YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kuttram Purindhavan (2025) Tamil E01 720p WEB-DL [RMC].mp4

591.12 MB 720p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Look up and see joy
8

ဒီဇာတ်ကားလေးဟာဆိုရင် မိသားစုအကျပ်အတည်းတွေကြားထဲက မိသားစုရဲ့ တာဝန်ကြီးပုံ ၊ တာဝန်ယူရပုံ ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ ချစ်မြတ်နိုးပုံ ၊ ကလေးငယ်လေးတွေရဲ့ သင်ကြားမှု ပညာရေး ပြဿနာ အစရှိတဲ့ မိသားစုရေး အိမ်တွင်းရေး ကိစ္စတွေကို အဓိက ဖော်ပြပေးထားတဲ့ မိသားစုဇာတ်ကားလေးပါပဲဖြစ်ပါတယ်ရှင် ။ ❏ အလုပ်ထုတ်ခံရပေမဲ့လဲ ကံကြမ္မာကို ဦးမညွှတ်ပဲ ရှေ့ဆက်ပြီး လျှောက်နေသူ ❏ ဆုံးပါးသွားတဲ့ အဘွားဖြစ်သူကို လွမ်းတဲ့စိတ်နဲ့ အတိတ်ကနေ ရုံးမထွက်နိုင်တဲ့ အဘိုးကို ကွန်ပျူတာ နည်းပညာသုံးပြီး အဘွားနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပေးနေသူ ❏ အလုပ်အကိုင်အခြေအနေတွေကြောင့် သားဖြစ်သူကို မိဘနဲ့ အတူတူမထားနိုင်ရှာပဲ ဘိုးဘွားတွေဆီ အပ်နှံထားရသူ ❏ ငွေကြေးချမ်းသာပေမဲ့ တောရွာလေးဆီမှာ ရောက်ရှိလာဖို့ အကြောင်းဖန်လာခဲ့ပြီး သူဌေးသားတစ်ယောက်အနေနဲ့ ကျေးလပ်တောရွာမှာ အသားကျအောင် ကြိုးစားပြီး နေထိုင်နေရသူ အစရှိသဖြင့် ဇာတ်လမ်းဇာတ်ကွက် လေးခုခွဲကာ ဒီကားလေးအတွင်း မြင်တွေ့ရမှာဖြစ်တဲ့ အပြင် ကိုယ်ကျရာ ဘဝဇာတ်ခုံမှာ ကကြိုးဆင်ကာ ကပြနေကြတာကိုလဲ မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ ကိုယ်ကျရာ ဘဝမှာ အရှူံးမပေးခေါင်းမငုံ့ပဲ လုပ်ဆောင်ပြီး မိသားစုတွေရဲ့ နွေးထွေးမှုတွေနဲ့ အတူ ရှေ့ဆက်ကာ သူတို့ရဲ့ အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 2h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery • Thriller
8 2023
Look up and see joy
Moon Man
7

ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရုံတင်ခဲ့ပြီးတော့ ရုံဝင်ငွေ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ပြီးတော့ တောင်ကိုရီးယား ကာတွန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ "Cho Seok" ဖန်တီးရေးသားထားသော "Moon You" ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူး အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့- ❏ အမည်မသိမထင်ရှားတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းငယ်လေးအဖြစ် - ချန်ထန် ❏ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ကို ကြီးကြပ်ရသူအဖြစ် - မာလိ တို့ကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့- “လူသားတွေဟာ ဂြိုလ်ငယ်လေးတွေရဲ့ ဝင်ရောက်တိုက်ခတ်မှုကနေပြီးတော့ ကာကွယ်ပြီးတော့ ကမ္ဘာမြေကြီးကိုကယ်တင်ဖို့အတွက် "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် " ကို လက်တွေ့ကျကျစီစဥ်ရေးဆွဲခဲ့ကြပါတယ် ဒါပေမဲ့လို့ မထင်မှတ်ထားပဲ ဥက္ကာခဲကြီးက ကြိုတင်ဝင်ရောက်လာခဲ့တဲ့အတွက် အဖွဲ့ဝင်လုပ်သားတွေအားလုံး အရေးပေါ်အခြေအနေအရ ထွက်​ခွာနေရတဲ့အချိန်မှာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်ဖြစ်သူ တူကူယွဲ့ဟာ မတော်တဆမှုတစ်ခုကြောင့် အဖွဲ့ခေါင်းဆောင် မာလန်ရှင်းရဲ့ အသိပေးချက်ကိုလွဲချော်ခဲ့ပြီး တစ်ယောက်ထဲ လကမ္ဘာပေါ်မှာကျန်ရစ်ခဲ့ပါတော့တယ် မထင်မှတ်ထားပဲ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ဟာ မအောင်မြင်သွားပဲ တူကူယွဲ့ဟာ စကြဝဋ္ဌာအတွင်းမှာ နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သွားခဲ့ပါတော့တယ် အဲဒီမှာ သူ့ရဲ့ဘဝကို လကမ္ဘာပေါ်မှာ အချိန်ကုန်ရင်းနဲ့.....?” ❏ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ ရင်ဆိုင်ရမလဲ ? ❏တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဘယ်လိုတွေကုန်ဆုံးမလဲ ? ❏ သူဒီစကြဝဋ္ဌာအတွင်းကနေရော လွတ်မြောက်နိုင့်ပါ့မလား...? ဆိုတာ ဟာသနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres :  Comedy , Science Fiction Runtime : 2h 2min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Drama • Mystery
7 2022 122 mins
Moon Man
Case 39
6.3

Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့ အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်... Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ် ကလေးတွေ မိသားစုကောင်းကောင်းရှိရဲ့လား မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်.... ၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily က ကယ်လိုက်ပါတယ်.... မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ် အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲ File Size : (2.1GB)(729MB) and (278MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:49:00 Genre : Horror, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Drama • History
6.3 2009 109 mins
Case 39
Mr Illusion
6

CM မှ အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမဲ့ ကားလေးကတော့ Mr. Illusion ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မင်ကော်ခေတ်မှာ ပုံရိပ်ယောင်ပညာဂိုဏ်းမှ ကပ်ဆိုးစိုက်ခဲ့ပါတယ်။ ရေဂိုဏ်းပုံရိပ်ယောင်ပညာရှင် ဖေကျင့်ကျစ်က ရတနာ ရှင်းယွင်တောင်ဝှေးကို လုဖို့အတွက် လူအများအပြားကို သတ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ထိုအချိန်က မီးဂိုဏ်းဂိုဏ်းချုပ်ဖြစ်သူ ဆရာခုန်းခုန်းက ပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက် ဆရာခုန်းခုန်းက မိဘမဲ့ကလေး ကျိုးဖေးဖန်ကိုခေါ်ပြီး အရပ်လေးမျက်နှာခရီးထွက်ခဲ့ပါတယ်။ နှစ် ၂၀ ကျော်ကြာပြီးနောက် ရေဂိုဏ်းမှ ကျန်ရစ်သူနဲ့ သစ်ဂိုဏ်းဂိုဏ်းချုပ်တို့က ဖေကျင့်ကျစ်ကို ကယ်တင်ခဲ့ပြီး ဂိုဏ်း ၅ ဂိုဏ်းကို ပြန်လည်အုပ်ချုပ်ဖို့ စီစဉ်ပါတော့တယ်။ မီးဂိုဏ်းဂိုဏ်းချုပ် လော့ရှာဖေးနဲ့ တပည့်ကျိုဖေးဖန်၊ ချိုးချီတို့ အတူတကွ ပြန်လည်တိုက်ခိုက်ကြတဲ့အခါ...... ကြမ်းတမ်းယုတ်မာတဲ့ လူဆိုးတွေကို သူတို့ အနိုင်ရနိုင်ပါ့မလား ...... ကျိုဖေးဖန်ရဲ့ ဘဝကရော ဒီကပ်ဆိုးကြီးနဲ့ ဘယ်လို ဆက်နွယ်နေမလဲ ...... ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6 2023 84 mins
Mr Illusion
HELL DOGS
7.2

ဂျပန်ယာကူဇာဂိုဏ်းနဲ့ အသွင်ယူ ရဲ တစ်ယောက်ရဲ့ ဇာတ်လမ်း လေးဖြစ်ပြီး ဂျပန်အက်ရှင်ကားအများစုလို အိုဗာအက်တင်တွေ မပါဘဲနဲ့ ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ... ရဲတပ်သားသစ်တစ်ယောက်ဖြစ်တဲ့ တက်ခ် ဟာ အင်အားကြီးတဲ့ ယာကူဇာဂိုဏ်းကို ဖြိုချဖို့အတွက် အသွင်ယူ ရဲ တစ်ယောက်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ သူ အသွင်ယူတစ်ယောက်မဖြစ်ခင်မှာ တာဝန်ကျတဲ့နားက ကုန်တိုက်တစ်တိုက်ကို ယာကူဇာတွေ ဓါးပြဝင်တိုက်ခဲ့ပြီး အဲ့မှာ မိန်းကလေးသုံးယောက်နဲ့ ဝန်ထမ်းအမျိုးသမီး အသတ်ခံလိုက်ရတယ်။ အဲ့နောက်မှာသူဟာ အဲ့ဒီဓါးပြတိုက်သွားတဲ့ ယာကူဇာတွေနောက်ကို လိုက်လက်စားချေရင်းနဲ့ ယာကူဇာဂိုဏ်းထဲကို အသွင်ယူ ရဲ တစ်ယောက်အဖြစ် ရောက်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။) File Size          : 2.6GB, 1GB, 515MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 18mins Genre              : Action Translated by Zwel Zan Aung Encoded by Kinnov

