YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Legacy E05 CM.mp4

230.05 MB 720p video/mp4 155 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crater
6.7

တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ သေကြောင်းကြံလိုက်တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းအုပ်ထဲက အဲဒီကောင်လေးက အိုမီဂါကို သွားဖို့အကြောင်းဖန်လာတယ်။ မသွားခင်မှာ သူတို့အချိန်၂ရက်ရသွားပြီး သူ့အဖေသွားစေချင်တဲ့ အမိုးခုံးအပြင်ဘက်က လကမ္ဘာချိုင့်ကြီးဆီ သူ့သူငယ်ချင်းတွေနဲ့ စွန့်စားခန်းဖွင့်ကြတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေ စွန့်လွှတ်မှုတွေနဲ့ ချစ်စဖွယ်ရော အသည်းငြိချင်စရာရောကောင်းအောင် ရိုက်ပြသွားတယ်။ ကလေးသရုပ်ဆောင်တွေက သူ့ဟာနဲ့သူကောင်းကြတဲ့အပြင် ခရစ်အီဗန်ရဲ့ Gifted ထဲက မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမလေးတဖြစ်လဲ Mckenna Grace ရဲ့ ချစ်စရာမျက်နှာလေးကို မြင်ကြရမှာပါ။ ဒီလိုကားတွေဟာ ရှားရှားပါးပါးထွက်လာတတ်တဲ့ကားတွေမို့ ကိုယ်တိုင်ရော ကလေးတွေကိုရော ကျိန်းသေကြည့်သင့်ပြသင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာမှမရရင်တောင် စိတ်ကိုနွေးထွေးသွားစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Adventure, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2023 104 mins
Crater
Sweetwater
7.7

ဒီဇာတ်ကားက NBA သမိုင်းမှာ ပထမဆုံးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ လူမည်းကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ကိုယ်ရေးရာဇဝင် ရုပ်ရှင်ဖြစ်ပါတယ် Biography movie ဆိုပေမဲ့ ဇာတ်ကားဆိုတော့ ဒရာမာလေးတွေ လိုတိုးပိုလျှော့လေးတွေတော့ရှိပါတယ် အမေရိကန် ဘတ်စကတ်ဘောလောကမှာ လီဘရွန်ဂျိမ်းတို့ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းဂန္ထဝင် ကစားသမားတွေ အများကြီး ရှိပါတယ် ဒါပေမဲ့ သူတို့လို လူမည်းဂန္ဒဝင်တွေဖြစ်လာဖို့ ပထမဆုံးလူမည်းပရိုစာချုပ်ကို ဆွိဝါးတားက စပြီးချုပ်ဆိုခဲ့တာပါ သူဒီလို NBA မှာ ပထမဆုံးပွဲတစ်ပွဲဆော့ရဖို့အတွက် လူဖြူတွေပဲဆော့ခွင့်ရှိသလိုဖြစ်နေတဲ့ NBA လိဂ်မှာ ဆွိဝါးတားပါခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ် နည်းပြတွေ ပိုင်ရှင်တွေကအစ လူတိုင်းနဲ့အတိုက်အခံဘယ်လိုလုပ်ခဲ့ရတယ်ဆိုတဲ့ သူတို့ရဲ့အခက်အခဲတွေ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာတွေကို ကြည့်ရမှာဖြစ်ပါတယ် ဘတ်စကတ်ဘောအားကစားကိုသဘောကျတဲ့သူတိုင်း ကြည့်ရှုသင့်တဲ့ကားဖြစ်သလို ယခုခေတ်မှသာ လူမည်းတွေကို နေရာအကြီးအကျယ်ဇွတ်ပေးနေပေမဲ့ တစ်ချိန်တုန်းကတော့ ဥပဒေထုတ်ပြီးကျွန်စနစ်ပယ်ဖျက်ပြီးတာတောင် လူမည်းတွေကို ပိုးစိုးပက်စက်ခွဲခြားတာတွေကိုလည်း တစ်စေ့တစ်စောင်းကြည့်ရမှာ ဖြစ်ပြီး ဆွိဝါးတားရဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီးတော့ လူမည်းတွေအားလုံးအတွက် သမိုင်းသစ်ရေးထိုးပေးခဲ့ပုံကို ကြည့်ရှုနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Sport Quality…. 1080p | 720p | 480p File size… 4.8GB | 1GB | 488MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron

Horror
7.7 2023 119 mins
Sweetwater
Finnick
6.5

ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတို့တာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှဒါကိုမဆန့်ကျင်ကြသလို စိတ်ကူးထဲ‌တောင် မရှိကြဘူး။ ဒါပေမယ့်ဇာတ်လမ်းထုံးစံအတိုင်းစုန်းပြူးလေးတစ်ကောင်ကတော့မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ်ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ဆန့်ကျင်ဖက်ပဲ။ လူတွေကိုသူ့အိမ်မှာမနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။ အဲ့ဒါကြောင့်ဘက်ခ်မြို့မှာ ဖင်းနစ် နေတဲ့အိမ်ကိုသရဲအိမ်လို့ခေါ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ်မြို့ကိုရောက်လာကြတယ်။ သူတို့ရဲ့သမီးလေးခရစ်စတင်းဟာစုံထောက်ပညာကိုစိတ်ဝင်စားသလို တကယ်လည်းဉာဏ်ထက်ပါတယ်။ ဒါရိုက်တာက ခရစ်စတင်းတို့မိသားစုကိုခဏတဖြုတ်နေဖို့ ဖင်းနစ်ရဲ့အိမ်လေးကိုငှားပေးလိုက်တယ်။ လူတွေလာနေတာမကြိုက်တဲ့ ဖင်းနစ်နဲ့ လက်တွေ့ကျကျဖြေရှင်းရမှကျေနပ်တဲ့ စုံထောက်လေးခရစ်စတင်းတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Tin Myo Lwin ပါ။) File Size          : 1.8GB, 812MB, 469MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 25mins Genre              : Animation, Adventure Translated by Tin Myo Lwin Encoded by Kinnov

Mystery • Thriller
6.5 2022 85 mins
Finnick
Hocus Pocus 2
7.4

Hocus Pocus ဆိုတာ 1993 တုန်းက အောင်မြင်ခဲ့တဲ့ မှော်၊ မိသားစု၊ ဟာသ စုန်းမဇာတ်လမ်းလေးပါ။ အခုကတော့ အဆက်အနေနဲ့ ဒစ္စနေးက ပြန်လည်တင်ဆက်လိုက်ပါပြီ။ ၁၉၉၃ တုန်းကရုပ်ရှင်ကိုလည်း ချန်နယ်မြန်မာမှာပဲ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်း မီးတောက်နက် ဖယောင်းတိုင်ဟာ ပြန်လည် ထွန်းလင်းလာပြန်ပါပြီ ပရိသတ်ကြီးရေ ၀င်နီ၊ ဆာရာနဲ့ မယ်ရီ ညီအစ်မ 3 ယောက်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကတော့ ဒါ ဘာကို ဆိုလိုတာလဲ သိလောက်ကြမယ် ထင်ပါတယ်..... ဒီစုန်းမ သုံးဖော်ဟာ မီးတောက်နက်ဖယောင်းတိုင် မီးလင်းနေမှ အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်ဖို့အတွက် ဆယ်ကျော်သက်လေးတွေရဲ့ အသက်ကိုလည်း စားသောက်ရပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ဟောလိုး၀င်တစ်ညမှာ ကောင်လေးတစ်ယောက်ရဲ့ လက်ဆော့မှုကြောင့် သူတို့တွေ ပေါ်လာပြီး ဆေလင်မြို့ကို အမွှေကြီး မွှေသွားခဲ့ပါတယ်။ အခု ၂၁ ရာစုမှာလည်း admirer တစ်ယောက်ကြောင့် လိုချင်တာရဖို့ဆို ဉာဏ်နီဉာဏ်နက်များပြီး ရအောင်ယူတတ်တဲ့ စုန်းမသုံးဖော်ဟာ ဆေလင်ကို လက်စားချေဖို့ ပြန်ပေါ်လာခဲ့ပါပြီ။ သူတို့ ဘယ်လိုမွှေပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဟောလိုး၀င်း vibe လေးနဲ့အတူ ကြည့်ရှုပေးကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP,Thiha,Yoon Hocus Pocus 1 Download Link

