ရဲတွေကို ပဟေဠိပေးနေတဲ့ အဲဒီကွင်းဆက်လူသတ်သမားက ဘယ်သူဖြစ်မလဲ ဘာကြောင့် ဒီလိုတွေသတ်နေတာလဲဆိုတာ မှုခင်းကားကြိုက်တတ်သူတွေအဖို့ ဒီကားဟာ တကယ့်ကို ပဟေဠိတွေနဲ့ အဖြေညှိရမယ့် မှုခင်းကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size...1.72GB / 788MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Yunni & Poe & OeliuJ

Drama • Family
6.6 2022 130 mins
Chup
Gangs of Wasseypur - Part 1
7.1

လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။ IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။ 2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့ ====================================================== 1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီး တောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ် အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ အသက်လုပြေးလာခဲ့ရတယ် နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့် " ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်" သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူး သူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ် " ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် ... ကလဲ့စားချေဖို့ " သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့....။ ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ် Castတွေအနေနဲ့ ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui နဂ်မား ခါတွန် အနေနဲ့ Richa Chadda မိုဟ်ဆီးနား အနေနဲ့ Huma Qureshi ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့ တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက ၅ နာရီခွဲလောက်ကြာမြင့်တာမို့ Part(1)နဲ့(2) ခွဲထုတ်ထားပြီး နှစ်ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Gangs+of+Wasseypur ကြည့်လို့ရပါတယ်။ File Size : (3.1 GB) / (1.3 GB) Quality : Blu-Ray 1080p/720p Running Time : 2hr 41min Format : mkv/mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encoded by Thanhtike Zaw,Nyeinsaeya Aung

Action • Romance
7.1 2012 160 mins
Gangs of Wasseypur - Part 1
Win a Trip to Browntown!
4.4

အဖော်အချွတ် အပိုင်းတွေ အများကြီးပါလို့ rated လုပ်ထားတာ မဟုတ်ပါဘူး။  စကားလုံး ခပ်ကြမ်းကြမ်းတွေ သုံးနှုန်းထားတာကြောင့် rated ဖြစ်သွားတာပါ။ ပုံမှန် မိသားစု ဟာသ ဇာတ်လမ်းလေး တစ်ခုပါပဲ။ ကျွန်တော်တို့တွေ အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေးချယ်ရာမှာ ပုံမှန် ကြုံနေရစမြဲဖြစ်တဲ့ ဝါသနာအရင်းခံကို ရွေးမလား? ဒါမှ မဟုတ် မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ဝင်ငွေကောင်းတဲ့ အလုပ်ကို ရွေးမလား? ဆိုတဲ့ အခြေအနေကို စာရေးရတာ ဝါသနာပါတဲ့သူတစ်ယောက်လည်း ကြုံခဲ့ရတယ်။ သူကတော့ မိသားစုကို ဦးစားပေးခဲ့ပြီး ဝင်ငွေကောင်းတဲ့အလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်သက် နှစ် ၂၀ ကြာပြီးတဲ့နောက်မှာ သူ့ရွေးချယ်မှုကို နောင်တရသလိုလိုရှိလာတယ်။ မအောင်မြင်ပဲ ဝေဖန်ခံနေရတဲ့ဘဝကြောင့် စိတ်ဓာတ်ကျသလိုဖြစ်လာတယ်။ ဒါကို ဇနီးဖြစ်သူက အားပေးရင်း အဝလွန်နေတဲ့ သူ့ကို ဝိတ်ချဖို့ပါ အကြံပေးတယ်။ မက်လောက်စရာ အပေးအယူတစ်ခုနဲ့ပေ့ါ ..  ပေါင် ၅၀ ဝိတ်ချနိုင်ရင် ကမ္ဘာပေါ်က ယောက်ျားတိုင်း တပ်မက်တဲ့ Anal Sex ကို လုပ်ခွင့်ပေးမယ်ပေါ့။ ဖရန်ခ့် တစ်ယောက် ဝိတ်ချနေရင်း ဘာအခက်အခဲတွေ ကြုံရမလဲ မိသားစုနဲ့ရော ဘာတွေ ဆက်ဖြစ်မလဲ? (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kit ပဲ ဖြစ်ပါတယ်။) File Size          :  1.7GB, 636MB & 322MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 34mins Genre              : Comedy Translated by  Kit Encoded by Kinnov

