YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Knowing.Bros.E361.221211.720p.CM.mp4

1.16 GB N/A video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Da Vinci Code
6.7

The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ သင်္ကေတကုဒ်တွေချန်ထားခဲ့တယ်။ ဒီလိုနဲ့ ပြင်သစ်ရဲတွေဟာ ပြတိုက်မှူးကြီးချန်ထားခဲ့တဲ့ စာတွေထဲက တစ်ခုတည်းသော နာမည်အနောက်ကို လိုက်ပါလေရော။ လန်ဂ်ဒန်တဲ့ …… ။ ဟားဗဒ်တက္ကသိုလ်ရဲ့ သင်္ကေတဗေဒပညာရှင်။ ကမ္ဘာပေါ်ကရှားမှရှားပညာရှင်မျိုး။ ပြတိုက်မှူးကြီးက သူမသေခင်ညမှာ လန်ဂ်ဒန်နဲ့ ညစာစားဖို့ရာ စီစဉ်ထားခဲ့တယ်။ ဒီလိုနဲ့ လန်ဂ်ဒန်ကို ပြင်သစ်ရဲတွေက အကူအညီတောင်းဖို့ရာဆိုပြီး လူးဝ်ပြတိုက်ကိုခေါ်လာပါလေရော။ ပြတိုက်အဝင်ဝက ဧရာမ ဖန်သား ပိရမစ်ကြီးက ပြသာနာတွေတော့ အထဲမှာစောင့်ပါပြီလို့ လန်ဂ်ဒန်ကို တိတ်တဆိတ် သတိပေးနေသလိုပါဘဲ။ သူလည်း အထဲရောက်သွားရော အထဲမှာ ပြတိုက်မှူးကြီးရဲ့ ကိုယ်လုံးတီးအလောင်းက ပြတိုက်ကြမ်းပြင်ပေါ်မှာ ပြန့်ကားနေတယ်။ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ဝမ်းဗိုက်ဖောင်းဖောင်းကြီးအပေါ်မှာလည်း ငါးထောင့်ကြယ်ပုံကြီးကို သွေးနဲ့ပုံဖော်ထားတယ်။ နတ်ကိုးကိုယ်သူတွေ မီးရေနေလကိုးကွယ်သူတွေရဲ့ ရှေးဦးသင်္ကေတပုံစံမျိုး။ တစ်ဖက်လက်ညိုးမှာ သွေးပေနေပုံကိုထောက်ပြီး သူ့ဝမ်းဗိုက်က သေနတ်ဒဏ်ရာက သွေးကိုယူပြီး ကြယ်ပုံကို သူကိုယ်တိုင်ဆွဲခဲ့ပုံပါဘဲ။ နောက်တစ်ဖက်လက်မှာတော့ Marker ချောင်းကို မြဲမြဲဆုပ်ထားတယ်။ မကြာခင်မှာဘဲ လန်ဂ်ဒန်တစ်ယောက် စဉ်းစားမိရာ စဉ်းစားပြီး ကြမ်းပြင်ကို မီးထိုးကြည့်ရာမှာတော့ စာသားတွေပေါ်လာခဲ့တယ်။ ပထမဆုံးပေါ်လာတာက ကိန်းစဉ်တန်းတစ်ခု … 13-3-2-21-1-1-8-5 ..… နောက်တစ်ခုက စာသားတွေ … O,Draconian Devil Oh, Lame Saint တဲ့ …… ပထမဆုံးပေါ်လာတဲ့ ကိန်းစဉ်က ခန့်မှန်းရတာ သိပ်လွယ်တဲ့အရာ။ ဖီဘိုနာချီကိန်းစဉ်တန်းတစ်ခု … ။ လှပပြီးသေသပ်တဲ့ ကိန်းစဉ်တန်းတစ်ခု။ သဘာဝကြီးရဲ့ ကိန်းစဉ်တန်းတစ်ခု။ ကပ်လျက်ရှိတဲ့ ကိန်းတွေရဲ့ အချိုးဟာ 1.6 စွန်းစွန်းလေးရှိမယ့်ကိန်းစဉ်တန်းတစ်ခု။ ရှေးဦးအီဂျစ်တွေ ပိရမစ်ကြီးတွေကို ဆောက်တဲ့အခါမှာ တစ်ထပ်နဲ့တစ်ထပ်အတွင်း အမြဲလိုက်နာတဲ့ အချိုးတစ်ခု။ Twitter တံဆိပ်ရဲ့ ပျမ်းမျှညီမျှခြင်းအချိုးတစ်ခု။ ပျားအုံအတွင်းက ပျားထီးနဲ့ ပျားမတို့ရဲ့အချိုး။ တခြားတခြားသော သဘာဝတရားတို့ရဲ့ သိပ်ကိုလှပတဲ့ အချိုး … Golden Ratio ပေါ့။ စာသားတွေကိုကြည့်တော့ ဒါဟာ Anagram တစ်မျိုး။ လျှို့ဝှက်စာသားပေါ့။ တကယ်တမ်းကျ ဒီလောက်များတဲ့ စာတန်းရှည်ကို ကုဒ်ဖော်ဖို့ရာ Dan Brown နဲ့ ရုပ်ရှင်ထဲက လန်ဂ်ဒန်တို့လုပ်သွားသလောက် မလွယ်ဘူး။ တကယ်တမ်း စာရေးသူတို့ ကျောင်းစာသင်ခန်းထဲမှာ ကျောင်းသားတွေ ကွန်ပြူတာ ပရိုဂရမ်အကူအညီနဲ့လုပ်တာတောင် နာရီပိုင်းကြာတဲ့ CODE မျိုး။ ဖြစ်နိုင်ခြေပေါင်း ၃၆၀ ထရီလျံနည်းပါးရှိတဲ့ ကိန်းစဉ်တန်းကို စက္ကန့်ပိုင်းနဲ့ ပြောပြဖို့ရာဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာမျိုး။ ဘယ်လိုဘဲပြောပြော လန်ဂ်ဒန်က Code ဖြည်နိုင်ခဲ့တယ်။ Leonardo Da vinci The Mona Lisa တဲ့။ သာမန်လူသတ်မှုကနေ သမိုင်းတစ်လျှောက်ရဲ့ အဓိကအနုပညာကြီးဖြစ်တဲ့ Mona Lisa အထိပါပါလာခဲ့ပြီ။ ဇာတ်လမ်းထဲမှာ ဒီကတဆင့် Holy Grail ဆိုတာပါပါလာခဲ့တယ်။ Holy Grail ဆိုတာကတော့ ယေရှုခရစ်တော် နောက်ဆုံး စားပွဲကြီးမှာ သုံးခဲ့တဲ့ ကလပ်ခွက် (ခွက်)။ နောက်ပြီး ခရစ်တော်ကို ကြိုးစင်တင်ရာကနေကျလာတဲ့ သွေးတွေကို ခံခဲ့တဲ့ခွက်။ ဒီခွက်ကိုရဖို့ ဟိုးရှေးရာစုနှစ်တွေကတည်းက အထူးတပ်ဖွဲ့တွေ သူရဲကောင်းတပ်ဖွဲ့တွေက ကြိုးစားလာခဲ့တာမျိုး။ ခရစ္စယာန်သမိုင်းရဲ့ အဓိကအချက်အခြာရတနာလို့ သတ်မှတ်ခံထားရတာမျိုး။ ဂျေရုစလင်ကို ဥရောပကသိမ်းပြီးနောက် မြို့တော်ကို ကာကွယ်စောင့်လျှောက်ဖို့ရာဆိုပြီး သူရဲကောင်းအဖွဲ့ကြီးကိုဖွဲ့ခဲ့တယ်။ ဒါပေမယ့် DAN BROWN ရဲ့ စာအုပ်ထဲမှာတော့ ၎င်းက အဆိုပါတပ်ဖွဲ့ဟာ မြို့တော်နဲ့လားလားမှမဆိုင်ဘဲ Holy Grail ခွက်ကို ရှာပုံတော်ဖွင့်ဖို့လို့ဆိုထားပါတယ်။ Holy Grail ကရော ပြတိုက်မှူးကြီး အသတ်ခံရာမှာ ဘယ်လိုပတ်သက်လဲ ? ဟို နှစ်ရာပေါင်းများစွာက Leonardo Da Vinci ကရော ဘယ်လိုပက်သက်လဲ ? ကြားထဲက လန်ဂ်ဒန်ကရော ? ၁၇၄ မိနစ်တိတိကြာတဲ့ ဒီဇာတ်ကားဟာ သမိုင်းမှန်ကိုနောက်ခံထားပြီး စိတ်ကူးယဉ်ထားတာမို့ ဘယ်လိုကြည့်ကြည့်ကို ရင်သပ်ရှုမောစရာကောင်းပါတယ်။ Secret Order တွေ Secret Treasure တွေအကြောင်းကို စိတ်ဝင်စားသူတွေက ရုပ်ရှင်ကြည့်လိုက် သမိုင်းအစစ်အမှန်ကိုရှာဖတ်လိုက်နဲ့ ရုပ်ရှင်တကားကြည့်ဖို့ရာ လေး ငါးနာရီလောက် အချိန်ပေးရပါလိမ့်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ စာအုပ်ရဲ့အရသာကိုလုံးဝပေါ့မသွားစေတဲ့အပြင် လန်ဂ်ဒန်အဖြစ်သရုပ်ဆောင်တဲ့ Tom Hanks ရဲ့ဇာတ်ကောင်အားနဲ့ တချို့ဇာတ်ဝင်ခန်းတွေဆို စာအုပ်ထက်တောင် ပို Dark သလိုခံစားမိတယ်လို့ဆိုရမယ်။ (ရာရာ) (ရုပ်ရှင်အညွှန်းကို The Silver Screen FB Page မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားကို Extended Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ အခန်းတချို့ ရိုက်ကွက်တချို့တွေကိုပါ အပြည့်အစုံရှုမြင်ကြရမှာဖြစ်ပါတယ်။ အဆက်အနေနဲ့ဆက်ထွက်လာခဲ့တဲ့ Angels & Demon (2009) နဲ့ Inferno (2016) ကိုလဲ ထပ်မံတင်ဆက်ထားပါတယ်။ File size…(2.9 GB)/ (1.2 GB) Quality….BluRay Extended 1080p HEVC/720p Format…mkv/mp4 Duration….02:54:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Action • Drama • Science Fiction • Thriller
6.7 2006 149 mins
The Da Vinci Code
Alive
6.1

မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ... သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲ ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ trailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါ ထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် File Size : ( 923 MB , 459 MB) Quality : WEB DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Action , Drama , Horror  Subtitle : Myanmar Subtitle (Hard Sub) Translated by P Encoded by Moe Myint Lwin

Horror • Thriller
6.1 2020 91 mins
Alive
The Hate U Give
8.2

ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ Rating 7.4 ရရှိထားတဲ့ The Hate U Give ဆိုတဲ့ လူမဲတွေအကြောင်း ဇာတ်ကားလေးဖြစ်ပါတယ် ဟိုက်စ်ဥယျာဉ်ဆိုတဲ့ လူမဲတွေအများဆုံးနေထိုင်တဲ့ နယ်မြေမှာ စတားဆိုတဲ့ လူမဲကောင်မလေးတို့ မိသားစုနေထိုင်ကြပါတယ် သူ့အမေက သူတို့ မောင်နှမတွေကို လူမဲတွေရဲ့ပြသနာတွေထဲပါမှာစိုးလို့ လူဖြူတွေပဲတက်တဲ့ မြို့ကကိုယ်ပိုင်ကျောင်းမှာပဲ ထားခဲ့ပါတယ် တစ်နေ့တော့ စတားနဲ့ သူ့ငယ်သူငယ်ချင်းကယ်လီတို့ ပါတီတစ်ခုကပြန်အလာ လမ်းမှာလမ်းစည်းကမ်းဖောက်လို့ ရဲကတားခဲ့ပါတယ် အဲ့မှာရဲနဲ့ကတောက်ကစဖြစ်ပြီး ရဲကကယ်လီမှာ သေနတ်ရှိတယ်အထင်နဲ့ သေနတ်နဲ့ပစ်လိုက်တာ ကယ်လီသေသွားခဲ့ပါတယ် စတားက ဒီအမှုရဲ့တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်နေတဲ့အခါ... သတ်လိုက်တဲ့ရဲက လူဖြူဖြစ်နေတဲ့အပြင် အပြစ်ပေးမခံရတဲ့အတွက် လူမျိုးရေးအဓိကရုဏ်းဖြစ်တဲ့အထိ ရှုပ်ထွေးသွားတဲ့အခါ... စတားက အမှုအကြောင်းပြောရင်း မူးယစ်ရာဇာကင်းအကြောင်းကိုပါ ဖော်ထုတ်မိသွားတဲ့အခါ... ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေ ဆက်ဖြေရှင်းသွားမယ်ဆိုတာကို ကြည့်ရှုလိုက်ပါဦး ဒီကားမှာဆိုရင် လူမဲတွေကဘယ်လိုတွေ ခွဲခြားဆက်ဆံခံခဲ့ရတယ်ဆိုတာတွေကို တွေ့မြင်ရမှာပါ ဇာတ်လမ်းဆုံးသွားရင်တော့ ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာသေချာပါတယ်နော်... File Size : (1 GB)  Quality : Web Rip 720p Running Time :2hr 13 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by HMO Encoded by Moe Myint Lwin

