YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lie To Love E18 (720p) CM.mp4

354.55 MB 720p video/mp4 432 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marvin's Room
6.7

အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ.... တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin's Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Drama
6.7 1996 98 mins
Marvin's Room
The Night House
6.7

IMDb Rating - 6.9/10 ဘတ်သ်နဲ့ အို၀င်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ၊ သူတို့တူတူနေဖို့အတွက် ရေကန်စပ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ဘာအပူအပင်မှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေနေကြတာပေါ့။ ဒါပေမဲ့ ဘတ်သ်ရဲ့ ခင်ပွန်း အို၀င်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အဆုံး စီရင်သွားခဲ့တယ်။ ခင်ပွန်းဖြစ်သူ အို၀င်သေပြီးနောက်ပိုင်း ၀မ်းနည်းနေတဲ့ ဘတ်သ် ဟာ အလုပ်မှာလည်း စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဂယောင်ချောက်ခြားဖြစ် ထူးဆန်းတဲ့ အိပ်မက်လိုလို အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့တယ်။ တစ်ရက်မှာ အို၀င်ရဲ့ဖုန်းကို ဘတ်သ် ယူကြည့်မိရာကနေ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေကို ဘတ်သ် တစ်စတစ်စနဲ့ သိလာခဲ့ ရသလို တစ်ဖက်မှာလည်း ဘတ်သ်က သူ့ရဲ့ ကန်စပ်နားက အိမ်မှာ ထူးဆန်းတာတွေတစ်ညပြီးတစ်ညဖြစ်လာပြီး အို၀င်ရဲ့ ဝိညာဥ်က အနားမှာရှိနေတယ်လို့ ဘတ်သ်တစ်ယောက်ယုံကြည်လာပြီးနောက်ပိုင်း.... ဘတ်သ်မသိသေးတဲ့ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ အိမ်မှာရှိနေတာ တကယ်ပဲ အို၀င်ရဲ့ ဝိညာဥ်လား၊ အဲ့ဒီ ကန်စပ်နားက အိမ်ကြီးမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ...ဒီလို လျှို့ဝှက်ချက်တွေနဲ့ Horror ဇာတ်ကားကောင်းလေးကို CM ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ရပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်ကတော့ အားလုံးသိတဲ့ Rebecca Hall ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 1hr 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery, Thriller Source : 1080p.WebRip Translator – CM Team Encoder – SWM

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.7 2021 107 mins
The Night House
All-Time High

စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။ ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလား ခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ မှာပဲထွက်ရှိထားတာဖြစ်ပြီး IMDb Rating 5.4/10 ရရှိထားကာ ရယ်နေရတာနဲ့ကို ကြည့်လို့တန်နေပါပြီ။ ဘာသာပြန်ဆိုသူမှာ Matteo ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
All-Time High
B&B Merry
6.2

ခရစ္စမတ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ B&B Merry ဆိုတဲ့ Comedy/Romance ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်လေးကတော့ ထရေစီဝိုက်စ် ဆိုတဲ့ နာမည်ကြီးခရီးသွားဘလော့ဂ်ဂါလေးနဲ့ B&B ဆိုတဲ့မိသားစုတည်းခိုခန်းလေးကို မနည်းကျားကန်နေရတဲ့ ဂရေဟမ် ဆိုတဲ့ ဓာတ်ပုံဝါသနာရှင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော် မိဘတွေရဲ့အမွေအနှစ်ဖြစ်တဲ့ မိသားစုတည်းခိုခန်းလေးကို ခရစ္စမတ်မှာ ပရိုမိုးရှင်းလုပ်ဖို့ ထရေစီ ကိုဖိတ်ခေါ်ခဲ့ပြီးတော့ ထရေစီ ရဲ့ နောက်ထပ် ရီဗျူးလုပ်စရာဟော်တယ်နဲ့ကလည်း B&B နဲ့ပြိင်ဖက်တွေဆိုတော့ ဘယ်လိုအရှုပ်တွေဖြစ်ပြီး ခရစ္စမတ်မှာ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို ဖန်တီးကြမလဲဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Mystery • Action • Adventure • Drama
6.2 2022 85 mins
B&B Merry
Cassadaga
5.5

လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီ ဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကို ပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာ ကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီး လီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက် အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင် ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူ တစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီး ငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုး နှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင် ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။ လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား.. လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား… လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ.. လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလား ဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများ ပါဝင်မှာဖြစ်ပါတယ်… File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

5.5 2011
Cassadaga
The Parades
6.7

The Parades (2024) လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား???? ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့ နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား? ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie “The Parades” ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့ သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့် မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။ သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 659MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe & Khaing Encoder ….. Aaron

6.7 2024
The Parades
Sherina’s Adventure
7.8

Sherinas Adventure 2000 အညွှန်း ဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့‌တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ကခုန်လိုက်ရအောင်လားနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

7.8 2000
Sherina’s Adventure
Time Trap
6.2

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၇ ခုနှစ်ထွက် science fiction အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ Director နဲ့ producer ဆုနှစ်ခုရရှိထားပြီ ဇကာတင်ဆုတစ်ခုရရှိထားပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ…အချိန်ကာလတစ်ခုထဲမှာပိတ်မိသွားတာပါ။ ဇာတ်ကားစစချင်းမှာပဲ ပရော်ဖက်ဆာဟော်ပါဆိုသူက ပျောက်ဆုံးနေတဲ့ဟစ်ပီမျိုးနွယ်စုတွေကိုလိုက်ရှာဖို့ လှိုဏ်ဂူတစ်ခုထဲကိုဝင်ဖို့အကြောင်းဖန်လာပါတယ်။ထိုဟစ်ပီလူမျိုးများက နုပျိုခြင်းရေတံခွန်ကိုလိုက်ရှာရင်း‌ပျောက်ဆုံးသွားကြတာပါ။ ပရော်ဖက်ဆာဟော်ပါကပြန်မရောက်လာတဲ့အခါမှာ သူ့ရဲ့ကျောင်းသားတွေဖြစ်တဲ့ တေလာနဲ့ဂျက်ကီကပရော်ဖက်ဆာဟော်ပါနောက်ကိုလိုက်ဖို့ပြင်ကြပါတယ်။ သူတို့နဲ့အတူ ကယ်ရာ၊ဗီးစ် နဲ့ ဖာဘီတို့သုံးယောက်ကိုလည်းခေါ်သွားပါတယ်။ ပရော်ဖက်ဆာဂော်ပါဝင်သွားတဲ့ လှိုဏ်ဂူကိုရောက်တဲ့အခါမှာ ဖာဘီကိုအပြင်မှာစောင့်ခိုင်းခဲ့ရင်း သူတို့လေးယောက်လည်းလှိုဏ်ဂူထဲကိုလိုက်ဝင်သွားပါတယ်။ လှိုဏ်ဂူက အောက်ခြေကိုကြိုးနဲ့ဆင်းရပါတယ်။ လှိုဏ်ဂူထဲမှာအော်ဟစ်သံလိုမျိုးကြားလို့ ပြန်တက်ဖို့လုပ်တဲ့အခါမှာ ကြိုးတွေအကုန်လုံးကပြတ်ကျကုန်ကျပါတယ်။ အဲဒါကိုသူတို့က အပေါ်မှာကျန်နေခဲ့တဲ့ ဖာဘီသူတို့ကိုစနောက်တယ်ထင်ပြီး ပါလာခဲ့တဲ့ရေဒီယိုနဲ့ဖာဘီကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခါမှာ ဖာဘီရဲ့အသံမဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ အသံနဲ့ “ကယ်ပါ” ဆိုပြီးပေါ်ထွက်လာပါတော့တယ်…. ဘာဖြစ်လို့ကြိုးတွေကပြတ်သွားရတာလဲ၊ ဖာဘီကရောဘယ်ရောက်သွားလဲ၊ အချိန်စီးဆင်းမှုထဲပိတ်မိသွားဆိုတာကရောဘယ်လိုလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.4 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre… Action, Adventure, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

