YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Legend Of Fei (Yau Fei) - Ep33-40.zip

4.43 GB N/A application/x-zip-compressed 775 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thank God
6.9

ကဲ ဂိမ်းကစားရတာကြိုက်တဲ့ပရိတ်သတ်ကြီးတွေအတွက် "Game Of Life" ဆိုတဲ့ ဘဝရဲ့သေရေးရှင်ရေးအားသွန်ခွန်စိုက်ကစားရမယ့် ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ။ ရုံတင်ငွေအနေနဲ့လည်း ကုဋေ ၄၈.၉၂ ပြန်ရခဲ့ပြီး လူတိုင်းအသည်းစွဲမင်းသားကြီးအဂျေးအပြင် အချစ်တော် မင်းသားဆစ်ဒါးလ်လဲ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားကတော့ အပျံ့စားဖြစ်နေမှာပါ။ ဂိမ်းတစ်ခုကို‌ပေါ့ပေါ့ပါးပါးပဲဆော့ကြပေမယ့် အဲဒီဂိမ်းရဲ့အနိုင်အရှုံးက မိမိအသက်ပေါ်မူတည်နေမယ်ဆိုရင်တော့ တစ်ချက်မမှားရဲဘဲ အားသွန်ခွန်စိုက်ဆော့ရတော့မှာမဟုတ်ပါလား? ဒီကားထဲမှာဆိုရင် အာရန်ကပူးက အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်ပါ ပိုက်ဆံဆိုတာ သူ့အတွက်တန်ဖိုးမရှိတော့တဲ့အထိ ပိုက်ဆံတွေအများကြီးရှာဖို့ကတော့သူ့အိပ်မက်ပေါ့။ ဒါပေမယ့်ငွေကြေးအပြောင်းအလဲမှာ လက်ထဲပိုင်ဆိုင်သမျှငွေတွေက သူ့အိပ်မက်အတိုင်း တန်ဖိုးမရှိတော့ဘဲ ကုမ္ပဏီဒေဝါလီခံရတဲ့အပြင်ကို အိမ်ပါရောင်းဖို့ထိဖြစ်လာခဲ့ပါတယ်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ တစ်နေ့ထင်မှတ်မထားတဲ့ အက်ဆီးဒင့်နဲ့ကြုံရပြီး အသက်ပြန်ရှင်အောင် ပြုခဲ့သမျှကောင်းမှုတွေကသာသူ့ကိုကယ်နိုင်မယ့် ဂိမ်းကစားပွဲထဲပါသွားတဲ့အခါမှာတော့... ကပူးတစ်ယောက်ဘယ်လိုတွေရုန်းကန်ရမလဲ? သူ့ရဲ့ကောင်းမှုနဲ့မကောင်းမှုမှာ ဘယ်တစ်ဖက်ကအနိုင်ရသွားမလဲဆိုတာတော့ ခုပဲ Channel Myanmar မှာဆက်လက်ကြည့်ရှုလိုက်ပါရှင်။ File size…1.86GB  / 943MB Quality…1080p HQ HD RIP  /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Hay Man ~ Yunni

Action • Drama • Mystery • Thriller
6.9 2022 121 mins
Thank God
The Batman
7.7

ဒါလည်း အားလုံးကြည့်ချင်နေမယ့် ရုပ်ရှင်ပါပဲ။ Rating 8.3 ထိ ရထားတဲ့ တစ်မျိုးဆန်းသစ်တဲ့ ဇာတ်လမ်းပါပဲ။ မင်းသားကလည်း တွိုင်းလိုက်ရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဒါမှမဟုတ်နာမည်ကျခဲ့တဲ့ ရောဘတ် ပတ်တီဆန်ပါပဲ။ ဒီအထဲမှာ catwoman ကိုလည်း မိတ်ဆက်ထားပြီး အဓိက ဗီလိန်ကတော့ ရစ်ဒလာ ဆိုတဲ့ နာမည်ကျော်ဘတ်မန်းဗီလိန်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း စုံထောက်ဆန်ဆန် ပဟေဠိတွေနဲ့ တည်ဆောက်ထားတာမို့ ထိုင်ရမထ ကြည့်ချင်မယ့် ရုပ်ရှင်မျိုးပါပဲ။ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး။ File size…(4.4 GB)/(1.8 GB)/(1 Gb)/( 500 Mb) Quality….WEB-DL 4K HEVC / 1080p / 720p / 480p Format…mp4 Duration….02:56:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson, Nyeinsaeya Aung Translated by Mr. Anderson