Comedy
7.2 2022 137 mins
HELL DOGS
Cross the Yalu River

ဒီတခါတော့ CM ကနေပြီးတော့ 1950 ခုနှစ်ပတ်ဝန်းကျင်လောက်က စစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1950 ခုနှစ် 6 လပိုင်းတွင် ကိုးရီးယားပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂစစ်တပ်မှ တရုတ်နိုင်ငံကို နံပါတ် ၇ စစ်သင်္ဘောနဲ့ စစ်လေယာဉ်များကို လွှတ်ပြီး ရှန်းတုန်းနှင့် တုန်းပေတို့ကို ပစ်ခတ်ဖောက်ခွဲခဲ့တဲ့အတွက် လူအများအပြား ဒဏ်ရာရခဲ့ရပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မော်စီတုန်းမှ ဦးဆောင်တဲ့ အရာရှိတွေက အမေရိကန်ကို တိုက်ခိုက်ပြီး ကိုးရီးယားကို ကူညီပေးဖို ကြေငြာခဲ့ပါတယ်။ အချိန် ၂ နှစ်ကျော် တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲကြီးကို ကိုယ်တိုင် ပါဝင်တိုက်ခိုက်နေရသလို ခံစားစေရအောင် ရိုက်ကွက်လှလှလေးတွေနဲ့ ရိုက်ပြပေးထားတဲ့အတွက် ဒီကားလေးကိုလဲ စစ်ကားတွေ ကြိုက်တတ်တဲ့ ပရိသတ်တို့ကို ကြည့်ဖို တိုက်တွန်းပါရစေ။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2021
Cross the Yalu River
Nothing to see (Nada Que Ver) –

Maxico ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ “ဘာမှမမြင်ရဘူး” ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပိုလာ ဆိုတဲ့ သူဌေးသမီး မိန်းမချောလေးရဲ့ ရုတ်တရက်မျက်စိကွယ်သွားတာကနေစတာပေါ့နော် သူနာပြုအလုပ်နဲ့အသက်မွေးဝမ်းကြောင်းနေတဲ့ ကားလို့စ် ဟာ လောင်းကစားမက်တဲ့သူတစ်ယောက်ပေါ့ မတူညီတဲ့ ဘဝနှစ်ခုနဲ့ရှင်သန်နေကြတဲ့ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကနေ လောကကြီးကိုစိတ်ကုန်၊ ကြေကွဲအထီးကျန်ပြီး လူတွေကို ကန့်လန့်တိုက်နေတဲ့ ကောင်မလေးကို အပြန်အလှန်လေးစားမှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့၊ လောကကြီးမှာ ပျော်ပျော်နေတတ်ဖို့ ပြုစုသင်ကြားပေးရင်နဲ့ မေတ္တာနှောင်ကြိုးလေးတွေ တွယ်ငြိသွားရတဲ့ ဇာတ်အိမ်ကလေးကို ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2023
Nothing to see (Nada Que Ver) –
[18+] Sex In Philippine Cinema 1
5

ခေါင်းစဉ်အတိုင်းပါပဲ၊ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဟိုယခင်ခေတ်ကတည်းက ထွက်ရှိခဲ့ဖူးတဲ့ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသမီးတွေနဲ့ နာမည်ကြီးလိင်ဇာတ်ဝင်ခန်းများစုစည်းမှုဖြစ်ပါတယ်။ ဒီအခန်းလေးတစ်ခန်းကြည့်ဖို့သက်သက် တစ်ကားလုံးကြည့်စရာမလို ရစ်ကြည့်စရာလည်းမလိုတဲ့အပြင် အခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ Sunshine Cruz, Maui Taylor, Rosanna Roces တို့လိုဂန္ဓဝင်မမကြီးတွေရဲ့ ငယ်ဘဝအလှအပပုံရိပ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ ကြည့်လို့တန်သလို ဗဟုသုတလည်းယူတတ်ရင်ရမှာဖြစ်တဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဗီဒီယိုတွေပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.8GB)/( 620MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • TV Movie • Crime
5 2003
[18+] Sex In Philippine Cinema 1
Kismat
8

