YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kindred.S01E04.1080p.WEB.H264[CM].mp4

363.5 MB N/A video/mp4 78 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dungeons & Dragons: Honor Among Thieves
7.4

Dungeons & Dragons: Honor Among Thieves (2023) ~ IMDb - 7.5/10, RT - 90%, Meta - 72% ~ မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာ သုံးသွားတဲ့ မှော်တိုက်ကွက်တွေကလည်း နာမည်တွေမပြောပေမဲ့ ယခင် ဂိမ်းတွေထဲမှာ အဓိကသုံးကြတဲ့ အကွက်တွေဖြစ်သလို D&D ယူနီဗာ့စ်ကြီးရဲ့ အထင်က‌ရနေရာဖြစ်တဲ့ Neverwinter မြို့ကို နေရာစုံပြထားတဲ့အပြင် Easter Egg မျိုးစုံပါပါတယ်။ D&D ဖန် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြည့်လို့ကောင်း အချိန်ပေးရကျိုးနပ်မှာတော့သေချာပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အက်ဂင်ဆိုတဲ့ လူတစ်ယောက်ဟာ လူတွေကို ကူညီတဲ့ စောင်းသမားအဖွဲ့ကနေ သူခိုးအဖြစ်ကို အကြောင်းတစ်ခုကြောင့် ပြောင်းလဲလာတဲ့လူတစ်ယောက်ပါ။ သူနဲ့အတူ သူ့ရဲ့ သမီး ကီရာ၊ တိုက်ခိုက်ရေးသမား ဟိုဂါ၊ မှော်ဆရာတလွဲကောင် ဆိုင်မွန်၊ လူလိမ် ဖို့ဂျ်တို့လည်း သူခိုးအဖွဲ့မှာပါဝင်ကြပါတယ်။ တစ်ကြိမ်မှာတော့ အက်ဂင်ရဲ့ သေသွားတဲ့ ဇနီးကိုအသက်ပြန်သွင်းနိုင်တဲ့ ကျောက်ပြားတစ်ချပ်ကိုခိုးယူရင်း အဖမ်းခံလိုက်ရပြီး အက်ဂင်နဲ့ဟိုဂါတို့ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကနေ ထွက်ပြေးလာပြီး ကျောက်ပြားနဲ့သမီးကို ပြန်လိုက်ရှာရင်းနဲ့ သေယန်ဆိုတဲ့ စုန်းကဝေတပ်ကြီးနဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ...... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 14Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama
7.4 2023 134 mins
Dungeons & Dragons: Honor Among Thieves
Along Came a Spider
6.3

မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး 2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက် ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်း ရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့ သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး သူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကို နိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT

Drama • Thriller
6.3 2001 104 mins
Along Came a Spider
[18+]Lang Tong
3.9

ဇက်ခ်က လူရှုပ်လူပွေတစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ကြာကြာမတွဲတတ်သူ တစ်ယောက်လည်းဖြစ်ပါတယ် ပွေရုံမကဘဲ ပိုက်ဆံအရင်းအနှီးလိုတယ်ဆိုပြီး ရည်းစားတွေဆီက ငွေကိုပါ ချူစားပြီးမှ ဖြတ်တတ်တဲ့သူတစ်ယောက်ပေါ့ တစ်ရက် ဇက်ခ်က လီလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ပစ်မှတ်ထားရာက လီလင့်ညီမဖြစ်သူ လီအာနဲ့ပါ ငြိစွန်းခဲ့ပါတယ် ညီအစ်မနှစ်ယောက်ကြား ရွေးရခက်နေချိန်မှာ လီအာက မိခင်ဖြစ်သူသေဆုံးရခြင်းက အစ်မဖြစ်သူ လီလင်ကြောင့်လို့ အပြစ်တင်ပြီး သတ်ပစ်ကြဖို့ တိုင်ပင်ပါတော့တယ် ဇက်ခ်တစ်ယောက် ညီအစ်မနှစ်ယောက်ကြား ဘယ်သူ့ကိုရွေးချယ်မလဲ လီလင်နဲ့လီအာတို့ကရော ဇက်ခ်သိထားသလိုရိုးရှင်းပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File Size__( 500MB) Quality__1080p, 720p IMDb Rating__4.8/10 Format__mp4 Duration__01:22:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil

Drama • Mystery
3.9 2015 83 mins
[18+]Lang Tong
Savage Salvation
6.3

Robert De Niro နဲ့ John Malkovich တို့လို အကျော်အမော်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ Action Thriller ကားအနေနဲ့ဆို ဒီကားက ကြည့်လို့တော့ ကောင်းပါတယ်။ ပြဿနာက De Niro ဝင်သရုပ်ဆောင်ရမယ့် ကားတော့ ဟုတ်မနေပါဘူး။ မင်းသမီးကတော့ Willa Fitzgerald ဆိုတဲ့ အချောလေးပါပဲ။ သူရဲ့ခပ်လန်းလန်း အခန်းတွေလည်း ပါတာမို့ တော်တော်တန်တဲ့ကားပေါ့။ ဒီမင်းသမီးဟာ Reacher ဇာတ်လမ်းတွဲမှာ ပါဖူးပါတယ်။ မင်းသား Jack Huston ကတော့ House of Gucci ထဲမှာ ပါဖူးပါတယ်။ ဇာတ်လမ်းကတော့ နယ်မြို့လေးတစ်မြို့က ရဲအရာရှိဖြစ်တဲ့ ဒီနဲရိုးရဲ့ဇာတ်ကောင်ရယ်၊ ဆေးသမားလင်မယားဖြစ်တဲ့ မင်းသားနဲ့မင်းသမီးရယ်၊ မင်းသမီးရဲ့ခဲအိုဖြစ်တဲ့ John Malkovich တို့ရဲ့ကြားမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတစ်ခုနဲ့တည်ထားတာပါ။ ဘာအကြောင်းအရာလဲတော့ မပြောပြတော့ပါဘူး။ စပွိုင်လာမိမှာ စိုးလို့ပါ။ တခမ်းတနားကားကြီးတော့လည်း မဟုတ်ပေမဲ့ အလှည့်အပြောင်းလေးတွေနဲ့ အပျင်းပြေကြည့်ရင် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ မင်းသားကလည်း အသေကြမ်းတာမို့ အက်ရှင်ဖန်တွေ အကြိုက်တွေ့ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 885MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Horror • Thriller
6.3 2022 101 mins
Savage Salvation
When Winter Comes
6

Little Forest လို အလောင်မပါတဲ့ Healing drama တွေကိုပဲသဘောကျတဲ့သူတွေအတွက် When Winter Comes (2022) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဆောင်းရာသီအေးအေးလေးမှာ စောင်ထဲကွေးရင်း အေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိအချိန်မှာ ဘတ်စ်ကားဒရိုင်ဘာလုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဟောင်း ဂုံဆော့ဝူနဲ့ ဘတ်စ်ကားဂိတ်က စာရေးမလေး ယန်းယောင်းအယ်တို့ရဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေးကို ရိုက်ကူးပြသထားတာပါ။ ဒရိုင်ဘာဂုံဟာ ဘတ်စ်ကားဂိတ်ထိုင်ခုံပေါ်မှာ ကျန်နေခဲ့တဲ့ MP3 စက်လေးတစ်ခုကို တွေ့ရှိခဲ့ရာကနေ ယောင်းအယ်နဲ့ စတင်တွေ့ဆုံဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အတိတ်နဲ့ပါ ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ယောင်းအယ်ကတော့ အဲဒီ MP3 စက်လေးဟာ ပိုင်ရှင်ကလွှင့်ပစ်သွားခဲ့တာလို့ ယုံကြည်နေပြီး ဒရိုင်ဘာဂုံကတော့ ပိုင်ရှင်ကမေ့ကျန်နေခဲ့တာလို့ တစ်ထစ်ချပြောနေခဲ့တာပါ။ ဒီလိုမျိုးယုံကြည်ချက်ကိုယ်စီနဲ့ MP3 စက်လေးကိုအကြောင်းပြုပြီး စတင်သိကျွမ်းခဲ့ကြတဲ့ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေပေါက်ဖွားလာကြမလား၊ အဲဒီ MP3 စက်လေးမှာရော ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်လေးကရော ဘယ်လိုများဖြစ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာအချက်တွေကလည်း အပြည့်ပဲမို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြနကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Drama
6 2022 105 mins
When Winter Comes
Ali Wong: Don Wong
7.3

