YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Local.Restaurant.S01E04.220328.720p-CM.mp4

456.69 MB N/A video/mp4 129 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
Dhamaka
4.6

ရုံတင်ငွေသန်း ၆၀ တောင်အမြတ်ရထားတဲ့ ဟာသအက်ရှင်အရောလေးနဲ့ ညိုကီတို့လည်း Are we dating the same girl? ဂရုဖွဲ့ဖို့လိုနေကြောင်းပြထားတဲ့ကားလေးပါ 2022 ခုနှစ်ထွက် အောင်မြင်ပြီးလူကြိုက်များခဲ့တဲ့ တေလဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကြီး Ravi Teja ကနှစ်ကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်ရှင်အာနန့်ဒ်နဲ့ မကြာခင်ကမှ အလုပ်ပြုတ်ထားတဲ့ ဂျစ်ကန်ကန်ကောင်ဆိုးလေး ဆွာမီ၊ ရုပ်ချင်းဆင်ပြီး ကံကြမ္မာချင်းမတူကြတဲ့ ဆွာမီ နဲ့ အာနန့်ဒ်တို့ဟာ မတူညီကြတဲ့ပြဿနာတွေကိုဖြေရှင်းရင်ဆိုင်ရင်း တစ်နေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်ကြဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်ဖက်မှာလည်း ပရာနာဗီဆိုတဲ့ မိန်းမလှလေးက ရုပ်ချင်းဆင်နေတဲ့ လူနှစ်ယောက်ကိုမှ မထင်မှတ်ဘဲချစ်မိနေပြီး နှစ်ယောက်ကြားမှာ ရွေးချယ်ရခက်နေတဲ့သူလေးပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ အာနန့်ဒ်တစ်ယောက်ကုမ္ဗဏီရဲ့ စီးအီအို ဖြစ်လာမယ့်အချိန်မှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေက သူတို့တွေရဲ့ဘ၀ကို‌ တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပါတယ်။ သီချင်းတွေကလည်းမြူးကြွတယ် အားတက်စေတယ်၊ စကားပြောခန်းတွေက ပညာသားပါတယ် ဆိုတော့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ File size…3.1GB / 1.4GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ Cherry ~ Poe

Adventure • Animation • Family
4.6 2022 138 mins
Dhamaka
Josh
5.9

အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။ လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ သူတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ကြိုးစားမလဲဆိုတာကိုလည်း ခေတ်သစ်ရိုမီရို-ဂျူးလိယက်ပြဇာတ်သဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ ချမယ်နှက်မယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရော ဘယ်လိုတွေဆက်ဖြစ်မလဲ ... ကျွန်တော်တို့ငယ်စဉ်အခါက ကြည့်ခဲ့ဖူးတဲ့ မင်းသားကြီးရှရွတ်ခန်းကို သီချင်းကောင်း ကကွက်ဆန်းတွေနဲ့အတူ ပြန်လည်လွမ်းဆွတ်ရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပြာတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းကြုံးဆွဲဆောင်ခဲ့တဲ့ မယ်ကမ္ဘာ Aishwarya Rai ကိုပါ ငယ်နုစွာ ရှုစားရမှာပါ။ (ဘာသာပြန်သူတွေကတော့ Htoo Aung, John, Intelligence နဲ့ Thaik Sanတို့ဖြစ်ပါတယ်။) File size…(3.7 GB) and (1.8 GB) Quality….WEB-DL 1080p & 720p Format…mp4 Duration….02:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung, John, Intelligence,Thaik San

Action • Crime • Drama
5.9 2000 157 mins
Josh
Grabbers
6.1

IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။ တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး သူ့နောက်ကိုပိုပြီးအားကြီးတဲ့ အဖိုတကောင်ကလိုက်နေတာကို သိလိုက်ရတဲ့အခါမှာတော့ အေးချမ်းသာယာတဲ့ အယ်ရင်ကျွန်းပေါ်မှာ လူသေမှုတွေဆက်တိုက်ဖြစ်နေခဲ့ပြီးပါပြီ။ ဒီကောင်ကြီးတွေရဲ့ လက်ကနေ လွတ်မြောက်နိုင်ဖို့ တစ်ခုထဲသောနည်းက အရက်မူးအောင် သောက်ဖို့ ဖြစ်နေတဲ့အခါမှာတော့ ဘယ်လိုတွေမူးအောင်သောက်ပြီး ဘယ်လိုတွေနှိမ်နင်းကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama • Mystery
6.1 2012 94 mins
Grabbers
The Ice Road
6.9

