YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lighter and Princess E12 CM.mp4

272.35 MB N/A video/mp4 261 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Inostrancevia

လွန်ခဲ့တဲ့ နှစ် ၂၀ ခန့် အမည်မသိကျွန်းတစ်ကျွန်းပေါ်မှ ထူးဆန်းစွာ လူတွေ ပျောက်ဆုံးနေမှု...! အဲဒီ ကျွန်းဟာ သာမန်မြေပုံတွေမှာလဲ အမှတ်အသားအတိအကျ သတ်မှတ်ထားခြင်းမရှိသလို သွားရောက်တဲ့ လူတိုင်း သေဆုံးနေကြသည်မို့ လူသူအရောက်ပေါက်နည်းလို့နေခဲ့ပါတယ် ။ ဒါကို စူးစမ်းချင်နေကြတဲ့ တက္ကသိုလ်ကျောင်းသားအဖွဲ့ဟာ သူတို့ဘွဲ့မရခင် အဲဒီကျွန်းပေါ်ကို သွားရောက်ဖို့ ခရီးထွက်လာခဲ့ကြပါတယ် ။ ပထမရောက်တဲ့နေ့မှာ အေးအေးဆေးဆေး ရှိပေမဲ့ နောက်တစ်နေ့မှာတော့ သူတို့အဖွဲ့အတွင်းမှာ လူတွေသေပျောက်မှု ဖြစ်ပေါ်လာခဲ့တဲ့အခါမှာ...? သူတို့တွေ ဒီသေပျောက်မှုကို လိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတော့တယ် ။ ဒီတော့...? ❏ ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို မယုံကြည်တဲ့ တက္ကသိုလ်ကျောင်းသားတွေ ဒီလိုမျက်မြင်ကိုယ်တွေ့ ရင်ဆိုင်လာရတဲ့အခါမှာ ဘယ်လိုမျိုး တုန့်ပြန်ကြမှာလဲ ? ❏ စူးစမ်းချင်စိတ် အပြည့်ရှိတဲ့လူငယ်တွေပီပီ ဒီမကောင်းဆိုးဝါးကို နှိမ်နင်းဖို့ဘယ်လိုမျိုးနည်းလမ်းတွေ ရှာကြမလဲ ? ❏ ဒီထူးဆန်း လျှို့ဝှက်လှတဲ့ ကျွန်းပေါ်ကနေရော အသက်ရှင်လျက် ထွက်လာနိုင်ကြပါ့မလား ? ဆိုတာ သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရှုအဖြေရှာ လိုက်ရအောင်လားရှင် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Horror
null 2023 78 mins
Inostrancevia
Piggy
6.7

ဆိုက်ကို သည်းထိတ်ရင်ဖို ဇာတ်ကားကြမ်းကြမ်းလေးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Piggy ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ နွေရာသီ ကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး ဆာရာဟာ မိဘတွေရဲ့ အသားဆိုင်မှာပဲ နေပြီး အိမ်တွင်းပုန်းနေခဲ့တယ်။ အကြောင်းအရင်းကတော့ ဆာရာဟာ အင်မတန် ဝလွန်းတဲ့ ကောင်မလေးဖြစ်တာကြောင့် အပေါင်းအသင်းတွေကြား အလှောင်ခံ အနိုင်ကျင့်ခံရလို့ပါ။ အမေ ဖြစ်သူဆီကပါ မှိုချိုးမျှစ်ချိုး ပြောခံရတဲ့ ကလေးမလေးပါပဲ။ ဒီလိုနဲ့ တစ်နေ့ မြို့ထဲက ရေကန်လေးတစ်ခုမှာ ဆာရာတစ်ယောက် ရေကူးနေချိန် ရိုစီ မာကာနဲ့ ကလောင်းဒီးရားဆိုတဲ့ ကောင်မလေး ၃ ဦးက ဆာရာ့ကို ပိုက်ကွန်နဲ့ ရေနစ်မလို ဖြစ်တဲ့အထိ အနိုင်ကျင့်ပြီး ဆာရာရဲ့ အဝတ်အစားအိတ်တွေ တဘက်တွေကို ယူသွားခဲ့တယ်။ ဆာရာတစ်ယောက် ဘီကီနီနဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။ ဆာရာနဲ့ ရေကန်မှာ အတူတူရှိခဲ့ ယောက်ျားတစ်ဦးက ဆာရာကို အနိုင်ကျင့်ခဲ့တဲ့ မာကာကို ကားထဲထည့်ပြီး သွေးသံတရဲရဲနဲ့ ခေါ်သွားခဲ့တယ်။ ဆာရာကိုယ်တိုင်လည်း တွေ့ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကို အနိုင်ကျင့်ပြီး ရွံစရာလို ဆက်ဆံတဲ့သူကို ဘာလို့ ကယ်တင်ပေးရမှာလဲလို့ ဆာရာ တွေးကြောက်ပြီး ရေငုံနှုတ်ပိတ် နေခဲ့တယ်။ ဒီလိုနဲ့ အလောင်းတွေ ပေါ်လာတဲ့အချိန် ရဲတွေလည်း ပါဝင်ပတ်သက်လာတဲ့အချိန်မှာတော့ ဆာရာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ? အပြစ်လွတ်မှာလား? လူသတ်သမားနဲ့ ပူးပေါင်းမှာလား? လူတစ်ယောက်ရဲ့ ပိန်တာ ဝတာကို အလွန်အကျွံ နှိမ်ချ အနိုင်ကျင့်သူတွေရဲ့ နိဂုံးက ဘာဖြစ်မလဲ? အနိုင်ကျင့်ခံရသူရဲ့ အတွင်းစိတ်ဟာ ဘယ်လောက်ထိ အန္တရာယ်များနိုင်မလဲ? စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 1.5GB, 1GB, 412MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 30mins Genre              : Drama, Horror, Thriller Translated by Kit Encoded by Kinnov

