YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Last.Action.Hero.1993.480p.(CM).mp4

741.97 MB N/A video/mp4 243 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aaraattu
4.8

2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့ မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင် ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းက ရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့ လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကို အစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့ မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။ စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်​တောင်းရမ်းပါတော့တယ်။ ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာ ရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာ B. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte (Hard Sub) Encoder….YK Translated by Poe & Yunni & Eaint

Horror
4.8 2022 168 mins
Aaraattu
The Invisible Thread
6.7

ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။ 2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုက လီယိုနဲ့‌ေသွးသား‌‌ တော်စပ်တဲ့အဖေရင်းကို လီယိုကိုယ်တိုင်အပြင် သူ့ဖခင်နှစ်ယောက်လုံးကပါမသိပါဘူး။ ဘာလို့လဲဆိုတော့ ..... အဖေနှစ်ယောက်လုံးရဲ့သုက်ပိုးကို စမ်းသပ်ဖန်ပြွန်ထဲရောထည့်ပြီးမှ အလှူရှင်မမျိုးဥနဲ့ပေါင်း၊ သန္ဓေသားဖြစ်တည်လာမှ အငှားကိုယ်ဝန်ဆောင်သူရဲ့သားအိမ်ထဲထည့်ခဲ့တာကြောင့်ပါတဲ့။ အဲ့လိုနဲ့ပဲ ဖခင်နှစ်ယောက်ရဲ့ 20th anniversary ကိုရောက်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ... အရောင်အသွေးစုံလင်ခဲ့တဲ့မိသားစုလေးရဲ့ချစ်ခြင်းတရားတွေ အဆုံးသတ်သွားတော့မှာလား??? လီယိုရဲ့ အဖေရင်း ဘယ်သူဆိုတာကိုရော ဖော်ထုတ်သိသွားမှာလား ဆိုတာတွေကို ပေါ့ပေါ့ပါးပါး တလွဲတချော်ဟာသတွေနဲ့ပေါင်းစပ်ပြီးကြည့်ရှုရမယ့် family drama လေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comdedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.6GB, 822MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator .....Thwal Yadi Encoder ..... August

Action • Adventure • Thriller
6.7 2022 109 mins
The Invisible Thread
Love Story

IMDb - 6.9 2021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ အချစ်ဇာတ်လမ်းအသစ်လေးတစ်ပုဒ်ပေါက်ဖွားလာတော့တာပါပဲ။ ထပ်ပြောရမယ်ဆိုရင် လူတိုင်းမှာ မတူညီတဲ့အချစ်ဇာတ်လမ်းလေးတွေ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ကမ္ဘာပေါ်က မြောက်များစွာသော ဇာတ်လမ်းတွေထဲက တစ်ပုဒ်ပေါ့။ "Love Story"ဆိုတဲ့အတိုင်းပဲ သူတို့နှစ်​ယောက်ကြားမှာ ဖြည်းဖြည်းချင်း ပေါက်ဖွားလာတဲ့ ဇာတ်လမ်းကို အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှုဘဝ၊ ဆင်းရဲနွမ်းပါးမှု၊ ကြပ်တည်းနေတဲ့အလုပ်အကိုင်ကို Romanceလေးနဲ့ တွဲပြီး ပျော်စရာ၊ စိတ်ဝင်စားစရာလေး ရိုက်ပြသွားတာဖြစ်ပါတယ်။ ဒါဆိုရင်တော့အခုပဲ ကိုယ့်ဘဝမှာ ကြုံခဲ့ကြတဲ့ Love Storyလေးကို အောက်မေ့ရင်း အိန္ဒိယ Romance Drama "Love Story"လေးကို ကြည့်ရှူလိုက်ကြပါဦးနော်။ File size…3.4GB / 1.56GB Quality…1080p WEBDL Uncut AAC5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , Eliza , Yate

Action • Adventure • Thriller
null 2021 155 mins
Love Story
Triple Frontier
6.3

Netflix ရဲ့ အက်ရှင်ဇာတ်ကားအသစ်ထွက်လာပါပြီ။ မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက်ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်း အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့်  အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။ File Size          :          900/ 450 Mb Duration         :          2 hr Quality            :          Webrip Translator       :          Littleneo & Yuki Encoder           :          Than Htike Zaw

