YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

KMHRS-005.1080p(DS).mp4

3.52 GB N/A video/mp4 5122 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pale Moon
6.1

လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။ Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် သာယာမှုမှာ အသားကျလာခဲ့တယ်။ ဒီလိုနဲ့ စာရင်းသေအပ်နှံငွေတွေကိုပါ ဘဏ်ထဲသွင်းပေးမယ်လိမ်ပြီး မသွင်းဘဲ ငွေသုံးရတဲ့ အရသာကိုတွေ့လာခဲ့တယ်။ စစကတော့ ဒီငွေတွေကို မသိအောင် ပြန်ဖြည့်ပေးဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ တဖြည်းဖြည်းချင်း များလာတဲ့ လိုငွေတွေ ပျောက်ပျက်လာတဲ့ အတုအယောင်သာယာမှုတွေကြား ကူကယ်ရာမဲ့ဖြစ်လာတယ်။ ဒီနေရာမှာမှ ဒီဇာတ်လမ်း ပြန်ချိုးသွားတဲ့ အချိုးအကွေ့ဟာ ဒီဇာတ်လမ်းဟာ တစ်ခုခုပေးချင်တဲ့ စိတ်ထက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တဲ့ဘက် ပိုတာသွားတာမို့ ဇာတ်လမ်းကို ဇာတ်လမ်းလို ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.1GB | 610MB | 319MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Drama • Thriller
6.1 2014 124 mins
Pale Moon
The Artifice Girl
6.5

The Artifice Girl (2023) Artificial Intelligence AI ဥာဏ်ရည်တု၊ ဖန်တီးဥာဏ်ရည်၊ အသက်မဲ့ဦးနှောက် စသဖြင့်ခေါ်ကြတဲ့နည်းပညာဟာ ဟိုးအရင်ထဲနေအခုထိ စာအုပ်ပေါင်းများစွာဇာတ်လမ်းပေါင်းများစွာရဲ့ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တယ်။ လူသားတွေဖန်တီးထားတဲ့ ဥာဏ်ရည်က တစ်နေ့မှာလူသားဥာဏ်ရည်ကိုကျော်လွန်သွားမလားဆိုတဲ့ ဆွေးနွေးမှုတွေလဲအများကြီးပါပဲ။ တကယ်တမ်းတော့ အဲ့အတွက်အဖြေကရှိပြီးသားပါ။ နည်းပညာတိုးတက်မှုအရ တစ်ချိန်မှာတော့ကျော်ကိုကျော်သွားမှာပါပဲ။ အဲ့ဒီတစ်ချိန်က လက်ရှိရှိနေတဲ့လူတွေသက်တမ်းမှာဟုတ်မဟုတ်တော့မပြောနိုင်ဘူးပေါ့။ တကယ့်မေးခွန်းက ဒီဥာဏ်ရည်တုတွေမှာ စိတ်ဝိဥာဥ်တွေ ခံစားနားလည်နိုင်တဲ့အသိတွေရောရှိလာမလား။ ဒီဇာတ်ကားထဲကဥပမာတစ်ခုအရပြောရရင် လူတစ်ယောက်ကို အမဲကင်နဲ့ ဆဲလ်မန်ငါးဘာစားရမလဲမေးရင် သူက သူစားဖူးတဲ့အတွေ့အကြုံအရ သူ့ခံစားချက်အရဖြေမှာပဲ။ ဥာဏ်ရည်တုကိုအဲ့ဒါမေးရင်တော့ သူ့အတွေ့အကြုံခံစားချက်ဆိုတာမရှိတော့ ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဒေတာတွေ rating ရှာမယ် နှိုင်းယှဥ်သုံးသပ်မယ် ပြီးတော့မှအဖြေပေးမယ်။ ပြီးတော့သူ့ကိုဖန်တီးတဲ့သူကမေးရင် သူ့အတွက်အဲ့လူကိုလိုအပ်တာကြောင့် အဲ့ဒီလူအတွက်ကျန်းမာစေမယ့် ဆဲလ်မန်ကိုသူညွှန်းမယ်ပေါ့။ ဒါတွေအားလုံးကတွက်ချက်မှုပါပဲ။ တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် ဒီဥာဏ်ရည်တုတွေက ခံစားချက်တွေရသွားပြီး လောကကြီးကိုသိမ်းပြီးလူသားတွေကိုပါပြန်ထိန်းချုပ်မလားဆိုတဲ့အယူအဆတွေရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဥာဏ်ရည်တုတွေကိုအဲ့လိုအန္တရာယ်ရှိတဲ့ပုံအဖြစ်ပုံဖော်မထားပဲ လူသားတွေအနေနဲ့ဒီဥာဏ်ရည်တုတွေကို ဘယ်လိုဆက်ဆံသင့်တယ် သူတို့အတွက်ရောကိုယ်ပိုင်အခွင့်အရေးတွေဆုံးဖြတ်နိုင်မှုတွေရသင့်လားဆိုတဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဆွေးနွေးမှုပုံစံ အငြင်းအခုံပုံစံနဲ့ဖော်ပြသွားလိုက်တာ ဆွဲခေါ်အားကောင်းချက်ကတော့ ပျင်းစရာဆိုတာမရှိဘဲ သူတို့ဆွေးနွေးမှုထဲကိုယ်ပါမြောပါသွားရတာပါပဲ။ ဒီဇာတ်လမ်းမှာတော့ ဂယ်ရက်ဆိုတဲ့လူတစ်ယောက်က အွန်လိုင်းချက်တင်ခန်းတွေက ကလေးလိင်အမြတ်ထုတ်သူတွေ လူကုန်ကူးသူတွေကိုဖော်ထုတ်နိုင်ဖို့ ချယ်ရီဆိုတဲ့ ကလေးလေးပုံစံဥာဏ်ရည်တုကိုဖန်တီးခဲ့ပါတယ်။ ချယ်ရီက ချက်တင်ခန်းတွေမှာဒီလူတွေနဲ့စကားပြောပြီး သံသယရှိစရာလူတွေဆိုရင် သူတို့အချက်အလက်တွေကို တာဝန်ရှိသူတွေဆီပို့ပေးတာပေါ့။ ဒါပေမဲ့တဖြေးဖြေးချယ်ရီ့ရဲ့တိုးတက်မှုတွေက ဂယ်ရက်ထင်ထားတာထက်အများကြီးပိုမြန်ဆန်ပြီး သူတို့ကိုကူညီပေးဖို့ ICWL ဆိုတဲ့အဖွဲ့အစည်းကို ချယ်ရီက ဂယ်ရက် မသိအောင် ဆက်သွယ်လိုက်တဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ ချယ်ရီ့တိုးတက်မှုကဘယ်အတိုင်းအတာထိသွားမလဲ ဥာဏ်ရည်တုက လူသားဥာဏ်ရည်ကိုကျော်သွားတဲ့တစ်ချိန်ဘာဖြစ်ကြမလဲစိတ်ဝင်စားစရာပါ။ သေချာတာကတော့ ကြည့်ရှုသူပရိသတ်ကိုအတွေးတွေအများကြီး ချန်ရစ်ပေးနိုင်မယ့်ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Sci-Fi, Thriller Quality…. 1080p | 720p | 480p File size… 753MB | 371MB | 203MB Format… mp4 Duration….1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama • Romance
6.5 2023 93 mins
The Artifice Girl
On the Fringe
6.8

