YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Knight Flower.(2024)EP1.KCW.WEB-DL.720P(CM).mp4

436.06 MB N/A video/mp4 1721 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Furies
6.1

2019 တုန်းက ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ Fury ရဲ့ Prequel Movie လေး ထွက်ရှိလာပါပြီ။ Asian female action ကားဆို ထိုင်ဝမ်နဲ့ဟောင်ကောင်ရုပ်ရှင်တွေနဲ့ပဲ အထိအတွေ့များတဲ့ပရိသတ်ကြီးအတွက် ဗီယက်နမ် Female action movieလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဟောင်ကောင်ဂျက်မမဟုတ်တဲ့ ဗီယက်နမ်ဂျက်မလေးတွေကိုကြည့်ရတော့လည်း တစ်မျိုးတစ်မည်ဆန်းသစ်တာပေါ့ဗျာ။ ဘဝရယ်လို့ဖြစ်တည်လာပြီဆိုရင် ရွေးချယ်မှုမလုပ်ရတဲ့လူရယ်လို့မရှိပါဘူး။ ဒါပေမဲ့ တချို့လူတွေရဲ့ အမှောင်ကျနေတဲ့ဘဝမှာတော့ ရွေးချယ်မှုဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်မသိလိုက်ခင်ကတည်းက ပျောက်ရှနေခဲ့ပါပြီ။ ကံဆိုးမှုလို့အဓိပ္ပာယ်ရတဲ့နာမည်ကို ပိုင်ဆိုင်ထားတဲ့ ဘီဆိုတဲ့ကောင်မလေးဟာ နာမည်စီးနေတယ်လို့ထင်မှတ်ရလောက်အောင် ကံခေလွန်းတဲ့သူဆိုလည်းမမှားပါဘူး။ မိန်းမမြင်ရင် လိင်ကျွန်လောက် ထင်ကြတဲ့ ယောက်ျားသားတွေ ကြီးစိုးရာမှာ မိန်းမရွှင်တစ်ယောက်ရဲ့သမီးဖြစ်ရတဲ့ဒုက္ခဟာ ပြောစရာမလိုအောင် အမှောင်ကျနေခဲ့တာပေါ့။ ဒီလိုနဲ့ ယုတ်မာတဲ့တဏှာရူးလက်ချက်နဲ့ အမေကိုရော အိမ်ကိုပါဆုံးရှုံးခဲ့ရတဲ့ဘီတစ်ယောက် အိမ်ခြေရာမဲ့ဘဝနဲ့ လမ်းလေးရောက်တော့ လိင်စိတ်နားထင်ရောက်နေတဲ့ကျားခံတွင်းပျက်‌တစ်သိုက်နဲ့တွေ့ရင်း ဘဝပျက်လုဆဲဆဲမှာ သူ့ဘဝရဲ့အလင်းရောင်သဖွယ်ရောက်လာခဲ့တဲ့ ကယ်တင်ရှင်ဂျက်ကွာလင် ဂျက်ကွာလင်နဲ့အတူလိုက်သွားရာကနေ တွေ့ဆုံခင်မင်ခဲ့တဲ့ ဟုန် နဲ့ ထန် ဆိုတဲ့ ဘဝတူမိန်းကလေး ၂ ယောက်နဲ့အတူဆုံရင်းနဲ့မှ မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရတဲ့ ဘီ ဂျက်ကွာလင်ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ မိန်းကလေးတွေကို အညှာအတာကင်းမဲ့စွာနဲ့ ရောင်းစားနေတဲ့ လူမိုက်ဂိုဏ်းနဲ့ သူမတို့ ၃ ယောက် ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါမှာတော့... ယုံကြည်ရာတစ်ခုအတွက် အသက်ကိုစတေးကြမဲ့ သူမတို့ ၃ ယောက်နဲ့ ရွေးချယ်မှုတိုင်းအတွက် ပေးဆပ်ရမဲ့တန်ကြေးကိုယ်စီ‌ရှိနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Furiesဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာပဲ ဆက်လက်အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime, Thriller Quality…. 1080p | 720p | 480p File size… 2GB | 1GB | 497MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Adventure • Comedy • Drama • Family
6.1 2022 109 mins
Furies
Road Trip Hostage

