YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kiseki.Sobito.of.That.Day.2017.1080p.CM.mp4

1.74 GB 1080p video/mp4 251 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Starving Games
4.2

The Hunger Games ရုပ်ရှင်စီးရီးကိုတော့ တော်တော်များများရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ ခရိုင် ၁၂ခုကနေ ယောက်ျားလေးတစ်ယောက် မိန်းကလေး တစ်ယောက်စီ ရွေးချယ်ခံရပြီး ကစားပွဲထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အထိ တိုက်ခိုက်ရတဲ့ ဂိမ်းမျိူးပါ။ ယခုတင်ဆက်ပေးလိုက်တဲ့ The Starving Gamesကတော့ The Hunger Gamesကို parodyအဖြစ် သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်လမ်း အတိုင်းကိုမှ မထင်မှတ်ထားတဲ့ ဟာသတွေ အများကြီး ထည့်ထားတဲ့ အခွီဇာတ်ကားပဲဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ဇာတ်လိုက်မင်းသမီးဟာ သူ့ညီမဖြစ်သူ ဂိမ်းကစားဖို့အရွေးချယ်ခံလိုက်ရတာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူ သူ့ညီမကိုယ်စား ဝင်အရွေးခံခဲ့ရာကနေ ဇာတ်လမ်းစပါတယ်။ ဒီလိုနဲ့ ဂိမ်းထဲမှာ ဘယ်လိုတလွဲတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟာသပေါင်းစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File size…2.29GB / 1.01GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 23m Genre ..... Adventure , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

Drama • Romance
4.2 2013 83 mins
The Starving Games
Twelve Nights
6.7

The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 32Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.7 2000 92 mins
Twelve Nights
The Dark and the Wicked
6.1

IMDb...6.5 Louiseနဲ့ Michaelတို့ မောင်နှမနှစ်ယောက်ဟာ နာမကျန်းဖြစ်တဲ့ဖခင်ကို ပြုစုဖို့ လယ်တဲအိမ်လေးကို ပြန်လာခဲ့ကြတယ် မိခင်ဖြစ်သူဟာ သူတို့ကို မြို့ပြန်ဖို့အကြိမ်ကြိမ်ပြောပြီး  ဘယ်လောက်တောင်စိတ်ထိခိုက်မှုတွေရှိနေလဲမသိ... အဲ့ဒီညမှာပဲ ဆွဲကြိုးချသတ်သေကာ အဆုံးစီရင်သွားတယ်.... ဒီမောင်နှမဟာ အိမ်ကိုပြန်ရောက်ပြီးနတ်ဆိုးတစ်ကောင်ရဲ့ ထိတ်လန့်ဖွယ်ရာအခြောက်ခံရပါတော့တယ်... ကြည့်ရတာ ဒီနတ်ဆိုးကြောင့်ပဲမိခင်ဖြစ်သူ အဆုံးစီရင်သွားပုံရပါတယ်... ဒီနတ်ဆိုးကရော ဘာကြောင့် ခြောက်လန့်နေရတာလဲ... ဒီမောင်နှမ(၂)ယောက်ကရော အဲ့ဒီဒဏ်တွေကိုကျော်လွှားရင်ဆိုင်နိုင်ပါ့မလား.. နတ်ဆိုးရဲ့ရည်ရွယ်ချက်အမှန်ကဘာလဲ... မောင်နှမ(၂)ယောက်ကရော ဒီနတ်ဆိုးကို နှိမ်နှင်းနိုင်ဖို့နည်းလမ်းရှိပါ့မလား... Horrorကားကောင်းကြည့်သူတို့လက်မလွှတ်သင့်ပါကြောင်းး.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်.... File Size :(896MB) and (337MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae

Crime • Drama • Mystery
6.1 2020 95 mins
The Dark and the Wicked
Chip ‘n Dale: Rescue Rangers
7.3

