YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Legend.Of.Condor.Heroes.EP33.mp4

342.85 MB 720p video/mp4 176 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lionel Messi: Destiny
7

Lionel Messi: Destiny (2023) ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်း​ခေါင်း​ဆောင် လီယွန်နယ်မက်ဆီတစ်​ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်​မြောက်ကမ္ဘာ့ဖလားဖြစ်သလို ​နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အ​ခြေအ​နေမှာ ​​ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီ​ရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှု​တွေရှိ​သလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီ​ယေဂိုမာရာဒိုနာ စွမ်း​​ဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူ​ပြီး အာဂျင်တိုင်း​တွေရဲ့ ဂန္ထဝင်အစစ်ဖြစ်​နိုင်မလား ​​စောင့်ကြည့်ခဲ့သူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။ ဒါ​ပေမဲ့ လီယိုက ဒီဖိအား​နဲ့ သံသယ​တွေကို အ​ကောင်းဆုံး​ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရ​ရှိအောင် ဦး​ဆောင်ခဲ့သလို အ​ကောင်းဆုံးဆုဖြစ်တဲ့ ရွှေ​ဘောလုံးဆုကိုပါ အရ​ယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦး​​ဆောင်မှု​တွေ အာဂျင်တိုင်းအသင်းသား​တွေရဲ့ ပေးဆပ်ကစားမှု​တွေကို မြင်​တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတ​လျှောက် အ​ကောင်းဆုံး Highlight​ တွေကိုပါ ပရိသတ်​တွေအ​နေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအ​နေနဲ့က​ နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့ "Messi has shaken hands with paradise" အစချီတဲ့ Iconic Monologue​​s ကို ပြန်ခံစားချင်​ပေမယ့် BBC ရဲ့ Docu ဖြစ်​နေတဲ့အတွက် BBC ပွဲတင်ဆက်သူ​တွေရဲ့​ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလား​အောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်​ရတဲ့ အ​ကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p TMDb Rating - 7/10 Format - mp4 Duration - 1H Genre - Documentary, Sport Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama • Sci-Fi & Fantasy
7 2023 59 mins
Lionel Messi: Destiny
Congo
5.5

၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ် File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M

Action • Comedy • Drama • Romance
5.5 1995 109 mins
Congo
Ram Gopal Varma Ki Aag
2.1

ကလည်းက ချလည်းချပြီး ဘောလိဝုဒ်ရဲ့အကျော်မော် မင်းသားနှစ်ယောက်ဖြစ်တဲ့ အမီတာဘချမ်းနဲ့ဗီဂျေးတို့ အပြိုင်ကြဲထားတဲ့ အဟောင်းထဲက ဇာတ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသားတွေဖြစ်တဲ့ ဟီရိုနဲ့ရာ့ဂ်ျတို့ဟာ လက်ရှိအလုပ်ကပြုတ်လာပြီး မွန်ဘိုင်းကိုရောက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ရရာအလုပ်၀င်လုပ်ရင်း ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့အခါမှာ သူတို့သူငယ်ချင်းနှစ်ယောက် ရဲတွေနဲ့ပူးပေါင်းပြီး လူဆိုးတွေကိုဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်နေရမှာပါ။ ဇာတ်ကားရဲ့အဓိကဗီလိန်ဖြစ်တဲ့ ဘာ့ဘန်းရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကိုယ်တိုင်ပါကြက်သီးထမိလောက်အောင်ကို ပီပြင်လွန်းတဲ့အပြင် မင်းသားနှစ်ယောက်ရဲ့စော်ရှိတ်ပုံတွေကလည်း နှစ်ချို့FAဂေါင်းကြီးတို့အတွက် မနာလိုလွန်းချင်စရာတွေဖြစ်နေမှာပါ။ ဒီကားမှာလူသတ်တာ၊ကြမ်းတာ၊ရမ်းတာတင်မကပဲ အပြင်ဘက်မှာ ဘယ်လောက်ပဲကြမ်းတမ်းနေမှာစေ အတွင်းထဲမှာတော့ချစ်တတ်တဲ့စိတ်က လူတိုင်းမှာရှိနေပါတယ်ဆိုတာကိုပါ ရိုက်ပြသွားပါသေးတယ်။ ခေါင်းယမ်းပြီးစကားမပြောပေမယ့် ခါးယမ်းပြီး က သေးတာမို့ အိန္ဒိယကားချစ်သူတွေအတွက် အိန္ဒိယကားအရသာလည်း ခံစားနေရဦးမှာပါ။ File size…2.8GB / 1.4GB Quality…1080p WEBRIP AAC2.0CH / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko

