YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

King of Adventure Gold Plate 2024 720p WEB-DL CM.mp4

493.2 MB N/A video/mp4 677 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunger Games: Catching Fire
7.4

The Hunger Games: Catching Fire ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့့်ပေးနိုင်တာမဟုတ်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ် ။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။ File Size : (2 GB,1.09 GB) Quality : Blu-ray 1080p,720p Running Time : 2h 26min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu

Comedy • Mystery
7.4 2013 146 mins
The Hunger Games: Catching Fire
Alone in the Dark
6.1

Alone in the dark ဘရီကောလင်းစ်ဟာ ခင်ပွန်းသည်ဟောင်းမိုက်ကယ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် တစ်နွယ်ငင်တစ်စင်ပါပြီး အိမ်အကျယ်ချုပ်ပြစ်ဒဏ်ကျခဲ့သူပါ။ အိမ်ကြီးတစ်အိမ်လုံးမှာ သူမတစ်ယောက်တည်း နေထိုင်နေရတာကြောင့် စိတ်ခြောက်ခြားနေရချိန်မှာ အိမ်ကိုဖောက်ထွင်းဝင်ရောက်ခံရတဲ့ အရိပ်အယောင်တွေ တွေ့မြင်လာခဲ့ရပါတယ်။ အနီးအနားပတ်ဝန်းကျင်က လူပျောက်သတင်းတွေနဲ့အတူ သူမရဲ့စိတ်မလုံခြုံမှုတွေ၊ ‌အချုပ်ကျနေတာတောင် မပြီးသေးတဲ့ သူမခင်ပွန်းဟောင်းရဲ့နှောင့်ယှက်မှု၊ သူမအိမ်ကိုဖောက်ဝင်နေတဲ့သူ ၊ သူမကိုမှရွေးပြီးဘာကြောင့်ပစ်မှတ်ထားခံနေရတာလဲ စသဖြင့်ကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ ထင်မထားတဲ့ဇာတ်အချိုးအကွေ့၊ အလှည့်အပြောင်းတွေကဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။

Action • Crime • Thriller
6.1 2022 90 mins
Alone in the Dark
Robots
6.4

တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။ VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့ စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ် ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေ ဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူ ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။ အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကို တက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာ သူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့ စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေ ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး upgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ ​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါ ဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။ ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထ ကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရ လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့ ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.4 2005
Robots
Squeaky Clean Mysteries: Hazardous Duty
6.4

အမတ်လောင်းရဲ့ မိန်းမကို ဘယ်သူသတ်သွားတာလဲ ညတစ်ည…သေနတ်သံတစ်ချက်နဲ့အတူ အလားအလာအရှိဆုံး ဥပဒေပြုလွှတ်တော် အမတ်လောင်း မိုက်ကယ်ကာနင်ဟန်ရဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်။ လူသတ်သမားပါဆိုပြီး စွဲချက်တင် ဖမ်းဆီးထားခဲ့တာက ဂေးလ်နယူးစွန်း အမည်ရှိ အာမခံနဲ့ လွတ်လာတဲ့သူ။ အဓိကမဇာတ်‌ဆောင် ဂယ်ဘီ စိန့် ကလဲယာက မှုခင်းနေရာသန့်ရှင်းရေးဆားဗစ်က ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ အမတ်လောင်းရဲ့ အမှုအခင်းဖြစ်ပွားရာ နေအိမ်ကို ပါတနာဖြစ်သူ ဟာရိုမာတင်နဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာကြရင်း စာအုပ်စင်နောက်က လျှို့ဝှက်အခန်းငယ်ထဲက သေနတ်တစ်လက်ကို တွေ့ခဲ့ရတယ်။ သူ သေနတ်ကို တွေ့တဲ့အချိန်မှာပဲ အိမ်က မီးလောင်သွာတာဟာ ဘယ်သူရှို့တာ ဖြစ်မလဲ ရှို့မီးအတွက် တရားခံအဖြစ် စွဲချက်တင် ဖမ်းဆီးခံလိုက်ရသူကတော့ အမှိုက်ပစ်ဖို့ ထွက်သွားခဲ့တဲ့ ဟာရိုပါပဲ။ ဂယ်ဘီက သူ့ပါတနာဖြစ်သူကို အပြစ်ကင်းစင်ကြောင်းပြဖို့အတွက် သူကိုယ်တိုင်ပဲ လိုက်လံစုံစမ်းခဲ့တဲ့အခါ သူရှာတွေ့သမျှအထောက်အထားတွေက တရားခံဟာ အမတ်လောင်းမိုက်ကယ်ကာနင်ဟန်လို့ ညွှန်ပြနေကြတယ်။ ဆိုတော့ တကယ်ပဲ အမတ်လောင်း မိုက်ကယ် ကာနင်ဟန်က သူ့မိန်းမကို သတ်လိုက်တာလား အားလုံးပဲ အတူတူ တရားခံကိုဖော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(1.5 GB)/(792 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Tv Movie, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshi Moshi

