YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Lilo.and.Stitch.2002.720p.BluRay.x264[CM].mp4

558.51 MB N/A video/mp4 523 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Man with One Red Shoe
5.7

မင်းသားကြီး တွမ် ဟန့်ခ်ရဲ့ 1985 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူဖြစ်တဲ့ ကူးပါးဟာ သူ့ရဲ့အထက်အရာရှိဖြစ်တဲ့ညွှန်ကြားရေးမှူး ရို့စ်ကိုဖြုတ်ချပြီး သူ့ရဲ့နေရာကိုယူနိုင်ဖို့အတွက် ရို့စ်က လာဘ်စားပြီးမူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာပါဝင်နေသလိုမျိုးအကွက်ဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်မတီဖွဲ့ပြီးစစ်ဆေးကြတဲ့အခါမှာတော့ ရို့စ်ကသူ့ဘက်ကနေ ပြန်ချေပနိုင်ဖို့အတွက် အချိန်တောင်းခဲ့ပြီး ကော်မတီကလည်း ၄၈ နာရီပေးခဲ့လိုက်ပါတယ်။ ရို့စ်ကလည်း သူ့ရဲ့လူယုံကြီး ဘရောင်းကိုအိမ်ကိုခေါ်ပြီး ရှင်းပြဖို့လုပ်တဲ့အချိန်မှာ ကူးပါးက သူ့အိမ်တစ်အိမ်လုံးမှာ အသံဖမ်းစက်တွေတပ်ထားတာကိုသိထားတာမလို့ ကူးပါးကိုအကွက်ဆင်ပြီးပြန်ဖမ်းဖို့အတွက် ကော်မတီကြားနာမှုမှာ သူ့ဘက်ကနေထွက်ဆို ပေးမဲ့လူကို လေဆိပ်မှာသွားတွေ့ပါဆိုပြီး ဘရောင်းကို တကယ်မရှိတဲ့လူတစ်ယောက်ကို သွားတွေ့ခိုင်းလိုက်ပါတယ်။ ဘရောင်းလည်းလေဆိပ်မှာ လူရှာရင်း ဖိနပ်အနီရောင်တစ်ဖက်စီးထားတဲ့ ရစ်ချက်ကိုရွေးလိုက်ပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကူးပါးလွှတ်ထားတဲ့ လူတွေကလည်း ရစ်ချက်နောက်ကိုတကောက်ကောက်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်လေးကတည်းကတယောကိုပဲ ထိုးလာခဲ့ပြီး သူလျိုလုပ်ဖို့နေနေသာသာ ကားတောင်မမောင်းတတ်တဲ့ ရစ်ချက်တစ်ယောက် အလကားနေရင်း စီအိုင်အေ ဒုတိယညွှန်ကြားရေးမှူးရဲ့ လူတွေလိုက်တာကိုခံရရင်း ဘယ်လိုအလွဲတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ကြတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 GB)/(1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Drama • Thriller
5.7 1985 90 mins
The Man with One Red Shoe
Frank and Penelope
7.5

Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ထူးတော့ထူးပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးက စလာကတည်းက စာအုပ်ဖတ်ပြနေတာမို့ ပြီးပြီးသားဖြစ်နေပေမဲ့ အဖြေကိုမသိရတဲ့ကားမျိုးပေါ့။ ပဟေဠိဆန်ဆန်ရုပ်ရှင်တွေလည်းကြိုက် ခပ်ဆန်းဆန်းတင်ပြပုံတွေလည်းကြိုက်ရင်တော့ ဒီရုပ်ရှင်ဟာ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကိုက အဖော်အချွတ်မယ် ဖြစ်နေတာမို့ လိင်မှုခန်းတွေအများကြီးပါတဲ့အတွက် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ --- ပါ ) File Size__( GB) / ( MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Drama • Romance
7.5 2022 112 mins
Frank and Penelope
Thar
6.4