8.2 2018 133 mins
The Hate U Give
Happy Death Day
6.6

Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။ Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre :Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Thanhtike Zaw

Horror
6.6 2017 97 mins
Happy Death Day
Boiler Room
7

မင်းသာကြီး Vin Diesel, Giovanni, Ben Affleck တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါ ဒီဇာတ်လမ်းမှာ လောဘသားတို့ရဲ့ အတောမသတ်နိုင်မှုတွေကို မြင်တွေ့ကြရပါလိမ့်မယ်၊ ပညာရေးမှာ ဘယ်လိုမှ မဖြစ်မြောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ်သိသွားတဲ့ ဆက်ဟာ ကောလိပ်ထွက်လိုက်ပြီး တရားမဝင်ကာစီနို အလုပ်လုပ်ရင်း ငွေရှာပါတယ် တစ်နေ့မှာ သူ့ကာစီနိုကို လာတဲ့ ပွဲစားတစ်ယောက်နဲ့ ဆုံမိပြီး သူ့လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ‘ ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလို့ ရိုးသားဖြူစင်နေလှတယ်တော့ မဟုတ်ပါဘူး ။ မရှိတဲ့ စတော့ရှယ်ယာတွေကို လိမ်ရောင်းပြီး ရိုက်စားတဲ့နေရာတစ်ခုပါ။ ဇ,ရှိပြီးသား ဆက်တစ်ယောက် ဒီလိုနေရာကို ရောက်လာချိန်မှာတော့…… File size…(3.13GB) / (1.29GB) / (622MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre…Drama / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act Molemy

Horror • Thriller
7 2000
Boiler Room
Killer Stepmom
5

Killer Stepmom (2022) ================= အဖေနဲ့ အမေက ကွာရှင်းထားပြီး အဖေက မိန်းမငယ်ငယ်လေး ယူထား လို့ စိတ်တွေပျက် အရွဲ့တိုက်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ် ယောက်။ မကြာခင်မှာ ကောလိပ်တက်ရတော့မယ် ဒါပေမဲ့လည်း လောက ကြီးကို မထီမဲ့မြင်လုပ်ရင်း သူများတွေကို လျှောက်လိမ်ညာရင်း ကိုယ့်ဘဝ ကိုယ် ဖျက်သလို ဖြစ်နေတာပေါ့။ နှစ်ဖက်မိဘကလည်း သူပြောသမျှဆို ဘာတစ်ခုမှ မယုံရလောက်အောင်ကို အယုံအကြည်ကင်းမဲ့နေကြတာပါ။ အဲဒီအချိန်မှာလည်း အမေ့အိမ်တစ်လှည့် အဖေ့အိမ်တစ်လှည့် နေနေရင်း ထူးဆန်းတဲ့အဖြစ်ပျက် ကြုံရပါတော့တယ်။ အဖေ ကျေနပ်အောင် မိထွေးနဲ့ အပြင်လျှောက်လည်ပေးရာက သူစိမ်းတစ် ယောက်က မိထွေးကို အတင်းလိုက်ခေါ်တာကို မိထွေးက လူမှားနေပါတယ် ဆိုတာမျိုး၊ ဆိုင်ထဲ ကော်ဖီဝယ်နေတုန်း မိထွေးနဲ့ လူစိမ်း စကားများနေတာ မျိုး ပိုဆိုးတာ ညသန်းခေါင်ကျ မိထွေးက ခိုးထွက်သွားလို့ လိုက်ချောင်းရာ ကနေ လူသတ်တာကိုပါ တွေ့လိုက်ရတဲ့အခါမှာတော့… သူပြောတဲ့စကားတွေ ကို မိဘနှစ်ပါးက ယုံပါ့မလား၊ မိထွေးကလည်း တကယ်သတ်တာလား ဘာတွေ ဖြစ်မလဲ စောင့်ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.58 GB) / (516 MB) / (300 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thura Aung Encoder……….SWM