~ IMDb - 6.7/10, Rotten Tomatoes - 80% ~ စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။ စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ဒီလိုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့လူတွေရယ် သူတို့ဘက်က ပရဟိတသမားတွေဟာ ဘဏ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ကြံကြတယ်။ ဒါကတော့ ကျောရိုးဇာတ်ပေါ့။ ဒီကနေ ခွဲထွက်ပြီး အိမ်ဆုံးသွားတဲ့လူ၊ ကူတဲ့လူ၊ အိမ်ဆုံးဖူးတဲ့လူ အလီလီအထွေထွေအပြင် အခြေခံလူတန်းစားမျိုးစုံရဲ့ ဒုက္ခနဲ့ ဘဏ်တွေရဲ့ ကုတ်သွေးစုပ်မှုတွေအကြောင်း ရိုက်ပြထားပါတယ်။ စပိန်ကားတွေဟာ သူတို့ပြချင်တာကို လှလှပပပြတတ်တဲ့သဘောရှိတာမို့ ဇာတ်အရမ်းလည်းမနာ မနာတယ်လည်းမဟုတ်ဘဲ လှတပတနဲ့ကို ခံစားကြရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 805MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.8 2022 103 mins
On the Fringe
Play Dead
6.5

Play Dead သို့မဟုတ် သေချင်ယောင်ဆောင်သူလေး.. ချဲလို အဲလ်ဘရိုက်နဲ့ တီဂျေ အဲလ်ဘရိုက်ဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ မကြာသေးခင်ကမှ မိဘမဲ့ဖြစ်သွားပြီး အကြွေးတွေကြောင့် နေအိမ်ကိုပါ ဆုံးရှုံးတော့မလိုဖြစ်နေပါတယ်။ အစ်မကြီး အမိရာလို အရာအားလုံးကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းနေရတဲ့ ချဲလိုကို တစ်ဖက်တစ်လမ်းက ကူညီပေးချင်တဲ့ တီဂျေဟာ အစ်မဖြစ်သူရဲ့ရည်းစားဟောင်းနဲ့ ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ဖို့ပေါင်းကြံခဲ့မိပါတယ်။ သို့သော်လည်း ကံအကြောင်းမလှစွာ ဆိုင်ပိုင်ရှင်မှာ သေနတ်တစ်လက်ရှိနေခဲ့တာကြောင့် ခွေးပြေး ဝက်ပြေးပြန်ပြေးလာခဲ့ရပါတော့တယ်။ တီဂျေဟာ သေနတ်ထိသွားတဲ့ အစ်မဖြစ်သူရဲ့ရည်းစားဟောင်း ရော့စ်ကိုထားခဲ့ပြီး ကားကိုလက်စဖျောက်ကာ အိမ်ကိုပြန်လာခဲ့ပါတယ်။ သို့သော်လည်း အိမ်ပြန်ရောက်ခါမှ သေနတ်ထိလို့ သေသွားလောက်ပြီဖြစ်တဲ့ရော့စ်ဆီမှာ ဓားပြတိုက်ဖို့ပြောဆိုထားခဲ့တဲ့ သက်သေတစ်ခုပါသွားတာကို သတိရသွားပါတော့တယ်။ လူသေမှုဖြစ်သွားတဲ့ လက်နက်ကိုင်ဓားပြမှုဖြစ်တာကြောင့် အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ်ကနေ တစ်သက်တစ်ကျွန်းထိကျနိုင်ခြေရှိတဲ့မောင်ဖြစ်သူကို လက်လွှတ်မခံနိုင်တဲ့ ချဲလိုဟာ ရင်ခွဲရုံကို သေချင်ယောင်ဆောင်ပြီး ဝင်သွားတဲ့အခါ.. ရင်ခွဲရုံက အလောင်းတွေကြားမှာ ရှာတွေ့လိုက်ရတဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို စိတ်လှုပ်ရှားဖွယ်ကောင်းစွာ ကြည့်ရှုနိုင်မှာပါ။ ဒီလိုရုပ်ရှင် genre