YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Knuckles.S01E01.720p.(CM).mp4

414.09 MB 720p video/mp4 881 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
The Campaign
5.8

Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ နိုင်ငံရေးအရပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ပြီး တယောက်ကိုတယောက်ဘယ်လိုချောက်တွန်းအားပြိုင်ကြမလဲ၊ တယောက်နဲ့တယောက် ပြိုင်ကြရင်း ဘယ်လိုအလွဲ‌ကြီးတွေဖြစ်ကြမလဲ၊ နောက်ဆုံးမှာရော ဘယ်သူက ရွေးကောက်ပွဲကိုနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ နိုင်ငံရေးဆိုင်ရာအားပြိုင်မှုတွေမှာတလွဲလုပ်ကြကို ဟာသ‌နှောပြီး ရှယ်ဖောက်ထားတဲ့ကားကောင်လေးဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောကြည့်ရှုလိုက်ကြပါဦးဗျ။

Crime • Drama • History
5.8 2012 85 mins
The Campaign
Baby Driver
7.5

2017 ရဲ့ အလန်းဆုံး ရေပန်းအစားဆုံး Action Thriller Comedy Crime Music ဇာတ်ကားလေး လာပါပြီ။ နိုင်ငံတကာရုပ်ရှင် ဝေဖန်သူတွေကြားမှာလည်း နာမည်ကောင်းရထားပြီး ပရိသတ်အများအပြား ချီးမွမ်းနေကြတဲ့ဇာတ်ကားလေးပါ။ Rating အနေနဲ့လည်းIMDb Rating …7.6        Rotten Tomatoes Rating…. 93% အထိ ရထားပြီး Box offices မှာလည်း ရင်းနှီးမြုပ်နှံငွေ USD 34 million သာရှိခဲ့ပေမယ့် အမြတ်ငွေ USD 213.7 million ရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ Baby Driver အောင်မြင်ရခြင်းကလည်း  Computer Generated Image (CGI) effect တွေနဲ့ ဇာတ်ကားအများအပြားကြားမှာ CGI effect အနည်းဆုံးနဲ့ တကယ့် စတန့်သမားတွေနဲ့ အပီပြင်ဆုံး ရိုက်ကူးထားနိုင်လို့ပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ  Edgar Wright ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာပါ။ Music အမျိုးအစားကားဖြစ်လို့လည်း ဇာတ်ဝင်တေးပေါင်း ၃၀ တိတိနဲ့ အသုံးပြုထားပြီး အမြဲတန်းလိုလို သီချင်းသံလေးတွေ ကြားနေရမှာပါ။ ( သီချင်းတွေများလွန်းလို့ထင်တယ် မင်းသမီးအတွက် အသုံးပြုထားတဲ့ T.rex သီဆိုထားတဲ့ Debora ဆိုတဲ့သီချင်းကို CopyRight ခွင့်မတောင်းမိလို့ ထုတ်လုပ်တဲ့ Sony ကုမ္ပဏီက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်) ဆုတွေအနေနဲ့လည်း  Golden Trailer Award 2017 မှာ Best Action ဇာတ်ကားဆု၊ International Online Cinema Awards 2017 မှာ Best Editing ဆု Best Song Mixingဆု Best Song Editing ဆု  SXSW Flim Festival 2017 မှာ ဒါရိုက်တာ Edgar Wright က Headliner ဆုတွေရခဲ့ပါတယ်။ ဒါ့အပြင်  ငယ်ငယ်ကတည်းက ကားအက်ဆီးဒင့်ဖြစ်ပြီး စိတ်ဒဏ်ရာရှိထားတဲ့ သီချင်းတွေကို ရူးသွပ်တဲ့ ကောင်လေးနေရာကနေ ပီပီမြင်မြင်သရုပ်ဆောင်သွားတဲ့ မင်းသားလေး Ansel Egort လည်း  Cinemacon က ချီးမြှင့်တဲ့ Male Star of Tomorrow award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပြီးပါပြီ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး ပထမတစ်ခန်းထဲနဲ့ကို ပရိသတ်ကို ဆွဲယူခေါ်ဆောင်သွားမယ့် စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားလေးပါပဲ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) File Size : (897 MB) Quality : 720pwebdl Running Time : 1hr 52min Format : Mp4 Genre : Action, Crime, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Little twinlay Encode by Moe Myint Lwin