Action • Comedy • Drama
7.7 2022 177 mins
The Batman
Dream Palace
8

ယောက်ျားဖြစ်သူကို လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဆုံးရှုးခဲ့ရပြီး နစ်နာကြေးရခဲ့တဲ့ပိုက်ဆံနဲ့ Dream Palaceလိုခေါ်တဲ့ တိုက်ခန်းအသစ်ဆီ ပြောင်းလာတဲ့ဟယ်ဂျောင်... အိမ်အသစ်မှာ အဆင်မပြေတာတွေရှိလို ကုမ္ပဏီကို တိုင်ကြားချင်ပေမယ့် အခြားနေထိုင်သူတွေက ဒီသတင်း ပေါက်ကြားပြီး တိုက်ခန်းစျေး ကျသွားမှာကိုပဲ စိတ်ပူနေကြပါတယ်.... တစ်ချိန်တည်းမှာပဲ မိတ်ဆွေဟောင်းဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး သူမနေတဲ့ တိုက်ခန်းမှာပဲ ဈေးသက်သာစွာနဲ့ တိုက်ခန်းဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ် တိုက်ခန်းစျေးကျသွားမှာကို စိုးရိမ်နေကြတဲ့ အခြားနေထိုင်သူတွေနဲ့ဟယ်ဂျောင်ကြားမှာ ဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး.... File size : 1.8GB/ 667MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 1h 51min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Horror • Science Fiction
8 2023 112 mins
Dream Palace
Phantom Wild Flower
5.9

Action ကြိုက်သူCMပရိသတ်ကြီးအတွက် ဟောင်ကောင်ဂျက်မ Naked Weapon စတဲ့နာမည်ကြီးကားတွေလိုပဲ မစ်ရှင်အောင်မြင်ဖို့အတွက်အလှအပမာယာတွေနဲ့ တိုက်ခိုက်စွမ်းရည်ပြည့်ဝတဲ့ မိန်းကလေးအထူးတပ်ဖွဲ့အကြောင်းကို ရိုက်ထားတဲ့အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်အိမ်ကတော့ဂျပန်တွေကျူးကျော်ဝင်လာတဲ့ မတည်ငြိမ်တဲ့ခေတ်ကာလကြီးကိုအခြေပြုထားတာပဲဖြစ်ပါတယ်။ လောကကြီးမှာဖက်တွက်စရာမရှိတော့တဲ့ အထီးကျန်မိန်းကလေးတွေ ပြည်သူတွေအေးချမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုပေးဆပ်ဖို့ဝန်မလေးတဲ့ မိန်းကလေးတွေကိုစုစည်းပြီး လျို့ဝှက်လေ့ကျင့်သင်တန်းပေးပြီး လျှို့ဝှက်ပြီးတရားမျှတတဲ့အမျိုးသမီးအထူးတပ်ဖွဲ့ကိုတည်ထောင်ထားဖြစ်ပါတယ်။ သူတို့ဟာပန်းလေးတွေလိုပဲ လှပစွာညှို့ငင်ပြီး ရည်မှန်းချက်ကိုရအောင်ယူဖို့နည်းမျိုးစုံနဲ့လုပ်ကိုင်တတ်ကြသူတွေပါ။ မမလှလှတွေရဲ့ကြမ်းကြမ်းရမ်းရမ်း အက်ရှင်တွေအပြင် တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့တပ်ဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းကြားမှာ အချစ်ဆိုတဲ့ချိုမြတဲ့ခံစားချက်လေးဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ…… သူတို့ထင်မှတ်ထားတဲ့တရားမျှတခြင်းဟာ တရားမျှတမှုအစစ်အမှန်ဟုတ်ရဲ့လား…… အချစ်ဆိုတာကရောအချစ်စစ်ဟုတ်ရဲ့လား…… ရှေ့ဆက်ပြီးဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဖန်သားပြင်မှာပဲဆက်လက်ကြည့်ရှုလိုက်ပါနော်……

