YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

LIVE.2018.EP3.WEB-DL.720P.PP(CM).mp4

445.31 MB N/A video/mp4 705 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Finding You
7

Genre - Romance, Drama IMDB – 6.4/10 စိမ်းလန်းတဲ့ရှုခင်းတောတောင်သဘာဝတွေနဲ့ အိုင်းရစ်ရှ်တေးဂီတ တွေနဲ့အတူ ကမ္ဘာမတူတဲ့နှစ်ခုက လူနှစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းလေး ကြည့်ကြရအောင်ဗျာ။ ဇာတ်လမ်းလေးကတော့ တယောဂီတ လူရွေးပွဲမဝင်လို စိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားပရိုဂရမ်ယူပြီး အိုင်ယာလန်ကို အစ်ကိုခြေရာအတိုင်းနင်းပြီး သွားမယ့်ကောင်မလေး တစ်ယောက်။ သွားနေတဲ့လမ်းခရီးမှာတင် ဘတ်ကက်ဆိုတဲ့ နာမည်ကြီး မိန်းကလေးတွေအသည်းစွဲ ဟော့ရှော့မင်းသားနဲ့ တွေ့ခဲ့ပါတယ်၊ တွေ့ကတည်းက ဘုနဲ့ဘောက်ပေါ့။ အိုင်ယာလန် မြိုငယ်လေးကိုရောက်တော့လည်း တည်းတဲ့နေရာမှာ တစ်နေရာတည်းဖြစ်နေကြသောအခါ.... ဘဝကို အပြောင်းအလဲဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ဒီနေရာသစ်တစ်ခုမှာ ပညာတွေဘယ်လိုယူပြီး တိုးတက်သွားနိုင်မလား... စိတ်ကြီးဝင် အသောက်အစား အပျော်အပါးမက်တဲ့ ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ဘဝအမှန်တွေ.... တစ်ယောက်ကို တစ်ယောက် စတွေ့တုန်းက ကြည့်မရကြပေမယ့် ဘယ်လိုအဆင်ပြေပြီး အထောက်အပံ့တွေ ပေးနိုင်သွားမယ်... ဆိုတာကို ရိုက်ကူးထားတဲ့ အချစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ စိမ်းစိုသာယာနေတဲ့ အိုင်ယာလန်ရှုခင်းတွေ မျက်စိအေးအောင် ကြည့်ရမယ်၊ အိုင်ရှစ်ရိုးရာသံစဉ်တွေ ဓလေ့တွေ လူအကျင့်စရိုက်လေးတွေ လေ့လာခွင့်ရမယ်။ ခွင့်လွှတ်ခြင်း၊ မေတ္တာတရား၊ မိသားစု၊ သံယောဇဉ်တွေ ရသအဖုံဖုံ ခံစားရမှာပဲဖြစ်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားပြီး ဘဝအမောပြေပျောက်နိုင်ကြပါစေခင်ဗျာ.... (  အညွှန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ပဲ ဖြစ်ပါတယ် ) File size…1.99GB / 797MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 59m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Mystery • Thriller
7 2021 119 mins
Finding You
Southern Gospel
5.5

ဒီဇာတ်ကားဟာ ၁၉၆၀ ခုနှစ်အလွန်က ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံထားပါတယ်။ဆမ်မြူရယ် အယ်လန်ဟာ သူ့ရဲ့အဖေနဲ့ ဂီတကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ပါ။ သူရဲ့အဖေက သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိပ်မက်ကလည်း ကိုယ်ပိုင် ဘုရားကျောင်းတစ်ခုကို တည်ထောင်ဖို့ပါ။ သို့ပေမယ့် ငယ်စဉ်အခါက အိပ်မက်တွေဟာ အပေါင်းအသင်းနဲ့ သူ့ပတ်ဝန်းကျင်ကြောင့် မှေးမှိန်သွားပါတော့တယ်။ လမ်းသလား ဆိုးသွမ်းပြီးနောက် အချုပ်ထဲရောက်သွားတဲ့အခါကျမှ သူ့ရဲ့ အတိတ်အကြောင်းနဲ့ ငယ်စဉ်အခါက သူ့ရဲ့အဖေလို တရားဟော သင်းအုပ်ဆရာဖြစ်ချင်ခဲ့တာတွေကို ပြန်ပြီး သတိရသွားခဲ့ပါတော့တယ်။ ဘုရားသခင်ကပေးတဲ့ ဒုတိယအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော...... မည်သို့ပင်ဆိုစေကာမူ ဒီဇာတ်ကားလေးထဲမှာဆိုရင် ပေးချင်တဲ့ message တွေအများကြီးပါဝင်ပါတယ်။ အကြိုက်ဆုံးတစ်ခုကတော့ "Never Surrender your dreams" ဆိုတဲ့စာသားလေးပါပဲ။ File Size :(2.08GB) and (780MB) Quality : AMZN.WEB-DL 1080p,720p Format…mp4 Duration…01:49:00 Genre :Biography, Music , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Drama • TV Movie • Thriller
5.5 2023 109 mins
Southern Gospel
Your Place or Mine
6.4