Drama
4.4 2021 94 mins
Win a Trip to Browntown!
Fitoor

Charles Dickens ရဲ့ Great Expectations (မြန်မာဘာသာပြန် “မျှော်တလင့်လင့်”)ဝတ္ထုကိုအခြေခံထားတဲ့ အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေးပါ။ မင်းသား Aditya Roy Kapur နဲ့ မင်းသမီး Katrina Kaif တို့အပြင် Ajay , Tabu စတဲ့နာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆင်းရဲသားအခိုင်းအစေကောင်လေးနဲ့ အိမ်ကြီးရှင်ရွှေမင်းသမီးကောင်မလေးတို့ ချစ်ကြိုးသွယ်ကြချိန်မှာ ထုံးစံအတိုင်း အိမ်ကြီးရှင်မင်းသမီးအမေကြီးက အကွက်တွေရွှေ့ ပြီး သူတို့ရဲ့တွေ့ဆုံခြင်းကိုခွဲလိုက်ပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အချိန်ရဲ့တိုက်စားမှုကို မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတဲ့အတိုင်း ဝေးကွာသွားတဲ့ သူတို့နှစ်ယောက် ပေါင်းစုံနိုင်ပါ့မလားဆိုတာ……။ IMDb Rating (5.4) သာ ရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီး ကပ်ထရီနာကဖ် ပရိတ်သတ်တွေတော့ လက်လွတ်မခံသင့်ပါဘူး… ရင်းဂစ် ၅၅ သိန်းထိ ကုန်ကျခံ ပုံသွင်းထားတဲ့ ဆံကေသာအရောင်တောက်တောက်နဲ့ သူမကို တောက်ပလှပစွာခံစားရမှာပါ။ ဇာတ်ကားတစ်ခုလုံးက အလွမ်းတွေချည်း ရွာချထားတဲ့မိုးရာသီတစ်ခုလို အုပ်မှိုင်းမျောလွင့်နေပြီး မင်းသား Aditya Roy Kapur ကလဲ အဲဒီ့ရာသီဉတုနဲ့ တော်တော်လိုက်ဖက်တာကို တွေ့မြင်ရပါမယ်။

0 2016
Fitoor
The Passenger
5.9

The Passenger (2023) ~ IMDb – 5.9/10, Rotten Tomatoes – 76% ~ နာမည်ကျော် Horror ဇာတ်ကား‌တွေကို ထုတ်ထုတ်ပေးနေကျ Blumhouse ရဲ့ နောက်ဆုံးထွက်ကားပါ။ ခုဇာတ်ကားကတော့ ငယ်ငယ်ကတည်းက Introvert ဖြစ်ပြီးတော့ Neurodevelopmental Disorder ဆိုတဲ့ စိတ်ရောဂါရနေတဲ့ ဘရက်ဒ်လေဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတပါ။ ဘရက်ဒ်လေက သူငယ်ငယ်တုန်းက ကျောင်းမှာမတော်တဆမှု တစ်ခုဖြစ်ပြီးကတည်းက ဘယ်အရာမှာမဆို ဆုံးဖြတ်ချက်ချဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ကိုယ့်ပေါ်ကိုယ် ရပ်တည်ရမယ့်အစား သူများပြောတာမှန်သမျှကို ခေါင်းညိတ်ပြီး အောက်ကျခံတဲ့လူစားမျိုးပေါ့။ တစ်နေ့ သူ့အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရန်ဖြစ်ရင်း လူသတ်မှုဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ ဘန်ဆန်ဆိုတဲ့ ဘရက်ဒ်လေ့ လုပ်ဖော်ကိုင်ဖက်ဟာ ဘရက်ဒ်လေ့ရဲ့ စိတ်ဒဏ်ရာ(ရောဂါ) ကိုကုဖို့ဆိုပြီး ရှာပုံတော်ထွက်ပါတော့တယ်။ ဒီဇာတ်ကားဟာ Semi-Thriller နဲ့ Horror ဇာတ်ကားဖြစ်လို့ မိုးအေးအေးလေးမှာ Chill ချင်တဲ့ သူများအတွက် ရှယ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.47GB, 555MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 34Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Horror • Thriller
5.9 2023
The Passenger
Coriolanus
6.1

