YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Leaked.S01E01.720p.YK(CM).mp4

337.32 MB N/A video/mp4 128 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cậu Vàng
3

ပမ်ဗန်ဟက်နဲ့ ပမ်ဗန်ကိုတို့ဟာ ဆင်းရဲမွဲတေပြီး စိုက်စားစရာစိုက်ခင်းလေးနဲ့ ခွေးလေးဗန်ပဲရှိတဲ့ သားအဖပါ။ တစ်ဖက်မှာတော့ ရွာသူကြီးလီနဲ့ သူ့အဖေ ရွာရဲ့ဂုဏ်သရေရှိလူကြီး သခင်ဗာတို့ သားအဖဟာ ရွာသားတွေကို အခွန်အခတွေကောက်ပြီး ဖိနှိပ်နေသူတွေပါ။ သူတို့ကိုထိ ဓားကြည့်ဆိုပြီး အာဏာစက်နဲ့ အုပ်ချုပ်နေသူတွေပေါ့။ သားဖြစ်သူ ပမ်ဗန်ကိုတစ်ယောက် မိန်းကလေးကိစ္စနဲ့ သခင်ဗာတို့သားအဖနဲ့ ငြိစွန်းပြီး ရွာက ထွက်သွားရတဲ့အပြင် အ‌ဖေဖြစ်သူ ပမ်ဗန်ဟက်တို့စိုက်ခင်းအတွက် အမြဲသုံးနေတဲ့ ရေတွင်းကြီးကို ဒီတွင်းက နဂါးသွေးကြောဖြစ်ကြောင်း၊ ဒီရေကိုသောက်ရင် သခင်ဗာရဲ့ မျိုးဆက်မပြတ်နိုင်တော့ကြောင်း ဗေဒင်ဆရာတစ်ယောက်က ပြောပြီးနောက်မှာ အဘိုးကြီးဟက်တို့စိုက်ခင်းဟာ ရွာသူကြီးလီတို့ လိုချင်စရာပစ်မှတ်ဖြစ်လာပါတော့တယ်။ ဒီလိုမျိုး အဖက်ဖက်က ပစ်မှတ်ထားခံနေရတဲ့ အဘိုးကြီး ပမ်ဗန်ဟက်တစ်ယောက် သူ့ခွေးလေး ဗန်နဲ့အတူ စိုက်ခင်းလေးကို ဘယ်လိုထိန်းသိမ်းမလဲ။ မြေနိမ့်ရာလှံစိုက်ဖြစ်နေတဲ့ အဘိုးကြီးရဲ့ဘဝမှာ ခွေးလေးနဲ့အတူ ဘယ်လိုအသက်ရှင်နေထိုင်မလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 2.5GB | 953MB | 411MB Format… mp4 Duration….1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... August

Drama
3 2021
Cậu Vàng
Slumberland
7.4

Jason Momoa ကြီးပါဝင်တဲ့ Slumberland ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူနေလာရင်း တစ်နေ့မှာ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အမေဆုံးပါးခဲ့တာဖြစ်ပြီး အဖေပါမရှိတော့တဲ့ နီမိုဟာ တစ်ယောက်တည်းကျန်ခဲ့ကာ သူ့အဖေမသေခင်က ဆန္ဒအတိုင်း မြို့ကြီးပေါ်က သူ့ဦးလေးဆီမှာ သွားနေရပါတယ်။ ဒါပေမဲ့ နီမိုဟာ သူ့ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိခဲ့တာကြောင့် အိပ်မက်ထဲမှာ သူ့အဖေနဲ့ ပြန်တွေ့ချင်နေရှာပါတယ်။ ဒီအပြင့် သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်မြေပုံတစ်ခုရှိပါသေးတယ်။ ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး အဲဒီပုလဲရရှိသူဟာ လိုရာဆုတစ်ခုတောင်းရင် အိပ်မက်ကမ္ဘာထဲမှာ ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။ ဒီတော့ နီမိုဟာ မြေပုံနဲ့အတူ သူ့အဖေသူငယ်ချင်း ဝရမ်းပြေးကြီးဖလစ်အကူအညီနဲ့ အိပ်မက်တစ်ခုကနေ တစ်ခုဆီ ခုန်ကူးရင်း ပုလဲကိုလိုက်ရှာတဲ့အခါ ... ကျန်တဲ့ နီမိုရဲ့ စွန့်စားခန်းနဲ့ အလွဲလေးတွေကိုတော့ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 3GB, 1.2GB, 595MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 57mins Genre              : Adventure, Comedy, Drama Translated by Jane Encoded by Kinnov