အမှတ်တမဲ့ ပြုလုပ်မိလိုက်တဲ့ အမှားတစ်ခုကနေ လူ‌သတ်မှု အထိ ကြီးထွားသွားခဲ့ပြီး ပြစ်မှုတွေဆက်တိုက်ကျူးလွန်ဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့တဲ့အခါ....... ဇာတ်လမ်းကတော့ ဒီလိုပါ။ အမ်မာက အောင်မြင်တဲ့အကသမားတစ်ယောက်ဖြစ်ဖို့ စိတ် အားသန်နေပြီး သူ့ရဲ့အမေဖြစ်သူကတော့ ကျောင်းစာကိုပဲ အာရုံစိုက်စေချင်တဲ့သူပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားတွေ များကြပြီးနောက် အမ်မာတစ်ယောက် အိမ်ပေါ်ကဆင်းပြီး သူ့သူငယ်ချင်းရှိတဲ့အိမ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်ကို တော့ ရစ်ခ် ဆိုတဲ့ သူဌေးသားဘောစိတစ်ယောက်က ပိုင်တာပါ။ ပိုက်ဆံတွေ သုံးလွန်းအားကြီးတဲ့ ရစ်ခ်ကို ဖခင်ဖြစ်သူက သုံးစွဲ ခွင့်ကတ်တွေ ပိတ်လိုက်တဲ့အချိန်မှာ ပြဿနာတက်ကြပြီး အဲဒီ နေရာမှာပဲ ရစ်ခ် ရဲ့လက်ချက်နဲ့ ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ရပါ တယ်။ လူသတ်မှုကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အမ်မာရဲ့ကားကို လိုက် စီးဖြစ်ရာကနေ အမ်မာတစ်ယောက် ပြန်ပေးဆွဲခံရတဲ့ထိ ဖြစ် လာပါတော့တယ်။ ရစ်ခ်ရဲ့ မဆုံးနိုင်တဲ့ အမှုတွဲတွေအပြင် အမ်မာ တစ်ယောက် ရစ်ခ်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကတော့ Road Trip Hostage ရဲ့ စောင့်ကြည့်သွားရမဲ့ ဇာတ်ဝင် ခန်းများပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.61 GB) / (525 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 41Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......May Thet Khine Soe Encoder..........SWM

Horror • Thriller
0 2023 85 mins
Road Trip Hostage
Heavenly Forest
7.6

ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko

7.6 2006 116 mins
Heavenly Forest
Bodies Bodies Bodies
6.4

ဟာသ၊ ဟော်ရာ၊ သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်ပါ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပါတယ်။ လှည့်ကွက်တွေပါပါတယ်။ ရယ်ရမလို ငိုရမလိုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးဟော်ရာကားတွေလိုပါပဲ။ သူဌေးသားသမီး သူငယ်ချင်းတစ်အုပ်စုဟာ လူသူမနီးတဲ့ စံအိမ်ကြီးတစ်ခုထဲမှာ ပါတီလုပ်ကြ ပါတယ်။ သူတို့အားလုံးမှာတော့ ထုံးစံအတိုင်း နောက်ကြောင်းရာဇဝင်ကိုယ်စီနဲ့ပေါ့။ ပါတီလုပ်ကြ ကဲကြရင်းနဲ့ ဆော့နေကျ ဂိမ်းတစ်ခုကို သူတို့ စပြီးကစားကြပါတယ်။ အဲဒီဂိမ်းကတော့ Bodies Bodies Bodies ဆိုတဲ့ဂိမ်းပါပဲ။ မဲနှိုက်ပြီးတော့ မဲပေါက်တဲ့လူက လူသတ်သမားလုပ်ရတယ်။ မီးခဏပိတ်တဲ့အချိန်မှာ တစ်ယောက် ယောက်ရဲ့ ကျောကိုထိလိုက်ရင် အဲဒီလူက သေချင်ယောင်ဆောင်ပေးရတယ်။ ပြီးရင် အဲဒီအလောင်းကိုစတွေ့တဲ့သူက Bodies Bodies Bodies အလောင်းတွေ့တယ် ဆိုပြီး အော်ရပါတယ်။ ဒီတော့မှာ လူတွေပြန်စုပြီး လူသတ်သမားက ဘယ်သူလဲဆိုတာ မေးခွန်းတွေနဲ့အဖြေရှာရတဲ့ဂိမ်းပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ မုန်တိုင်းကျလာပြီး မိုးတွေသည်း မီးတွေတကယ်ပျက်သွားပါတယ်။ နောက်တော့ သူတို့ အလောင်းအစစ်တစ်ခုကိုစတွေ့ လိုက်ရပြီး လူသတ်တရားခံကိုရှာရင်းနဲ့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးလာရတဲ့အခါ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(600 MB) Quality............WEB-DL 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror, Thriller Translator.......Mr.Anderson Encoder..........SWM

