YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lawmen.Bass.Reeves.S01E03.720p.AMZN.WEB-DL.(CM).mp4

268.72 MB N/A video/mp4 174 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Magic Mike
6.2

Mike Laneဟာ Tempaမြို့က အဖော်အချွတ်ကလပ်တစ်ခုမှာ အဖော်အချွတ်ပြစားနေသူ တစ်ယောက်ဖြစ်ပြီး ပိုတဲ့အချိန်တွေမှာလည်း အပိုငွေ‌လေးတွေ ရှာလေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ပရိဘောဂလုပ်ငန်းလေး တစ်ခုကို ထူထောင်ပြီး အေးအေးလူလူ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့ အတွေးနဲ့ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုထဲမယ် Adamဆိုတဲ့ ၁၉နှစ်အရွယ်ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး အဲဒီကောင်လေးကိုပါ အဖော်အချွတ်လောကထဲ ခေါ်ယူဖို့ ဖြစ်လာတဲ့အခါမှာတော့...။ ဒီဇာတ်ကားကို ဒါရိုက်တာ Steven Soderberghက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး ရုပ်ရှင်ဆု‌တွေနဲ့ Nominationများစွာကိုလည်း ရရှိဆွတ်ခူးခဲ့တဲ့အပြင် IMDb 6.1နဲ့ Rotten Tomatoesမှာလည်း 78% ရရှိထားပါတယ်။ File size…(1.74GB)  / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre... Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo

Action • Comedy • Crime
6.2 2012 110 mins
Magic Mike
Warriors of Future
7.3

When a meteor carrying a destructive plant strikes the world, a suicide squad is given hours to save their post-apocalyptic city from total collapse.ဇာတ်ကားကောင်းလေးတွေကို ဘာသာပြန်တင်ဆက်ပေးနေကြဖြစ်တဲ့ CM ကနေ ဒီတစ်ခါမှာတော့ Warriors ဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ၁၉၃၅ခုနှစ်သမိုင်းဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ နာမည်ကြီး ဖြစ်ရပ်တစ်ခုဆိုလည်း မမှားပါဘူး ကူမင်တန် တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ တပ်နီတပ်ဖွဲ့ဟာ တတုမြစ်ကို ဖြတ်ဖို့ရာမှ ာ လှေမလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး အထက်အရာရှိ‌တွေ ဆွေးနွေးတိုင်ပင်ပြီးတဲ့အခါမှာတော့ မြစ်ကိုမဖြတ်တော့ဘဲ ချင်ခေတ်လက်ကျန် လူတင့်တံတားကို သိမ်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ပေးအပ်လိုက်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ တပ်နီအဖွဲ့(၄)ဟာ တစ်ရက်မပြည့်တဲ့ အချိန်အတွင်းမှာ ၁၂၀ကီလိုမီတာကို ချီတက်ခဲ့ပြီး လူတင့်တံတားကို ရောက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ တပ်နီတပ်ဖွဲ့နဲ့ ကူမင်တန်တို့ရဲ့ လူတင့်တံတားတိုက်ပွဲ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ် စစ်ပွဲအတွင်းက ညီအစ်ကိုသံယောဇဉ်တွေ စွန့်လွှတ်မှုတွေ တာဝန်သိတတ်မှုတွေကို အသားပေးရိုက်ကူးထားတဲ့ Warriors ဆိုတဲ့ရုပ်ရှင်ကို ကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်နော် Reviewed By Kyawt Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , War Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
7.3 2022 101 mins
Warriors of Future
Nenu Leni Na Premakatha
7