Action • Thriller
5.9 2022
Phantom Wild Flower
All Saints Christmas
5.7

All Saints Christmas(2022) လစ်ဇက်နဲ့ မတ်သရူးတို့ဟာ အောင်မြင်ပြီးသား အဆိုတော်နှစ်ယောက်ပေါ့ လက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာ break up ဖြစ်ထားတယ် လစ်ဇက်ကလည်းသူ့ဟာသူshow ပွဲတွေဆက်ဆို မတ်သရူးကလည်း music producing အပိုင်းတွေလုပ်ပြီး အဆက်သွယ်ပြတ်နေကြတဲ့ ရည်းစားဟောင်းတွေပေါ့ ဒါပေမယ့် အမှတ်မထင် ခရစ္စမတ်အတွက်စျေးဝယ်ထွက်လာရင်း အခုခေတ်လို social media ခေတ်ထနေတဲ့အချိန်မှာ သူတို့နှစ်ယောက်ပြန်တွဲနေကြပြီဆိုပြီး သတင်းတွေတက်လာတော့တာပေါ့ အဲ့မှာမိသားစုတွေရော သူငယ်ချင်းတွေရော ပရိတ်သတ်တွေကပါ အထင်မှားနေတဲ့ကိစ္စကိုပြေလည်အောင်နှစ်ယောက်ဘယ်လိုတွေဖြေရှင်းနေရင်းနဲ့ အချိန်အတန်ကြာငြိမ်းနေခဲ့တဲ့သူတို့ရဲ့အချစ်မီးတောက်လေး ဘယ်လိုပြန်အစပျိုးလာမလည်းဆိုတာ ခရစ္စမတ်ကာလ အေးအေးလေးမှာ အပန်းဖြေကြည်ကြည့်ကြပါ FA တွေလည်းကြည့်လို့ရပါတယ်နော် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:24:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama
5.7 2022 84 mins
All Saints Christmas
Police Story
7.5

ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။ ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ မျက်မြင်သက်သေမစ္စဖောင်ကို ကာကွယ်ဖို့အတွက် ကယ်ဗင်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ချူထောင်ဟာ တရားခွင်မှာ မစ္စဖောင်တစ်ယောက် ဝန်ခံထုတ်ပြောမှာစိုးတဲ့အတွက် မစ္စဖောင်ကိုရော ကယ်ဗင်ကိုပါ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.5 1985 99 mins
Police Story
Blood Diamond
8

Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

8 2006 143 mins
Blood Diamond
Snatched

အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကို ခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ.. သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီး လမ်းခွဲခံလိုက်ရပါတယ်။ အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊ သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင် ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့် အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အ ားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင် အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက် ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင် ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင် သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါ ကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size… 1.7 GB / 828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Drama
0 2017
Snatched
Something You Said Last Night
5.6

Something You Said Last Night (2022) ~ IMDb – 5.6/10, RT – 93%, Meta – 78% ~ ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိ‌သေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာ‌‌ကားလေးပါပဲ။ ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 770MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.6 2022 96 mins
Something You Said Last Night
The Taste of Things
7.6

