YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Knee High (2024) WEB-DL,1080p HEVC (CM).mkv

1.06 GB 1080p video/x-matroska 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Goodbye (2022)

Comedy, Drama, Family IMDb 7.9/10 (5.3K) အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးမှာတော့ အမီတာဘဂျမ်းကြီးရယ် အားလုံးအချစ်တော် မင်းသမီးလေး ရက်ရှမီကားရယ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဒီဇာတ်ကားလေးက ရက်ရှမီကားအတွက် ဘောလီဝုဒ်လောကကို ပထမဦးဆုံး စတင်ခြေလှမ်းလာတဲ့ ကားလေးပဲဖြစ်ပါတယ်... ဒီကားလေးကို ကြည့်ရင်းနဲ့လည်း သံဝေဂတွေ အများကြီးရပါတယ်... ဇာတ်ကားနာမည်ကိုက ဂွတ်ဘိုင်တဲ့လေ..ဟုတ်ပါတယ် ကျွန်တော်တို့ တစ်နေ့ကျရင် ဒီလောကကြီးကနေ နှုတ်ဆက်ခွဲခွာကြရမှာပါ ဘဝသံသရာကြီးကိုလည်း ကြုံဆုံတွေ့ရဦးမှာပါ တစ်ချိန်မှာ ကိုယ်က သားသမီးနေရာမှာ ဆိုးချင်တိုင်း ဆိုးခဲ့ပေမယ့် တစ်နေ့ကျရင် မိဘနေရာကို ဝင်ကြရမှာပါပဲ... လောကဓံတရားက ကိုယ်နဲ့အတူအမြဲရှိနေမှာပါ..ဒီတော့ မိဘေတွေကို ရှိနေတုန်း တန်ဖိုးထားကြပါ မိဘနဲ့အတူအချိန်ဖြတ်သန်းကြပါ မိဘကို အချိန်ပေးကြပါ လောကမှာရှိနေစဉ် ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့လည်း သင့်သင့်မြတ်မြတ်နေထိုင်ဖြတ်သန်းကြပါ အချင်းချင်းဂရုစိုက်ပေးကြပါ တစ်ချိန်မှာ ကိုယ့်သွေးသားရင်းခြာ..ကိုယ့်မိဘတွေနဲ့ နှုတ်ဆက်ခွဲခွာရတဲ့အခါမှာလည်း ကောင်းသောနှုတ်ဆက်ခြင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးဟာ မိသားစုဒရာမာကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…2GB  / 1GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor ~ Shwe Pyae ~ HayMan

Crime • Drama • Thriller
null 2022 130 mins
Goodbye (2022)
The Spy Who Never Dies
4.2