အချစ်မှာ အချိန်ဆိုတာမရှိဘူး။ ကန့်သတ်ချက်တွေမရှိပါဘူးတဲ့။ 2020ခုနှစ်က ခရစ်ရှနာဆိုတဲ့ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ ကောင်လေးတစ်​ယောက်။ အတိတ်ကအကြောင်းအရာတွေကို သိချင်လို့ အတိတ်ကို ပြန်သွားလို့ရမယ့် စက်ပစ္စည်းတွေကို ရှာနေရင်းကနေ ဟမ်ရေဒီယိုဆိုတဲ့ စက်တစ်ခုကို ရှာတွေ့သွားပြီး 1983ကို ဆက်သွယ်မိသွားပါတယ်။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ ခရစ်ရှနာဟာ လက်ရှိမှာ မတွေ့ရတော့တဲ့ မိဘနှစ်ပါးကို ပြန်ရှာဖို့အတွက် 1983ခုနှစ်က ရာဒါဆိုတဲ့ မိန်းကလေးကို အကူအညီတောင်းလိုက်တဲ့နောက်မှာ မထင်မှတ်ထားစရာ ဇာတ်လမ်း အလှည့်အပြောင်းလေးတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။ "သံယောဇဉ်ဖြစ်လာတဲ့အပေါ်မှာ ပျော်တတ်တဲ့ နှလုံးသားက အဲဒီသံယောဇဉ်တွေကို ဖြတ်ပစ်ရမယ့်အချိန်မှာ ရလာမယ့်နာကျင်မှုအတွက် အသင့်ဖြစ်နိုင်မှာ မဟုတ်ဘူး" တဲ့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ မဟုတ်ပါဘူး။ မှတ်ဉာဏ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့တင် ရင်ထဲမှာ ထာဝရရှင်သန်နေတတ်တဲ့အရာလေးတစ်ခုပါပဲ။ အနာဂတ်ကို ကြိုသိနေလို့လည်းပေးဆပ်ရမယ့်သူတစ်ယောက်ရဲ့ ကံကြမ္မာက ပြောင်းလဲမသွားတဲ့အခါ....။ မင်းသားအနေနဲ့ Naveen Chandraနဲ့ Krish Siddipalli, မင်းသမီးကတော့ Gayathri Sureshတို့ ပါဝင်ထားပြီး IMDb Rating 8.5 ရထားတဲ့ Nenu Leni Na Premakatha ဆိုတဲ့ 2021ထွက် ကားလေး CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီနော်။ File size…900MB / 1.8GB Quality…720p WEB DL / 1080p WEB DL  AAC 5.1CH  Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Yate & HM

Crime • Thriller
7 2021 123 mins
Nenu Leni Na Premakatha
Invictus
7.3

IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည် Invictus ဆိုတာက အင်္ဂလိပ်ကဗျာဆရာ William Ernest Henley ရဲ့ ကဗျာနာမည်ဖြစ်ပြီး လက်တင်လို “အနိုင်မခံ အရှုံးမပေး”လို့ အဓိပ္ပါယ်ရပါတယ်။ ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေ ဘယ်လောက်များများ ခါးသီးမှုတွေကို သည်းခံ တွန်းလှန်ပြီး နောက်ဆုံးအချိန်ထိ မလျှော့တဲ့ဇွဲ၊ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့သာ ကြိုးစားမယ်ဆိုရင်… အောင်မြင်မှုဆိုတာ ရယူဖို့ လွယ်ကောင်းလွယ်နိုင်သော်ငြား ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ ခက်တယ်လို့ပြောကြပေမဲ့ နိုင်ငံရေးသမား နယ်လ်ဆင်မန်ဒယ်လာအတွက်တော့ သမ္မတဖြစ်ဖို့ဆိုတဲ့ ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး။ သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ၂၇ နှစ်ကျခံခဲ့ရပြီး ဒုက္ခမျိုးစုံကို ခံစားခဲ့ရပါတယ်။ ၁၉၉၀ခုနှစ် ထောင်က ပြန်လွတ်လာချိန်မှာလည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ၁၉၉၄မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တာပါ။ သမ္မတ မဖြစ်ခင် ခရီးလမ်းကမလွယ်ကူခဲ့သလို သမ္မတဖြစ်ပြီးချိန်က ပိုလို့တောင် ခက်ခဲနေခဲ့ပါသေးတယ်။ လူမည်းတစ်ဦးကသမ္မတ ဖြစ်သွားတာမို့ အရင်ကဖိနှိပ်ခံခဲ့ရတဲ့ လူမည်းတွေက သူတို့ကိုဖိနှိပ်ခဲ့တဲ့ လူဖြူတွေကို တဖန် ပညာပြဖို့ကြိုးစားရင်း လူဖြူ၊ လူမည်း အားပြိုင်မှုတွေ ဖြစ်လာတဲ့အခါ လူမျိုးရေးခွဲခြားမှုရဲ့သင်္ကေတလို့ ပြောလို့ရနိုင်တဲ့ လူဖြူတွေအားပေးကြတဲ့ ရက်ဘ်ဘီဘောလုံးကစားနည်းရဲ့ (ဘဲဥပုံဘောလုံးကို ဘေးတိုက်၊ နောက်ပြန် ပစ်၊ ကန်ရတဲ့ကစားနည်း) စပရင်ဘုတ်ခ်စ်အသင်းက လူမည်းတစ်ဦး သမ္မတဖြစ်လာမှုရဲ့အကျိုးဆက်ကို စတင်ခံစားရပါတော့တယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ သူတို့အသင်းဖျက်သိမ်းရေးကို လူမည်းတွေက ဝိုင်းဝန်းတောင်းဆိုခဲ့ကြပေမဲ့ တောင်အာဖရိကရဲ့ လူမျိုးရေးခွဲခြားတဲ့ဝါဒကို ဆန့်ကျင်သူ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတစ်ယောက်ရဲ့ ပြယုဂ်ဖြစ်တဲ့ သမ္မတမန်ဒယ်လာက ဒီပဋိပက္ခကို ဖြေရှင်းဖို့ တစ်နိုင်ငံလုံးမှာ နိုင်ငံကိုယ်စားပြုအသင်း တစ်သင်းပဲရှိရမယ်ဆိုပြီး တစ်သင်းတည်းသော စပရင်ဘုတ်စ်ခ်အသင်းရဲ့ခေါင်းဆောင် ပီနာဖရန်ဆွာကို ကမ္ဘာ့ဖလားမှာ အနိုင်ရအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတော့တယ်။ ကျွမ်းကျင်သူတွေက ကွာတားဖိုင်နယ်ရောက်ရင်တောင် ကံကောင်းလို့ မှတ်ချက်ပြုခဲ့ချိန်မှာ ဖရန်ဆွာတစ်ယောက် သာမန်အရည်အချင်းပဲရှိတဲ့ သူ့အသင်းကို ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ထိ ရောက်အောင်ဆွဲခေါ်သွားနိုင်ပါ့မလား.. ပြိုင်ပွဲကို ကွင်းထဲအထိ သွားအားပေးမဲ့သမ္မတကရော သောင်းချီတဲ့ပရိသတ်တွေကြား ဘေးကင်းနိုင်ပါ့မလား.. သမ္မတဖြစ်စေချင်သလိုရော လူဖြူ လူမည်း စည်းလုံးမှု ရယူနိုင်ပါ့မလား.. ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး အားလုံးရဲ့စံပြဖြစ်ရမဲ့ သမ္မတဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်မှာ ဘယ်လိုစိတ်ထား ခံယူချက်တွေ ထားရှိရမလဲ.. ထားရှိသင့်သလဲ.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားနဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

