YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kushi (2023) Telugu TRUE WEB-DL - 720p- YK(CM).mp4

1.52 GB N/A video/mp4 3625 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Millennial

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဖြစ်လည်း Generation-Y ဖြစ်တဲ့ ချက်ဒ် ဆိုတဲ့ လူငယ်လေးကို အင်တာဗျူးနေတဲ့ ပုံစံနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ချက်ဒ်ဆိုတဲ့ မာစတာဘွဲ့အထိတောင်ရထားတဲ့ လူငယ်လေးတစ်ယောက် အလုပ်သင်ကာလပြီးတော့ အရွေးမခံလိုက်ရလို့ အိမ်ကို စိတ်ပျက်လက်ပျက်ပြန်လာခဲ့ပါတယ်။ အဖေကလည်း အရမ်းအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့ အလုပ်မရလိုက်တာ ပိုလို့တောင် စိတ်ညစ်နေတဲ့အချိန် အိမ်ကလူတွေက သူ အလုပ်ရပြီအထင်နဲ့ ပါတီပွဲနဲ့ စောင့်ကြိုဂုဏ်ပြုဖို့ အားခဲထားကြတာပေ့ါ။ ဒီလိုတွေဖြစ်သွားတော့ သူလည်းအလုပ်မရခဲ့ကြောင်း မပြောနိုင်တော့ဘဲ ဘာလုပ်ရမှန်းမသိ၊ လမ်းပျောက်နေတုန်း ငယ်သူငယ်ချင်းရဲ့ Instagram က ပို့စ်ကို တွေ့ပြီး အတ္တလန်တာသွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ အဲဒီကနေ ဘယ်လိုတွေဖြစ်လာမလဲ? ကြုံတွေ့လာရမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး အောင်မြင်သူ တစ်ယောက်ဖြစ်လာပါ့မလား? စိတ်ဓာတ်ကျပြီး အရှုံးသမား လုံးလုံး ဖြစ်သွားမလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်စို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။) File Size          : 1.4GB, 597MB, 288MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 20mins Genre              : Drama Translated by Shin Rina Encoded by Kinnov

Adventure • Animation • Family • Fantasy
0 2022 80 mins
The Millennial
The Lighthouse
7.5

ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာ သောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့ ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ တစ်နေ့တော့ အီဖရန်တို့သောက်နေတဲ့ရေကန်ထဲကိုဇင်ရော်ငှက်တစ်ကောင်ကျပြီးသေနေပါတယ် အီဖရန်ဟာ ဒေါသထွက်ပြီး အနားမှာရှိတဲ့ ဇင်ရော်ငှက်တစ်ကောင်ကို စိတ်လိုက်မန်ပါသတ်လိုက်ပါတော့တယ်....အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….အညွှန်းက ရှည်လို့ စပွိုင်လာလို့မထင်လိုက်ပါနဲ့ နောက်ပိုင်းဆက်ဖြစ်တဲ့ဟာတွေက တကယ့်ကိုအဆန်းကြီးတွေပဲမို့ပါ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်….