2.1 2007 163 mins
Ram Gopal Varma Ki Aag
Samajavaragamana
7

Samajavaragamana(2023) IMDb-8.1/10 ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကို ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။ မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်း ကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။ သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။ အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်း ပြုံးရင်း ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ) File size…2.63GB  / 1.24GB  Quality…1080p WEBDL  / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Zwe~BpL~Cherry~Yunni

7 2023 129 mins
Samajavaragamana
Love in Disguise
5.6

Love in Disguise (2010) ဂူဂူး (Liu Yifei) ပရိတ်သတ်တွေရဲ့ ပြသနာကတော့ အသည်းကျော်လေးဟာ ကားရိုက်နည်းတာပါပဲ… ဒီတော့လဲ အရင်ကရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေကိုပဲ တသသပြန်ကြည့်နေရတာပေါ့… ခုတခါတော့ ၂၀၁၀ တုန်းက မင်းသား Leehom Wang နဲ့ရိုက်ကူးထားတဲ့ Romance Comedy ဖန်စီဇာတ်ကားလေး Love in Disguise ကို ကြည်တောက်ရှင်း Quality လေးနဲ့တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ … အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် တုမင်းဟန် ဟာ တစ်ရက်တော့ ကောင်မလေးတစ်ယောက်ရဲ့ တေးသံသာကို ကြားလိုက်ရချိန်မှာ အာရုံသစ်တွေ၊ အမြင်သစ်တွေကို စတင်ခံစားခဲ့ရပြီး ကောင်မလေးကိုလည်း မေ့မရနိုင်အောင် ဖြစ်သွားခဲ့တယ်။ ဒါနဲ့ပဲသူဟာ ကောင်မလေးတက်တဲ့ ဂီတကျောင်းကို လိုက်စုံစမ်းရင်း သူ့ကိုယ်သူလည်း နာမည်ကျော်မှန်းမသိအောင်၊ ကောင်မလေးနဲ့လည်း နီးစပ်အောင် ရုပ်ဖျက်ပြီး ကျောင်းတက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂီတနယ်ပယ်မှာ အောင်မြင်ပြီးသားဖြစ်တဲ့ တုမင်းဟန်ဟာ ကောင်မလေးနဲ့ နီးစပ်ဖို့အရေး ပေးဆပ်လိုက်ရတဲ့ ကျော်ကြားမှုတွေ၊ တေ့လွဲလေးတွေ၊ ဟာသတွေ၊ ဒရာမာတွေကို ပေါ့ပေါ့ ပါးပါးကြည့်ရှုခံစားပြီး မိုးရာသီနေ့ရက်လေးတွေကို ဖြတ်သန်းဖို့ Love in Disguiseဆိုတဲ့ တရုတ်အချစ်ဟာသကားလေးကို ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှတင်ဆက်ထားပါတယ်။)

TV Movie • Comedy • Romance • Fantasy
5.6 2010
Love in Disguise
A Bridesmaid in Love
5.5

A Bridesmaid in Love (2023) ===================== အချစ်ဇာတ်ကားတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် ရိုမန်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကတ်သရင်းဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်တွေမှာ သတို့သမီးအရံ‌အနေနဲ့ ကူညီပေးတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ သူမသူငယ်ချင်းမက်ဇင်းရဲ့ မင်္ဂလာပွဲအတွက် ကူညီပေးရင်း လွန်ခဲ့တဲ့ဆယ်ခုနစ်ကခင်ခဲ့တဲ့မက်ဇင်းရဲ့အကို မက်ထ်နဲ့ပြန်ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေပြောင်းလဲ လာမလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရူခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်) File Size……….(1.53 GB) / (624 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator……Nang Aye Myat Phoo Encoder……….SWM