Imdb 6.2 / 1.2k ၁၉၈၀ ပြည့်နှစ် အနောက်တိုင်း thriller အမျိုးအစား ရုပ်ရှင်ကို ပြန်လည် ခံစားသက်ဝင်ရိုက်ကူးထားပြီး ၂၀၂၂ Netflix မှ အသစ်စက်စက်ထွက်ရှိထားတဲ့ Thar ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ... ဇာတ်ကားလေးကိုတော့ ရာဂျက်စ်သန် နယ်စပ်နား မူနာဘာအို ရွာလေးကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဆူရေခါဆင်းကတော့ မူနာဘာအိုရွာလေးမှာ အကြာကြီး တာဝန်ထမ်းဆောင်လာခဲ့ပြီး လပိုင်းအတွင်းမှာ အငြိမ်းစားယူတော့မယ့် အင်စပတ်တာ တစ်ယောက်ပါ။ သူ တာဝန်ထမ်းဆောင်လာခဲ့တဲ့ နယ်မြေလေးဟာ အေးချမ်းလွန်းပြီး အမှုအခင်းဆိုလို့ ရန်ပွဲလောက်ကလွဲရင် ကျန်တာ မရှိတဲ့နေရာလေးပါ တစ်နေ့မှာတော့ အဲဒီနယ်မြေမှာ အိမ်တစ်အိမ်ကို ဂိုဏ်းတစ်ခုက ဝင်ရောက်လုယက်ပြီး အိမ်သားတွေကို သတ်ဖြတ်ကာ ပစ္စည်းဥစ္စာတွေကိုပါ ယူသွားပါတော့တယ်။ အဲဒီအမှုဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဆူဗာလို့ခေါ်တဲ့ ရွာသားတစ်ယောက် ရက်ရက်စက်စက်နှိပ်စက်ပြီး သတ်ခံရပြန်ပါတယ်။ အင်စပတ်တာ ဆူရေခါဆင်းတစ်ယောက် ဒီအဖြစ်အပျက်တွေ စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားနေချိန် ဆစ်ဒါလို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးသမားတစ်ယောက်ဟာ မူနာဘာအိုရွာလေးကို အလုပ်သမားရှာဖို့ ရောက်လာခဲ့ပါတယ် လူသတ်မှုတွေကို ဖြေရှင်းဖို့ အထက်က ဖိအားပေးခြင်းခံနေရတဲ့ အင်စပတ်တာ ဆူရေခါတစ်ယောက် အမှုကို စုံစမ်းရင်းကနေ လူသတ်မှုတွေဟာ မူးယစ်မှောင်ခို ရောင်းဝယ်ရေးတွေနဲ့ ပတ်သက်နေမှန်းသိလိုက်ရပါတော့တယ် ဒါတွေဟာ မြို့ကို ရောက်လာတဲ့ မျက်နှာစိမ်း ဆစ်ဒါနဲ့ရော ပတ်သက်နေမလား အင်စပတ်တာ ဆူရေခါဆင်းကရော လူသတ်မှုတွေရဲ့ တရားခံနဲ့ အကြောင်းရင်းမှန်ကို ဖော်ထုတ်နိင်မလားဆိုတာကို ပရိသတ်ကြီးတို့ ဆက်လက် ကြည့်ရှုခံစားလိုက်ကြပါဦးနော်................. File size…2GB / 1GB / 400MB Quality…1080p HQ HD RIP AAC 5.1CH / 720p / 480p Format…mp4 Duration….1h 48mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii & Poe & Go-O

Crime
6.4 2022 108 mins
Thar
Lucid Dream
6.2

Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း စုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါ ဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူး သူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့ တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူး အဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ဖမ်းမိတယ်ဆိုတဲ့ သတင်းကို ချွဲဒယ်ဟိုတွေ့သွားခဲ့တယ် ဒါကြောင့် Lucid Dream အကြောင်း သုတေသနလုပ်ပြီး စာတမ်းပြုစုနေတဲ့ သူ့ရဲ့သူငယ်ချင်း ဆိုဟျွန်းနဲ့အတူတူ Lucid Dream တွေကတစ်ဆင့် သဲလွန်စနဲ့ တရားခံကိုရှာဖွေဖို့ကြိုးစားခဲ့တယ် တကယ်ပဲ Lucid Dream ကနေ သဲလွန်စတွေရနိုင်မလား တရားခံကိုဖမ်းမိနိုင်မလား သူ့ရဲ့သားလေးကိုရော ပြန်တွေ့မှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ ) File Size__(1.8GB) / (950MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:41:00 Type__Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Comedy • Thriller
6.2 2017 101 mins
Lucid Dream
Yesterday
6.7