Kismat (2024) “ကံကြမ္မာ” ============================ Cmပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ တေလဂူးစကားပြော မှုခင်းဟာသရုပ်ရှင်သစ်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ရွာငယ်လေးတစ်ခုမှာ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ လူငယ်သုံးယောက်ရှိကြပါတယ်။ သူတို့ဟာ အင်ဂျင်နီယာတွေဖြစ်ကြပေမဲ့ ဘွဲ့ရပြီး နှစ်တွေကြာတဲ့အထိ အလုပ်အကိုင်မရှိတာကြောင့် မိသားစုတွေက အမြင်မကြည်ကြတဲ့အတွက် မြို့တက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။ အင်ဂျင်နီယာကျောင်း ထောင်ချီရှိနေပေမဲ့ အလုပ်အကိုင်အခွင့်အလန်းက ရာဂဏန်းတောင်မရှိတဲ့အတွက် သူတို့အလုပ်မရကြပါဘူး။ ဒီလို ပေါပေါပဲပဲအင်ဂျင်နီယာကျောင်းတွေကို ဖွင့်ထားတာကတော့ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ ဒီလိုနဲ့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်တွေကိုအသုံးချပြီး သူငယ်ချင်းသုံးယောက် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် နိုင်ငံရေးသမားဆီက ပိုက်ဆံခိုးဖို့ကြံကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Comedy • Crime
8 2024 128 mins
Kismat
Lock Up
6.4

မကြာခင် အကျဉ်းထောင်ကနေ လွတ်မြောက်တော့မဲ့ အကျဥ်းသားလီယွန်နေးဖရန့်ခ်ဟာ ရုတ်တရက်ကြီး စည်းကမ်းအရမ်းတင်းကြပ်တဲ့ ဝါးတားဂိတ်အကျဉ်းထောင်ကို အတင်းအဓမ္မခေါ်ဆောင်ခံရပါတယ်။ ဒီလို ခေါ်ဆောင်တာက တရားဝင်အမိန့်ကြောင့်မဟုတ်ဘဲ ထောင်မှူးဒရမ်ဂူးလ်ရဲ့ ရန်ငြိုးကြောင့်ဆိုတာ သိပြီးတဲ့နောက် နေ့ရက်တိုင်း နည်းမျိုးစုံနဲ့ ညှဉ်းဆဲခံရပါတော့တယ်။ ဒရမ်ဂူးလ်က ဘယ်လိုရန်ငြိုးကြောင့် ဒါမျိုးလုပ်ရလဲ၊ ဖရန့်ခ် ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဖရန့်ခ်အဖြစ် မင်းသားကြီးစတားလုန်းပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

6.4 1989 115 mins
Lock Up
Savi
7.6

Savi (2024) (အသွားမတော်တစ်လှမ်း) နာကူးရ်ဆာဒပ်ဗ်ဟာ မိန်းမနဲ့ ကလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူတစ်ယောက်ပါ။ တစ်နေ့တော့ အသွားမတော် တစ်လှမ်းဆိုတဲ့အတိုင်းပဲ နာကူးရ်သွားခဲ့တဲ့နေရာမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး လူသတ်မှုဖြစ်ရာအချိန်အတွင်းမှာ လူသွားလူလာဆိုလို့ နာကူးရ်တစ်ယောက်ပဲရှိတာကို စုံစမ်းရမိတဲ့အခါမှာတော့ ရဲတွေဟာ ဖမ်းဝရမ်းနဲ့ နာကူးရ်တို့အိမ်ကို ရောက်လို့လာပါတော့တယ်။ နာကူးရ်ကတော့ အဲဒီအချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူနဲ့အတူ လူတစ်ယောက်ရှိကြောင်း၊ အဲဒီလူနဲ့ ဝင်တိုက်ခဲ့မိကြောင်း၊ ဝင်တိုက်ရင်း အဲဒီလူရဲ့ ကြယ်သီးဟာ ကွဲပြီး ပြုတ်ထွက်သွားကြောင်း အခိုင်အမာပြောဆိုနေပါတယ်။ နာကူးရ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြဖို့အတွက် ကြယ်သီးတစ်ခြမ်းပဲ့လေးကို ရှာတွေ့ရင် အထောက်အကူဖြစ်နိုင်ကြောင်း မိန်းမဖြစ်သူ ထောင်ဝင်စာလာတွေ့တော့ ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ မိန်းမဖြစ်သူဟာ ရှေ့နေအာနူနဲ့အတူ နာကူးရ်ရဲ့ အမှုကို ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ …… နာကူးရ်ဟာရော ဒီလူသတ်မှုနဲ့ တကယ်ရော အဆက်အစပ်မရှိတာ သေချာရဲ့လား …. ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.6 2024 123 mins
Savi
Tiragabadara Saami
6.9

Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း” Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြော အိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလို ပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီ ပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။ ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှ လွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။ လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့ ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Family
6.9 2024 115 mins
Tiragabadara Saami