Action • Drama
6.4 2022 94 mins
Bodies Bodies Bodies
Rampage
6.5

အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။ မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ချ်နဲ့လည်း ရင်းနှီးခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျော့ချ် နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ချ် က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ချ်စိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ချ် အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ ဒေါက်တာကိတ်ကိုလည်း Energyne ကုမ္ပဏီက အလုပ် ထုတ်ပစ်ခဲ့သလို ကုမ္ပဏီနဲ့ စမ်း သပ်မှုတွေကို ထုတ်ပြောလို့ဆိုပြီး ထောင်ချပစ်ဖို့အထိပါ လုပ်ခဲ့ပါ တယ်။ ဂျော့ချ်ကို အေးဂျင့်ဟာဗေး ရက်ဆဲလ်ဦးဆောင်တဲ့ အစိုးရ အဖွဲ့အစည်းက လေယာဉ်နဲ့ ဖမ်း ဆီးခေါ်ဆောင်သွားပေမယ့် လေယာဉ်ကို ဖျက်ဆီးပြီး ဂျော့ချ်လွတ် မြောက်သွားသလို ရက်ဖ်ဆိုတဲ့ သန္ဓေပြောင်း ဝံပုလွေကြီးက လည်း သူ့ကိုလိုက်ဖမ်းတဲ့အဖွဲ့ကို အပြတ်ရှင်းပစ်ခဲ့ပါတယ်။ အဲဒီနောက် ဂျော့ချ်နဲ့ ရက်ဖ် တို့ ပေါင်းမိပြီး ချီကာဂိုမြို့တော် ကို ဝင်ရောက်ဖျက်ဆီး တိုက်ခိုက် ခဲ့ပါတော့တယ်။ ပြဿနာက အဲဒီ မှာတင် မပြီးသေးပါဘူး။ ကုန်းပေါ်မှာ ဂျော့ချ်နဲ့ ရက်ဖ်တို့ တိုက် ခိုက်ဖျက်ဆီးနေသလို လစ်ဇီဆို တဲ့ သန္ဓေပြောင်း မိကျောင်းကြီး ရန်ကလည်း ထပ်ပေါ်လာပါတော့ တယ်။ ဒေးဗစ်နဲ့ ဒေါက်တာကိတ် ဟာ စိတ်ရိုင်းဝင်ပြီး တွေ့သမျှ အန္တရာယ်ပြုနေတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ပုံမှန်အခြေအနေ ပြန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားကာ ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြပါ တယ်။ သန္ဓေပြောင်း သတ္တဝါတွေ က ဘယ်လိုတွေ ဒုက္ခပေးမှာလဲ၊ ဒေးဗစ်တို့ ယုံကြည်ထားသလို ဂျော့ချ်ကို မူလအနေအထားဖြစ် အောင် ပြန်လုပ်နိုင်ပါ့မလားဆို တာကို အမိုက်စား အထူးပြုလုပ် ချက်တွေ၊ အက်ရှင်ပြကွက်တွေနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်တွေ သဘောကျမှာပါ။ ပရိသတ်အချစ်တော် အက် ရှင်မင်းသားကြီး ဒဝိန်းဂျွန်ဆင်က အဓိက သရုပ်ဆောင်ထားတာဖြစ် ပြီး နာအိုမီဟားရစ္စ၊ မာလင်အ ကာမန်၊ ဂျက်ဖရီးဒင်းန်မော်ဂန်၊ ဂျိတ်ခ်လေစီ၊ ဂျိုးမန်ဂါနီလို စသူ တွေပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ http://7daydaily.com မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုမျိုးသန့် နဲ့ ကိုဟိန်းမင်းထွန်းပါ) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 47min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Myo Thant And Hein Min Encoded by Thanhtike Zaw

Action • Drama
6.5 2018 107 mins
Rampage
The Three Musketeers: D'Artagnan
7.3

The Three Musketeers: D'Artagnan (2023) ~ IMDb - 6.9/10, Rotten Tomatoes - 96% ~ ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။ Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 680MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 1Min Genre - Action, Adventure, History Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama
7.3 2023 121 mins
The Three Musketeers: D'Artagnan
Robot No. 8
5.7

CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှ အက်ရှင်ဇာတ်ကားလေးတစ်ကားလေးဖြစ်တဲ့ Robot No8 ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ယနေ့ခေတ်နည်းပညာတိုးတက်လာတဲ့အချိန်စက်ရုပ်တွေ တီထွင်လာတဲ့ခေတ်မှာ အကျိုးအပြစ်ဆိုတာရှိလာတတ်ကြတာပေါ့။ ဇာတ်လမ်းလေးထဲမှာ စက်ရုပ်ကိုသုတေသနလုပ်တဲ့ စင်တာတစ်ခုမှာ လောရှောင်တန်လို့ပါမောက္ခက ကမ္ဘာအပြင်ဘက်ကနေစီလီကွမ် အခြေခံထားတဲ့ ဇီဝရုပ်ဖြစ်တစ်ခုကိုတွေ့ရှိခဲ့ပြီးသူ့ကို စက်ရုပ်ကိုယ်ထဲသွင်းဖို့ကြိုးစားတယ်။ သူ့ကို စက်နှလုံးသားလို့ခေါ်ပြီးသူသာလူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင်ရက်စက်ကြမ်းကြုတ်ပြီး အထိန်းအကွပ်မဲ့သွားတဲ့ လူသားအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်။ တစ်ရက်ကျတော့ ချန်နန်ဆိုတဲ့ မိန်းကလေးဟာ လောရှောင်တန်ကိုတစ်ဖက်သတ်ကြိုက်နေပြီး အဲ့ဒီ့ စက်နှလုံးသားကိုသူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းစမ်းသပ်ဖို့ ကြိုးစားတဲ့အချိန်မှာတကယ်ပဲ အထိန်းအကွပ်မဲ့ပြီး လူတွေကိုရက်ရက်စက်စက် သတ်ဖြတ်တဲ့လူသားအဖြစ် ပြောင်းလဲသွားတဲ့အချိန် ရှောင်ခယ်ဆိုတဲ့လောရှောင်တန်ပါမောက္ခရဲ့ သမီးရှေ့မှာ သူ့အဖေအသတ်ခံရတာကို မြင်သွားခဲ့တာပေါ့။ အဲ့အချိန်မှာသူ့အဖေကိုယ်တိုင် လုပ်ထားတဲ့ ပါးဟောက်ဆိုတဲ့ စက်ရုပ်လေးကနိုးထလာပြီး သူ့သမီးနဲ့သူ့အဖေသူငယ်ချင်းကို လိုက်လံကာကွယ်ပေးသလို အသိဉာဏ်မဲ့သွားတဲ့ စက်ရုပ်တွေတိုက်ခိုက်မှုကနေလည်း ကာကွယ်ပေးတယ်။ ကဲဒီတော့ဒီစက်ရုပ်သုတေသန စင်တာတစ်ခုလုံးမှာ အသိဉာဏ်မဲ့နေတဲ့စက်ရုပ်တွေကြားက ဒီပါးဟောက်စက်ရုပ်ဘယ်လိုဖြစ်ပြီး အသိဉာဏ်အပြည့်အဝရှိနေတာလဲ။ လောရှောင်တန်ပါမောက္ခကကော ဘာရည်ရွယ်ချက်နဲ့များဒီစက်ရုပ်ကို ထွင်ထားခဲ့တာလဲ။ အချစ်ကနေအမုန်းအဖြစ်ပြောင်းလဲသွားတဲ့ ချန်နန်တစ်ယောက်ဘယ်လိုတွေလိုက်တိုက်ခိုက်နေမလဲ။ အသိဉာဏ်မဲ့စက်ရုပ်တွေကို ဘယ်လိုအဆုံးသတ်ရှင်းပစ်မလဲစတဲ့ စိတ်ဝင်စားစရာကောင်းစရာတွေကိုကြည့်ရူလိုက်ရအောင်။ ဒီဇာတ်ကားလေးကတော့ အချစ်အမုန်းခံစားချက်ရှိတဲ့လူသားနှလုံးသားကို တုပပြီးစက်ရုပ်ကိုယ်ထဲထည့်ဖို့တီထွင်ဖန်တီးနေကြတဲ့ ယနေ့ခေတ် နည်းပညာလောကရဲ့ဖြစ်တည်လာမယ့်ဆိုးကျိုးတွေကို မီးမှောင်းထိုးပြသွားတာဖြစ်သည့်အတွက်ကြည့်ရူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။

