YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Let.the.right.one.in.S01E06.1080p.CM.mp4

561.6 MB N/A video/mp4 116 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ruben Brandt, Collector
7.5

သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊ two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာ ဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊ တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီး ဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ... File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
7.5 2018 96 mins
Ruben Brandt, Collector
Eagle Wings
4

ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဒါတင်လားဆိုမဟုတ်ပါဘူး။ အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ဖားထားတဲ့ ရုပ်ရှင်ဆိုတော့ အဲဒီလို ငဖားရုပ်ရှင်တွေ ထုံးစံအတိုင်း အကုန်လုံးက တလွဲတွေချည်းပဲ။ သရုပ်ဆောင်တွေဆို လူသေကို ပါးရိုက်ပြီး စကားပြောခိုင်းတာမှ သူတို့ထက် အသက်ပါဦးမယ်။ Effect လား။ မျက်နှာကို အဖတ်ကြီးလာကပ်သလို ဖတ်ကနဲ ဖြစ်သွားမယ်။ Dialogue တွေဆို အင်မတိအင်မတန်ကို ဖားလို့ကောင်းတဲ့ စကားလုံးတွေကို တန်းစီပြီး ဖြတ်ညှပ်ကပ်ထားတာကလွဲရင် နေကောင်းလား စားပြီးပြီလားလောက်ကို လေးခေါက်လောက်ပြောတာတွေပဲပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ဘာလို့ကြည့်ရမှာလဲလို့မေးရင်တော့ ဆဲလို့ကောင်းလို့ပါ။ တော်တော်လေးကို ခံစားချက်နဲ့တိုက်ဆိုင်တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒေါသထွက်နေပြီး ဘာကိုဆဲလို့ဆဲရမလဲမသိဖြစ်နေသူများအတွက် အရမ်းကြည့်သင့်တဲ့ကားပါလို့ ပြောချင်ပါတယ်။ Size - 1.8GB, 962MB, 553MB Quality - 1080p, 720p IMDb rating - 4.2/10 Format - mp4 Duration - 2H 10Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • Science Fiction • Thriller
4 2021 130 mins
Eagle Wings
Grotesque
4.5

Grotesque (2022) ============= သူ(မ)ရဲ့ကြီးမားတဲ့နှာခေါင်းကြောင့် ငယ်စဉ်ကတည်းက လူတွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရတဲ့ မစ်ဒရစ်မော်ရာ၊ အစ်မဖြစ်သူကိုယ်တိုင်က နှာခေါင်းကြောင့် သတို့သမီး ၏အရံလုပ်ဖို့ ငြင်းဆန်သောအခါ သူ့ကိုယ်သူပြုပြင် မယ်ဆိုပြီး ပလတ်စတစ်ဆာဂျရီလုပ်ဖို့ကြိုးစားရာမှ မတော်တဆမှုတွေပေါ်ပေါက်လာပါ‌တယ်။ အားကိုးရာမဲ့‌နေတဲ့သူဟာ အစ်မဖြစ်သူကို အကူအညီ တောင်းသော်လည်း အစ်မဖြစ်သူကငြင်းဆန်လိုက်သော အခါ စိတ်ဒဏ်ရာတွေနဲ့မစ်ဒရစ်တစ်ယောက် သူကိုအနိုင် ကျင့်သူတွေကို တစ်ယောက်ပြီးတစ်ယောက်လက်စား ချေရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာသည်းထိပ် ရင်ဖို ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Eunice ဖြစ်ပါတယ်) File Size……….(1.31 GB) / (669 MB) / (424 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 23Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Eunice Encoder……….SWM