7.5 2019 109 mins
The Lighthouse
Inhuman Kiss
7.4

ရွာလေး တစ်ရွာမှာပေါ့ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့သူငယ်ချင်း ၄ ယောက် ရှိကြတယ်အဲ့ဒီထဲကမှ သရဲ မကြောက်တက်တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီးသရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်ကအိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇဝင် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ်ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ… အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကိုသေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးကအဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်…. ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး… ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါရွာမှာ ဂျက် ၊ ထင်း တို့ သူငယ်ချင်းတွေသာရှိတော့ပြီး နွိုင်း ကတော့ ဘန်ကောက်မှာ ကျောင်းတက်နေခဲ့တယ်….ဘန်ကောက်မှာ စစ်ဖြစ်နေပြီး နွိုင်း ကရွာကို ပြန်ရောက်လာခဲ့တယ် သူတစ်ယောက်ထဲတော့ မဟုတ်ဘူးကရာစီ (ခေါင်းပြတ်သရဲမ) ဖမ်းတဲ့ မုဆိုးအဖွဲ့တွေပါပါလာခဲ့တယ်… အဲ့ဒီလူတွေ ရောက်လာပြီး ကရာစီ ပြန်သောင်းကျန်းလာတယ်ကြက်တွေ နွားတွေ သတ်စားနေရာကနေလူတွေဘက်ကိုပါ ခြေဦးလှည့်လာတဲ့ အခါမှာတော့…. ဒီဇတ်လမ်းထဲမှာ ထိတ်လန့်စရာ ကြောက်ရွံ့စရာတွေအပြင်အချစ် နဲ့ ပေါင်းစပ်ထားတဲ့ လွမ်းစရာလေးတွေပါ ပါနေပါတယ်…ဆိုင် လေးက အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးမသူ့ သူငယ်ချင်း ၂ ယောက် ဖြစ်တဲ့ ဂျက် နဲ့ နွိုင်း ကလဲ သူ့ကိုသိပ်ချစ်ကြတယ်…ဒါပေမဲ့ မမြင်နိုင်တဲ့ အရာတွေက ဆိုင် ဆီကိုပဲ ဦးတည်လာခဲ့တဲ့ အခါ…..ဒီရုပ်ရှင်ကားကို ကြောက်ကြောက်လန့်လန့် ဘာသာပြန်ပေးထားတာကတော့ Kyi Nue Zin & Nang Mwe Kham တို့ ဖြစ်ပြီး Thit San Khant မှ ရင်ခုန် စွာ Encode ၍ တင်ဆက်ပေးထားပါတယ် ? Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama
7.4 2019
Inhuman Kiss
Shortcomings
6.7

လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ နေရာတကာလိုက်ပြီးတော့ လူ့ဂွစာလုပ်နေတဲ့ ဘယ်သူနဲ့မှ အဆင်မပြေကြတဲ့လူတွေက ဒီလောကမှာအများကြီးပါပဲ။ အဲ့လိုလူအများစုကလည်း သူတို့အမှားကိုသူတို့မသိကြပဲနဲ့ ဘယ်သူနဲ့မှအဆင်မပြေတာက တခြားလူတွေရဲ့ အပြစ်ကြောင့်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်လို့ကိုယ်လည်း အဲ့လိုလူဖြစ်နေတယ်ဆိုတာကို စိတ်ထဲမှာသိနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီကားထဲမှာလည်း အရာရာကိုဘုကလန့်လိုက်တိုက်နေပြီး လူမျိုးရေးတွေအရမ်းခွဲခြားပြီး လူ့ဂွစာဖြစ်နေတဲ့ ဘန်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အဓိကအဆင်မပြေဖြစ်နေတာကတော့ သူ့ကောင်မလေးမီကိုနဲ့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကအမြဲတမ်း ရုပ်ရုင်အကြောင်းတွေ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်တွေနဲ့ပတ်သတ်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်ကြပါတယ်။ တစ်နေ့မှာတော့ မီကိုနဲ့ ဘန်နဲ့ ပြဿနာအကြီးအကျယ်တက်ကြပြီး မီကို တစ်ယောက် သူအရမ်းသွားချင်နေတဲ့ နယူးယောက်မြို့တော်ကို ထွက်သွားပါတော့တယ်။ဒီလိုနဲ့ ဘန်လဲနောက်ဆော်တစ်ယောက်နဲ့ ကောက်တွဲခဲ့ပေမဲ့ သူ့ရဲ့အကျင့်စရိုက်တွေကြောင့် အဆင်မပြေလို့ ဆော်ပစ်ခံရတဲ့အပြင် သူ့အလုပ်ကပါပိတ်သိမ်းသွားရတဲ့အတွက် မီကိုရှိရာ နယူးယောက်မြို့ကိုလိုက်သွားပါတော့တယ်။ဒီလိုနဲ့ သူအဲ့ဒီကိုရောက်သွားတဲ့ အချိန်မှာ သူ့အတွက်ပိုဆိုးတဲ့ ကံကြမ္မာတစ်ခုကိုတွေ့ခဲ့ရပါတော့တယ်။လူဆိုတာ အဲ့လိုမျိုးမကောင်းတဲ့ စွမ်းအင်တွေကိုသယ်ဆောင်ထားနေရင်တော့ ကိုယ့်အပေါ်မှာ မကောင်းတဲ့ အရာတွေပဲဖြစ်နေမှာပါ။ဒီတော့ ဘဝမှာသူများတွေအတွက် ကန့်လန့်တိုက်တဲ့ လူ့ဂွစာဖြစ်မနေပဲ ပျော်ရွှင်တတ်တဲ့စိတ်ထားလေးထားပြီး ပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့ ဒီကားလေးကိုကြည့်ပြီးပညာယူသင့်ပါတယ်။ File size…1.76 GB / 617MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2023
Shortcomings
Father & Soldier
5.9