Action • Comedy • Drama
7.4 2022 117 mins
Slumberland
Glorious
5.8

(1080p ရပါပြီ) ၁ နာရီ ၁၈ မိနစ်သာရှိပေမယ့် မိုက်တယ်ဆိုရမယ့် thriller ဇာတ်ကားဖြစ်ပါတယ်။ မဲပြာပုဆိုးဖြစ်နေတဲ့ ဇာတ်လမ်းကျောရိုးမဟုတ်သလို ဇိမ်ရှိရှိ Horror, Thriller အရသာခံပြီး ကြည့်ရှုလို့ရမဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအညွှန် အနေနဲ့ကတော့ ... အသည်းကွဲပြီး ကားတစ်စီးနဲ့ ခြေဦးတည့်ရာ ထွက်လာတဲ့ ဝက်စ်တစ်ယောက် လမ်းခရီးမှာ တစ်ထောက်နားတဲ့ နားနေစခန်းတစ်ခုကို ရောက်လာခဲ့ပါတယ်။ အသည်းကွဲမှတော့ ကုစားစရာ အရက်ကလွဲပြီး ဘာရှိမလဲနော်။ ဒီလိုနဲ့ မူးရူးကွဲပြဲပြီး အရက်နာကျနေတဲ့ ဝက်စ်ဟာ အများသုံးအိမ်သာထဲမှာ ဝင်အန်ပါတော့တယ်။ အန်ရင်းနဲ့ အိမ်သာဘေးခန်းက တစ်ယောက်က စကားစမြည် စပြောလာပါတယ်။ ဝက်စ်လည်း ဒီလူ စကားများလှချည်လားလို့ တွေးပြီး တစ်ခွန်းစ နှစ်ခွန်းစ ပြန်ပြောရင်းနဲ့ ပဲ အဆိုပါလူက သူဟာ လူမဟုတ်ကြောင်း ပြောလာပြီး ဝက်စ်ထွက်လို့မရအောင် တံခါးကို ပိတ်ချလိုက်တဲ့အခါမှာတော့ … ဝက်စ်တစ်ယောက် ဘာတွေဆက်ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.3GB, 476MB, 226MB Quality : 1080p WEB-DL,  720p WEB-DL, 480p Format : mp4 Duration : 1hr & 19mins Genre : Horror, Thriller Translated by May Myat Thu Encoded by Kinnov

Drama • Romance
5.8 2022 79 mins
Glorious
The Hitcher
7

ချီကာဂို ကနေ ဆန်ဒရေဂိုကို ကားတစ်စီးပို့နေတုန်း ဂျင်မ်ဟော်လီစ် ဆိုတဲ့ကောင်လေးက ဂျွန်ရိုင်ဒါဆိုတဲ့ ကားတားစီး‌တဲ့လူကိုကူညီ့ခဲတယ် ဒါ‌ပေမယ့်ရိုင်ဒါဟာ သူကလူသတ်သမားလို့ပြောပြီးတော့ ဂျင်မ်ကိုသတ်ဖို့ကြိုးစာခဲ့တယ် ဂျင်မ်ဟာ ရိုင်ဒါလက်က‌နေ ကပ်သီးလေးလွတ်မြောက်လာပြီးတော့ကို ရိုင်ဒါကိုဘယ်တော့မှ မတွေ့ဖို့ မျှော်လင့်ခဲ့တယ် ဒါပေမယ့် အဲ့ရိုင်ဒါကပဲ မိသားစုတစ်စုကို သတ်ပစ်ခဲ့တာကိုမြင်တော့ ဂျင်မ်ဟာ နက်ရှ်ဆိုတဲ့ ယာဉ်ရပ်နားစခန်း စားသောက်ဆိုင်က စားပွဲထိုးမလေး အကူအညီနဲ့ ရိုင်ဒါကို လိုက်ပြီး ဖမ်းဖို့ ပြုလုပ်ခဲ့ကြတယ် အဲ့အတောအ‌တွင်းမှာပဲတစ်ယောက်နဲ့ တစ်ယောက် ကြမ်းတမ်းတဲ့ ကားနောက်လိုက်တာ‌တွေ ရက်စက်တဲ့ လူသတ်မှုတွေအကြောင်းဖော်ကြူးထားတဲ့ စိတ်‌‌ချောက်ခြား စိတ်လှုပ်ရှားဖွယ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…1.07GB / 425MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ..... Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyo Thura

