YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

La.Haine.1995.1080p.BluRay.(CM).mp4

2.13 GB N/A video/mp4 222 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Brooklyn's Finest
6.3

IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက် သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။ File size…1.72GB / 636.8MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 12m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.3 2010 133 mins
Brooklyn's Finest
Mirror Mirror
5.9

Mirror Mirror 2012 The Ant Bully, Smurfs, Michael Collins အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးကောင်း Julia Robertsနဲ့ Emily in Paris, Abduction, Tarzan, The Mortal Instruments: City of Bones အစရှိတဲ့ ရုပ်ရှင်ကောင်းတွေ များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Lily Collinsတို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ ဇာတ်လမ်းက ​စနိုးဝှိုက် remakeပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက တခြားကြည့်ဖူးနေကြ ရိုးအီနေပြီဖြစ်တဲ့ စနိုးဝှိုက် ဇာတ်လမ်မျိုး မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းက ဇာတ်ညွှန်းကို ဆန်းသစ်ထားတဲ့ စနိုးဝှိုက်လေးပဲဖြစ်ပါတယ်။ စနိုးဝှိုက်ဆိုတော့ သိကြတဲ့အတိုင်း ဘုရင်မ စုန်းမကြီးရယ် စနိုးဝှိုက်တို့ရဲ့ ပြိုင်ဆိုင်မှုဇာတ်လမ်းပေါ့။ ဒါပေမယ့့် မတူတာက အရင်င်စနိုးဝှိုက်တွေက အားနွဲ့တဲ့မိန်းမသားလေးတွေ ဖြစ်ကြတယ်။ ဘုရင်မကြီးက အဆိပ်ပန်းသီး​ကျွေး၊ စနိုးဝှိုက်က အဆိပ်မိ၊ မင်းသားလေးက ရောက်လာပြီး ကယ်နဲ့ မင်းသားဦးစားပေးဇာတ်လမ်းမျိုး များပါတယ်။ ဒါပေမယ့် ဒီMirror Mirrorမှာတော့ စနိုးဝှိုက်လေးက အကုန်လုံးနဲ့ ရင်ဘောင်တန်းပြီး ဘုရင်မကြီးနဲ့ ပြိုင်ဆိုင်ကြတာပါ။ စနိုးဝှိုက်တစ်ယောက် ဘုရင်မကြီးနဲ့ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်သပ်ရှုမော့စွာနဲ့ out of the boxကနေ ကြည့်ရှု့လိုက်ကြပါစို့ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Winဖြစ်ပါတယ်။

Action & Adventure • Drama • Sci-Fi & Fantasy
5.9 2012 106 mins
Mirror Mirror
Captain America: Civil War
7.4

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.3 GB) and (1.2 GB) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Horror • Thriller
7.4 2016 147 mins
Captain America: Civil War
Hot Tub Time Machine 2
5

ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ 2010 ကထွက်ခဲ့တဲ့ HTTM ရဲ့အဆက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လု ဒေါ်ချန်တစ်ယောက်ပါတီပွဲပေးနေရင်း သေနတ်နဲ့အပစ်ခံလိုက်ရတာကြောင့် သူ့ရဲ့သားဖြစ်သူ ဂျေကော့၊ သူငယ်ချင်းဖြစ်သူ နစ်ခ် ဝက်ဘာတို့က လုကို ရေပူကန်ထဲခေါ်ပြီး အတိတ်ကိုပြန်သွားရင်း ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင်တားဆီးဖို့လုပ်ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ ရောက်သွားတာက အတိတ်ကာလမဟုတ်ပဲ အနာဂတ်ကာလကို ‌ဆယ်နှစ်တောင်ကြိုပြီးရောက်သွားတာပါ။ ဒီလိုနဲ့ ငရှုပ်သုံးယောက် လုကိုပစ်သွားတဲ့ သေနတ်သမားကို လူသတ်မှုမကျူးလွန်ခင်ရှာတွေ့နိုင်မှာလား၊ အနာဂတ်မှာရော ဘယ်လိုတွေပတ်ပြီး ရှုပ်ကြ၊ မွှေကြ၊ ပွေကြဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