Drama • Romance
7.4 2022 107 mins
Hocus Pocus 2
Wet Sand
7.2

~ IMDb Rating - 6.8/10 ~ ဂျော်ဂျီယာဒါရိုက်တာရိုက်ထားတဲ့ တွေ့ရခဲတဲ့ ဂျော်ဂျီယာရုပ်ရှင်ပါ။ ဂျော်ဂျီယာက ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားတယ်။ ဒီရုပ်ရှင်ဟာ LGBT ရုပ်ရှင်လို့ ပြောဖို့ခက်ပေမဲ့ သူ့အဓိကအကြောင်းအရာက LGBT ဖြစ်နေပါတယ်။ ပြောရရင် ကြည့်ဖူးသမျှထဲ သိမ်မွေ့မှုအရှိဆုံး LGBT ရုပ်ရှင်ပါပဲ။ MUBI လို Art Film ဦးစားပေး streaming service မှာတောင် တင်ထားပြီး ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာလည်း ပြထားပါတယ်။ ဂျော်ဂျီယာဟာ လိင်တူစုံမက်ခြင်းကို အင်မတန် ရှုံ့ချတဲ့နေရာပါ။ အန်နွန်လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်က ဂျော်ဂျီယာ ဘလက်ဆီးနားက ရွာလေးတစ်ရွာမှာ Wet Sand လို့ခေါ်တဲ့ ကဖေးလေးဖွင့်ထားတယ်။ အေးရာအေးကြောင်းနေလာရင်း သူ့ကဖေးမှာ လာသောက်နေကျ လူတစ်ယောက်ဆုံးသွားရာက ဂယက်ထလာတော့တာပါပဲ။ အဲဒီလူက ဘာသာမဲ့ဆိုတော့ သူ့ကို ဘယ်သူကမှလည်း မမြုပ်ပေးချင်ကြသလို ဘယ်သူကမှ အကောင်းမမြင်ကြဘူး။ သူ့အလောင်းကို ဒီတိုင်းပုပ်အောင်ပဲ ထားပစ်လိုက်ချင်ကြတယ်။ အဲဒီအလောင်းနဲ့ ‌အန်နွန်ဘာဆက်ဖြစ်မလဲ Wet Sand မှာ ကြည့်ရမှာပါ။ အစ‌ကနေအဆုံး သိမ်မွေ့ညက်ညောမှု အပြည့်နဲ့ပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.2GB, 635MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 55Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action
7.2 2021 115 mins
Wet Sand
Five Hundred Miles
6

ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား….. သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။ လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ….. ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊ လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော်

