YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kiseki in Tokyo Chapter 2 Episode 01 720p CM.mp4

225.2 MB N/A video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raging Fire
7

ယခုတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မူးယစ်နှိမ်နင်းရေးကားလေး တစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ - ပင်းဟိုင်မြို့ မူးယစ်တပ်ဖွဲ့ကို မူးယစ်ရောင်းဝယ်နေတယ်ဆိုပြီး တိုင်ကြားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ချီဝေပင်းက အဖွဲ့ဝင် ၆ ယောက်နဲ့အတူ စစ်ဆေးစုံစမ်းမှုတွေ လုပ်ပါတော့တယ်။ အစပိုင်း အစီအစဉ်တကျ ဖြစ်ခဲ့ပေမဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်ပြီး ချီဝေပင်းက မူးယစ်ဂိုဏ်းထဲကို တစ်ယောက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တပ်ကူတွေ ရောက်လာပြီးမှ မူးယစ်ထုတ်လုပ်တဲ့ နေရာကို အပြတ်ရှင်းခဲ့ပါတယ်။ သို့သော် အဓိက ခေါင်းဆောင် တွမ့်မျိုးနွယ် ညီအစ်ကို နှစ်ယောက်ကတော့ လွှတ်သွားခဲ့ပြီး သူတို့က ကလဲ့စားချေရန် စတင် ကြံစည်ကြပါတော့တယ်။ ထိုညီအစ်ကို နှစ်ယောက်က ရာဇဝတ်မှုတွေကို ဘယ်လို ရက်စက်စွာ ကျူးလွန်ကြမလဲ...... ချီဝေပင်းတို့ အဖွဲ့ကရော ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ...... ဆိုတာတွေကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ဦးနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

7 2023
Raging Fire
The Gift
7

The Gift (2015) ~ IMDb – 7/10, Rotten Tomatoes – 91% ~ ဇာတ်ကားနာမည်က “လက်ဆောင်” တဲ့။ ဘာလက်ဆောင်လဲဆိုတော့ ဇာတ်ဆောင် လင်မယားနှစ်ယောက် အိမ်အသစ်ကို ပြောင်းလာကြတယ်။ အဲဒီမှာ ယောက်ျားရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အဲဒီသူငယ်ချင်းက လက်ဆောင်တွေ ဇွတ်လာပေးနေတာပါပဲ။ အိမ်ကို လူမရှိတဲ့အချိန်ဝင်ပြီး လက်ဆောင်ပေးတတ်သေးတယ်။ တကယ်ကို ကြောင်တောင်တောင်ကောင်ပါပဲ။ မိန်းမဖြစ်သူကတော့ သဘောကောင်းတယ်ဆိုပြီး ခင်ပေမဲ့ ယောက်ျားဖြစ်သူကတော့ ခါးခါးသီးသီးဖြစ်နေပါတယ်။ သူတို့ငယ်သူငယ်ချင်းတွေ… ငယ်ငယ်က ဘယ်အကြောင်းတွေကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပါ။ ဒါပေမဲ့ ဇာတ်ကားနာမည်လက်ဆောင်ဆိုတာက အဲဒီလက်ဆောင်တွေထက် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စကားပြောနိုင်တဲ့ အစွမ်းကို ရည်ညွှန်းတယ်ထင်ပါတယ်။ အဲဒီလက်ဆောင်က သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ ပြချင်တဲ့ စိတ်ဝင်စားစရာ Thriller, Mystery ဇာတ်ကားလေးတစ်ကားပေါ့။ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း နှယ်နှယ်ရရတွေမဟုတ်ပါဘူး။ Ozark နဲ့ ကျွန်တော်တို့သိကြမယ့် မင်းသားကြီး Jason Bateman တင်မကဘဲ The Great Gatsby က မင်းသားကြီး Joel Edgerton ကလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ဒါရိုက်တာလုပ်ထားတာပါ။ ဂျွန်နီဒပ် ရဲ့ Transcendence မှာ ပါခဲ့တဲ့ အတော်လေးကို ကျက်သရေရှိရှိလှတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မမ Rebecca Hall လည်း ပါသေးရုံမက Rating တွေကလည်း မြင့်နေသေးတော့ တကယ့် ရှယ်ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 875MB, 505MB Quality – 1080p, 720p, 480p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7 2015 108 mins
The Gift
Dumb Money
6.9