The Taste of Things ( 2023 ) Directed by Tran Anh Hung ဗီယက်နမ်နွယ်ဖွား ပြင်သစ်ဒါရိုက်တာ Tran Anh Hungကို အနည်းဆုံးတော့ မူရာကာမိဝတ္တုကိုပြန်ရိုက်ထားတဲ့ Norwegian Wood ရုပ်ရှင်နဲ့ တော်တော်များများသိကြတယ်။ သူဟာ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင် The Scent of Green Papayaကစလို့ Cyclo, The Vertical Ray of the Sun , I Come with the Rain, Eternity, အခု ဒီနှစ်နောက်ဆုံးထွက်တဲ့ The Taste of Thingsအထိ ရိုက်သမျှကားတိုင်း အကုန်ကောင်းနေတဲ့ ဒါရိုက်တာလို့ပြောရမယ်။ အခု The Taste of Thingsနဲ့ Cannesမှာ Best Directorဆုလည်းရထားခဲ့တယ်။ The Taste of Thingsဟာ ပြင်သစ်ဒါရိုက်တာ ရိုက်တဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်တဲ့အတွက် ဒီနှစ်ပြင်သစ်မှာ အော်စကာဆန်ခါတင်ဝင်ဖို့ စာရင်းတင်စရာ အဓိကရုပ်ရှင်၂ကားရှိခဲ့တယ်။ The Taste of Thingsနဲ့ Anatomy of a fallတို့ပါပဲ။ the taste of things ဟာ အော်စကာ Shortlistedထဲဝင်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ဆန်ခါတင်စာရင်းထဲ ပါမလာခဲ့ဘူး။ အင်တာနေရှင်နယ်ဖီးချားမှာ ပြင်သစ်ရုပ်ရှင်ဟာ ဆန်ခါတင်မဝင်ခဲ့ဘူး။ Anatomy of a fallကိုတော့ Bpထဲအထိ ကောက်ထည့်ထားတော့ သူ့သာရွေးခဲ့ရင်တော့ ဆန်ခါဝင်ဝင်သွားလောက်မှာပဲ။ တကယ်ပဲ ပြင်သစ်ဘက်က The Taste of Thingsကို Anatomy of a fallထက် ပိုကြိုက်လို့ရွေးတာလားတော့မသိနိုင်ပေမဲ့ Anatomy of a fallရဲ့ ဒါရိုက်တာ Justine Trietဟာ ကိန်းမှာ မိန့်ခွန်းပြောတဲ့အချိန် ပြင်သစ်အစိုးရကို ဝေဖန်ခဲ့လို့ ဒီလိုလုပ်တာလို့လည်း ကောလာဟလတွေထွက်နေခဲ့တယ်။ ဘာပဲပြောပြောပါ။ သူတို့ဘယ်လိုပဲတွေးတွေး ဒီရသမတူတဲ့ ရုပ်ရှင်၂ကားကို ဘယ်ကားပိုကောင်းလဲဆိုတာက ကြည့်တဲ့လူက ဘယ်လိုရုပ်ရှင်တွေကို ပိုသဘောကျလဲဆိုတဲ့အပေါ် မူတည်နေမှာဖြစ်သလို ဒီရုပ်ရှင်၂ကားလုံးဟာ ပြောင်မြောက်တဲ့ အနုပညာတွေဖြစ်နေတဲ့အတွက် ဘယ်ကားကပိုသာတယ်လို့ တစ်ကိုယ်ရေထင်မြင်ချက်ထက်ပိုပြီး အကဲဖြတ်ခွင့်လည်း ကျွန်တော်တို့မှာ ရှိမနေပါဘူး။ The Taste of Thingsက အချက်အပြုတ်ရုပ်ရှင်တစ်ကားပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကြုံနေကျ အချက်အပြုတ်ရုပ်ရှင်တွေနဲ့မတူတာက ဟင်းချက်တာကိုပြတာထက် ဟင်းစားတာကိုပြတာက ပိုအလေးသာနေတဲ့ တစ်ချက်ပဲ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ကိုယ်တိုင်ကိုက ပြိုင်ဘက်ကင်းစာဖိုမှူးတစ်ယောက်ဖြစ်ပေမဲ့ ချက်ရတာထက် စားရတာကို ပိုအားသန်တဲ့ ဇာတ်ကောင်မျိုးအဖြစ် ပုံဖော်ထားတယ်။ ရုပ်ရှင်အရတော့ ပြိုင်ဘက်ကင်းစာဖိုမှူးပေမဲ့ ဟင်းတော့မချက်တော့ပုံပါပဲ သူ့မိတ်ဆွေတွေအတွက်နဲ့ သူ့အတွက်သူကလွဲ မချက်ဘူး။ နောက် သူကိုယ်တိုင်ချက်တာကို ကျွန်တော်တို့ တော်တော်နဲ့ မြင်ရမှာမဟုတ်ဘူး။ သူက လျှာကဝေလို့ခေါ်တဲ့ အစားကောင်းကြိုက်တဲ့လူဖြစ်တဲ့ဘက်ကို ပိုအားသန်ပြီး နည်းနာညွှန်ပြပေးပေမဲ့ တကယ်ချက်ရတဲ့ ထမင်းချက်ဟင်းချက်က သက်သက်ရှိနေတယ်။ ဒါရိုက်တာနဲ့ စီနီမာတိုဂရပ်ဖာလိုပေါ့။ အစားကောင်းအသောက်ကောင်းကြိုက်တဲ့လူဆိုတော့ သူနဲ့ အဲဒီထမင်းချက်မိန်းမက အမြဲအတူတူနေတယ်။ နှစ်ပေါင်း၂၀ကြာအောင် အတူတူနေလာပြီးတဲ့နောက် သံယောဇဉ်လည်းရှိလာသလို လိင်မှုကိစ္စတွေလည်း သူတို့ကြားမှာရှိလာခဲ့တယ်။ သူတို့ချင်း ချစ်မိလာခဲ့တယ်။ သူတို့ရဲ့ဆက်ဆံရေးကလည်း ဒီဇာတ်လမ်းရဲ့ အခရာတစ်ခုပေါ့။ တစ်နေ့သူ့ကို အူရားရှားက တော်ဝင်မင်းသားတစ်ပါးက ထမင်းစားဖိတ်လာတယ်။ သူ့စားဖိုမှူးရဲ့ လက်ရာကို လက်စွမ်းကြွားချင်တဲ့ပုံစံမျိုးပဲ။ ရေရေရာရာတောင်မပြထားဘူး။ ဒီတော့ သူနဲ့ သူ့မိတ်ဆွေတွေ ၈နာရီကြာစားရတဲ့ ဟိတ်ကြီးဟန်ကြီးနိုင်တဲ့ ဟင်းအမည်တွေ အချိုပွဲတွေ ဝိုင်တွေ တစ်မျိုးပြီးတစ်မျိုးဆက်တိုက်ချနေတဲ့ အဲဒီပွဲကို သွားစားကြတယ်။ ဟိတ်ကြီးဟန်ကြီးပေမဲ့ အနှစ်သာရမရှိလေတော့ လျှာကဝေတစ်အုပ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်ပေါ့။ ဒီနောက် သူက အဲဒီမင်းသားကို ထမင်းစားပြန်ဖိတ်ဖို့ကြံပြီး ဟင်းလျာမီနူးကို စဉ်းစားတယ်။ မင်းသားရဲ့ ထမင်းပွဲနဲ့ ဆန့်ကျင်ဘက်ပဲ သူ့ဟင်းလျာကတော့ ရိုးတာမှ တော်တော်ရိုးတဲ့ ဟိုးရှေးပဝေဏသီကတည်းက လယ်သမားကစလို့ ဘုရင်အဆုံး ပြင်သစ်တစ်နိုင်ငံလုံး စားကြတဲ့ နိုင်ငံတော်ဟင်းလျာလို့ခေါ်တဲ့ Pot-au-feu။ အဲဒီဟင်းလျာက တကယ်ဆိုရှင်းရှင်းလေးပဲ အသားနဲ့အရွက်ပြုတ်တွေရယ် ဟင်းရည်ရယ်ကိုပဲ တည်ခင်းပေးတာ။ ဒီလိုအရိုးရှင်းဆုံးဟင်းကိုမှ စားဖိုမှူးက တည်ခင်းတဲ့ ဇာတ်ကတော့ မဆန်းတော့ဘူး။ အချက်အပြုတ်ကားတော်တော်များများမှာ ကျွန်တော်တို့မြင်ဖူးပြီးသားပဲ ဒါပေမဲ့ အလှည့်အပြောင်းကတော့ မြင်နေကျမဟုတ်ခဲ့ဘူး။ ဒီဇာတ်ဟာ ပြောခဲ့သလို အချက်အပြုတ်ဇာတ်ပါပဲ။ ဒါပေမဲ့ အစားအသောက်ကို အရသာခံတဲ့ဇာတ်လို့ ပြောရင်တော့ ပိုမှန်ကောင်းမှန်လိမ့်မယ်။ ဟင်းလျာနာမည်တွေက ပြင်သစ်နာမည်တွေနိုင်းချင်းနဲ့မို့ ဟင်းလျာတော်တော်များများကတော့ ကျွန်တော်တို့ခေါင်းထဲရောက်သွားမှာမဟုတ်ပေမဲ့ သူအဓိကပြချင်တဲ့ ဟင်းလျာတွေကတော့ ကောင်းကောင်းကြီး ရောက်သွားပါလိမ့်မယ်။ The Taste of Thingsဟာ အရသာတွေအကြောင်း, အဲဒီအရသာတွေကို တန်ဖိုးထားတတ်တဲ့လူတွေအကြောင်း, အဲဒီအရသာတွေ ထွက်လာဖို့ ကြိုးပမ်းကြသူတွေအကြောင်းပါပဲ။ ဒီရုပ်ရှင်ထဲက ဥရောပဟင်းလျာတွေဟာ ကြည့်လိုက်ရင် ရိုးရှင်းပေမဲ့ ကျွန်တော်တို့ မြင်နေကျတွေမဟုတ်တော့ ဆန်းပြားတယ်လို့ ခံစားရတဲ့ဟင်းလျာတွေ အတွဲအစပ်တွေပါပဲ။ The Taste of Things ကိုယ်တိုင်ကလည်း ရိုးရှင်းပေမဲ့ ဆန်းပြားတယ်လို့ ခံစားရမယ့် အတွဲအစပ်ကို ပေးစွမ်းနိုင်မယ့် ရုပ်ရှင်လို့ပြောရပါလိမ့်မယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_( 2.5GB)/( 1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:05:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.6 2023 135 mins
The Taste of Things
Green Lantern: Emerald Knights
6.7

