YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lets.Start.A.Cult.2024.720p.(CM).mp4

936.26 MB 720p video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pil's Adventures
6.7

တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။ သူတို့နောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို့ ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 830MB, 604MB Quality - 1080p, 720p, 480p IMDb Rating - 6.2/10 Format - mp4 Duration - 1H 29Min Genre - Animation, Adventure, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2021 89 mins
Pil's Adventures
Meat Grinder
5.5

Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့ ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။ အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​ စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့ ​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​ ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​ များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea Khon( လူသား​ခေါက်ဆွဲ)ဆိုတာကိုပါ ​ပြောင်း​လဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုး​တွေရှိခဲ့​ပေမယ့် ထိုင်းရုပ်ရှင် အစည်းအရုံး ဆု​ပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့ Best Make-upဆု​တွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါ​သေးတယ်။ ဇာတ်လမ်းက​တော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ ခ​ယောင်းလမ်းလို ခါးသီးလှတဲ့ဘဝကြီး​ကြောင့် စိတ်​ဒဏ်ရာ​အပြည့်နဲ့ တခြားသူမမြင်ရတာ​ မြင်​နေရ၊ တခြားသူမကြားရတာတွေ ကြား​နေရသူ​ပေါ့။ စိတ်ဒဏ်ရာက စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးက စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့ လက်ငုတ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့ ​ခေါက်ဆွဲလှည်း​လေးတွန်းပြီး ​ဈေး​ရောင်းထွက်လာချိန် ​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ သူပစ်ထားခဲ့တဲ့ ​ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူ​တွေ၊သွေးထွက်သံယိုနဲ့ ​ကျောင်းသား​တွေ၊အ​လောင်း​တွေ ပလူပျံလို့​ပေါ့။ ဘွတ်လည်း သူ့လှည်း ပြန်ယူပြီး အဆိုပါ အနိဌာရုံ​တွေကြားထဲက ဖြတ်ပြန်လာပါ​တော့တယ်။ အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင် ဘွတ်ဟာ ဒါကိုမြင်​တော့ ကြံရာမရဖြစ်ရင်း အသား​ပေါ်ပြီး သူ​​ရောင်းတဲ့ ​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ်။ သူ​​ရဲ့ အသားလုံး​ခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့​နေ့က သူ့လက်ကိုဆွဲ​ပြေးခဲ့တဲ့ ​ကောင်​လေးအ​ပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့ ​​​​ပန်းခင်းလမ်းကိုရောက်​တော့မလို ခံစားရပြီးမှ မ​ထင်ထားတဲ့ ကိစ္စ​တွေ ဖြစ်လာပါတယ်။ သူအသား​ပေါ်​ရောင်းလိုက်တဲ့ ​​ကျောင်းသား​လေးက သူမေတ္တာရှိ​နေသူရဲ့ သူငယ်ချင်းဖြစ်​နေသလို သူ့ခေါက်ဆွဲဆိုင်​လေးက ​အသားလုံး​ခေါက်ဆွဲ​ကြောင့် နာမည်ရလာပြီး​နောက် အသားလုံးလုပ်ဖို့ ကုန်ကြမ်း​တွေလိုလာတဲ့အခါ... အသတ်အဖြတ် အခုတ်အထစ်​က​တော့ တစ်ကားလုံး အလျှံပယ်ပါပဲ။ မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ​ပြောရ​လောက်​အောင် သရုပ်​ဆောင် ​စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်​တွေကို ရိုက်ပြတဲ့​နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက ဘွတ်ရဲ့စိတ်အ​ခြေအ​နေကို အ​တော်​ပေါ်လွင်​စေသလို VHS​အခွေပုံစံ Retroပြကွက်​တွေကိုလည်း သ​ဘောကျမိပါတယ်။ ကျွန်​တော်တို့​တွေ အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ် ညဘက်​ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါ​စေနဲ့။ အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ် Genre..... Horror Quality…. 1080p | 720p | 480p File size… 2.1GB | 856MB | 321MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Horror • Thriller
5.5 2009 90 mins
Meat Grinder
Brazen
4.9

အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ဖြစ်ပျက်နေရှာပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူက ဖုန်းဆက်ခေါ်တဲ့အတွက် Miller တစ်ယောက် အပြေးအလွှား သွားတွေ့ပြီး  နောက်ရက်မှာပဲ ညီမဖြစ်သူရဲ့ အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ညှိကာ ညစားထွက်စားကြပါတယ်။ အဆင်ပြေပြေ ပြီးဆုံးခဲ့တဲ့ ဒိတ်လေးက အပြန် အိမ်ပြန်ရောက်တဲ့အခါ Miller ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ အရာက…… ကျန်တာကိုတော့ CM ပရိသတ်ကြီးတို့ကိုယ်တိုင် ခံစားကြည့်ရှုရင် ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အမှုလိုက်ရတဲ့ အရသာကို ခံစားရမှာဖြစ်ပြီး ဘယ်လို plot twist ကြီး ပေါ်ပေါက်လာမလဲဆိုတာကို အတူခေါင်းစားကြစို့လားဗျာ။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပြီး ဘာသာပြန်များကတော့ Chit Tee, Khaing Khin, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်) File Size -(1.5 GB) / (920 MB) Quality – WebDL -(1080p) /  (720p) Duration - 1hr 36min Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Mystery Translator – Chit Tee, Khaing Khin, Thet Hnin Hsu Encoder – San Win Maung

Drama
4.9 2022 94 mins
Brazen
The Lost City
6.6

ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။ တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာ ကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။ ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။ အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။ ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Comedy, Romance Quality….4K HEVC | WEB-DL 1080p | 720p | 480p File size…4.35GB | 1.8GB | 800MB | 292MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy • Drama • Fantasy
6.6 2022 112 mins
The Lost City
Unplugging
5.1

ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။ အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။ ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။ အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။ တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား .. နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..? အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။ ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။ အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း အနားယူချင်တာပါ။ အကြောင်းတိုက်ဆိုင်စွာနဲ့ပဲ Jeanine ကို သူ့အလုပ်က ခွင့် ၂ပတ်မယူမနေရယူရမယ်ဆိုပြီး ခွင့်ပေးလိုက်ရာကနေ လင်မယားနှစ်ယောက် မြို့ပြနဲ့ဝေးတဲ့နေရာတစ်ခုကို ခရီးထွက်ဖြစ်ခဲ့ကြပါတော့တယ်။ အချစ်ငှက်လေးနှစ်ကောင်ပျော်ရမယ်အထင်နဲ့ ခရီးထွက်လာပြီးမှ ဘယ်လိုအလွဲတွေနဲ့ကြုံရမှာလဲ .. ဘာမဆို ဆိုးဆိုးဆတ်ဆတ်လုပ်တတ်တဲ့ Jeanine နဲ့ တွေဝေတတ်တဲ့ Dan ခရီးမှာရော အတွဲညီညီနဲ့အဆင်ပြေပါ့မလား .. စတာတွေကို ဝါးလုံးကွဲရယ်ရမှာမျိုးမဟုတ်ဘဲ လင်မယားနှစ်ယောက်တည်းတိုင်ပတ်ပြီးလွဲမယ့်အလွဲတွေကို ခွီနေရမယ့် comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….1080p | 720p | 480p File size…1.3GB | 653MB | 285MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Drama • Horror • Mystery
5.1 2022 94 mins
Unplugging
Blockers
6.3

ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။ IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။ လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။ အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။ နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by d3mon Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.3 2018 102 mins
Blockers
The Fury of a Patient Man
6.7

နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့ Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့ လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိက တွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့ သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့ လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေ ပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2016 92 mins
The Fury of a Patient Man
Various Geeks
5.6