6.4 2022
Squeaky Clean Mysteries: Hazardous Duty
Honeysweet
4

Honey Sweet (2023) အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော် ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း… အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ် မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

Action • Comedy • Crime
4 2023 118 mins
Honeysweet
April Story
7.1

April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by “Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 650MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 7Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 1998 67 mins
April Story
Star Wars: Episode II – Attack of the Clones
6.5

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode II – Attack of the Clones (2002) အပိုင်း ၂ ကို တင်ပေးလိုက်ပါပြီဗျာ။ ဒီအပိုင်းကတော့ ပထမပိုင်းအပြီး ၁၀ နှစ်ကာလကို ရိုက်ထားတာပါ။ ဒီဇာတ်လမ်းမှာတော့ ဂလက်ဆီရီပတ်ဘလစ်ကနေ ဂြိုလ်ပေါင်းများစွာဟာ ခွဲထွက်ဖို့ ခြိမ်းခြောက်လာပြီး ခွဲထွက်ရေးအဖွဲ့တွေကို Jedi မာစတာဟောင်း မြို့စားကြီး ဒိုကူက ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့တွေကို ဒီမိုကရေစီနည်းအရ ဖြေရှင်းဖို့ကြိုးစားပေမယ့် မအောင်မြင်တဲ့အပြင် ခွဲထွက်အဖွဲ့တွေက စစ်တပ်တစ်ခုကိုပါ တည်ဆောက်လာတဲ့အခါမှာ ခေါင်းဆောင်ကြီးကို အရေးပေါ်အာဏာ အပ်နှင်းပြီး စစ်တပ်ဖွဲ့စည်းခွင့်ပြုလိုက်ရတဲ့အတွက် ကြယ်တာရာစစ်ပွဲကြီး စတင်လာပါတော့တယ်။ ဒီအပိုင်းမှာတော့ အနာကင်နဲ့ ပါ့ဒ်မီတို့ရဲ့ သံယောဇဉ်ဟောင်းတွေ ပြန်ဆက်တာကိုတွေ့ရမှာဖြစ်ပြီး အကြိုက်ဆုံးအခန်းတွေ အနေနဲ့ ကတော့ အကြီးဆုံး Jedi တိုက်ပွဲကြီးနဲ့ မာစတာ Yoda ရဲ့ အလင်းဓားတိုက်ပွဲကို တွေ့ရမှာဖြစ်ပါတယ်။

6.5 2002
Star Wars: Episode II – Attack of the Clones
Dark Night of the Scarecrow
6.7