Comedy • Drama
7 1986 98 mins
The Hitcher
[18+] Love Actually… Sucks!
4.1

Love Actually Sucks(2011) ======================= လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာ တသက်လုံးကြုံတွေရမယ့် ခံစားချက်တခုဆိုရင် မမှားပါဘူး… လူတိုင်း ဆယ်ကျော်သက်ကနေ သေတဲ့အထိ အချစ်ဆိုတဲ့ခံစားချက်က တောက်လျှောက်အရိပ်တခုလို လိုက်နေပြီး အဲ့ဒီခံစားချက်ကနေပဲ အမုန်း အလွမ်း စိတ်ဒဏ်ရာ ပျော်ရွှင်မှု ၀မ်းနည်းမှုစတဲ့ ခံစားချက်တွေပါ ပါ၀င်လာမှာပါ … အချစ်ကြောင့် ဘ၀တွေချိုသာပြီး ပျော်ရွှင်သွားရတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ဘ၀က ကော်ဖီခါးခါးထဲ အခါးမှုန့်ထပ်ထည့်မိသလို ပိုခါးသွားတဲ့လူတွေ ရှိပါတယ် ဒီဇာတ်လမ်းကတော့ အချစ်ကြောင့်ဘဝပျက်သွားသူတွေ‌ပေါ့ ချိုလှလို့ မက်မောမိတဲ့အရာက အဆင်မပြေမှုတွေပေးတဲ့အခါ အချစ်ဟာခါးလှပါတယ်ဆိုပြီး အချစ်ကို ရွံစရာ မခင်တွယ်စရာခံစားချက်အဖြစ်ပစ်ပယ်သွားရတဲ့ သူတို့ဘ၀တွေကို အရှိတိုင်းဖွင့်ဟပြသသွားမှာပါ

Adventure • Drama • Fantasy • Science Fiction
4.1 2011 83 mins
[18+] Love Actually… Sucks!
The Beach House Murders
5.4

The Beach House Murders [2024] (IMDb 5.6/10) ဇာတ်လမ်းအစမှာ မိုင်းလ်စ်တစ်ယောက် သူ့အိမ်ထဲက ရေချိုးခန်းထဲမှာ လက်မှာသွေးတွေနဲ့ ကြက်သေသေပြီး ထိုင်နေတာကို ရဲက ရှာတွေ့သွားတာနဲ့ အစပြုထားပါတယ်… မိုင်းလ်စ်လက်က သွေးတွေက သူ့မိန်းမ ဆာရာရဲ့သွေးတွေပါပဲ… ဆာရာ မသေခဲ့တဲ့အတွက် မိုင်းလ်စ် ထောင်တစ်နှစ်ကျခဲ့ရပြီး ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်… အဲ့အချိန်မှာ ဆာရာကလည်း အဲ့စိတ်ဒဏ်ရာနဲ့ အိမ်ထဲမှာပဲ တစ်နှစ်လုံးနီးပါး ခိုးအောင်းခဲ့ပါတယ်… တစ်နှစ်တာကာလအတွင်းမှာ ဆာရာဟာ သူ့ရဲ့ စာရေးဆရာမအလုပ်ကို ဆက်လုပ်နေခဲ့ပေမယ့် စာရေးလိုစိတ်ပျောက်ဆုံးလာတာက တစ်ကြောင်း… စာအုပ်တိုက်ဘက်က လောလာတာက တစ်ကြောင်းမို့… သူ့သူငယ်ချင်း အကြံပေးတဲ့အတိုင်း ကမ်းခြေမှာ အနားယူရင်း စာဆက်ရေးဖို့ သဘောတူလိုက်ပါတော့တယ်… ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဆာရာဟာ တိုနီနဲ့ ဆုံစည်းရင်းက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်ပြီး တိုနီ အသတ်ခံခဲ့ရပါတယ်… သေဆုံးသွားတာကလည်း ဆာရာ့အိမ်မှာ ဖြစ်နေတာကြောင့် ရဲတွေက သူ့ကိုပဲ သံသယ ရှိနေခဲ့ပါတယ်… ဒီကိစ္စအပြင် ဆာရာ့ကို အိမ်ထဲထိ ဝင်လာပြီး မုဒိမ်းကျင့်ဖို့ ကြံခဲ့တဲ့ လူတစ်ယောက်ကလည်း ရှိခဲ့သေးပါတယ်… ဒီကြားထဲမှာမှ ခင်ပွန်းဟောင်းကလည်း ကမ်းခြေကို ရောက်နေပြီး သူ့ကို မကြာမကြာမျက်နှာချင်းဆိုင်ဖို့ ကြိုးစားနေပါသေးတယ်… ဒီလို အခြေအနေတွေက အကုန်ရောပြွန်းပြီး ရှုပ်ထွေးလို့နေတဲ့ကြားမှာ ဆာရာတစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲဖြစ်ပါတယ်) Genre….. Thriller Quality…. 1080p | 720p File size… 1.4GB | 722MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.4 2024
The Beach House Murders
Dazed and Confused
7.6

ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။ ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိ‌သောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိ‌ခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ပစ်မှတ်ထားတာကိုခံရပြီး သူတို့လက်ကလွတ်အောင်ပြေးနေရတဲ့ ဂျူနီယာကျောင်းသားသူငယ်ချင်းတစ်စု စသဖြင့် မတူညီတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ကျောင်း‌နောက်ဆုံးနေ့မှာ Lee High အထက်တန်းကျောင်းက အထက်တန်းကျောင်းသား ကျောင်းသူတွေစုပြီး ထိုခေတ်အခါက လူငယ်တွေရဲ့သင်္ကေတတွေဖြစ်တဲ့ အောက်ကဘဲလ်ဘောင်းဘီနဲ့ အပေါ်က ရှပ်လက်တို၀တ်၊ Low rider ကားကြီးတွေနဲ့ သူငယ်ချင်းတွေအုပ်လိုက် မြို့ထဲပတ်တာတွေ၊ ဘီယာ ဆေးခြောက်စုသောက်ကြတာတွေ စသဖြင့် ကျောင်းသားလူငယ်တွေတစ်ညလုံးကဲကြတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးပြထားတာပါ။ ဒီရုပ်ရှင်ဟာ အသက် ၁၃ ကနေ ၁၈ အတွင်းက အခက်အခဲဆုံးကာလတွေကို ပြန်အမှတ်ရစေပြီး၊ ဒီကာလတွေမှာရခဲ့တဲ့ နာကျင်မှု‌တွေ၊အမှတ်တရဖြစ်စေတဲ့ ဘ၀ရဲ့ပထဆုံးအတွေ့အကြုံတွေ၊ အရသာတွေကို ပြန်အမှတ်ရစေတယ်လို့ ပြောရပါမယ်။ ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေဟာ အနာဂတ်မှာ ကြယ်ပွင့်ဖြစ်လာမယ့် သရုပ်ဆောင်တွေဖြစ်ပြီး Jason London, Ben Affleck, Milla Jovovich, Cole Hauser, Parker Posey, Adam Goldberg, Matthew McConaughey, Nicky Katt, Joey Lauren Adams, နဲ့ Rory Cochrane တို့လို သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဒါရိုက်တာ Linklater ဟာ သူ့ရဲ့ လူငယ်ဘဝကို အခြေခံပြီး ဇာတ်ညွှန်းကို ရေးသားခဲ့ပြီး၊ သူ့ရဲ့ မွေးရပ်မြေက လူတွေရဲ့ နာမည်တွေကို ဇာတ်ကောင်တွေအတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီတုန်းက ဒါရိုက်တာ Linklater ကရုပ်ရှင်အတွက် ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေကို ကိုယ့်‌ဇာတ်ကောင်ကို ကိုယ်တိုင်တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပြီး အပိုဇာတ်၀င်ခန်းတွေအတွက်လည်း ဇာတ်ညွှန်းရေးပေးခိုင်းခဲ့တယ်လို့လည်းဆိုပါတယ်။ Linklater က ဒီရုပ်ရှင်နောက်ခံတေးအတွက် ၇၀ ခုနှစ်က ရော့ခ်သီချင်းတွေအများကြီးကို စုစည်းပြီး အလျှံပယ်ထည့်သွင်းခဲ့ပါတယ်။ Gramercy Pictures က ဒီရုပ်ရှင်ကို Stoner ရုပ်ရှင်ဆိုပြီး ကြော်ငြာခဲ့တာကြောင့် Linklater တစ်ယောက် လန့်ဖျပ်သွားခဲ့ရပါသေးတယ်တဲ့။ စက်တင်ဘာ ၂၄၊ ၁၉၉၃ မှာ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ဟာ Box Office မှာ အရှုံးပေါ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ရုံတင်ဝင်ငွေဒေါ်လာ ၈ သန်းအောက်ပဲရရှိခဲ့ပါတယ်တဲ့။ ဒီရုပ်ရှင်ဟာ နောက်ပိုင်းမှာ Home video market လို့ခေါ်တဲ့ ဗီဒီယိုရုပ်ရှင်ကား အငှားဈေးကွက်မှာမှ စအောင်မြင်သွားခဲ့ပြီး ဂန္တ၀င်လူငယ်ရုပ်ရှင်တွေထဲကတစ်ကား ဖြစ်လာခဲ့တာပါ။ Entertainment Weekly မဂ္ဂဇင်းရဲ့ အကောင်းဆုံးအထက်တန်းကျောင်းရုပ်ရှင် ၅၀ စာရင်းမှာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး၊ “လွန်ခဲ့သော ၂၅ နှစ်အတွင်း ရယ်စရာအကောင်းဆုံးရုပ်ရှင်များ” စာရင်းမှာ ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ညွှန်းတာတွေလည်း များသွားပြီမလို့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.6 1993 102 mins
Dazed and Confused
Lockdown Lovers
7.6