Taken မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်ပါ။ သည်းထိပ်ရင်ဖိုအမျိုးအစားပါပဲ။ အမေရိကမြောက်ပိုင်းစွန်းမှာ ရှိတဲ့ ဓာတ်ငွေ့တွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျသွားတဲ့အခါ အလုပ်သမား ၂၆ ယေက်လောက် ပိတ်မိသွားပါတယ်။ သူတို့အတွက် အောက်စီဂျင်ကလည်း နာရီ ၃၀ လောက်ပဲ ရှိနိုင်တာမို့ သူတို့ကို ကယ်ထုတ်ဖို့ အရေးပေါ်လိုလာပါတယ်။ ဒါပေမယ့် ဥမင်ပြိုကျရတာက မက်သိန်းဓာတ်ငွေ့လိုင်းကြီးကို တူးမိလို့ ဖြစ်တာမို့ ဓာတ်ငွေ့တွေကို ထုတ်ပစ်ဖို့ စက်ကြီးတစ်ခု ရှိဖို့လိုနေပါတယ်။ အဲဒီစက်က ၂၅ တန်လောက်လေးတဲ့အတွက် ရေခဲပြင်ပေါ်ကို လေယာဉ်ဆင်းပြီး သယ်လို့မရသလို ရဟတ်ယာဉ်နဲ့လည်း မနိုင်ပါဘူး။ ဒီတော့ ကားနဲ့သယ်ဖို့ တစ်နည်းပဲ ရှိပါတော့တယ်။ ကားတွေကလည်း ရေခဲလမ်းလို့ ခေါ်တဲ့ ခဲနေတဲ့ မြစ်ရေပြင်ပေါ်က လမ်းကို ဖြတ်မောင်းရမှာဖြစ်ပြီး ဧပရယ်လထဲမှာ ဖြစ်လို့ ဘယ်ဒရိုင်ဘာမှ မမောင်းရဲပါဘူး။ အဲဒီအချိန်မှာ မောင်းပြီးပို့ရဲတဲ့ ဒရိုင်ဘာ သုံးယောက်ပေါ်လာတဲ့အခါ ပိတ်မိနေတဲ့သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာပါတော့တယ်။ ဒါပေမယ့်လမ်းခရီးက ခက်ခဲရုံတင်မကဘူး လျို့ဝှက်ချက်တွေ လှည့်ကွက်တွေကြောင့် လမ်းမှာ ဒုက္ခတွေ ရင်ဆိုင်လာရတဲ့အခါ.... Translated and Reviewd by : Mr.Anderson Enocded by : YK Quality :: 720p File Size : 1.74GB Duration : 1h 43min

Comedy • Drama
6.9 2021 108 mins
The Ice Road
Three Colors: Blue
7.7

ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော် အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေ အချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကို အပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေ အရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။ မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းက လှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။

7.7 1993 98 mins
Three Colors: Blue
Broken People
3

Broken People (2023) လူတစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိကြဖို့ အချိန်ဘယ်လောက်လိုပါသလဲ… လူတစ်ယောက်နဲ့ တစ်ယောက်ကြား အခိုင်မာဆုံးကြိုးတွေ ချည်ဖြစ်ဖို့ ရာသီဘယ်နှလီ ဖြတ်သန်းကြရမလဲ... တချို့တွေအဖို့ နှစ်နဲ့ချီ ဖြည်းဖြည်းချင်း ညှိယူသိယူကြရတဲ့ နားလည်မှုတွေ၊ တစ်ကြိုးချင်းရစ်ရင်းသီရင်းက ချည်နှောင်ခဲ့ရတဲ့ ရင်းနှီးမှုတွေဟာ... တချို့များအတွက်ကျတော့လည်း ဝီစကီတစ်ခွက်ပဲ လိုပါတယ်။ တစ်ခါတစ်ခါ ရင်ဖွင့်ချင်တာတွေရှိတဲ့အခါ ကိုယ့်အသိအဝန်းအဝိုင်းထဲက လူတစ်ယောက်ဆီမှာ ဖွင့်ချရတာထက် ကိုယ့်ကိုလုံးဝမသိတဲ့ လူစိမ်းတစ်ယောက်ဆီမှာ အိပ်သွန်ဖာမှောက်ပြောပြရတာက ပိုလို့ သက်တောင့်သက်သာရှိပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၅မိနစ်က သူစိမ်းတစ်ယောက်ဟာလည်း သင့်ဘဝရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို မပြောပြချင်ပါဘူး။ ဘာလို့ဆို ဒါဟာ သူစိမ်း၂ယောက်ကြားက ရင်းနှီးမှု မီးပွင့်လေးကို တတိယလူ(အပြင်လူ)နေရာကနေ စောင့်ကြည့်ရတဲ့ ဖီလင်လေးနဲ့ မျောရမှာမို့ပါ။ သူစိမ်း၂ယောက်... ဘားတစ်ခု... ဝီစကီခွက် ခပ်များများ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
3 2023 95 mins
Broken People
A Wedding to Remember
6.1