5 2015
Hot Tub Time Machine 2
Under Your Bed

18+ Under Your Bed (2023) ၁၈ ယောက် စုကြည့်မှရမယ့် Thriller, Melodrama ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ ဘဝရဲ့အဓိပ္ပာယ် ပျောက်ဆုံးနေခဲ့တဲ့ ဂင်ဂျီဟွန်းဟာ တက္ကသိုလ်မှာ ယယ်အွန်းဆိုတဲ့ကောင်မလေးကို တွေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အချစ်ဦးတို့ရဲ့ထုံးစံအတိုင်း ကွဲကွာခဲ့ကြရပြန်ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာတော့ တက္ကသိုလ်ကအချစ်ဦး ယယ်အွန်းကိုရှာဖွေဖို့ ဂျီဟွန်းတစ်ယောက် ကြိုးစားရင်း အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ငယ်ချစ်ဦးယယ်အွန်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့…။ ခင်ပွန်းဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုအောက်မှာ မရှုမလှခံစားနေရတဲ့ ယယ်အွန်းကို သူ့ရဲ့အိပ်ရာအောက်ကနေ အမြဲတမ်းစောင့်ကြည့်နေတဲ့ ဂျီဟွန်းတစ်ယောက် ဘယ်လိုကယ်တင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Thriller, Melodrama ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Romance, Thriller Quality…. 1080p | 720p File size… 1.2GB | 499MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Blank

0 2023
Under Your Bed
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Churchill
6

D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေ ကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။ အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ‌ လေစစ်ကြောင်းသုံးခုနဲ့ အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။ အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယ အကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထား ရပါတယ်။ ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။ စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော် ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။ အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့ သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ် ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။ သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့ စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစား နေခဲ့သူပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့ စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါ သူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။ အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါ ပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက် ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကို စိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… 1.39GB / 626MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Science Fiction
6 2017
Churchill
Mr. 3000

အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ ဇာတ်ကားလေးကတော့ ၂၀၀၄တုန်းက ထွက်ထားတဲ့ Mr 3000ဆိုတဲ့ဟာသအားကစားရုပ်ရှင်လေးပါ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Charles Stone IIIက ရိုက်ကူးထားပြီး နာမည်ကြီးဟာသသရုပ်ဆောင် Bernie Macနဲ့ Angela Bassett တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဘေ့စ်ဘောလောကနေ အနားယူသွားပြီဖြစ်တဲ့ မေဂျာလိဂ်ကစားသမား စတန်းရော့စ်ဟာ ရိုက်ချက် ၃၀၀၀ပြည့်ပြီး ကြယ်ပွင့်စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရဖို့ သူ့အသက် ၄၇နှစ်မှာ ဘေ့စ်ဘောလောကထဲသို့ ခြေချလာပါတော့တယ် အသက်အရွယ်ရတာနဲ့အညီ ခေတ်ရေစီးကြောင်းတိုးတက်မှုနဲ့ တစ်တန်းတည်း မလိုက်နိုင်တဲ့ စတန်းရော့စ်တစ်ယောက် မကစားတာကြာပြီဖြစ်တဲ့ ဘေ့စ်ဘောကို လူငယ်တွေနဲ့အပြိုင် ဘယ်လို ကစားမလဲ အသင်းဖော်တွေနဲ့ရော ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေမလဲ သူလိုချင်တဲ့ပန်းတိုင်ကို အဆုံးသတ်မှာ ရောက်ပါ့မလားကို ရယ်ကာမောကာ ကြည့်ရှုရမှာဖြစ်ပါတယ် ဟာသကား အားကစားရုပ်ရှင် ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် စတန်းရော့စ်ရဲ့ ဘေ့စ်ဘောလောကသို့ တစ်ကျော့ပြန်ခရီးကို မိတ်ဆက်ပေးလိုက်ပါတယ် ဇာတ်ညွှန်းရေးသားသူ – April Snow File size…(2.7 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow

0 2004
Mr. 3000
Uprising

Uprising (2024) ********************** The Priest, The Plot, Dr.Cheon and Lost Talisman ဇာတ်ကားထဲက မင်းသားကြီး Gang Dong Won၊ Smugglers, The 8 Show ထဲက Park Jeong Minနဲ့ The Childe, A Korean Odysseyထဲက Cha Seung Won တို့ အဓိက ပါဝင်ထားတဲ့ Uprising ဆိုတဲ့ ဇာတ်ကား ထွက်ရှိလို့လာပါပြီ။ ဂျိုဆွန်းရဲ့ မျိုးရိုးမြင့် စစ်သည်တော် မိသားစုရဲ့ သားဖြစ်သူ ဂျုံလျော (Park Jeong Min) နဲ့ သူတို့အိမ်က အစေခံဖြစ်တဲ့ ချွန်းယောင်း (Gang Dong Won) တို့ နှစ်ဦးဟာ ရန်သူတွေအဖြစ် ဆုံတွေ့ဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။ ဓားရေးမှာ ဘယ်သူမှ လိုက်မမီအောင် အထူးကျွမ်းကျင်တဲ့ ချွန်းယောင်းဟာ အစေခံဘဝကနေ လွတ်မြောက်ဖို့အတွက် အားကုတ်အားခဲ ကြိုးစားနေပြီး ဂျုံလျောကတော့ အစိုးရအမှုထမ်း စာမေးပွဲ အောင်မြင်ပြီးနောက်မှာ ဆွန်းဂျိုဘုရင်ရဲ့ သက်တော်စောင့်ဖြစ်လာခဲ့ပါတယ်။ အဆင့်အတန်းမတူညီတဲ့ ကျွန်တွေနဲ့ တရင်းတနှီး နေလေ့ရှိတဲ့ ဂျုံလျောဟာ တစ်ခါတလေမှာ ဒီအချက်ကြောင့် အခက်ကြုံရတာမျိုးတွေ ရှိပါတယ်။ ငယ်စဉ်က ခင်မင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ ကိုရီးယား-ဂျပန် စစ်ပွဲအတွင်းမှာတော့ တစ်ယောက်က ဆွန်းဂျိုဘုရင်ရဲ့ စစ်သည်တော် အဖြစ် နောက်တစ်ယောက်ကတော့ သစ္စာခံ စစ်သည်တော်အဖြစ်နဲ့ ဓားချင်းယှဉ်တိုက်ဖို့ ဖြစ်လာခဲ့တဲ့အခါမှာတော့.. ဂျိုဆွန်းခေတ် အင်ဂျင်းစစ်ပွဲအတွင်းက အားချင်းယှဉ်ကြမဲ့ တိုက်ကွက်တွေကို နာမည်ကြီး သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size…2.55GB / 930MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 08m Genre ….. Action, Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by CM Team

0 2024 126 mins
Uprising
August Rush
7.4

2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(892 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

7.4 2007 114 mins
August Rush
Dominion of Darkness
5.7

Dominion of Darkness (2024) IMDb Rating (5.7) ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလုံစိတ် သံသယစိတ်တွေနဲ့ယုံကြည်ချက်ပြိုကွဲနေခဲ့ပြီး အသင်းတော်ကနေနူတ်ထွက်ဖို့ကြံစည်နေတဲ့သူတစ်ယောက်ပါ။ သွားလေသူ သူ့ ညီမဖြစ်တဲ့ဒီယန်ဒရာရဲ့သူငယ်ချင်း ကေလာဆိုတဲ့ကောင်မလေးကတော့ သူ့မိခင်ဖြစ်တဲ့သူတွဲနေတဲ့ လူရှုပ်လူပွေဖြစ်သူ ဒင်းနစ်စ်ကို မျက်မုန်းကျိုးကြည့်မရသလို အဲ့ဒီလူနောက် သူ့အမေ ပါသွားမှာကိုလည်း အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆယ်ကျော်သက်ပီပီကြံရာမရစဉ်းစားရင်း သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ စီလာရဲ့အကြံနဲ့ ဝိဉာဉ်ခေါ်အရုပ်ကိုသုံးပြီး ဖခင်ဖြစ်သူရဲ့ဝိဉာဉ်ကိုခေါ်ယူပြီး အကူအညီတောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမကြံမကောင်းမစည်ရာအကြံအစည်ကို အကောင်အထည်ဖော်ပြီးပြီးချင်း သူတို့နှစ်ဦးလုံး ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေဆက်တိုက်ကြုံခဲ့ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့တာဝန်ရှိသူတွေ၊ အပနှင်ဘုန်းတော်ကြီးတွေ အားလုံးပါ ပေါင်းစည်းနှိမ်နင်းရတဲ့ ဆရာမနိုင်မိစ္ဆာတွေနဲ့ရင်ဆိုင်တွေ့ကြုံရတဲ့အဖြစ်တွေကိုသည်းထိတ်ရင်ဖိုခံစားကြရမှာပါ။ သမားရိုးကျအင်ဒိုဟော်ရာတွေထုံးစံဖြစ်တဲ့ အောက်လမ်းတွေ မှော်အတတ်တွေကနေ ခွဲထွက်သွားပြီး နတ်ဆိုးအပနှင်ပုံစံမျိုးကိုမှ ဟော်ရာကျွမ်းကျင်သူတွေဖြစ်တဲ့ အင်ဒိုနီးရှားလက်ရာနဲ့ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama • Horror • Thriller
5.7 2024 96 mins
Dominion of Darkness
: When the Day Comes (2017)