ဒီတစ်ခေါက်မှာတော့ ကိုဗစ်‌‌ဖြစ်တုန်းက lockdown ကာလတွေကိုပြန်အမှတ်ရသွားစေမဲ့ GLဇာတ်ကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ Kristal ဟာ ကိုဗစ်မဖြစ်ခင်တစ်ပတ်လောက်အလိုမှာ Australia ကို ခရီးထွက်လာခဲ့ပြီး Lisetteဆိုတဲ့ ခပ်မိုက်မိုက် Bartender ကောင်မလေးတစ်ယောက်နဲ့ ငြိမိသွားပါတယ်။ ခရီးကမပြန်ခင် Lisette အိမ်မှာ ခဏလိုက်နေနေတုန်း ကိုဗစ်ရောဂါပြန့်ပွားလာတာကြောင့် လေယာဉ်လည်း cancel ဖြစ်သွားပြီး lockdown ကျသွားပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် one night stand လို့သာ သတ်မှတ်ထားခဲ့ကြပေမဲ့ lockdown ကြောင့် တစ်အိမ်တည်း တူတူနေကြရတဲ့အခါမှာ အရာရာကချောမွေ့မနေခဲ့ပါဘူး။ Kristal က အရာရာကို တိတိကျကျ အစီအစဉ်ဆွဲ ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်စရိုက်မျိုးရှိပေမဲ့၊ Lisette ကတော့ ထင်ရာစိုင်း လုပ်ချင်ရာလုပ် ဖြစ်သလိုနေ တတ်တဲ့ လူမျိုးပါ။ ဒီလို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့နှစ်ယောက်ရဲ့ ကြားထဲက ပဋိပက္ခတွေ သံယောဇဉ်ဖြစ်တည်လာပုံတွေကို plot twist ပါးပါးလေးထည့်ပြီး ကျကျနနရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Kristal နဲ့ Lisette တို့ရဲ့အချစ်လမ်းခရီးက ဖြောင့်ဖြူးနိုင်ပါ့ မလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှု လိုက်ကြရအောင်ပါ။ File size…1.50GB / 686MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.6 2023
Lockdown Lovers
Hangdog
7.1

ဒီဇာတ်ကားလေးကတော့ ဟာသနဲ့ ဒရာမာကို အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကား ကြည့်ချင်တဲ့ သူတွေအတွက် မိနစ် ကိုးဆယ်ကျော်ကျော််လေးအတွင်းမှာ အရသာခံပြီး ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဝေါ့ ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ ကောင်မလေးနဲ့အတူ အိမ်ပြောင်းလာရင်း မြို့အသစ်မှာ အခြေချရပါတယ်။ ဝေါ့ဟာ ရှပ်ပြာပြာနဲ့ စိုးရိမ် ပူပန်တတ်တဲ့သူ ပီပီ အဲဒီမှာ ပြဿနာတွေ တက်ပါတော့တယ်။ တစ်ရက်မှာ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ သုံးရက်တာ ခရီး ထွက်သွားရတဲ့အခါ ဝေါ့ရဲ့ ကောင်မလေးက သူ့ရဲ့ခွေးကို ဂရုစိုက်ဖို့ ဝေါ့ကို မှာထားခဲ့ပါတယ်။ ဒါပေမဲ့ ပထမရက်မှာပဲ ခွေးက အခိုးခံ လိုက်ရပြီး ပျောက်ဆုံးသွားတဲ့အခါ ခွေး မချစ်တတ်တဲ့ ဝေါ့ တစ်ယောက် ခွေးကို အဆုံးရှုံးခံလိုက်ရမလား .. ဒါမှမဟုတ် သူ့ကောင်မလေးကိုရောပါ သူ့အနေနဲ့ ဆုံးရှုံးလိုက်ရမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဘဝမှာ စိုးရိမ်ပူပန်မှုတွေနဲ့ လုံးထွေးရင်း ကိုယ့်ရဲ့ အကြောက် တရားတွေ .. စိတ်မလုံခြုံမှုတွေကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင် တန်ဖိုးနဲ့ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေကို မမြင်နိုင်တော့တဲ့အခါ .. ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေပြီး လမ်းပျောက်နေတဲ့အခါ .. ဘယ်လို ကျော်လွှားရမလဲဆိုတဲ့ မက်ဆေ့ကိုလည်း ဒီဇာတ်ကားလေးထဲမှာ အထင်းသား မြင်တွေ့နိုင်ပါတယ် ခင်ဗျာ……. ( ဇာတ်လမ်း အညွှန်းနှင့် ဘာသာပြန် BZW ဖြစ်ပါတယ်) File size… (1.78 GB) / (809 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Comedy • Action
7.1 2023 92 mins
Hangdog
Collateral
7.6