7.3 2009
Invictus
Delivery Man
6.3

Delivery Man (2013) ================== အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော် Starlord မင်းသားကြီး Chris Pratt နဲ့အတူ မင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့် ဟာသနှောတဲ့drama ကြိုက်သူတွေ သဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။ File size… 1.33 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

6.3 2013 105 mins
Delivery Man
Merry Magic Christmas

ခရစ်စမတ်နီးလာရင် အိမ်ရာလေးထဲမှာ ဇိမ်ရှိရှိနဲ့ ကော်ဖီလေးတစ်ခွက်လောက်သောက်ပြီး ခရစ်စမတ်အငွေ့အသက်တွေ လွမ်းခြုံထားတဲ ဇာတ်ကားလေးတွေ ကြည့်သင့်တာပေါ့နော်။ ကြည်ကြည်နူးနူးလေးဖြစ်သွားအောင် ရိုမန့်တစ်ဖြစ်တဲ့ အချစ်ကားလေးဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ကြပါဦးဗျာ။ ဇာတ်လမ်းအကျဉ်း ဘက်သ် မက်ခေးဟာ စာရင်းအင်းသင်္ချာနှင့် ငွေကြေးပိုင်းတွက်ချက်တဲ့နေရာမှာ အရမ်းတော်တဲ့ အလွတ်တန်း ဘဏ္ဍာရေးအကြံပေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်စမတ်နီးပြီဖြစ်လို့ သူမဟာ သူမသူငယ်ချင်းဖြစ်သူ ကိုလီနဲ့ တရုတ်စားသောက်ဆိုင်မှာ ညစာသွားစားရင်း ဆိုင်ကပေးတဲ့ကံကောင်းကွတ်ကီးကို ဖွင့်ကြည့်လိုက်တဲ့အခါ နှလုံးသားဆန္ဒပြည့်ဝလိမ့်မယ်ဆိုပြီးတော့ ၆၂၄ ဆိုတဲ့ဂဏန်းလေးနဲ့အတူ အထဲမှာ ရေးထားပါတယ်။ ကိုလီကတော့ ၆၂၄ ဆိုတာ တမန်တော်နံပါတ်လို့ပြောပေမယ့် လက်တွေ့ကျတဲ့ဘက်သ်တစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ သူမဟာ နေ့စဉ်ဘဝမှာ ၆၂၄ ဆိုတဲ့ဂဏန်းကို ထပ်ခါတလဲလဲမြင်ရလာပါတော့တယ်။ ဒီလိုနဲ့ မကြာပါဘူး ဘက်သ်ဟာ သူ့တူမလေးတက်ရောက်နေတဲ့ ပြဇာတ်ရုံက ငွေကြေးစီမံခန့်ခွဲဖို့ အခက်အခဲရှိနေပြီး အကြွေးတွေလည်း နစ်နေတဲ့အကြောင်းသိလိုက်ရပါတော့တယ်။ ဒီတော့ ရှက်တတ်ကြောက်တတ်တဲ့ သူ့တူမလေးက ပြဇာတ်ရုံရောက်မှ ယုံကြည်ချက်ရှိ သွက်လက်တက်ကြွလာတဲ့အတွက် ပြဇာတ်ရုံသာပိတ်သွားရင် သူ့တူမလေးစိတ်ဒဏ်ရာရမှာ စိုးတဲ့အတွက် ဘက်သ်တစ်ယောက် ပြဇာတ်ရုံမပိတ်ရအောင် ငွေစာရင်းစစ်ဆေးကြည့်ရှုပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက ပြဇာတ်ရုံပိုင်ရှင် နိတ်မက်သရူးက ပေါင်းသင်းဆက်ဆံရခက်တဲ့ လူတစ်ယောက်ဖြစ်နေတော့ ဘက်သ်နဲ့ နိတ်တို့နှစ်ယောက်သား ဘယ်လိုများနှစ်ပါးသွားကြမလဲ၊ ပြဇာတ်ရုံကရော ဘယ်လိုအခြေအနေဖြစ်နေပြီး မပိတ်ရအောင် ကယ်နိုင်ပါ့မလား၊ အဆင်မပြေမှုတွေကြားထဲက ဘက်သ်ရဲ့ နှလုံးသားဆန္ဒလေးကရော ဒီခရစ်စမတ်မှာ ပြည့်ဝလာမလားဆိုတာကို ကြည့်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်တင်ဆက်သူကတော့ Matteo ဖြစ်ပါတယ်။ File size…(1.7 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