Dark Knight တို့ Scarecrow တို့မြင်လို့ ဆရာဘတ်တို့ ဇာတ်ကားထင်သွားရင်တော့ မဟုတ်ပါဘူးခင်ဗျာ ဒီဇာတ်ကားကတော့ 1981 ခုနစ်က ရိုက်ကူးထားတဲ့ Horror ကား‌တစ်ကားဖြစ်ပါတယ် ဘတ်ဘာဆိုတဲ့ကောင်လေးဟာ အရွယ်ရောက်နေပေမဲ့ စိတ်က ကလေးစိတ်ပဲရှိနေသူတစ်ဦးဖြစ်ပါတယ်။ မြို့နေလူကြီးတစ်ချို့ကတော့ ဘတ်ဘာကို ကျပ်မပြည့်တဲ့ကောင်ဆိုပြီး တစ်ခုခုဖြစ်တိုင်း ဘတ်ဘာကိုပဲ အပြစ်ဖို့နှိပ်စက်လေ့ရှိပါတယ်။ ဘတ်ဘာဟာ သူနဲ့ ကလေးတွေကို ရွယ်တူလိုပဲ မြင်တဲ့အတွက် ကလေးတွေနဲ့ပဲ ပေါင်းပါတယ်။ တစ်ရက်မှာတော့ ဘတ်ဘာနဲ့ အတူဆော့နေကျ ကောင်မလေးတစ်ယောက် မတော်တဆဖြစ်တာကို မြို့ထဲမှာတော့ ကျပ်မပြည့်တဲ့ ဘတ်ဘာဟာ ကောင်မလေးကို သတ်လိုက်တယ်လို့ သတင်းထွက်သွားပါတော့တယ်။ အစကတည်းက တစ်ခုခုဖြစ်ရင် ဘတ်ဘာကိုပဲ မဲနေတဲ့ မြို့ခံလူ လေးယောက်ဟာ ဘာမှစုံစမ်းမနေဘဲ ဘတ်ဘာကို လိုက်ရှာကြရင်း စာခြောက်ရုပ်ထဲမှာပုန်းနေတဲ့ ဘတ်ဘာကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကြပါတော့တယ်။ အဲဒီနောက် သက်သေမလုံလောက်တာကြောင့် အမှုကနေလည်း လွတ်သွားပါသေးတယ်။ အမှုကလွတ်သွားတဲ့ သူတို့လေးယောက်ဟာ ဘတ်ဘာ ဝင်ပုန်းသွားတဲ့ စာခြောက်ရုပ်ကို နောက်တစ်ကြိမ်ထပ်တွေ့ရပြီးနောက် ကံကြမ္မာဆိုးတွေလည်း စတင်ဝင်ရောက်လာပါတော့တယ် File size…(1 GB) Quality….Blu-Ray 720p Format…mp4 Duration….01:36:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

6.7 1981 97 mins
Dark Night of the Scarecrow
Sharmajee Ki Beti
6.5

Sharmajee Ki Beti (2024) “ရှာမာဟူသော အမျိုးသမီးများ” IMDb 6.5 ရထားတဲ့ ဟင်ဒီ ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တင်ဆက်လို့မကုန်နိုင်တဲ့ အမျိုးသမီးတို့ ဗဟိုပြု female empowerment ရုပ်ရှင်လေးပါ ဒီရုပ်ရှင်လေးမှာ မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊ အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ် ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊ တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက် ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ … အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ~ ToMo ~ Alex ~ KKKZ တို့ ဖြစ်ပါတယ်

6.5 2024 115 mins
Sharmajee Ki Beti
Grrr..
4.4

Grrr.. (2024) “ဂါး!!” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ် သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ် အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Comedy • Thriller
4.4 2024
Grrr..
Christmas on Cobbler Street