စစ်သည်တစ်သိန်းနဲ့ ညီမျှတဲ့ စပိုင်စစ်သည်တော်ကြီး ဇာတ်လမ်းတွေကို ခဏခဏကြည့်ဖူးနေကြမှာပါ။ ဒီဇာတ်ကားထဲက စပိုင် ဘရတ်ဒလေကလည်း အဲဒီလိုပါပဲ။ ဘယ်လိုသတ်သတ်မသေတဲ့ ပစ်သမျှကျည် အကုန်လွဲတဲ့ လူစွမ်းကောင်းကြီးပေါ့။ ဒါပေမဲ့ ဒီကားကတော့ ဟာသကားပါ။ ကိုကျော်ဝင်းခေါ် ဂျွန်ဝစ် နဲ့ ဂျိမ်းစ်ဘွန်းကို နာမည်တပ်ပြီး ပြောင်ထားတာတွေပါတယ်။ နောက်ခံတီးလုံးကလည်း ဂျိမ်းစ်ဘွန်းတီးလုံးနဲ့ ခပ်ဆင်ဆင်လုပ်ထားပါတယ်။ ဒီတစ်ခါကတော့ ကမ္ဘာကို ဖျက်ဖို့ ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူဆိုးတွေကတော့ ထုံးစံအတိုင်း ရုရှားတွေပါပဲ။ ဇာတ်လမ်းအကျဥ်း‌ ပြောရရင် နေ့တိုင်း ကမ္ဘာကြီးကို ကယ်တင်နေရတာ ပျင်းလာတဲ့ အေးဂျင့် ဘရတ်ဒလေတစ်ယောက် ဝစ်ကီ ခေါ် ဂျွန်ဝစ်လို အငြိမ်းစားယူဖို့ စိတ်ကူးရလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့နောက်ဆုံးပစ်မှတ်ရဲ့ခွေးကို ဆေးခန်းပို့ရင်း သူ့ဘဝရဲ့ အဓိပ္ပါယ်လေး တိရစ္ဆာန်ကု ဆရာဝန်မလေး ဗရော်နီကာနဲ့တွေ့ဖြစ်ပါတယ်။ ဆရာဝန်မလေးမှာ ရှားပါးတဲ့နှလုံးရောဂါတစ်ခုရှိနေပြီး သူ့ရဲ့ အငြိမ်းစားဘဝကို နှောင့်ယှက်ချင်နေကြတဲ့ ဗီလိန်တစ်စုရဲ့ လက်က သူ့မိန်းကလေးကိုကယ်တင်ဖို့ သူ့ရဲ့အေဂျင်စီက အေးချမ်းတဲ့ အငြိမ်းစားဘဝလေးထဲက ဆွဲထုတ်ဖို့ ကြိုးစားနေကြတာကို အခွီလေးတွေနဲ့ တင်ဆက်ထားတာပေါ့။ ဇာတ်ကားတော်တော်များများကို ကြိုကြားကြိုကြားပြောင်ထားတာတွေအပြင် စပိုင်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း စော်လန်းလန်းလေးတွေနဲ့ ကိရိယာအဆန်းတွေလည်းပါတယ်ဆိုတော့ ခွီလည်း ခွီရ၊ မျက်စိပသာဒလည်း ဖြစ်‌တယ်ပေါ့ဗျာ... (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 640MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 39Min Genre - Action, Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Crime • Drama • Thriller
4.2 2022 99 mins
The Spy Who Never Dies
Velle
7

ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ တလောက စီအမ်ကနေ တင်ဆက်ပေးလိုက်တဲ့ Govinda Govindaဆိုတဲ့ကားလေးနဲ့ ဆင်တဲ့ Velle ဆိုတဲ့ဟာသဒရမ်မာလေးပဲဖြစ်ပါတယ် ရာဟွန် ရာဂျူး ရမ်ဘိုတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ကြပါတယ်။ ကျောင်းစာမှာဆိုလည်းညံ့ဖျင်း ပေါက်တတ်ကရတွေလုပ် ပြဿနာတွေရှာ ဆိုးဖော်ဆိုးဖက်သူငယ်ချင်းဖြစ်ကြပြီး R3 ဆိုတဲ့ အဖွဲ့လေးပေါ့ တစ်နေ့မှာ ကျောင်းအုပ်ရဲ့သမီးဖြစ်တဲ့ ရီယာနဲ့ တွေ့ဆုံလာကြတဲ့အချိန်မှာတော့ အရမ်းခင်မင်ကြပြီး R3ကနေ R4 အဖွဲ့ဆိုပြီးပြောင်းလဲသွားပါတော့တယ်။ ရီယာကတော့ အကမှာဝါသနာပါပြီး အကသမားဖြစ်ချင်ပေမယ့် ဖခင်ဖြစ်သူကတော့ ဝါဿနာကို support မပေးပဲ ကျောင်းစာတွေပဲအာရုံစိုက်ခိုင်းတာခံနေရတဲ့ လွတ်လွတ်လပ်လပ်နေချင်တဲ့ကောင်မလေးပဲဖြစ်ပါတယ်။ အဲ့လိုနဲ့ အိမ်ကဆင်းပြီး အကသင်တန်းတက်ဖို့ရာအတွက်ပိုက်ဆံကမရှိပြန်တော့ သူငယ်ချင်း‌သုံးယာက်ကို သူ့ကိုပြန်ပေးဆွဲခိုင်းပြီးအဖေ့ဆီကဟန်ဆောင်ငွေတောင်းခိုင်းပါတော့တယ်။ ကံမကောင်းစွာနဲ့ပဲ ဟန်ဆောင်ပြန်ပေးဆွဲရာကနေ ရီယာတစ်ယောက်တကယ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာတော့ သူငယ်ချင်း‌သုံးယောက်က ဘယ်လိုပြန်ကယ်တင်ကြမလဲ.... ငွေရဖို့ကြံကြရာကနေ ပိုဆိုးလာကုန်မှာလား ပိုကောင်းသွားမလား... ဒီသူငယ်ချင်းအဖွဲ့ ဘယ်လိုကမောက်ကမနိုင်ကြမလဲဆိုတာကိုလည်း တစ်ခွီးခွီး တဟားဟားနဲ့ရီရမယ့်ကားလေးလည်းဖြစ်တာကြောင့် ကြည့်ရှုအားပေးကြပါဦး File size…2.18GB / 1.06GB Quality…1080p TRUE HD AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Shwe Pwint & Honeyey & Eliza