Chip ‘n Dale: Rescue Rangers (2022) ~ IMDb – 7.3/10, Rotten Tomatoes – 79% ~ Chip ‘n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating – 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip ‘n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size – 1.51GB, 853MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 37Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Family • Fantasy • Music
7.3 2022
Chip ‘n Dale: Rescue Rangers
Gooische Vrouwen 2
5.9

Gooische Vrouwen 2 (2014) ==================== IMDb Rating – 5.9/10 (ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်) ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။ အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size……….(1.74 GB) / (765 MB) / (452 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 46Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Kaung Paing Encoder……….SWM

Thriller • TV Movie
5.9 2014
Gooische Vrouwen 2
The Cat Returns
7.1

The Cat Returns (2002) =================== Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။ အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။

7.1 2002
The Cat Returns
Mast Mein Rehne Ka
8

Mast Mein Rehne Ra (2023) သူခိုးများရဲ့ည IMDb – 8.0/10 နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် တိုက်ဂါးရှရော့ဖ်ရဲ့ ပါပါး မင်းသားကြီး ဂျက်ကီရှရော့ဖ်နဲ့ မင်းသမီးကြီးနီနာဂုပတာတို့ပါဝင်ထားပြီး Gully boy(2019)မှာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဒိုင်ယာလော့တွေကိုရေးပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာ သရုပ်ဆောင် ဒါရိုက်တာကြီး ဗီဂျေးမာရူယာက ရိုက်ကူးထားတာပါ။ အထူးအနေနဲ့ကတော့ ဘောလိ၀ုဒ်ရဲ့ နာမည်ကျော်အကဆရာမဖြစ်တဲ့ ရာခီဆာဝန့်က cameoပါဝင်ထားပါတယ်။ ဖြစ်ရပ်တွေက အချိန်မတိုင်ခင်ဖြစ်တယ် အချိန်တိုင်ပြီးလည်းဖြစ်တယ် ဘာလို့ အချိန်မှန်ကျ မဖြစ်ရတာလဲ… ဆက်နွှယ်မှုဆိုတာဘာလဲသိလား ဆက်နွှယ်မှုဆိုတာဒီလောကကြီးမှာ အန္တရာယ်အရှိဆုံးအရာတစ်ခုပဲ လူတစ်ယောက်နဲ့ ဆက်နွှယ်မိသွားရင် မင်းရဲ့မာနတွေ အကုန်ခဝါချရလိမ့်မယ်။။ တစ်မြို့ထဲမှာပဲကိုယ်စီအခက်အခဲတွေနဲ့ ဘဝလေးခု -အထီးကျန်လွန်းလို့ ဘဝကြီးကိုစိတ်ကုန် အိမ်ဝင်ခိုးတဲ့သူခိုးကိုတောင်သတ်သွားပါလို့တောင်းပန်နေရတဲ့ အထီးကျန်အားငယ်နေရတဲ့အဘိုးကြီးတစ်ယောက် -နိုင်ငံခြားကနေ အမိနိုင်ငံကိုပြန်လာပေမဲ့ ခြွေရံပေါင်းသင်းမရှိ ပတ်ဝန်းကျင်နဲ့ခင်မင်ရင်းနှီးချင်လွန်းတဲ့ နိုင်ငံခြားပြန်အဘွားကြီးတစ်ယောက် -ရိုးသားကြိုးစား စက်ချုပ်စားပေမဲ့ ကံကြမ္မာမျက်နှာသာမပေးခံရတဲ့ စက်ချုပ်သမားလေးတစ်ယောက် -ကြမ်းတမ်းတဲ့လောကဓံအကြား ဘဝကိုဒေါင်ကျကျပြားကျကျ အကောင်းဆုံးရှင်သန်နေတဲ့ကောင်မလေးတစ်ယောက် အဘိုးကြီးနဲ့အဘွားကြီး စက်ချုပ်သမားနဲ့ကောင်မလေး ဒီအတွဲနှစ်တွဲဆုံတွေ့ကြပုံကလည်းထူးဆန်းသလို အချင်းချင်းဖေးမရင်းဘဝကိုဖြတ်သန်းကြပုံကလည်း ရိုးရှင်းလှပနေတဲ့ဇာတ်လမ်းတစ်ပုဒ် ဒီအတွဲ၂တွဲတို့ရဲ့ အချစ်ဇာတ်လမ်းကိုကြည့်ရင်း Timing ဆိုတာ လက်တွေ့ဘဝမှာ အရေးကြီးကြောင်း Timing မကိုက်တဲ့ဇာတ်လမ်းတွေက နောင်တတွေနဲ့သာအဆုံးသတ်ရတတ်ကြောင်းကို မျက်ဝါးထင်ထင်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~Yunni ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Mast Mein Rehne Ka
Stargate: The Ark of Truth
7.2

ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇က​နေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က အ​တော်​လေးကျယ်ပြန့်သလို IMDb 7.2နဲ့ RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။ SG-1ဆိုတာ ကမ္ဘာ​​မြေရဲ့ အာကာသရန် ကာကွယ်​ရေးတပ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ အဓိကရန်သူ​တွေက​တော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့ စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ​ဂြိုဟ်နဲ့ တခြားဂြိုဟ်​တွေကို Supergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ ဇာတ်လမ်းအစမှာ​တော့ SG-1အဖွဲ့​တွေဟာ အာ့ခ်လို့​ခေါ်တဲ့ ပစ္စည်း တစ်ခုကို ရှာပုံ​​တော် ဖွင့်​နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်​တွေရဲ့ အစွမ်း​တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ ဒါ​ကြောင့်လည်း အော်ရိုင်​တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့ ​နောက်လိုက်တိုမင် ​ခေါင်း​ဆောင်တဲ့ စစ်တပ်ကို​စေလွှတ်ရင်း နှစ်ဖွဲ့ ထိပ်တိုက်​တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်​တွေကြား တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ File size…2.18GB / 1.06GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Horror
7.2 2008
Stargate: The Ark of Truth
[18+] Night of the Bastard

ဒီရုပ်ရှင်ကတော့ ရှယ်သတ်တဲ့ရုပ်ရှင်ပါ။ သတ်တာမှ စ လယ် ဆုံး တကားလုံးထိုင်သတ်နေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကီရာတို့သူငယ်ချင်းသုံးယောက်ဟာ ကန္တရထဲမှာ ညဖက် ပျော်ပွဲစားထွက် စခန်းချဖို့ ရောက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ ကန္တာတနေရာမှာ လူထူးဆန်းတစုဟာ မီးပုံကြီးဘေးမှာ ဝိုင်းဖွဲ့ပြီး ထူးထူးဆန်းဆန်းအရာတွေကိုလုပ်နေကြတာကိုမြင်လိုက်ရပြီး သွားပေါင်းကြဖို့ဆုံးဖြတ်လ်ြုကြပါတယ်။ ဒါပေမဲ့ ဒီလူတစုဟာ သာမန် စခန်းချ မီးဖိုဖိုနေတဲ့လူတွေမဟုတ်ဘဲ အောက်လမ်းကျင့်စဉ်တခုကို ပြုလုပ်နေကြတာကို သိလိုက်ရတဲ့အချိန်မှာတော့ ကီရာတို့အတွက် သိပ်နောက်ကျသွားပါပြီ။ နတ်ဆိုးကိုးကွယ်သူတသိုက်ဟာ ကီရာတို့ကိုလိုက်လံအန္တရာယ်ပြုတာကြောင့် ခြေဦးတည့်ရာကိုပြေးရင်း ကီရာဟာ ရိဒ်ဆိုတဲ့ ကန္တာရထဲမှာ တဦးတည်းနေထိုင်တဲ့ လူကြီးဆီကိုရောက်သွားပါတယ်။ အောက်လမ်းဆရာတသိုက်ဟာ ကီရာကိုအလွတ်မပေးဘဲ ရိဒ်ရဲ့အိမ်ရှေ့ထိရောက်ပြီး ရိဒ်ရဲ့အိမ်ထဲကိုပါဖောက်၀င်ပြီး အသက်အန္တရာယ်ပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ရိဒ်နဲ့ကီရာဟာ ဒီလူထူးဆန်းတွေဆီကနေ လွတ်မြောက်ပါ့မလား၊ လူသူကင်းမဲ့နေတဲ့ ကန္တာရအလယ်မှာ တညတာကို ရှင်သန်အောင် ဘယ်လိုကျော်ဖြတ်ဖို့ ကြိုးစားကြမလဲ၊ ဒီအောက်လမ်းဆရာတွေကရော ကီရာနဲ့ရိဒ်ကိုသတ်ဖြတ်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဘယ်လိုနည်းတွေနဲ့အကြမ်းဖက် တိုက်ခိုက်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