Drama
6.7 2022 99 mins
Piggy
[18+] Behead the King
5.7

ဂျိုဆွန်းတိုင်းပြည်က မိန်းကလေးတွေအတွက်တော့ ငရဲပဲ.... ဂျိုဆွန်းခေတ်... အမြော်အမြင်ရှိပြီး လေးစားခံရတယ်လို့သတ်မှတ်ခံရတဲ့ ဆောင်ဂျုံးဘုရင်လက်ထက်ကို ဇာတ်အိမ်တည်ထားပါတယ် အသက် ၁၃ နှစ်နဲ့နန်းတက်ပြီး မယ်တော်ကြီးနဲ့ မူးမတ်တို့ရဲ့ ကြိုးကိုင်မှုခံရတဲ့ ဆောင်ဂျုံးဘုရင်ဖြစ်တဲ့အလျောက် မယ်တော်ကြီးကပဲ ချုပ်ကိုင်ချယ်လှယ်ခဲ့ပါတယ် မယ်တော်ကြီးဟာ မိန်းကလေးတွေကို သူရဲကောင်းအာဇာနည်ဖြစ်ခွင့်ပေးတယ်ဆိုပြီး ခင်ပွန်းသေရင် ဇနီးသည်ပါလိုက်သေရတဲ့ ဥပဒေကိုဖော်ဆောင်ခဲ့ပါတယ် ဥပဒေအသစ်တွေပြောင်းပြီး ညစ်ညမ်းတဲ့ဆောင်ကြာမြိုင်တွေကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာတော့ အသက်ရှင်ကျန်နေခဲ့တဲ့ကချေသည်ဘီဆောဟာ ဘုရင်ကိုမုန်းတီးပြီး လက်စားချေမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ပြတော့တယ် ကချေသည်ဘီဆောရဲ့ လက်စားချေမှုက အောင်မြင်မလား သူ့ရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော် သတိပေးချက် - ၁၈ ယောက်ပြည့်မှကြည့်လို့ရမယ့်အခန်းတွေပါလို့ မိသားစုနဲ့ လုံးဝ(လုံးဝ) ကြည့်လို့မသင့်တော်ပါနော် ။ File Size__( 2GB) / ( 1GB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:55:00 Type__Adult, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Joyx Encoded by Naing Aung Latt

Documentary • Drama
5.7 2017 116 mins
[18+] Behead the King
The 'Burbs
6.7

ဒါကတော့အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ရဲ့လူသိပ်မသိကြတဲ့ဟာသကားလေးပါ။ ရေးပီတာဆင်ဟာ ဆင်ခြေဖုံးရပ်ကွက်လေးမှာနေသူဖြစ်ပြီး အလုပ်ကနေတပတ်အားလပ်ရက်ရထားပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ဘေးအိမ်က အိမ်နီးနားချင်းအသစ်တွေဆီက ညဘက်ကျရင်ထူးဆန်းတဲ့အသံတွေထွက်လာတတ်ပါတယ်။ အဲဒီအိမ်ကိုလူအသစ် ပြောင်းလာတာတစ်လရှိပေမယ့် သူတို့ကိုဘယ်သူမှသေချာမမြင်ဖူးပါဘူး။ သူတို့အပြုအမူတွေကလည်း ထူးဆန်းတာကြောင့် ရေးနဲ့နောက်မိတ်ဆွေနှစ်ယောက်တို့က တဖြည်းဖြည်း မသင်္ကာဖြစ်လာပါတယ်။နောက်ဆုံးတော့ ရေးတို့တသိုက် အဲဒီအိမ်ကိုအတင်းစုံစမ်းဖို့ကြိုးစားရင်းရယ်စရာတလွဲတွေဖြစ်လာပုံကို ပြသထားပါတယ်။ Star Warsမင်းသမီး Carrie Fisher နဲ့Bruce Dern,Henry Gibson တို့လည်းပါ၀င်ထားပြီး ဒါရိုက်တာကတော့ JoeDanteဖြစ်ပါတယ်။ Tom Hanksနဲ့အတူရယ်မောရင်းအပန်းဖြေလိုက်ကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Action • Comedy • Thriller
6.7 1989 102 mins
The 'Burbs
Blue Beetle
6.7