A Wedding To Remember (2021) ======================= IMDb Rating – 6.1/10 အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။ လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့ ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.1 ရရှိထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.64 GB) / (837 MB) / (516 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 25mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Action • Adventure • Science Fiction • Thriller
6.1 2021
A Wedding to Remember
The Beach House Murders
5.4

The Beach House Murders [2024] (IMDb 5.6/10) ဇာတ်လမ်းအစမှာ မိုင်းလ်စ်တစ်ယောက် သူ့အိမ်ထဲက ရေချိုးခန်းထဲမှာ လက်မှာသွေးတွေနဲ့ ကြက်သေသေပြီး ထိုင်နေတာကို ရဲက ရှာတွေ့သွားတာနဲ့ အစပြုထားပါတယ်… မိုင်းလ်စ်လက်က သွေးတွေက သူ့မိန်းမ ဆာရာရဲ့သွေးတွေပါပဲ… ဆာရာ မသေခဲ့တဲ့အတွက် မိုင်းလ်စ် ထောင်တစ်နှစ်ကျခဲ့ရပြီး ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်… အဲ့အချိန်မှာ ဆာရာကလည်း အဲ့စိတ်ဒဏ်ရာနဲ့ အိမ်ထဲမှာပဲ တစ်နှစ်လုံးနီးပါး ခိုးအောင်းခဲ့ပါတယ်… တစ်နှစ်တာကာလအတွင်းမှာ ဆာရာဟာ သူ့ရဲ့ စာရေးဆရာမအလုပ်ကို ဆက်လုပ်နေခဲ့ပေမယ့် စာရေးလိုစိတ်ပျောက်ဆုံးလာတာက တစ်ကြောင်း… စာအုပ်တိုက်ဘက်က လောလာတာက တစ်ကြောင်းမို့… သူ့သူငယ်ချင်း အကြံပေးတဲ့အတိုင်း ကမ်းခြေမှာ အနားယူရင်း စာဆက်ရေးဖို့ သဘောတူလိုက်ပါတော့တယ်… ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဆာရာဟာ တိုနီနဲ့ ဆုံစည်းရင်းက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်ပြီး တိုနီ အသတ်ခံခဲ့ရပါတယ်… သေဆုံးသွားတာကလည်း ဆာရာ့အိမ်မှာ ဖြစ်နေတာကြောင့် ရဲတွေက သူ့ကိုပဲ သံသယ ရှိနေခဲ့ပါတယ်… ဒီကိစ္စအပြင် ဆာရာ့ကို အိမ်ထဲထိ ဝင်လာပြီး မုဒိမ်းကျင့်ဖို့ ကြံခဲ့တဲ့ လူတစ်ယောက်ကလည်း ရှိခဲ့သေးပါတယ်… ဒီကြားထဲမှာမှ ခင်ပွန်းဟောင်းကလည်း ကမ်းခြေကို ရောက်နေပြီး သူ့ကို မကြာမကြာမျက်နှာချင်းဆိုင်ဖို့ ကြိုးစားနေပါသေးတယ်… ဒီလို အခြေအနေတွေက အကုန်ရောပြွန်းပြီး ရှုပ်ထွေးလို့နေတဲ့ကြားမှာ ဆာရာတစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲဖြစ်ပါတယ်) Genre….. Thriller Quality…. 1080p | 720p File size… 1.4GB | 722MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.4 2024
The Beach House Murders
3 IRON
8.1

ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဟာ သူစိမ်းတွေရဲ့ အိမ်တွေမှာ သူတို့မရှိတဲ့အချိန်ဆို အကြောင်းအရင်းမသိရပဲ တက်နေပါတယ်။ ဒီလိုနဲ့ သူနေဖို့ရွေးချယ်လိုက်တဲ့ သူဌေးအိမ်တစ်အိမ်က သူဌေးကတော်ငယ်ငယ်လေးဟာ အလိုတူအလိုမပါပဲ ယူထားရတဲ့အတွက် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ပိတ်မိလို့နေပါတယ်။ ဒီတော့ သူဟာ လူလုံးထွက်ပြပြီး သူဌေးကို မေ့လဲအောင် လုပ်ကာ သူဌေးကတော်လေးကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူဌေးကတော်လေးကလည်း လှောင်အိမ်ထဲက လွှတ်မြောက်အောင်လုပ်ပေးတဲ့ လူငယ်လေးကို ချစ်မိသွားသလို လူငယ်လေးကလည်း ပြန်ချစ်မိသွားခဲ့ပါတယ်။ ဒီတော့ အတောင်ကျိုးငှက်နှစ်ကောင် ဘယ်လိုများ လွတ်မြောက်အောင် ထွက်ပြေးကြမလဲ၊ သူဌေးကတော်ကရော သူ့ကို လိုက်ရှာနေတဲ့ သူဌေးဆီ ပြန်ပါသွားမှာလား၊ သူများအိမ်မှာ တက်နေတတ်တဲ့လူကို ရဲတွေကလည်း သဲလွန်စရပြီး လိုက်ရှာနေတဲ့အချိန်မှာ သူတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပဟေဠိကို အဖြေညှိရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Romance, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

8.1 2004 88 mins
3 IRON
I Am Not Big Bird
5.5

” ကျွန်တော် ငှက်ကြီးမဟုတ်ပါ”ဆိုတဲ့ ထူးထူးဆန်းဆန်း နာမည်နဲ့ ဇာတ်ကားကတော့ ဖိလစ်ပိုင်ရဲ့ နာမည်ကြီးမင်းသား Enrique Gil ရဲ့ သုံးနှစ်ကြာမှပြန်ရိုက်တဲ့ comeback ဇာတ်ကား ဖြစ်ပါတယ်။ s3x comedy ကားဖြစ်တာကြောင့် ကြည့်မယ်ဆိုရင် ၁၈ ယောက်အထက် စုပြီးမှ အောက်က အညွှန်းကို ဖတ်ပေးကြပါ။ ဖိလစ်ပိုင်က ဘဏ်ဝန်ထမ်း လူဝိစ်ကာပီယိုဆိုတဲ့ သူရဲ့ဘဝဟာ စိတ်ဝင်စားစရာမရှိလှပါဘူး။ ဘဏ်မှာ အဆင်မပြေဖြစ်မယ်၊ သူ့ရည်းစား ကတ်သီကို လက်ထပ်ခွင့်တောင်းမယ်ပဲ စိတ်ထဲရှိနေတာပါ။ ဒါပေမဲ့ ကတ်သီတစ်ယောက် သူ့ကို ဘာမှမဘာတာလို့ နာကျည်းပြီး လမ်းခွဲလိုက်တဲ့အချိန် ကာပီယိုတစ်ယောက် စိတ်ညစ်ညစ်နဲ့ သူရည်းစားရှိတုန်းက ပလစ်ခဲ့တဲ့ ဂျူလိုင်နဲ့ မက်ကီတို့ကို ခေါ်ပြီး ထိုင်းနိုင်ငံဆီ သွားဖို့ ပြင်ပါတော့တယ်။ ထိုင်းရောက်သွားတဲ့ သူတို့သုံးယောက်ကို ထိုင်းပြည်သူတွေက ပါးတွေနားတွေရိုက်ကြတာကို ထိုင်းတွေက ဒီလိုပဲနှုတ်ဆက်တတ်တာလားလို့ ထင်သွားကြတဲ့ သူတို့တတွေ၊ လမ်းမှာတွေ့တဲ့ တိုးဂိုက် ပရာဂျက်သီသီနဲ့အတူ ညမှာကဲဖို့ နိုက်ကလပ်ကိုသွားတော့မှ ပါးရိုက်နှုတ်ဆက်ခံရတဲ့အကြောင်းအရင်းကို သိကြတော့တာပါပဲ။ အကြောင်းကတော့ ကာပီယိုရဲ့ ရုပ်ဟာ ထိုင်းနိုင်ငံဂုဏ်ဆောင် နာမည်ကြီးပွန်းစတား ဘစ်ဘတ်နဲ့ တော်တော့်ကို ဆင်နေလို့ပါပဲ။ သူတို့နှစ်ယောက်မဆင်တာဆိုလို့ ငှက်အရွယ်အစားပဲရှိပါတယ်။ ဘစ်ဘတ်က နာမည်နဲ့လိုက်အောင် ဧရာမငှက်ကြီးဖြစ်ပေမဲ့ ကာပီယိုရဲ့ ငှက်ကတော့ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရတဲ့ဘဝလေးပါ။ ဖြစ်ချင်တော့ ဘစ်ဘတ်ဟာလည်း အခွေအသစ်မထွက်ဘဲ ပျောက်ဆုံးနေတာကြာပြီဖြစ်ပြီး ဘစ်ဘတ်ကိုလိုက်ရှာနေကြတဲ့ ဘစ်ဘတ်ကိုးကွယ်သူတို့ စုဝေးနေတဲ့ ထိုင်းပြည်ကိုမှ ကာပီယိုတစ်ယောက် ခြေချမိတဲ့အခါ… ကာပီယိုတစ်ယောက် သူနဲ့ရုပ်ဆင်တဲ့ ဘစ်ဘတ်ဆိုတာကရော ဘယ်မှာလဲ? ဘစ်ဘတ်လို့ အထင်မှားခံရတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ? အထင်မှားခံရလို့ အသတ်ခံရမယ့်အရေးကနေ ဘယ်လိုထွက်ပြေးမလဲဆိုတာကိုတော့ ဟိုဒင်းဟိုဝှာကိစ္စတွေကို ဟာသလေးရောယှက်ထားတဲ့ “ကျွန်တော် ငှက်ကြီးမဟုတ်ပါ” မှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.5GB | 800MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