Green Lantern: Emerald Knights (2011) IMDb – 6.7/10 2011 မှာ ထွက်ခဲ့တဲ့ Green Lantern animation ရုပ်ရှင်ပါ။ ပထမပိုင်းနဲ့ ဇာတ်အိမ်အနည်းငယ် သွေဖီသွားပြီး ဆင်နက်စ်ထရိုကို ဒီကားမှာ လူကောင်းအဖြစ် ပြန်တွေ့ရမှာဖြစ်သလို “First Flight” မှာ သေသွားတဲ့ တိုးမားရီးလဲ ပြန်ပါလာပါတယ်။ ဇာတ်လမ်းကတော့ အိုအာကို ဖျက်ဆီးဖို့ သံန္နိဌာန်ချထားတဲ့ ခရိုနာရဲ့ ရန်ကို တားဆီးဖို့ မီးအိမ်စိမ်းတို့ ကြိုးစားကြမှာပါ။ ဇာတ်လမ်းထဲမှာ အယ်ဘင်ဆော်ရ်ရဲ့ ဇာတ်ကြောင်း၊ ကီလိုဝေါ့ဂ်ရဲ့ ဇာတ်ကြောင်း၊ လိုင်ယာရဲ့ ဇာတ်ကြောင်းနဲ့ မိုဂိုရဲ့ ဇာတ်ကြောင်းတို့ကိုလည်း သီးသန့်ပုံစံနဲ့ ပြောပြသွားပါလိမ့်မယ် File size… 1.7 GB / 842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Boomer