မျိုးတွေကြည့်နေကျလူတွေအတွက်တော့ သြချရလောက်တဲ့ ဇာတ်လမ်းကြောင်းမျိုးမဟုတ်ပေမဲ့လည်း ပီပြင်တဲ့ SFX မိတ်ကပ်တွေကြောင့် သွေးသံတရဲရဲမြင်ကွင်းတွေကို ထိတ်လန့်ရမယ့်ရုပ်ရှင်မျိုးဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ထိတ်လန့်စရာကောင်းတဲ့ရုပ်ရှင်မျိုးဆိုပေမဲ့လည်း သဘောကျဖို့ကောင်းတာတစ်ခုက ဒီဇာတ်လမ်းထဲမှာ လူ့လောကဗေဒ အမှောင်ခြမ်းရဲ့ အယူအဆတွေကို ပါးပါးပုတ်ပြထားတယ်။ Gorge Orwell ရဲ့ ‘1984’ ကိုပါ မတူညီတဲ့အမြင်ဝေဖန်ထားတဲ့ဇာတ်လမ်းကြောင်းမျိုးဆိုတော့ သေချာပေါက် ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ရပါတယ်ဗျာ..။ အရေးကြီးတဲ့ကိစ္စကတော့ ဘယ်လိုကိစ္စပဲ ရှိရှိ သေချင်ယောင်မဆောင်ကြပါနဲ့။ ရင်ခွဲရုံမှာ သေတာထက်ဆိုးတဲ့ကိစ္စမျိုးနဲ့တိုးမှ ငုတ်တုတ်မေ့နေပါ့မယ်ဗျ။ မသေခင်တော့ ဒီဇာတ်ကားကို ကြည့်သွားပေးပါ။ File size…(1.59GB)  / (821MB) /580MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller /Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shinn Man Htet Myat

Action • Adventure • Science Fiction
6.5 2022 106 mins
Play Dead
The Warrior From Sky
8.7

CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ နတ်တွေထဲမှာအစွမ်းအရမ်းကြီးတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Chen Nanရဲ့ဇာတ်လမ်းလေးပဲဖြစ်တဲ့ The Warrior from Sky ဆိုတဲ့ Fantasy ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်...... ကောင်းကင်ဘုံတိုက်ပွဲမှာ နတ်နဲ့မိစ္ဆာကိုဦးဆောင်ခဲ့တဲ့ ရှေးစစ်နတ်ဘုရား Chen Nan ဟာနှစ်တစ်သောင်း အိပ်စက်ပြီးနောက် နှင်းတွေလွှမ်းတဲ့တောင်ထိပ်ပေါ်က သင်္ချိုင်းမြေမှာ နိုးထလာခဲ့တယ်။ နိုးထလာတဲ့ Chen Nan ဟာအတိတ်မေ့နေပြီးတော့ နတ်စွမ်းအင်တွေလဲချိတ်ပိတ်ခံထားရပါတယ်။ ချောက်ထဲကိုတွန်းချခံရတဲ့သူဟာ ချူတိုင်းပြည်ထဲ မျက်စိလည်လမ်းမှားပြီးရောက်သွားခဲ့တယ်။ Chen Nanကသူဘယ်သူလဲဆိုတာကို စူးစမ်းရှာဖွေရင်း သူ့ရဲ့နတ်စွမ်းအားတွေကိုပြန်ဖွင့်ဖို့ကြိုးစားရင် နောက်ဆုံးမှာကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာပါတော့တယ်။ ပီပြင်တဲ့စီဂျီအိုင်အဖက်တွေ ကောင်းမွန်တဲ့အက်ရှင်တွေ သရုပ်ဆောင်တွေနဲ့ဖန်တက်စီကားချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားလေးပဲဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Animation • Comedy • Family • Western
8.7 2021 74 mins
The Warrior From Sky
A Day to Die
6