4.5 2022
Grotesque
She Is Love
4.7

She Is Love (2023) ============== “အကြောင်းတိုက်ဆိုင်မှုဆိုတာသာ မရှိခဲ့ရင် ဘဝဟာ ပုံမှန်အတိုင်းပဲ ဖြစ်နေမှာပါ”။ နိုးထမယ်. ရှင်သန်မယ်. အိပ်စက်မယ် . . . ကျွန်တော် တို့ဘဝတွေမှာ နာမည်လေးတစ်ခု ကြားလိုက်ရရုံနဲ့တင် မျက်စိရှေ့မှာ အကြောင်းအရာတိုက်ဆိုင်မှုလေးတစ်ခု ဖြစ်ပျက်ခဲ့ရုံနဲ့တင် နင့်နင့်နဲနဲ ခံစားလိုက်ရတဲ့ အဖြစ်အပျက်တစ်ခု. လူတစ်ယောက်မှာ တစ်ခါတော့ ရှိခဲ့ဖူးမှာပါ။ သစ်ရွက်ဖျားမှာ ခိုသီးနေတဲ့ရေစက်ကလေးကို သစ်ရွက် ကလေးက လက်လွှတ်လိုက်ရချိန်မှာတော့ တုန်ခါလှုပ်ခတ်သွားတဲ့ အ ဖြစ်အပျက်လေးလိုပါပဲ ရေစက်မရှိတော့တဲ့အချိန်မှာတော့ ပြန်လည် တည်ငြိမ်ရစမြဲပါပဲ။ တည်ငြိမ်အခြေကျနေပြီဖြစ်တဲ့ အစ်ဒရစ်စ်ရဲ့ ဘဝထဲကို အချစ်ဟောင်း ဖြစ်သူ ပက်ထရစ်ရှာတစ်ယောက် မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ကြောင့် ပြန်လည်ဝင်ရောက်လာခဲ့ချိန်၊ တွေ့ဆုံချိန်ခဏလေးအတွင်းမှာ ပဲ နှစ်ဦးသားရဲ့ ရူးသွပ်မှု၊ ပေါက်ကွဲမှု၊ ဟန်ချက်ညီမှု၊ ဘက်ပြိုင်မှု၊ အချစ်၊ အမုန်း၊ အာယာတ၊ ခွင့်လွှတ်မှုတွေကို ရောပြွန်းတင်ဆက်ထားနိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေး လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.33 GB) / (517 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Sai Sumali Encoder……….SWM

Animation • Drama
4.7 2023
She Is Love
Semret

ဇာတ်လမ်းအကျဉ်း ဆမ်မရစ်ဆိုတာကတော့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဲရစ်ထရီယာလူမျိုး Single Mom တစ်ယောက်ပဲဖြစ်တယ်။ အခုကတော့ Zurich မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေရင်း သားဖွားတစ်ယောက်ဖြစ်ချင်နေတဲ့ သူပေါ့။ သမီးရဲ့နာမည်က ဂျူလီ။ အဖေဖြစ်သူက သဘာဝဘေးရှောင်ရင်း ရေနစ်သေဆုံးသွားတယ်လို့ ပြောထားခဲ့ပေမဲ့ သမီးဖြစ်တဲ့ ဂျူလီက ယုံကြည်မယ်လို့ ထင်ပါသလား။ သမီးဖြစ်သူကို အပေါင်းအသင်းတွေတောင်မထားခိုင်းဘဲ ချုပ်ချုယ်ချစ်နဲ့ ချစ်နေတဲ့ အချစ်မျိုးရဲ့နောက်ကွယ်မှာ ဘာအကြောင်းပြချက်တွေရှိမလဲ။ ဒါပေမဲ့ တစ်ရက် ဆမ်မရစ်က ဆေးရုံမှာ မှားယွင်းစွပ်စွဲခံခဲ့ရတယ်။ အဲမှာ သူချစ်ရတဲ့အရာအားလုံးကို ကာကွယ်ဖို့အတွက် သူ့အနေနဲ့ သူ့အခွင့်အရေးအတွက် တိုက်ခိုက်ရမယ်ဆိုတာကို သူသဘောပေါက်သွားခဲ့တယ်။ အဲဒါတွေနဲ့အတူ သူ့ရဲ့အတိတ်ကြောင်းကရော ဘာဖြစ်မလဲ။ File size…(1.1 GB)/(612 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