7 2021 125 mins
Velle
The Apology
6.5

သမီးပျောက်ထားတာ နှစ် ၂၀ တောင်ကြာသွားပြီဖြစ်တဲ့ အမေဖြစ်သူဒါလင်း။ နှစ်တွေဆယ်နဲ့ချီသွားပေမယ့်လည်း သမီးဖြစ်သူကို တစ်နေ့နေ့တော့ရှာတွေ့မှာပါဆိုတဲ့စိတ်နဲ့ နေထိုင်လာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ခရစ်စမတ်စားသောက်ပွဲလုပ်ဖို့ စီစဉ်နေတုန်း အရင်တုန်းကခဲအိုဖြစ်ခဲ့တဲ့သူက အိမ်ကိုမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ဒီနှစ်တွေထဲ သမီးလေးအတွက်တရားခံကို ဒါလင်းဘာလုပ်ချင်မလဲ။ သေလောက်အောင်သတ်ပစ်ချင်နေမလား ဒါမှမဟုတ် တောင်းပန်တာကိုပဲလိုချင်တာလား... Breaking Bad ကမင်းသမီး Anna Gunn ကပါဝင်သရုပ်ဆောင်ထားပါတယ် File size…(1.2GB)  / (`492MB) / (284MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Drama
6.5 2022 91 mins
The Apology
What Comes Around
5

အန်နာဟာ အမေနဲ့အတူနေတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဖြစ်တယ်။ သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့အရွယ်မှာ အွန်လိုင်းကနေ အချစ်နဲ့ထိတွေ့မိတယ်။ အရူးအမူးပါပဲ။ သူ့မွေးနေ့မှာ အွန်လိုင်းပေါ်က ကောင်လေးဟာ မိုင်၉၀၀ဆိုတဲ့ အကွာအဝေးကို ဖြတ်ပြီး သူ့ဆီလာတွေ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကြည်နူးစရာ ကောင်းတဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးပါပေါ့။ ဒါပေမဲ့ ကောင်လေးဟာ သူ့ကိုတွေ့ချင်လို့လာတယ်ဆိုတာ အကြောင်း ပြချက်တစ်ခုသာသာပါပဲ။ အပြင်မှာ တွေ့ရတော့ ထိုလူဟာ အသက် လိမ်ထားမှန်းသိလိုက်ရတယ်။ တကယ်တမ်းက ၂၈နှစ်အရွယ်အမျိုး သားတစ်ဦးဖြစ်တယ်။ အဲဒီအမျိုးသားရဲ့အချစ်ဦးဟာ အန်နာ့အမေ ပါတဲ့။ ဇာတ်လမ်းတွေကရှုပ်ကုန်ရပြီပေါ့ . ကျန်တာကိုတော့ ဇာတ်ကား ထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.62 GB) / (504 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Ngwe Zin Encoder..........SWM

