YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Legally Romance E19 CM.mp4

308.92 MB N/A video/mp4 185 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Prison 77
7.4

ထောင်ဖောက်တဲ့ရုပ်ရှင်ပေမဲ့ ထောင်ဖောက်တဲ့ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်ပေါ့။ ၁၉၇၆ကနေ ၁၉၇၈ကြားမှာဖြစ်ခဲ့တာတွေကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်နာမည်က ထောင်, ၁၉၇၇။ ဒီခုနှစ်တွေက စပိန်သမိုင်းမှာ တော်တော်အရေးပါတဲ့ နှစ်တွေလို့ပြောရမယ်။ ဘာလို့ဆို ၁၉၃၉ကနေ ၁၉၇၅ အထိ စပိန်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့ ဂျန်နရယ် Francisco Franco ဟာ ၁၉၇၅မှာ သေသွားတယ်။ ဒီနောက် စပိန်ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီး တိုင်းပြည်ကို အသစ်က ပြန်တည်ဆောက်ခဲ့တယ်။ ဆိုတော့ ဒီကာလတွေဟာ စပိန် ဒီမိုကရေစီရဲ့ အရေးအပါဆုံး ကာလတွေလို့ပြောရင် မမှားဘူး။ တိုင်းပြည်ကြီးက အကြီးအကျယ်ပြောင်းလဲနေတဲ့ကာလမှာ ထောင်ထဲမှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ လူတွေကလည်း တိုင်းပြည်ကြီး အသစ်ကပြန်စသလို သူတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အသစ်က ပြန်စခွင့်ပြုသင့်တယ်လို့ အဆိုပြုကြတယ်။ အကျဉ်းသားအခွင့်အရေး အင်မတန်နည်းပါးတဲ့ စပိန်ထောင်ထဲက ထောင်သားတွေဟာ အကျဉ်းသားအခွင့်အရေးအစည်းအရုံးတွေ ထောင်ပြီး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြခဲ့ကြတယ်။ ရာဇဝတ်သားတွေကို ဘာလို့အကုန်လွှတ်ပေးရမှာလဲလို့တော့ မေးချင်စရာရှိပေမဲ့ ဒီလူထဲက ထက်ဝက်လောက်နီးပါးဟာ တိုင်းပြည်ရဲ့ ကမောက်ကမအခြေအနေနဲ့ မတရားတဲ့ဥပဒေကြောင့် မမျှတတဲ့ တရားစီရင်ခြင်းခံခဲ့ရတဲ့လူတွေဖြစ်နေတယ်။ ငွေလေး ၅၀၀၀ခိုးပြီး ၈နှစ်လောက်ကျတဲ့လူတွေလည်း ပါချင်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါချင်ပါတယ်။ စုံပလုံနေတာပါပဲ။ ဒီတော့ တိုင်းပြည်မကောင်းလို့ ဥပဒေမကောင်းလို့ ရောယောင်ရောက်သွားရတဲ့ သူတို့အတွက် ဒီလိုလွတ်ငြိမ်းခွင့်ပေးဖို့က တရားတယ်။ ပြဿနာက တကယ့်ဒုစရိုက်သမားတွေကလည်း ရှိနေလေတော့ ဒီပွဲဟာ ဘယ်လိုဆက်ဖြစ်မလဲ တော်တော်တော့ပြောရခက်လာပါတယ်။ ဒီရုပ်ရှင်ဟာ သူယုံကြည်တဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပေါ့။ နောက် အလံတလူလူလွှင့်ခဲ့တဲ့‌ မျှော်လင့်ချက်တွေအကြောင်းပေါ့။ ပြောရရင် ရှောရှန့်ထက် ပိုသဘာဝကျတဲ့ ရှောရှန့်လိုကားမျိုးပေါ့။ ပိုသဘာဝကျတယ်ဆိုတာ သူ့ထက်ကောင်းတယ်လို့တော့ ဆိုလိုတာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းဒရာမာ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 5Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Horror • Thriller
7.4 2022 125 mins
Prison 77
Art of Love
3.8