0 2023 90 mins
Merry Magic Christmas
Rise of the Legend
6.5

Rise Of The Legend (2014) IMDb – 6.4/10 Rotten Tomotoes – 63% ဒီတစ် ခေါက် မိတ်ဆက် ပေးမယ့်ကား လေးက တော့ Rise Of The Legend ဆိုတဲ့ တရုတ် သိုင်းကားအက်ရှင်ကား လေးပဲဖြစ်ပါတယ် 2014 မှာထွက်ရှိထားပြီီး Sammo Kam-Bo Hung, Eddie Peng တိုနာမည်ကြီးသရုပ် ဆောင် တွေပါဝင်အားဖြည့်ထားတဲ့ကားဖြစ်ပြီး ဆု တွေလည်းအများကြီးလည်းရထားပါတယ် ဇာတ်လမ်းအညွှန်း ကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အ တောအတွင်း ဂွမ်ဂျုံးပြည်နယ် ကုန်သွယ် ရေးဂိတ်ကိုကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို စိုးမိုးထားစဥ် အချိန်အခါကို ကျောရိုးထားပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဖိန်းဆိုတဲ့ သိုင်းသမားလူငယ်တစ် ယောက် ဂိတ်ကိုစိုးမိုး နေတဲ့ လူဆိုးဂိုဏ်း တွေကို ရှင်းလင်းဖို သူငယ်ချင်း ဝူနဲ့ ချန်းတိုနဲ့ အတူ နှစ်ရှည်အစီအစဥ်ဆွဲ အ ကောင်အထည် ဖော်ဖိုကြိုးစားရင်း ဖိန်းတစ် ယောက် ရန်သူကိုအတွင်းက နေတိုက်ဖို ကျားမဲဂိုဏ်းထဲကိုဝင်သွားခဲ့ပါတယ် အဲ့ဒီအချိန်ကာလက ဂိတ်ကို ကြီးစိုးထားတဲ့ ကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို အာဏာအတွက် အပြိုင်အဆိုင်လုနေတဲ့အချိန်ပဲဖြစ်ပါတယ် ဖိန်းတစ် ယောက်ဂိုဏ်းထဲဝင်ပြီး ဂိုဏ်း ခေါင်း ဆောင်ရဲ့ ယုံကြည်မှုကို ရယူဖို ဘယ်လို တွေကြိုးစားခဲ့ရလဲ ရန်သူ့အတွင်းထဲက နေ ဘယ်လို တွေ ကြံရွယ်ထားတဲ့အစီအစဥ် တွေကို ဖော် ဆောင်လဲ ဆိုတာ တွေကိုကြည့်ရှူရမယ့်ကား လေးပဲဖြစ်ပါတယ် ဒါ့အပြင် အိမ်မက်တစ်ခုကို ဖော် ဆောင်ရင်ဖြစ် နေကျအတိုင်း ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာ တွေလည်းရှိပါတယ် ထိုစွန့်လွှတ်မှု တွေကို ဖိန်းတစ် ယောက်ဘယ်လို တွေ ခက်ခက်ခဲခဲ ဖြတ် ကျော်ခဲ့ရလဲ ဘယ်လိုအ တွေးအ ခေါ် တွေနဲ့ အောင်မြင်မှုကိုရယူခဲ့လဲဆိုတာ တွေကိုလည်း တွေ့မြင်ရမယ့်တရုတ်သိုင်းကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ DB ပါ ) P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက် အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါ မာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါ အသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ် File size_(2.8GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:11:00 Genre_Action, Biography, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Horror • Science Fiction • Thriller
6.5 2014
Rise of the Legend
Holy Motors
7

ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို ၂၀၁၂ ကထွက်ရှိထားတဲ့ Holy Motors ဆိုတဲ့ Drama & Fantasy အမျိုးအစားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Leos Carax က ရိုက်ကူးပုံဖော်ထားပြီး rating 7/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ မင်းသား Denis Lavant နဲ့ မင်းသမီး Edith Scob တို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Denis Lavant ကအကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Edith Scob က အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိ ထားရုံသာမက ဒီဇာတ်ကားကအခြား အကောင်းဆုံး ရုပ်သံတေးဖြတ်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့ အကယ်ဒမီဆုပေါင်း ၂၉ ဆုအထိဆွတ်ခူးရရှိထားပြီး ဆန်ကာတင်စာရင်း ၇၁ အခုအထိချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်.. ဇာတ်လမ်းအစမှာ မစ္စတာအောစကာတစ်ယောက် မိုးလင်းပြီးဆိုတာနဲ့ မစ္စဆီလင်းနဲ့ အတူတူ ထူးဆန်းဖွယ် ချိန်းဆိုမှုကိုးခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြပုံနဲ့ စတင်ထားပါတယ် ချိန်းဆိုမှုတစ်ခုဆီမှာ မတူညီနဲ့ဇာတ်ရုပ် တစ်မျိုးစီ မတူညီတဲ့ဘဝတစ်ခုစီကို သရုပ်ဆောင်ရမှာ ဖြစ်ပါတယ် ဒီလိုနဲ့ မစ္စဆီလင်းနဲ့ မစ္စတာအောစကာ တို့နှစ်ယောက် ဒီထူးဆန်းဖွယ်ချိန်းဆိုမှု ကိုးခုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါမ့လား.. ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး… ဒီဇာတ်ကားမှာ မစ္စတာအောစကာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Denis Lavant ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်ထားနိုင်ပုံကို ချီးကျူးဖွယ်တွေ့ရှိရမှာဖြစ်ပြီး မင်းသမီး Edith Scob ကဇာတ်လမ်းကို ပီပြင်အောင် ဘယ်လိုတွေပံ့ပိုးထားမလဲဆိုတာကို ကြည့်ရှုသူပရိတ်သတ်ကြီး ကိုယ်တိုင် လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး… File size…1.72GB / 714MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