Adventure • Animation • Comedy • Family • Fantasy
6.3 2019 125 mins
Triple Frontier
The Sound of Music
8.1

The Sound of Music (1965) =================== IMDb Rating – 8.1/10 အကောင်းဆုံး Musical Genre Movies တွေအကြောင်းပြောကြမယ်ဆိုရင် (1966)အော်စကာရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု..စသဖြင့် အော်စကာ၅ဆုအပြင် အခြားသောရုပ်ရှင်ဆုပေါင်းများစွာကိုပါ ပတ်သိမ်းလာတဲ့ “The Sound of Music” က သေချာပေါက်မပါမဖြစ်ပါပဲ။ (1965)ခုနှစ်က ထွက်ရှိခဲ့ပြီး ဩစတြီးယားနိုင်ငံက ဗွန်ထရက်ပ်မိသားစုအကြောင်း ဖြစ်ရပ်မှန်အခြေခံပြီး ရိုက်ကူးထားတဲ့ “The Sound of Music” ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာကြောင့် သူ့ရုံဝင်ငွေနဲ့ ဒေဝါလီခံရခါနီး 20th Century Fox Studio ကိုကယ်ပေးနိုင်တဲ့အထိကို ဖြစ်ခဲ့ပါတယ်။ IMDb rating 8.1/10 ရရှိထားပြီး ထွက်ရှိခဲ့တဲ့အချိန်ကနေ ယခုအချိန်ထိ Box Office ရဲ့ No.6နေရာမှာ ရပ်တည်နေတဲ့ ဂန္ထဝင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေတည်ရိုက်ကူးထားတာဆိုပေမဲ့ တကယ့်အပြင်လက်တွေ့နဲ့ ကွဲလွဲချက်လေးတွေရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေတပ်အငြိမ်းစား ကပ္ပတိန်ဗွန်ထရက်ပ်ဟာ ဇနီးသည်ဆုံးပြီးကတည်းက သားသမီးတွေအပေါ် တင်းကြပ်လွန်းတဲ့သူတစ်ယောက်ပါ။ ဗွန်ထရက်ပ်အိမ်တော်ဟာ သီချင်းတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပါပြီ။ တစ်နေ့မှာတော့ သီချင်းတွေကို အရမ်းမြတ်နိုးတဲ့ သီလရှင်လောင်းမာရီယာကို ကျောင်းတိုက်သီလရှင်ကြီးက ကလေးထိန်းအဖြစ်နဲ့ ဗွန်ထရက်ပ်မိသားစုအိမ်ကို လွှတ်လိုက်ရာကနေ “The Sound of Music”ဆိုတဲ့ ရုပ်ရှင်ကြီးစတင်ဖြစ်ပေါ်လာပါတယ်။ “The Sound of Music”ကို ဟိုးအရင်က ကြည့်ဖူးတဲ့သူများအနေနဲ့ သီချင်းတွေကို ရင်းနှီးနေမှာပါ။ ဘာလို့ဆို ဒီထဲက သီချင်းတွေက တစ်ခါနားထောင်ဖူးရုံနဲ့ မှတ်ဉာဏ်ထဲ နေရာယူလွယ်ပြီး ငယ်ဘဝပြန်ရောက်သွားစေသလိုလိုခံစားရစေတာကိုး။ Musical ကားတွေကိုကြိုက်နှစ်သက်သူများအတွက်တော့ လုံးဝလက်လွှတ်မခံသင့်တဲ့ Old but gold ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(3.9 GB) / (1.3 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Family Translator…….Ngwe Zin Encoder……….SWM

8.1 1965 174 mins
The Sound of Music
Thousand and One Lies (1001 Nunakal)
7.8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်)

7.8 2022 104 mins
Thousand and One Lies (1001 Nunakal)
Adiyae!
6.4

Adiyae (2023) IMDb-6.6/10 ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်‌‌ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါ တစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်‌သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ ဇာတ်လမ်းအကျဉ်း ဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ… ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်

6.4 2023
Adiyae!
Detective Karthik
6.8

Detective Karthik 2023 (စုံထောက်ကြီးကာသစ်) Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb – 6.9 ရထားတဲ့ စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။ တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့ အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။ သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းက ကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက် ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့ အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ… တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက် မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023
Detective Karthik
Freelance
5.5