Drama • Mystery
7.5 2017 113 mins
Baby Driver
Sitio Diablo
4.5

Sitio Diablo (2022) မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တွေဟာ မကောင်းမှုဒုစရိုက်တွေ လူဆိုးဂိုဏ်းတွေ ကြီးစိုးပြီး ကျင်လည်ကျက်စားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဆီတိုဒယာဘလိုစ် ဆိုတဲ့ပင်မဂိုဏ်းကြီးကနေခွဲထွက်ပြီး အလူစထရာဒိုဆိုတဲ့ ဂိုဏ်းသစ်ကို ထူထောင်နေကြတဲ့ လူငယ်တစ်စုရှိပါတယ်။ အဲဒီဂိုဏ်းကို ဦးစီးနေတဲ့သူတွေကတော့ ဘူးလက်နဲ့အိုင်နာတို့စုံတွဲဖြစ်ပြီး အိုင်နာကတော့ မူလ ဆီတိုဒယာဘလိုစ်အုပ်စုရဲ့မျိုးဆက်သမီးငယ်ပါ။ ခေတ်ကာလအားဖြင့်တော့ သူတို့မြို့တော်ရဲ့အာဏာအကူးအပြောင်း စပ်ကူးမတ်ကူးကာလဖြစ်ပြီး ရွေးကောက်ပွဲဝင်အမတ်လောင်းအသစ်က သူတို့ဂန်းစတားနယ်မြေတွေကို မက်လုံးပေးမဲဆွယ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဆီတိုဒယာဘလိုစ်ရဲ့ဆက်ခံသူ၊ အိုင်နာရဲ့အစ်ကို တိုးနစ်စ်ဟာ ရဲတစ်ယောက်ရဲ့ညှိနှိုင်းမှုနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နဂိုကတည်းက မငြိမ်းချမ်းတဲ့ နယ်မြေခွဲဝေမှုတွေ၊ အချင်းချင်းခွက်စောင်းခုတ်မှုတွေ ကွက်ကျော်ရိုက်မှုတွေနဲ့ သူတို့လောကထဲ တိုးနစ်စ်ပြန်ရောက်လာမှုဟာ နိမိတ်ဆိုးတစ်ခုဖြစ်ပြီး ပိုမိုမုန်တိုင်းထန်လာတော့မယ့် သဘောပါပဲ။ မြင်နေကျကားတွေကနေ ခွဲထွက်ပြီး တစ်မူထူးခြားနေတဲ့ 18 အပေါင်း ဂန်းစတားနောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ဖန်သားပြင်ထက်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ AJ Raval, အဲဒီတုန်းက တက်သစ်စလေးတွေဖြစ်တဲ့ Kiko Estrada, Benz Sangalang တို့နဲ့အတူ အခုချိန်မှာထိပ်တန်းဖြစ်နေပြီဖြစ်တဲ့ Azi Acosta တို့ကိုပါရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 755MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Crime • Drama • Mystery
4.5 2022 98 mins
Sitio Diablo
Only the Brave
7.4

ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။ Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။ Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။ အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။ Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by Lex Luthor Encoded by Thanhtike Zaw

Comedy • Drama
7.4 2017 133 mins
Only the Brave
Forgetting Sarah Marshall
7.1

Forgetting Sarah Marshall (2008) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့… လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ ဒီအတိုင်းပါပဲ “ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း” ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။ Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Bell အပြင် Black Swan ရုပ်ရှင်မှာ ဇာတ်ပို့မင်းသမီး၊ Friends with Benefits မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးညိုချောလေး Mila Kunis တို့က အဓိကမင်းသမီးနှစ်လက်အနေနဲ့ပါဝင်ထားပါတယ်။ မင်းသားကတော့ မသိပါဘူး။ စတာပါ :3 ပီတာဘရက်ထာအဖြစ် How I Met Your Mother Sit-com ထဲက Marshall တဖြစ်လဲ Jason Segel ကသရုပ်ဆောင်ထားပါတယ်။ ကိုင်း ညွှန်းတာလည်းများပြီဆိုတော့ IMDb – 7.1/10, RT – 83% ရထားတဲ့ ဟာသရိုမန့်စ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ ဪ ဒါနဲ့… ကွက်ကွက်ကွင်းကွင်းအခန်းလေးတွေ အနည်းငယ်ပါတဲ့အပြင် အသုံးအနှုန်းတွေကလည်း နည်းနည်းတော့ကြမ်းပါတယ်လို့ သတိလေးတော့ပေးခဲ့ချင်ပါသေးတယ်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama • History • War
7.1 2008 111 mins
Forgetting Sarah Marshall
0.1% World
6.4