esterday ဆိုတဲ့ ရုပ်ရှင်လေး ကြည့်ကြရအောင်။ Musical ကားလေးပါပဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆိုတော်အဖွဲ့လို့ ပြောပြီဆို လူအတော်များများ ပြေးမြင်မိကြမှာ ဘီတယ်စ်ပါပဲ။ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး သီချင်းတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ ဒီရုပ်ရှင်ကတော့ ဘိုဟီးမီးယန်းတို့ ရော့ကတ်မန်းတို့လို ဘိုင်အိုပစ် မဟုတ်ပါဘူး။ ဘီတယ်စ်ကိုအခြေခံထားတဲ့ စိတ်ကူးယဉ် ဂီတ ရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်ရဲ့ မြို့လေးတစ်မြို့မှာ အရမ်းကြိုးစားပေမယ့် မအောင်မြင်တဲ့ အဆိုတော်လေး တစ်ယောက် ရှိတယ်ပေါ့။ တစ်နေ့တော့ သူဟာ အဆိုတော်ဘဝကို လက်လျှော့လိုက်တော့မယ် အချိန်မှာ အဖြစ်ဆန်းတစ်ခု ကြုံလိုက်ရပါတော့တယ်။ အဲဒါကတော့ ကမ္ဘာပေါ်က လျပ်စစ်အားလုံး ၁၂ စက္ကန့် ပြတ်တောက်သွားပြီး အမှောင်ကျသွားတာပါပဲ။ အဲဒီ ၁၂ စက္ကန့်အပြီးမှာ ကမ္ဘာပေါ်က အရာအချို့ဟာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး လူတွေက ရှိခဲ့တယ်ဆိုတာကိုတောင် မသိတော့ပါဘူး။ ကိုကာကိုလာတို့ စီးကရက်တို့ကို လူတွေ မသိကြတော့ပါဘူး။ အဲဒီအထဲမှာ ဘီတယ်စ် အဖွဲ့လည်း ပါသွားတယ်ပေါ့။ အဲဒီ သီချင်းတွေနဲ့ သူတို့လေးယောက်ကို မှတ်မိနေသူက ဂျက် မာလစ် တစ်ယောက်ပဲ ရှိပါတော့တယ်။ ဒီတော့ သူဟာ ဘီတယ်စ်ရဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုသလို အသက်သွင်းဖို့ ကြိုးစားရင်း ကမ္ဘာကျော်ဖြစ်ဖို့အခွင့်အရေးကြုံလာတဲံအခါ.. ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ဘီတယ်စ်ကို အရင်က မသိခဲ့သူတွေတောင် ဘီတယ်စ် သီချင်းတွေကို ကြိုက်သွားကြမှာ သေချာပါတယ်။ ခံစားကြည့်လိုက်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်……

Action
6.7 2019 116 mins
Yesterday
Kill Me Now

Kill Me Now (2022) “မိဘမေတ္တာဆိုတာ အတိုင်းအဆ မရှိ” ဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ… ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက် အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်း အစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါ ဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာ သူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲ​နေချင်နေတာပါ။ အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့ ……… မာမားကားထဲက စစ်မှုရေးရာအမတ်ကြီး တဖြစ်လဲ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Jang Hyun Sung နဲ့ All of us are dead ထဲမှာ အားလုံးရဲ့ မျက်ရည်တွေကို သိမ်းပိုက်သွားခဲ့တဲ့ ဂျွန်ယောင်းလေး တဖြစ်လဲ မင်းသား Ahn Seung Gyun တို့က ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်ပိုင်းသာမက … ဇာတ်လမ်းဇာတ်ကွက်ကပါ ဟာသရသ ၊ ကရုဏာရသမျိုးစုံကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 1.7GB | 824MB | 395MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thantsin Encoder …..August

Action • Thriller
0 2022
Kill Me Now
Love So Divine
6.7

Love So Divine(2004) ******************* ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီး ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ… ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကို သေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်… ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာ အမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်… ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီ ခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ … ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့…. File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae

6.7 2004 109 mins
Love So Divine
Front of the Class
8.1

Front of the Class (2008) “Hichki” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။ အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်က လူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။ အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။ သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာ မိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။ ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။ အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။ ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊ သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။ သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။ သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ဇာတ်ကွက်လေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။ မူရင်းစာရေးဆရာ ဘရက်ဒ် ကိုဟန် ရေးခဲ့တဲ့ Front of the Class နာမည်ကိုပဲ တိုက်ရိုက်ပြန်ယူပြီး ဇာတ်ကောင်နာမည်ကလည်း ဘရက်ဒ် ကိုဟန် ပါပဲ။ “ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ဆရာတစ်ယောက် ကျွန်တော်ဖြစ်ရမယ်” ဆိုတဲ့စာသားကို ကျွန်တော် သိပ်သဘောကျတာပေါ့။ ဒီဇာတ်ကားက Rating 8.1 ကို ထိုက်ထိုက်တန်တန်ရထားတယ်လို့ ဆိုချင်ပါတယ်။ မင်းသားကြီး James Wolk ရဲ့ လက်ဖျားခါလောက်စရာ သရုပ်ဆောင်ချက်က ဒီဇာတ်ကားကို အဓိက သယ်သွားတာပါ။ သူ့ရဲ့အကြောဆွဲရောဂါကို သူကနာမည်ပေးထားတယ်။ “ထာဝရအဖော်မွန်”တဲ့။ ခြောက်ပေလေးပေ မြေကြီးထဲရောက်တဲ့အထိ အပါခေါ်သွားရမယ့် ရောဂါပေါ့။ ဒီရောဂါက သူ့ကို အနိုင်မယူစေဖို့အရေး၊ ဒီရောဂါက သူ့အိပ်မက်တွေ မတားဆီးနိုင်စေရေး၊ သူကျော်ဖြတ်ခဲ့ရတဲ့ နာရီ တစ်နာရီချင်းစီကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လိုက်ရအောင်လားဗျာ။ အညျွန်း နဲ့ ဘာသာပြန်ကတော့ Arr Khun Winchester ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama Quality…. 1080p | 720p | 480p File size… 2.9GB | 1.1GB | 537MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Arr Khun Winchester Encoder ….. Aaron

8.1 2008 95 mins
Front of the Class
Armored

ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2009
Armored
27 Steps of May
7.9

27 Steps of May (2019) ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။ စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။ အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ ၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူ့ဘဝရဲ့ရှင်သန်မှုအဓိပ္ပာယ်တွေ ရပ်တန့်သွားခဲ့ပါပြီ။ အဖေဖြစ်သူနဲ့ စကားပြောတာလည်း မရှိတော့ဘဲ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုပဲ ထပ်တလဲလဲလုပ်ရင်း သူမရဲ့ကမ္ဘာလောကကြီးကို ပိတ်လှောင်လိုက်ပါတော့တယ်။ ပန်းမပွင့်တော့တဲ့အပင်တစ်ပင်လို နေ့စဉ်ဘဝကို အဓိပ္ပာယ်မဲ့ဖြတ်သန်းနေတာကို ဘေးကနေ ဘာမှမပြောဘဲ ကြည့်နေရတဲ့ မေရဲ့အဖြစ်သူ လက်ဝှေ့သမား၊ ကိုယ်တိုင်က ကြမ်းကြမ်းရမ်းရမ်းလက်ဝှေ့သမားပေမဲ့ ဒီသမီးလေးတစ်‌ယောက်ကိုတောင် သေချာမကာကွယ်နိုင်ဘူးဆိုတဲ့အပြစ်တင်စိတ်နဲ့ မွန်းကြပ်နေရတဲ့သူ၊ သမီးလေးကို ရင်ဖွင့်စေချင် စကားပြောစေချင်ပေမဲ့ စကား‌မပြောခိုင်းရက်တဲ့ အဖေတစ်ယောက်ရဲ့ မွန်းကြပ်မှုတွေနဲ့ နေ့ရက်တိုင်းရှင်သန်နေရတဲ့သူတစ်‌ယောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့ ရင်ထဲပြည့်ကြပ်နေတဲ့ခံစားချက်တွေကို လက်ဝှေ့ကြိုးဝိုင်းမှာ သွားသွားပေါက်ကွဲနေတဲ့သူပေါ့။ ၈ နှစ်တာကာလသာကြာမြင့်သွားတဲ့ မေနဲ့သူ့အဖေကတော့ လွန်ခဲ့တဲ့ ၈ နှစ်က မုဒိမ်းကျင့်ခံရတဲ့ညမှာပဲ ရှင်သန်နေကြဆဲပါပဲ။ ဒီလိုနဲ့ နံရံကနေထွက်နေတဲ့ ပိတ်စတစ်စကို ဆွဲမိရာကနေ ဘေးအိမ်နဲ့မေရဲ့အခန်းကြားမှာ အပေါက်ဖြစ်သွားပြီးတော့ ၈ နှစ်တာကာလကြာအပြီးမှာ နေ့တိုင်းပုံသေဖြစ်နေတဲ့ မေရဲ့ဘဝထဲကို မထင်မှတ်ထားတဲ့ အရာတစ်ခုအဖြစ် မျက်လှည့်ဆရာလေး ရောက်လာပါတော့တယ်။ အဲဒီနောက်မှာတော့…… Heart touching Dialogue တွေလည်းမပါ ဘာမှထူးခြားတဲ့Sceneတွေမပါဘဲ အတော်လေးရိုးရှင်းတဲ့ပုံစံနဲ့ ပုံဖော်ထားပေမဲ့ ကြည့်ရှုသူကို မေနဲ့သူ့အဖေရဲ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို တန်းပြီးတော့ခံစားမိသွားစေတဲ့အထိ၊ အင်ဒိုရုပ်ရှင်မှဟုတ်ရဲ့လားလို့တောင် တွေးမိသွားစေတဲ့အထိ Emotionally densed ဖြစ်တဲ့ ဒီရှားပါးရုပ်ရှင်လေးကို CMပရိသတ်တို့ ခံစားလို့ရအောင် တင်ဆက်လိုက်ပြီမလို့ Rape victim နဲ့ မိသားစုဝင်‌တွေရဲ့ဒုက္ခကို တစ်စိတ်တစ်ပိုင်းအားဖြင့် စာနာနိုင်ဖို့အတွက် ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.1GB | 593MB Format… mp4 Duration…. 1h 52mim Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