5 2022 82 mins
Killer Stepmom
Incendies
8.3

Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, War, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

8.3 2010
Incendies
Kinky Boots
7.1

Kinky Boots (2005) IMDb – 7.1 Rotten Tomatoes – 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲ အလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာ သတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။ စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲ အလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘ ာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့ သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။ တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့ မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်း ဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့ အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါ ဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size… 1.3 GB / 781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.1 2005 107 mins
Kinky Boots
The Immortal
6.7

The Immortal (2018) ================== IMDb – 6.7/10 ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ် ​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ် မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ DB ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

6.7 2018
The Immortal
Godzilla: Tokyo S.O.S.
6.5

Godzilla: Tokyo S.O.S. (2003) ====================== IMDb Rating – 6.5/10 ဂေါ်ဇီလာရဲ့ မူလဖန်တီးရှင်ဖြစ်တဲ့ ဂေါ်ဇီလာကားတွေဟာ Godzilla (1954) နဲ့အစပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ရှိခဲ့တဲ့ကားတွေကို ခေတ်အပိုင်းအခြားတွေနဲ့အကြမ်းဖျင်းသတ်မှတ်ခွဲခြားထားပါတယ်။ အဲ့ဒါ တွေကတော့ – Shōwa era (1954–1975) Heisei era (1984–1995) Millennium era (1999–2004) Reiwa era (2016–present) တို့ဖြစ်ကြပါတယ်။ အခုတင်ဆက်ပေးနေတဲ့ Millennium era (1999–2004) ဇာတ်ကားတွေ ကတော့ လက်ရှိ Shin Godzilla 2006 နဲ့ Godzilla Minus One တို့မတိုင်ခင် အခုခေတ်နဲ့အနီးစပ်ဆုံးဇာတ်ကားတွေပါ။ Millennium era ဇာတ်ကားတွေက standalone ဇာတ်ကားတွေများပြီး 1954 Godzilla တစ်ကားကိုသာ reference ယူလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှတင်ဆက်ပေးပြီးဖြစ်တဲ့ Godzilla Against Mechagodzilla နဲ့ Godzilla: Tokyo S.O.S တို့သာ ဇာတ်လမ်းချင်းအချိတ် အဆက်ရှိပြီး 1954 Godzilla ကိုသာမက Mothra 1961 ကိုပါ reference ယူ ထားတာဖြစ်ပါတယ်။ အခု Godzilla: Tokyo S.O.S မှာတော့ ရိုဘော့စက်ရုပ်ကြီးဖြစ်တဲ့ Kiryu ကို ဂေါ်ဇီလာနဲ့ရင်ဆိုင်တိုက်ပွဲအပြီးမှာ အနားပေးထားပြီးပြင်ဆင်မှုတွေလုပ်နေပါ တယ်။ အဲ့ဒီအချိန်မှာ Mothra ရဲ့အမြွှာနတ်မိမယ်နှစ်ယောက်ဟာ သူတို့ဆီကို ရောက်လာခဲ့ပြီး ဂေါ်ဇီလာစက်ရုပ်ထဲမှာအသုံးပြုထားတဲ့ ဂေါ်ဇီလာအရိုးတွေ ကို သမုဒ္ဒရာထဲကိုပြန်ပို့ဖို့နဲ့ အဲ့ဒီစက်ရုပ်အစား မိုသရာက ဂေါ်ဇီလာကိုရင်ဆိုင် ပေးမှာဖြစ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၁ က မိုသရာကိုယ် တိုင် တိုကျိုကိုလာရောက်တိုက်ခိုက်ခဲ့ဖူးတဲ့အဖြစ်ကြောင့် ဝန်ကြီးချုပ်က ငြင်း ပယ်ခဲ့ပြီး ဂေါ်ဇီလာကို သုတ်သင်ပြီးတာနဲ့ ဒီပရောဂျက်ကို ရပ်တန့်မှာဖြစ်တယ် လို့တော့ကတိပေးခဲ့ပါတယ်။ ဂေါ်ဇီလာနဲ့ တကယ်တမ်းရင်ဆိုင်ရချိန်မှာ မိုသရာ ကိုရော Kiryu ကိုပါဂေါ်ဇီလာက အလဲထိုးလိုက်တဲ့အခါမှာတော့..လူသားတွေ အတွက် အားကိုးရာ ဘယ်လိုလက်နက်တွေ ဘယ်လိုသတ္တဝါကြီးတွေရဲ့အကူအညီ ကိုရယူရတော့မလဲဆိုတာကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.68 GB) / (870 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Fantasy Translator…….Alias Encoder……….SWM