0 2022
Semret
Elf
7.1

ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေ ရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့ Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်း ပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်း ဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကို ဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်း လာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့ နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာက သူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ် အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy
7.1 2003 97 mins
Elf
Hot Rod

ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ဆက်လက်အားပေးနိုင်ပါပြီ။ File size…(1.6 GB)/(869 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shune Lei

0 2007
Hot Rod
Alibaba Ani Chalishitale Chor
6.6

Alibaba Ani Chalishitale Chor 2024 (သံသယ) ယောက်ျားလေးနဲ့ မိန်းကလေးက တကယ်ပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နိုင်ရဲ့လား ဒီနေ့ခေတ်မှာ တကယ်ထိလွယ်ရှလွယ်ပြီး ပွဲဖြစ်နိုင်တဲ့မေးခွန်းမျိုးပါ။ ဒီဇာတ်ကားထဲမှာ​တော့ ခင်မင်မှုနဲ့ ဖောက်ပြန်မှုက အရမ်းပါးတဲ့ မျဥ်းကလေးတစ်ခုလို့ ဆိုထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စုံတွဲသုံးတွဲနဲ့ ယောက်ျားလေးတစ်ယောက် ပါတီလုပ်ရကနေ အစပြုပါတယ်။ ပါတီမှာပျော်ပါးကြရင်း မီးရုတ်တရက်ပျက်သွားတဲ့အခါ အနမ်းပေးတဲ့အသံနဲ့ ပါးရိုက်ခံရတဲအသံကို တစ်ပြိုင်နက်ကြားလိုက်ကြရတယ်။ မီးပြန်ရလာတော့လည်း လက်သည်မပေါ်ဘဲ အီလည်လည်နဲ့ပါတီပြီးသွားတော့တယ်။ ပါတီရဲ့ အဖြစ်အပျက်ကိုမကျေနပ်နိုင်သူက ဝက်ဘ်ဆိုက်ထောင်ပြီး မိမိသံသယရှိသူကို အမည်မဖော်ဘဲ ရေးလို့ရတယ် ဆိုလာတဲ့အခါ…….. ပါဝင်သူတွေက မကျေနပ်နိုင်ဘဲ စုံစမ်းဖို့ ကြိုးစားကြတဲ့အခါ လင်နဲ့မယားကြား အချစ်ဆုံးသူငယ်ချင်းတွေကြား အထင်အမြင်လွဲမှုတွေ အရင်ကဖုံးကွယ်ထားခဲ့တဲ့ သံသယတွေ ပိုပြီးရှုပ်ထွေးလာတော့တယ်။ ဒီလိုအရာတွေကြားမှာ ကာယကံရှင်တွေကို ရှာတွေ့နိုင်ပါ့မလား အချင်းချင်း အရင်လိုပြန်ဖြစ်ကြပါ့ဦးမလားဆိုတာ ဒီကားလေးမှာ စီးမျောကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Crime • Thriller
6.6 2024
Alibaba Ani Chalishitale Chor
Ten Inch Hero
7.3

Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10 ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။ အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက တာဝန်ကျေပွန်ကြပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆို ကမ်းခြေမြို့လေးရဲ့ ဆန်းဝှစ်ချ်ဆိုင်က လူထူးဆန်း အချိန်ပိုင်းဝန်ထမ်းတွေနဲ့ ဆိုင်ပိုင်ရှင်ကြီးကို အခြေပြုတင်ဆက်ထားပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တခြားမြို့ကနေ ပြောင်းလာတဲ့ အနုပညာကောလိပ်ကျောင်းသူလေးရှိမယ် ကောင်လေးတွေကို တစ်ညတာအနေနဲ့ပဲ သဘောထားပြီး အပျော်ရှာ ပေါ့ပေါ့နေတဲ့ ကောင်မလေးရှိမယ် ဆံပင်ပုံအဆန်း အဝတ်အစားအဆန်းတွေနဲ့ ရော့ခ်ကာလေးရှိမယ် အွန်လိုင်းပေါ်ကနေ တွေ့ထားတဲ့ ကောင်လေးကို အပြင်မှာတွေ့ဖို့ ကြိုးစားနေတဲ့ ကွန်ပြူတာကြမ်းပိုးမလေးရှိမယ် လမ်းတစ်ဖက်က သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ဗေဒင်ဆရာမကို ကြွေဆင်းနေတဲ့ ဟစ်ပီဆိုင်ပိုင်ရှင်ကြီး ရှိမယ်။ ဒီလူတွေရဲ့ ကိုယ်စီ ဇာတ်လမ်းလေးတွေ လျှို့ဝှက်ချက်လေးတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ရေး လူမှုရေး စတာတွေကို ရိုင်းပင်းကူညီကြပြီး ကိုယ့်ပန်းတိုင် ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဘယ်လိုလေးတွေ လုပ်ကြမလဲဆိုတာ နွေးထွေးစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ တွေးမိလိုက်တာကတော့ ဒီလိုဆိုင်လေးမှာ ဒီလိုလူတွေနဲ့ လုပ်ကြည့်လိုက်ချင်သေးတယ်ဆိုပြီး Heartwarming ဖြစ်ရသေးပါတယ်။ Rating ကလည်း 7.3 ဆိုတော့ မကောင်းမှာတော့ မပူပါနဲ့။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့ Dean ကြီး ဒီကားထဲမှာ ဝတ်ထားသမျှ တီရှပ်တွေရဲ့စာသားတွေကို သတိထား ဖတ်စေချင်ပါတယ် အတော်ရယ်ရတဲ့ အိုင်ဒီယာလေးတွေမို့လို့ပါ။ File size… 938 MB Quality… WEB-DL 720p Format… mp4 Duration…. 1h 42m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

7.3 2007
Ten Inch Hero
[18+] Bikini Valley Car Wash

ဒီတစ်ခါ Dark Side က ညိုကီတွေကိုတင်ဆက်ပေးမယ့်ကားအကြောင်းမပြောခင် တစ်ခုလောက်အရင်မေးချင်ပါတယ် ညိုကီတို့ Friends စီးရီးထဲက ဘော်ဒါနှစ်ကောင် ဂျိုဝီနဲ့ချန်ဒလာတို့တူတူထိုင်ကြည့်ကြတဲ့ တီဗီအစီအစဉ်ကိုသိကြလားမသိဘူး Baywatch လို့ခေါ်တာလေ အဲ့အစီအစဉ်ကို သူတို့ဘာလို့ကြိုက်လဲဆိုတော့ စော်အလန်းလေးတွေကမ်းခြေမှာ ဘီကီနီနဲ့ပတ်ပြေးနေတာကို မကြိုက်တဲ့သူဘယ်သူရှိမှာလဲပေါ့ ညိုကီတို့ထဲမှာလည်း ဂျိုဝီနဲ့ချန်ဒလာနဲ့ရင်ဘတ်ချင်းနီးလို့ ဂျက်ပင်ထိုးချင်တဲ့သူပါရင် အခုတင်ဆက်ပေးတဲ့ကားလေးကို ပြေးကြည့်လို့ရပါတယ် ဇာတ်လမ်းဇာတ်ကွက်လေးကလည်း အဘိုးအိမ်အပေါင်ဆုံးခံနီးမှာ မြေးမလေးက ကြံမိကြံရာကြံပြီး ကားရေဆေးဆိုင်ကို ဘီကီနီနဲ့ဆေးပေးမယ်ဆိုပြီး အကွက်ဆန်းကြီးလုပ်ပြပြီးတော့ အဘိုးရဲ့ချေးငွေကိုပြန်ဆပ်ဖို့ကြိုးစားပေးတဲ့အကြောင်းလေးပါပဲ ကောင်မလေးတွေ တူးပိစ်လေးတွေဝတ်ပြီး ကားကိုတိုက်ချွတ်ဆေးကြောပြနေပုံက ကိုယ့်မှာမရှိတဲ့ကားပါပြေးဆေးချင်စိတ်ပေါက်သွားလောက်အောင် လုပ်ပြမယ့်အကွက်တွေကို ခံစားနိုင်ဖို့ ခုပဲပြေးကြည့်ကြဖို့ ညွှန်းဆိုပေးချင်ပါတယ်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