Reese Witherspoon  နဲ့ Ashton Kutcher တို့ အဓိကပါဝင်ထားလို့ ဒီကားက ကြည့်သင့်ပါတယ်.. ပီတာနဲ့ဒက်ဘီတို့ ငယ်သူချင်းနှစ်ယောက် အကြောင်းတစ်ခုကြောင့် သူတို့ဝေးသွားကြပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ကြသလို အဆက်အသွယ်လဲ ပြတ်တယ်လို့မရှိပါဘူး ဒက်ဘီက‌ ကလေးတစ်ယောက်အမေ Single Mom ပီတာကတော့ လူလွတ်တစ်ယောက်ပီပီ သူ့အကြိုက်မိန်းကလေးတွေကိုလိုက်ရှာပေမယ့် တွဲတိုင်းခြောက်လမခံ ဒီလိုနဲ့တစ်နေ့ ဒက်ဘီတစ်ယောက် ဘဝရှေ့ရေးအတွက် အဝေးတစ်နေရာကိုသွားပြီး ဒီဂရီတစ်ခုသွားယူဖို့ဆုံးဖြတ်လိုက်ပြီး သူ့ကလေးကိုလည်း အဲ့အတောအတွင်းမှာ ပီတာကလာပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါလေရော. ..အဲ့နောက်ပိုင်းကစပြီး သူတို့ငယ်သူချင်း နှစ်ယောက်ကြား ဘယ်လိုဆက်ပြီး ရှေ့ဆက်ကြမယ်ဆိုတာကိုတော့ File Size :(1.6GB)(703 MB) and (172MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Zwel Zan Aung Encoded by Phyo Pyae

Comedy • Crime • Drama • Romance
6.4 2023 109 mins
Your Place or Mine
Contraband
6.3

ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ... ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 49mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Action • Drama • History
6.3 2012 109 mins
Contraband
Doctor Zhivago
7.5

IMDb (8/10) / Rotten Tomatoes 84% ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ၊ "အလေးနီ"ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် "ရဲဘော်ဗိုလ်ချုပ်ကြီး"လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။ ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။ မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။ ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က "ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ" ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။) သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ................. ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ "လာရာ" နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။ တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။ အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။ အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။ ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။ အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.6 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:20:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Romance • Science Fiction
7.5 1965 200 mins
Doctor Zhivago
Ted K
6.2

ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်တစ်ပုဒ်လောက် ကြည့်လိုက်ရအောင်။ အမေရိကန်ရဲ့ နာမည်ကျော် အကြမ်းဖက်သမားတစ်ယောက်အကြောင်းပေါ့။ သီအိုဒေါ ဂျေ စတင်းစကီး သို့မဟုတ် တက်ဒ် လို့ခေါ်တဲ့လူတစ်ယောက်အကြောင်းပါ။ ဒီလူဟာ အက်ဖ်ဘီအိုင်သမိုင်းမှာ အကြီးဆုံး ရှာဖွေဖမ်းဆီးရေး လုပ်ခဲ့ရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကိုတော့ တစ်နိုင်ငံလုံးက Unabomber လို့ သိကြပါတယ်။ တစ်ကိုယ်တော် ဗုံးသမားလို့လည်း အဓိပ္ပါယ်ထွက်သလို UNA = တက္ကသိုလ်နဲ့လေကြောင်းတွေကိုဗုံးခွဲသူလို့လည်း သိကြပါတယ်။ သူ့ကြောင့် လူ ၂၃ ယောက်ထိခိုက်ခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အက်ဖ်ဘီအိုင်လက်ကနေ ခြေရာဖျောက်နေနိုင်ခဲ့တဲ့သူလည်းဟုတ်ပါတယ်။ ဖောက်ခွဲရတဲ့အကြောင်းရင်းကတော့ စက်မှု နည်းပညာတိုးတက်မှုတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့အရာတွေလို့ ယုံကြည်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စက်မှုလုပ်ငန်းတွေရပ်တန့်အောင် လိုက်ပြီး အကြမ်းဖက်ခဲ့တာပါတဲ့။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ သူ့အကြောင်းနဲ့ သူ့အတွေးအမြင်တွေကိုရေးထားတဲ့ စာမျက်နှာ ၂၅၀၀၀ လောက်ထဲကမှတ်တမ်းတွေနဲ့ စကားလုံးတွေကို အခြေခံပြီးပြန်လည်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့်လိုက်ပါဦး။ File size…(2 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre...Drama, Crime, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Drama
6.2 2021 120 mins
Ted K
Species III
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 3 (2004) ဇာတ်လမ်းအကျဉ်း.... ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.5 GB)/(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:51:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy
5.2 2004 111 mins
Species III
Phenomena
6.7