တကယ်လို့ ဒေါ်လာ ၁၀ သိန်းက သင့်ရှေ့ကို ရောက်လာရင် ဘယ်လိုလုပ်မလဲ။ လိုချင်မိမလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျန်းပေါ်ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းကို လုပ်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဌေးဝမ်ရဲ့ တောင်းဆိုချက်အရ ဒေါ်လာ ၁၀ သိန်းကို နိုင်ငံခြားပို့ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ငယ်သူငယ်ချင်း ဖုန်လဲ့ချီက ဒေါ်လာအတုအမှုတစ်ခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ်။ သူတို့ နှစ်ယောက်နဲ့ နယ်ပယ်အစုံက ငွေမက်သူတွေနဲ့ ဒေါ်လာ ၁၀ သိန်းရဲ့ အရှုပ်တော်ပုံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ငွေအတုတွေ အစစ်တွေနဲ့ လူတိုင်းဟာ အရှုပ်တော်ပုံထဲကို ရောက်သွားတဲ့အခါမှာတော့…… ကျန်းပေါ်တစ်ယောက် ဒေါ်လာ ၁၀ သိန်းကို သေချာထိန်းသိမ်းနိုင်ပါ့မလား…… ဒေါ်လာအတု အရောင်းအဝယ်လုပ်နေတဲ့ လူတွေကရော ဘယ်လို ဇာတ်သိမ်းမျိုးဖြစ်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.6 2023
Various Geeks
Suicide Island
5.8

လူတွေက ရောဂါကပ်ဘေးတွေကိုသဘာဝကပ်ဘေးလို့ထင်ကြပေမယ့် တကယ်တော့ ဒီထူးဆန်းတဲ့ရောဂါပိုးတွေဟာ သိပ္ပံပညာရှင်တွေရဲ့သုတေသနတွေကနေဖြစ်လာတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ထူးဆန်းတဲ့ရောဂါပိုးကြောင့် ရုတ်တရက်မျိုးရိုးဗီဇပြောင်းသွားပြီ သာမန်လူထပ်အစွမ်းတွေပိုရှိသွားတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ သူဟာသူ့ကိုယ်သူပြန်လည်ကုသနိုင်စွမ်းရှိတဲ့အတွက် သေခါနီးသန်းကြွယ်သူဌေးကြီးတစ်ယောက်က သူ့ရောဂါကိုကုသဖို့အတွက် ဒီမျိုးရိုးဗီဇပြောင်းလူသားကိုရှာပြီး ဆေးဖော်ဖို့ကြိုးစားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာရိုက်ပြချင်တာတွေများပြီး အလယ်ပိုင်းမှာရှုပ်ထွေးပေမယ့် နောက်ဆုံးကျရင်တော့အားလုံးကိုရှင်းရှင်းလင်းလင်း ပြန်ချပြနိုင်တဲ့အတွက် မဆိုးလှတဲ့ဇာတ်လမ်းတစ်ခုလို့ပြောလို့ရပါတယ်။

5.8 2024
Suicide Island
My Life Without Me
7.4

ဘဝမှာ နေရတော့မဲ့ အချိန်သိပ်မကျန်တော့ဘူးဆိုရင် ဘာလုပ်ကြမလဲ။ ဒီမေးခွန်းက ဖြေရခက်ပါတယ်။ လုပ်ချင်တာတွေများပြီး အချိန်မကျန်တော့ရင်… အန်းဆိုတဲ့ အမျိုးသမီးဟာ သမီးနှစ်ယောက်အမေပါ။ အလုပ်ကိုအရမ်းကြိုးစားပြီး တစ်နေ့ နေမကောင်းဖြစ်လို့ ဆေးရုံသွားပြရာမှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ကျန်ရှိတဲ့ အချိန်နှစ်လမှာ ထားခဲ့ရမယ့် သူတွေအတွက် အစီအစဥ်တွေ တိတ်တဆိတ် ပြင်ဆင်ပါတော့တယ်။ မိသားစုကို မပြောပြဖို့ ဆရာဝန်ကိုလဲ မှာထားပါသေးတယ်။ ကျန်ရစ်ခဲ့မယ့်သူတွေ အတွက် သတင်းစကားတွေ အသံသွင်းရင်း လက်ကျန်အချိန်ကို အစီအစဥ်တကျ ဖြစ်အောင်ပြင်ဆင်သွားခဲ့ပါတယ် File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bommer