5.5 2023 85 mins
A Bridesmaid in Love
Aloevera
7.6

Gnomeo & Juliet (2011)ဆိုတဲ့ သိပ်ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်က Gnomeo & Juliet(2011)ကနေ inspiredယူပြီး ရိုက်ကူးထားတဲ့ အာဖရိကန်သား ဂါနာလူမျိုးတွေရဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ကြက်ဥနဲ့ ကြက်မဘယ်ကစသလဲနဲ့ တက်သွားတဲ့ ပြဿနာကနေ အသိုင်းအဝိုင်းနှစ်ခု ကွဲသွားပါသတဲ့။ ဇာတ်လမ်းနာမည်ကအတိုင်း အာလိုဆိုတာက တစ်ဖက် ဗယ်ရာဆိုတာကတစ်ဖက်။ နှစ်ဖက်စလုံးက ကြားထဲမှာနယ်နိမိတ်စည်းတစ်ခု ခြားထားပြီး အပ်တိုလေးတစ်ချောင်းတောင် အကျော်မခံကြပါဘူး။ လူတယောက်ပဲဖြစ်ဖြစ် အရာ၀တ္ထုတစ်ခုပဲဖြစ်ဖြစ် နယ်နိမိတ်စည်းကို ကျော်လာတိုင်း တစ်ဖက်စီကနေ သူရဲကောင်းရွေး ယှဉ်ပြိုင်စေပြီး ရှုံးရင် ကျွန်အဖြစ်နဲ့သိမ်းယူပါတယ်။ ဒီလို တစ်ဖက်နဲ့ တစ်ဖက်မသင့်မြတ်တဲ့ကြားကနေပဲ နှစ်ဖက်အသိုင်းအဝိုင်းခေါင်းဆောင်ကြီးတွေရဲ့ သားနဲ့သမီးဖြစ်သူတို့ ချစ်မိသွားကြတဲ့အခါမှာတော့ အာလိုဗယ်ရာဆိုတဲ့ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

7.6 2020
Aloevera
The Inventor
5.9

The Inventor က ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Berry, Stephen Fry စသူတွေ ပါဝင်အသံသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင် 1500 ခုနှစ် ဝန်းကျင် ခေတ်လွန်ပညာရှင် လီရိုနာဒိုဒါဗင်ချီရဲ့ ဘဝနှောင်းပိုင်း အကြောင်းတွေ သူ့ဘဝမီးစာကုန်ခနီးအချိန်တွေမှာ ဘယ်လိုရုန်းကန်မှုတွေ ရင်ဆိုင်ခဲ့ရလဲ ဘာတွေကို ရှာဖွေနေခဲ့တာလဲ သူနောက်ဆုံးမှာရော အောင်မြင်သွားမှာလား စတာတွေကို သူ့ဘဝအကြောင်း လေ့လာရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File size…1.58GB / 717MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.9 2023 92 mins
The Inventor
GirlHouse

“Girl House” ဆိုတဲ့ ရုပ်ရှင်ဟာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းနဲ့ ကြည့်ရတာကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။”Girl House” ဟာ အွန်လိုင်းတွင် လူကြီးအကြည့် စီစဉ်မှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ လူငယ်မိန်းကလေးတွေကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒီအလုပ်ကို လုပ်ရင်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့် ကောင်မလေး Kylie (Ali Cobrin) ရဲ့ အတွေ့အကြုံကို ပုံဖော်ပြထားပါတယ်။ Kylie သည် သူ့အမေရဲ့ ကုန်ကျစရိတ်များတဲ့အတွက် Girl House လို့ခေါ်တဲ့ အွန်လိုင်းအိမ်တွင် အလုပ်လုပ်ရင်း ဇာတ်လမ်းစတင်ပါတယ်။ Kylie က သူ့ရဲ့ အလုပ်ကို သာမာန်အလုပ်တစ်ခုလိုလုပ်ရင်း အမိုက်စား အိုင်တီနည်းပညာတွေနဲ့ အွန်လိုင်းဘဝကို ဖြတ်သန်းနေစဉ်၊ လျှို့ဝှက်သော ပုရိသတစ်ယောက်ဖြစ်တဲ့ “Loverboy” (Slaine) ဟာ အစီအစဉ်ကို ကြည့်ရှုနေပြီး ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ သူ့ကို ရင်ဆိုင်စေတဲ့အခါမှာ ဇာတ်လမ်းက ပိုမိုစိတ်ဝင်စားစရာဖြစ်လာပါတယ်။ “Girl House” ဟာ သည်းထိတ်ရင်ဖို၊ အင်တာနက်အန္တရာယ်နဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းဖြစ်လို့ သင့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို တက်သက်စေမှာပါ။ သရုပ်ဆောင်တွေကလည်း ထူးချွန်ပြီး ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။Horror ရုပ်ရှင်တွေရဲ့သဘောအတိုင်း ကိုယ်ကြည့်ရှုမှပဲ ခံစားချက်အပြည့်အဝရတာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦး။ File size…(1.6 GB)/(839 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Action • Animation • Science Fiction
0 2014
GirlHouse
Stella. A Life. Stella. Ein leben.
6.2