တက္ကသိုလ်ပရော်ဖက်ဆာတစ်ဖြစ်၊ စာရေးဆရာအဖြစ် ကျင်လည်နေတဲ့လူတစ်ယောက်ဟာ လူမှုပတ်ဝန်းကျင်မှာ ဝင်ဆံ့ဖို့မလွယ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ အိမ်နီးချင်းတွေနဲ့လည်း အဆက်ဆံမလုပ်တတ်တဲ့ တစ်ကိုယ်တည်းသမားကြီးတစ်ယောက် တစ်နေ့မှာတော့ စာအပိုင်းအစလေးတွေနဲ့ နောက်‌ယောင်ခံဆက်သွယ်မှုကို ကြုံလာရပါတော့တယ်။ ပဟေဠိဆန်ဆန် လှည့်ကွက်တွေနဲ့ နောက်ကွယ်ကလူကို တဖြည်းဖြည်း စွဲလမ်းမိလာပြီးနောက်မှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ? မထင်မှတ်ထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေနဲ့ ဘယ်လို အဆုံးသတ်သွားကြမလဲ? ဆိုတာကို ဆက်လက် ရှုစားလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hae Areum က ရေးထားတာပါ။) File Size : 797MB, 376MB Quality : 720p WEB-DL, 480p Format : mp4 Duration : 1hr & 56min Genre : Romance, Thriller Translated by Hae Areum Encoded by Kinnov

Action • Comedy • Science Fiction
3.8 2021 116 mins
Art of Love
The Hobbit: An Unexpected Journey
7.3

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(8 GB) and (3.8 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:02:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Horror
7.3 2012 169 mins
The Hobbit: An Unexpected Journey
The Huntsman: Winter's War
6.3

IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler မဖြစ်စေဖို့ ဒီလောက်ပဲညွှန်းပါရစေ Snow White ကားမကြည့် ရသေးသူကလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။ အဲ့ဒါဆိုရင် ဇာတ်အိမ်တစ်ခုလုံးကိုပိုပြီးနားလည်လာပါ လိမ့်မယ်။ တရုတ်စာတွေတွဲလျှက်ပါနေပေမယ့် ရုပ်ထွက်က HD ဖြစ်နေတာကြောင့်အတတ်နိုင်ဆုံး အဆင် ပြေအောင်တင်ဆက်ပေးထားပါတယ်။ (ဒီဇာတ်လမ်းကိုဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Wai Yan M ပဲဖြစ်ပါတယ်။) File Size - 1 GB Translated By Wai Yan M Encoded By San Win Maung

Action • Crime • Horror • Thriller
6.3 2016 114 mins
The Huntsman: Winter's War
Cricket & Antoinette
7.2

နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့အကြောင်း ရိုက်ထားတဲ့ 2023 ထွက် animationကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီစွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစားစုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါးအေးအေးလူလူနေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။ ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။သူတို့အနီးအနားမှာတော့ Antoinette လို့ခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဥ်းတွေပဲရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မတော်တဆတွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖို့ကြိုးစားပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီးကျော်ဖြတ်နိုင်တာမရှိခဲ့လို့ပါ။ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေရှိပေမယ့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြပြီးသဟဇာတဖြစ်စွာနေထိုင်နိုင် အောင်ကြိုးစားခဲ့ကြပါတယ်။ ချစ်စရာဇာတ်ကောင်လေးတွေနဲ့ ချစ်စရာဇာတ်ကြောင်းလေးကို စောင်လေးကိုက် ပြုံးပြုံးလေးနဲ့ပဲကြည့်ကြည့် ကိုယ်ချစ်တဲ့သူရဲ့ လက်လေးကို တင်းတင်းဆုပ်ရင်းပဲကြည့်ကြည့် မိုးအေးအေးလေးထဲမှာတော့ နွေးနေစေမှာအမှန်ပါပဲ File size…(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Animation, Advanture, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.2 2023
Cricket & Antoinette
Piercing Wounds
5.8

နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့မဟုတ်ဘဲ Budget ရိုက်ကူးထားတဲ့ ကားလေးတွေကိုကြည့်ဖူးကြမှာပါ။အဲ့ဒီ Budget ကားလေးတွေထဲမှာ မကောင်းဘဲနဲ့ ပေါတောတောကားတွေလည်းရှိသလို တကယ်ကောင်းတဲ့ လက်ခံပေးလို့ရတဲ့အခြေအနေတစ်ခုရှိတဲ့ကားလေးတွေလည်းရှိပါတယ်။ ဒီကားကလည်း လက်ခံလို့ရတဲ့အခြေအနေရှိတဲ့မင်းသားအဖြစ် သရုပ်ဆောင်ထားတဲ့ Andrew Jacob Brown ကိုယ်တိုင်ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးထားတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားကတော့အက်ရှင် ဒရာမာ အချစ်ကားလေးပါ။အကျဉ်းချုပ်လေးကတော့ ဗီဆိုတဲ့လူတစ်ယောက်က လုပ်ကြံရေးအဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အကြောင်းတစ်ခုခုနဲ့ အဖွဲ့ထဲက လူတွေအကုန်လုံးကိုသတ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူချစ်တဲ့ သူ့အဖွဲ့သားတွေကိုဆုံးရှုံးခဲ့ပြီးရတဲ့နောက်မှာ ဗီတစ်ယောက်လေလွင့်နွားကြီးလို ဖြစ်နေပြီး ပန်းခြံတစ်ခုမှာပဲနေ့တိုင်းသွားအချိန်ကုန်နေတော့ပါတယ်။ လူကလည်း လုံးဝစုတ်ပြတ်သတ်နေပြီး အိမ်ခြေရာမဲ့တစ်ယောက်လိုတောင် ဖြစ်နေပါပြီ။ဒီလိုနဲ့ အဲ့ဒီအချိန်မှာ သူ့ဘဝထဲကိုမတ်နဲ့မယ်လ်ဆိုတဲ့ မောင်နှမနှစ်ယောက် ရောက်လာပြီး အဲ့ဒီနောက်ပိုင်းမှာသူ့ဘဝကဘယ်လိုတွေပြောင်းလဲသွားမလဲ သူ့ရဲ့အတိတ်ဟောင်းအစစ်အမှန်ကရောဘယ်လိုဖြစ်မလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.97GB / 886MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2023
Piercing Wounds
The Exorcist: Believer
6.7

The Exorcist: Believer(2023) ************************* ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။ အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီး ဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့ အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ…. ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။ သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။ အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ ဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။ လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ကားအထိ ကြေညာထားပြီး အခုတင်ထားတဲ့ရုပ်ရှင်ကတော့ ၆ ကားမြောက်ဖြစ်ပါတယ်။ ချန်နယ်မြန်မာမှာ မတင်ရသေးတဲ့ ရုပ်ရှင်တွေလည်း တင်ပေးသွားမှာပါ။ The Exorcist (1973) Exorcist II: The Heretic (1977) The Exorcist III (1990) Exorcist: The Beginning (2004) Dominion: Prequel to the Exorcist (2005) The Exorcist: Believer (2023) The Exorcist: Deceiver (2025) တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မူလရုပ်ရှင်အပြီး နှစ် ၅၀ အကြာ အချိန်ကို အခြေခံထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ထဲက သားအမိနှစ်ယောက်လည်း လူကြီးပုံတွေနဲ့ ပြန်ပါဝင်ထားပါတယ်။ ၁၉၇၃ တုန်းက နတ်ဆိုးအပူးခံရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Linda Blair ကပဲ ဒီကားထဲက ကလေးမလေးတွေကို သရုပ်ဆောင်အကြံပေးအဖြစ် ကူညီထားပါသေးတယ်။ Imdb 8.1 ထိရောက်တဲ့ ဟော်ရာရုပ်ရှင်ဆိုတာ လက်ချိုးရေလို့ရပေမဲ့ Exorcist 1973 ကတော့ ရခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ဒါရီုက်တာကြီးကတော့ ဆက်ပြီးမရိုက်စေချင်တာမို့ ဒီကားနဲ့ လုံးဝမပတ်သတ်ခဲ့သလို ၂၀၂၃ ၈ လပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကိုတော့ Halloween Kills (2021), Halloween (2018) ရဲ့ ပရိုဂျူဆာ David Gordon Green ကရိုက်ကူးခဲ့တာပါ။ နာမည်ကျော် Halloween (1978) ရဲ့ အဆက်တွေကို ရိုက်ကူးခဲ့ပေမဲ့ Imdb 6 နဲ့ 5 သာ ရရှိခဲ့တာမို့ Exorcist ဖခင်ကြီးတွေက သဘောမကျတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ ဂန္ဓဝင်ကားကြီးတွေရဲ့ လောင်းရိပ်ကိုထည့်မတွက်ဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရင်တော့ ဖျော်ဖြေမှုပေးတဲ့ ဟော်ရာရုပ်ရှင်အဆင့်အနေနဲ့တော့ သတ်မှတ်လို့ရပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါဦး။ File size… 3.3GB,1.7G B & 622MB Quality… WEB-DL4K,1080P,720p Format…mp4 Duration….1hr 51min Genre ….. Horror Translated by Mr.Anderson Encoded by Phyo Pyae