Blue Beetle(2023) **************** DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့ အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင် ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့ လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movie မဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။ မိသားစုက အဲဒီအချိန်မှာ စီးပွားရေးအဆင်မပြေဘဲ အိမ်ပါ ဆုံးတော့မလိုဖြစ်နေလို့ ရရာအလုပ်ရှာပါတော့တယ်။ အဲဒီမှာပဲ ကမ္ဘာ့ထိပ်တန်း လက်နက်ကုမ္ပဏီဖြစ်တဲ့ ကော့ကုမ္ပဏီမှ ာ အလုပ်ဝင်မိရကနေ ဆက်စပ်ပြီး သူတို့ကုမ္ပဏီရဲ့ ထိပ်တန်းလျို့ဝှက်ချက် ချေးပိုးထိုးအပြာကောင်ဂြိုလ်သားနဲ့ထိတွေ့မိပါတော့တယ်။ အဲဒီကနေ စူပါပါဝါတွေရလာပေမဲ့ ကုမ္ပဏီပိုင်ရှင် ဗစ်တိုးရီးယားက အသေရရ အရှင်ရရလိုက်ဖမ်းပြီး မိသားစုကိုပါ ရန်ပြုလာတာကို ရင်ဆိုင်ရတဲ့အခါ…. File Size : (6GB)( 2.47 GB ) ( 1.1 GB ) Quality : WEB-DL4K, 1080P 5.1 CH &720p Format…mp4 Duration…02:07:00 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Mr.Anderson Encoded by Phyo Pyae , Min Wai

Drama
6.7 2023
Blue Beetle
Spaghetti
5.6

Spaghetti (2023) ============== သူနာပြု‌မလေး လီနာဆိုင်မွန်တစ်ယောက် အလုပ်သွားရင်း လမ်းမှာကားပျက်သွားတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဖြစ် တဲ့ စကော့တီရဲ့အကူအညီကို မယူချင်ဘဲယူလိုက်ရတယ်။ လီနာနဲ့ စကော့တီတို့ အပြန်အလှန်စကားတွေပြောရင်း ညစာ အတူစားဖို့ချိန်းတဲ့အထိရင်းနှီးသွားကြရော။ ဒါပေမဲ့ ‌လီနာက စကော့တီအပေါ် အရမ်းသဘောကျသွားပြီး သူ့ကိုပိုင်ဆိုင်ချင် လာတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူ ညွှန်းပေးတဲ့ မှော်ဆ ရာမကြီးဆီမှာ အစီအရင်သွားလုပ်မိလိုက်တယ်။ အဲလိုအစီ အရင်လုပ်ပြီးနောက် သူ(မ)ဘဝ ဘယ်လိုမျိုး‌အကြီးအကျယ် ပြောင်းလဲဆိုတာကို ဟော်ရာဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.28 GB) / (491 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 21Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Khant Sett Naing Encoder……….SWM

5.6 2023 81 mins
Spaghetti
11th Hour Cleaning

ဒိုင်လန်တို့ဟာ​ အခင်းဖြစ်နေရာတွေကို သန့်ရှင်းရေး လိုက်လုပ်ပေးကြတဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့နာမည်ကို 11th hour cleaning လို့ပေးထားပါတယ် သူတို့ပေးထားတဲ့နာမည်အတိုင်းပဲ​ ရှင်းလင်းရေးတွေကို သန်းခေါင်ယံအချိန်တွေမှာပဲလိုက်လုပ်ရလေ့ရှိပါတယ် တစ်နေ့မှာ​တော့​ ဒိုင်လန်တို့အဖွဲ့ဟာ ကိုယ့်မိသားစုဝင်တွေကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါသတ်သေသွားတဲ့အခင်းဖြစ်အိမ်ကို သွားရှင်းရဖို့အလုပ်အပ်ခံရပါတော့တယ်. သူတို့အဖွဲ့ဟာ အဲဒီအခင်းဖြစ်နေရာမှာ​အလုပ်လုပ်နေကြရင်းနဲ့ အိမ်ထဲမှာထူးဆန်းစွာပိတ်မိသွားကြပြီးပြန်ထွက်လို့မရကြတော့ပါဘူး. ဒိုင်လန်ကတော့သူတို့ပိတ်မိနေတာ အိမ်ရဲ့တည်ဆောက်ပုံမှာ အိမ်ကိုအလုံပိတ်ဖြစ်အောင်လုပ်လို့ရတဲ့စနစ်ဆင်ထားတာကြောင့်လို့ သူ့အဖွဲ့သားတွေ​ကိုပြောခဲ့ပေမယ့် တကယ့်အမှန်တရားကသက်သက် ရှိနေပါတယ် အဲဒီအမှန်တရားကဘာလဲ သူတို့အဖွဲ့ကရောလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ… File size…867MB / 358MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