5.7 2023
Robot No. 8
Dream Girl
7.5

(Unicode) “ဟဲလို ____ပူဂျားစကားပြောနေပါတယ်ရှင့်” ဖုန်းမြည်သံကြားလို့ ကိုင်လျက်သား ဖြစ်တဲ့အခါ ဒီ အဖြေစကားနဲ့ ထူးရတယ်။ ဖုန်းခေါ်သူ အများစုက ပုရိသ တွေဖြစ်ပြီး တစ်ဖက်မှာတော့ ပူဂျား ဆိုတဲ့ နတ်ပျိုမယ်လေးက လက်ခံ စကားပြောရတယ်။ ဒါဟာ Friendship call center အခန်းထောင့်တစ်နေရာရဲ့ ဇာတ်ဝင်ခန်းလေး။ ပြောရရင် ပူဂျား ဆိုတာက ဖုန်းနံပါတ်တစ်ခုပိုင်ရှင်။ ပူဂျားကလည်း အသံချိုသာတယ်။ ချွဲတယ်။ များသော အားဖြင့် စကားလက်ခံပြောဖူးသူ တိုင်း ကြွေတဲ့ သူပေါ့။ အစကတော့ ပူဂျားနေရာမှာ ကောင်မလေးတစ်ယောက်က လက်ခံစကားပြောတယ်။ ဒါပေမဲ့ တစ်နေ့မှာ အဲ့ကောင်မလေးက ရုံးမလာဘူး ။ အဲ့မှာ ဖုန်းဆက်သူတွေ နဲ့ ပွဲပေါ့ ။ ဖြစ်ချင်တော့ ကရမ် ဆိုတဲ့ ငနဲလေးက အဲ့ ရုံးကို မယောင်မလည် အလုပ်လာလျှောက်တယ်။ အစကတော့ အလုပ်ဘယ်ရမလဲ။ ဒါပေမဲ့ ဒီနေ့ခန့်စရာဆိုလို့ နေရာတစ်ခုပဲရှိတယ်။ အဲ့ဒါက လွတ်နေတဲ့ ပူဂျားနေရာ။ ဒါဟာ ဇာတ်အိမ်စတည်မှုနဲ့ ကရမ်ရဲ့ စွန့်စားခန်းပါပဲ။ ကရမ် ဆိုတာ ငယ်ငယ်ကတည်းက မိန်းကလေး အသံတု လုပ်တာ အောင်မြင်သူ။ ဒီတော့ ပူဂျား နေရာမှာ သူအလုပ်ရခဲ့တယ်။ ဒါပေမဲ့ ယောကျ်ားလေးက ပူဂျားအဖြစ်နဲ့ ပြန်ကြူ နေရတာ လွဲချော်မှုတစ်ရပ်ပဲ မဟုတ်လား ။ သို့ပင် ကိုငှက် သီချင်းထဲကလို ” လွဲလွဲလေးလည်း ကောင်းပါတယ် ” ဆိုသလိုမျိုးပေါ့။ ကရမ် အတွက်တော့ ပူဂျားနေရာမှာ တော်တော် အဆင်ပြေတယ်။ ကြူ တဲ့ ငနဲတွေကလည်း များလာပြီး အသံပိုင်ရှင် ပူဂျား ကို စွဲလမ်းလာမိတယ်။ ဒီမှာ ကမောက်ကမ တွေနဲ့ ဟာသ ဇာတ်အိမ်ဟာ အတည်တကျ တည်ဆောက်ပြနိုင်ခဲ့ပါတယ်။ အမြင် _____ ကျွန်တော့်အနေနဲ့ တော့ ဒီကားရဲ့ ဟာသကို ွနှစ်သက်မိပါတယ်။ အောက်လုံးဟာသတွေ မဆန်ဘဲ ရိုးရိုးယဉ်ယဉ် တည်ဆောက်ပြသွားတာကလည်း အရင်ကြည့်ဖူးတဲ့ Grand mastini တို့ထက်သာပါတယ်။ နောက်ပြီး ကရမ်အဖြစ်ရော ပူဂျား အဖြစ်ရော အသံနှစ်မျိုး လေ့ကျင့်နေရရှာတဲ့ မင်းသားသရုပ်ဆောင်ပုံကလည်း မိုက်ပါတယ်။ အခြားဇာတ်ဆောင်တွေကလည်း သူ့ role နဲ့ သူ အံဝင်မိပါတယ်။ ဒိုင်ယာလော့ တွေကလည်း အတင်းရယ်ခိုင်းနေတာ မဟုတ်သည့်တိုင် ပြုံးလျက်သား ဖြစ်မိသွားစေပါတယ်။ ဒါပေမဲ့ ဆရာဦအောင်သင်း ပြောခဲ့သလို ရယ်မောရတယ် ဆိုတာ ရယ်ပြီးရင် မောရမယ်တဲ့ ။ မဟုတ်ဘူးလေ။ ဟာသကားကြည့်ရတာ မောစရာ ရှိသလားလို့ မေးလာကြည့်ရတဲ့အခါ ကျွန်တော် တို့ရဲ့ ဘဝ အလွဲတချို့ဟာ မောစရာ မဆုံးနိုင်တာတွေ ရှိတတ်ကြပါတယ်။ ဒီအကြောင်းကိုလည်း ဒါရိုက်တာက ပါးနပ်လှတဲ့ ဒိုင်ယာလော့ အချို့နဲ့ တွေးတောစေခဲ့ပါတယ်။ ကျွန်တော် တို့ ပြန်စဉ်းစား ကြည့်ရအောင်။ ” ကြူ ရုံလောက်နဲ့ ပူဂျားဆီ ဖုန်းဆက်ဖို့ လိုခဲ့လို့လား ” ဆိုပြီး။ အဖြေကိုတော့ ကိုယ်စီအသိနဲ့ပေါ့ဗျာ။ ဘဝရဲ့ ညက နက်လာပြီ။ ကျွန်တော် လည်း အထီးကျန်ဆန်လှပြီ။ ” ကဲ —-ပူဂျား ဆီ ဖုန်းဆက်ကြည့်ရအောင် “ #linnkhayan ( ဆရာတာရာမင်းဝေ ရဲ့ စာအုပ်ခေါင်းစဉ် ကို အမှီးပြု ပြီး အိပ်မက် နတ်ပျိုမယ် ဟု သုံးနှုန်းထားခြင်းဖြစ်ပါသည် ) ဇာတ်လမ်းအညွှန်းကို linnkhayan FB မှ ကူးယူ ဖော်ပြထားပြီး ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (950 MB) and (480 MB) Quality : WEB-DL 720p Running Time : 2hr 12min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.Zee5.WEB-DL.AAC.2.0.x264-Telly Translated by Zaw Htoo Encoded by Thanhtike Zaw

Action • Thriller • Horror
7.5 2019
Dream Girl
Citizen of a Kind
7

Citizen of a Kind(2024) ********************* ၂၀၁၆ ခုနှစ် ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ voice phishing အမှုရဲ့ နစ်နာသူ “အဝတ်လျှော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးဂင်ဆောင်းဂျာ”အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် – ဇာတ်လမ်းအကျဉ်း – အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကို တစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ် ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့ လက်ထောက်ဆွန်းဆီကို ပိုက်ဆံ‌ပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်း အချိန်နှောင်းမှ သိလိုက်ရပါတယ်…. ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့ ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်….. ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါ ရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်း ကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်မသုံးယောက်နဲ့တူ တရုတ်နိုင်ငံ ချင်းတောင်မြို့ဆီကို ရောက်သွားတဲ့အခါမှာတော့… ဂင်ဒေါ့ဟီက voice phishing အမှုရဲ့ခေါင်းကိုင်ကို ဘယ်လိုရှာဖွေဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ The Good Bad Mother ထဲမှာ ယောက္ခမနဲ့ ချွေးမအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီးကြီး Ra Mi Ran နဲ့ မင်းသမီး Ahn Eunjin နောက်ပြီး မင်းသားချော Gong Myung တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်….. အညွှန်းကိုတော့ အပျိုကြီး Hnin Wai Ooကရေးသားပေးထားပါတယ်… File size…1.65GB/ 732MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 54min Genre …..Action, Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri,Treasure Htet , ChitThe & Hnin Wai Oo