War/Drama အမျိုးအစား IMDB 6.1/10, RT 92 % ရရှိထားတဲ့ ဒီဇာတ်ကားမှာ Ralph Fiennes (Harry Potter ထဲက နှာခေါင်းမပါတဲ့ Lord Voldemort, The Menu ထဲက Chef Slowik,The Grand Budapest Hotel ထဲက M. Gustave) က ဒါရိုက်တာအဖြစ်ရိုက်ကူးကာ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး Gerard Butler (300 ဘုရင်, Plane လေယာဉ်မှူး, London Has Fallen/ Olympus Has Fallen စတဲ့ ဘာ Fallen ညာ Fallen တွေထဲက အေးဂျင့် Mike Banning) က အပြိုင်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရှိတ်စပီးယားရဲ့ နာမည်တူမူရင်းပြဇာတ်ကို ဆီလျော်အောင် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ထဲကအတိုင်း ရှေးအသုံးအနှုန်းစကားလုံးတွေကို အသုံးပြုထားတာကြောင့် လူအများအတွက် အဆင်မပြေဘဲ နားလည်ရခက်ခဲတယ်ဆိုတဲ့ မှတ်ချက်တွေရရှိခဲ့သလို သရုပ်ဆောင်တွေက ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ပြီး သက်ဝင်ခံစားနိုင်ခဲ့တယ်ဆိုတဲ့ ချီးကျူးစကားအများအပြားကိုလည်း ရရှိခဲ့တာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေဟာ အကောင်းဆုံးသရုပ်ဆောင်ဆု အပါအဝင် စုစုပေါင်း ဆု ၁၀ ဆုရရှိခဲ့ပြီး ဇကာတင်ဆုတွေလည်းဝင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ရှိတ်စပီးယားရဲ့ထုံးစံအတိုင်း စာသားတွေက အရမ်းရှုပ်ပြီး နားလည်ရခက်တာမို့ ကြိုးစားပြီး ဘာသာပြန်တင်ဆက်ပေးထားပေမဲ့ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက ဘာသာပြန်သူရဲ့ လိုအပ်ချက်သာဖြစ်တာမို့ သည်းခံပြီးနားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်) ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့ရဲ့ဗိုလ်ချုပ်ကြီး မားရှက်စ်က စစ်တိုက်ရာမှာ သူမတူအောင် ထူးချွန်ကာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူဖြစ်ပြီး ဗော့စ်ကီးစ်မြို့က သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ အော်ဖီးဒီးယပ်စ်နဲ့လည်း ကြုံရင်ကြုံသလို နိုင်သူဦးစတမ်း တိုက်ခိုက်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ကိုရိုင်ရိုလိစ်မှာ နှစ်ဖက်စစ်တပ် တွေ့ဆုံတိုက်ခိုက်ကြရင်း ရန်သူတွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်ခဲ့လို့ မားရှက်စ်က”ကော်ရီယိုလေးနက်စ်”ဆိုတဲ့ ဘွဲ့ထူးကို ရရှိခဲ့ပြီး ကောင်စစ်ဝန်အဖြစ် လျာထားခံခဲ့ရပါတယ်။ ကောင်စစ်ဝန်အဖြစ် အဆုံးသတ်ရွေးကောက်ခံရဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုအပ်တာမို့ ထောက်ခံမှုရဖို့ ကြိုးစားခဲ့ရာမှာ နှုတ်ချိုလျှိုတစ်ပါးမဟုတ်ဘဲ မာနကြီးသလို ဘွင်းဘွင်းပြောတတ်တဲ့ မားရှက်စ်တစ်ယောက် ပြည်သူနဲ့ ထိပ်တိုက်တွေ့ရာကနေ ကြမ်းကျွံရင်နှုတ်လို့ရသေး စကားကျွံရင်နှုတ်လို့မရဆိုသလို ဖြစ်ခဲ့ရပြီး အပြောမတတ်တဲ့လူကြမ်းကြီး မားရှက်စ်ကို ပြည်သူလူထုက ဝိုင်းဝန်းကန့်ကွက်ကာ နယ်နှင်ဒဏ်ပေးဖို့ တောင်းဆိုကြပါတော့တယ်။ အသက်နဲ့ရင်းပြီး သူ့မြို့ကိုကာကွယ်ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ရလာဒ်ကို ရရှိခဲ့တာမို့ ရောမကို အမုန်းကြီးမုန်းသွားတဲ့ မားရှက်စ်က သူ့ရဲ့ရန်သူတော် အော်ဖီးဒီးယပ်စ်ဆီသွားပြီး ခိုလှုံဖို့ကြိုးစားရင်းနဲ့ ရောမကိုလက်တုံ့ပြန်ဖို့ ကြိုးစားပါတော့တယ်။ သူနဲ့နှစ်ရှည်လများ ပြိုင်ဘက်ဖြစ်ခဲ့သူမို့ သူ့ရဲ့တောင်းဆိုမှုကို အော်ဖီးဒီးယပ်စ်တစ်ယောက် ယုံကြည်လက်ခံနိုင်ပါ့မလား.. သူကရော အော်ဖီးဒီးယပ်စ်နဲ့ပေါင်းပြီး သူ့ရည်ရွယ်ချက်အတိုင်း ရောမမြို့ကို သိမ်းပိုက်တိုက်ခိုက်နိုင်မှာလား.. ဒါမှမဟုတ် အော်ဖီးဒီးယပ်စ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး အနိုင်အရှုံး အသက်လုဆုံးဖြတ်ရမလား (300 ဘုရင်နဲ့ ဗိုဒါမော့ဒ် ပြိုင် ဘယ်သူနိုင်မလဲ).. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(961 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