Collateral (2004) IMDb Rating (7.5) / Rotten Tomatoes (86 %) နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ်တို့ရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime/Thriller ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကတော့… မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max… ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားလာပါတယ် … သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်…. အဲ့လိုချိန်မှာ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်…. သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ … သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်… မျက်မြင်သက်သေဖြစ်သွားတဲ့ Taxi သမား Max နဲ့ ကြေးစားလူသတ်သမားတို့ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ…..။

Animation • Family • Adventure • Drama
7.6 2004 120 mins
Collateral
Sister Street Fighter: Fifth Level Fist

(၁၉၇၆)မှာ ထွက်ရှိခဲ့တဲ့ “Sister Street Fighter: Fifth Level Fist” ဇာတ်ကားက ကိုယ်ခံပညာအက်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီးတော့ ရှေ့က ထွက်ရှိခဲ့တဲ့ “Sister Street Fighter” ဇာတ်ကားတွေရဲ့ နောက်ထွက် ဇာတ်လမ်းလို့ ပြောလို့ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ကီမိုနိုဆိုင်ပိုင်ရှင် မိဘတွေရဲ့ သမီးဖြစ်သူ ကီကုကို စစမြင်လိုက်ရင်တော့ အမျိုးသမီးအများစုလို သိမ်မွေ့နူးညံ့တဲ့ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်သာသာပဲလို့ ထင်ရစရာရှိပါတယ်။ တကယ်တမ်းတော့ ကရာတေးကိုယ်ခံပညာကို နှစ်သက်တဲ့ အမျိုးသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကရာတေးကို စိတ်ဝင်စားသလို ဒီကိုယ်ခံပညာရပ်မှာပါ ကျွမ်းကျင်မှုရှိတဲ့ ကီကု တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ အစ်ကို အသတ်ခံလိုက်ရရာကနေ ဝင်ကူညီရင်း ရဲတွေ စုံစမ်းထောက်လှမ်းနေတဲ့ မူးယစ်ရာဇာတွေနဲ့ ပတ်သက်မိပါတော့တယ်။ ဒီ “Sister Street Fighter: Fifth Level Fist” ဆိုတဲ့ ဇာတ်ကားလေးမှာ ကီကုတစ်ယောက်ရဲ့ အန္တရာယ်မှန်းသိသိနဲ့ တစ်ယောက်တည်း တိုးဝင်ရာကနေ လူဆိုးတွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်တာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကီကုတစ်ယောက် ကလဲ့စားပဲ ချေနိုင်သွားမလား၊ ဆုံးရှုံးစရာတွေနဲ့ပဲ ရင်ဆိုင်ရမလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ File size… 1.4 GB / 747 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Action / Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

Action • Crime • Drama
0 1976 77 mins
Sister Street Fighter: Fifth Level Fist
The Face of Another
7.9

