YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Likay.Mor.Lam.S01E11.1080p.CM.mp4

805.72 MB N/A video/mp4 13 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Making Wolf's Path

Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 19Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama
0 2022
Making Wolf's Path
Fireball
5.2

မကြာခင်ကမှ အမှုကနေလွှတ်မြောက်လာတဲ့ထိုင်ဟာ သူ့အမြွာအစ်ကို ထျန်အခြေနေဆိုးပြီးဆေးရုံတက်နေရတယ်လို့သိလိုက်ရပါတယ် ဘာကြောင့်ဆေးရုံတက်နေရတာလဲဆိုတာကို သူ့အစ်ကိုချစ်သူဖြစ်တဲ့ပျန့်ဆီကကြားကြားချင်း သူ့အစ်ကိုကို ဘယ်သူရန်လုပ်တာလဲစုံစမ်းဖို့ဖြစ်လာပါတော့တယ် ဒီလိုနဲ့ ထိုင်ဟာ သူ့အစ်ကိုနာမည်ထျန်နဲ့ဘတ်စကတ်ဘောအသင်းတစ်သင်းထဲဝင်ပြီး fireball ဂိမ်းပြိုင်ဖို့ဖြစ်လာပါတယ် အဲ့ဒီဂိမ်းမှာ ဘယ်လောက်တောင်ရက်စက်ကြမ်းကြုတ်လဲ ဘယ်လောက်တောင်အသက်လုရလဲ ထိုင်(ထျန်) ​​ရောဖိုင်နယ်လ်ထိအသက်ရှင်နိုင်ပါ့မလား သူ့အစ်ကိုကိုဘယ်သူလုပ်တယ်ဆိုတာရော စုံစမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော် ဒီကားလေးလုံးဝရှယ်မိုက်ပါတယ် အက်ရှင်ကားကြိုက်သူအဖို့ လုံးဝ recommend တဲ့ကားပါ ? ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.7GB) Quality__HD720p IMDb Rating__5/10 Format__mp4 Duration__01:34:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Family
5.2 2009 94 mins
Fireball
Upgrade
7.5

CM Fan တွေ အခုတလော အက်ရှင်ကား ကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ဆုတောင်းလေး ပြည့်ပါပြီနော်... IMDb 7.5 ရရှိထားတဲ့ သိပ္ပံအက်ရှင် အမျိုးအစား ဖြစ်တဲ့ Upgrade ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ အတော်လေးကောင်းတယ်ဗျ... ဇတ်လမ်းပုံစံက ခေတ်မှီနေတဲ့ အလယ်အလတ် သိပ္ပံခေတ်ပုံစံ နဲ့ စ ပြထားပါတယ်... ဂရေး ဟာ သူဝါသနာပါတဲ့ စက်ပြင်တဲ့ အလုပ်နဲ့ တစ်နေကုန် ကိုယ်ပိုင်ဝပ်ရှော့လေးထဲမှာ ကားတွေကို ထိုင်ပြင်နေတက်သူဖြစ်ပြီး သူ့မိန်းမ ဖြစ်သူ အက်ရှာ ကတော့ မြို့ရဲ့ အကြီးဆုံး ကိုယ်လက် အင်္ဂါဖြည့်ဆည်းပေးတဲ့ ရိုဘော့ စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ် တစ်ရက်မှာတော့ ဂရေး ဟာ အက်ရှာ ကိုခေါ်ပြီး သူ့ဆီ အလုပ်အပ်သူထံ သွားခဲ့ပါတယ်... အက်ရှာ မသိခဲ့တာကတော့ ဂရေး ကို ကားပြင်ဖို့ အလုပ်အပ်သူဟာ သူမ လေးစားနေခဲ့တဲ့ ပြိုင်ဘက် လုပ်ငန်းက ပိုင်ရှင်ဖြစ်သူ အဲရွန်ကင်း ဖြစ်နေတာပါပဲ ဂရေး နဲ့ အက်ရှာ ကို အဲရွန်ကင်းက သူတီထွင်ထားတဲ့ ရှေ့ပြေး ချပ်စ်ပြား တစ်ခုကို ပြသခဲ့ပါတယ် အဲ့ဒီအရာက လူတစ်ယောက်ရဲ့ ဦးနောက်ထက် ပိုမိုကောင်းမွန်တဲ့ အရာလို့ ထုတ်ဖော်ပြောခဲ့ပေမယ့် ဂရေးကတော့ စိတ်မဝင်စားဟန်ဖြင့် အက်ရှာကို ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ လူတစ်စု ရဲ့ နှောက်ယှက်မှုကို ခံရပြီး အက်ရှာ သေဆုံးခဲ့သလို ဂရေး လဲ စကားပြောရုံသာ တက်နိုင်ခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး အကြောသေသွားခဲ့ပါတယ်... သူဆေးရုံတက်နေရတုန်းမှာ အဲရွန်ကင်း ရောက်လာပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ခွဲစိတ်မှု အဖြစ် သူတီထွင်ထားတဲ့ ပြိုင်ဘက်ကင်း ချပ်စ်ပြား ကို တပ်ဆင်ပေးဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်... ဒီနောက်မှာတော့ အကြမ်းစား အလန်းစား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေကို ထပ်မံကြည့်ရှုရအုံးမှာပါ... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Shain Htet Naing ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်