Comedy • Romance
5 2023 83 mins
What Comes Around
Seasons
7.1

Seasons (2023) သွေးသားမတော်စပ်တဲ့ ဖိုမပတ်သက်မှုမှာ တဏှာကင်းတဲ့ "၅၂၈" အချစ်ဆိုတာရှိပါ့မလား။ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကြားမှာတောင်မှပေါ့။ အများစုကတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ တိတ်တခိုးကြိုက်နေတတ်တာပါပဲ။ ဘေးနားမှာ အမြဲအသင့်ရှိနေပြီး တစ်ချိန်မှာ ကိုယ့်ကိုမြင်လာမလား စိတ်ကူးတွေနဲ့ပေါ့။ ဒီလိုပါပဲ... ချာလီနဲ့ကတ်တို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်း "၅၂၈" အချစ်နဲ့ပဲချစ်ကြတယ်လို့ လက်ခံထားကြတဲ့သူပါ။ ကတ်တစ်ယောက် စင်ဂယ်ဘ၀နဲ့နေနေတာကို မကြည့်ရက်လေသူ ချာလီက ဂျိန်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချိတ်ပေးလိုက်တာပေါ့။ ဖင်ယားမှုတစ်သိန်း အာမ,မခံဆိုတဲ့စကားအတိုင်း ဂျိန်းဖြစ်သူ ကတ်ဘ၀ထဲရောက်လာမှ ချာလီတစ်ယောက် သူ ကတ်ကိုကြိတ်ချစ်မိနေမှန်း သတိထားမိပါတော့တယ်။ ကတ်ကလည်း ဂျိန်းဖြစ်သူကို လက်ထပ်ခွင့်တောင်းတော့မယ့်အချိန် ချာလီကလည်း ကတ်ကိုအဆုံးရှုံးမခံနိုင်တော့တဲ့အတွက် ကြံမိကြံရာကြံလိုက်မိပါတယ်။ အဲဒီကနေမှ သူနဲ့ကတ်ရဲ့ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်သွားမလဲ ဆိုတာကို ဒီ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးမှာ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 48Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Drama
7.1 2023 108 mins
Seasons
Fast Escape
5.6

လူတွေရဲ့ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ အတွေးလေးနဲ့ ကျူးလွန်မိတဲ့ပေါ့ဆမှုအမှားဟာ ဘယ်လောက်ထိဒုက္ခရောက်စေနိုင်လဲ? စစ်သားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ရှောင်းဖုန်းနဲ့ သူငယ်ချင်းတစ်စုဟာကျောင်းသားဟောင်းတွေ့ဆုံပွဲလုပ်နေကြတယ်။ သူတို့အနီးနားမှာ ဆီဘောက်ဆာကားကိုကားဆရာက စည်းမဲ့ကမ်းမဲ့ရပ်ထားမိတဲ့အတွက်ကြောင့် မတော်တဆဆီယိုစိမ့်ပြီး အဆိပ်ဓာတ်ငွေ့တွေပြန့်သွားပါတယ်။ လေထုထပ်သိပ်သည်းစများတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့် လူတွေဟာတိုက်အိမ်တွေရဲ့အမြင့်နေရာကိုတက်ပြီး ကယ်ဆယ်ရေးကိုစောင့်မျှော်ကြရတယ်။ စစ်သားဟောင်းကြီးရှောင်းဖုန်းနဲ့ သူ့ရဲ့မတွေ့တာ၃နှစ်ကြာတဲ့ ချစ်သူဟောင်း ဆရာဝန်မလေးစူးယွဲ့ဟာ လူတွေလွတ်မြောက်ဖို့ကူညီဖို့ဆုံးဖြတ်လိုက်ကြတယ်။ အများပြည်သူကိုကယ်ဖို့အတွက်နဲ့ သူတို့ရဲ့လွတ်မြောက်ခွင့်တွေကိုလက်လွှတ်လိုက်ရတယ်။ သူတို့၂ယောက်ဟာ အဆုံးထိလျှောက်လှမ်းနိုင်ပါ့မလား ဆိုတာကို ရင်တစ်ထိတ်ထိတ်ကြည့်ရမယ့်အပြင် အန္တရာယ်တွေကြားကသူတွေတို့သံယောဇဉ်ချစ်ခြင်းလေးတွေက ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ဒရာမာလေးပါခံစားကြည့်ရှုရမှာပါ။ သဲထိတ်ရင်ဖို ကယ်ဆယ်ရေးဇာတ်လမ်းလေးတွေ နှစ်သက်သူလေးတွေ လက်မလွှတ်သင့်တဲ့ကားလေးပဲနော် ..