7 2012 116 mins
Holy Motors
Oru Nodi
7

Oru Nodi 2024 မီးခိုးကြွက်လျှောက် မှုခင်းထဲမှာမှ အမှုကို တစ်စစ အသေးစိတ်ဖော်ထုတ်ပြတဲ့ investigative crime ရုပ်ရှင်တွေကို နှစ်သက်သူတွေအကြိုက်တွေ့မယ့် တမီလ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ မထင်ထားတဲ့plot twistတွေနဲ့အတူ ဉာဏ်ကစားလိုသူတွေ အတူလိုက်စဉ်းစားရင်းနဲ့ ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ ဇာတ်လမ်းကိုတော့ လူပျောက်လာတိုင်တဲ့ရှာကူဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အစပျိုးထားပြီး ပျောက်ဆုံးနေသူကတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ။ ရှာကူတို့လင်မယားနှစ်ယောက်က သမီးလေးကိုတင့်တောင့်တင့်တယ် လက်ထပ်ပေးနိုင်ဖို့ စီရီကန်နူဆိုတဲ့လူဆီက ငွေချေးခဲ့ပေမဲ့ ကိုဗစ်ဖြစ်တာနဲ့ဘာနဲ့ အချိန်မီအပြည့်ပြန်မဆပ်နိုင်ပါဘူး။ ဒီလိုနဲ့ အကြွေးလာတောင်းတော့မှပဲ သူတို့ငွေချေးမိတာ မြေကွက်ကို မတရားသိမ်းတဲ့နေရာမှာနာမည်ကြီးတဲ့ သယာဂူဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ မြေကွက်ကိုပါထပ်အပေါင်ထားပြီး အချိန် ၆ လထပ်တိုးတောင်းလို့ အကြွေးဆပ်ရမယ့်နေ့မှာ ငွေသွားထုတ်တဲ့ရှာကူယောက်ျားဆဲကရန်တစ်ယောက် အစအနရှာမရအောင် ပျောက်သွားတဲ့အခါ…. သယာဂူမကောင်းမှန်း မာဒူရိုင်တစ်ခုလုံးသတင်းလှိုင်နေပေမဲ့ နိုင်ငံရေးနောက်ခံတောင့်တဲ့သယာဂူကို ဘယ်သူမှမထိပါးရဲကြပါဘူး။ ဒီလိုနဲ့ ရှာကူတိုင်ချက်ဖွင့်တာကို စခန်းက အင်စပက်တာက ကြားပြီး အမှုကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့…. ဆဲကရန်ကရော ဘယ်ရောက်သွားတာလဲ။ ဆဲကရန်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့ အင်စပက်တာနဲ့သယာဂူတို့ရဲ့ အားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7 2024
Oru Nodi
Mr. Bachelor

Mr.Bachelor (2023) “၃၁ယောက်မြောက် သတို့သမီး” ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။ သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။ အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Thriller • Crime
0 2023
Mr. Bachelor
Yatra 2
6.5

Yatra 2 2024 ၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။ အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။ အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကို ဝန်ကြီးချုပ်ရာထူးနေရာပေးဖို့ ထောက်ခံပေးခဲ့ပါတယ်။ နိုင်ငံရေးဝါကြီးတဲ့သူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၉လသာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဂျာဂန်ကို ဝန်ကြီးချုပ်နေရာ မပေးချင်ခဲ့ပါဘူး….. ဒီလိုနဲ့ နိုင်ငံရေးလောကရဲ့ ထုံးစံအတိုင်း မနာလိုသူတွေရဲ့ ကန့်ကွက်မှုတွေကြားမှာ ဂျာဂန်မိုဟန်တစ်ယောက် ဘယ်လိုတွေ ဖြတ်သန်းရမလဲ ….. ဝန်ကြီးချုပ်ရာထူးနေရာကိုရောက်ရှိဖို့ ဘယ်လို ဆူးလမ်းခရီးကို ဖြတ်ကျော်ရဦးမလဲ …. ဆိုတာတွေကို ကြည့်ရှုရမယ့် နိုင်ငံရေးဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.5 2024 130 mins
Yatra 2
The Last Supper
6.1

ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။

6.1 2012
The Last Supper
Duresori: The Voice of East
7.3

Duresori: The Voice of East (2012) ********************************* ဒီကားလေးကတော့ ဒူရယ်ဆိုရီလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတွေပါဝင်တဲ့ သံစုံကျူးအဖွဲ့ပေါ်ပေါက်လာပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဆယ်ကီနဲ့အာရမ်ဟာ ရိုးရာတေးဂီတကို ချစ်မြတ်နိုးပြီး ငယ်စဉ်ကတည်းကပဲ ရိုးရာဂီတကိုသီဆိုလာကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ် .. နာမည်ကြီး ရိုးရာတေးသီဆိုသူအဘွားကြောင့် ဘယ်နေရာရောက်ရောက် ကိုယ့်အရည်အချင်းထက် အဘွားကြောင့်အသိမှတ်ပြုခံရသလိုဖြစ်နေတဲ့ ဆယ်ကီ .. ရိုးရာဂီတမှာ ပါရမီပါပေမဲ့ မိဘမဲ့ဖြစ်ကာ အဒေါ်ဖြစ်သူက မရှိတဲ့ကြားကထောက်ပံ့နေရတဲ့အတွက် ကြိုးစားနေရတဲ့ အာရမ် .. ကျောင်းခေါ်ချိန် မပြည့်တဲ့ကလေးတွေစုပြီး ပွဲတစ်ခုမှာ သံစုံကျူးအဖွဲ့အ‌နေနဲ့ ဖျော်ဖြေဖို့ဖြစ်လာတဲ့အခါ .. ရိုးရာဂီတသီဆိုနေကြ ကလေးတွေ အမျိုးအစားမတူတဲ့ဂီတကို သီဆိုနိုင်အောင် ဆရာကဘယ်လိုလေ့ကျင့်ပေးသွားမှာလဲ။ တေးဂီတတွေနဲ့အတူ အထက်တန်းကျောင်း ဆယ်ကျော်သက်အရွယ်ဘဝကို ပြန်လည်ခံစားရမယ့် လူငယ်ဇာတ်ကားလေးမို့ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Shwe Pyae မှ ရေးသားထားပါတယ်) File size…2.07GB / 832MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Music, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Shwe Pyae Encoded by AHtet

7.3 2012 110 mins
Duresori: The Voice of East
High Ground
5.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Action Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ James Bamford က ရိုက်ကူးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Charlie Weber, Katherine McNamara, မင်းသားကြီး Jon Voight တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် မြို့ငယ်လေးတစ်မြို့ရဲ့ရဲမှူးဟာ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လူတစ်ယောက်ကို ထိန်းသိမ်းခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီလူက ဒုစရိုက်အဖွဲ့တစ်ဖွဲ့ရဲ့ လက်ကနေ ထွက်ပြေးလာတာဖြစ်ပြီးတော့ အဲဒီအဖွဲ့က သူ့ကို လိုက်သတ်နေကြတာပါ။ ဒီအကြောင်းကို ရဲမှူးသိသွားပြီးတဲ့နောက် သူ့မြို့လေးကို ကာကွယ်ဖို့အတွက် ဒုစရိုက်အဖွဲ့နဲ့ထိပ်တိုက် ရင်ဆိုင်ပါတော့တယ်။ သူတစ်ယောက်တည်းနဲ့ မြို့ကိုကာကွယ် ပေးနိုင်ပါ့မလား အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကရော ဘာလို့ ထွက်ပြေးလာတာလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို သိချင် ရင်တော့ ဒီဇာတ်ကားကိုကြည့်ရှုလိုက်ပါ။ စိတ်လှုပ်ရှားစရာ Action scene တွေနဲ့ပြည့်နှက်နေပြီးတော့ ကြည့်ရှုသူတွေကို သည်းထိပ်ရင်ဖိုဖြစ်စေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ File size… (1.37GB) / (773MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Action • Science Fiction • Comedy • Family
5.5 2025 92 mins
High Ground
The Mayor
6.5

The Mayor (2017) ***************** ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။ သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ ဒီလိုနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဗြောင်ဂျုံဂူဟာ အတိုက်အခံပါတီတွေကြားထဲကနေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ စတင်ကြိုးစားပါတော့တယ်…။ ဇာတ်လမ်းတစ်ခုလုံးကတော့ ရွေးကောက်ပွဲစတင်ချိန်ကနေ ပြီးဆုံးတဲ့အထိ ရွေးကောက်ပွဲ ခရီးစဉ်တစ်လျှောက်လုံးကို ရိုက်ပြထားတာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကြားက အကျင့်ပျက်ခြစားမှုတွေ အကျပ်ကိုင်ခြိမ်းခြောက်မှုတွေ သစ္စာဖောက်မှုတွေလိုမျိုး နိုင်ငံရေးအရှုပ်အထွေးကြီး တစ်ခုလုံးကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.7GB / 823MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 10 min. Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama
6.5 2017 130 mins
The Mayor