ကျောင်းပြန်ပေးဆွဲခံရမှုဖြစ်ရပ်ဆိုးကြောင့် ghost team အထူးတပ်ဖွဲ့ဝင်တွေ ခြေရာဖျောက်နေခဲ့ရပေမယ့်၊ ထိုင်ခုံမြဲနေခဲ့တဲ့လူကတော့ ရဲမှူးကြီးအော်လ်စတန်ပါ... အဲ့ဖြစ်ရပ်အပြီး(၁၈)လအကြာမှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပဲဆက်လက် လုပ်ကိုင်နေခဲ့တဲ့ ghost team အဖွဲ့ဝင်ကော်နာကော်နယ်လီတစ်ယောက် သူ့ရဲ့အကျဉ်း သားတစ်ယောက်ကို နောက်ကလိုက်ဖမ်းနေတဲ့ ဂိုဏ်းသားတစ်ယောက်ကိုသတ်ခဲ့မိ ပါတယ်။ သူသတ်ခဲ့မိတာက မြို့ရဲ့နာမည်ကျော်မူးယစ်ရာဇာကြီးရဲ့လူဖြစ်နေတော့ ကျားအမြီးသွားဆွဲမိသလိုဖြစ်သွားတဲ့ ကော်နာတစ်ယောက် မူးယစ်ရာဇာကြီးနဲ့ ရင်ဆိုင် ရချိန်မှာ ဘယ်လိုတွေပြန်ပေးဆပ်ရမှာလဲဆိုတာကို ကြည့်ရှုရမယ့် action ကားသစ်လည်း ဖြစ်ပါတယ်။ အဲ့တော့ မူးယစ်ရာဇာကြီးရဲ့အန္တရာယ်ကနေလွတ်အောင်ရှောင်နိုင်ပါ့မလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာပါ။ နောက်တစ်ခုပြောချင်တာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Bruce Willis ကရော ဘယ်လိုအခန်းတွေမှာပါဝင်သရုပ်ဆောင် မှာလဲဆိုတာတော့ ခင်ဗျားတွေးထားသလို သရုပ်ဆောင်မှာပဲလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.16 GB) / (576 MB) / (394 MB) Quality – WebRip 1080p / 720p/480p Duration - 1h 45mins Subtitle – Myanmar Hardsub Format – MP4 Genre : Action Translator – Chit Tee Encoder – SWM

Drama
6 2022 101 mins
A Day to Die
Eagle Wings
4

ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဒါတင်လားဆိုမဟုတ်ပါဘူး။ အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ဖားထားတဲ့ ရုပ်ရှင်ဆိုတော့ အဲဒီလို ငဖားရုပ်ရှင်တွေ ထုံးစံအတိုင်း အကုန်လုံးက တလွဲတွေချည်းပဲ။ သရုပ်ဆောင်တွေဆို လူသေကို ပါးရိုက်ပြီး စကားပြောခိုင်းတာမှ သူတို့ထက် အသက်ပါဦးမယ်။ Effect လား။ မျက်နှာကို အဖတ်ကြီးလာကပ်သလို ဖတ်ကနဲ ဖြစ်သွားမယ်။ Dialogue တွေဆို အင်မတိအင်မတန်ကို ဖားလို့ကောင်းတဲ့ စကားလုံးတွေကို တန်းစီပြီး ဖြတ်ညှပ်ကပ်ထားတာကလွဲရင် နေကောင်းလား စားပြီးပြီလားလောက်ကို လေးခေါက်လောက်ပြောတာတွေပဲပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ဘာလို့ကြည့်ရမှာလဲလို့မေးရင်တော့ ဆဲလို့ကောင်းလို့ပါ။ တော်တော်လေးကို ခံစားချက်နဲ့တိုက်ဆိုင်တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒေါသထွက်နေပြီး ဘာကိုဆဲလို့ဆဲရမလဲမသိဖြစ်နေသူများအတွက် အရမ်းကြည့်သင့်တဲ့ကားပါလို့ ပြောချင်ပါတယ်။ Size - 1.8GB, 962MB, 553MB Quality - 1080p, 720p IMDb rating - 4.2/10 Format - mp4 Duration - 2H 10Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • Science Fiction • Thriller
4 2021 130 mins
Eagle Wings
Resurrected
5.5