Stella. A Life. (2023) IMDb Rating (6.2) ဒုတိယကမ္ဘာစစ်ကာလ ဂျာမနီမှာ ဂျူးတွေအသတ်မခံရခင်ကနေ စပြီးဇာတ်အိမ်တည်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်ပါ။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စစ်ကို အရိပ်တောင်မြင်ရမှာမဟုတ်ဘဲ ဂျူးတွေရဲ့ အဖြစ်ဆိုးတွေကိုပဲ အခြေတည်ထားပါတယ်။ ဆိုပေမဲ့လည်း ဂျူးတွေအသတ်ခံရတာက အဓိကပေမဲ့ အဲဒါကိုလည်းမပြထားပါဘူး။ တကယ်တမ်း ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်ကာလ ဂျူးခြောက်သန်းအသတ်ခံရခြင်းမှာ ဂျူးတွေကို သစ္စာဖောက်ခဲ့တဲ့ ဂျူးတွေကိုယ်တိုင်လည်း တရားခံအဖြစ်ပါနေတာ ကို ပြထားတဲ့ရုပ်ရှင်ပါပဲ။ စတယ်လာဆိုတဲ့ အမျိုးသမီးရဲ့ စစ်ကြီးမတိုင်ခင်ကနေ သစ္စာဖောက်ပုံတွေကနေ ဒီစစ်ကြီးအပြီး သူပြန်ခံခဲ့ရတဲ့ဒဏ်တွေကိုပါ ပြထားတယ်။ ဖြစ်ရပ်မှန်ပေါ် အခြေတည်ထားတဲ့ ဂျူးတွေရဲ့သမိုင်းတစ်ထောင့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,History,war Duration….02:01:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Science Fiction
6.2 2023 121 mins
Stella. A Life. Stella. Ein leben.
Robin and Marian

ရော်ဘင်ဟု လို့ပြောလိုက်ရင် တော်တော်များများ ဝတ်စုံအစိမ်းရောင်နဲ့ ခပ်ငယ်ငယ် မြားသမား တစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ ဒီကားကလည်း ရော်ဘင်ဟု အကြောင်းပါပဲ။ တစ်ခုရှိတာက ရော်ဘင်ဟု တစ်ယောက် အသက်ကြီးလာပြီး ဇရာထောင်းစပြုနေတဲ့အချိန်မှာ နေရာယူထားတာပါ။ ကျွန်တော်တို့နဲ့ရင်းနှီးနေစဖြစ်တဲ့ ရှားဝုတောထဲမှာ နေပြီး လူချမ်းသာ တွေဆီက ပိုက်ဆံယူ ဆင်းရဲသားတွေကို ပြန်မျှတဲ့ အဖြစ်အပျက် တွေအပြီးမှာ ရော်ဘင်ဟု ဟာ အင်္ဂလန်ဘုရင် ရစ်ချတ်လိုင်းယွန်းဟာ့နဲ့ ခရူးဆိတ်စစ်ပွဲကို လိုက်ပါဆင်နွဲခဲ့ပါတယ်။ ခရူးဆိတ် စစ်ပွဲကြီး အပြီးမှာတော့ ရော်ဘင်ဟုဟာ သူ့ရဲ့အိမ်ဖြစ်တဲ့ ရှားဝုတောထဲကိုပြန်လာခဲ့ပါတယ်။ ဒီလိုပြန်လာရင်းနဲ့မှ သူ့ရဲ့ချစ်သူဖြစ်ခဲ့တဲ့ မာရီယန်ကို နော်တင်ဟမ်မြို့ ရှဲရစ်ဖ်က ဖမ်းဆီးဖို့လုပ် နေတာကို သိသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရော်ဘင်ဟု တစ်ယောက် သူ့ရဲ့ရန်သူတော်ဟောင်းကြီး ရှဲရစ်ဖ် နဲ့ နေက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ရပါတာ့တယ်။ ရော်ဘင်ဟု နေရာမှာ သရုပ် ဆောင်ထားတာက တော့ နာမည်ကျော်မင်းသားကြီးဖြစ်တဲ့ Sean Connery ပါပဲ။ ဒီကားထဲမှာ ရော်ဘင်ဟု ရဲ့ဇာတ်လမ်းကို မြင်နေကျပုံစံတွေနဲ့ ကွဲထွက်ပြီး ခံစားရစေမှာပါ။ File size…(2.3 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Tragedy, Adventure, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