Drama • History • War
5.6 2022
Fast Escape
Condor’s Nest

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးဟာ ဂျာမနီကရန်သူ့စခန်းကို ဗုံးကြဲဖို့သွားရင်း လမ်းတစ်ဝက်မှာပျက်ကျသွားပါတယ် ပျက်ကျသွားတဲ့နေရာက မစွန့်ခွာနိုင်ခင်မှာ နာဇီတပ်ရင်းတစ်ရင်း သူတို့လေယာဥ်ကို တွေ့သွားပါတယ်။ အင်အားချင်းမမျှတာကြောင့် လေယာဥ်ပေါ်မှာပါလာတဲ့ အမေရိကန်တပ်သားတွေဘက်က လက်နက်ချလိုက်ရပါတယ် နာဇီဘက်က ဗိုလ်မှုးဖြစ်သူက အဲလူတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းသွားရမဲ့အစား နေရာမှာတင် ပစ်သတ်လိုက်ပေမဲ့ သူမသိလိုက်တာတစ်ခုက လေယာဥ်ပျက်ကျပြီးတော့ ရန်သူလာမလာစောင့်ကြည့်နေတဲ့ ကင်းစောင့်တစ်ယောက် ကျန်နေခဲ့တယ်ဆိုတာပါပဲ စစ်ပြီးလို့ ရာစုနှစ်တစ်ခုအကြာမှာတော့ အဲတုန်းက ကင်းစောင့်ရင်း အသက်ဘေးက လွတ်သွားတဲ့ စစ်သားဟောင်း Will ဟာ သူ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့သတ်သွားခဲ့တဲ့ နာဇီဗိုလ်မှုးကို လက်စားချေဖို့လုပ်ရင်း သူထင်ထားတာထက်ပိုရှုပ်ထွေးတဲ့လမ်းကို လျှောက်မိနေတဲ့အခါမှာတော့… File size…(1.7 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre…Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