ဒီ Resurrected ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ လူတွေကိုပြန်အသက်သွင်းတဲ့ အကြောင်းအပေါ် ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ The Walking Dead နဲ့ Logan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Dave Davis ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ၂၀၁၉ နဲ့ ၂၀၂၀ မှာထွက်ထားတဲ့ Manifest နဲ့ Dynasty ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Erika Chase ကနေပြီးတော့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။ တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး သူတို့သားလေး နစ်ခ်ကိုလက်စ်ကို ပြန်အသက်သွင်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ အချိန်အပိုင်းတစ်ခုကို ကျော်သွားတဲ့အခါမှာ အသက်ပြန်သွင်းတယ်ဆိုတဲ့ ကိစ္စဟာ Trend တစ်ခုလိုဖြစ်လာခဲ့ပြီး ခရစ်ယာန်ဂိုဏ်းတွေမှာ သေဆုံးပြီးတဲ့သူတွေကို ပြန်အသက်သွင်းဖို့လုပ်တာကလည်း တရားဝင်ကျင့်သုံးလာတဲ့ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ပြန်အသက်သွင်းတယ်ဆိုတဲ့ ကိစ္စက သွေးရိုးသားရိုးကော ဟုတ်ရဲ့လား... ဒီလို သေဆုံးပြီးတော့ ပြန်အသက်သွင်းခံလိုက်ရတဲ့သူတွေရော ပုံမှန်လူတွေလိုပြန်ဖြစ်သွားတာပဲလား... ဗာတီကန်ရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ သည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ် ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - Quality - 1080p, 720p Format - mp4 Duration - 2H 2Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Comedy • Science Fiction
5.5 2023 90 mins
Resurrected
The Manual of Love (2005) Manuale d’amore
6.3

The Manual of Love (2005) Manuale d’amore အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ သူက ဇာတ်လမ်းတိုလေးတွေ စုစည်းထားတာတစ်ခုပါ။ ဇာတ်ကောင်တွေက ပတ်သက်နှီးနွယ်နေတဲ့ လှပတဲ့ အချိတ်အဆက်လေးတွေလည်း ပါဝင်ပါတယ်။ ယခုဇာတ်ကားမှာတော့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်ပြီး အချစ်ရဲ့ မာယာနဲ့ လှည့်ဖျားတတ်ပုံ၊ အင်အားကြီးပုံတွေကို တင်ဆက်ထားသလို ကမောက်ကမအဖြစ်တွေ၊ ထင်မှတ်မထားတာတွေ ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပါဝင်တာပေါ့ဗျာ။ ပထမဇာတ်လမ်းမှာ အလုပ်အကိုင်မရှိတဲ့ လူငယ်လေးတစ်ယောက်က တိုးဂိုက်မ ချောချောလေးကို ချစ်မိသွားလို့ အတင်းဝင်ကပ်ရာကနေ လှပတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်တည်လာပုံပေါ့။ ဒုတိယဇာတ်လမ်းကတော့ မိန်းမအပေါ်မှာ စိတ်ပျက် စိတ်ကုန်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်တွေ့ရမှာဖြစ်ပြီး တတိယဇာတ်လမ်းမှာတော့ ယောက်ျားဖြစ်သူရဲ့ ဖောက်ပြန်ခြင်းခံလိုက်ရတဲ့ ယာဉ်ထိန်းရဲမေတစ်ဦးရဲ့ လက်စားချေခြင်းတစ်ခုကို ကြည့်ရှုရပါမယ်။ သူ့လက်စားချေပုံကတော့ ယောက်ျားထုကြီးအတွက် ရင်တုန်စရာပါပဲ။ ရှင်ဖောက်ပြန်ရင် ကျွန်မမှာလဲ ဖောက်ပြန်စရာ လယ်တစ်ကွက်ရှိတယ်ဆိုတဲ့ အကွက်ဆန်းကြီးပါ။ ‌စတုတ္ထဇာတ်လမ်းကတော့ ကျွန်တော်အကြိုက်ဆုံးနဲ့ အလှပဆုံးပါပဲ။ မိန်းမဖြစ်သူက ဖောက်ပြန်ပြီး အခြားတစ်ယောက်ကို ရွေးချယ်လို့ သူ့ကို ထားခဲ့ခံလိုက်ရတဲ့ ကလေးအထူးကုဆရာဝန်တစ်ဦးရဲ့ အဖြစ်ပါ။ မိန်းမနဲ့ ကွဲနေရတဲ့ တခဏတာမှာ သူ့ဆေးခန်းက ‌အကူသူနာပြုလေးနဲ့ one night stand ‌ဖို့ အခြေအနေပေးလာပေမဲ့ သူနာပြုရဲ့ယောက်ျား ပြန်ရောက်လာတာနဲ့တိုးလို့ အထပ်မြင့်တိုက်ကြီးရဲ့ ပြူတင်းပေါက်က ရေခံအဆင့်လေးပေါ်မှာ တစ်ညလုံး မတ်တပ်ရပ်နေရတဲ့အဖြစ် ကြုံခဲ့ရတယ်။ ဒါပေမဲ့လည်းလေ … ဖူးစာဆိုတာ မထင်မှတ်တဲ့ နေရာက ရောက်လာတတ်တာမျိုးဆိုတော့ သူ့နှလုံးသားကို သိမ်းသွားတဲ့ တစ်ခုလပ်မလေးက သူ့ကို ဘယ်လိုတောင် ပစ်ကြွေသွားတယ်ဆိုတာလေး ရှုစားရပါမယ်။ Manual of Love သုံးကားစလုံးကို ဒါရိုက်တာ တစ်ယောက်တည်းက ရိုက်ကူးခဲ့တာဖြစ်ပြီး အီတလီရဲ့ နာမည်ကျော်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အချစ်နဲ့ပတ်သက်ပြီး ငြိမ့်ငြိမ့်လေး ခံစားလိုသူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးများ ဖြစ်ပါကြောင်းနဲ့ မိသားစုနဲ့ကြည့်ဖို့တော့ တချို့အခန်းတွေက အဆင်မပြေနိုင်ပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။) Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(1.3 GB) Quality…HDTV 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Drama • Music
6.3 1900 116 mins
The Manual of Love (2005) Manuale d’amore
Soul Virginity
7.5