1987: When the Day Comes (2017) ******************************** IMDb… 7.7 Kim Yun-Seok, Ha Jung-Woo, Yu Hae-Jin, Kim Tae-Ri, Park Hee-Soon, Kang Dong-Won, Yeo Jin-Goo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး Baeksang လို ဂုဏ်သရေရှိဆုပေးပွဲကြီးမှာ Daesang နဲ့ ဇာတ်ညွှန်းဆုအထိပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၇ ခုနှစ် ၁ လပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားလေး ဘတ်ဂျုံချောဟာ ရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ ရဲအရာရှိတွေက ဘတ်ဂျုံချောအမှုကို ဖုံးဖိပြီး ခြယ်လှယ်လုပ်ကြံဇာတ်ခင်းဖို့ ကြိုးစား‌နေကြတဲ့ကြားကနေ အမှန်တရားပေါ်ပေါက်လာအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊ မီဒီယာများရဲ့ ၁၉၈၇ ခုနှစ် ၆ လပိုင်း အရေးတော်ပုံအကြောင်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အဆုံးပိုင်းမှာ လက်တွေ့ အရေးတော်ပုံ မြင်ကွင်းများကိုပါ ထည့်သွင်းထားပြီး သရုပ်ဆောင်ကြီးများရဲ့ သရုပ်ဆောင်ပုံတွေကလည်း ပီပြင်လွန်းလှတာကြောင့် ကြက်သီးတဖြန်းဖြန်းထရင်း ကြည့်ရှုကြရမဲ့ ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုပေးလိုက်ပါရစေရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။) File Size : 3.35GB/ 1.40GB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…02:09:49 Genre : Thriller, Drama, Political Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

0 1987 129 mins
: When the Day Comes (2017)
A Werewolf Boy
7.6

A Werewolf Boy (2012) ********************* တစ်ခေတ်တစ်ခါက ဝံပုလွေလူသားအဖြစ် အရမ်းနာမည်ကြီးခဲ့ပြီး ဆုပေါင်းများစွာရရှိခဲ့တဲ့ .. Song Joong-Ki, Park Bo-Young နဲ့ Yoo Yeon-Seok တို့ရဲ့ Fantasy, Romance ဇာတ်ကားကောင်းလေးကို CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ .. ကျန်းမာရေးမကောင်းတဲ့ ဆယ်ကျော်သက်မိန်းကလေး ဆွန်းနီ(Park Bo-young)ဟာ ကျေးလက်ကို ပြောင်းလာရာကနေ သူမတို့ အိမ်အသစ်ဘေးက တဲကုပ်ထဲမှာ ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ ဒီကောင်လေး (Song Joong-ki)ဟာ လူသားပုံစံရှိပေမဲ့ တိရစ္ဆာန်လို အမူအရာတွေ လုပ်ပြီး စကားလည်း မပြောနိုင်ပါဘူး။ ဆွန်းနီတို့မိသားစုဟာ ဒီကောင်လေးကို ချောဆူလို့ နာမည်ပေးခဲ့ပြီး လူသားဆန်အောင် စာဖတ်ဖို့၊ စကားပြောဖို့ သင်ကြားပေးခဲ့ပါတယ်။ ချောဆူဟာ ဆွန်းနီရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုအောက်မှာ တဖြည်းဖြည်း လူသားဆန်လာပြီး သူမအပေါ် သံယောဇဉ်တွေ တွယ်လာတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ အချစ်တစ်ခု စတင်ခံစားလာရပါတော့တယ်။ တစ်နေ့မှာတော့ ချောဆူရဲ့ တောရိုင်းဆန်တဲ့ အစွမ်းတွေနဲ့ ဝံပုလွေသွေးပါနေတာကို .. ရွာရဲ့ဩဇာရှိသူ တစ်ယောက်ရဲ့ သားဖြစ်တဲ့ ဂျီထယ်(Yoo Yeon-seok)က သိသွားခဲ့ပြီး ချောဆူကို လူဆိုးတစ်ယောက်လို ပုံဖော်ဖို့နဲ့ ဆွန်းနီတို့မိသားစုဆီကနေ မောင်းထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ချောဆူရဲ့လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာခဲ့ပြီး သူ့ရဲ့ကံကြမ္မာဟာ ဂျီထယ်ရဲ့ မကောင်းတဲ့ ကြံစည်မှုတွေနဲ့အတူ ဝမ်းနည်းစရာ အလှည့်အပြောင်းတွေကို ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ … (အညွှန်းကို Hsu Pyae မှ ရေးသားထားပါတယ်) File size…1.86GB / 898MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 5 min. Genre ….. Romance, Drama, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by AHtet

Romance
7.6 2012 122 mins
A Werewolf Boy