6.7 2023 111 mins
The Exorcist: Believer
LEGO Marvel Avengers: Code Red

Lego အဗန်ဂျာကာတွန်းကားအသစ်ပါ။ Lego ကာတွန်းတွေရဲ့ ထုံးစံအတိုင်း နာမည်ကျော်ဇာတ်ကောင်တွေ အစုံထည့်သွားထားပြီး ဟာသလုပ်ထားတာတွေကို တွေ့ရမှာပါ။ မူရင်းအဗန်ဂျာတွေအပြင် အခြား ဟီးရိုးတွေ ဗီလိန်တွေအစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတာမို့ လူကြီးရော ကလေးရော ကြည့်လို့ရတဲ့အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ဘလက်ဝစ်ဒိုးရဲ့အဖေ ရက်ဂါဒီယံဟာ ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းရင်းနဲ့ ခေါင်းခွံနီတို့ဘာတို့ နာမည်မှာ အနီပါတဲ့သူတွေအကုန် အဖမ်းခံနေရတာကို အဗန်ဂျာတွေသိသွားပါတော့တယ်။ ဒါကြောင့် အဖမ်းမခံရဘဲနောက်ဆုံးကျန်တဲ့ အနီရောင်ဟော့ခ်ဆီကနေ တဆင့် စုံစမ်းဖို့ သွားကြရင်းနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ File size…(1 GB)/(553 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre…Animation, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Thriller • Drama
0 2023
LEGO Marvel Avengers: Code Red
Utsavam
7.1

Utsavam (2024) “ဘဝပြဇာတ်ခုံ” ရိုးရာပြဇာတ်ကပြခြင်းကို အခြေခံရိုက်ကူးထားတဲ့ တေလဂူး ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ခရစ်ရှနာက ပြဇာတ်မျိုးရိုးကနေ ပေါက်ဖွားလာတဲ့သူ.. သူ့ရဲ့ အဖေက တစ်ချိန်ကဆုတံဆိပ်များစွာ ရရှိခဲ့တဲ့ သဘင်သည်ကြီးတစ်ယောက် ဒါပေမဲ့ တိုးတက်လာတဲ့ခေတ် ပြဇာတ်ဆိုတာကို ဘယ်သူမှတန်ဖိုးမထားတော့တဲ့ ကာလမှာ သူတို့အနုပညာလည်း မှေးမှိန်လာခဲ့တယ် ရိုးရာအနုပညာအတွက် စိတ်ဆန္ဒပြင်းပြတဲ့ ခရစ်ရှနာက သူ့ချစ်သူကောင်မလေး ရာမာနဲ့အတူ အဖေဖြစ်သူရဲ့ လမ်းညွှန်မှုနောက်ကိုလိုက်ပြီး ခေတ်သစ်ကမ္ဘာမှာ ပျောက်ကွယ်လုနီးဖြစ်တဲ့ ရိုးရာဓလေ့၊ သဘင်အနုပညာကို ဘယ်လိုပြန်အသက်သွင်းဖို့ ကြိုးစားမလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.1 2024
Utsavam
I Know When You Dead: Suicide Village Aku Tahu Kapan Kamu Mati: Desa Bunuh Diri
6.8