Dumb Money (2023) =============== IMDb Rating – 6.9/10 Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ် ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာ တင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွား ကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင် လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေ ကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ် ပုဒ်ပါပဲ။ ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ် ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ် တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Live လွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေ ကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပါ။ တစ်ဖက်မှာလည်း ဂုတ်‌သွေးစုပ်ကုမ္ပဏီပိုင်ရှင်တွေက ရှယ်ယာဈေး တွေပြန်ကျအောင် အကြိတ်အနယ်တွေ ကြိုးစားနေကြပါပြီ။ ပြိုင်ပွဲတွေရဲ့ ထုံးစံ အတိုင်း အနိုင်ရသူကတော့ တစ်ယောက်တည်းပဲ ရှိရမှာပါ။ ဒါဆို ဒီရှယ်ယာက စားတဲ့ ပြိုင်ပွဲရဲ့ အဆုံးသတ် အနိုင်ရရှိသူက ဘယ်သူတွေဖြစ်မလဲ။ ခေါင်တွေကျန် ခဲ့မလား တက်စားခံလိုက်ရမလား ဆိုတာကတော့ အဆုံးထိကြည့်မှပဲ သိရပါလိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.09 GB) / (471 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Comedy, Drama Translator…….May Thet Khine Soe Encoder……….SWM

6.9 2023 105 mins
Dumb Money
Hardcore Never Dies
6.9

နယ်သာလန် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jim Taihuttu ရဲ့လက်ရာကောင်းလေးဖြစ်တဲ့ Crime ဇာတ်ကားလေး တစ်ကားပါ 2022 မှာ Do Not Hesitate ဇာတ်ကားနဲ့ Best Leading Role ဆုရထားတဲ့ မင်းသား Joes Brauers နဲ့ 2018-21 မှာထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Joardy Season မှာ Honorable Mention Television Award ရရှိခဲ့တဲ့ မင်းသား Jim Deddes တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မိုက်ကယ် နဲ့ ဒန်နီ တို့နှစ်ယောက်ဟာ အကျင့်ရော၊ စာရိတ္တ ရော ဘာဆိုဘာမှ မတူနဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့ အစ်ကိုဖြစ်သူ ဒန်နီ ကမိဘတွေက မနိုင်တော့လို့အိမ်ပေါ်ကနေကန်ချထားတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်တဲ့သူပေါ့ ညီဖြစ်သူကတော့ စန္ဒယားအတီးသင်ပြီး ပိုကောင်းတဲ့ဘဝဖြစ်နိုင်ဖို့ အချိန်ပိုင်းအလုပ်လေးလုပ်ပြီး ကြိုးစားနေတဲ့သူပေါ့ အဖေဖြစ်တဲ့သူက ညီဖြစ်သူ သူ့အစ်ကိုလို လမ်းမှားရောက်သွားမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ ထိန်းနေရတယ် တရက်တော့ အစ်ကိုဖြစ်သူရောက်လာပြီး သူ့အရောင်းအဝယ်ကိစ္စမှာတစ်ခါလောက်ကူညီပေးဖို့ အကူအညီတောင်းရာကနေ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ငွေကိုရေလိုသုံးနေတဲ့ သူ့အစ်ကိုရဲ့ဘဝကို တဖြည်းဖြည်းအားကျမိရာကနေ အဲဒီမူးယစ်ဆေးဝါးနွံထဲက ဘယ်လိုခက်ခက်ခဲခဲ ရုန်းထွက်မလဲဆိုတာကိုတော့………. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

6.9 2022 108 mins
Hardcore Never Dies
The Great Ice Siege
5.7

တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအယောင်ဆောင် လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။ တစ်နေ့မှာတော့ မြို့လေးကို လက်ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုက လူသတ်သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။ ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီး အင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီး ဉာဏ်များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့က မဆုတ်မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ ။