Freelance (2023) ဂျွန်စီနာကြီးရဲ့အက်ရှင်ဟာသကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Taken ကိုရိုက်ခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းနဲ့အက်ရှင်ပိုင်း အတော်ကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ ~ ဇာတ်လမ်းအကျဉ်း ~ မေဆင်ဟာ ရှေ့နေဖြစ်ဖို့ တစ်နှစ်အလိုမှာ ဥပဒေကျောင်းကနေထွက်ပြီး စွန့်စားချင်လို့ တပ်ထဲဝင်သွားပါတယ်။ ဒီလိုနဲ့ အထူးတပ်ဖွဲ့ဝင်ဖြစ် စစ်ဆင်ရေးတွေလုပ်ရင်းနဲ့ တစ်နေ့မှာ စစ်ဆင်ရေးတစ်ခုမအောင်မြင်ဘဲ ခါးဒဏ်ရာနဲ့ နားလိုက်ရပါတော့တယ်။ နားပြီးတော့ ရှေ့နေပြန်လုပ်ပေမဲ့ သာမန်လူဘဝနဲ့ အံမဝင်ရှာပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းက လုံခြုံရေးကန်ထရိုက်ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဖိတ်ခေါ်ရင်း ပထမဆုံးအလုပ်အဖြစ် သတင်းထောက်တစ်ယောက်ရဲ့ သက်တော်စောင့်တာဝန်ကိုပေးလိုက်ပါတယ်။ အဲဒီသတင်းထောက်က ပယ်ဒိုးနီးရားဆိုတဲ့ အာဏာရှင်နိုင်ငံထဲကိုဝင်ပြီး နာမည်ဆိုးနဲ့သမ္မတကို အင်တာဗြူးရမှာပါ။ အဲဒီနိုင်ငံထဲကိုရောက်ရောက်ချင်းပဲ သမ္မတကို လုပ်ကြံတာရယ် အာဏာသိမ်းတာတွေရယ်နဲ့ ရင်ဆိုင်ရပြီး သတင်းထောက်နဲ့နှစ်ယောက်သား အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ကြိုးစားရင်းဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5.5GB, 2.45GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 48Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, Ka Naung

5.5 2023
Freelance
Please Teach Me English
6.5

Please teach me English (2003) ***************************** 2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Jang Hyuk နဲ့ မင်းသမီး Lee Na Young တို့ရဲ့ ဟာသအချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား Jang Hyuk ရဲ့ သရုပ်ဆောင်ကောင်းချက်ကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာပါ။ ၂၀၀၃ ခုနှစ်၊ ကိုးရီးယားမှာ လူတိုင်းဟာ အင်္ဂလိပ်စာကို လေ့လာနေကြပြီးတော့ အင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်ရင် လူရာမဝင်တဲ့ကာလဖြစ်လာပါပြီ။ လျှပ်စစ်မီတာရုံးမှာအလုပ်လုပ်နေတဲ့ နာယောင်းဂျူဟာလည်း ရုံးကအထက်လူကြီးရဲ့ဖိအားပေးမှုကြောင့် အင်္ဂလိပ်စာသင်တန်းတက်ဖို့ဖြစ်လာပါတယ်။ နာယောင်းဂျူဟာ အချစ်မှာလွယ်လွယ်ကျရှုံးတတ်ပြီးတော့ သူ့ရဲ့ဖူးစာဖက်မင်းသားလေး အိမ်မက်ဆန်ဆန်ရောက်လာဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါတယ်။ သင်တန်းမှာ ပလေးဘွိုင်းဘတ်မွန်းဆူနဲ့တွေ့ပြီးတော့ ဘတ်မွန်းဆူကို ချစ်မိသွားပါတော့တယ်။ ဘတ်မွန်းဆူဟာ မိန်းမမြင်မနေနိုင် နှာထတတ်ပြီးတော့ သူ့ကိုလူအထင်ကြီးအောင် အရမ်းဟိတ်ဟန်ထုတ်တတ်တဲ့သူဖြစ်ပါတယ်။ ဘတ်မွန်းဆူဟာ အစပိုင်းမှာတော့ မပြင်တတ်မဆင်တတ်တဲ့ နာယောင်းဂျူကို မိန်းကလေးလိုမမြင်ခဲ့ပေမဲ့ သင်တန်းမှာ အင်္ဂလိပ်စာအတူသင်ရင်း နာယောင်းဂျူရဲ့အလွဲတွေလုပ်တတ်တဲ့ပုံစံမှာ ကျရှုံးသွားပါတော့တယ်။ အင်္ဂလိပ်စာသင်ရင်းနဲ့ အလွဲတွေကြားကနေဖြစ်ပေါ်လာတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး၊ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ ကြည့်ပြီးခွီလိုက်ကြပါဦးခင်ဗျာ။ Movie: Please Teach Me English Genres: Comedy, Romance Country: South Korea Release Date: Nov 5, 2003 Duration: 1 hr. 58 min. Content Rating: 13+ – Teens 13 or older Translated by Yee Wai Encoded by Phyo Pyae