Romance • Comedy
5.5 2024
I Am Not Big Bird
Raju Yadav
5.4

Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး) ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။ သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ……. အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ….. သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား …… အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ…… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5.4 2024 119 mins
Raju Yadav
The Substance
7.8

The Substance (2024) IMDb Rating (7.6) / Rotten Tomatoes (91%) နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။ မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time… in Hollywood ရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲ တွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့ အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။ အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကို ပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက် ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ် ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာ တစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီ အချိန်တွေကို ပိုလောဘကြီးလာတဲ့အခါ မူရင်းလူမှာ ယိုယွင်းတာတွေ ဆိုးရွားလာပြီး ကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။ အဲဒီကနေမှ ပိုပိုပြီး အရုပ်ဆိုးတဲ့ ရက်စက်တဲ့အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ… File size…(5.6 GB) / (1.85 GB) / (1.09 GB) Quality…WEB-DL 4K HEVC/1080p HEVC / 720p Format…mkv / mp4 Duration….2h 21m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Mr.Anderson

Drama • Horror • Thriller
7.8 2024 141 mins
The Substance
The Braid
7.2

The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.7 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

7.2 2023 121 mins
The Braid
Dall’alto di una fredda torre
5.8

Dall’alto di una fredda torre (2024) IMDb Rating (5.8) အမွှာနှစ်ယောက်ဖြစ်တဲ့ အယ်လီနာနဲ့ အန်တိုနီယိုတို့ဟာ တစ်နေ့မှာ သူတို့ရဲ့အသက်ကြီးနေပြီဖြစ်တဲ့ မိဘနှစ်ပါးမှာ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီးတော့ ရိုးတွင်းခြင်ဆီအစားထိုးကုသမခံရင် အသက်မရှင်နိုင်ကြောင်း သိလိုက်ရပါတယ်… ဒါ့အပြင် ရောဂါအခြေအနေကြောင့် တခြားအလှူရှင်တွေရှာဖို့အချိန်လည်း မရှိတော့တာကြောင့် လက်ရှိလှူဒါန်းဖို့ အသင့်တော်ဆုံးမှာ သားသမီးအရင်းတွေဖြစ်ကြတဲ့ သူတို့ပဲရှိပါတော့တယ်… ဒ ါကြောင့် မိဘတွေကို ရိုးတွင်းခြင်ဆီလှူဒါန်းပေးဖို ဆုံးဖြတ်ခဲ့လိုက်ကြပေမယ့်လည်း ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာ ထင်သလိုဖြစ်မလာခဲ့ဘဲ မိဘနှစ်ပါးမှာ တစ်ယောက်ကိုပဲကယ်ဖို့ ဆုံးဖြတ်ရမယ့်အခြေအနေဖြစ်လာပါတယ်… ဒီတော့ အကျဥ်းအကျပ်ထဲရောက်သွားတဲ့အချိန်မှာ သူတိုမောင်နှမနှစ်ယောက် ဘယ်လိုမျိုးအ‌ဖြေရှာကြမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက်အကျများစွာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ကားပြီးသွားတဲ့အခါ ကိုယ်သာ သူတို့နေရာမှာဖြစ်နေခဲ့လို့ရှိရင်ဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်လာမိမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.1 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Spalko

5.8 2024
Dall’alto di una fredda torre