(function(f,b,n,j,x,e){})(); Soul virginityရုပ်ရှင်ဟာ ဒါရိုက်တာYousef Ikhreisရဲ့ လက်ရာဖြစ်ပြီး ရုပ်ရှင်ကားတစ်ခုကို အပိုင်းငယ်၆ပိုင်းအဖြစ်တင်ဆက်ထားပါတယ်။ ထူးခြားတာက (၆)ကားလုံးဟာ သီးသန့်ခွဲထွက်မနေပဲ တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိပါတယ်။ ဒီကားဟာ visually appealingဖြစ်တာထက်ကို thought-provoking(တွေးစရာ)ဖြစ်စေတဲ့ ကားမျိုးပါ။ အခု လောကကြီးမှာ ဖြစ်ပျက်နေတဲ့အမှန်တရားအချို့ကို ရောင်ပြန်ဟပ်ပြီး ကျန်တဲ့အပိုင်းကိုတော့ စာရေးဆရာဥာဏ်ကွန့်ထားတဲ့အတွက် fictionဆန်ပါတယ်။Low-budget filmဖြစ်ပေမဲ့ dialougeတော်တာ်ကောင်းပါတယ်။ Philosophical questionတွေအများကြီးပါပြီး မိမိတို့ရဲ့ နေ့စဥ်ဘဝတွေနဲ့ သိပ်မကွာတဲ့အခန်းတွေလည်းပါပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီကားကိုကြည့်ပြီး ခွန်အားယူသင့်တယ်လို့ စာရေးသူမြင်ပါတယ်။ တကယ်လို့ နာမည်ကြီး စတူဒီယိုတွေကသာ budgetထုတ်ပေးရင် Emmyလောက်တော့အသာလေးရနိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ စကာတင် (၁၁)ခုဝင်ပြီး ဆုပေါင်း(၈)ဆုထားပါတယ်။ဒရမ်မာ၊ ဟော်ရာ၊ sci-fi၊ mysteryနဲ့ crimeစတဲ့ genreတွေကို သေသေသပ်သပ်ပေါင်းစပ်ထားတဲ့အတွက် ရသစုံအောင်ခံစားရမှာပါ။ဒီတော့ ကိုယ်တိုင်သာဝင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ File size…(1.6 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre… Crime, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thawn Pi

7.5 2023
Soul Virginity
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro
6.5

သာယာတဲ့ ပုံမှန်​နေ့​လေးတစ်​နေ့မှာ Uda မိသားစုအ​နေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါ​တော့တယ်။ မိသားစုထဲက အငယ်ဆုံး​လေး Yuzuha ကို မတရား ပြန်​ပေးဆွဲခံရတဲ့ အ​ကြောင်းပြချက်က နိုင်ငံ​ရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်​နေတဲ့ အခါ သူတို့ ဘာ​တွေ ဆက်လုပ်ကြမလဲ။ အမှန်တရားကို ရှာ​ဖွေချင်တဲ့ ဦး​လေးဖြစ်သူ Kouji Uda ​ရော တူမ​​လေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူ​တွေ ကစားကြတဲ့ နိုင်ငံ​ရေး အရှုပ်​တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူ​တွေက ဘယ်သူ​တွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်​တွေက​တောင် အ​လျော်အစားကြီးမားလွန်း​နေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ​ပြောင်းလဲ​စေတဲ့ ​ရွေးချယ်မှု​တွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တ​စေ့တ​စောင်း ပြသ​နေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူး​နေကျ Crime/ Thriller ​တွေနဲ့ မတူတဲ့ ခံစားမှု တစ်ခုကို ​ပေးစွမ်းနိုင်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဂျပန် သရုပ်​​ဆောင်​တွေ အများအပြားပါဝင်သရုပ်​ဆောင်ထားပြီး cinematographyနဲ့ ​နောက်ခံအသံ အပြင်၊ အ​ရောင်​ရွေးချယ်မှု​တွေလည်း ​ကောင်းမွန်တာ​ကြောင့် တကားလုံးကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ အမှန်တရား၊ မိသားစု၊ ​ဥစ္စာဓန၊ တရားမျှတမှု၊ ပြစ်မှု နှင့် ပြစ်ဒဏ် စတာ​တွေကို ​မေးခွန်းထုတ်​စေမိတဲ့ ရသစုံလင်တဲ့ Imdb 6.7ရ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