I Know When You Dead: Suicide Village (2023) IMDb Rating (6.8) 2020 တုန်းကလူကြိုက်များခဲ့တဲ့ I Know When You Dead ရဲ့ sequel ဖြစ်ပါတယ်။ sequel ဆိုပေမယ့် ဆီယန်နာတစ်ယောက် သေခြင်းနိမိတ်ကိုမြင်နိုင်တာကလွဲလို့ အဆက်အစပ်မရှိတဲ့အတွက် ပထမကားမကြည့်ဖူးလည်းကြည့်လို့ရတဲ့ကားပါပဲ။ ဒီကားမှာတော့ လူတစ်ယောက်သေဆုံးကာနီးပြီဆိုရင် သူတို့အနားက သေခြင်းနိမိတ်တွေကိုမြင်နိုင်တဲ့ ဆီယန်နာဆိုတဲ့ကောင်မလေးဟာ အဲ့ဒီအစွမ်းကြောင့် စိတ်ဖိစီးအိမ်မက်ဆိုးတွေမက်ပြီး ဆေးတွေပါသောက်နေရပါတယ်။ တစ်နေ့တော့ သူတို့ကျောင်းဝင်းထဲမှာဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှုတစ်ခုမှာ အဲ့ဒီလူမသေခင်သေခြင်းနိမိတ်ကို သူမမြင်ခဲ့တဲ့အတွက် အံ့ဩခဲ့ရပြီး သူစုံစမ်းကြည့်မိချိန်မှာတော့ အဲ့ဒီလူဟာ သူနဲ့ရင်းနှီးချစ်ခင်တဲ့ ဆရာမ နာယာနဲ့ဆက်စပ်နေတာကိုသိခဲ့ရပါတယ်။ ဆရာမ နာယာဟာ အဲ့ဒီလူအလောင်းနဲ့အတူ သူတို့ရွာ ရယ်မတွတ်ခ်ကိုပြန်သွားပြီဆိုတာကိုပါ သိလိုက်ရချိန်မှာတော့ ဆီယန်နာနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဟာ ဆရာမဆီကိုလိုက်သွားခဲ့ကြပါတယ်။ အဲ့ဒီရွာကိုရောက်ရောက်ခြင်းမှာပဲ ထူးခြားထိတ်လန့်ဖွယ်အဖြစ်အပျက်တွေ အံ့ဩစရာတွေကိုသူတို့သုံးယောက်ဆက်တိုက်ဆိုသလိုကြုံဆုံခဲ့ရပြီး သူတို့ရောက်နေချိန်မှာပဲ ရွာသားတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ့်ကိုယ်ကိုသတ်သေကြတာတွေနဲ့ကြုံလာရချိန်မှာတော့..။ ဒီဖြစ်ရပ်ဆိုးတွေက ဘယ်အကြောင်းကြောင့်စတင်ခဲ့တာလဲ? သူတို့ဆရာမ နာယာကိုယ်တိုင်ရော ဘယ်လိုပတ်သက်နေမလဲ? အဲ့ဒီကျိန်စာကနေ သူတို့ရောလွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကိုဆက်လက်ရှုစားကြပါ။ Jump scare တွေရောဇာတ်လမ်းနဲ့လှည့်ကွက်တွေပါကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:46:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Animation • Comedy • Family • Fantasy
6.8 2023
I Know When You Dead: Suicide Village Aku Tahu Kapan Kamu Mati: Desa Bunuh Diri
Dragon’s Slash
5.7