7 2024
Citizen of a Kind
The Bad Batch
5.5

ဒီတစ်ခါ cm ပရိသတ်ကြီးကို သာမန်ရုပ်ရှင်တွေကနေ ကွဲထွက်နေတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jason Momoa ၊ Suki Waterhouse၊ Jim Carrey၊ Keanu Reeves တို့ ပါဝင် သရုပ်ဆောင်ထားကြတာပါ။ ၂၀၁၆ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပြီး nomination လေးခုချိတ်နိုင်ခဲ့ပါတယ်။ ဇာတ်ကြောင်းက အမေရိကန် တက္ကဆက်ပြည်နယ် အပြင်ဘက် စည်းရိုးခတ်ထားတဲ့ နေရာမှာ တရားမဝင် ခိုးဝင်လာတဲ့ ရာဇဝတ်သားတွေ၊ သူခိုးဂျပိုးတွေကို တစ်ကျွန်း ပို့သလိုမျိုး ပို့တဲ့ ဘတ်ဘတ်ချ်ဆိုတဲ့ နယ်မြေတစ်ခုရှိပါတယ်။ အဲဒီထဲမှာ ဘာဥပဒေ ဘာစည်းမျဉ်းမှ မရှိဘဲ နိုင်ငံသားအခွင့်ရေး ဘာဆိုဘာမှ မရှိပါဘူး။ အာလန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ရာဇဝတ်မှုတွေနဲ့ ဘတ်ဘတ်ချ် အမှတ် ၅၀၄၀ တက်တူးအထိုးခံရပြီး ဒီပူပြင်းခြောက်သွေ့နေတဲ့ ကန္တာရနယ်မြေထဲကို အပို့ခံလိုက်ရပါတယ်။ နယ်မြေထဲ ရောက်ပြီး မကြာခင်မှာပဲ လူအချင်းချင်း စားသောက်တဲ့ ကာနီဘယ် နှစ်ယောက်က ဖမ်းသွားတာ ခံလိုက်ရပြီး ဘယ်လက်နဲ့ ခြေထောက်တစ်ချောင်း ဖြတ်ယူ စားသောက် ခံလိုက်ရပါတယ်။ လက်တစ်ချောင်း ခြေတစ်ချောင်းပဲ ကျန်တဲ့ အာလန်တစ်ယောက် ဒီလူတွေလက်က ဘယ်လိုလွတ်အောင် ပြေးမလဲ။ ဒီနယ်မြေထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့ဆုံရဦးမလဲ…..။ File size…1.66GB / 845MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Action , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2016 119 mins
The Bad Batch
A Model Murder

Klassy Kara ဆိုတဲ့ နာမည်နဲ့ Modelfans ဆိုတဲ့ websiteမှာ ပုံတွေတင်ပြီး နာမည်ကြီးလာတဲ့ Kara Woods ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။ သူ့မှာ ဖော်လိုဝါတွေလည်း များသလို model rankingကလည်း top ten ထဲမှာ ရှိပါတယ်။ တစ်ရက် သူ့သူငယ်ချင်း ဖြစ်တဲ့ သူ့လိုပဲ Modelfansက မော်ဒယ်မလေး Maxine Madisonက အသတ်ခံလိုက်ရပါတယ်။ Maxine အသတ်ခံရပြီး Kara ရဲ့ Rankingကလည်း Top Five ထဲ ရောက်သွားတာပါပဲ။ Karaက websiteကနေ ပုံတင်ပြီး ငွေရှာနေပေမယ့် သူတကယ် လုပ်ချင်တာက မင်းသမီးအလုပ်ပါ။ လူရွေးပွဲတွေ ခဏခဏသွားပေမယ့်လည်း သူ့ကို modelfans siteကဖြစ်လို့ အဖော်အချွတ် မော်ဒယ်တစ်ယောက်လို့ပဲ အထင်သေးခံရပါတယ်။ ဒါပေမယ့် Kara က ဇွဲမလျှော့ပါဘူး။ တစ်ရက် ဖန်တွေ ပို့ပေးလာတဲ့ မေးလ်တွေကို ဖွင့်ကြည့်ရင်းနဲ့ ပရိသတ်တစ်ယောက်က သူ့ကို ပို့ထားတဲ့ မေးလ်ကို တွေ့သွားပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားပေမယ့်လည်း အဆုံးက စာကြောင်းမှာ “မင်းမရှိရင် ငါဖြစ်မလာဘူး” ဆိုပြီး ရေးထားတာကြောင့် ထူးဆန်းတဲ့သူဆိုပြီး ဘလော့လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီပိရိသတ်က အကောင့် တစ်ခုပြီး တစ်ခု ဖွင့်ပြီး သူ့ကို နှောင့်ယှက်နေတာပါ။ Kara တစ်ယောက် stalkerကို ဘယ်လို ရင်ဆိုင်မလဲ Maxineကရော ဘာလို့ အသတ်ခံရတာလဲ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ File size…(1.7 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Mystery, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
A Model Murder
Ullozhukku
7.9

Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ) IMDb – 7.9/10 ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။ နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။ အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။)

7.9 2024 122 mins
Ullozhukku
Madame de Sévigné
6.5

ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။ နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

6.5 2023
Madame de Sévigné
Lost on a Mountain in Maine
6.5

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မိန်းပြည်နယ် တောင်ပေါ်တစ်နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ယောက် အကြောင်းဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်…. တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ဖော်ပြထားတဲ့ ဇာတ်ကွက်တွေနဲ့ ဖြစ်ရပ်အတွင်း တကယ်ပါဝင်ခဲ့ကြသူတွေရဲ့ ပြောစကားတွေကို ပေါင်းစပ်တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းတစ်ပုဒ်လိုရော မှတ်တမ်းရုပ်ရှင်တစ်ကားလိုပါခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… ဒုတိယကမ္ဘာစစ် စစ်ကြိုကာလက အဖြစ်အပျက်ဖြစ်တာနဲ့အညီ နိုင်ငံတကာ အရေးတင်းမာပုံနေကို ရေဒီယိုသတင်းကနေတဆင့် အနုပညာမြောက်စွာ တင်ပြထားပြီး ဆိုးရွားလာတော့မယ့်အခြေအနေတွေကို ခံစားမိနေတဲ့ ဖခင်တစ်ယောက်ရဲ့စိုးရိမ်ကြီးမှုတွေနဲ့ ဆယ်ကျော်သက်အရွယ်သား တစ်ယောက်ရဲ့ လတ်ဆတ်တက်ကြွမှုတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုကိုလည်း ပီပီပြင်ပြင်ရိုက်ကူးတင်ပြထားပါတယ် ထို့အပြင် တောင်ပေါ်မှာပျောက်ဆုံးခဲ့ရတဲ့သားဖြစ်သူအတွက် ဖခင် တစ်ယောက်ရဲ့ ပူဆွေးကြီးရတဲ့ခံစားချက် ဖခင်ကို ကလန်ကဆန်လုပ်ခဲ့တဲ့ မိတဲ့သားတစ်ယောက်ရဲ့ စိတ်ခံစားချက် မိခင်တစ်ယောက်ရဲ့ မိမိရင်သွေးတွေ အပေါ်နားလည်နိုင်စွမ်း သွေးချင်းတစ်ယောက်ရဲ့ ၅၂၈ အရင်းခံ အပြစ်မကင်း ခံစားရမှုတို့ကိုလည်း ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသထားလို့ ဒရမ်မာ ရုပ်ရှင်ကြိုက်နှစ်သူ ပရိသတ်များ သဘောကျနှစ်ခြိုက်မယ့်ရုပ်ရှင်ကားလေး ဖြစ်ပါတယ်… Donn Fendlerဆိုတဲ့ မြီးကောင်ပေါက် ၁၂ နှစ်သားလေးတစ်ယောက်ဟာ အလုပ်ခရီးစဉ်ကနေပြန်လာတဲ့ ဖခင်နဲ့အတူငါးဖမ်းထွက်ဖို့ကို အမျှော်လင့်ကြီး မျှော်လင့်လျက်ရှိပါတယ် ၎င်းရဲ့မျှော်လင့်ချက်တွေဟာ ကြာရှည်မခံ လက်တွေ့ ဖြစ်မလာခဲ့ဘဲ ဖခင်ရဲ့နောက်ခရီးတစ်ခုနဲ့အတူရိုက်ချိုးခံလိုက်ရပြီး Donn Fendler တစ်ယောက် ဖခင် Donald အပေါ်မကျေမနပ်ဖြစ်ရပါတော့တယ် Donald အနေနဲ့လည်း ၎င်းရဲ့ကတိပျက်မှုကို ပြန်လည်ဖာထေးဖို့ တောင်တက် ခရီးစဉ်တစ်ခုအစားထိုးစီစဉ်ခဲ့ပေမဲ့ Donn တစ်ယောက်ကတော့ ကြေလည် ကျေနပ်ခြင်းမရှိခဲ့ပါဘူး သို့ပေမဲ့လည်း တောင်တက်ခရီးစဉ်မှာတော့ Donn တစ်ယောက် လိုက်ပါလာခဲ့ပါတယ် ခရီးစဉ်တစ်နေရာအရောက်မှာ ဖခင် Donald ရဲ့ပြန်ဆင်းကြဖို့ အဆိုပြုချက်ကို ငြင်းဆန်ရင်း Donn တစ်ယောက် ညီဖြစ်သူ Ryan နဲ့ လမ်းပြတစ်ယောက်ကို အဖော်လုပ်ကာ တောင်ထိပ်ရောက်တဲ့ထိ ဖခင်မပါဘဲ တက်ရောက်ခဲ့ပါတယ် တောင်ထိပ်အရောက်မှာတော့ ရာသီဥတုဒဏ်မခံနိုင်တဲ့ ညီဖြစ်သူ Ryan နဲ့ အချင်းများကာ ထွက်ပြေးရင်း Donn တစ်ယောက် မြူဆိုင်းနေတဲ့ တောင်ပေါ်က လိမ့်ကျကာ ပျောက်ဆုံးခဲ့ရပါတော့တယ် Fendler မိသားစုဟာ သားပျောက်ကို ရှာဖွေဖို့ တတ်နိုင်သမျှအကူအညီတွေ များနိုင်သမျှများအောင်တောင်းခံရင်း မိန်းပြည်နယ်ရဲ့ အကြီးဆုံးလူပျောက်ရှာပွဲအဖြစ်မှတ်တမ်းဝင်တဲ့အထိ လူအများအပြားလာရောက် အကူအညီပေးခဲ့ကြပါတယ် သို့သော်လည်း အပူချိန်ရေခဲမှတ်အောက်ရောက်အောင် အေးတတ်ကာ မိုးသီးမိုးပေါက် ကြွေတတ်ပြီး မိုးကြိုးမုန်တိုင်းထန်တတ်တဲ့ Katahdin တောင်ပေါ်မှာ တစ်ပတ်ကျော်ကြာပြီးတိုင် ရှာမတွေ့သေးသည့် Donn တစ်ယောက် အသက်ရှင်နေနိုင်လိမ့်မယ်ဆိုတာကို Fendler မိသားစုကလွဲပြီး ဘယ်သူမှ မယုံကြည်ကြတော့တဲ့နောက်မှာတော့… Fendler မိသားစုတို့ Donn တစ်ယောက်ကို ပြန်တွေ့နိုင်မလား……… ပြန်မတွေ့ခဲ့ရင် ဘယ်လိုတွေဖြစ်သွားကြမလဲ……….. ပြန်တွေ့ခဲ့ရင်ရော ဘယ်လိုဘယ်ပုံပြန်တွေ့ကြမလဲ………… အသက်ရှင်လျက်လား သေလျက်လား စတဲ့ မေးခွန်းတွေကိုတော့ ရုပ်ရှင်ချစ်သူများအနေနဲ့ ဒီကားလေးမှာပဲ ကြည့်ရှုခံစားအဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ…………… File size… (1.26GB) / (611MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.5 2024 115 mins
Lost on a Mountain in Maine
The Friend
6.5