IMDb – 7.1/10 နော်ဝေမှာ ခုနစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာယူခဲ့တဲ့ ဒါရိုက်တာ Mikal Hovlandရဲ့လက်ရာ ခရစ္စမတ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် ရထားခိုးစီးလာရင်း မြို့ကလေးတစ်မြို့ကဘူတာမှာ ခုန်ဆင်းခဲ့ရာကစပါတယ်။ စစ်ပွဲကြီးပြီးကာစ ခရစ္စမတ်အချိန်ကာလကိုရောက်တော့မှာဖြစ်လို့ စစ်ပွဲကြီးအပြီး ပြန်လည်ကျင်းပရမဲ့ ခရစ္စမတ်ကို အားလုံးစောင့်မျှော်နေကြချိန်လည်းဖြစ်။ စစ်ပွဲပြီးကာစအချိန်ဆိုတော့ ရထားပေါ်မှာခိုးစီးရင်း ခုန်ချနေခဲ့တဲ့ ကလေးမလေးကို ရဲတွေကလည်း မသင်္ကာလို့ လိုက်ရှာနေကြပါတယ်။ ခိုကိုးရာမဲ့နေတဲ့ အန်နာလေး အသိမပေးဘဲဝင်တည်းခိုမိတာကတော့ ဖိနပ်ချုပ်သမားကြီး အန်ဒါဆန်ရဲ့အိမ်။ အန်ဒါဆန်ဆိုတာက နှစ်နဲ့ချီအောင် အိမ်ထဲကအိမ်ပြင်မထွက်၊ ဘယ်သူနဲ့မှအဆက်အဆံမလုပ်တဲ့လူ့ဂွစာကြီး။ ဒီလိုနဲ့ အန်နာတစ်ယောက် လူ့ဂွစာကြီးမစ္စတာအန်ဒါဆန်ရဲ့ ဖိနပ်ချုပ်တဲ့အလုပ်ရုံလေးမှာ ခဏတာတည်းခိုဖို့ တောင်းဆိုရာကစ ကြည်နူးလွမ်းဆွတ်ဖွယ်ရာ ခရစ္စမတ်ရုပ်ရှင်လေးတစ်ကားဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Romance • Drama
0 2023
Christmas on Cobbler Street
Ninja II: Shadow of a Tear
6.1

IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။ (ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်….. နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ko Soe Htwe ပဲဖြစ်ပါတယ်။) File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Martial Art, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Htwe

Drama • Comedy
6.1 2013 95 mins
Ninja II: Shadow of a Tear
Tom and Jerry: Willy Wonka and the Chocolate Factory
4.3

ဒီဇာတ်ကားက နာမည်‌ကျော်ဇာတ်ကားကြီး တစ်ခုဖြစ်တဲ့ Willy Wonka and the Chocolate Factoryကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ Tom & Jerry ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအသွားအလာကတော့ ရုပ်ရှင်အတိုင်း ဖြစ်ပြီး နာမည်ကျော် ဝန်ကာချောကလက်စက်ရုံက တစ်သက်စာ ချောကလက်တွေကို ရွှေလက်မှတ်ရှာတွေ့တဲ့ ကံထူးရှင် ငါးယောက်ကို ပေးသွားမယ်ဆိုတဲ့ ကြေညာချက်နဲ့ အတူ ရွှေလက်မှတ်တွေကို ချောကလက်ချောင်းထဲ ထည့်ပေး လိုက်တာကြောင့် ကလေးလူကြီးမရွေး ချောကလက်လုပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ ရွှေလက်မှတ်ပိုင်ရှင်တွေထဲမှာ ချာလီလေးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ တွမ်နဲ့ဂျယ်ရီတို့ကတော့ ချာလီလေးရဲ့ မိတ်ဆွေတွေပေါ့။ အဲဒီလိုနဲ့ ချာလီတို့အဖွဲ့ ဝန်ကာရဲ့ချောကလက်စက်ရုံထဲကို အလည်အပတ်ရောက်သွားခဲ့ကြပါတယ်။ စက်ရုံထဲမှာ ဝန်ကာတီထွင်ထားတဲ့ ထူးဆန်းတဲ့သွားရည်စာတွေနဲ့အတူ မထင်တားတဲ့ အန္တရာယ်တွေလည်း ရှိနေတာကို ချာလီတို့ သိလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဝန်ကာရဲ့စက်ရုံကြီး ဒေဝါလီခံရအောင် ကြိုးစားနေတဲ့ ဆလက်ဂ်ဝေါ့ရှ်ဆိုတဲ့စီးပွားပြိုင်ဖက်တစ်ယောက်ရဲ့ အန္တရာယ်လည်း ရှိတာမို့ ချာလီနဲ့ တွမ် ဂျယ်ရီတို့ အဲဒီပြဿနာတွေကို ဖြေရှင်းပုံကိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.6 GB / 828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