Crime • Drama
7.5 2018 100 mins
Upgrade
[18+] Hotel Iris
5.4

Hotel Iris (2021) အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား… ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ အရာမျိုးတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ပဲလေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 740MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

5.4 2021
[18+] Hotel Iris
Lady of the Dynasty

တကယ့်အဖြစ်အပျက်တွေက ပုံပြင်တွေထက် ဆန်းကြယ်တာမျိုးပဲထင်တယ်… ၇ ရာစုခန့်က တရုတ်ပြည် ထန်မင်းဆက်ခေတ်မှာ ရွှမ်ကျုံးဆိုတဲ့ ထန်ဧကရာဇ် စိုးစံတယ်…. သူဟာ ထန်ခေတ်ရဲ့အချောဆုံးအလှဆုံးဆိုနိုင်တဲ့ ရန်ယုဟွမ်ဆိုတဲ့ မိန်းကလေးကို တွေ့ပြီး မြင်မြင်ချင်း အရည်ပျော်သွားတာကြောင့် တော်ကောက်ဖို့လုပ်ပါတယ်… ပြသနာက အဲ့မိန်းကလေးဟာ သူ့ရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပြီး တနည်းအားဖြင့် သူ့ချွေးမဖြစ်နေပါတယ်…. ဒါပေမယ့်သူဟာ ရှင်ဘုရင်ဖြစ်ပြီး လိုချင်တာကိုရအောင်ယူနိုင်တဲ့လူဖြစ်နေတာကြောင့် အချစ်ရဲ့စေစားရာအတိုင်း ရန်ယုဟွမ်ကို မိဖုရားတင်မြှောက်ဖို့ မကြံကောင်းမစည်ရာတွေ ကြံစည်ပါတော့တယ်… ဒီလို အဆိပ်ပန်းသီးစားရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်လိုဆက်သွားပြီး ရာဇဝင်မှာဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ကြာချိန်တိုတိုလေးအတွင်းမှာ ရှည်လျားထွေပြားပြီး သပွတ်အူလိုရှုပ်နေတဲ့ရာဇဝင်ကို ပြည့်စုံအောင်မရိုက်ကူးနိုင်တာကြောင့် ရာဇဝင်အပြည့်အစုံကို ဒီ Post https://www.facebook.com/tianxiadiyi888888/posts မှာ ဖတ်ကြည့်လို့ရပါတယ်။ ရုပ်ရှင်ကိုတော့ ရာဇဝင်နောက်ခံ ရသမြောက်အောင် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီး အချောဆုံးအလှဆုံးမိဖုရားနေရာကနေ တရုတ်မင်းသမီးချော ဖန်ပင်းပင်းက တကယ့်ကိုလိုက်ဖက်စွာ သရုပ်ဆောင်ထားပါတယ်။