0 2020 95 mins
[18+] Bikini Valley Car Wash
Hula Girls
7

The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူး မကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာ သူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရော ယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့ သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။ One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့ Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာက ညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာ အပြောင်းအလဲတစ်ခုဖြစ်လာတယ်။ မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။ သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ် အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့ သူတို့ဘဝကို ကျောက်မီးသွေးတွင်းထဲကနေ ထွက်နိုင်အောင် လုပ်ခဲ့ကြပေမဲ့ သရုပ်ပျက်အကဆိုပြီး အားလုံးဝေဖန်ခံနေရတာတွေနေ ဘယ်လိုကြိုးစားကျော်ဖြတ်မလဲ ရိုက်ပြထားတာပါ။ File size… 2.4 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7 2006 120 mins
Hula Girls
Two Blue Hearts aka Dua Hati Biru
7.8

Two Blue Hearts (2024) Original title: Dua Hati Biru Genre – Drama, Family 2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့ (Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှ ဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင် လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီး ဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်း မိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။ အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာ တကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ မဟုတ်ဘူးဆိုပြီး ဂျစ်တိုက်နေတာပေါ့။ နောက်ပြီး အဘိုး အဘွားတွေ အလိုလိုက်ထားပေးတာကြောင့် ကလေးက ဒီလို နည်းနည်းဆိုးနေရတယ်ဆိုပြီး မိခင်တာဝန်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်ချင်လာတဲ့ ဒါရာတစ်ယောက် သားလေးဖြစ်သူနဲ့ ဘယ်လိုတွေ ရင်းနှီးမှုရအောင် ပြန်ယူမလဲ။ ဘီမာတစ်ယောက်လည်း ရရာအလုပ်လေးနဲ့ မိဘနှစ်ပါးကိုရော သားဖြစ်သူရောအတွက် ကြိုးစားရုန်းကန်နေရာကနေ ဒါရာပြန်ရောက်လာတော့ ဘယ်လိုမျိုး တစ်အိုးတစ်အိမ် မိသားစုလေးကို ထူထောင်ကြမလဲ ချမ်းသာတဲ့ ဒါရာတို့ မိသားစုဖက်ကနေ ဘယ်လိုတွေ ပြန်ဝင်ပါလာပြီးတော့ ဘယ်လို အခက်အခဲတွေ ကြုံပြီး ကျော်လွှားကြဦးမလဲဆိုတာကို ကြည့်ရမယ့် အင်ဒိုနီးရှား မိသားစုဒရမ်မာကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

7.8 2024 106 mins
Two Blue Hearts aka Dua Hati Biru
Shoshana
6.5

ဒီ ဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်မစတင်ခင်အချိန်နဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်တွေအတွင်း ပါလက်စတိုင်းကို စတင်အခြေချရွှေ့ပြောင်း လာခဲ့ကြတဲ့ ဂျူးလူမျိုးတွေနဲ့ ဒေသခံအာရပ်လူမျိုးတွေအကြား တင်းမာမှုတွေအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဝီလ်ကင်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒေသတွင်းက အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ တာဝန်ယူထားရသူဖြစ်ပါတယ်။ တယ်အာဗိ ဒေသတွင်းမှာ ဂျူး နဲ့ အာရပ် မြေအောက်တော်လှန်ရေးအဖွဲ့ အစည်းတွေအများကြီးခြေရှုပ်နေကြပြီး အချင်းချင်းလည်း လုပ်ကြံ သတ်ဖြတ်ကြသလို အုပ်ချုပ်သူ ဗြိတိသျှတွေပါ မထင်ရင်မထင်သလို လုပ်ကြံခံနေရတဲ့အခြေအနေလည်းဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ ရှိုရှားနားလို့ခေါ်တဲ့ ဂျူးအမျိုးသမီး နဲ့ ဝီလ်ကင်ဆိုတဲ့ ဗြိတိသျှရဲအရာရှိတစ်ယောက်ရဲ့ အချစ်ရေးနဲ့ နိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ဂျူး-အာရပ်-ဗြိတိသျှ ပဋိပက္ခတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပါ။ File size…1.80GB / 973MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Comedy
6.5 2024 121 mins
Shoshana
Collateral
7.6