0 2022
11th Hour Cleaning
GomBurZa
7.9

GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်က သမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movie တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက် ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင် ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွား စပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာ ဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြား ဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေ ပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာ အရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာ ငြင်းစရာမရှိပါဘူး….. File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.9 2023
GomBurZa
Do the World Darts 4
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက လေးကားမြောက်ဖြစ်ပါတယ် အရှေ့သုံးကားကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီ ဇာတ်ကားမှာတော့ ပို့ဆောင်ရေးလောကမှာ အလုအယက် အတိုက်အခိုက်တွေ ရပ်စဲဖို့အတွက် စီရင်စုအရာရှိမင်းက ပို့ဆောင်ရေးပြိုင်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်တယ်… ဒီလိုနဲ့ ထျန်းရှပို့ဆောင်ရေးကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာပေါ့… ဒါပေမယ့် ဒီလောကကို လက်ဝါးကြီးအုပ်ချင်တဲ့ ရှန်ကျိုးပို့ဆောင်ရေးလည်း ရှိနေတယ်… ရှန်ကျိုးပို့ဆောင်ရေးက အမြတ်ရဖို့အတွက်ဆို ဘာမဆို လုပ်တဲ့ ပို့ဆောင်ရေးဖြစ်တာကြောင့် သူဟာ ပြိုင်ပွဲမှာ အနိုင်ရအောင် ဘယ်လို ကလိမ်ကျမလဲ? ထျန်းရှပို့ဆောင်ရေးကရော ကျော်လွှားနိုင်ပါ့မလား?ဆိုတာကို စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

5.8 2007
Do the World Darts 4
Badava
5.6

Badava (2025) ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေ IMDb 6.7/10 အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။ မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။ အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.6 2025 150 mins
Badava
Innocent Witness
7.5

Innocent Witness (2019) ************************ IMDB rating 7.5 ရရှိထားပြီး ဆုတွေလည်း တသီကြီး ပိုင်ဆိုင်ထားတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. Tell me that you love me ဒရာမာထဲမှ ခန့်ချောမင်းသားကြီး Jung Woo-sung နဲ့ .. အသက်ငယ်ပေမဲ့လည်း သရုပ်ဆောင်တော်လွန်းလှပြီး ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ လူကြိုက်များခဲ့တဲ့ မင်းသမီးလေး Kim Hyang-gi တို့နှစ်ယောက်ဟာ Main Cast တွေ အနေနဲ့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************* Yang Soon-Ho ဟာ အကြွေးတွေ ဝိုင်းနေတဲ့ ဆင်းရဲတဲ့ ရှေ့နေတစ်ယောက်ပါ။ တစ်ရက်မှာတော့ လူသတ်မှုတစ်ခုရဲ့ တရားပြိုင်ရှေ့နေအဖြစ် တာဝန်ယူဖြေရှင်းရဖို့ ဖြစ်လာပြီး ထိုအမှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ Autism ကျောင်းသူလေး Im Ji-Woo နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ ပုံမှန်လူတွေနဲ့မတူ ထူးခြားတဲ့ မျက်မြင်သက်သေ Autism ကျောင်းသူနဲ့ .. ရှေ့ရေးအဆင်ပြေဖို့ အရေးသာ ဦးစားပေးနေရတဲ့ ရှေ့နေတို့ တွေ့ဆုံလာကြရတဲ့အခါ… ရှေ့နေ Yang Soon-Ho ဟာ မျက်မြင်သက်သေဖြစ်သူ Im Ji-Woo ကို သူလိုချင်တဲ့ ထွက်ဆိုချက်ရဖို့ရာ ဘယ်လိုတွေ ချဉ်းကပ်သွားမလဲ… နောက်ဆုံးမှာရော ဘယ်လိုအမှန်တရားက စောင့်မျှော်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…2.04GB / 901MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 9 min. Genre ….. Thriller, Mystery, Law, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

7.5 2019 129 mins
Innocent Witness