History • Drama • Romance
6.1 2011
Coriolanus
BloodRayne

ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ သူ့မိခင်ကို သတ်တဲ့ သူ့ဖခင်တစ်ဖြစ်လည်း စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးကို ရှင်းလင်းဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ရင်း လူသားမျိုးနွယ်တွေနဲ့ လက်တွဲဖို့ ကြိုးစားခဲ့ရာမှာ သူတို့ရဲ့ရည်ရွယ်ချက်အတိုင်း အောင်အောင်မြင်မြင် သုတ်သင်နိုင်ပါ့မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Horror • Comedy • Thriller
0 2005
BloodRayne
Varshangalkku Shesham
7.2

Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု) ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ် အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲ ဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် သူတို့နှစ်ယောက်ကြုံတွေ့ရတဲ့ အခက်‌အခဲတွေ သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးအပြင် ရုပ်ရှင်လောကရဲ့ စိန်ခေါ်မှုတွေ အခွင့်‌အရေးတွေ ရှာဖွေကြပုံကို မြင်တွေ့ရမှာပါ။ သက်တမ်းရှည်ကြာလှတဲ့ ရုပ်ရှင်လောကရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုတွေအပြင် သူတို့နှစ်ဦးရဲ့ character development တွေကိုလည်း စိတ်ဝင်စားဖွယ် ရှူစားရင်း ရသစုံ ဒရာမာ အချစ် စတာတွေလည်း ပါတာမလို့ ဒီခရီးလမ်းမှာ တောင်အိန္ဒိယရုပ်ရှင်လောကရဲ့ ရွှေတစ်ခေတ်ကို မြင်တွေ့ရမဲ့အပြင် ဗီနူနဲ့ မူရာလီတို့နှစ်ယောက် သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါ့မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးဗျာ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ)