6.2 2017 87 mins
Time Trap
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
The Wedding March
6.3

The Wedding March (2016) IMDb – 6.3/10 ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။ မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.3 2016
The Wedding March
3391 Kilometers
4.2

3391 Kilometers (2024) အထီးကျန်ဆန်ပြီး အပေါင်းအသင်းမရှိတဲ့ တူရကီကကောင်မလေးတစ်ယောက်နဲ့ ပြင်သစ်က နယ်မြို့လေးတစ်မြို့မှာ ကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ဇာတ်လမ်း။ သူတို့ကြားထဲမှာ ဝေးနေကြရတဲ့အကွာအဝေးက ၃၃၉၁ကီလိုမီတာအတိ။ တစ်ယောက်နဲ့တစ်ယောက် ရုပ်မမြင် အသံမကြားခင်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြ။ စကားတွေအပြန်အလှန်ပြောရင်း ခင်မင်ရင်းနှီးမှုထက် တဆင့်တက်ဖို့ ကောင်လေးဘက်ကကြိုးစားချိန်မှာ အကွာအဝေးတွေခြားနားလွန်းတဲ့အတွက် ကောင်မလေးဘက်ကငြင်းဆန်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ ရင်ထဲကခံစားချက်ကိုမလွန်ဆန်နိုင်တဲ့အတွက် LDRSဆိုတဲ့ ခရီးတစ်ခုကို နှစ်ယောက်တူလျှောက်လှမ်းကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size…(1.6 GB) / (690 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:49:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by V

Drama • History • War
4.2 2024
3391 Kilometers
Gintama: The Very Final
8.5

IMDB – 8.5/10, MyAnimeList – 9/10 Gintama တို့ Anime စီးရီးမှာ ဇာတ်သိမ်းသွားတဲ့အခန်းကနေ ပြန်ဆက်ပေးထားတဲ့ တကယ့်နောက်ဆုံးအပိတ် Movie ဖြစ်ပါတယ်။ Edo ကြီးကို Tendoshuu တွေ ဝင်တိုက်ခိုက်တာကို ပြန်ခုခံအပြီး ကြုံရာကျပန်းအဖွဲ့သားတွေ ကိုယ်စီလမ်းခွဲခဲ့ကြတယ်။ Utsuro ပြန်လာမှာကို ကြိုမြင်နေတဲ့ Gin တစ်ယောက် စုံစမ်းစရာရှိတာတွေကို ထွက်စုံစမ်းနေတဲ့အချိန် မသေခြင်းတရားကို လိုချင်နေကြတဲ့ Tendoshuu တွေ Edo မှာ နောက်တစ်ခါ ပြဿနာလာရှာနေတာမို့ ဆရာ Shoyo ရဲ့ တပည့်ကျော် ၃ ယောက်သား ပြန်စည်းလုံးပြီး အသေဖြုတ်ကြမှာပဲ ဖြစ်ပါတယ်။ ဒီလောက်များတဲ့လူတွေကို မနိုင်တော့ ထုံးစံအတိုင်း Gintama အဖွဲ့သားတွေလည်း ကိုယ်စီဆေးစက်ကျရာကနေ အုပ်လိုက်ကြီးနဲ့ ရုပ်ရှင်တစ်ကားစာ ထိုင်ချကြတာကို အားရပါးရ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Gintama ထုံးစံအတိုင်း ဟာသအဖောက်တွေ တခြား Anime တွေကို Reference ယူပြီး ပြောင်တာတွေ 4th Wall Breaking တွေကတော့ တောက်လျှောက်ပါနေမှာ ဖြစ်လို့ အပျင်းတွေလည်း ပြေရပါသေးတယ်။ Gintama ပရိသတ်တွေအတွက်တော့ ဒါဟာ တကယ့်နောက်ဆုံး ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်သင့်ပြီး ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။ File Size : 1.8 GB, 862 MB Quality : WEB-DL 1080p / 720p Running Time : 1hr 50min Format : Mp4 Genre : Action, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