0 2023
Condor’s Nest
Superman I
7.4

Superman I (1978) Extended Cut =============================== ~ IMDb – 7.4/10, RT – 93%, Meta – 82% ~ ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။ အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် နောက်ခံ‌တေးသံကိုဖန်တီးခဲ့တာက စပီးဘာ့ခ်လက်စွဲတော် ဂန္ထ၀င်မြောက် Music Composer ကြီး ဂျွန်ဝီလီယမ်။ ဒါရိုက်တာက ရစ်ချက်ဒွန်နာ။ မင်းသားက စူပါမန်းဆိုတာနဲ့ သူ့ပဲပြေးမြင်ကြတဲ့ Charming အပြည့်နဲ့ ခရစ္စတိုဖာရိဗ်။ Line up ကြီးက ဂေါ်ထွက်နေရုံတင်မဟုတ်ဘဲ Rating တွေကလည်း ဟိုးထိပ်မှာရှိတယ်။ အကောင်းဆုံးမဟုတ်ရင်‌တောင် သမိုင်းအတွင်ခဲ့ဆုံး စူပါမန်းကားပါပဲ။ ခရစ်ပတွန်ဂြိုဟ်ကြီး မပျက်ခင်မှာ စထားပြီး စူပါမန်းအဖေ Jor-El တဖြစ်လဲ မာလွန်ဘရန်ဒိုကြီးရဲ့ ခရစ်ပတွန်ဂြိုဟ်ပေါ်က ဘ၀ကို အရင်ပြထားတယ်။ ခရစ်ပတွန်ဂြိုဟ်ကြီး ပျက်ရပုံတွေ၊ ဗိုလ်ချုပ်ဇော့ဒ်‌တို့ကို နယ်နှင်လိုက်ပုံ‌တွေ၊ စူပါမန်းကို ကမ္ဘာပေါ် လွှတ်လိုက်ပုံ၊ သူတတ်ထားတဲ့ ပညာတွေအကုန် အမွေထည့်ပေးလိုက်ပုံတွေနဲ့ စထားတယ်။ ဒီမှာထူးတာက မာလွန်ဘရန်ဒိုကြီးရဲ့ ဒိုင်ယာလော့တွေနဲ့တင် ခရစ်ပတွန်ဂြိုဟ်ဟာ ဘယ်လောက်ထိ အသိပညာအတတ်ပညာရှေ့တန်းရောက်နေတဲ့ ဂြိုဟ်ကြီးလဲဆိုတာ သိသာအောင်ပြထားတယ်။ ဒီဂြိုဟ်ကြီးပျက်ရခြင်းကိုလည်း ဒဿနိကဆန်ဆန်ပြထားတယ်။ နောက်ကမ္ဘာပေါ် စူပါမန်းရောက်လာပုံတွေ သူ့စွမ်းအားတွေကို ထိန်းချုပ်တတ်အောင် လူတွေအကြောင်းသိအောင် သင်ယူရပုံတွေ ပြထားတယ်။ ထူးတာက စူပါမန်းကားပေမဲ့ မသိမသာနဲ့ ဟာသတွေ တော်တော် ဖောဖော‌သီသီကို ထည့်ထားတယ်။ မသိရင် ဟာသကားလိုလိုပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒဿနိကတွေကိုလည်း မြင်နိုင်တယ်။ မာရီယိုပူဇိုကြီး The Godfather ဇာတ်ညွှန်းရေးပြီး ‌စိတ်အရမ်းလေးနေလို့များ ဖြေချလိုက်‌တယ်လို့ကို ထင်ရတယ်။ ဟာသတွေရော တချို့ဇာတ်၀င်ခန်းတွေကရော ဒီခေတ်နဲ့ဆို နည်းနည်းတော့ တစ်မျိုးဖြစ်ပေမဲ့ Iconic ဇာတ်၀င်ခန်းတွေဆိုတာကိုလည်း တစ်ချိန်တည်းမှာပဲ ခံစားမိနေတယ်။ သူ့ဟာသတွေက အတင်းကြီးလည်းမဟုတ်ပေမဲ့ စူပါမန်းက ဘာကောင်လဲသိနေတဲ့လူတွေအတွက် တော်တော်ရယ်ရတဲ့ဟာသတွေဆိုလည်းမမှားဘူး။ ကလာ့ခ်ကန့်ကိုရော စူပါမန်းကိုရော တော်တော်လေး လူဆန်ဆန်ပုံဖော်ထားတယ်။ ရယ်လည်းရယ်ရ မာစတာပိစ်လည်းဖြစ်သလို Iconic ဖြစ်တဲ့ စူပါဟီးရိုးရုပ်ရှင်မို့ စူပါဟီးရိုးကားကြိုက်ရင်ပဲဖြစ်ဖြစ် ငယ်ဘ၀ကကြည့်ဖူးတာကို ပြန်သတိရချင်ရင်ဖြစ်ဖြစ် ကလပ်စစ်ကားအရသာကို ခံစားချင်ရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ဂန္ထဝင်ရုပ်ရှင်ပါပဲ။ #Christopher Reeve (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.6GB Quality – Extended Cut 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration -3H 8Min Genre – Action, Adventure, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.4 1978
Superman I
Master Gardener
6.3

