YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Krazy House.2024.1080p.WEB-DL.HEVC (CM).mkv

1.84 GB N/A video/x-matroska 42 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Milagro Beanfield War
6.5

Rt-61 ~ IMDb-6.8 1988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပ‌ရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။ တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျိုး တို့ရဲ့ မီလန်ဂရိုမြို့လေး ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2.7 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:57:00 Genre...Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Comedy • Drama
6.5 1988 117 mins
The Milagro Beanfield War
The Invisible Woman
5.9

Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန် ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။ သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်း လှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့ တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့ လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမက သူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်း ချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီး သားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာ သူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေ ပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်း ဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ် ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရော အချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲ ဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Comedy • Drama • Fantasy
5.9 2013 111 mins
The Invisible Woman
When Love Springs
6.6

IMDb Rating - 6.2/10 Junior PR ဖြစ်တဲ့ Rory Richards က သူ့မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည် ​ကတိကဝတ်ပြန်တည်ပွဲအတွက် Lilac Lake တည်းခိုခန်းကို ရောက်လာခဲ့တယ်။ အဲဒီ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ သူ့ကို လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း Jason နဲ့ တန်းတိုးတာပဲ။ Jason မှာက ဘာဘီရုပ်လိုလှတဲ့ ရည်းစားကောင်မ လေးအသစ် ရှိနေပြီ။ ကောင်မလေး ချောချောလေးရနေပြီဖြစ်တဲ့ Ex ကို ပြန် တွေ့တော့ FA Rory လည်း လန့်ပြီး အရှက်မကွဲချင်လို့ ဟိုတယ်ပိုင်ရှင်သား Noahကို သူ့ရည်းစားပါလို့ လိမ်ပြော လိုက်တယ်။ Noah မှာက သူ့အလုပ်တွေနဲ့ ရှုပ်နေပြီးသား။ သူတို့ဟိုတယ် အခြေအနေမကောင်းတော့လို့ မရောင်း ရအောင် ကြိုးစားနေတဲ့အချိန် Rory က သူ့ကို သူ့ရဲ့ရည်း စားအဖြစ် ဟန်ဆောင်ပေးဖို့ ဂျီတိုက်ခဲ့တယ်။ Noah လည်း ငြင်းပေမဲ့ နောက်ဆုံးတော့ သူတို့တွေ အပေးအယူတစ်ခု ပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဟာသရသပေါင်းစုံနဲ့ ဆက်လက် ကြည့်ရူလို့ရပါတယ်...။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.6 GB) / (656 MB) / (376 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thwal Htoo Zin Encoder..........SWM

Drama • Romance
6.6 2023 90 mins
When Love Springs
Ghostbusters: Afterlife
7.5

Ghostbusters 2021 ရုပ်ရှင်အသစ် ထွက်လာပါပြီ။ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(2.7 GB)/(900 Mb )/(450Mb) Quality….Webrip 1080p 5.1 CH / 720p / 480p Format…mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung and Thiha Yan Naing

Drama
7.5 2021 124 mins
Ghostbusters: Afterlife
Háromezer számozott darab(Three Thousand Numbered Pieces)
6.6

အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေနိုင်သလို ခွဲခြားခံရတယ်လို့ထင်နေသူလူမျိုးစုဟာလည်း အငုံ့စိတ်အားကြီးပြီး တစ်ခုခုဆိုတိုင်း ငါတို့ဟာခွဲခြားခံနေရပါတယ်ဆိုပြီး အရမ်းကာရောသိမ်ငယ်နေခြင်းဟာလည်း လူမျိုးရေးခွဲခြားမှုကို ပုံစံတစ်မျိုးနဲ့ အားပေးနေသလိုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ ဟန်ဂေရီပြဇာတ်ဆရာတစ်ယောက်က ဂျစ်ပစီလူငယ်ငါးယောက်နဲ့ Reality Show တစ်ခုတင်ဆက်တဲ့အကြောင်းပါ။ လူငယ်ငါးယောက်က အရင်က ဆေးသမား၊ ပြည့်တန်ဆာ၊ ရာဇဝတ်ကောင်၊ အနိုင်ကျင့်ခံရသူ စသဖြင့် စိတ်ဒဏ်ရာတစ်ခုခု ရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေခဲ့ရတဲ့ အဖြစ်မှန်တွေ၊ အတွေအကြုံတွေကို တင်ဆက်ရမယ့်အစား အံချော်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ၊ နာကျင်မှုတွေ၊ မညီမျှတွေကို ထုတ်ဖော်ပြသမိကြတဲ့အခါ ပြဇာတ်ဟာ စီစဉ်ထားသလို မဟုတ်တော့ဘဲ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။ ဇာတ်လမ်းဟာ ပြဇာတ်ရဲ့ပြကွက်တွေဘက်ကို ပြလိုက်၊ တကယ့်လက်တွေ့ဘဝဘက်ကို ပြန်သွားလိုက်နဲ့ အတော်လေးတော့ သောင်းပြောင်းထွေလာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်တင်ဆက်နေကျ ဇာတ်ကြောင်းပြောဟန်ကနေခွဲထွက်ပြီး ရသတစ်မျိုးကိုကွဲပြားစွာခံစားလိုတဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ ဟန်ဂေရီစကားပြော ဟန်ဂေရီဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာစတင်ပြသခဲ့ပါတယ်။ ဒါရိုက်တာကတော့ Adam Csaszi ဖြစ်ပြီး Kristof Horvath၊ Agota Benedek၊ Fraciska Farkas၊ Romeo Papai၊ Csaba Gerner စတဲ့ဟန်ဂေရီသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ European Film Festival Palic 2023 မှာ အကောင်းဆုံးဒါရိုက်တာဆုရထားပြီး Tallinn Black Nights Film Festival 2022 မှာလည်း ဆန်ကာတင်နှစ်ဆုရခဲ့ပါတယ်။ IMDb rating ကတော့ 6.6 ရထားပါတယ်။ File size…(1.1 GB)/(749 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Action • Romance • Thriller
6.6 2022 97 mins
Háromezer számozott darab(Three Thousand Numbered Pieces)
Star Wars: Episode VI – Return of the Jedi
8.3

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode VI – Return of the Jedi (1983) ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….

8.3 1983 132 mins
Star Wars: Episode VI – Return of the Jedi
Premalu
8.2

Premalu (2024) “စမ်းတဝါးဝါး” IMDb – 8.3/10 အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပေါ့။ ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကို ဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊ တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့ စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ ခံစားကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

8.2 2024 155 mins
Premalu
Bas Terakhir Malam Raya
8.7

Bas Terakhir Malam Raya ( 2023 )==============================အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။ စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။ ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။ ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။ သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။ ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒီမလေးရှားရုပ်ရှင်ဟာ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ရယ်စရာတွေအပြည့်နဲ့ အချိန်ဖြုန်းလို့တော့ကောင်းမယ့် ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(2GB)/(870MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

8.7 2023
Bas Terakhir Malam Raya
C.R.A.Z.Y.