Animation • Fantasy • Family
7.4 2003 106 mins
My Life Without Me
Life or Something Like It

ကြည့်သူတိုင်းကြိုက်ကြတဲ့ ရုပ်ရှင်ဇတ်ကားကောင်းတစ်ခု ဆီးယက်တဲလ်ရုပ်သံလွှင့်ဌါနက သတင်းထောက်နဲ့ သတင်းကြေညာသူ လေးနီကာရီဂန်( အိန်ဂျယ်လီနာဂျိုးလီ)ရဲ့ ဘဝဟာ သူ့ကိုယ်သူရှေ့ဖြစ်ဟောဆရာလို့ အမည်တပ်ထားတဲ့ အိမ်ယာမဲ့ ဂျက်ခ်(တိုနီရှားလုဘ်)နဲ့တွေ့ပြီးဂျက်ခ်ကသူ(မ)လိုချင်တဲ့“ယူအက်စ်အေနက်ထ်ဝေါ့ခ်”ရုပ်သံလွှင့်ချန်နယ်ကြီးကအလုပ်ကိုလည်းမရဘူးပြီးတော့သူ(မ)တစ်ပါတ်ပဲအသက်ရှင်တော့မယ်လို့ဟောလိုက်တဲ့အခါအလုပ်အကိုင်ငွေကြေးရုပ်ရည်အချစ်ရေးဘဝကအစပြီးပြည့်စုံတယ်ထင်ရတဲ့သူ့ဘဝကိုပြန်သုံးသပ်ရမယ့်အခြေအနေကိုရောက်လာပါတယ်။ “ ဂျက်ခ်ရဲ့ ရှေ့ဖြစ်ဟောပြောချက်တွေကိုမယုံပေမယ့်အခြားအတိအကျမှန်လာတဲ့အချက်တွေရှိလာခဲ့ပြီးနောက်တစ်ပါတ်ထိပဲအသက်ရှင်ရတော့မယ်လို့ ယုံလာတဲ့အခါ လေးနီတစ်ယောက်ရင်ဖွင့်ဖို့အနီးကပ်ဆုံးလူတွေကိုစကားစကြည့်တဲ့အခါသူတို့တစ်တွေရဲ့တုံ့ပြန်မှုတွေက ဘာတွေဖြစ်မလဲ။ဂျက်ခ်ရဲ့ဟောပြောချက်မှန်လာမလား။ဒီရက်သတ္တပါတ်အတွင်း လေးနီဘာအလှည့်အပြောင်းတွေကြုံရမလဲ။လူအများစုဟာ သေခြင်းတရားကိုမေ့လျော့နေကြပြီး ရှင်သန်နေထိုင်စဥ်ကာလမှာလည်း ဘယ်လိုနေထိုင်စိတ်ထားမယ်ဆိုတာကို သတိလက်လွတ်နေတတ်ကြပါတယ် ။ ဒီရုပ်ရှင်ကရှင်သန်နေထိုင်ခြင်းနဲ့သေခြင်းတရားအတွက်အတွေးအခေါ်အယူအဆတွေကိုပြောပြမှာဖြစ်တယ်။တန်ဖိုးထားရမယ့်အရာတွေကိုလည်း ပြောပြပေးသွားမှာဖြစ်တယ်။အကြိုက်ဆုံးစကားလေးတွေက“တကယ်လို့ တစ်ပါတ်အတွင်းငါသေတော့မယ်ဆိုရင်-ငါကအချိန်အခိုက်တန့်တိုင်းကိုကြိုးစားပြီးနေထိုင်မှာ။လူတွေကိုသွားတွေ့မယ်ငါ့အတွက် အဓိပ္ပါယ်အရှိဆုံးသူတွေပြီးတော့ သူတို့မျက်နှာတွေကို ကြိုးစားပြီးအမှတ်တရဖြစ်အောင်လုပ်မယ်” ဇတ်လမ်းနဲ့လိုက်ဖက်တဲ့သီချင်းလေးတွေကိုထည့်သွင်းထားပြီး တစ်ချို့ဇတ်ဝင်ခန်းတွေက သင့်မျက်ရည်ကိုချူမယ့်ဇတ်ဝင်ခန်းတွေဖြစ်တယ်။ ဒါရိုက်တာက စတီဗင်ဟားရက်ခ်(Steven Herek)ကရိုက်ကူးထားပါတယ်။Edward Burns ( အက်ဒ်ဝါ့ဒ် ဘန်းစ်)က ပီးထ်အဖြစ် သရုပ်ဆောင်ထားပြီးအခြားသရုပ်ဆောင်များလည်းပါဝင်အားဖြည့်ထားပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Adventure • Romance • War
0 2002
Life or Something Like It
Ice Bar
6.6