7.9 2019
27 Steps of May
Taste of Cherry
7.7

Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာ ပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာ အဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင် အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင် အောက်ကို ရွေးချယ်ထားတဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုလူလတ်ပိုင်းအရွယ် မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကို ကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေး အမြောက်အများပေးဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကို သူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ မစ္စတာဘာဒီး နဲ့ ကားလိုက်စီးရတဲ့သူတိုင်းဟာ ချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ် ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်က မစ္စတာဘာဒီးအနေနဲ့ အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းက လှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင် သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာ စစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့ တွေ့ဆုံပြီး ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့် တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့ သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာဘာဂယ်ရီကတော့ ချယ်ရီပင်သွားရာ လမ်းတလျှောက်မှာ မစ္စတာဘာဒီးကိုဖြောင့်ဖြပြောဆိုသွားခဲ့ပေးမယ့် မစ္စတာဘာဒီးရဲ့ သတ်သေလိုတဲ့အကြောင်းရင်းနဲ့ ပြဿနာကို အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် မစ္စတာဘာဒီးရဲ့ ဘဝအပေါ်အတွေးအမြင်နဲ့ ခံယူချက်ကလည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေတဲ့အတွက် ပရိသတ်ကို မေးခွန်းများစွာနဲ့ အတွေးများစွာ ထင်ကျန်စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.1 GB / 680 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

TV Movie • Comedy • Romance
7.7 1997
Taste of Cherry
P Se Pyaar F Se Faraar
7

P Se Pyaar F Se Faraar (2019) “ချစ်သူခေါ်ရာ…” IMDb 7.0 ရထားတဲ့ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် … သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါ အမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ … သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း … ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ … အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7 2019
P Se Pyaar F Se Faraar
The Shipping News
6.7

ဒုက္ခဆိုတာ ခါးသီးမှုပါ ဒါပေမဲ့ အမြဲတော့ ဒုက္ခချည်းပဲလည်းကြုံမနေတတ်ပါဘူး အသက်၁၀၀မနေရ အမှု၁၀၀ကြုံရဆိုသလို လူတွေမှာ ဒုက္ခကတော့ များကြတာချည်းပါပဲ…..ဒါပေမဲ့ တချို့ အလှည့်အပြောင်းလေးတွေက ကိုယ်မထင်ထားတဲ့အလှည့်အပြောင်းလေးတွေဖြစ်လာတတ်သလို ဒုက္ခကနေ သုခ သုခကနေ ဒုက္ခပြောင်းသွားတတ်တဲ့ အလှည့်အပြောင်းအလဲတွေလည်းဖြစ်တတ်ပါသေးတယ်….. ဒီကားလေးထဲမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ကြုံပြီးချိန် ဘယ်လိုအလှည့်အပြောင်းတွေကြုံရမလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre… Tragedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Z