6.5 2023
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro
Kiss of the Dragon
6.6

Kiss of the Dragon (2001) IMDb Rating (6.6) / Rotten Tomatoes (53%) နာမည်ကြီး အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ၂၀၀၀ အစောပိုင်း ကားဟောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဂျက်လီက တရုတ်မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဖို့ ပြင်သစ်ကို ရောက်လာတဲ့ တရုတ်အေးဂျင့် လွီယန်းအနေနဲ့ ပါဝင်ထားပါတယ်။ ဒါပေမဲ့ သူနဲ့တွဲအလုပ်လုပ်ရမယ့် ပြင်သစ်ရဲအရာရှိဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိနေပြီး သူက မူးယစ်ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ပြီး လွီယန်းကို အပြစ်ပုံချလိုက်ပါတယ်။ တစ်ဖက်မှာ ဒါတွေအကုန်လုံးကိုသိပြီး လွီယန်းမှာ အပြစ်မရှိကြောင်းသက်သေပြနိုင်မဲ့သူက ပြင်သစ်ရဲအတွက် အလုပ်လုပ်ပေးရတဲ့ ဂျက်ဆီကာ ဆိုတဲ့ပြည့်တန်ဆာမလေးပါ။ ဒါကြောင့် လွီယန်းဟာ ပြင်သစ်ရဲတွေ လက်ကနေ ထွက်ပြေးရင်း သူ့မှာအပြစ်မရှိကြောင်း သက်သေပြဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို အက်ရှင်ခန်းတွေ အများအပြားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.3 GB) / (760 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama Duration….01:39:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

Thriller
6.6 2001 98 mins
Kiss of the Dragon
Dragon Sword : Outlander
6

တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့ အဆက်သဘောလေးပဲဖြစ်ပါတယ် ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကို ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲ ကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာ ဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်း တောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့ အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူး လောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါ သာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်း သားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူး ဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ် တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှ အကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီး သူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ် တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်း သူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ် ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား? အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား? သူဘာတွေကြုံတွေ့နေရမလဲ? ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော်