TV Movie • Comedy • Romance
0 1976 106 mins
Robin and Marian
Socialphobia
6.5

Socialphobia (2014) ******************* ဒီတစ်ခေါက်မှာတော့ ၂၀၁၄ ခုနှစ်တုန်းက ထွက်ထားတဲ့ Socialphobia ဆိုတဲ့ဇာတ်ကားလေးကို CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်…Mystery, Thriller အမျိုးအစားဖြစ်တာကြောင့် ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်… ဇာတ်လမ်းအကျဉ်း ————– ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ စစ်သားတစ်ယောက်ရဲ့ အကြောင်းတင်ထားတဲ့ပို့စ်မှာ ရယ်နာဆိုတဲ့ အမျိုးသမီးက Bad Comment တွေပေးခဲ့ပါတယ်…အဲဒီနောက်မှာတော့ ‘ရယ်နာ’ဟာ အမျိုးသားတစ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ရယ်နာရဲ့ အချက်အလက်တွေ ဖော်ထုတ်ခံရတဲ့အချိန်မှာတော့ သူမရဲ့ အိမ်ရှေ့အထိကို သွားရှာပြီး ရန်ပြုဖို့လုပ်ကြပါတယ်… အဲဒီလိုနဲ့ တစ်ရက်မှာ ရယ်နာဟာ ကြိုးဆွဲချသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့သေဆုံးမှုဟာ အသတ်ခံရတာလား ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလားဆိုပြီးတော့ ဝေခွဲမရဘဲ စုံစမ်းရမဲ့အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်… ဒါကို အမှုအဖြစ်စုံစမ်းတဲ့အခါမှာ ဂျီဝန်းနဲ့ ယုံမင်းဆိုတဲ့ အမျိုးသားနှစ်ယောက်ကလည်း သံသယရှိသူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်… ရဲသင်တန်းကျောင်း စာမေးပွဲဖြေဖို့လုပ်နေတဲ့ ဂျီဝန်းနဲ့ ယုံမင်းဟာ တကယ်ပဲ တရားခံတွေထဲမှာ ပါဝင်နေသလား မပါဝင်ဘူးလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်အဖြေရှာကြည့်ရှုလိုက်ရအောင်နော်… File Size : 2.44GB / 701MB Quality : WEB-DL 1080p / 720p Genres : Drama, Mystery, Thriller Duration : 1h 40m Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Heather Oo

Thriller • Action
6.5 2014 100 mins
Socialphobia
Renner
5.1

လက်ရှိ AI တွေဖွံ့ဖြိုးတိုးတက်လာတဲ့ကာလမှာ ပါးစပ်နဲ့ လှမ်းပြောပြီး အမေးအဖြေလုပ်လို့ရတဲ့ AI တွေလည်းရှိနေပါပြီ။ ဒီလိုမျိုးစကားအပြန်အလှန်ပြောလို့ရတဲ့အခါမှာတော့ ကိုယ့်ရဲ့ အဖော်တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အားကိုး အားထားပြုစရာရလာပြီး ဒီ AI ကိုအသုံးချတတ်ရင် အသုံးချ တတ်သလောက် ကိုယ့်အတွက်ကောင်းကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် AI လို့ပြောလိုက်တာနဲ့ နောက်ဆက်တွဲဘေးထွက် ဆိုးကျိုးတွေရှိလာမှာကို ကြောက်နေကြတဲ့လူတွေလည်းရှိ ကြပါတယ်။ အဲ့ဒါကြောင့် ဒီဇာတ်ကားထဲမှာလည်း ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကို တီထွင်ဖန်တီးခဲ့တဲ့လူနဲ့ သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Renner ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ရန်နာဆိုတဲ့လူက အထက်မှာပြောခဲ့တဲ့ ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကိုတီထွင်ဖန်တီးခဲ့တဲ့ ကွန်ပြူတာ ဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။သူက အဲ့ဒီ AI ကိုသူ့ဘ၀ တိုးတက်ဖို့ ဘ၀နည်းပြအနေနဲ့အသုံးချပြီး သူ့ရဲ့နေ့စဉ်လှုပ်ရှား သွားလာမှုတွေမှာ တစ်နေ့ထက်တစ်နေ့တိုးတက်လာအောင် ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့ဘ၀မှာ လိုအပ်နေတဲ့ ဘ၀င်မကျတဲ့အရာတစ်ခုကတော့ရှိနေပါ သေးတယ်။အဲ့ဒါဘာလဲဆိုတော့ ကွန်ပြူတာသမားတွေရဲ့ထုံးစံ အတိုင်း ကောင်မလေးတွေနဲ့ကင်းကွာတဲ့အတွက်သူသဘောကျ နေတဲ့သူ့အိမ်နီးချင်းဂျေမီကို လိုက်ဖို့အတွက်ခက်ခဲနေတဲ့အတွက် AI ကိုအကူအညီတောင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ AI ကောင်းကျိုးနဲ့ တစ်ခါမှစန်းမပွင့်သေးဖူးတဲ့ ရန်နာကြီး စန်းထပွင့်ပြီး ဂျေမီနဲ့ အဆင် ပြေလာခဲ့ပေမဲ့ ဂျေမီရဲ့မရိုးသားတဲ့အကြံတွေကို ဆလေနက်စ်ကရိပ် မိလာတဲ့အခါမှာတော့ AI နဲ့လူသားကြားမှာ ဘယ်လိုအားပြိုင်မယ် ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.18 GB) / (988 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Fantasy • Adventure
5.1 2025 90 mins
Renner
Mister Green
7.2