5.7 2024
The Great Ice Siege
Wings of Desire
7.9

Wings of Desire (1987) ~ IMDb – 7.9/10, RT – 95%, Meta – 79% ~ Directed by “Wim Wenders” လူများစုကတော့ Wim Wenders ကို လက်ရှိပူပူနွေးနွေးထွက်ထားတဲ့ ဂျပန်ရုပ်ရှင် Perfect Days နဲ့ ပိုရင်းနှီးနေကြလောက်မလားမသိဘူး။ ဒါပေမဲ့ ဝန်ဒါးရဲ့ မာစတာပိစ်ရုပ်ရှင်ဆိုရင်တော့ Wings of Desire လို့ပဲ ပြောကြရမှာပဲ။ တစ်နည်းပြောရရင် Wenders ကိုယ်တိုင်ထက် သူ့ရုပ်ရှင် Wings of Desire နဲ့ WoD ရဲ့ Remake ဖြစ်တဲ့ City of Angels ကိုတောင် လူသိပိုများရင် များလောက်မယ်။ ဘာပြောပြော Wings of Desire ဟာ Greatest Movies of All Time တွေထဲက တစ်ကားဖြစ်ခဲ့တယ်။ Wings of Desire နဲ့ ဝန်ဒါးဟာ Cannes မှာရော European Film Awards မှာရော အကောင်းဆုံး ဒါရိုက်တာဆု ရထားခဲ့တယ်။ ဇာတ်ရဲ့အကြောင်းအရာကိုပြောပြရင်တောင် ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီရုပ်ရှင်ကရတဲ့ စီးကူးမှုဟာလည်း ဇာတ်ရဲ့အကြောင်းအရာ ဟုတ်မနေဘူး။ တာကော့စကီးရုပ်ရှင် ကြည့်နေသရသလား ထင်မှတ်မှားရလောက်အောင် ရုပ်ရှင်ကို Poetic Narrations တွေ ကဗျာတွေ Poetic ဆန်တဲ့အပြတွေနဲ့ အသက်သွင်းထားတယ်။ စတိလောက် ဇာတ်အကြောင်းအရာပြောရရင်တော့ ဘာလင်မြို့က တမန်တော်တစ်ယောက်ရဲ့ လူတွေရဲ့ဘဝတွေကို မြင်နေရခြင်း၊ လူတွေရဲ့အတွေးတွေကို ကြားနေရခြင်းတွေကနေ အဲဒီလူတွေရဲ့ ဝေဒနာတွေ ခံစားချက်တွေကို စီးကူးမိနေတဲ့ အကြောင်းပဲ။ ပြောရရင် အဲဒီတမန်တော်ဟာ စစချင်းမှာ ဒီလူတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြားခံလိုမျိုးဖြစ်နေခဲ့တယ်။ သူ့ရှေ့က တမန်တော်ကားတွေမှာတော့ တမန်တော်တွေဟာ လူတွေဘဝရဲ့ အနည်းနဲ့အများတော့ ဝင်ရောက်စွက်ဖက် ပြုပြင်ပြောင်းလဲပေးနိုင်ပေမဲ့ Wings of Desire က တမန်တော်တွေကတော့ မြင်နေ ကြားနေ ဘေးက ကရုဏာသက်နေရုံကလွဲ ဘာမှမလုပ်ပေးနိုင်ဘူး။ It’s a Wonderful Life တို့လို ရုပ်ရှင်တွေထဲက တမန်တော်တွေကနေ ကွဲထွက်သွားတဲ့အရာပေါ့။ ပိုကွဲထွက်တာက ဒီမှာက တမန်တော်ဆိုတဲ့ ဖြစ်တည်မှုထက် လူရဲ့ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အရသာကို ခံစားနိုင်ခွင့်ရှိတာက ပိုအလေးသာကြောင်းပြောထားတာမျိုးတွေပဲ။ ကော်ဖီနဲ့စီးကရက်ကို တွဲဖက်သောက်သုံးရတဲ့ ဘာနဲ့မှမတူတဲ့အရသာမျိုးကို မင်းမြည်းစေချင်စမ်းတယ်ဆိုတာမျိုးတွေပေါ့။ ဘဝကို အရသာခံတယ်လို့ ပြောရမယ်။ ဒါက Perfect Days အရင်ကြည့်ထားတဲ့လူတွေဆို ကောင်းကောင်းသိမှာပဲ။ Perfect Days မှာ ရှင်သန်နေတဲ့ဘဝကို ကောင်းကောင်းကြီး အရသာခံပြထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေထဲမှာရော လိုကေးရှင်းမှာရော ဘာလင်တံတိုင်းကြီးလည်းပါထားတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးပေါ့။ ၁၉၆၁ကနေ စပိုင်းခြားထားတဲ့ ဒီတံတိုင်းကြီးဟာ Wings of Desire ထွက်ပြီး နှစ်နှစ်အကြာ ၁၉၈၉ မှပဲ ဖြိုချခဲ့တယ်။ Wings of Desire က တစ်ချို့လူတွေရဲ့ ဝေဒနာတွေဟာ ဒီပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးနဲ့ မကင်းတာကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီရုပ်ရှင်မှာ တမန်တော်တွေဟာ အရောင်တွေကို မမြင်နိုင်တဲ့အတွက် တမန်တော်ဘက်ခြမ်းအကုန်နီးပါးက အဖြူအမည်းနဲ့ပြထားပြီး နတ်သက်လျှောလူဖြစ်သွားတဲ့နောက် အရောင်နဲ့ပဲပြခဲ့တယ်။ စီနီမာတိုဂရပ်ဖာက Henri Alekan… သူလည်း သူ့ခေတ်ရဲ့ အကြီးကျယ်ဆုံး စီနီမာတိုဂရပ်ဖာတွေထဲပါတယ်။ ဒီရုပ်ရှင်ရဲ့ အပြတွေမှာ သူ့ကိုယ်ပိုင်တီထွင်မှုတွေနဲ့ ရိုက်ကူးထားတာတွေလည်း ပါခဲ့တယ်။ French New Wave ရဲ့ တစ်တပ်တစ်အားလည်းဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်အတွက် သူသုံးခဲ့တဲ့ Filter ကလည်း တော်တော်လန်းတယ် သူ့အဘွားရဲ့ စတော်ကင်အစုတ်ကြီး။ နောက် ဒီရုပ်ရှင်မှာ Nick Cave & the Bad Seeds တို့ရဲ့ Concert တစ်ခုပါတယ်။ ဝန်ဒါးအဆိုအရတော့ နစ်ကေ့ပွဲမပါဘဲ ဘာလင်ကို သူမရိုက်ပြနိုင်ဘူးလို့ဆိုတယ်။ နတ်သက်ကြွေ တမန်တော်တွေဟာ ဒီရုပ်ရှင်ထဲတင် အများကြီးရှိကြောင်းပြောခဲ့သလို ရုပ်ရှင်ရဲ့အဆုံးမှာ ဝန်ဒါးက ” Dedicated to all the former Angels, but especially to Yasujiro, François, Andrei ” လို့ အပိတ်စာတန်းထိုးထားခဲ့တယ်။ ဒီသုံးယောက်ကတော့ သူ သဘောအကျဆုံး အလေးစားဆုံး ဒါရိုက်တာတွေဖြစ်တဲ့ Yasujiro Ozu, François Truffaut နဲ့ Andrei Tarkovsky တို့တွေပါပဲ။ ဒီတော့ သူပြောချင်တဲ့ တမန်တော်ဆိုတာ တမန်တော်ဟုတ်ရဲ့လားလို့တော့ မေးခွန်းထုတ်စရာရှိနေလိမ့်မယ်။ ဝန်ဒါးဟာ အိုဇုကို တော်တော်ချစ်တာကြောင့်ပဲ ဂျပန်ကားကို ဂျပန်ကားစစ်စစ်ဖြစ်အောင် ရိုက်ပြနိုင်ခဲ့သလို Wings of Desire ကိုယ်တိုင်ကလည်း Tarkovsky ရုပ်ရှင်တစ်ကားကြည့်ရတဲ့ အငွေ့အသက်တော်တော်လေးရနေတဲ့ ရုပ်ရှင်ပါပဲ။ Truffaut ရုပ်ရှင်တွေလို လူတွေရဲ့ဘဝကို မြင်စေနိုင်စွမ်းမျိုးလည်းပါနေတယ်လို့ဆိုတယ်။ Wings of Desire ဟာ ပြန်ပြောပြဖို့တော်တော်ခက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော် ပြန်ပြောပြတတ်သလောက်ပြောရရင်တော့ ဝန်ဒါးရဲ့ သူချစ်တဲ့ဒါရိုက်တာတွေကို Homage ပေးပြီး သူချစ်တဲ့ပိုင်းခြားခံထားရတဲ့ဘာလင်ကို၊ သူချစ်တဲ့နာကျင်ကြေကွဲနေကြတဲ့ ဘာလင်က လူတွေကို၊ သူချစ်တဲ့ ရှင်သန်ခြင်းရဲ့အရသာကို ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 935MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 8Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1987 128 mins
Wings of Desire
Fuks 2
5.5