6 2023
Five Hundred Miles
Garudan
7.5

Garudan 2023 အမှန်တရားဘက်တော်သား IMDb 7.5/10 အမှန်တရားနဲ့လိမ်လည်မှု ..စည်းလေးတစ်ခုပဲခြားတဲ့ ဒီ၂ဖက်ကြား တရားဥပဒေကို လက်တစ်လုံးကြားလုပ်ပြီး ပြစ်မှုကျူးလွန်နေတဲ့လူတွေကို အခက်အခဲ‌တွေကြားကဘယ်လိုရှာဖွေသွားမလဲဆိုတဲ့ ရုံကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် ကျောင်းဖျော်ဖြေပွဲရှိလို့ ညနက်တဲ့အထိလေ့ကျင့်ရေးလုပ်နေခဲ့တဲ့ တယ်ရယ်ဆာ ..မိုးသည်းတစ်ညလေ့ကျင့်မှုအပြီး ဖခင်ဖြစ်သူအတွက်ဟင်းချက်ပေးဖို့ဆိုပြီး အိမ်ပြန်မိလေတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့ မသမာသူတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ Rape case တစ်ခု ဖြစ်စေခဲ့ပါတယ် ည၇နာရီနဲ့ ၉နာရီကြားဆို လူမရှိတဲ့ စက်ရုံတစ်ခုထဲသူ့အစီအစဉ်ကိုအထမြောက်ခဲ့လေတော့ သူ့ကိုတွေ့လိုက်တာက စက်ရုံရဲ့ကြီးကြပ်ရေးဆာလမ် .. တရားခံဟာအရင်ကမမြင်ဖူးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကြန့်ကြာခဲ့ရတဲ့ ဒီအမှု.. နစ်နာသူက ကိုမာဝင်ပြီးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဒီအမှုကြောင့် ဆန္ဒပြပြည်သူတွေနဲ့ ဖိအားပေးခံရဲတွေကြား အမှုက ၇လကျော်အထိ ကြာခဲ့ရပြီးနောက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတယ် အဲဒါက ဘာများဖြစ်မလဲ သူတို့ဘယ်လိုတွေဖော်ထုတ်ကြမလဲ အမှန်တရားက အမြဲတမ်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ကြပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror • Thriller
7.5 2023
Garudan
Three Wise Men and a Baby
7.6

Three Wise Men and a Baby (2022) ========================== IMDb Rating – 7.6/10 ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။ သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (604 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Ngwe Zin Encoder……….SWM