Drama • TV Movie
6.7 2011
Green Lantern: Emerald Knights
Below

IMDb- 6.1/10 Below ဟာ 2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပြီး စစ်ပွဲနောက်ခံ horrorကားအဖြစ် လူကြိုက်များခဲ့တာပါ။ ဇာတ်လမ်းက 1943 ခုနှစ် ဒုတိယကမ္ဘာစစ် အချိန်ကာလကို အခြေခံထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော USS Tiger Shark ဟာအတ္တလန်တိတ်သမုဒ္ဒရာအတွင်းကင်းလှည့်နေစဉ် အင်္ဂလိပ် သင်္ဘောတစ်စင်းနစ်မြှပ်မှုမှ အသက်ရှင်ကျန်သူသုံးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်ဂျာမန် ဖျက်သင်္ဘောထံမှလွတ်မြောက်ခဲ့ပေမဲ့ ရေငုပ်သင်္ဘော အတွင်းမှာ ထူးဆန်းတဲ့ရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုအချိန်မှာအချင်းချင်းသံသယဖြစ်လာကြပြီး မမြင်နိုင်တဲ့တစ်ခုခုက သူတို့ကိုခြိမ်းခြောက်နေတယ်ဆိုတာ သိလာကြပါတယ်။ စစ်ပွဲရဲ့ဖိအားအပြင် မမြင်နိုင်တဲ့ တစ်ခုခုရဲ့ ဆိုခြိမ်းခြောက်မှုကိုခံရတဲ့အခါ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအပြင် အသက်အန္တရာယ်ကိုယ်စီပါ ကြုံလာရပါတော့တယ်။ အဘယ်ကြောင့် ဒီလိုထူးဆန်းတာတွေဖြစ်ပြီး အသက်အန္တရာယ်တွေကြုံလာလဲဆိုတာတော့ကြည့်ရှုသူပရိတ်သတ်တွေပါ ဇာတ်ကောင်တွေနဲ့လိုက်ပြီး အဖြေရှာရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ဖိအားအပြင် မမြင်နိုင်တဲ့ မကောင်းဆိုးဝါးနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ စစ်သားတွေရဲ့ အတွေ့အကြုံတွေကို ပြသထားတာပါ။ ကြည့်ရတာတော်တော်လေး thrilling ဖြစ်ပြီး စိတ်ဝင်စားဖို့လဲကောင်းပါတယ်။ File size…(2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Meteor