0 2015
Lady of the Dynasty
Legend of Changbai Mountain Hunter
5.7

အရမ်းအေးပြီးနှင်းထူထပ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းဒေသမှာ ထူးဆန်းတဲ့ဒေသန္တရဇာတ်လမ်းတွေ အရပ်ပုံပြင်တွေနဲ့ ပြည့်နေတယ်။ မုဆိုးကြီးတစ်ယောက်ရဲ့မိန်းမကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ မြွေကြီးရဲ့သည်းခြေနဲ့ဆေးဖော်သောက်မှ ပျောက်မယ်ဆိုလို့ မုဆိုးကြီးကမြွေသည်းခြေသွားရှာခဲ့တယ် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ရွာသားတွေကဒါက မြွေနတ်ကပြန်ပြီးလက်စားချေတာလို့ပြောကြတယ်။ မိန်းမလဲဆုံး သားလဲပျောက်သွားတဲ့မုဆိုးကြီးက အဲဒီအချိန်ကစပြီး တောထဲမှာတစ်ယောက်ထဲနေနေခဲ့တယ်။ နောက်နှစ်(၂၀)ကြားတော့ ရွာကလူတွေရုတ်တရက်ရူးကုန်တယ်။ မြွေနတ်ကပြန်လာပြီးလက်စားချေတာဖြစ်မယ်ဆိုပြီး မုဆိုးကြီးကို ဖြေရှင်းခိုင်းကြတယ်။ ဒီလိုနဲ့မုဆိုးကြီးနဲ့ လူစိမ်းကောင်လေးတစ်ယောက် နောက်ပြီးတော့ ရူးနေတဲ့မိန်းမကိုကယ်ချင်တဲ့လူကြီးတစ်ယောက်ဟာ တောထဲမှာမြွေကြီးကိုနှိမ်နင်းဖို့ထွက်လာကြပါတယ်။ နှင်းတောကြီးထဲမှာဘယ်လိုအရာတွေကစောင့်နေမလဲ……. နတ်တွေတစ္ဆေတွေကတကယ်ရှိတဲ့အရာတွေလား…… ရူးသွားတဲ့ရွာသားတွေကိုပြန်ကယ်နိုင်ပါ့မလား……

Thriller
5.7 2024
Legend of Changbai Mountain Hunter
Mercy Falls

Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ကတောက်ကဆဖြစ်ရင်း စတော့တ်တစ်ယောက် အန်ဒီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်မိသွားတဲ့အခါ… အကူအညီလည်းတောင်းမရ ဖုန်းလိုင်းကမမိ ဘယ်ရောက်လို့ရောက်နေမှန်းမသိရတဲ့ထဲ မချိမဆံ့ဝေဒနာခံစားနေရတဲ့အန်ဒီကို ကာလာတစ်ယောက် ဘယ်သူမှမထင်ထားတဲ့လုပ်ရပ်တစ်ခု လုပ်ချလိုက်တဲ့အခါမှာတော့…. အတော်လေးနောက်ကျမှပဲ သံသယဝင်ဖို့သတိရသွားတဲ့ ဒီလူတစ်စု ယုံမှားလို့ပုံအပ်မိတဲ့တန်ကြေးကို ဘယ်လိုပေးဆပ်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