Ice Bar (2006) ******************* F4 ဇာတ်လမ်းတွဲထဲက ဂျန်ဒီ မောင်လေး Park Ji Binနဲ့အတူ၊ Descendants of The Sunထဲက Jin Gooနဲ့ Record of Youth ဇာတ်လမ်းထဲမှ Shin Ae Raတို့ ပါဝင်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ… Ice Bar ဆိုတဲ့ ကိုရီးယားဇာတ်ကားလေးကတော့ မိသားစုတွေကြား သူငယ်ချင်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတည့်အတူနေ ဆက်ဆံရေးလေးတွေအကြောင်းကို warm ဖြစ်ဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ၁၉၆၉ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံရဲ့ ဆင်ခြေဖုံးဒေသတစ်ခုမှာ ယောင်းရယ်ဆိုတဲ့ ၁၀နှစ်အရွယ် ကောင်လေးက မှောင်ခိုအလှကုန်တွေ ခိုးရောင်းနဲ့ မိခင်ဖြစ်သူနဲ့ပဲ နှစ်ယောက်သားခက်ခက်ခဲခဲ စားသောက်နေထိုင်နေကြတယ် အဖေ မရှိတဲ့သူဆိုပြီး မြို့ထဲက ကလေးတွေကြားမှာ လှောင်ပြောင်ခံရလေ့ရှိတဲ့ ယောင်းရယ်က တစ်ရက်မှာတော့ ဆုံးသွားပြီလို့ ထင်နေခဲ့တဲ့ အဖေဖြစ်သူဟာ ဆိုးလ်မြို့မှာ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတဲ့ အမှန်တရားကို သိရှိလိုက်ရတယ် ယောင်းရယ်က ဆိုးလ်မြို့ကိုတက်ပြီး အဖေကိုရှာဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဈေးကြီးလှတဲ့ ရထားလက်မှတ်ဖိုးကြောင့် အဟန့်အတားဖြစ်နေခဲ့တယ် ဇွဲမလျှော့တဲ့ ယောင်းရယ် တစ်ယောက် ကျောင်းပိတ်ရက်ရှည်မှာ ရထားလက်မှတ်ဖိုးရှာဖို့ အမေ မသိအောင် လမ်းမှာပတ်ပြီး ရေခဲချောင်းခိုးရောင်းရာကနေ သားအမိနှစ်ယောက်ကြားမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ… ဖခင်ဖြစ်သူကရော တကယ်ပဲဆိုးလ်မှာ ရှိနေမှာလား… ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက် ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်သွားမလဲဆိုတာ ဟာသလေးတွေနှောပြီး ရိုက်ကူးပြထားတာဖြစ်လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် (ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ်) File Size – 1.9 GB/ 692 MB Quality – WEB-DL 1080p/ 720p Duration – 1h 35m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Vanessa Encoded by – Treasure Htet

Drama • Comedy • Romance
6.6 2006 95 mins
Ice Bar