ဒီတခါ CM ကနေ ရှေးခေတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Dragon’s splash လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ထန်ခေတ်ပျက်သုဥ်းခါနီးအချိန် တလောကလုံးမအေးချမ်းမငြိမ်သက်ဖြစ်နေတာကို အကြောင်းခံထားပြီး ချန်ထန်မြို့ ပင်လယ်စစ်တပ်ညွှန်ကြားရေးစစ်သူကြီး ချန်လျိုဟာ ချန်ထန်မြို့ရဲ့မြို့စားမင်း တုန်လူကြီးမင်းအမိန့်ဖြစ်တဲ့ ပင်လယ်ဓါးပြကိုချေမှုန်းရန်အမိန့်ကိုတာဝန်ထမ်းဆောင်နေစဥ်မှာပဲ ပင်လယ်ဓါးပြဂူထဲမှာ မူမမှန်တာရှိနေတာကြောင့် ပင်လယ်ဓါးပြအုပ်စုထဲဝင်ရောက်ခဲ့ပါတော့တယ်။ သို့ပေမဲ့မိသွားပြီး တိုက်ခိုက်တဲ့အချိန်မှာ ပင်လယ်ဓါးပြတွေက ဂူထဲမှာပိတ်လှောင်ထားတဲ့ မိစ္ဆာနဂါးကြီးကိုလွှတ်ပေးလိုက်ပြီး ထွက်ပြေးသွားခဲ့တယ်။ မိစ္ဆာနဂါးဟာ မြစ်နတ်ဘုရားလိုလူသားတွေကတင်စားကြပြီး ဒီနဂါးက ချန်ထန်မြို့ကိုအန္တရာယ်ပြုလာတဲ့အချိန် တုန်အမတ်ကြီးရဲ့တာအိုဆရာ ခုန်းသာဆရာက ယွဲ့နာမည်ရှိပြီးမိန်းကလေးလေးယောက်ကို ယစ်ပူဇော်ဖို့ တုန်အမတ်ကြီးကို အကြံပေးခဲ့တယ်။ အကြံပေးလိုက်လို့ရွေးချယ်ခံလိုက်ရတဲ့မိန်းကလေးကဘယ်သူလဲ ဒီကနေတဆင့်ဘယ်တွေဖြစ်ရပ်တွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်

5.7 2024
Dragon’s Slash
Turn Me On
5.7

Turn Me On (2024) IMDb Rating (5.7) ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လို့ယူဆပြီး ဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါး တစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။ Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊ စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ရင်ဆိုင်ခံစားမိလာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားက Matrix နဲ့ အနည်းငယ်ဆင်တူပေမဲ့ ပိုပြီး သဘာဝကျတဲ့ ရှုထောင့်တစ်ရပ်ပို ဦးတည်ထားပြီး ကြည့်ရှုပြီးချိန်မှာ စဥ်းစားစရာ အတွေးစတွေကို ချန်ထားခဲ့နိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေ၊ အလိုရမ္မက်တွေ၊ နာကျင်ခံစားရမှုတွေက စစ်ပွဲတွေ၊ ဒုက္ခတရားနဲ့ နာကျင်မှုတွေကို စေ့ဆော်ပေးတယ် ဆိုပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီသိမ်မွေ့တဲ့ ခံစားချက်တွေကြောင့်ပဲ လူ့ဘဝမှာ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဒီတင်ပြမှု သဘောတရားကို လက်ခံ၊ မခံ ဆိုတာကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (910 MB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance, Sci-Fi Duration….01:36:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wolfenheim