Drama
0 2022 82 mins
[18+] Night of the Bastard
Passion
5.3

ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။ စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦး ဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာဆိုရင် သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့် The notebooks တို့ Mean Girls တို့မှ မင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှ သစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါ ပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့ လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကို Thriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲ အကြံပေးလိုက်ပါတယ်ခင်ဗျာ File size… 1.1 GB / 657 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Moe Zac

Comedy • Romance
5.3 2013
Passion
Miss Peregrine’s Home For Peculiar Children
6.7

2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 6.7 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ…လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:07:00 Genre… Adventure, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

Adventure • Action • Science Fiction
6.7 2016
Miss Peregrine’s Home For Peculiar Children
Hum Chaar
5.8

Hum Chaar (2019) ဘဝတစ်ကွေ့ IMDb 5.7/10 ဇာတ်လမ်းပုံစံမြူးမြူးကြွကြွလေးနဲ့ကောလိပ်ဆေးကျောင်းသားအချစ်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါမယ် ဆေးကျောင်းတက်နေကြတဲ့မတည့်အတူ‌နေသူငယ်ချင်းသုံးယောက် နမ်မစ်၊အဘီယာနဲ့ဆိုဂျူးတို့ ဆေးကျောင်းမှာဗရုတ်ကျနေကြရင်း တစ်ရက်တော့ ဆေးကျောင်းကို မန်ဂျယ်ရီဆိုတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။ မကြာခင်မှာပဲသူတို့သုံးယောက်လုံး ကောင်မလေးနဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါပေမဲ့လည်းသုံးယောက်လုံးကမန်ဂျယ်ရီအပေါ်ခံစားချက်ရှိနေတာကိုသိပြီးကြပြီးနောက် သူမမွေးနေ့မှာပဲတစ်ပြိုင်တည်းအချစ်ကိုဖွင့်ဟပြီး သူမချစ်တာဘယ်သူလဲဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ‌ မန်ဂျယ်ရီကမူးမူးရူးရူးနဲ့သုံးယောက်လုံးကိုအဖြေပြန်ပေးလိုက်မိပြီး နောက်ရက်‌ေရာက်တော့ဘာမှမမှတ်မိတော့ပါဘူး ကောင်လေးတစ်ယောက်ကအဲဒီညကအဖြစ်ကိုရိုက်ထားတဲ့ဗီဒီယိုကို YouTube မှာတင်လိုက်တော့ သူငယ်ချင်းသုံးယောက်ပြဿနာတက်ကြရင်းထိုကောင်လေးအပါ်ကို chemical ဆေး‌ရည်တွေမှောက်ကြကုန်ရင်း အချင်းပိုပွားလာကြကာ တစ်ယောက်နဲ့အပြီးတိုင်တစ်ယောက်လမ်းခွဲလိုက်ကြပါတော့တယ်။ လေးနှစ်ကြာပြီးနောက်သူငယ်ချင်း‌လေးယောက် အချင်းချင်းပြန်တွေ့ကြတဲ့အချိန်မှာတော့……. (အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Bollywood Team မှ ဖြစ်ပါတယ်)

5.8 2019
Hum Chaar
Treasure Hunting : The Palace of the North Hell
5.9

ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။ အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ…… ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ…… ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Action • Thriller
5.9 2024
Treasure Hunting : The Palace of the North Hell
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love