6.5 2003
Please Teach Me English
Silent Love
6

Silent Love ( 2024 ) ဇာတ်အိမ်လန်းလန်းနဲ့ ဂျပန်ရိုမန့်တစ်ရုပ်ရှင်ပါ။ ပုံမှန်ဂျပန်ရုပ်ရှင်တွေလို အရမ်းငြိမ်နေတဲ့ပုံစံနဲ့သွားတာမဟုတ်လို့ ဂျပန်ရုပ်ရှင်ပရိသတ်မဟုတ်တဲ့ အာရှရုပ်ရှင်ပရိသတ်တွေအတွက်လည်း အကြိုက်တွေ့လောက်မယ့် ရုပ်ရှင်ပါပဲ။ ရိုမန့်ကားတွေမှာ ပြဿနာက မတူတဲ့ပုံစံတစ်ခု အသစ်ထွက်လာဖို့ တော်တော်ခက်ခဲတာပါပဲ။ ဖြစ်နိုင်သလောက် အကုန်လုံးရိုက်ပြပြီးပြီ။ ထပ်ကျော့လည်း ရိုက်ပြခဲ့ပြီးပြီ။ အသစ်ကောင်းကောင်းတစ်ခုခုပေါ်လာဖို့က တော်တော်ကြုံတောင့်ကြုံခဲလိုဖြစ်နေတယ်။ ဒါက ဇာတ်အိမ်ကို အဓိက အခြေအတည်တဲ့ အမျိုးအစားအတွက်ပဲ ပြောတာပါ။ ပြောရရင် ဒီကားကို စစဖွင့်ချင်းတုန်းက ကျွန်တော်လည်း မျှော်လင့်ချက်မထားထားတော့ စစအခန်းနဲ့တင် နာမည်ကြီးရိုမန့်ကားထဲက အခန်းပဲဟ။ ဒါထပ်ရိုက်ပြဦးမှာလားတွေးမိပေမဲ့ ထင်တာနဲ့တော့ လွဲသွားတယ်။ ဒီတော့ ရိုးအီနေမှာစိုးလို့ ရိုမန့်မကြည့်ဖြစ်တော့ရင်တောင် ဒီကားတော့ စမ်းကြည့်သင့်တယ်ထင်တာပါပဲ။ ဇာတ်ကတော့ ပီယာနိုတီးတာက ဘဝတစ်ခုလို့ ခံယူထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့ သူက မျက်စိကွယ်သွားတော့ သတ်သေဖို့လုပ်တယ်။ ဒါကို သန့်ရှင်းရေးသမားကောင်လေးက ကယ်လိုက်တယ်။ အဲဒီကောင်လေးကလည်း စကားမပြောနိုင်ဘူး။ ဒီကနေသူတို့ရေစက်စတယ်ပေါ့။ ဒီလိုနဲ့ ကောင်မလေးက ပြန်ကောင်းဖို့လမ်းစလည်းရတော့ ဆက်ရှင်သန်ဖို့ကြိုးစားတယ်။ ကောင်လေးကလည်း ကောင်မလေးကျောင်းမှာ အလုပ်လုပ်နေတော့ သူတို့ ရေစက်ထပ်ဆုံဖို့ဖြစ်လာတယ်။ ဒီကနေ မတူတဲ့ဘဝနှစ်ခု ရေစက်ဆုံရာက အိပ်မက်တွေသက်သက်ပဲဖြစ်သွားမလား။ တကယ်ဖြစ်လာမလား တခြားအကွေ့အချိုးတွေနဲ့ ဆက်ကြည့်ရမှာပါ။ နောက်ထပ်ကာရိုက်တာ တစ်ယောက်နဲ့အချိတ်အဆက်လုပ်ထားတာလည်း ရှိသေးတာမို့ ဇာတ်လမ်းအစစ်က ကျွန်တော်အကျဉ်းပြောခဲ့သလောက်တော့ ပျင်းဖို့မကောင်းပါဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းက ကမ္ဘာချင်းမတူတဲ့ မျက်မမြင်ကောင်မလေးနဲ့ အအကောင်လေးရဲ့ မဖြစ်နိုင်တဲ့အချစ်တစ်ခုကို ဖြစ်အောင်လုပ်ကြည့်ကြတဲ့အကြောင်းပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ထားသူကတော့ WiRa Aung ပါ ) File size_(1.9GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