Phenomena (1985) ================ Rotten tomatoes 75% မမ Jennifer Connelly ရဲ့ ငယ်တုံးရွယ်တုံးခေတ်က ထူးထူးဆန်းဆန်းဇာတ်ကားလေးတခုကိုမိတ်ဆက်ပေးပါရစေ.. Swizerlandနိုင်ငံရဲ့‌‌ လေရူးတသုန်သုန်တိုက်ခတ်နေတဲ့ Swiss Translyvaniaဆိုတဲ့အရပ်လေး ဒီနေရာလေးတခုမှာ မိန်းကလေးတွေကိုသတ်ဖြတ်‌နေတဲ့ စိတ္တဇ လူသတ်သမားတဦး။ ဒီလိုအချိန်မှာပဲ ဒီနေရာက Richard Wargner ကျောင်းကိုရောက်လာတဲ့ Paul Cavino ရုပ်ရှင်မင်းသားကြီးရဲ့သမီးလေး “Jennifer “။ ဂျနီဖာ့ကို ပစ်မှတ်ထားလိုက်တဲ့ လူသတ်သမား။ ဂျနီဖာ ရဲ့မသိစိတ်စွမ်းအားဟာ အင်းဆက်သတ္တဝါလေး‌တွေကို ဘယ်လို‌သက်ရောက်နေတာလဲ ဒီအင်းဆက်လေးတွေနဲ့ပဲ ဂျနီဖာဟာ လူသတ်သမားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကို Phenomena ဆိုတဲ့ဇာတ်ကားမှာ ထင်မှတ်မထားတဲ့ ဇာတ်ကွက်‌တွေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ရှုစားအားပေးကြပါဦး။ ?သတိပေးချက် ဤဇာတ်လမ်းသည် အချို့သော ကြည့်ရှုသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်နိုင်သည့် အင်းဆက်သတ္တဝါများ သွေးထွက်သံယိုနှင့် အော်ဂလီဆန်စရာအခန်းများပါ၀င်ပါသည်။ ? File Size : ( 2.90 GB ) and ( 1.24 GB) Quality : BluRay 1080p , 720p Running Time : 1hr 56min Format : Mp4 Genre : Crime , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Brackman Encoded by Min Wai

Animation • Drama • Mystery • Romance • Science Fiction
6.7 1985
Phenomena
Mutant
5.8

ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။ မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။ အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။ လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။

5.8 2024
Mutant
Fighter
7.9

Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်……. သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ ….. သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား …… တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Fighter
Human Lost
5.2

Human Lost ( 2019 ) IMDb – 5.2/10 လူတစ်ယောက်က ဆေးပညာအကူအညီမပါဘဲ နှစ်ရာကျော်တဲ့အထိ‌ နေနိုင်ပါတယ်လို့ပြောရင် လူကြီးမင်းတို့ အံ့ဩမိကြမှာလား အခုတစ်ကြိမ် cm ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ သိပ္ပံစိတ်ကူးယဉ် ဂျပန် anime ‌ထဲမှာတော့ ဖြစ်နိုင်ပါတယ် Plot အနေနဲ့ကတော့ နည်းပညာတွေ အလွန့်အလွန်တိုးတက်ထွန်းကားနေတဲ့ ခေတ်ကာလကို ဇာတ်ကြောင်းတည်ထားပါတယ် သေသူကိုတောင် ပြန်ရှင်စေပြီး လူတွေကို သာမန်သက်တမ်းထက် နှစ်ပေါင်းများစွာပိုရှင်သန်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ “SHELL”နည်းပညာမှာ ချို့ယွင်းချက်တချို့ ရှိနေခဲ့ပါတယ် ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် အီအိုဇိုရဲ့ သူငယ်ချင်းဟာလည်း အဲဒီခြွင်းချက်တွေကြောင့် သေဆုံးသွားခဲ့ရ‌တဲ့အခါမှာတော့ အီအိုဇိုအနေနဲ့ အခြေအနေအရပ်ရပ်ထဲကို ဝင်ပါဖို့ဖြစ်လာပါတော့တယ် ဒီစနစ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေကြိုးကိုင်နေတာလဲလူသားတွေကိုရော အမှန်တကယ် အကျိုးပြုနေတာမှန်ရဲ့လား စတဲ့ ဒွိဟအရပ်ရပ်နဲ့ စိတ်ဝင်စားစွာကြည့်ရှုရမဲ့ movie တစ်ခုပဲ ဖြစ်ပါတယ် File size… 1.6 GB / 786 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by SO