7.2 2024
Varshangalkku Shesham
Jeepers Creepers III
4.2

Jeepers Creepers III ဟာဆိုရင်တော့ ယခင် Jeepers Creepers I နှင့် Jeepers Ceeper II တို့ရဲ့အဆက် ယခုနှစ်၂၀၁၇ကမှထွက်ထားတဲ့ Horror ဇာတ်ကားကောင်းလေးပါ။ ေ့ရှနှစ်ကားမှာအောင်မြင်မှုတွေရခဲ့ပြီး ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Jeeper ကြီးကို နောက်ထပ် ၂၃နှစ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတာကို တွေ့ရမှာပါ။ သူ့ရဲ့ဖြစ်စဉ်အတိုင်းပဲ ပြန်ရောက်လာတဲ့အချိန်ကစပြီး ၂၃ရက်တိုင်တိုင်သတ်ဖြတ် စားသောက် ပါတော့တယ်။လူသားတွေရဲ့ကြောက်စိတ်ကိုအနံ့ခံပြီး လိုက်လံသတ်ဖြတ်နေတဲ့သူ့ကို ယခုအခါမှာတော့ ပြန်လည်တိုက်ခိုက်မည့် လူ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။ ဒီအပိုင်းမှာတော့ ေ့ရှနှစ်တွေမှာသူသောင်းကျန်းခဲ့တာတွေကို ပြန်လည် တန်ပြန်တိုက်ခိုက်ဖို့စီစဉ်ရင်း Jeeper ဆိုတဲ့အဲဒီသတ္တဝါကြီးရဲ့ လျို့ဝှက်ချက်တွေကိုသိလာပါတော့တယ်။တကယ်ကိုထိတ်လန့်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရမည့်ကားပါပဲ။ယခုအပိုင်းမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ Jeeper ကြီးရဲ့လျို့ဝှက်ချက်ကိုပါ သိသွားတဲ့သူတွေရှိလာပြီဆိုတော့ ဇာတ်ရှိန်တက်လာပြီပဲဖြစ်ပါတယ်။ ဒီတော့ အဲဒီလျို့ဝှက်ချက်ဟာဘာလဲ၊အဲဒီသတ္တဝါကြီးကိုရော အဆုံးသတ်နိုင်ပါ့မလား၊လူသားတွေအနေနဲ့ တွန်းလှန်နိုင်ပါ့မလား။ဒါမှမဟုတ် ထင်သလောက်မလွယ်ကူဘဲ နောက်ထပ်၂၃နှစ်စောင့်လိုက်ရဦးမလား။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်တထိတ်ထိတ်ဆက်ကြည့်လိုက်ကြပါဦး…။ File size…(1.5 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

Horror
4.2 2017 100 mins
Jeepers Creepers III
The Case of the Christmas Diamond
5.3

The Case of the Christmas Diamond (2024) IMDb Rating (5.3) ခရစ်စမတ်အချိန်မှာ ချစ်ခြင်းတွေ ၊ စွန့်စားမှု တွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဇာတ်လမ်းမှာ Sarah Lydia Sophia ရဲ့ သရုပ်ဆောင်ကအတော်ကောင်းနေပြီးတော့ သူကြောင့်ဇာတ်လမ်းကပိုပြီးတော့ဆွဲဆောင်မှုရှိလာစေပါတယ်။ ခရစ်စမတ်အချိန်ရဲ့ အဓိပ္ပာယ်နှင့် အနုပညာလက်ရာ ကိုတစ်နေရာထဲမှာပေါင်းထည့်ထားတာပါ ။ ဒီကားက ဒါရိုက်တာရဲ့ လှုပ်ရှားမှု တွေကို လည်းသေချာပြထားပြီးတော့ ၊ ဇာတ်လမ်းရဲ့ ခရစ်စမတ်နှင့် စွန့်စားခန်းတွေ အကြောင်း ကို စိတ်လှုပ်ရှားဖွယ် မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ခရစ်စမတ်အချိန်တွင်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ နဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ရိုးရာထုံးတန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Mystery, Romance Duration….01:23:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