6 2024
Silent Love
L’immensità

ဒီဇာတ်ကားကတော့ ၁၉၇၀ခုနှစ်လောက်မှာဇာတ်အိမ်တည်ထားပြီး ကလာယာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်ပြီးကြမ်းတမ်းစွာပြောဆိုပြုမှုတတ်တဲ့ယောကျာ်းနဲ့ စိတ်ဆင်းရဲစွာပေါင်းသင်းနေရတာပါ။ သူ့ဖက်က ကွာရှင်းဖို့ကြိုးစားပေမယ့်လဲ မအောင်မြင်တာကြောင့်အောင့်အီးသည်းခံပြီး ဆက်လက်ပေါင်းဖက်နေရတာပေါ့။ ဒီလိုမျိုး မိဘတွေကအမြဲတမ်း အ‌ဆင်မပြေဖြစ်နေတော့ ကလေးတွေအပေါ်ကိုပါတဖြည်းဖြည်းနဲ့ ရိုက်ခတ်လာတော့တာပါပဲ။ ကလေးသုံးယောက်ရှိတာကိုမှ အခံစားရဆုံးကတော့ သိတတ်နားလည်တဲ့အရွယ်ရောက်နေတဲ့ သမီးအကြီးဆုံး အန်ဒရီရာပါ။ မိဘတွေနဲ့ပတ်သက်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့အန်ဒရီရာဟာ စိတ်ထွက်ပေါက်အနေနဲ့ ယောကျာ်းလေးလိုဝတ်၊ယောကျာ်းလေးလိုပြောပြီး၊ ယောကျာ်းလေးလို‌ပဲနေပါတော့တယ်။ ဒီလို‌နဲ့တစ်နေ့မှာတော့ ဆာရာဆိုတဲ့ကောင်မလေးနဲ့တွေ့မိပြီး သူငယ်ချင်းအဖြစ်ကနေ တစ်ဖြည်းဖြည်းသံယောဇဉ်ပိုလာကာ ဘာတွေဆက်ဖြစ်မလဲဆို‌တာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…(1.4 GB)/(886 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 2023
L’immensità
Hitpig!

ဒီဇာတ်ကားလေးကတော့ အသစ်ထွက်ရှိထားတဲ့ Animation Comedy ကားလေးဖြစ်ပါတယ်။ မိသားစုနဲ့အတူဖြစ်စေ ကလေးငယ်လေးတွေအကြိုက်ဖြစ်စေ အပျော်သက်သက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟစ်ပစ်ဆိုတဲ့ ကြေးစားမုဆိုးဝက်ကလေးတစ်ကောင်က ပိုင်ရှင်ဆီကနေ ထွက်ပြေးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်လိုက်ဖမ်းပြီး ပို့ပေးကာ ပိုက်ဆံရှာနေတဲ့ကောင်လေးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ငယ်ငယ်ကတည်းက ပြဇာတ်ရုံမှာအဖမ်းခံထားရတဲ့ ပစ်ကယ်ဆိုတဲ့ဆင်မလေး လွတ်မြောက်သွားတဲ့အခါ ဆင်မလေးကိုပြန်ဖမ်းပြီးပို့ပေးဖို့အတွက် ပိုင်ရှင်ဖြစ်သူက ဟစ်ပစ်ကိုအလုပ်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟစ်ပစ်ဟာ ဆင်မလေးကိုလိုက်ရှာဖို့အတွက် မစ်ရှင်တစ်ခုကိုစတင်လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒီတိရစ္ဆာန်ကောင်လေးတွေကြားက အလွဲအချော်လေးတွေ၊ ဟာသလေးတွေကို ပျော်ပျော်ပါးပါးနဲ့ရယ်မောရင်းကြည့်ရမယ့် ကြည့်ပျော်ရှုပျော်ရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File Size : 1.3 GB. 628 MB Quality : WEB-DL 1080p / 720p Running Time : 1hr 26min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encode by : Thit San Khant