6.7 2001 111 mins
The Shipping News
Family Gbese
3.4

Family Gbese (2024) IMDb Rating (3.4) Family Gbese က ဒါရိုက်တာ Michelle Bello ရိုက်ကူးပြီး Chinaza Onuzo ရေးသားခဲ့တဲ့ Nigerian ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက မိသားစုအပေါ် သစ္စာရှိမှု၊ ရည်မှန်းချက်နဲ့ ကိုယ်ရဲ့ဆန္ဒနဲ့ မိသားစုဝတ္တရားနှစ်ခု ဆန့်ကျင်လာတဲ့အခါ ပေါ်ပေါက်လာတဲ့ ကိုယ်ကျင့်တရားအကျပ်ရိုက်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: အောင်မြင်နေတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ Nnamdi Nwagba ရဲ့ ဘဝက လောင်းကစားစွဲနေတဲ့ သူ့အစ်ကို Gozie ရဲ့ အကြွေးတွေကြောင့် နှောင့်ယှက်မှုကိုခံခဲ့ရတယ်။ အန္တရာယ်များတဲ့ လူဆိုးဂိုဏ်းမှာတင်နေတဲ့ Gozieရဲ့ အကြွေးတွေကြောင့် Nnamdi သူ့မိသားစုကို ကာကွယ်ဖို့နဲ့ သူနဲ့စေ့စပ်ထားတဲ့ အစိုးရဘက်ကချစ်သူနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ကြား အကျပ်ရိုက်ခံရပါတော့တယ်။ ​ မိသားစုရှုပ်ထွေးမှုတွေနဲ့ သစ္စာရှိမှုကြောင့် စတေးရမဲ့အရာတွေပေါ်ပေါက်လာပြီး Nnamdi ဘယ်အရာတွေကို ရွေးချယ်ကာကွယ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ “Family Gbese” က mixed reviews တွေ ရထားပြီး Imdb မှာတော့ 3.9 out of 10 ရထားပါတယ်။ Critics တွေက ဒီဇာတ်လမ်းဟာ Nigerian ယဥ်ကျေးမှုအတွင်းက ဆက်စပ်မှုရှိတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားပေမဲ့ မှန်းဆရလွယ်တယ်လို့ မှတ်ချက်ချထားပါတယ်။ NollyCritic က ဒီဇာတ်လမ်းမှာ Technical flaws လေးတွေ အနည်းငယ်ရှိပြီး ဇာတ်လမ်းက comedy ဘက်သွားမလား serious ဘက်သွားမလား တစ်သမတ်တည်းမရှိဘူးလို့ ဝေဖန်ထားပါတယ်။ ​ဒီလို mixed reviews တွေရထားပေမဲ့ “Family Gbese” က commercial အရတော့ အတော်လေးအောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်စထွက်တဲ့ ပထမနှစ်ပတ်မှာပဲ ₦28 million ( $36,000 ဝန်းကျင်) ကျော်ရထားပြီး ပရိသတ်စိတ်ဝင်စားမှုကို အများအပြားရထားပါတယ်။ စာရေးသူအနေနဲ့တော့ ​Nigerian တွေရဲ့ လူမှုစံနှုန်းတွေကြားက မိသားစုပြဿနာကို ​အခွီတွေနဲ့ရိုက်ကူးထားတဲ့ ကြည့်ပျော်စရာ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်လို့ မြင်မိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:28:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Romance
3.4 2024 89 mins
Family Gbese
Angel of Beggars
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် Angel of Beggars ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ပါးထျန်းဟူဟာ ဆပ်ကပ်သရုပ်ဆောင်ခေါ်တယ်ဆိုပြီး ရွာထဲက ကလေး ၉ ယောက်ကို မိဘတွေ လက်ထဲက ခေါ်သွားပြီး ကလေးတွေကို တောင်းစားခိုင်းပါတယ်။ လူဝါတန်းဆိုတဲ့ ကလေးဟာ မာနထားပြီး တောင်းရမ်းဖို့ ငြင်းတဲ့အခါ ပါးထျန်ဟူက ရိုက်နက်ခဲ့ပြီး လက်လွန်ကာ သေဆုံးသွားခဲ့ပါတယ်။ လူဝါတန်းရဲ့ အလောင်းကို ဆေးရုံက ပြန်သွားလုတဲ့အတွက် သူတို့ဒုစရိုက်မှုက ပေါ်သွားခဲ့ပြီး ကလေးတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ယောကျာ်းဖြစ်သူနဲ့ သမီးကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ကျန်းမာရေးဆရာမ လင်လန်ဟာ ကယ်တင်ခံရတဲ့ ကလေးတွေနဲ့အတူ ရွာမူလတန်းကျောင်းကို ပြန်ရောက်လာခဲ့ပြီး သူတို့အတွက် စိတ်ကျန်းမာရေးဥယျာဉ်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ လူကြီးရော ကလေးရော အပြန်အလှန်ကုစားကြမဲ့ ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Animation • Fantasy • Comedy • Family
5.7 2025
Angel of Beggars