7.6 2022 84 mins
Three Wise Men and a Baby
Freud’s Last Session
6

Freud’s Last Session (2023) ~ IMDb – 6/10, RT – 45%, Meta – 49% ~ စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က 12 Angry Men တို့ The Man from Earth တို့လို တစ်ကားလုံး အခန်းတစ်ခန်းတည်း စကားထိုင်ပြောနေရင်းနဲ့ကို ပြီးသွားတဲ့ ရုပ်ရှင်မျိုးပဲ။ ဗုံးကြဲမယ့်ကြေညာချက်ထွက်လာလို့ ဗုံးခိုကျင်းကို သွားရှောင်တာတို့ သူတို့အတိတ်က အဖြစ်တွေကို Flashback ပြန်ပြတာတို့တော့ နည်းနည်းပါတယ်။ အဲဒါကလွဲ တစ်ကားလုံးစကားများရင်းနဲ့ကိုပြီးသွားတော့ ဒီလိုကားမျိုးကို ကြိုက်တဲ့လူတွေအတွက်ပဲ အဆင်ပြေလိမ့်မယ်။ တစ်ခုရှိတာက သူတို့ပြောနေတဲ့ အဓိက Topic က ဘုရားသခင်ကို ဦးတည်နေတာပေမဲ့ တကယ်တမ်း သူတို့ဆွဲထည့်ရတော့ နတ်ဘုရားတွေ ဘာတွေအထိပါပါလာသလို လူးဝစ်က ခရစ်ယာန်ဖြစ်နေလို့သာ ဒီ Topic က ဘုရားသခင်ကို ယုံခြင်းမယုံခြင်းဘက်သွားနေပေမဲ့ စကားလုံးအများစုကတော့ ဘာသာတရားအားလုံးနဲ့ ချိတ်ဆက်လို့ရနေတာများတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့၂နာရီလုံး သူတို့ဒီအကြောင်းပြောနေကြပေမဲ့ တကယ်တမ်း အဖြေမထွက်သွားသလို ဖရွိုက်ကိုယ်တိုင်လည်း သမိုင်းရဲ့အကြီးကျယ်ဆုံး ပဟေဠိကို အဖြေထွက်မယ်ထင်နေခဲ့တဲ့ ငမိုက်သားတွေလို့ သူ့ကိုယ်သူပြန်ပြောသွားခဲ့တယ်။ ဒါပေမဲ့လည်း ဘာသာတရားတွေနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောသွားတာတော့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းနေလောက်မယ်။ ဒါအပြင်တော့ လူးဝစ်ရဲ့ နာနီယာရဲ့ ဖြစ်တည်ခြင်းကို စေ့ဆော်ပေးခဲ့တယ်လို့ ယူဆရတဲ့ ဇာတ်ဝင်ခန်းတွေ၊ သူ့သမီးနဲ့သူနဲ့ကြားက ဆက်ဆံရေး၊ ဖရွိုက်နဲ့ ဂျာမန်အသိုင်းအဝိုင်းရဲ့ဆက်ဆံရေး၊ သူ့သမီးရဲ့ စိတ်ရောဂါ၊ နောက် လူးဝစ်ဘက်ကဆို Lord of the Rings စာရေးဆရာ J. R. R. Tolkien နဲ့ လူးဝစ်တို့ရဲ့ စာပေဆွေးနွေးတဲ့အဖွဲ့ The Inklings အကြောင်းတို့ J. R. R. Tolkien အကြောင်းနည်းနည်းတို့ ထည့်သွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း Tolkien ကို ဉာဏ်ကြီးရှင်ဆိုပြီး ချီးးကျူးသွားခဲ့တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကအမြင်အရ သဘောအကျဆုံးအချက်ကတော့ ဆစ်ဂမန်ဖရွိုက်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ပညာရှင်ကြီးကို သာမန်လူထက်ပိုတာဆိုလို့ စိတ်ပိုင်းဆိုင်ရာသီအိုရီတွေကိုသိနေပြီး ကောင်းကောင်းပြောတတ်ဆိုတတ်တာကလွဲလို့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေတယ်ဆိုတဲ့ ပုံစံနဲ့ပြသွားတာကိုပါပဲ။ ဖရွိုက် ခံတွင်းကင်ဆာကျွမ်းနေတဲ့ နောက်ဆုံးအချိန်မို့ သူ့စိတ်က ပိုပြီးမြင်သာနေတာလားတော့ မပြောတတ်ဘူး။ ဘာပြောပြော ဖရွိုက်ကို ခင်ဗျားတို့ ကျွန်တော်တို့လို ကြောက်တတ် ဒွိဟဖြစ်တတ် အတ္တကြီးတတ်တဲ့ လူတစ်ယောက်အနေနဲ့ပဲပြသွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အမှားတွေရှိတဲ့ အားနည်းချက်တွေရှိတဲ့ လူထဲကလူလို့ပဲ ပြောသွားခဲ့တာပါပဲ။ ဒီရုပ်ရှင်ကို လက်ရှိဟောလိဝုဒ်ရဲ့ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ကြသူတွေထဲ သမ္ဘာအရင့်ဆုံး အခုထိလည်း အစွမ်းပြနေတုန်းဖြစ်တဲ့ Anthony Hopkins နဲ့ ဒီမှာတော့ လူသိသိပ်မများပေမဲ့ သရုပ်ဆောင်တော်တော်ကောင်းတဲ့ Matthew Goode က အဓိကသရုပ်ဆောင်ထားတယ်။ မက်သရူးဟာ Leap Year, The Imitation Game, Watchmen တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖူးပြီး မနှစ်ကတော့ The Offer ထဲက Bob Evans ဇာတ်ကောင်နဲ့ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့ရတဲ့ဘဲပေါ့။ Armand Nicholi ရဲ့ Question of God ကို အခြေတည်ထားတဲ့ ပြဇာတ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖရွိုက်ကို စိတ်ပညာကို ဘာသာရေးတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့လည်း ဇာတ်ဟာ ဘယ်မှမရောက်သလို တုံးတိကြီးဖြစ်နေတဲ့အပြင် သူပြောခဲ့သလို သူတို့ဆွေးနွေးခန်းကလည်း ဘယ်ကိုမှမရောက်သွားတော့ ရုပ်ရှင်တစ်ကားအနေနဲ့တော့ ဇာတ်အိမ်တော်တော်ချာတယ်ပြောရမှာပါပဲ။ ဒါကြောင့်လည်း ဝေဖန်ရေးသမားတွေတော့ သဘောမကျခဲ့ကြဘူး။ ဘာနေနေ ဒီရုပ်ရှင်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း ဖစ်ရှင်တစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6 2023 109 mins
Freud’s Last Session
Leviathan
5.2