Collateral (2004) IMDb Rating (7.5) / Rotten Tomatoes (86 %) နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ်တို့ရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime/Thriller ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကတော့… မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max… ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားလာပါတယ် … သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်…. အဲ့လိုချိန်မှာ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်…. သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ … သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်… မျက်မြင်သက်သေဖြစ်သွားတဲ့ Taxi သမား Max နဲ့ ကြေးစားလူသတ်သမားတို့ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ…..။

Animation • Family • Adventure • Drama
7.6 2004 120 mins
Collateral
Vanvaas
5.7

Vanvaas (2024) အတိတ်နှင့်ပစ္စုပ္ပန် IMDb 6.7/10 မိသားစုဒရမ်မာ ကြိုက်နှစ်သက်သူတိုအတွက် ဟင်ဒီဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကလေးသုံးယောက်နဲ့ မြေးတွေနဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရမယ့် အရွယ် ရောက်ရှိလို‌ နေပြီဖြစ်ဝာဲ့သူက စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ မှတ်ဉာဏ်တွေရောထွေးလိုက် မေ့ပျောက်လိုက် ဖြစ်နေခြင်းရယ်ပါ။ သူ့ဇနီးသည်နဲ့သူ အခုမှ ချစ်စကြင်နာစအရွယ်ရောက်လိုက်၊ ကလေးတွေ ဆယ်နှစ်တောင်မပြည့်သေးတဲ့အရွယ်ရောက်သွားလိုက်၊ ပစ္စုပ္ပန်ကာလကိုရောက်ရှိလာလိုက်နဲ့ သူ့မှတ်ဥာဏ်‌တွေဟာ ရော‌ထွေးနေပါတယ်။ သူဘာလုပ်နေတယ်၊ မနေ့ကဘာလုပ်ခဲ့တယ်၊ အခုလေးတင် ဘယ်ပစ္စည်းကို ဘယ်မှာထားခဲ့တယ်‌ဆိုတာကို မေ့ပျောက်လိုက်နဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်းရင်ဆိုင်နေရပါတော့တယ်။ တစ်နေ့ သူတိုတစ်မိသားစုလုံး ဂင်္ဂါမြစ်ဘေးက ဘုရားပွဲတစ်ခုကို ခရီးတိုလေးထွက်ဖို စီစဉ်ကြပါတယ်။ တစ်နိုင်ငံလုံးက ခရီးသွားတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပါ စည်ကားနေတဲ့နေရာမို သွားလာ လည်ပတ်ရင်း သူနဲ့ကလေးတွေနဲ့ လူစုကွဲသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကလေးတွေ ငယ်ရွယ်စဉ်ကလည်း ပွဲဈေးတစ်ခုမှာ လူစုကွဲ ပျောက်သွားလို သူတိုလင်မယားနှစ်ယောက် ခေါင်းမီးတောက် ရှာဖွေခဲ့ရဖူးတာပါ။ သူ့အနေနဲ့ဒီမှတ်ဉာဏ်နှစ်ခုရောထွေးလို သူ့ကလေးငယ်လေးတွေကို ရှာဖွေနေသေးတယ်အမှတ်နဲ့ လိုက်လံမေးမြန်းနေပါတော့တယ်။ သူ့ကလေးတွေကို သူပြန်ရှာတွေ့ပါ့မလား၊ သူ့မှတ်ဉာဏ်ပြဿနာနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာကို အိန္ဒိယရိုးရာဓလေ့လေးတွေနဲ့အတူ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးမှုကိုပါ ကြည်နူးစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ။

5.7 2024 160 mins
Vanvaas