C.R.A.Z.Y 2005 ဒီရုပ်ရှင်က IMDb 7.8/ ခရမ်းသီးပုပ် 100% နဲ့ Meta score 81 အထိရရှိခဲ့ပြီး ဆုပေါင်း ၃၈ ခုပိုင်ဆိုင်ခဲ့တဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ပြင်သစ် Drama/ Coming of age ရုပ်ရှင်လေးပါ။ နာမည်ကို C.R.A.Z.Y လို့ပေးထားခြင်းက ဒီရုပ်ရှင်ထဲက ညီအစ်ကိုငါးယောက်ဖြစ်တဲ့ Christian, Raymond, Antoine, Zachary နဲ့ Yv‌an တို့ရဲ့ ရှေ့ဆုံးနာမည်အက္ခရာတွေကို ကြီးစဉ်ငယ်လိုက်စီထားတာကြောင့်ပါ။ ဇာတ်အိမ်ကိုတော့ ၁၉၆၀ ခုနစ်ကျော်ကာလမှာတည်ထားပါတယ်။ ကတ်သလစ်ဘာ၀င် ပြင်သစ်ကနေဒီယန် မိသားစုတစ်ခုမှာ သားချည်းပဲ ငါးယောက်ထွန်းကားခဲ့တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကြီးက ချမ်းသာကြွယ်၀သူတစ်ဦးဖြစ်ပြီး ရှေးရိုးလည်းသိပ်စွဲတတ်တဲ့သူကြီးပါ။ သူရဲ့သားငါးယောက်လုံးကတော့ စာဂျပိုး၊ လူပေလူတေ၊ အားကစားရူး စသဖြင့် တစ်ဦးနဲ့တစ်ဦး နည်းနည်းလေးမှမတူတဲ့ ပင်ကိုစရိုက်လက္ခဏာ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီညီအစ်ကိုတွေလိုပဲ ဇာတ်လိုက်ကျော် Zachary၊ ဇက် မှာလည်း ထူးခြားတဲ့ပင်ကိုယ်သဘာ၀တွေရှိတယ်။ ဇက်က ခရစ်စမတ်နေ့မှာ‌မွေးတဲ့သူဖြစ်ပြီး ခရစ်တော်နဲ့မွေးနေ့တူလို့ ခရစ်တော်ကပေးသနားထားတဲ့ ပါရမီတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဇက်ရဲ့အမေကယုံကြည်ထားတယ်။ ညီအစ်ကိုငါးယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာတွေမတူကြဘူးဆိုပေမဲ့ ဇက်ကတော့ ကျန်တဲ့လေးယောက်နဲ့ တော်တော်လေးကို ကွာခြားတယ်လို့ပြောရမယ်။ ဇက်က သားယောက်ျားလေးဖြစ်ပါလျက်နဲ့ နူးညံ့သိမ်မွေ့လွန်းလို့ ဖခင်ဖြစ်သူကြီးက မကြာမကြာ အားမလိုအားမရဖြစ်ရတယ်။ ဇက်တို့မိသားစုက ကတ်သလစ်မိသားစုပီပီ နှစ်စဉ် ခရစ်စမတ်နေ့တိုင်းမှာ မိသားစု အမျိုးအဆွေ စုံစုံလင်လင်နဲ့ ညစာစားပွဲကြီးကိုကျင်းပလေ့ရှိကြတယ်။ ညီအစ်ကိုတွေ ဘယ်လိုပဲမတည့်ပါစေ၊ သဘောထားတွေဘယ်လိုပဲကွဲလွဲနေပါစေ၊ တစ်နှစ်တစ်ခေါက်တော့ ညစာစားပွဲမှာဆုံကြတာချည်းပဲ။ ဒီလိုနဲ့ ဒီညီအစ်ကိုတွေ ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာကြတဲ့အခါမှာတော့ သူတို့တစ်ဦးချင်းစီရဲ့ ပင်ကိုစရိုက်လက္ခဏာတွေ၊ ကိုယ်ပိုင်ရွေးချယ်မှုတွေ၊ ဘာသာရေးခံယူချက်‌တွေက ရှေးရိုးစွဲအဖေကြီးရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့သူကကိုက်ညီ၊ သွေဖီတဲ့သူကသွေဖီဖြစ်လာခဲ့တယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်လာရတဲ့အထဲမှာ ဇက်တစ်ယောက်က အဆိုးဆုံးပေါ့။ ဒီရုပ်ရှင်ထဲက ကာရိုက်တာတည်ဆောက်ပြမှုတွေက တော်တော်ကိုထောင့်စေ့တယ်ပြောရမယ်။ အက်တင်ဘာညာဆိုတာကတော့ ပြောစရာကိုလိုမယ်မထင်ဘူး။ ဆယ်ကျော်သက်လူငယ်တွေရဲ့စရိုက်သဘာ၀တွေ၊ စိတ်ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းကိုမြင်ရမှာ။ အထူးသဖြင့် ဇက် မွေးလာတဲ့အချိန်ကစလို့ ဆယ်ကျော်သက်ဖြစ်လာတဲ့အချိန်ထိ နှစ်စဉ် ညစာစားပွဲကြီးမှာ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ညီအစ်ကိုငါးယောက်ရဲ့ ပြောင်းလဲလာတဲ့ကာရိုက်တာတွေကို တစ်နှစ်ပြီးတစ်နှစ် မီးမောင်းထိုးရိုက်ပြထားတယ်။ ၁၉၆၀၊ ၇၀၊ ၈၀ ဓာတ်ပြားခေတ်ရဲ့ ဂီတသံစဉ်တွေ၊ အဲဒီခေတ်ကာလက လူငယ်ယဉ်ကျေးမှု‌၊ ၀တ်ပုံစားပုံတွေကိုလည်း ရှုမြင်ရဦးမှာ။ လိုလေသေးမရှိဖြည့်ဆည်းပေးနိုင်ပေမဲ့ အတွေးအခေါ် ခံယူချက်တွေကတော့ ရှေးရိုးစွဲနေတဲ့ အဖေဖြစ်သူကြီးနဲ့ သားငါးယောက်ရဲ့ဇာတ်လမ်းကို ၂ နာရီကျော် တ၀ကြီးကြည့်ရှုခံစားလိုက်ကြပါဦး။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်း နဲ့ ရိုက်ချက်တချို့ပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2005
C.R.A.Z.Y.
A Kiss Before Dying
6.7