Leviathan (1989) =========== ထရိုင်အိုးရှင်းဆိုတဲ့ကော်ပိုရေးရှင်းကြီးတစ်ခုဟာ ဘူမိပညာရှင်တစ်ဦးဖြစ်တဲ့ စတိဗ်ဘတ်ခ်ကို ငှားရမ်းပြီးပင်လယ်အောက်သတ္တုတူးဖော်မှုကိုကာလရှည်ဆောင်ရွက်နေပါတယ်။တစ်နေ့တော့ အဖွဲ့သားနှစ်ယောက်ဟာစခန်းထဲကအပြင်ထွက်ပြီး တူးဖော်ရေးလုပ်နေချိန်မှာ လဗိုင်ယာသန် ဆိုတဲ့သင်္ဘောပျက်တစ်စီးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သင်္ဘောဟာရုရှားသင်္ဘောဖြစ်ပြီး ရှာတွေ့ခဲ့တဲ့စာရွက်စာတမ်းတွေအရ သင်္ဘောပေါ်မှာရှိသမျှလူအားလုံးဟာ သေဆုံးခဲ့ပြီးသားဖြစ်ပါတယ်။သင်္ဘောကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်နှစ်မြုပ်ခဲ့တာလို့သိရပေမယ့်တစ်ခြားအချက်အလက်တွေကပဟေဠိဖြစ်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီသင်္ဘောထဲကို ဝင်ရောက်သွားခဲ့တဲ့ အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ဆစ်ပတ်ခ်ဟာအရေပြားအင်ပြင်တွေထရာကနေ နာရီပိုင်းအတွင်းသေဆုံးသွားခဲ့သလို ဆစ်ပတ်ခ်နဲ့အတူသွားခဲ့တဲ့ ဘိုးမန်းဆိုတဲ့အဖွဲ့သူကတော့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ အဲ့ဒီနှစ်ယောက်ရဲ့အလောင်းနှစ်လောင်းဟာတစ်ခုတည်းအဖြစ်ပူးပေါင်းသွားခဲ့ပြီး သူတို့ကိုစတင်တိုက်ခိုက်ခဲ့သလို အဲ့ဒီကနေပြတ်ကျန်နေခဲ့တဲ့ ခြေထောက်တစ်ဖက်ကပါအသက်ဝင်အသွင်ပြောင်းလာတဲ့အခါမှာတော့..။ Alien တို့၊ Virus တို့လို Vibe မျိုးနဲ့အမိုက်စား science fiction horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Adventure, Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Action • Thriller • Adventure • Crime
5.2 1989 98 mins
Leviathan
We Grown Now
7.1

We Grown Now ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့ လူမည်းအိမ်ရာစီမံကိန်းမှာ မွေးပြီး ကြီးပြင်းလာကြတဲ့ ဆယ်ကျော်သက်သူငယ်ချင်းနှစ်ယောက်ရဲ့ သူတို့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ မာလစ်နဲ့ အဲရစ်တို့သူငယ်ချင်းနှစ်ယောက်ဟာ ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရိုးသားတဲ့ ကလေးတွေရဲ့ စိတ်နှလုံးသားတွေအကြောင်း၊ သူတို့ရဲ့ရုန်းကန်မှု၊ သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ ဘဝအိပ်မက်တွေအကြောင်း ထိထိမိမိမြင်တွေ့ လာရတာပါ။ လက်လုပ်လက်စားမိသားစုမှာ အရွယ်ရောက်လာတဲ့ တကယ့်လက်တွေ့ဘဝထဲက ကလေးငယ်တွေအကြောင်း သရုပ်ဖော်တင်ဆက် ထားတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ File size…1.20GB / 534MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Drama • Thriller
7.1 2023
We Grown Now
There’s Still Tomorrow
7.7

၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C’è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် မထင်သလို ရိုက်နှက်ခြင်းကိုလည်း ခံရပါသေးတယ်။ သမီးဖြစ်သူကို အိမ်ထောင်ချပေးရေး ကိစ္စနဲ့ ဗျာများနေတုန်းတစ်နေ့မှာ မမျှော်လင့်ဘဲ စာတိုက်ကနေ မဲပေးခွင့်လက်မှတ် တစ်စောင် ရလာရာကနေ အစပြုပြီး မိမိရသင့်ရထိုက်တဲ့ အခွင့်အရေးကို အရယူဖို့ စတင်နိုးကြားလာပါတော့တယ်။ ဒါရိုက်တာဖြစ်သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီး ရုပ်ရှင်တစ်ခုလုံးကို Neo-realism ပုံစံနဲ့ အဖြူအမည်းကာလာ ရိုက်ကူးထားပါတယ်။ စစ်ပြီးခေတ် ဖိုဝါဒီကြီးစိုးမှုနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မီးမောင်းထိုးပြထားပြီး အမျိုးသမီးတွေကို ပထမဆုံးအကြိမ် မဲပေးခွင့်ပြုတဲ့ ၁၉၄၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ရွေးကောက်ပွဲ ပုံရိပ်တွေကိုလည်း တွေ့မြင်ရပါတယ်။ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် ဥရောပရုပ်ရှင်နှစ်သက်သူများ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ File size…(2.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.7 2023
There’s Still Tomorrow
Striking The Palace / Petites Mains

ယခုအခါတင်ဆက်ပေးလိုက်ဝာာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကား‌လေးမှာ ဟိုတယ်တစ်ခုရဲ့သန့်ရှင်းရေးဝန်ထမ်းတွေ သူတို့ရဲ့နင်းပြားဘဝတွေကိုသရုပ်ဖော်ထားပါတယ်… Eva လို့ခေါ်တဲ့အသက် ၂၀ အရွယ်မိဘမဲ့ကောင်မလေးတစ်ယောက်ဟာ ဇိမ်ခံ‌ဟိုတယ်ကြီးတစ်ခုမှာ အခန်းသန့်ရှင်းရေးဝန်ထမ်းလုပ်ဖို့ရောက်လာခဲ့ပါတယ်… သူမဟိုတယ်ရှေ့ရောက်တော့ ဟိုတယ်ရှေ့မှာဆန္ဒပြနေကြတဲ့လူတစ်စုကိုတွေ့ရှိခဲ့ပါတယ်….ဒီဆန္ဒပြနေတဲ့လူတွေကတော့ အခန်းသန့်ရှင်းရေးဝန်ထမ်းတွေပဲဖြစ်ပြီး အဖိနှိပ်ခံရလွန်းလို့ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်…ဒီလိုနဲ့သူမလည်းအခြားသန့်ရှင်းရေးဝန်ထမ်းတွေဖြစ်တဲ့ Simone ,Safietou, Aissata နဲ့ Violette တို့နဲ့ရင်းနှီးလာပြီးတော့ ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ အသိအမှတ်ပြုမခံရတာ‌တွေ ခေါင်းပုံဖြတ်ခံရတာတွေကိုသိလာပါတယ်…နောက်ပြီး Eva တို့သန့်ရှင်းရေးဝန်ထမ်းတွေဟာ ဟိုတယ်ကတိုက်ရိုက်ခန့်အပ်ထားတဲ့လခစားဝန်ထမ်းတွေမဟုတ်ပဲ တဆင့်ခံကုမ္ပဏီကတဆင့်ပြန်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ငွေပေးနှုန်းကလည်းအရမ်းကိုနည်းနေပါတယ်… လအလိုက်ပေးတာမဟုတ်ပဲ အခန်းအလိုက်ပေးတာမို့လို့ပါ….တဆင့်ခံဝန်ထမ်းတွေဖြစ်တဲ့အတွက် ပုံမှန်ဝန်ထမ်းတွေလိုခံစားခွင့်တွေမရကြပါဘူး….နေမကောင်းရင်တောင်ခွင့်ယူလို့မရဘူး…ခွင့်ယူလိုက်တဲ့ရက်ဟာပိုက်ဆံမရတော့ဘူး…အခြားဝန်ထမ်းတွေကညစာစားပွဲမှာစားသောက်နေကြချိန်မှာ သူတို့ကတော့သန့်ရှင်းရေးလုပ်ဖို့ထိုင်စောင့်နေကြရတယ်….ဒီလိုနဲ့ဖိနှိပ်မှုတွေ၊အဆင်မပြေမှုတွေကြားမှာ Eva ရဲ့မိတ်ဆွေတွေလည်းတဖြေးဖြေးနဲ့ဆန္ဒပြပွဲထဲပါလာခဲ့ပါတယ်….အဲ့ဒီတော့ဘယ်လိုဆက်ဖြစ်သွားမလဲ…Eva ရောဆန္ဒပြပွဲထဲပါလာမလား…သူတို့ရဲ့ဆန္ဒပြပွဲကရောအောင်မြင်သွားမလားဆိုတာကိုတော့ဆက်လက်ကြည့်ရှူကြပါခင်ဗျာ…. File size…(1.7 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 2024
Striking The Palace / Petites Mains
The History of Us
6