Fuks 2 (2024) ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ မာချက်ခ်၊ အန်နာနဲ့ ယူကာတို့ ပူးပေါင်းပြီး ဘိုင်ချောစကီးကို သူတို့လိုချင်တာတွေရဖို့အတွက် လိမ်ဖို့ ကြိုးစားကြပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Thriller
5.5 2024
Fuks 2
Life After Fighting
6.5

Life After Fighting ဇာတ်ကားဟာ ၂၀၂၄ ထွက် သြစတြေးလျ Action Drama ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ သြစတြေးလျရိုက်တာဆိုပေမဲ့ ရုပ်ရှင် အရည်အသွေးက ဟောလီဝုဒ်မှီပါတယ်။ ဇာတ်လမ်းလေးကို အမြည်းပြောရရင် အဲလက်စ်ဆိုတဲ့ ကမ္ဘာကိုယ်ခံပညာချန်ပီယံ သူ ကျန်းမာရေးကိစ္စတွေကြောင့် အနားယူပြီး ကိုယ်ခံပညာသင်တန်းဖွင့်နေတဲ့သူ တစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့သူမို့ သွေးတိုးစမ်းချင်သူတွေလည်း ရှိနေပါတယ်။ တစ်ရက်တော့ သူ့သင်တန်းက ကလေး ၂ ယောက် သူ့မိတ်ဆွေရဲ့ ကလေးအပါအဝင် သင်တန်းနားကနေ ပျောက်သွားခဲ့ပါတယ်။ ပြန်ရှာဖို့ ကြိုးစားရင်းပဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ လူတွေက ထင်ထားသလို ဟုတ်ပါ့မလား အဆုံးသတ်မှာ ဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်မှာလဲ စတာတွေကို တစ်ကားလုံး သေနတ်မသုံးဘဲ hand-to-hand တိုက်ခိုက်မှုတွေ တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကားကို ကြည့်ရင်း ငယ်ငယ်က ဂျက်ကီချန်းငယ်စဉ်က ကားတွေကိုတောင် သတိရမိစေပါတယ်။ ဒါကြောင့် အက်ရှင်ကြမ်းကြမ်း ကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့ လက်တို့လိုက်ပါရစေ..,… File size…2.37GB / 944MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama • Mystery • Horror
6.5 2024 126 mins
Life After Fighting
Jungle Chase
5.7

နယ်စပ်မြို့တစ်ခုက ဂိုဒေါင်အပျက်တစ်ခုမှာ စိတ်လှုပ်ရှားစရာ ဖမ်းဆီးမှု အစီအစဉ်ကြီးတစ်ခု စတင်နေပါတယ်။ အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ယွမ်ဟိုင်ယန်ဟာ အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ချန်စန်းဖူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်မှာတော့ ယွမ်ဟိုင်ယန်ကို စခန်းမှူးလျိုချန်ကျွင်းက ချန်စန်းဖူအဖြစ် ဟန်ဆောင်ပြီး ပြည်ပမှ ငွေအတုရိုက်နှိပ်ထုတ်ဝေသူတွေနဲ့ ဆက်သွယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယွမ်ဟိုင်ယန်က သူလျှိုလှုပ်ရှားမှု လုပ်နေစဉ် ယောက္ခမလောင်းဖြစ်သူ ရွှဲယုံနဲ့အတူ ခရီးသွားဘတ်စ်ကား တစ်စီးတည်းမှာ လိုက်ပါလာခဲ့ပါတယ်။ ဒုစရိုက်သမားတွေဟာ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကားကို သစ်တောထဲကို ပြန်ပေးဆွဲပြီး မောင်းခိုင်းခဲ့ပါတယ်။ အချင်းချင်း အမြင်မကြည်နေတဲ့ ယောက္ခမလောင်းနဲ့ သမက်လောင်းတို့နှစ်ယောက် အတူတူ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒုစရိုက်သမားတွေရဲ့ လက်ထဲကနေ ယွမ်ဟိုင်ယန်တို့ ထွက်ပြေးလွှတ်မြောက်နိုင်လိမ့်မလား…… သစ်တောထဲမှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ပြည့်နှက်နေမလဲ.