0 2024 85 mins
Hitpig!
About Family
8

About Family (2024) ********************** Lee Seung-Gi နဲ့အတူ Kim Yun-Seok၊ Kim Sung-Ryoung၊ Kang Han-Na တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Lee Seung-Gi ကို ဘုန်းကြီးအဖြစ် မြင်တွေ့ရမဲ့ ရုံတင် မိသားစုဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအညွှန်း – ဟမ်မူအို့ (Kim Yun-Seok) က ဖက်ထုပ်ဆိုင်ဖွင့်ထားပြီး သူ့ဆိုင်က စားကောင်းလွန်းတဲ့အတွက် အမြဲတမ်း လူကြိတ်ကြိတ်တိုးနေတဲ့ ဆိုင်လေးပေါ့။ ဒါ့အပြင် အဆောက်အဦများစွာလည်း ပိုင်ဆိုင်ထားပြီး ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးဖြစ်နေပေမဲ့ သူ့ဘဝမှာ မပြည့်စုံတာတစ်ခုကို ပြောပါဆိုရင် အဲဒါက သူ့ရဲ့သားဖြစ်သူ ဟမ်မွန်းဆော့ (Lee Seung-Gi) ပါပဲ။ မွန်းဆော့က အမေ့ကို ဆေးကုသပေးဖို့ ဆေးတက္ကသိုလ်တက်ခဲ့ပေမဲ့ တကယ်တမ်း ဆေးမကုသပေးလိုက်နိုင်ဘဲ အမေဆုံးပါးသွားတဲ့နောက်မှာ ဘုန်းကြီးဝတ်သွားခဲ့လို့ပဲဖြစ်ပါတယ်။ ဟမ်မူအို့က မြေးမချီနိုင်တော့ဘဲ မျိုးဆက်ပြတ်မှာကို စိုးရိမ်နေတဲ့အချိန်မှာပဲ သူ့ရဲ့ဖက်ထုပ်ဆိုင်ကို ဟမ်မွန်းဆော့က သူတို့အဖေပါလို့ပြောနေတဲ့ ကလေးနှစ်ယောက် ရောက်ချလာတဲ့အခါမှာတော့… ခြောက်သွေ့နေခဲ့တဲ့ ဟမ်မူအို့ရဲ့ဘဝထဲ ချစ်စရာမြေးလေးတွေ ဝင်ရောက်လာတဲ့အခါမှာ သူ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲ။ မွန်းဆော့ ဘုန်းကြီးမဝတ်ခင်က သူမသိရှိခဲ့တဲ့ ထိတ်လန့်စရာ အမှန်တရားတစ်ခုက ဘာများဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File Size : 1.62GB/800MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

8 2024
About Family
Forest
6.4

Forest (2025) “တောနက်ကြီး” CM မဆလာ ပရိသတ်တို့အတွက် ကန်နားဒါးစကားပြော ဟာသဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ထူထပ်အုံ့ဆိုင်းတဲ့ တောအုပ်ကြီးတစ်ခုမှာ ရွှေတုံးတွေ ဝှက်ထားတယ်လို့ သတင်းရတဲ့အခါ မီနာ့ခ်ရှီ၊ ဆာသီရှာ၊ ဆူနီလာ၊ ကူမာရာနဲ့ နတ်ဆရာ ဂိုလ်ပါဆွာမိတို့ ၅ ယောက်သား တောနက်ထဲကို သက်စွန့်ဆံဖျား ရွှေသွားရှာဖို့ လုပ်ကြပါတယ် ဒါပေမဲ့ တောထဲမှာ စွမ်းအားကြီးတဲ့ တစ္ဆေတစ်ကောင်က ရတနာတွေကို စောင့်ရှောက်နေတာဖြစ်ပြီး ထိတ်လန့်စရာ သဘာဝလွန် အန္တရာယ်မျိုးစုံကို သူတို့ရင်ဆိုင်ရတဲ့အခါမှာ ရွှေတွေကို အိမ်ပြန်သယ်သွားနိုင်မလား အက်ရှင်စွန့်စားခန်းတွေကို ဟာသလေးနှောထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Romance • TV Movie
6.4 2025 145 mins
Forest