Mister Green (2024) IMDb Rating (7.2) 2024 ထွက် အီတလီစကားပြော ဟာသကားလေး တစ်ကား ဖြစ်ပါတယ်။ သူငယ်ချင်း သုံးယောက် Aran, Paolo နဲ့ Davide အလုပ်မရှိ အကိုင်မရှိ ပျင်းပျင်းရိရိ လေးတွဲတွဲနဲ့ တစ်နေကုန် ဆေးပဲရှူနေတဲ့ Aran၊ Naples ကနေ Rome ကို ဒါရိုက်တာဖြစ်ဖို့ အရေး ထွက်လာခဲ့ပေမယ့် သူငယ်ချင်း နှစ်ယောက်နဲ့ အတူတူ သောင်တင်နေတဲ့ Paolo၊ သူ Call Centerမှာ အလုပ်လုပ်တာကို သူများ သိသွားမှာ ရှက်နေတဲ့ Davide တို့ သူငယ်ချင်း သုံးယောက်က ဆေးခြောက် စိုက်ပျိုးရေးကို စတင်ဖို့ဖြစ်လာပါတယ်။ အကြောင်းကတော့ Aran ယူနေကျ ဆေးအရောင်းအဝယ် လုပ်တဲ့ Mr. Green မရှိတော့တဲ့ အခါ သုံးယောက်သား ဆေးခြောက် ပျိုးပင်လေးတွေ ယူလာပြီး အိမ်မှာ အညွှန်းစာအုပ် တစ်အုပ်နဲ့ စိုက်ကြတဲ့ ဇာတ်လမ်းပါ။ သုံးယောက်သား အလွဲတွေနဲ့ ဘယ်လို ခွီရမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size… (1.4 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:20:57 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Leonie

Thriller
7.2 2024 79 mins
Mister Green
Asthram
7

Asthram (2025) “အဆုံးစီရင်မှုများရဲ့နောက်ကွယ်…” ထူးခြားဆန်းကြယ်ကိစ္စတွေကို စိတ်၀င်စားတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အင်စပက်တာအာကီလန်ဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအကြောင်း စုံစမ်းရင်းနဲ့ ထူးခြားချက်တွေ တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအချက်ကတော့တော့ အဲဒီလို သမားရိုးကျမဟုတ်တဲ့ အဆုံးစီရင်မှုမျိုးတွေဟာ နေရာအနှံ့အပြားမှာ တစ်ပုံစံတည်းဖြစ်ခဲ့ကြတာပါ။ နေရာနဲ့အချိန်သာ ကွဲပြားပေမဲ့ လုပ်နည်းလုပ်ဟန်ချင်း အတူတူပါပဲ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ ဖြစ်တာကြောင့် ဘယ်သူကမှ သေချာမစစ်ဆေးခဲ့ပေမဲ့ အာကီလန်ကတော့ အမှုရဲ့ထူးခြားဆန်းကြယ်မှုတွေကြောင့် ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ အဆုံးစီရင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို‌ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲ၊ အဲဒီအဆုံးစီရင်မှုတွေဟာ သမားရိုးကျဖြစ်ရပ်လား၊ ကျိန်စာလိုလို သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမှာလား၊ အာကီလန်ကရော အမှုလိုက်ရင်း ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)

Mystery • Drama
7 2025
Asthram