The Face of Another (1966) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဟိရိုရှိကလည်း ဒီဇာတ်လမ်းတွေကို အောင်မြင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ပထမ၃ကားလုံးက သူ့အအောင်မြင်ဆုံးရုပ်ရှင်တွေထဲပါခဲ့ပြီး နောက်ဆုံးတစ်ကားပဲ နည်းနည်းချာသွားခဲ့တယ်။ ဂျပန်နယူးဝေ့ဟာ ၁၉၅၆လောက်ကစခဲ့ပေမဲ့ ၁၉၆၀မတိုင်ခင်အထိ နယူးဝေ့ကားနည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ Nagisa Ōshima ကစလို့ Seijun Suzuki တို့အဆုံး နယူးဝေ့ဒါရိုက်တာတွေ ဆက်တိုက်ဆိုသလိုရိုက်ခဲ့ကြတယ်။ ကျွန်တော်သတိထားမိသလောက်တော့ ဒီနယူးဝေ့ကားတွေမှာ အိုဇုတို့ ကူရိုဆာဝါတို့လိုမဟုတ်ဘဲ လိင်မှုခန်းတွေ လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကိုသာ ရဲရဲဝံ့ဝံ့ကို မြင်သာထင်သာ တင်ဆက်လာကြတယ်။ ဒီနယူးဝေ့ဟာ ဒါရိုက်တာက သူ့ရုပ်ရှင်ကို သူကိုယ်တိုင်လွတ်လပ်စွာ တင်ဆက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သီအိုရီကို ဂျပန်မှာ စမိတ်ဆက်ခဲ့တဲ့ ကာလဖြစ်ခဲ့တော့ ဒါရိုက်တာတွေ တော်တော်တော့ခက်ခဲခဲ့မှာပေမဲ့ Ōshima တို့၊ Suzuki တို့၊ Yoshishige တို့ဆို တော်တော်ရဲရဲတင်းတင်းကို ပြခဲ့ကြတယ်။ တချို့ဆို သူတို့ကားတွေကို အပြာကားလို့တောင် ထင်ခဲ့ကြတယ်။ Hiroshi Teshigahara ကတော့ ကြားကျကျပဲနေသွားခဲ့ပုံပါပဲ။ ပြတော့ပြပေမဲ့ ဟိုဘဲတွေလောက်တော့ မဟုတ်ဘဲ လိုအပ်တယ်လို့ သေချာတဲ့နားလောက်ပဲ ထည့်ခဲ့တယ်။ Hiroshi Teshigahara ရဲ့ The Face of Another ဟာ Woman in the Dunes လောက်တော့ မကောင်းဘူးလို့ ဆိုကြပေမဲ့ Tatsuya Nakadai ရဲ့ သရုပ်ဆောင်ချက်ကိုပါ ထည့်တွက်ရင် ကျွန်တော်တော့ Woman in the Dunes ထက်တော့ မညံ့ဘူးလို့မြင်တယ်။ ဇာတ်လမ်းကတော့ စက်ရုံပေါက်ကွဲမှုကြောင့် မျက်နှာစုတ်ပြတ်သတ်သွားတဲ့ အင်ဂျင်နီယာတစ်ယောက်ကနေ စတယ်။ သူ့မျက်နှာက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပြီးတဲ့နောက် သူ့မိန်းမကတောင် သူ့ကိုအလိုမပါတော့ဘဲ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ သူ့အတွက် တော်တော်ခက်ခဲနေခဲ့တယ်။ ဒီတော့ သူက သူ့စိတ်ကို သူအဖက်ဆည်ဖို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ပြတယ်။ ဒီဆရာဝန်က စိတ်ရောဂါကုဆရာဝန်ပေမဲ့ စစ်အတွင်းက လက်ပြတ်သွားတဲ့လူတွေကို လက်ချောင်းအသစ်တွေ လုပ်ပေးတာတို့ ဘာတို့လုပ်နေတဲ့ ဆရာဝန်။ သူက မျက်နှာမရှိတော့တဲ့လူကို မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့တယ်။ လူ့မျက်နှာလို တစ်ပုံစံတည်းဖြစ်နေတဲ့ မျက်နှာဖုံးပေါ့။ သူ့သီဝရီအရတော့ သူက မျက်နှာမရှိတဲ့လူဟာ လူတောတိုးဖို့ မျက်နှာလိုချင်တာလို့ပြောပေမဲ့ မျက်နှာဖုံးက သူ့စိတ်နဲ့ ခန္ဓာကိုပြန်ကြီးစိုးသွားမယ်လို့ ယူဆတယ်။ ဒီနောက်မှာတော့ မျက်နှာဖုံးကမျက်နှာလား၊ မျက်နှာက မျက်နှာဖုံးလား၊ မျက်နှာက မျက်နှာလား၊ မျက်နှာဖုံးက မျက်နှာဖုံးလား ဆိုတဲ့ အဖြေကို ကိုယ်တိုင်ရှာယူရမယ့် အခြေအနေကို ဆွဲခေါ်သွားတယ်။ ဒီရုပ်ရှင်မှာ ဒီဇာတ်နဲ့အပြိုင် သူ့အစ်ကိုနဲ့ပြန်အိပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလည်းပါခဲ့ပါတယ်။ မူရင်းဝတ္တုမှာတော့ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအကြောင်းလည်း သူပြန်ပြောပြခဲ့တယ်။ အဓိကဇာတ်ကောင်က ဒီဇာတ်လမ်းကိုသိနေတယ်ဆိုတဲ့ အချက်ဟာ ဇာတ်ကောင်ကို အကဲဖြတ်ဖို့ ကျွန်တော်တို့အတွက်လိုတဲ့တစ်ချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 600MB Quality – WEBRip 720p, 480p IMDb Rating – 7.9/10 Format – mp4 Duration – 2H 4Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
7.9 1966 122 mins
The Face of Another
She’s Obsessed With My Husband
5.2

အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားအတိုင်းပဲ အချစ်ကြီးလွန်းလို့ အမျက်ကြီးလွန်းတဲ့ မမတစ်ယောက်ရဲ့ ဘ၀အကြောင်းကို ရသပေါင်းစုံ ခံစားချက်ပေါင်းစုံ ရှုထောင့် ပေါင်းစုံနဲ့ရိုက်ကူးပုံဖော်ထားတဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ She’s Obsessed with My Husband ဖြစ်ပြီး လက်ရှိ IMDb Rating 5.2 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ အချစ်ကြီးတဲ့မမက တခြားသူ တစ်ယောက်ရဲ့ခင်ပွန်းယောက်ျားဖြစ်သူကိုစွဲလမ်းနေတဲ့အကြောင်းကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီမမရဲ့နာမည်ကတော့ဗိုင်အိုလက်ဖြစ်ပြီး သူ့စွဲလမ်းနေတဲ့လူကတော့ အထက်တန်းကျောင်းတုန်းကသူနဲ့တွဲခဲ့ဖူးတဲ့ ဂဲရက်ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ယောက်ျားရပြီး ၁၅ နှစ်ပြည့်နှစ်ပတ်လည်ရောက်တာ တောင် သူတို့အထက်တန်းကျောင်းတုန်းကရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံလေးကို ထုတ်ကြည့်ပြီး ကြေကွဲနေဆဲမလို့ ယောက်ျားဖြစ်သူနဲ့ရန်ဖြစ်ပြီး ကွာရှင်းခဲ့လိုက်ရပါတော့တယ်။ဒီလိုနဲ့သူအိမ်ပြောင်းလာခဲ့ပြီး ဖြစ်ချင်တော့ သူပြောင်းလာတဲ့အိမ်ဘေးကအိမ်က သူ့အချစ်ဆုံး အချစ်ဟောင်းလေး ဂဲရက်ရဲ့အိမ်ဖြစ်နေခဲ့ပါတော့တယ်။ ဂဲရက်ကတော့ လက်ရှိမှာ ၁၈ နှစ်ကြာလက်ထပ်ထားတဲ့ဇနီးနဲ့ သမီးလေးတစ်ယောက်ရှိနေခဲ့ပြီး သာယာတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားပါတယ်။အဲ့ဒီအခါမှာဗိုင်အိုလက်က ဒီလိုမျိုးရတောင့် ရခဲအခွင့်အရေးကိုကောင်းကောင်းအသုံးချပြီး ဂဲရက်ရဲ့မိန်းမနေရာမှာ သူ့ကိုယ်သူအစားထိုးဖို့ကြိုးစားတဲ့အခါမှာတော့ ဂဲရက်တို့မိသားစုထဲမှာ ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲ ဗိုင်အိုလက်ကရောသူလိုချင်နေတဲ့ ဂဲရက်ရဲ့အချစ်ကိုရသွားပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားရဦးမှာပဲဖြစ်ပါတယ်။ File size… (1.51GB) / (765MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror
5.2 2024 88 mins
She’s Obsessed With My Husband
Pravinkoodu Shappu
5.6

Pravinkoodu Shappu (2025)”မိုးသည်းကြားက ဇိုးဘဲများ” ============================================= အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြာ သည်းထိတ်ရင်ဖို မှုခင်းဟာသ ရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ နယ်မြို့လေးတစ်မြို့ရဲ့ မိုးတွေသည်းနေတဲ့ ညလေးတစ်ညမှာပေါ့။ အဲဒီမြို့လေးထဲက ဘုံဆိုင်လေးတစ်ခုဟာ အပြင်မှာဆိုင်ပိတ်ထားပေမဲ့ ဆိုင်ထဲမှာတော့ သောက်နေကျဖောက်သည်တွေဟာ ရှက်ကီထုရင်း ဖဲရိုက်နေကြပါတယ်။ အဲဒီလိုလို အေးအေးလူလူ သောက်ရိုက်လုပ်နေတုန်း.. ဝုန်းဆို ဟိုဘက်အခန်းကနေ အသံကြားရလို့သွားကြည့်ကြတဲ့အချိန်မှာ ဆိုင်ရှင်ဖြစ်သူဟာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကို အားလုံး တွေ့လိုက်ကြပါတယ်။ ဒါကို အစက သာမန် သဝာ်သေမှုလို့ ထင်ခဲ့ကြပေမဲ့ ရှက်ဘဲတွေထဲက လူရည်လည်သူတစ်ယောက်က ဒါ သဝာ်သေတာမဖြစ်နိုင်ဘူး၊ လူသဝာ်မှုပဲဖြစ်မယ်၊ တရားခံက ဆိုင်ထဲမှာပဲရှိမယ်လို့ အာချောင်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါတယ်။ အဲဒီလို အာချောင်လိုက်တဲ့အတွက် အမှုဖော်တဲ့နေရာမှာ အင်မတန်တော်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့် အရက်နံ့မခံနိုင်တဲ့ အင်စပက်တာဇာတ်လိုက်က အရက်ဆိုင်တွင်း လူသဝာ်မှုအတွက် ဝေလေလေ ရှက်ကီဘဲတွေကြားကနေ တရားခံဖော်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်လေးထဲမှာ အတည်ပေါက်ဟာသတွေနဲ့အတူ စိတ်ဝင်စားဖွယ် မြင်တွေ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Crime • Drama • Thriller
5.6 2025 146 mins
Pravinkoodu Shappu