0.1% World (2022) 2022 February 14 ရက်နေ့ မှာထွက်ရှိခဲ့တဲ့ တရုတ် Romance ဇာတ်ကားလေးကို နီးကပ်လာပြီဖြစ်တဲ့ Valentine’s Day အတွက် ကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ ကိုယ့်ဘဝထဲက လူတွေအားလုံးရဲ့ 0.1 ရာခိုင်နှုန်းကသာ ကိုယ့်ကို အမှန်တကယ် အလေးအနက်ထားလေ့ရှိတယ် ဆိုတဲ့ အယူအဆအပေါ် ရိုက်ကူးထားတဲ့ ရိုမန့်ဇာတ်ကားလေးပါ။ “အန်းရိ” ဆိုတဲ့ကောင်မလေးက လက်ထောက် Architect တစ်ယောက်ဖြစ်ပြီးတော့ အလုပ်မှာအောင်မြင်မှု မရသေးတဲ့ကောင်မလေးပါ။ အလုပ်ထဲက စီနီယာဖြစ်တဲ့ အစ်ကိုချန်ကို သဘောကျနေပေမဲ့ ဖွင့်မပြောရဲသေးပါဘူး။ တစ်နေ့မှာတော့ ဆိုက်ထဲကိုသွားရင်းနဲ့ မတော်တဆဖြစ်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခိုက်မိသွားပါတယ်။ ပြန်နိုးလာတဲ့အခါမှာတော့ သူဟာ မိုင်ပေါင်းများစွာဝေးကွာတဲ့ ဂျာမနီက “ကောင်းအန်း”ဆိုတဲ့ကောင်လေးနဲ့ စိတ်ချင်းဆက်သွားပါတယ်။ သူတို့၂ယောက်က တစ်ချိန်လုံး တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က ကြားနေရပါတယ်။ ဒါ့အပြင် တစ်ယောက်က နှလုံးခုန်နှုန်း အကြိမ်၁၀၀ထက်ကျော်သွားရင်လည်း တစ်ဖက်လူရဲ့ လှုပ်ရှားမှုကိုပါ ထိန်းချုပ်နိုင်ပါတယ်။ အချိန်ကွာခြားချက်ရှိပြီး အသံကိုကြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ ကမောက်ကမတွေနဲ့ အတူနေ့နေ့ညညဖြတ်သန်းရာကနေ ချစ်စရာကောင်းပြီး နူးညံ့တဲ့ရိုမန့်တစ် ဇာတ်လမ်းလေးအကြောင်းကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 28Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.4 2022
0.1% World
Sleepaway Camp III: Teenage Wasteland

ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။ ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ‌ဇာတ်အိမ်တည်ထားပါတယ်။ ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.7 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror • Thriller
0 1989
Sleepaway Camp III: Teenage Wasteland
Friday the 13th: The Final Chapter
6

Friday the 13th: The Final Chapter (1984) အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။ တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။ တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 945MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 31Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1984
Friday the 13th: The Final Chapter
Master Qianhe
5.8