Rt – 100% IMDb – 6.7 စာရေးဆရာ Ira Levin ရဲ့ A Kiss Before Dying ဝတ္တုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ 1956 ခုနှစ်ထွက်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ခေတ်သစ် သည်းထိတ်ရင်ဖိုရုပ်ရှင်တွေရဲ့ အစဦးပိုင်းရုပ်ရှင်လို့ပြောလို့ရပြီး ဇာတ်လမ်းအသွားအလာကလည်း mystery thriller သမားတွေတွေ သဘောကျမှာအသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါ်ရသီ ကင်းရှစ်ဟာ ကင်းရှစ်မိုင်းတွင်းပိုင်ရှင် သူဌေးကြီးရဲ့ သမီးငယ်ဖြစ်ပြီး လက်တန်မြို့မှာ တက္ကသိုလ်လာတက်ရင်း ကောင်လေးတစ်ယောက်နဲ့ တိတ်တခိုးငြိစွန်းခဲ့ပါတယ်။ တနေ့မှာ မတော်တဆကိုယ်ဝန်ရသွားခဲ့တာကြောင့် လက်ထပ်ဖို့ကိစ္စကောင်လေးကိုပြောတဲ့အခါမှာ ကောင်လေးကလည်း သူတို့ရဲ့မိသားစုပိုင်းမိုင်းတွင်းတွေကိုလိုချင်လို့ ကြံခဲ့သူပီပီ အကြောင်းမျိုးစုံပြပြီး ဒေါ်ရသီရဲ့ အဖေကို တရားဝင်ပြောပြဖို့ပဲ တိုက်တွန်းနေခဲ့ပါတယ်။ ဒီလိုမဟုတ်ရင် ဒေါ်ရသီကိုအမွေပြတ်စွန့်လွှတ်နိုင်တဲ့အတွက် သူတဘဝလုံးကြံနေခဲ့တဲ့ မိုင်းတွင်းလုပ်ငန်းကိုရဖို့ ဘယ်လိုလုပ်ရပ်မျိုးတွေအထိ လုပ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Crime, Film-Noir, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.7 1956 94 mins
A Kiss Before Dying
My First Film
6