0 2023
Mercy Falls
The Couch : Black Girl, Erupted

IMDb 6.5 ရထားတဲ့ဒရာမာရုပ်ရှင်ကားကောင်းလေးပါ။ ရိန်နာဆိုတဲ့ လူမည်းအမျိုးသမီးတစ်ဦးက ဥပဒေကုမ္ပဏီတစ်ခုမှာ ရှေ့နေအလုပ်ကိုလုပ်ကိုင်နေပါတယ်။ ရိန်နာဟာ လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ လူမျိုးရေးခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေကိုသည်းခံလာပြီး ရာထူးတက်ဖို့အတွက် ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ရိန်နာတို့မိသားစုကလည်း ရှေးရိုးစွဲပြီး စံနှုန်းတွေကိုမြင့်မြင့်သတ်မှတ်ကြတဲ့မိသားစုပါ။ ရိန်နာမှာ ငယ်ငယ်ကတည်းက ပြိုင်ဆိုင်လာတဲ့ညီမတစ်ယောက်လည်းရှိပါတယ်။ ဒီလိုနဲ့ ရိန်နာဟာ လုပ်ငန်းခွင်မှာရော မိသားစုအကြားမှာပါ ဖိအားတွေကိုခံစားရပါများလာတဲ့အခါမှာတော့ ဒေါသ နဲ့ စိုးရိမ်စိတ်တွေကို မထိန်းချုပ်နိုင်တော့ဘဲ အရာရာ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ ရိန်နာဟာ သူမခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် သူမ မလုပ်ချင်ဆုံးအရာတစ်ခုဖြစ်တဲ့ ကုထုံးဆရာ၀န်ဆီသွားပြဖို့ရာကို ရွေးချယ်လိုက်ရပါတော့တယ်။ ရိန်နာတစ်ယောက် သူမရဲ့ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားမလဲ၊ နောက်ဆုံးမှာရော သူမအတွက်မကောင်းတဲ့အရာတွေကို သူမ ပြင်ဆင်သွားနိုင်မလား၊ သူမရဲ့ဘ၀‌မှာ ဘာတွေဘယ်လိုဆက်ကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(656 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
The Couch : Black Girl, Erupted
People I Know
5.4

People I Know (2002) IMDb Rating (5.4) / Rotten Tomatoes (45%) အီလိုင်ဝါးမန်းဟာ ကြော်ငြာပြန်ကြားပေးရတဲ့သူပါ သူဟာအသက်အရွယ်ရလာတာနဲ့အမျှ အလုပ်အကိုင်တွေလည်းပါးလာပါတယ်။ သူ့မှာ ဆီးသွားရင်သွေးပါတတ်တဲ့ရောဂါလည်းရှိပြီး အရက်နဲ့မူးယစ်းဆေးစွဲနေသူပါ ကယ်ရီလော်နာဆိုတာကတော့ အော်စကာဆုရနာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ။ ကယ်ရီလော်နာကပဲ အီလိုင့်ဆီကိုအလုပ်အပ်တဲ့ တစ်ဦးတည်းသောအလုပ်ရှင်ပါ ကယ်ရီလော်နာ ရှုပ်ခဲ့သမျှပြဿနာတွေကိုလည်း အကုန်လိုက်ရှင်းပေးရပါတယ်။ တစ်နေ့မှာ ကယ်ရီဟာ သူနဲ့ပက်သက်ခဲ့တဲ့ဂျေလီဟော့ပါဆိုတဲ့မော်ဒယ်တစ်ယောက်အဖမ်းခံရတဲ့ကိစ္စကို အီလိုင့်ကိုတာဝန်ဖြေရှင်းခိုင်းရာက အီလိုင့်ရဲ့ ဆိုးနေတဲ့ဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(3.1 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane

Family • Adventure • Drama
5.4 2002 100 mins
People I Know
Suffocating Love
6.2

ဒီနေ့မှာတော့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…. “ကြေကွဲလွယ်တဲ့ငါ့ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို ချစ်ရတဲ့ နင် ပင်ပန်းမှာပဲ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ… အချစ်နဲ့ပတ်သက်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ… ဗီဇမတူ… ခံယူချက်ချင်းမတူ.. အမြင်တွေမတူကြတဲ့အခါမှာတော့… ချစ်စခင်စမှာတော့ တွယ်တာမြတ်နိုးပြီး အပြန်အလှန် နားလည်ပေးနိုင်သလောက်… တဖြည်းဖြည်း အနေကြာလာရင် ပိုချစ်ရတဲ့သူက ပိုပြီး ခံစားရတတ်ပါတယ်…. ဒီကားလေးထဲက ဇာတ်လိုက်မင်းသားလည်း ဒီလိုပါပဲ… သဘာဝတရားကြီးကို မြတ်နိုးတဲ့ သက်သတ်လွတ်ပဲစားတဲ့ ပိုင်ကျားချီဆိုတဲ့ ကောင်မလေးကို ချစ်တုန်းက… သူအရမ်းကြိုက်လွန်းတဲ့ ကြက်သား ဝက်သားတွေကို စတေးနိုင်ခဲ့တယ်… သူမကြိုက်တဲ့ စာအုပ်တွေကို ဖတ်လာပြီး… ပိုင်ကျားချီနဲ့အတူ ဘုရားကျောင်းတက်ဖို့ထိကိုလည်း ဝန်မလေးခဲ့ဘူး… ဒါပေမယ့်လည်း… တဖြည်းဖြည်း ကြာလာတော့ ပိုင်ကျားချီတောင်းဆိုတာတွေက သူ့အတွက် ဖိအားတွေဖြစ်လာပြီး… ဖိအားပြေလျော့ဖို့အတွက် ကျောင်းနေဖက်ဟောင်း လင်အန်းရွှမ်နဲ့ ဖောက်ပြန်တဲ့ အဆင့်ထိဖြစ်လာတော့တယ်… သိတဲ့အတိုင်းပဲ ခြံခုန်တဲ့နွားဆိုတာက စည်းဘယ်လောက်ပဲ တားထားပါစေ ခြံပြင်မရောက်ရောက်အောင် ခုန်ထွက်တဲ့အမျိုး… ဒါပေမယ့် ပိုင်ကျားချီကို အသိမပေးဘဲတွဲလာပြီး… နောက်ဆုံး အသိပေးလမ်းခွဲဖို့လုပ်တဲ့နေ့မှာတော့…. မင်းသားဘဝမှာ မယုံကြည်နိုင်လောက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီးတော့… သူဟာ မျဉ်းပြိုင်လောကမှာ နောက်အမျိုးသမီးတစ်ယောက်ရဲ့ ရည်းစားအဖြစ် နိုးထလာခဲ့ပါတယ်… ကဲ ဒီအချစ်ဝင်္ကပါထဲက သူရုန်းထွက်နိုင်မှာလား… နောက်ပြီး ဘာလို့ မျဉ်းပြိုင်လောကကို ရောက်သွားတာလဲ…. နောက်ပြီး ဒီအမျိုးသမီး ၃ ယောက်ကရော ဘယ်လိုတွေပတ်သက်နေတာလဲ…. ဒီကားလေးကြည့်ပြီး ဘာအတွေးလေးရနိုင်မှာလဲ… ဆိုတာ သိရအောင် CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

Thriller • Crime • Drama
6.2 2024
Suffocating Love
Jim’s Story
6.8

ဒီဇာတ်လမ်းလေးက “ဂျင်မ်ရဲ့ပုံပြင်”လိုအမည်ရတဲ့ ပြင်သစ်ဒရမ်မာကားလေးပါ….။ ဇာတ်လမ်းအကျဥ်းလေးကတော့….. အမ်မရစ်ဟာ ဘဝမှာ သူတစ်ပါးအတွက်သာ ဖြစ်တည် ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီး သူအိမ်ထောင်ကျတော့လည်း ဇနီးဖြစ်သူဘက်မှာ ဂျင်မ်ဆိုတဲ့သားလေးတစ်ယောက် ပါလာတယ်….။ ဒီသားလေးအတွက်သူ့မှာ ဝမ်းနဲ့မလွယ်ရုံတမယ် ဖခင်ရင်းထက်မလျော့တဲ့အချစ်တွေနဲ့အချစ်ပိုခဲ့ရပါတယ်…။ သိုပေမဲ့ တစ်နေ့မှာတော့ ဂျင်မ်လေးရဲ့ ဖခင်ရင်းဖြစ်သူ ပေါ်လာတဲ့အခါမှာတော့…. အမ်မရစ်တစ်ယောက် သားဖြစ်သူဂျင်မ်လေးဘဝ အဆင်ပြေစေဖို ဘယ်လိုတွေအနစ်နာခံချစ်ပြသွားမလဲ….. သွေးသားရင်း မဟုတ်‌သော်ညားလည်း သားတစ်ယောက်နဲ့ ဖခင်ကြားကချစ်မေတ္တာကို နက်နက်ရှိင်းရှိင်းဖော်ပြထားတဲ့ ကားလေးပါပဲ။ File size… (1.45 GB) / (760 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Mystery • Thriller
6.8 2024 101 mins
Jim’s Story