5.3 2024 90 mins
The Case of the Christmas Diamond
To Be Immortal
5.9

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်…. ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ… သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ … ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်…. ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်…. ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ… ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး… ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး… နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့… မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ…. သူစာမေးပွဲတွေကို အောင်ပါ့မလား… ဘာစာမေးပွဲတွေလဲ… နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်…

Action • Adventure • Thriller
5.9 2018
To Be Immortal
Street Fighter: The Legend of Chun-Li
3.7

Street Fighter The Legend of Chun-Li (2009) Street Fighter ဂိမ်းကို ရုပ်ရှင်တွေ၊ Animation Movie တွေအဖြစ် များစွာအသက်သွင်းခဲ့တဲ့ ဇာတ်ကားတွေထဲမှာမှ ဒီဇာတ်ကားက ပရိသတ်အချစ်တော် ချွန်းလီရဲ့ဒဏ္ဍာရီကို တင်ဆက်ထားတာဖြစ်ပါတယ်။ ချွန်းလီဖခင်ရဲ့အိပ်မက်ကတော့ သူ့သမီးလေးကို စန္ဒရားပညာရှင်တစ်ယောက်အဖြစ် ကြီးပြင်းအောင်မြင်စေချင်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကို ဂဃနဏမသိခဲ့ရဘဲ အိမ်ခဏခဏရွှေ့ပြောင်းနေရတာကိုပဲ ငယ်ရွယ်စဉ်ဘဝမှာ အမှတ်ရနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ချွန်းလီရဲ့ဖခင်ကို ရှာဒါလောင်း ဒုစရိုက်အဖွဲ့အစည်းကြီးရဲ့ခေါင်းဆောင် ဘိုင်ဆန်က အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖခင်ကို ဖမ်းဆီးသွားရတဲ့ ရည်ရွယ်ချက်ကို မသိရှိခဲ့ရဘဲ မိခင်နဲ့အတူ ကြီးပြင်းခဲ့ရပြီး သူ့အဖေဖြစ်စေချင်တဲ့ စန္ဒရားပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရောဂါသည်မိခင်ဖြစ်သူကို ပြုစုရင်း ဘဝကို စန္ဒရားပညာရှင်အဖြစ် ဖြတ်သန်းနေတဲ့ ချွန်းလီရဲ့ဘဝထဲကို ရှေးဟောင်းတရုတ်စာတွေ ရေးသားထားတဲ့ ထူးခြားတဲ့စာလိပ်တစ်ခု ရောက်လာခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် ဘဝရည်မှန်းချက်တွေ ပျောက်ဆုံးနေတဲ့ချွန်းလီအတွက် အဆိုပါစာလိပ်ရဲ့ ပဟေဠိကို စူးစမ်းရှာဖွေဖို့ ဖြစ်လာခဲ့ပါတယ်။ အဆိုပါစာလိပ်ကို ကုဒ်ဖော်ပေးမယ့် တရုတ်အမျိုးသမီးကြီးတစ်ဦးနဲ့ တွေ့ခဲ့ပြီးတော့ သူ့ရဲ့ကံကြမ္မာအရ ဘန်ကောက်ကိုသွားပြီး ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန်ကို ရှာဖွေဖို့ သူ့ကို စေလွှတ်ခဲ့ပါတယ်။ သူ့ရဲ့ဘဝဟောင်းကို စွန့်ခွာပြီး ဘန်ကောက်မှာ ရရာခိုကပ်စားသောက်ရင်းနဲ့ပဲ ဂန်ဆိုတဲ့သူကို နေဝင်နေထွက် ရှာဖွေနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘန်ကောက်လမ်းသရဲတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး သတိမေ့နေခဲ့တဲ့ ချွန်းလီကို လူတစ်ယောက်က ကယ်ဆယ်သွားခဲ့ပါတယ်။ အဆိုပါသူဟာ ချွန်းလီအရမ်းတွေ့ချင်နေသူဖြစ်တဲ့ ပင့်ကူအိမ်အဖွဲ့ရဲ့ခေါင်းဆောင် ဂန် ဖြစ်နေပြီး သူ့အဖေ ဘယ်မှာရှိတယ်ဆိုတာကို သိကြောင်း ပြောပြခဲ့ပါတယ်။ သူ့အဖေကို ချက်ချင်းကယ်ဆယ်ချင်နေတဲ့ ချွန်းလီကို သူရင်ဆိုင်ရမယ့် ရှာဒါလောင်းအဖွဲ့အစည်းအကြောင်းကို ခရေစေ့တွင်းကျ ရှင်းပြခဲ့ပါတယ်။ ဖခင်နဲ့အတူ ဝူရှူးသိုင်းပညာကို သင်ကြားဖူးခဲ့တဲ့ ချွန်းလီဟာ ဂန့်ရဲ့တပည့်အဖြစ် ခံယူပြီး ဘိုင်ဆန်ကို ရင်ဆိုင်နိုင်တဲ့ အထိ လေ့ကျင့်ခဲ့ရပါတယ်။ သာမန်စန္ဒရားပညာရှင်လေးဘဝကနေ ကျော်ကြားတဲ့ Street Fighter ချွန်းလီ အဖြစ်သို့ ကူးပြောင်းလာပုံများကို ပရိသတ်ကြီးအနေနဲ့ ရှုစားရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Science Fiction • Adventure • Comedy • Family
3.7 1900 97 mins
Street Fighter: The Legend of Chun-Li
Aristocrats
7.1