Boulder နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ The Friend ကို ခရမ်းချဉ်သီးပုပ်ကလည်း rating 7/10 ပေးထားပါတယ်။ လူသားနဲ့အိမ်မွေးခွေးကြားက နှစ်လိုဖွယ်ရာသံယောဇဉ်ကို ပူဆွေးသောကနဲ့တွဲဖက်ဖော်ကျူးထားပြီး မင်းသား၊ မင်းသမီးကြီး တွေဖြစ်တဲ့ Naomi Watts၊ Bill Murray တို့က ပါဝင် သရုပ်ဆောင်ပေးထားကြပါတယ်။ The Friend ဟာ ခွေးပိုင်ရှင်တွေနဲ့ ချစ်ရသူတွေကိုလောလော လတ်လတ်ဆုံးရှုံးထားရသူတွေအတွက် ခံစားချက်တွေထပ်တူ ကျစေမယ့်ကားဖြစ်ပါတယ်။ စာရေးဆရာမအိုင်းရစ္စဟာ မိတ်ဆွေဖြစ်သူဆုံးပါးသွားတာကြောင့် အဲဒီမိတ်ဆွေရဲ့ဆန္ဒအရ အပိုလိုဆိုတဲ့အသက်ကြီးနေပြီဖြစ်တဲ့ Grate Dane ခွေးကြီးကို သူ့တိုက်ခန်းလေးထဲမှာ မွေးရဖို့ဖြစ်လာ တဲ့အခါ အိုင်းရစ္စတစ်ယောက် အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင် ခဲ့ရပါတယ်။ ကိုယ်တိုင်က မိတ်ဆွေကိုဆုံးရှုံးရလို့ ပူဆွေးသောက ရောက်နေတဲ့တိုင်အောင် အပိုလိုရဲ့ပူဆွေးသောကကပိုကြီးနေတဲ့ အတွက် အပိုလိုကိုကယ်ဆယ်ရေးဂေဟာတွေကိုမပို့တော့ဘဲ အိုင်းရစ္စဟာ အသက်ကြီးနေပြီဖြစ်တဲ့အပိုလိုရဲ့နောက်ဆုံးအချိန် တွေကိုအဖော်ပြုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ကြိမ်တိုင်တိုင်စွန့်ပစ်ခံခဲ့ရတာကြောင့် အမြဲတမ်းဝမ်းနည်းနေပုံ ပေါက်တဲ့အပိုလိုဆိုတဲ့ခွေးကြီးရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ စာရေး ဆရာမပီပီ ပူဆွေးသောကနဲ့ပတ်သက်လို့ အိုင်းရစ္စရဲ့ပြောင်မြောက်တဲ့ ခံစားချက်တွေကလည်း ရုပ်ရုပ်ခံစားမှုကိုပိုပြီးအသက်ဝင်စေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size… (1.49 GB) / (869 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.5 2024 119 mins
The Friend