Drama
4.3 2017
Tom and Jerry: Willy Wonka and the Chocolate Factory
Architecture 101
7.4

Architecture 101 (2012) ********************** IMDb… 7.4 ငါတို့ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ.. “အီဆွန်းမင်း” နဲ့ “ယန်းဆောယွန်း” တို့ကတော့ ၁၅ နှစ်ကြာခဲ့ပါတယ်။ လက်ရှိမှာတော့ ဆွန်းမင်းက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ပါ။ တစ်ရက်ကျ ဆွန်းမင်းဆီကို သူငယ်ချင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး အိမ်ဆောက်ဖို့ အလုပ်လာအပ်ပါတော့တယ်။ ဒီအမျိုးသမီးလေးကသာ ဆွန်းမင်းရှိတဲ့အရပ်ကို ရှာပြီးလာခဲ့ပေမဲ့ ဆွန်းမင်းကတော့ ဒီအမျိုးသမီးလေးကို ရုတ်တရက် မမှတ်မိပါဘူး။ ဒီလိုနဲ့စကားတွေပြောကြရင်း သူ့ဆီကိုရောက်လာတဲ့ အမျိုးသမီးလေးက တစ်ချိန်က သူ့ရဲ့သူငယ်ချင်း တစ်ဖြစ်လဲ အချစ်ဦး “ယန်းဆောယွန်း” ဖြစ်နေပါတော့တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်အချိန် အသက် ၂၀ အရွယ်တုန်းက ဆွန်းမင်းက ဗိသုကာမေဂျာကျောင်းသားဖြစ်ပြီး ဆောယွန်းကတော့ ဂီတမေဂျာကျောင်းသူပေါ့။ နှစ်ယောက်သားရဲ့ ပထမဆုံးရေစက်ဆုံရာနေရာကတော့ “ဗိသုကာအတန်း ၁၀၁” ဖြစ်ပြီး ဒုတိယနေရာကတော့ ဆွန်းမင်းရဲ့ဇာတိဖြစ်တဲ့ “ဂျောင်ရွန်း” ဆိုတဲ့ရပ်ကွက်လေးပါ။ ကျောင်းမှာတင်ရေစက်ဆုံရုံမကဘဲ မြို့ပေါ်ကိုကျောင်းလာတက်တဲ့ ဂျယ်ဂျူကျွန်းသူလေး ဆောယွန်း တည်းခိုတဲ့အိမ်ကလည်း ဂျောင်ရွန်းရပ်ကွက်မှာပဲဆိုတော့ နှစ်ယောက်သားက အမြဲတတွဲတွဲဖြစ်လာတာပေါ့။ ဒီလိုနဲ့သံယောဇဉ်တွေပိုလာပြီး သူငယ်ချင်းအဆင့်ကနေတက်ဖို့ကြိုးစားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်သားကွေကွင်းခဲ့ရပြီး ၁၅ နှစ်အကြာမှ ပြန်လာဆုံဖြစ်တဲ့အခါ .. ။ Cast တွေအနေနဲ့ကလည်း Uhm Tae Woong, Han Ga In, Lee Je Hoon, Bae Suzy, Jo Jung Suk, Yoo Yeon Seok စတဲ့ ဆရာ့ဆရာကြီးတွေအပြိုင်ဆွေးထားတဲ့ကားမို့လို့ ရာသီဥတုအေးအေးလေးနဲ့ ဆွေးလို့ကောင်းမဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 1.87GB/ 860MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:56:39 Genre : Romance, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

Drama • Romance
7.4 2012 118 mins
Architecture 101