8.5 2021 104 mins
Gintama: The Very Final
Dating My Past
7.1

အသည်းကွဲနေသူတွေ၊ toxic relationship ထဲက ရုန်းမထွက်နိုင်သူတွေ၊ အချစ်ရေးနဲ့ပတ်သတ်လို့ မိမိကိုယ်ကိုယ်‌မေးခွန်းထုတ်မိသူတွေအတွက် ဒီရုပ်ရှင်လေးကြည့်ဖို့ Recommend ပေးပါရစေခင်ဗျာ။ ဇာတ်လမ်းအကျဥ်းချုပ်ကတော့ လက်ဆီဂျက်ဆန် ဆိုတဲ့ သမီးရည်းစားဆက်ဆံရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးပေးတဲ့ ပညာရှင်တစ်ယောက်ဆီ ဆက်ဆံရေး အဆင်မပြေဖြစ်လို့ လာရောက်ဆွေးနွေးတဲ့ စုံတွဲနှစ်ယောက်တို့ ဆွေးနွေးမှုလေးနဲ့ စတင်ထားပါတယ်။ ကြုံတွေ့နေရတဲ့ ပြဿနာတွေပြောပြအပြီးမှာတော့ လက်ဆီ က သူမ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ရည်းစားဟောင်းအမျိုးမျိုးနဲ့ သင်ခန်းစာအဖုံဖုံကို ပြန်ပြောင်းပြောပြပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်းထဲ စီးမျောခံစားကြည့်လိုက်တဲ့အခါ သမီးရည်းစားဆက်ဆံရေးတွေမှာ ကြုံတွေ့နေကျ ဖြစ်တဲ့ ပြဿနာတွေ၊ အခက်အခဲ စိန်ခေါ်မှုတွေ၊ မိမိကိုယ်မိမိ အားမလိုအားမရဖြစ်မှုတွေကို မသိမသာတဖြစ်ရော၊ သိသိသာသာပါ မီးမောင်းထိုးပြသွားပါတယ်။ ဒီလိုပြသနာတွေထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲ… ဘယ်လိုတွေကုစားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်။ File size… (1.55 GB) / ( 772 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Fantasy • Horror
7.1 2025 99 mins
Dating My Past
Torrente, the Dumb Arm of the Law

“Torrente: El brazo tonto de la ley” ဆိုတာဟာ မြန်မာလိုဆိုရင် “တရားဥပဒေရဲ့အရူးလက်တစ်ဖက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမိုက်ရဲဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးအမှုတစ်မှုကိုအလွဲအမှားတွေနဲ့စုံစမ်းဖော်ထုတ်ဖို့ကြိုးစားတဲ့ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ သူဟာ ရူးကြောင်ကြောင်အမူအရာတွေလုပ်ပြီး ရဲတပ်ဖွဲ့ရဲ့ အားနည်းချက်တွေနဲ့ လူ့အဖွဲ့အစည်းထဲကအလွဲတွေကို ဟာသနဲ့ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းကိုပြောရရင်တော့ တိုရန်တဲလ်ဟာ ရဲတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ရာထူးကျပြီးနောက်မှာ မကောင်းတာမှန်သမျှအကုန်လုပ်ပြီး အရက်စွဲနေတဲ့လူတစ်ယောက်ပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာထိုင်နေရင်း ထိုစားသောက်ဆိုင်ကနေ မူးယစ်ဆေးတွေကို တစ်ကမ္ဘာလုံးကိုဖြန့်နေတယ်ဆိုတာ မထင်မှတ်ထားပဲ တွေ့ရှိလိုက်ပါတော့တယ်။ အဲဒါနဲ့သူလဲ အရင်ရာထူးကိုပြန်ရဖို့အတွက် သူ့နဲ့ခင်တာမကြာသေးတဲ့‌တိုက်အောက်ထပ်ကကောင်လေးနဲ့အတူ ထိုအမှုကိုဖော်ဖို့ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB) Quality….720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 1998
Torrente, the Dumb Arm of the Law