တရုတ်မိစ္ဆာနှိမ်နင်းတဲ့ ဇာတ်လမ်းကို ကြိုက်တဲ့သူတွေအတွက် Mister Qianhe ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်ဦးပိုင်းမှာ တိုင်းပြည်မတည်ငြိမ်တဲ့အတွက် ဓားပြတွေလည်း အလွန်သောင်းကျန်းနေပါတယ်။ ချန်းဟဲ့ဆရာကြီးလုံစန်းဟာ မြောက်ပိုင်းနယ်စပ်မှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုပြီး ဆရာတူညီမလေးမှ အကူအညီတောင်းခဲ့တဲ့အတွက် ရထားစီးပြီး နယ်စပ်ကို ထွက်ခဲ့ပါတယ်။ လမ်းတစ်ဝက်မှာ ဓားပြတိုက်ခံရပြီး ဟွမ်မြောင့်ရွာမှာ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့ ရှန်းအာကို ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝူးလန်မြို့အတွင်းမှာ ပျောက်ဆုံးသွားတဲ့ လက်နက်တွေကို ရှာဖို့အတွက် မြေအောက်မှာ ပိတ်ခံထားရတဲ့ မိစ္ဆာတွေကို ကယ်တင်ပေးခဲ့ပါတယ်။ လုံစန်းရဲ့ သတင်းကို ဝူလန်မြို့က တပ်ချုပ်ကြီးက ကြားသိခဲ့ရပြီး မြို့ထဲမှာနေတဲ့ အပျိုလေးတွေကို ဖမ်းဆီးဒုက္ခပေးနေတဲ့ မြေခွေးမိစ္ဆာကို ရှင်းလင်းဖို့ ခိုင်းစေခဲ့ပါတယ်။ မြေခွေးမိစ္ဆာနဲ့ တွေ့တဲ့အခါမှာတော့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ လုံစန်းတစ်ယောက် အဲ့ဒီလျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖြေရှင်းမလဲ…… လူနဲ့ မိစ္ဆာမှာ ဘယ်သူကအကောင်း ဘယ်သူက အဆိုးလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.8 2024
Master Qianhe
BTOB TIME: Be Together the Movie

BTOB Time Be Together The Movie အညွှန်း အချိန်အကြာကြီးတည်မြဲနိုင်တဲ့ အချစ်တွေကို လက်ညှိုးညွှန်ပြပါဆိုရင်တော့ နှစ်ဦးနှစ်ဖက်လုံးဟာ ရယူလိုခြင်းအလျင်းမရှိ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ အရင်းတည်ထားတဲ့ အိုင်ဒေါ နဲ့ ပရိသတ်တွေရဲ့ဆက်ဆံရေးလို့ပဲဆိုချင်ပါတယ် BTOB နဲ့ Melody တို့ရဲ့ ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေဟာ ရုပ်ရှင်တစ်ခုဖြစ်ခဲ့ရင် အဓိကဇာတ်ဆောင်တွေဟာ Melody ဖြစ်ပြီး နောက်တစ်ကြိမ် မင်းတို့တွေဆီကို လှမ်းလာနေတာဟာ BTOB ဖြစ်ပါလိမ့်မယ် ဒီရုပ်ရှင်လေးမှာ သေချာပေါက်ပါဝင်မှာကတော့ သံယောဇဉ်ကြိုးတွေ မြဲမြဲချည်ထားတဲ့ ၁၀ နှစ်တာ အပြန်အလှန် ချစ်ခြင်းတွေပေါ့ Idol တွေနဲ့ Fan တွေရဲ့ နှလုံးသားချင်းထပ်တူကျတဲ့နေရာ ၊ ရင်ခုန်သံတွေ တူညီနေတဲ့နေရာက Concert တွေဆိုလည်း မမှားပါဘူး။ အဲဒီလို မှော်ဆန်တဲ့အခိုက်အတန့်လေးကို လှပတဲ့ရုပ်ရှင်လေးတစ်ခုအဖြစ် ဖန်တီးပုံဖော်ထားတဲ့ BTOB Time Be Together The Movie လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်တာမို့ BTOB နဲ့ Melody လေးတွေကြားထဲက လှပတဲ့သံယောဇဉ်တွေ ၊ သိမ်မွေ့တဲ့ရစ်ဖွဲ့မှုတွေ ၊ ချစ်ခြင်းမေတ္တာတွေကို တစ်ဝကြီးမြင်တွေ့ရပြီး ကြည်နူးစိတ်ဖြစ်ရမယ့် Movie လေးဖြစ်တာမို့ သီချင်းတွေကို အတူတူလိုက်ပါခံစားသီဆိုရင်း စီးမြောလိုက်ကြရအောင် Melody လေးတို့ရေ အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre….. Music, Documentary Quality…. 1080p | 720p File size… 3GB | 1.1GB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin and Cali Encoder ….. Aaron