6.5 2003 91 mins
Godzilla: Tokyo S.O.S.
Legacy of Rage
6

ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6 1986
Legacy of Rage
Dawn Chorus
4.7

Dawn Chorus (2024) ဇာတ်လမ်းကတော့ backpackers လေးယောက်သူတို့ရဲ့အားလပ်ချိန်တွေကုန်ဆုံးပြီး အိမ်ပြန်ကြရကာနီးမှာ ဆွစ်ရေကန်တစ်ခုပေါ်က ကျွန်းတစ်ကျွန်းကိုမမျှော်လင့်ပဲရောက်ရှိသွားရာကနေ တစ်သက်မမေ့နိုင်စရာ၊ အတွေ့အကြုံတွေ အမှတ်တရတွေ၊ အပြောင်းအလဲတွေကိုကြုံဆုံကြရတဲ့ အကြောင်းပါပဲ။ Indie ဇာတ်ကားတွေထုံးစံ အပြောထက်အပြကိုဦးစားပေးထားပြီး ဇာတ်လမ်းကို အဲ့ဒီမြင်ကွင်းတွေ ရှုခင်းတွေကတစ်ဆင့် တစ်ငြိမ့်ငြိမ့်ခံစားသက်ဝင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.2 GB) / (640 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:22:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama • Comedy • Romance
4.7 2024 80 mins
Dawn Chorus
Mimang
6.5

Mimang (2024) ***************** IMDb…..6.5 အခုတစ်ခါတင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ In water,No Surprise မှ မင်းသား Ha Seong Guk, Perfect Tomorrow, Three Room မှ မင်းသမီး Lee Myung Ha တို့ ပါဝင်ထားတဲ့ ရိုမန့်စ်ကားလေးပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအကျဉ်း- အမြဲတမ်း တစ်နေရာတည်းမှာပဲ ရှိနေတယ်လို့ ထင်ရတဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝတွေဟာလည်းပဲ နေ့စဉ်နှင့်အမျှ ဆောက်လုပ်ရေးလုပ်နေတဲ့ မြို့ကြီးတွေရဲ့ နေရာတွေလိုမျိုး ပြိုကျပျက်စီးပြီး ပြန်လည်ဆောက်လုပ်ခြင်းခံနေရပါတယ်။ အဲဒီလိုနဲ့ ပြောင်းလဲသွားတဲ့အရာတွေ အများကြီး ရှိပေမဲ့ မပြောင်းလဲဘဲ ကျန်နေတဲ့အရာတွေထဲမှာ ကျွန်ုပ်တို့ဟာ ထပ်တလဲလဲဖြစ်မှုတွေနဲ့ ခြားနားမှုတွေကနေ တစ်ဆင့် တစ်နေရာရာကို ရှေ့ဆက်သွားနေကြရပါတယ်တဲ့…။ ဒီကားလေးထဲမှာတော့ ‘ mimang ‘ ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ် 3 မျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်၊နေရာ၊ ဇာတ်ကောင်တွေရဲ့ ပြောင်းလဲမှုများကို အပိုင်း 3 ပိုင်းဖြင့် ရိုက်ကူးထားပြီး အထူးသဖြင့် ဆိုးလ်မြို့က သမိုင်းဝင်နေရာတွေရဲ့ ပြောင်းလဲမှုများကိုပါ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ရိုက်ကူးထားတာဖြစ်လို့ ဒီကားလေးကို ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ May Thet မှ ရေးသားထားပါတယ်။) File Size : 2.48GB/ 890MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:32:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet, Thinn & Nyein Sandi Encoded by Tiff

Comedy • Romance
6.5 2024 92 mins
Mimang