Aristocrats (2020) ********************* ဇာတ်လမ်းအညွှန်း *************** ဟာနာကိုဟာ တိုကျိုမြို့မှာကြီးပြင်းလာတဲ့ ကောင်မလေးတစ်ယောက်။ သူအလိုရှိတာက အိမ်ထောင်ပြုပြီး အေးချမ်းတဲ့ဘဝလေးတစ်ခုနဲ့ မိသားစုလေး ထူထောင်ဖို့ ဆိုပေမဲ့ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဟာနာကိုရဲ့ချစ်သူက သူ့ကို အသက် ၃၀ ပြည့်ခါနီး မိဘတွေနဲ့ တွေ့ပေးဖို့လုပ်ခါနီးမှာ ထားသွားပါတော့တယ်။ တစ်ဖက်က မိကိကတော့ နယ်မြို့လေးကနေ တိုကိုမှာကျောင်းတက်နိုင်ဖို့ ကြိုးစားခဲ့ရတဲ့သူပါ၊ လက်ရှိမှာတော့ လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းလုပ်နေပြီး အဆင်မပြေလို့ လုပ်ငန်းပြောင်းချင်နေသူပေါ့။ ဒီလို ဘဝအခြေအနေချင်း ဆီနဲ့ရေလိုခြားနေတဲ့ အမျိုးသမီးနှစ်ယောက် ကိုအိချိရိုဆိုတဲ့ ယောက်ျားတစ်ယောက်ကြောင့် ဆုံဆည်းဖို့ဖြစ်လာချိန်မှာတော့… (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.63GB / 875MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 5m Genre ….. Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet

Romance • Comedy • TV Movie
7.1 2020 124 mins
Aristocrats