0 2023
BTOB TIME: Be Together the Movie
The Three Stooges
6.9

The Three Stooges ကိုအားလုံးသိကြမှာပါ။ ငယ်ဘဝရဲ့တစ်စိတ်တပိုင်း၊ ပရိသတ်ကို ပါးစပ်မစေ့ရအောင် ဖျော်ဖြေပေးတဲ့ လူသုံးယောက်အဖွဲ့ပေါ့။ Stooge ကို မြန်မာလိုပြန်ရင် “အရူး” တဲ့။ အဲတော့ “အရူး သုံးယောက်” ပေါ့ဗျာ။ ဒါပေမယ့် ဒီတစ်ခုကတော့ ခင်ဗျားတို့မြင်နေကြ Three Stooges မဟုတ်သလို ရယ်ရတဲ့ ဇာတ်လမ်းတစ်ခုလည်းမဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ဖော်ထားတဲ့ Docu/Drama ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ခုရှိတယ်။ “အမြဲတမ်းရယ်မောနေတဲ့လူက ဝမ်းနည်းစရာတွေနဲ့အမြဲလိုလိုကြုံတွေ့နေရတဲ့လူဖြစ်ပြီး၊ ပေါတောတောနေတဲ့လူတွေကလည်း ဘဝရဲ့ထိုးနှက်ချက်ကို အလူးအလဲခံဖူးတဲ့လူ” ဖြစ်ပါတယ်တဲ့။ Robert DeNiro ရဲ့ “The King of Comedy” မှာဆို “ခင်ဗျားတို့ကိုအရမ်းရယ်ရတဲ့ ဟာသတစ်ခုပြောပြမယ်” ဆိုပြီး သူ့ဘဝကို ပြန်လည်ပြောပြတဲ့အခန်းပါပါတယ်။ ဒီ Three Stooges မှာလည်းအဲလိုပါပဲ။ Moe Howard Curly Howard Larry Fine Shemp Howard သူတို့ဘယ်လိုမျိုး ဟာသလောကထဲကိုဝင်လာလဲ ခေါင်းပုံဖြတ်အမြတ်ကြီးစားခံရတဲ့ဘဝကနေပြီး “Colombia Pictures” “20th Century Fox” “Werner Bros” တို့လို ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ စာချုပ်ကမ်းလှမ်းခြင်းက်ုခံရအောင် ဘယ်လိုများ ကြိုးစားခဲ့ရလဲ။ မူယာမာယာများလှတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကကို အတန်းပညာမတက်၊ ဟာသပဲလုပ်တတ်တဲ့ အရူးသုံးကောင်က ဘယ်လိုများ ပရိသတ်ရင်ထဲစွဲအောင်လုပ်ခဲ့လဲ။ သူများကိုရယ်အောင်မောအောင်လုပ်ပေးနေပေမယ့် ကိုယ်တိုင်ရင်ထဲမှာ ဘယ်လိုတွေခံစားနေရလဲ။ ဒါတွေကို မြင်သာအောင်ရိုက်ပြထားတဲ့ Docu/Drama တစ်ကားဖြစ်တာကြောင့်လက်မလွှတ်သင့်ဖူးလို့ထင်ပါတယ်။ File Size : 2.6 GB, 992 MB Quality : WEB-DL 1080p / 720p Running Time : 1hr 28min Format : Mp4 Genre : Biography, Comedy, Documentary, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