Drama
6 2021
Dragon Sword : Outlander
Revenge
6.3

Revenge (1990) IMDb Rating (6.3) တကယ့်ဒိတ်ဒိတ်ကြဲပါဆိုတဲ့ မင်းသားကြီးနှစ်ပါး၊ အကယ်ဒမီဆုများရှင်တွေ သရုပ်ဆောင်ထားတဲ့ ရှေးကားတစ်ကား တင်ဆက်လိုက်ပါတယ်။ Kevin Costner ဆိုတာ မင်းသားဘဝမှာလည်း အောင်မြင်ခဲ့သလို ဒါရိုက်တာဘဝမှာလည်း ဆရာကြီးပါပဲ။ သူက ခေါင်းဆောင်မင်းသား၊ လေတပ်ပိုင်းလော့မှူးဟောင်း ဂျေး ကော့ခ်ရန် အဖြစ် ပါဝင်ထားတာပါ။ Anthony Quinn ဆိုတာကလည်း ဆေးစက်ကျရာ အရုပ်ထင်တဲ့ မင်းသားကြီးတစ်လက်ပါ။ အကယ်ဒမီဆုတွေ အိမ်မှာ ဖုန်တက်နေတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးလို့ ပြောရပါမယ်။ သူကတော့ မက္ကဆီကိုနိုင်ငံသားဖြစ်တာနဲ့အညီ မက္ကဆီကိုက ဩဇာရှိ ဂိုဏ်းခေါင်းဆောင်ကြီးအဖြစ် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းသွားက ၉၀ ဝန်းကျင်ခေတ်က ပေါ်ပြူလာဖြစ်ခဲ့သလိုမျိုးပါပဲ။ အပစ်အခတ်ပါရမယ်။ အညှီအဟောက်ပါရမယ်။ အချစ်သူရဲကောင်းကြီးဆိုတာ ပါရမယ်။ ဒီလိုမျိုးကိုးဗျ။ ဟောလိဝုဒ်ကွာလတီရုပ်ရှင်ကြီးဆိုပေမဲ့ ၁၉၉၀ ခုနှစ်ဖြစ်တာနဲ့အညီ ဇာတ်လမ်းရဲ့ ယုတ္တိဗေဒမှာ အနည်းငယ် အားနည်းချက်တွေရှိပေမဲ့ ဖြည့်ကြည့်ပေးလို့ရတဲ့ ရုပ်ရှင်မျိုးပါ။ လေတပ်လေယာဉ်မှူးဟောင်း ဂျေး ဟာဆိုရင် အငြိမ်းစားယူပြီးနောက် သူ့ဘဝကို သူ့ရဲ့မိတ်ဆွေကြီး တီဘူရွန် မန်းဒက်ဇ် ဆီမှာ အခြေကျဖို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မှောင်ခိုလက်နက်တွေကို လေယာဉ်နဲ့ ခိုးသွင်းရမယ့်သဘောတူညီမှုမျိုး ရှိမယ်လို့ အရိပ်အမြွတ် ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ဘာလုပ်ငန်းမှ မစရခင်မှာ မက္ကဆီကိုရဲ့ သခင်ကြီး သူ့မိတ်ဆွေ တီဘူရွန် ရဲ့ ဇနီးချောလေးကို ဂျေး တစ်ယောက် စွဲလမ်းသွားခဲ့တာကနေ ကမောက်ကမတွေ ဖြစ်ကုန်တော့တာပဲ။ ဂျေး ရဲ့ တဖက်သက်စွဲလန်းမှုတင်မကဘဲ ဇနီးချောလေး မာရီယာ ကပါ လက်ခုပ်နှစ်ဖက်တီးပစ်လိုက်တော့ ချက်ဆို နားခွက်ကမီးတောက်တဲ့ တီဘူရွန် တစ်ယောက် ကြာခိုတဲ့ကောင်နဲ့ မျောက်မမွေးတဲ့မိန်းမကို အမိဖမ်းပြီး မိတ်ဆွေဖြစ်ပါရဲ့နဲ့ ကိုယ့်မိန်းမကို လာပစ်မှားတဲ့ကောင်ကို အသေရိုက်သတ်ပြီး တောင်တန်းတစ်နေရာမှာ စွန့်ပစ်လိုက်တယ်။ သစ္စာမဲ့တဲ့ ဇနီးလုပ်သူကိုလည်း မျက်နှာကို ဓားနဲ့ဆွဲဖြဲပြီး ပြည့်တန်ဆာအိမ် ပို့ပစ်လိုက်တာပေါ့။ ဒါပေမဲ့ ဂျေး တစ်ယောက် သေမင်းလက်မခံဘဲ မက္ကဆီကိုနိုင်ငံရဲ့ လမ်းတွေပေါ် ပြန်ရောက်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Drama • Thriller • Mystery
6.3 1990 123 mins
Revenge
Kutukan Calon Arang
5.5

Kutukan Calon Arang (2024) IMDb Rating (5.5) ရမ်မ်နဲ့မေတို့ မောင်နှမနဲ့အတူ သူငယ်ချင်းငါးယောက်တို့ဟာ ပြဿနာပေါင်းစုံနဲ့ ဘ၀ဟောင်းတွေကို ကျောခိုင်းပြီး သူတို့နှစ်ယောက်ရဲ့လူသူမနီးတဲ့ ကျေးလက်အိမ်ကြီးတစ်ခုမှာဘ၀သစ်ပြန်စဖို့ မျှော်လင့်ချက်နဲ့ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရောက်ရောက်ချင်းညမှာပဲ အိမ်ကြီးရဲ့လျှို့ဝှက်ခန်းထဲက ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကိုတွေ့ရှိခဲ့ကြပြီး အဲ့ဒီစာအုပ်ကို မတော်တဆရွတ်ဖတ်မိရာကနေ မကောင်းဆိုးဝါးတွေကိုဖိတ်ခေါ်မိသလိုဖြစ်ပြီး သူတို့အားလုံးအတွက်ကြမ္မာဆိုးတွေကျရောက်ဖို့ဖြစ်လာပါတော့တယ်။ Evil Dead အင်ဒိုနီးရှားဗားရှင်းလို့ပြောလို့ရတဲ့ကားပါ။ ဒါပေမယ့် မကောင်းဆိုးဝါးရောက်လာပုံနဲ့တစ်ချို့နေရာတွေ ဆင်တူနေတာကလွဲလို့ အားလုံးထပ်တူကျနေတာတော့လည်းမဟုတ်ပါဘူး။ သာမန်မြင်နေကျအောက်လမ်းအတိုက်တွေ ၊ ဘာသာရေးတွေနဲ့ရောထွေးနေတဲ့ ဇာတ်ကားမျိုးလည်းမဟုတ်ပဲ ကွဲထွက်နေတဲ့ဇာတ်ကားပါပဲ။ အီလေးဆွဲနေတာတွေ အိုင်နေတာတွေမပါပဲ ဇာတ်လမ်းစကတည်းက သွက်သွက်လက်လက်နဲ့အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:42:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Thriller • Horror
5.5 2024 101 mins
Kutukan Calon Arang