0 2002
Below
Jaque Mate
5.5

အက်ရှင်ကားစောင့်မျှော်နေသူတွေအတွက် အသစ်ထွက်ရှိတဲ့ စပိန် ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။အက်ရှင်နဲ့ဇာတ်လမ်းဇာတ်ကွက်တွေက အရမ်းအကြမ်းကြီးမဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ အပျင်းပြေ ကြည့်လို့ကောင်းတဲ့အတွက် နားနားနေနေပေါ့ပေါ့ပါးပါးကြည့်လို့ ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ ဇာတ်ကားနာမည်ကတော့ Checkmate ဖြစ်ပြီး စပိန်နိုင်ငံကျော် မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒူကဲဆိုတဲ့လူက နိုင်ငံတကာထောက်လှမ်းရေးအေးဂျင့်ဟောင်း တစ်ယောက်ဖြစ်ပြီး တာဝန်ကြောင့်သူ့အစ်ကိုသေဆုံးခဲ့ပြီး နောက်မှာတော့ ရာထူးကနေအနားယူခဲ့ပါတယ်။ဒီလိုနဲ့ ၃ နှစ်ဆိုတဲ့ အချိန်တစ်ခုကြာသွားခဲ့ပြီးနောက်မှာတော့ သူ့အစ်ကိုရဲ့သမီး သူ့တူမဟွာနာက သူ့ဆီရောက်လာခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူ့တူမရောက်လာတဲ့နေ့မှာပဲ သူ့အိမ်တိုက်ခိုက်ခံခဲ့ရပြီး သိပ်မကြာခင် မှာပဲတူမဖြစ်သူကိုလူဆိုးတွေကဖမ်းဆီးသွားပါတော့တယ်။ သူ့တူမကိုပြန်ရွေးဖို့အတွက် ဆီးချိုရောဂါပျောက်တဲ့ဆေးနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကိုသွားခိုးပြီးလာလဲခိုင်းတဲ့ အခါမှာတော့ သူ့ရဲ့အရင်တုန်းကအသိအကျွမ်းအဖွဲ့ဝင်တွေကို ပြန်စုဆောင်းပြီး တူမဖြစ်သူကိုပြန်ရွေးဖို့ကြိုးစားပုံတွေကို အက်ရှင် ဒရာမာ ဟာသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.59GB /897MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Jaque Mate
Baiyunzhai Strange Tales
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ပိုင်ယွင်မြို့ဆိုတဲ့ အေးချမ်းတဲ့ မြို့ငယ်လေးတစ်မြို့မှာ လူတချို့ အဆက်မပြတ် ထူးဆန်းစွာ သေဆုံးသွားကြပါတယ်။ အရင်ဆုံး လျိုမာကျီက ရေခပ်ရင် သေသွားခဲ့ပြီး သူ့နာရေးက အပြန် ဝက်သတ်သမားဟာ မိသားစုဝင်တွေကို ဝက်သတ်သလို သတ်ထားခဲ့ပါတယ်။ အဲဒီနောက်မှာ လျိုယွင်ကျိုင်းဆိုတဲ့ နာရေးပစ္စည်းဆိုင်က ဆိုင်ရှင် အခေါင်းဘုရင်က မကောင်းဆိုးဝါး ဝင်ပူးသလိုဖြစ်ပြီး ရပ်သူရွာသားတွေက ကြောက်လန့်ကြတဲ့အတွက် သူတို့ကို မြို့အပြင်ကို နှင်ထုတ်ခဲ့ပါတယ်။ နောက်ဆုံး တုန်းဖန်းအရက်ဆိုင်က ဆိုင်ရှင် တုန်းဖန်းရှော့ဟာ ထူးဆန်းစွာနဲ့ အရူးတစ်ယောက်လို နေ့ညမနားတမ်း အရက်သောက် အသားစားနေခဲ့ပါတယ်။ ဒီအဖြစ်တွေကြောင့် ခရီးထွက်လာတဲ့ ဆရာကြီးမာစန်းရဲကို ဖြေရှင်းပေးဖို့အကူအညီတောင်းလာခဲ့ပါတယ်။ လောကမှာ တကယ်ပဲ တစ္ဆေသရဲဆိုတာ ရှိသလား…… မြို့ထဲက ထူးဆန်းတဲ့ အဖြစ်တွေက သရဲလုပ်တာလား လူလုပ်တာလား…… မာစန်းရဲကရော ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2025
Baiyunzhai Strange Tales