Drama • Music • Romance
5.7 2024
Jungle Chase
Blackwater Lane
5.5

မကြာသေးခင်ကမှထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်တရားခံ ရှာပုံတော်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင် နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာ‌တော့ သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးက Blackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက် ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့ အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန် တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေ ကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံး တာမျိုးတွေပါဖြစ်လာပါတယ်။ တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိ ‌ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်း လိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီး တစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါစေ။ File size…1.49GB / 623MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Fantasy • Action
5.5 2024 108 mins
Blackwater Lane
52-Hertz Whales
6.9

မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံ‌တော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့‌ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်‌နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာ‌ကားကောင်းလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

6.9 2024 135 mins
52-Hertz Whales
God’s Not Dead: In God We Trust

IMDb Rating – 2.5 Genre – Politics, Religion ကဲ ဒီတစ်ခေါက်တော့ နိုင်ငံရေးကားအသစ်မျှော်နေတဲ့သူတွေအတွက် 2024ခုနှစ်ထွက် အမေရိကန်နိုင်ငံရေးဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း – ဖာသာ ဒေးဗစ် ဟေးလ် တစ်ယောက် မူဝါဒက နေ ဘာသာရေးကို ဖယ်ထုတ်ချင်သူတစ်ဦးနဲ့ လွှတ်တော်မတ်အဖြစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ယုံကြည်သက်၀င်မှုဟာ ပြည်သူလူထုရဲ့ ဘ၀မှာ ဘယ်လောက်အရေးပါသလဲ‌ဆိုတာရယ် ဘာသာရေးတန်ဖိုးများကို အစိုးရ အနေနဲ့ တစ်စိတ်တပိုင်း ပါ၀င်အားစိုက်ထုတ်ထားရန် ကြိုးစားမှုကို ဖော်ပြထားပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး အားပြိုင်ထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVY

Comedy • Romance
0 2024
God’s Not Dead: In God We Trust
Picture This
5.8

ဒီတစ်ခါမှာတော့ After ထဲက မင်းသားချော Hero Fiennes Tiffin ရဲ့ Romance Comedy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ယောကျ်ားမယူဘဲ career woman လုပ်မယ်ရယ်လို ကြွေးကြော်နေတဲ့ ဓာတ်ပုံဆရာမလေး Pia ကို သူ့မိသားစုဝင်တွေက အိမ်ထောင်ဘက် ဝိုင်းရှာပေးကြတဲ့ ဇာတ်လမ်းပါပဲ ။ ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်က Pia အတွက် ဟောလိုက်တဲ့ ဟောကိန်းကတော့ နောက်ထပ် တွေ့ရမယ့် ကြင်ဖက် ၅ ယောက်ထဲမှာ သူ့ရဲ့ ဖူးစာရှင် ရှိပါတယ်တဲ့ ။ ဒီစကားကို ကြားတဲ့ မိသားစုဝင်တွေက Pia အတွက် ကြင်ဖက် တစ်ယောက်စီ ရှာပေးဖို တာဝန်ယူလိုက်ကြပါတော့တယ် ။ ဖြစ်ချင်တော့ ညီမဖြစ်သူရဲ့ မင်္ဂလာပွဲမှာ Pia ရဲ့ အချစ်ဦး ဖြစ်သလို ရည်းစားဟောင်းလည်း ဖြစ်တဲ့ Charlie က သတိုသားအရံ ဖြစ်နေပါသေးတယ် ။ ဒါဆိုရင်တော့ Pia ရဲ့ ကြင်ဖက် ငါးယောက်ထဲမှာ ဘယ်တစ်ယောက် ကများ သူ့အိမ်ထောင်ဘက် ဖြစ်နိုင်မလဲ ။ ဒါမှမဟုတ် ရည်းစားဦး ဖြစ်တဲ့ Charlie နဲ့ပဲ ပြန်ပေါင်းထုပ် သွားမလားဆိုတာကိုတော့ Picture This ဆိုတဲ့ ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။ File size… (2.26 GB) / (1.23 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle & Muse