ရုပ်ရှင်တွေဟာ လူတိုင်းနဲ့မစိမ်းတဲ့ အနုပညာတစ်ခုပါ။ ရုပ်ရှင်တွေကနေတစ်ဆင့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားရကျေနပ်မှု၊ မွန်းကြပ်မှု စသဖြင့် ရသမျိုးစုံကို ခံစားရနိုင်ပါတယ်။ ဒီလို ကြည့်ရှုသူတွေကို ရသမျိုးစုံပေးနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရတာကရော ထမင်းစားရေသောက်သလိုလွယ်ကူနေမယ်လို့ ထင်မိပါသလား။ အဲလိုထင်နေရင်သိပ်ကိုမှားသွားပါလိမ့်မယ်။ ကိုယ်တွေကြည့်ရတဲ့ ရုပ်ရှင်ဇာတ်ကား ၁ကားစာရဖို့ အတွက် ရုပ်ရှင်ဖန်တီးသူတွေဟာ နှစ်နဲ့လနဲ့ချီအချိန်ပေးကာရိုက်ကူးကြရပါတယ်။ အထူးသဖြင့် အစစအရာရာမှာငွေက အခရာကျတဲ့ ဒီလိုခေတ်ကြီးထဲမှာ ရုပ်ရှင်လောကဟာ တက်သစ်စ လူငယ်ရုပ်ရှင်ဖန်တီးသူတွေအတွက် တိုးပေါက်ဖို့ လုံးဝမလွယ်ကူတဲ့ ရပ်ဝန်းတစ်ခုပါ။ ဒီဇာတ်ကားဟာလည်း ဇာတ်ကားနာမည်ထဲကအတိုင်း ပထမဆုံးရုပ်ရှင်ကို ရိုက်ကူးဖို့ ကြိုးစားနေတဲ့ လူငယ်ဒါရိုက်တာ / filmmaker ဗီတာရဲ့ အကြောင်းပါ။ ဗီတာဟာ သူ့ရဲ့ပထမဆုံး Feature film ကိုရိုက်ကူးဖို့အတွက် ရိုက်ကူးရေးဘတ်ဂျက် မဖြစ်စလောက်လေးလက်ထဲကိုင်ပြီး သူ့ဇာတိမြို့လေးမှာ လူငယ်တစ်စုနဲ့ ကြိုးစားကြပုံကို ဇာတ်အိမ်တည် ထားပါတယ်။ ဒါရိုက်တာဖြစ်တဲ့ ဗီတာတစ်ယောက် မလွယ်ကူတဲ့ လမ်းကိုလျှောက်ရင်း စိတ်ပိုင်းဆိုင်ရာအထပ်ထပ်ပြိုလဲရပုံကို ရိုက်ကူး တင်ဆက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအေးတယ်ထင်ရပေမဲ့ မထင်မှတ်ထားလောက်အောင် အဆုံးထိ ဆွဲခေါ်သွားနိုင်ပြီး လူငယ် filmmaker တွေရဲ့ဘဝကို အများကြီး ထင်ဟပ်စေတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ကြောင်း recommend ပေးလိုက်ပါရစေ။ File size…2.11GB / 998MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Action • Thriller • Crime
6 2024
My First Film
Kali: Avenging Angel
5.8

ဒီတစ်ခေါက်မှာတော့မင်းသမီး‌တစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။ သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့ နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။ တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။ သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ‌ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်း သလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင် မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့ နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။ လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့်‌‌ ဖော်ထုတ်ရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာ အမှုကြီးကရော ဘာများဖြစ်မလဲ၊ ‌ဒီကိစ္စကိုဘယ်သူက ကြိုးကိုင် ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်း ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.44GB) / ( 835MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Drama
5.8 2024
Kali: Avenging Angel
The Quick and the Dead
6.5

The Quick and the Dead (1995) IMDb Rating (6.5) မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက် ၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းကတော့… အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် … အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့ တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ … သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ…..။

6.5 1995 107 mins
The Quick and the Dead
All for Love
6.7

All for Love (2005) ******************** IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။ အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။ ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် .. ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း…။ ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။ စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။ ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်…။ အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်နဲ့ မတူညီတဲ့ဘဝပုံစံအမျိုးမျိုးကို ဇာတ်လမ်းတစ်ခုထဲမှာ ပေါ်လွင်အောင် ဖော်ပြထားလို့ စိတ်ဝင်စားစရာကောင်းပြီး ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ခုပါပဲ…။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.73GB / 931MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 13m Genre ….. Comdy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Horror • Science Fiction • Thriller
6.7 2005 129 mins
All for Love