Father & Soldier (2022) ~ IMDb – 5.9/10, Rotten Tomatoes – 86% ~ ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် “Tirailleurs” လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။ အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ ရုပ်ရှင်အကျဉ်းကတော့… ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ပြင်သစ်တွေလာတဲ့အချိန်မှာ ဖွက်ထားကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ ဘာကရီတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ သူ့သားလေး သီယာနို ပေါ်တာဆွဲခံလိုက်ရတယ်။ ကိုယ့်သားသမီးအသက် ၆၀ ဖြစ်နေရင်တောင် မိဘဆိုတာ ကလေးလေးလိုပဲ မြင်တတ်ကြတာမဟုတ်လား။ ပေါ်တာဆွဲခံလိုက်ရတဲ့သားကို အဖေဖြစ်တဲ့သူက ဘယ်စိတ်ချပါ့မလဲ။ အဲဒါနဲ့ ဘာကရီတစ်ယောက် သားကိုကယ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဖာသာစစ်ထဲဝင်ဖို့ စာရင်းပေးလိုက်တယ်။ သူ့သားလေး ရှေ့တန်းမထွက်ရအောင် နည်းမျိုးစုံကြံတယ်။ တပ်ထဲဝင်ခါစကနေ သူလွတ်လမ်းရတဲ့အထိ သူ့သားလေးကို စစ်ပွဲထဲက အမြန်ဆုံးခေါ်ထုတ်သွားဖို့ကိုပဲ စိတ်လောခဲ့တယ်။ ဒီလိုနဲ့ သူတို့သားအဖ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ 2022 ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး 2023 မှာမှ ပြင်သစ်မှာ စတင်ရုံတင်ပြသခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအနိဋ္ဌာရုံတွေ၊ မိဘမေတ္တာတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဖြစ်ရုံတင်မကပါဘူး။ စစ်ပွဲရဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကိုပါ မီးမောင်းထိုးပြထားပြီး ချစ်ရသူတို့နဲ့ခွဲခွာရခြင်းအပြင် စစ်မြေပြင်မှာ ပြင်သစ်အလံတော်အောက်စတေးခဲ့ရသူ အမေ့လျော့ခံအာဖရိကန်စစ်သည်တို့အတွက် အောက်မေ့သတိရအထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 38Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.9 2022
Father & Soldier
Shot Boot Three
8.6

Shot Boot Three (2023) “ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု” IMDb-8.7/10 မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။ တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • Music
8.6 2023 117 mins
Shot Boot Three
Life of Mariko in Kabukicho
5.7