5.7 2024 99 mins
Turn Me On
The Promise
5.5

တစ်ကားလုံး ဟိုဇာတ်ဝင်ခန်းပြလိုက် ဒီဇာတ်ဝင်ခန်းပြလိုက်နဲ့ ရှုပ်ရှတ်ခတ်နေတာမျိုးတွေမကြိုက်ဘဲ ဇာတ်ကောင်တစ်ယောက် အကြောင်းအရာတစ်ခုတည်းကိုပဲ သီးသန့်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုမြင်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ The Promise ဆိုတဲ့ဇာတ်ကားကလည်း ဒီလိုဇာတ်ကားမျိုးပဲ ဖြစ်ပြီး ရိုးရိုးရှင်းရှင်းဆိုပေမဲ့ သည်းထိပ်ရင်ဖိုဖွယ်ကောင်းအောင် ရိုက်ကူးထားနိုင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ကားလုံးအဓိကတွေ့ရမဲ့ဇာတ်ကောင်ကတော့ မာယာဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူကတော့ ဆုံးပါးသွားတဲ့ အစ်မဖြစ်သူရဲ့သား သူ့တူလေး မက်တီရက်စ်ကိုကြည့်ရှုစောင့်ရှောက်ပေးနေရသူ ဖြစ်ပါတယ်။ဒါပေမယ့် အသက်ကလည်းငယ်သေးတဲ့အပြင် အမေဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရတဲ့ မက်တီရက်စ်က အရမ်းဆိုးသွမ်း လွန်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ သူ့ကိုမိဘမဲ့ ဂေဟာပို့ဖို့ မာယာတစ်ယောက်သွားစုံစမ်းပြီး ကားမောင်းကာ ပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ ဇာတ်လမ်းက စလာပါတော့တယ်။မက်တီရက်စ်က သူ့ဆီဖုန်းဆက်ပြီး ပိုက်ဆံတွေ လှမ်းလွှဲခိုင်းတဲ့အတွက် မာယာတစ်ယောက်မေးမြန်းကြည့်တဲ့ အခါမှာ သူ့တူက လူဆိုးဂိုဏ်းဝင်တစ်ယောက်ဆီက ဂျာကင် အကောင်းစား၀ယ်ရင်း ဇယားတွေရှုပ်နေတယ်ဆိုတာကိုသိ လိုက်ရပါတော့တယ်။နောက်ပိုင်းမှာတော့ သူ့တူပြန်ပေးဆွဲခံ လိုက်ရပြီး တူတော်မောင်ဇောနဲ့ ဖုန်းတွေလိုက်ဆက် နေရာစုံ လိုက်ရှာရင်း နောက်ဆုံးမှာ တူ၀ရီးနှစ်ယောက်ပြန်ဆုံစည်း နိုင်သွားပါ့မလားဆိုတာကို ရှုစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Romance • Comedy • Drama
5.5 2024 86 mins
The Promise
The Newton Boys

ဒီဇာတ်ကားကတော့ ၁၉၁၉ ကနေ ၁၉၂၄ ခုနှစ်အတွင်း ဘဏ်ပေါင်း ၇၅ ခုနဲ့ ရထား ၆စင်းကို ဓားပြတိုက်ခဲ့ကြတဲ့ နယူတန် ညီအစ်ကို လေးယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဓားပြမှုအများအပြားကို အစီအစဉ် တိတိကျကျဆွဲပြီး ပိပိရိရိကျူးလွန်ခဲ့ပေမယ့် လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ခဲ့ဖူးသလို နာမည်ကျော် ဓားပြဂိုဏ်းတွေထက်ကို ပိုပြီး တိုက်ရာပါပစ္စည်းတွေ များခဲ့ပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုသလို သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ ရောင်းအောက် ရထားဓားပြမှုမှာတော့ အလွဲလွဲ အချော်ချော် ဖြစ်ပြီး အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်မှုကတော့ ညီအစ်ကိုလေးယောက်လုံး (အခြားရာဇဝတ်သားတွေနဲ့မတူ) မီးစာကုန် ဆီခန်းတဲ့အထိ နေထိုင်နိုင်သွားတာပါ။ ထိုခေတ် ထိုအခါက ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ခဲ့ပါတယ်။ – [x] Matthew McConaughey က ဝီလစ်စ် နယူတန် – [x] Skeet Ulrich က ဂျိုး နယူတန် – [x] Ethan Hawke က ဂျက်စ် နယူတန် – [x] Vincent D’Onofrio က ဒေါက်ဂ် – [x] Dwight Yoakam က ဂလက်စ်ကော့ခ် – [x] Julianna Margulies က လူဝီဇ် – [x] Bo Hopkins က FBI အေးဂျင့် အော်လ်ဒရစ်ချ် ဒါရိုက်တာကတော့ Richard Linklater ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Action • Crime • Drama
0 1998
The Newton Boys