Master Gardener (2022) ~ IMDb – 6.3/10, Rotten Tomatoes – 70% ~ “God’s Lonely Man” ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ “God’s Lonely Man” ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက “ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ” ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 51Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.3 2022 111 mins
Master Gardener
Nikki & Nora: Sister Sleuths
6.6

Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။ တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။ အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ထူးဆန်းတဲ့ သေတမ်းစာကရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာနှုန်းပြည့်စုံထောက်ကားတစ်ခုလို ဇာတ်မလေးဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုလိုတဲ့ပရိသတ်တွေအတွက် အဆင်ပြေမယ့်ဇာတ်ကားဖြစ်ပါတယ်။ crime drama ဖြစ်တဲ့အတိုင်း ဇာတ်ရဲ့မြှပ်ကွက်တွေ၊ ကျောရိုးတွေကို အရသာမပျက်ယွင်းစေဘဲ ညီအစ်မသံယောဇဥ်တရားအကြောင်းကိုလည်း ဇာတ်ကားနာမည်နဲ့လိုက်အောင် အထိုက်အလျောက်ထည့်သွင်းဖော်ညွှန်းထားပါတယ်။ IMDb rating 6.6 ရရှိထားပြီး Rotten tomatoes ကတော့ 71% ဖြစ်ပါတယ်။ File size…(1.65 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Thriller • Horror
6.6 2022 84 mins
Nikki & Nora: Sister Sleuths
Joe’s Apartment
5.5

ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

5.5 1996 81 mins
Joe’s Apartment
Major Grom: The Game
6.1

တလွဲဆံပင်ကောင်းဖြစ်သွားခဲ့တဲ့ ပုလိပ်ဆရာဝန်ကို အနိုင်ယူပြီး တစ်နှစ်အကြာမှာတော့ ရဲမှူးဂရွန်ဟာ မြို့တော်လူထုက အားကိုး အထင်ကြီးရတဲ့ သူရဲကောင်းတစ်ယောက်သဖွယ် ကျောကြားလာပါတော့တယ်။ ဗီလိန်တစ်ယောက်ကို အနိုင်ယူပြီးသကာလ အကျဥ်းထောင်တစ်ခုမှာ အကျဥ်းသားတွေရဲ့ အဓိကရုဏ်းတစ်ခုပေါ်ပေါက်လာကာ ဂရွန်နဲ့အတူ သူ့ပါတနာ ဒီမာတို့အတူ ဖြေရှင်းရပြန်တော့တယ်။ ဒီမာတစ်ယောက် ဒီအဓိကရုဏ်းကို သာမန်မဟုတ်ဘူးလို့ တွေးမိသွားပေမယ့်လည်း ဂရွန်ဟာ စစချင်း နားမထောင်ခဲ့ပါဘူး။ အဲ့ဒီကနေ ဂရွန်တစ်ယောက် ဘယ်လို ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ရတော့မလဲ၊ ဘယ်လို ဖြေရှင်းမလဲဆိုတာကို (၂၀၂၄) ခုနှစ်ထွက် ရုရှားစူပါဟီးရိုး ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Major Grom:The Game ဆိုတဲ့ Action/Adventure ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ မေဂျာဂရွန်က တကယ်ပဲ သူရဲကောင်း Superhero ဟုတ်ရဲ့လား၊ သူ့မြို့တော်ကိုကော ကာကွယ်နိုင်မှာလားဆိူတာကို စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုနိုင်မယ့် ရုရှားစူပါဟီးရိုးဇာတ်ကားပဲ ဖြစ်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:48:00 Genre… Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros

6.1 2024
Major Grom: The Game
Operation Undead
5.1

Operation Undead (2024) ************************ တလောကမှ ရုံတင်ထားတဲ့ Nongkul ရဲ့ ဇွန်ဘီးကားအသစ်လေးကို CM ပရိသတ်ကြီးအတွက် Quality အလန်းနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ရုံတင်တုန်းက mixed review တွေ ရထားတဲ့ ဒီကားလေးကရော ပရိသတ်စိတ်ကြိုက်တွေ့မလား .. just another zombie movie ဖြစ်မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနယ်စပ်ကို ဂျပန်စစ်သားတွေ ကျူးကျော်ဝင်ရောက် လာတဲ့အတွက် စစ်ဖြစ်ကြရင်း နှစ်ဖက်သ‌ဘောတူ အပစ်အခတ် ရပ်စဲလိုက်ကြတာပေါ့။ ဒီတော့ ဌာနချုပ်က မက်နဲ့မော့တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့တပ်ဖွဲ့တွေနဲ့ အတူ နယ်စပ်မှာ နယ်မြေရှင်းလင်းရေးအတွက် လွှတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ သူတို့ မသိတာက ကျူးကျော်လာတဲ့ ဂျပန်စစ်သားတွေမှာ ထူးဆန်းတဲ့ ဇီဝလက်နက်တစ်ခု ပါလာပြီးတော့ တိုက်ပွဲဖြစ်ရင်း အဲဒီလက်နက်က သေတ္တာထဲကကျသွားပြီး နယ်စပ်က ရွာနီးစပ်ချုပ်မှာ ပြန့်သွားတဲ့အခါ… ကိုယ့်ဇာတ်ကိုယ်မကနိုင်လို့ အကုန်ရှင်းပစ်ဖို့ကြံစည်နေတဲ့ ဂျပန်စစ်သားတွေကတစ်ဖက် ကိုယ့်ရဲ့ရှင်သန်ရေးအတွက် တိုက်ခိုက်ရမယ့် ရွာသားတွေနဲ့ ထိုင်းစစ်သားတွေကတစ်ဖက် လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.59GB / 707MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, History, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

Action • Thriller
5.1 2024 110 mins
Operation Undead
Roxana
5.2

Roxana 2024 ယခုတစ်ခါမှာတော့ မလေးရှား အက်ရှင်ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ရိုဇယ်နာရဲ့ကောင်လေးဖြစ်သူ အာမန်ရဲ့ လက်ဝှေ့ပြိုင်ပွဲမှာအနိုင်ရတဲ့အထိန်းအမှတ်အနေနဲ့ ပါတီလုပ်ဖို့အတွက် အာမန်တို့သူငယ်ချင်းတွေ စီစဉ်ကြရင်း မတော်တဆ အာမန်တစ်ယောက် လူသတ်မိပါတော့တယ်။ ဒီအမှုကနေ ရှောင်နိုင်ဖို့အတွက်နဲ့ အမှုဖြစ်ရာနေရာကနေ ထွက်ပြေးဖို့လုပ်ကြပါတော့တယ်။ ဒီအချိန်မှာပဲ အလောင်းနဲ့ ရွှေလဲဖို့လုပ်နေတဲ့ လူနာတင်ကားမောင်းသူ လူနှစ်ယောက်ဟာ ရောက်ရှိလို့လာပြီးတော့ အလောင်းကို ယူသွားပါတယ်။ အဲဒီနောက်မှာ အလောင်းကို လက်ခံရယူလိုက်တဲ့သူဟာ ဒီအလောင်းကို အသုံးပြုပြီးတော့ ဂျင်ကို ခေါ်ဖို့လုပ်တဲ့အခါမှာတော့ ……. အာမန်တို့ သူငယ်ချင်းအုပ်စုတွေ မှုခင်းနေရာကနေ ထွက်ပြေးလာရင်း ဘာတွေတွေ့ကြုံရမလဲ …… အလောင်းကနေ ဂျင်ကိုခေါ်ဖို့ လုပ်ရာကနေရော ဘယ်လို ခြောက်ခြားဖွယ်ရာတွေဖြစ်လာမလဲ ……. ဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ဟော်ရာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Star~ KKKZ~ Yunni တို့ပဲဖြစ်ပါတယ်)

5.2 2024 98 mins
Roxana