The History of Us (2024) ************************* ပရိသတ်ကြီးတို့ ပိုစတာနဲ့ မျှော်နေကြတဲ့ ဇာတ်ကားလေးထွက်လာပါပြီရှင်။ ဒီကားလေးကတော့ ဂျိုဆွန်းခေတ်ရဲ့ သမိုင်းမှတ်တမ်းကို ဖျက်ပစ်ချင်နေတဲ့ အိမ်ရှေ့စံမင်းသားလေးနဲ့ သမိုင်းကို ကာကွယ်ချင်တဲ့ မှတ်တမ်းအရာရှိလေးတို့ရဲ့ အကြောင်းကို ရိုက်ပြထားတဲ့ နန်းတွင်းရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ Castတွေအနေနဲ့လည်း “The Great Shaman Ga Doo-shim, Startup” ထဲက Nam Da Reum နဲ့ “Racket Boys, Dog Days” ထဲက Tang Jun Sangတို့ က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့.. နမ်ယောဂန်း (Tang Jun Sang)ဟာ စာအုပ်ဖတ်ရတာကြိုက်ပြီး အပြင်လောကနဲ့ အထိအတွေ့သိပ်မရှိတဲ့ ပညာသင်တစ်ယောက်ပေါ့။ သူဟာ အထက်တန်းလွှာတွေအတွက် တာဝန်ထမ်းဆောင်ရတဲ့ ဂုဏ်သိက္ခာရှိ မှတ်တမ်းအရာရှိတစ်ယောက်ဖြစ်လာပြီး မကြာခင်မှာပဲ သူ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြီးတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အိမ်ရှေ့စံမင်းသား (Nam Da Reum) ကတော့ ဂျိုဆွန်းခေတ်သစ်ကို တည်ထောင်လိုပြီး သူ့ရဲ့အပြစ်အနာအဆာတွေကိုဖုံးကွယ်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း သမိုင်းဝင်မှတ်တမ်းတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့သူဖြစ်ပြီး သူ့အစီအစဉ်တွေဟာ မှတ်တမ်းအရာရှိနမ်ကြောင့် ပျက်စီးလာရတဲ့အခါမှာတော့.. အိမ်ရှေ့စံမင်းသားနဲ့ မှတ်တမ်းအရာရှိလေးတို့ အားပြိုင်မှုတွေ၊ နောက်ကွယ်က နန်းတွင်းအရှုပ်တော်ပုံတွေကို ရသမျိုးစုံနဲ့ကြည့်ရှုရမယ့် ရုပ်ရှင်ကားလေးဖြစ်သလို Nam Da Reum စစ်ထဲကထွက်ပြီး ပထမဆုံး ပြန်ရိုက်တဲ့ကားမလို့ အတူ ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို ToeToe Aung မှ ရေးသားပေးထားပါတယ်။) File size… 730MB / 290MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 07m Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, ToeToe Aung & May Thet

6 2024
The History of Us