6.9 2000 88 mins
The Three Stooges
Bullet Train Explosion
6.5

Bullet Train Explosion (2025) **************************** IMDb….. 6.5 ဂျပန်နိုင်ငံမှာရှိတဲ့ အရှေ့ပိုင်းဂျေအာ ကုမ္ပဏီပိုင်အတွင်းမှာ ပုံမှန်ပြေးဆွဲလျက်ရှိတဲ့ ဟာယဘူဆာ အမှတ်-၆၀ ရထားမှာ ဗုံးထောင်ထားတယ်ဆိုပြီး ဆက်သွယ်ရေးစင်တာကို ဖုန်းဝင်လာခဲ့ပြီး ထောင်ထားတဲ့ဗုံးဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ အောက် ကျတာနဲ့ ပေါက်ကွဲမှာဖြစ်ကြောင်းလည်း အသိပေးလာပါတယ်။ ဒီအခါမှာ အဲဒီရထားရဲ့ ဝန်ထမ်းတွေနဲ့ဆက်သွယ်ပြီး ရထားကို အရှိန်မလျှော့ဘဲ တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ရင်း ထိန်းထားဖို့ လုပ်ရပါတော့တယ်။ ရထားကို အရှိန်ထိန်းမောင်းနှင်ရင်းနဲ့ ခရီးသည်တွေကိုလည်း ထိတ်လန့်မှုမဖြစ်စေဖို့အတွက် ထိန်းရပါသေးတယ်။ ဂျပန်ရဲ့ မူဝါဒမှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် အစိုးရဟာလည်း ဗုံးထောင်သူနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ခရီးသည်များ လုံခြုံရေးအတွက်ကိုသာ ဦးစားပေး လုပ်ဆောင်လျက်ရှိပေမဲ့ ဗုံးထောင်သူဘက်ကနေ ဗုံးဖြုတ်နည်းပြောပြပေးရမယ်ဆိုရင် သူ့ကို ယန်း ၁၀၀ ဘီလီယံ ပေးရမယ်လို့ ဆိုလာပါတယ်။ ဒီလိုတောင်းဆိုတာကလည်း အရှေ့ပိုင်း ဂျေအာကုမ္ပဏီထံမှာမဟုတ်ဘဲ ဂျပန်ပြည်သူများထံမှ တောင်းဆိုတာဖြစ်ပါတယ်။ ဗုံးထောင်သူရဲ့ တောင်းဆိုလာမှုအပေါ်မှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းရေးမူဝါဒကို ကိုင်စွဲထားတဲ့ အစိုးရနဲ့ အရှေ့ပိုင်းဂျေအာရဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး ဗုံးထောင်ခံထားရတဲ့ ရထားပေါ်က ခရီးသည်တွေကို ဘယ်လိုကယ်တင်သွားမလဲ ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် မှုခင်းဒရာမာ အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Char Ou မှ ရေးသားထားပေးပါတယ်။) File Size : 2.91GB/ 1.34GB Quality : WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration…02:18:12 Genre : Action, Adventure, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mary, CharOu, DaoPhyo & KIM Encoded by Tiff

6.5 2025 137 mins
Bullet Train Explosion
Asthram
7

Asthram (2025) “အဆုံးစီရင်မှုများရဲ့နောက်ကွယ်…” ထူးခြားဆန်းကြယ်ကိစ္စတွေကို စိတ်၀င်စားတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အင်စပက်တာအာကီလန်ဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအကြောင်း စုံစမ်းရင်းနဲ့ ထူးခြားချက်တွေ တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအချက်ကတော့တော့ အဲဒီလို သမားရိုးကျမဟုတ်တဲ့ အဆုံးစီရင်မှုမျိုးတွေဟာ နေရာအနှံ့အပြားမှာ တစ်ပုံစံတည်းဖြစ်ခဲ့ကြတာပါ။ နေရာနဲ့အချိန်သာ ကွဲပြားပေမဲ့ လုပ်နည်းလုပ်ဟန်ချင်း အတူတူပါပဲ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ ဖြစ်တာကြောင့် ဘယ်သူကမှ သေချာမစစ်ဆေးခဲ့ပေမဲ့ အာကီလန်ကတော့ အမှုရဲ့ထူးခြားဆန်းကြယ်မှုတွေကြောင့် ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ အဆုံးစီရင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို‌ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲ၊ အဲဒီအဆုံးစီရင်မှုတွေဟာ သမားရိုးကျဖြစ်ရပ်လား၊ ကျိန်စာလိုလို သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမှာလား၊ အာကီလန်ကရော အမှုလိုက်ရင်း ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)

Mystery • Drama
7 2025
Asthram