Life of Mariko in Kabuchiko ( 2023 ) =============================== ဒီဂျပန်ကားက တော်တော်စားတဲ့ ဂျပန်ကားလို့ပြောရမယ်။ ဇာတ်အိမ်တည်တာကတော့ ဂျပန်ရဲ့ ဂိုဏ်စတားတွေဆုံသလို လူလည်းစည်တဲ့ ရှင်ဂျူခုမှာ။ အဲဒီမှာ မာရိခိုဆိုတဲ့ ကောင်မလေးက ဘားဖွင့်ထားတယ်။ ဒါပေမဲ့ သူ့အဓိက အလုပ်က အလွတ်စုံထောက်အလုပ်။ သူကလည်းဆန်းသလို သူ့ဘားကိုလာသောက်ကြတဲ့ လူတွေကလည်း လူထူးဆန်းတွေချည်း။ အဲဒီဘားမှာ တော်တော့်ကို အကြောင်းအရာစုံ အကြောင်းအရာကြောင်ကြောင်ကြားကြားတွေ ကြားရတတ်တယ်။ မာရိခိုရဲ့နောက်ကြောင်းကလည်း လျှို့ဝှက်ဆန်းကြယ်သလို သူ့ဘားကို လာတဲ့သူတွေကလည်း လျှို့ဝှက်ဆန်းကြယ်တယ်။ သူဟာ ဘားဖွင့်ထားပေမဲ့ နာမည်ရ အလွတ်စုံထောက်လည်း ဖြစ်နေတယ်။ ဒီတော့ သူ့ဆီကို အရေးကြီးတဲ့အမှုတွေ လာအပ်ကြတယ်။ ဒီတစ်ခါ သူဖြေရှင်းရမယ့်အမှုက ဂျပန်ကိုရောက်လာတဲ့ဂြိုဟ်သားတစ်ကောင်ကို ရှာပေးရမယ့်အမှု။ ဒီဂြိုဟ်သားကို ဂျပန်နဲ့အမေရိကန် သဘောတူညီချက်အရ အမေရိကန်ကို ပို့ဖို့ လုပ်ထားပေမဲ့ စခန်းက ပညာရှင်တစ်ယောက်က ဂြိုဟ်သားကိုခိုးသွားတယ်။ ဒီတော့ ဒီဂြိုဟ်သားနဲ့ ဒီဂြိုဟ်သားကိုခိုးသွားတဲ့ သူကို ရှာပေးဖို့ အက်ဖ်ဘီအိုင်က သူ့ကို အလုပ်လာအပ်လာတယ်။ မာရိခိုဟာ သူ့မိတ်တွေအကူအညီနဲ့ ဂြိုဟ်သားကိုရှာရင်း မထင်မှတ်ထားတာတွေပါ ကြုံလာရတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ကြည့်ပေါ့။ ဂျပန်ရုပ်ရှင်တွေဟာ စားရင်လည်း အင်မတန်စားတတ်ကြတာမို့ ဒီရုပ်ရှင်က ဂျပန်ရဲ့ ခပ်စားစား ရုပ်ရှင်တစ်ကားပါပဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.7GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:56:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5.7 2023
Life of Mariko in Kabukicho
The Alamo

IMDb rating – 6/10 Award – 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။ အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.1 GB) Quality….Webrip 720p Format…mp4 Duration….02:17:00 Genre… Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Science Fiction • Adventure
0 2004
The Alamo
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
City of Joy
6.5

City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • Science Fiction
6.5 1992
City of Joy
Turn Me On
5.7

Turn Me On (2024) IMDb Rating (5.7) ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လို့ယူဆပြီး ဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါး တစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။ Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊ စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ရင်ဆိုင်ခံစားမိလာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားက Matrix နဲ့ အနည်းငယ်ဆင်တူပေမဲ့ ပိုပြီး သဘာဝကျတဲ့ ရှုထောင့်တစ်ရပ်ပို ဦးတည်ထားပြီး ကြည့်ရှုပြီးချိန်မှာ စဥ်းစားစရာ အတွေးစတွေကို ချန်ထားခဲ့နိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေ၊ အလိုရမ္မက်တွေ၊ နာကျင်ခံစားရမှုတွေက စစ်ပွဲတွေ၊ ဒုက္ခတရားနဲ့ နာကျင်မှုတွေကို စေ့ဆော်ပေးတယ် ဆိုပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီသိမ်မွေ့တဲ့ ခံစားချက်တွေကြောင့်ပဲ လူ့ဘဝမှာ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဒီတင်ပြမှု သဘောတရားကို လက်ခံ၊ မခံ ဆိုတာကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (910 MB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance, Sci-Fi Duration….01:36:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wolfenheim

5.7 2024 99 mins
Turn Me On