5.2 2019 110 mins
Human Lost
Uyir Thamizhukku
7

Uyir Thamizhukku (2024) တမီးလ် အဓွန့်ရှည်စေသော် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိ ရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi, Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါ သူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လို အခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်

7 2024 128 mins
Uyir Thamizhukku
Gunner
6

ဒီဇာတ်ကားလေးကတော့ နာမည်ကြီးသရုပ်ဆောင် Morgan Freeman ပါဝင်ပြီး မင်းသား Luke Hemsworth က အဓိက ဇာတ်ဆောင် Lee Gunner အဖြစ်ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင်ရုပ်ရှင် တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************** Lee Gunner က ဂုဏ်ပြုဆုတံဆိပ်ရ အမေရိကန်အထူးတပ်ဖွဲ့ စစ်ပြန်တစ်ဦးပါ။ သူက စစ်ပွဲတွေထဲမှာပဲအချိန်ကုန်နေခဲ့တာကြောင့် မိသားစုနဲ့ ဝေးကွာခဲ့တယ်။ သူအိမ်ကိုပြန်လာတဲ့အခါမှာတော့ သူ့သားတွေနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်ပြီး အေးစက် နေခဲ့သလို ဇနီးဖြစ်သူနဲ့လည်း ကွာရှင်းခဲ့ရပါပြီ။ တစ်ဖက်မှာတော့ ထောင်ကျနေတဲ့မူးယစ်ရာဇာ Kendrick Lyker နဲ့ သားဖြစ်သူ Dobbs တို့ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းက Gunner တို့ရဲ့ နယ်တဝိုက်မှာ ကြီးစိုးနေခဲ့တယ်။ စစ်ပွဲကနေ ပြန်လာပြီး ကလေးတွေနဲ့ ရင်းနှီးမှုယူဖို့ တောထဲကို Camping ထွက်လာတဲ့ Lee Gunner တို့အဖွဲ့ဟာ တောထဲကို ရောက်တဲ့အခါ မထင်မှတ်ပဲ မူးယစ်ဂိုဏ်းရဲ့ဆေးချက်ခန်းတစ်ခုနဲ့ တည့်တည့်တိုးမိပါတော့တယ်။ ပစ်ခတ်မှုတွေကြားမှာ ကလေးနှစ်ယောက်ဟာ မူးယစ်ဂိုဏ်းလက်ထဲ ရောက်သွားပြီးတော့ အဖေဖြစ်သူ Lee Gunner က သူ့ကလေးတွေကို ဘယ်လိုပြန်ကယ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှူစားကြရမှာပါ။ အက်ရှင် အတိုက်အခိုက် အသတ်အပုတ် တွေနဲ့ CGI ကောင်းကောင်းတွေ သုံးပြီး ဖန်တီးထားတာဖြစ်လို့ အနှစ်အပြည့်နဲ့ ခံစားကြည့်ရှုလိုက်ကြရအောင် ခင်ဗျာ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Wil ဖြစ်ပါတယ် ) File size…1.77GB / 960MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6 2024 90 mins
Gunner
The Braid
7.2

The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.7 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

7.2 2023 121 mins
The Braid
Teach Her

Teach Her (2024)”ဝင်္ဂဘာ” ======================= 2024 က ထွက်ရှိခဲ့တဲ့ အင်ဒီး ဒရာမာရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အက်ဒီဟာ အင်္ဂလိပ်စာအဓိကနဲ့ စီးပွားရေးမေဂျာယူထားတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူဟာ ပွေရှုပ်သူတစ်ယောက်မဟုတ်ပေမဲ့ သူ့အဖေရဲ့ ရည်းစားနဲ့ ငြိစွန်းဖူးသူဖြစ်ပါတယ်။ သူ့အဖေ အဲဒီရည်းစားနဲ့ပြတ်သွားပြီး နှစ်တွေကြာတဲ့အချိန်မှာ အက်ဒီတစ်ယောက် အဲဒီ သူ့အဖေရည်းစားဟောင်းရဲ့သမီးကို ချစ်မိသွားပြီး ရှိတ်စပီးယားဆန်ဆန် သုံးပွင့်ဆိုင်ဇာတ်လမ်းဖြစ်လာပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့CM Team ပါ။)

Drama • War • History
0 2024
Teach Her