Comedy
5.8 2025 101 mins
Picture This
My Sister, the Pig Lady
5.6

My Sister, the Pig Lady (2015) ****************************** IMDb….. 5.6 ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားပြီး ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့Romantic Comedy ကိုရီးယားရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာတော့ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ Kill Me Heal Me, She Was Prettyစ တဲ့ ဇာတ်လမ်းတွဲတွေထဲမှ မင်းသမီး Hwang Jung Eum နဲ့အတူ မင်းသား Lee Jong Hyuk, မင်းသမီး Choi Ye Jin, Park Jin Juတို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ငါးဖမ်းခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ တံငါရွာလေးမှာ တစ်နေ့တော့ ငါးတွေဟာ ပင်လယ်ထဲမှာ မရှိတော့တဲ့ အထိဖြစ်သွားခဲ့ပြီး ရွာလေးဟာလည်း စီးပွားပျက်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။ အဲဒါကြောင့် လူငယ်အများစုဟာ မြို့ကို အသီးသီး ထွက်ခွာသွားခဲ့ကြပေမဲ့ ရွာမှာ ကျန်ခဲ့တဲ့ လူငယ်အနည်းစုထဲက သူငယ်ချင်း သုံးယောက်ဖြစ်ကြတဲ့ ဂျယ်ဟွာ (Hwang Jung Eum), ယူဂျာ (Choi Ye Jin), မီဂျာ (Park Jin Ju)တို့ဟာ ရွာမှာ လူပျိုဆိုလို့ တစ်ယောက်တည်း ကျန်တော့တဲ့ ဂျွန်ဆော့ (Lee Jong Hyuk) ကို တိတ်တခိုး ကြိုက်နေကြပြီး ပိုင်ဆိုင်ဖို့ ကြိုးစားနေကြတဲ့ သူတွေပါ။ ဂျယ်ဟွာကတော့ ဝက်တွေ မွေးမြူရင်းနဲ့ ချမ်းသာဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်ဆိုပေမဲ့ သူ့ရဲ့ အမေဖြစ်သူဟာ ဖောက်ပြန်နေတယ်ဆိုပြီး ရွာထဲမှာ ကောလာဟလတွေ ထွက်နေခဲ့သလို အဖေဖြစ်သူကလည်း အချိန်တိုင်း အရက်မူးနေလေ့ရှိပြီး မောင်ဖြစ်သူကလည်း မကြာခဏ ရန်ဖြစ်နေတတ်တဲ့အတွက် သူ့အတွက် မိသားစု ပြဿနာတွေဟာ တစ်စတစ်စ ကြီးမားလာခဲ့ပါတော့တယ်။ ဂျွန်ဆော့ကတော့ မိသားစုပြဿနာတွေကြောင့် စိတ်ညစ်နေရတဲ့ ဂျယ်ဟွာ့ကို အမြဲတမ်း အားပေးလေ့ရှိပြီး ဂျယ်ဟွာ့ဘေးမှာ ရှိနေပေးတတ်တဲ့ သူတစ်ယောက်ပါ။ သူတို့နှစ်ယောက်ဟာ အနေနီးတာ ကြာလာတဲ့အခါမှာတော့ အဆင့်တက်ပြီး ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။။ ဒါပေမဲ့ ဂျွန်ဆော့ကို တစ်ဖက်သတ် ကြိုက်နေကြတဲ့ ယူဂျာနဲ့ မီဂျာတို့ကတော့ လက်မလျှော့ကြဘဲ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ဝင်ရောက်ချိုးဖောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဂျယ်ဟွာနဲ့ ဂျွန်ဆော့ရဲ့ ချစ်သူဘဝလေးဟာ လှပတဲ့ အဆုံးသတ်လေး ဖြစ်သွားမလား… ဒါမှမဟုတ် သူတို့ နှစ်ဦးကြားကို ဝင်ရောက်လာတဲ့ ယူဂျာနဲ့မီဂျာတို့ရဲ့ အကြံအစည်တွေကပဲ အောင်မြင်သွားမလား… ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 2.05GB/ 1.05GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:47:00 Genre : Comedy, Romance, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

Drama
5.6 2015 102 mins
My Sister, the Pig Lady