စင်ဂယ်ဘဝကို ပြန်အားကျနေကြတဲ့ အိမ်ထောင်သည်တွေ အိမ်ထောင်သည်ဘဝကို မျှော်လင့်နေကြတဲ့ စင်ဂယ်တွေအတွက် ချစ်သူများနေ့အမှတ်တရဆိုပြီး Netflix အထူး တင်ဆက်ပေးထားတဲ့ show လေးကတော့ Ali Wong ရဲ့ Don Wong ပဲဖြစ်ပါတယ်။ ဒီရှိုးလေးမှာတော့ Ali တစ်ယောက် စင်ဂယ်တွေကို ဘာလို့အားကျတာလဲဆိုတာတွေ အမေတို့ခေတ်နဲ့မတူတော့တဲ့ ၂၁ရာစုကြီးမှာ မိန်းမတွေရဲ့ဖောက်ပြန်ချင်စိတ်နဲ့ အလိုဆန္ဒ အကြောင်းတွေ သတ်လတ်ပိုင်းအိမ်ထောင်သည်ဘဝမှာ ကြုံတွေ့ရတဲ့ ဆန္ဒမပြည့်ဝခြင်းလေး တွေကို ဘွင်းဘွင်းရှင်းရှင်းကြီး ဟာသနှောပြီးတင်ဆက်ထားတဲ့ comedian Ali Wong ရဲ့ အထူးရှိုးလေးမို့ စိတ်ဝင်တစားသိရှိလိုသူအပေါင်းတို့ လက်မလွတ်တမ်းကြည့်ရှုနိုင်ကြပါပြီနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) File Size - (1.25 GB) /(441 MB) / (273 MB) Quality – WebRip 1080p / 720p/480p Duration - 50mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy Translator – Lwin Lwin Aung Encoder – SWM

Comedy • Drama
7.3 2022 59 mins
Ali Wong: Don Wong
Possessor
6.3

အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ..... File size… 900 Mb / 700 Mb Quality… Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre ... Sci-Fi, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo

Action • Crime • Drama • Thriller
6.3 2020 104 mins
Possessor
Mile 22
6.2

ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ဒေတာတွေ အပြီးဖျက်မယ့် စစ်စတမ် တစ်ခုပါ ထည့်သွင်းထားတော့ ဂျိမ်း တို့ အဖွဲ့ အကျပ်ရိုက်ကုန်ပါတယ်... လီ ဆိုတဲ့သူ က နာမည်ပဲ သိရတယ် သူ့နောက်ကြောင်း ဘာတစ်ခုမှ လိုက်မရခဲ့ဘူး ဘယ်နိုင်ငံက သူလျိုလဲ အေးဂျင့်လဲ ဘာညာ ခြေရာခံမရဘူး လုံး၀ အစ အန ပျောက်နေတယ်... ဒီတော့ကာ အကြမ်းအရမ်း အက်ရှင်ခန်းတွေ နဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ မစ်ရှင် တစ်ခုကို CM Fan တွေဆီ တင်ဆက်ပေးလိုက်ပါတယ်... ( ဒီရုပ်ရှင်ကားကို Hein Thet Naing နှင့် May Thu တို့မှ ဘာသာပြန် တင်ဆက်ပေးထားပါတယ်... ) CM မှ ဒေါင်းလုပ်ဆွဲနည်းများ - https://youtu.be/307QAErqcgc

6.2 2018 95 mins
Mile 22
Vietnamese Horror Story (2022) Complete
4.7

Vietnamese Horror Story (2022) ဒီစီးရီးကတော့ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသရဲ့ ကျောချမ်းစရာကောင်းတဲ့ ပုံပြင်ယုံတမ်းစကားတွေအပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ Netflix ရဲ့ Series တစ်ခုဖြစ်ပါတယ် တစ်ပိုင်းကို ပုံပြင်တစ်ပုဒ်နှုန်းနဲ့ အပိုင်းစုစုပေါင်းအပိုင်း ၃ပိုင်းထွက်ထားပါတယ်ဗျ Epi (1)- The Sugarcane Juice Lady ======================== လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက “လန်ဟုန်”ဆိုတဲ့ လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဟာ မျက်နှာအက်ဆစ်အပက်ခံရပြီးရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ် သူ့အိမ်ကိုတော့ နာမည်ကျော် မင်းသမီးတစ်လက်ပြီးတစ်လက် ဆက်နေခဲ့ပါတယ်…တစ်နေ့ “နော့မင်” တစ်ယောက် မင်းသမီး”အိုင်နူ” (လက်ရှိလန်ဟုန်အိမ်၌နေနေသူ)ရဲ့ တပည့်အဖြစ်အရွေးခံရပါတယ် အိုင်နူကလည်းအေးသလောက် သူ့ကို မတရားဂရုစိုက်ပြီးချစ်ပေးပါတယ်…ဒါပေမဲ့ အိမ်ကြီးထဲမှာ ဘာလှည့်ကွက်တွေရှိနေမှာလဲ နေ့ာမင်ရဲ့ကံကြမ္မာကရော ဘယ်လိုဆက်ဖြစ်လာမလဲ…. Epi(2)- The Magician ============== မျက်လှည့်ဆရာတစ်ယောက်က တစ်နေ့ ကလေးမလေးတစ်ယောက်ကို နောက်တစ်နေ့ကျရင် မျက်လှည့်ပြပေးမယ်လို့ ကတိပေးခဲ့ပါတယ် သို့သော်အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့တဲ့အတွက် ထူးဆန်းတဲ့ကလေးမလေးအတွက် ကတိဖျက်သလိုဖြစ်သွားခဲ့ပါတယ်…. ကတိကိုမတည်နိုင်ဘဲ ပေးခဲ့တဲ့ မျက်လှည့်ဆရာတစ်ယောက် ဘာတွေဆက်ပြီး ကြုံတွေ့လာရမှာလဲ… Epi(3)- Three Souls and Seven Spirits ========================== ဒါကတော့ ယောက်ျားဖြစ်သူ”ဒင်” နဲ့ မိန်းမဖြစ်သူ”ဟန်” ဆိုတဲ့ ထူးဆန်းတဲ့စုံတွဲနဲ့အစပြုထားပါတယ် သူတို့နှစ်ဦးဟာ သဘာဝလွန်စွမ်းအားရှိတဲ့ ဘီဆီကိုလာပြီးတော့ သေဆုံးသွားပြီဖြစ်တဲ့ “အု” ရဲ့အရိုးကို ရှာပေးဖို့အကူညီတောင်းခဲ့ပါတယ်…သို့သော် ဘီတစ်ယောက် သူ့စွမ်းအားကိုထုတ်သုံးပြီးတဲ့နောက်မှာ ကြောက်စရာအာရုံတွေကိုမြင်စပြုလာပါတယ်…ဘီတစ်ယောက်အရိုးရှာရင်း အဖွားအိုတစ်ယောက်နဲ့တွေ့တော့ မင်းဆက်ရှာရင်သေမယ်လို့ပြောပါတယ်….ဘာလို့လဲ သုံးပိုင်းလုံးမှာ အသည်းယားစရာရိုက်ချက်နဲ့ဇာတ်ကွက် အလှည့်အပြောင်းတွေအပြင် ဗီယက်နမ်နိုင်ငံရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုပါ မြင်တွေ့ရမယ့် Horror Thriller series လေးဖြစ်တဲ့အတွက် အခုပဲဒေါင်းကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ

4.7 1900 108 mins
Vietnamese Horror Story (2022) Complete
The Travelling Cat Chronicles
6.8

The Travelling Cat Chronicles (2018) “ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့”တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။ သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ သေရတော့မှာပါလားလို့ တွေးမိတဲ့အချိန်မှာ ကျွန်တော့်အတွေးထဲ ပေါ်လာတာက သူပါပဲ။ ဟုတ်တယ် သူ၊ ကျွန်တော့်ကို ကြင်နာယုယပေးတဲ့သူ၊ ကျွန်တော်အသံကုန်ခြစ်ပြီး အော်ခေါ်ခဲ့တယ်။ ကယ်ပါဦး၊ ငါ့ကို လာကယ်ပါဦး ဆိုပြီးတော့လေ။ တကယ်လည်း သူ ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဆတိုးရုဆိုတဲ့ကောင်လေးက ကျွန်တော့်သခင်ဖြစ်လာတာပေါ့ဗျာ။ သူနဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပြီး တစ်နေ့မှာတော့ ဆတိုးရုက ထူးထူးဆန်းဆန်း ကျွန်တော့်ကို ခေါ်ပြီး ခရီးထွက်ပါလေရော။ ကျွန်တော်ကတော့ ဘာကြောင့်မှန်းမသိပေမယ့် ဆတိုးရုနဲ့အတူ မမြင်ဖူးမတွေ့ဖူးတဲ့ နေရာအသစ်အဆန်းတွေကို သွားရလို့ပျော်နေတာပေါ့ဗျာ။ ပြီးတော့မှ ဘယ်ဟုတ်မလဲ ဆတိုးရုက ကျွန်တော့်ကို သူများဆီမှာ ထားခဲ့ဖို့လုပ်နေတာဗျ။ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး ကျွန်တော်က ဆတိုးရုရဲ့ကြောင်လေ။ တစ်သက်လုံး သူနဲ့ပဲနေမှာကို သူ့နားကနေ တစ်ဖဝါးမှခွာမှာ မဟုတ်ဘူးဆိုတာ အဲဒီအရူးကြီး မသိဘူးထင်တယ်။ ခင်ဗျားတို့ရော ဆတိုးရုကို ဘ ာလို့ကျွန်တော့်ကို သူများဆီပေးဖို့ လုပ်နေတာလဲ သိကြလားဟင်။ …………………….. ဂျပန်စာရေးဆရာမ Hiro Aikawa ရဲ့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ 「旅猫リポート」ကြောင်လေးရဲ့ ခရီးသွားမှတ်တမ်း ဝတ္ထုစာအုပ်ကို ဇာတ်လမ်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာအုပ်လည်းထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့လည်း ကြောင်ချစ်သူတွေသာမက အားလုံးအတွက် အချိန်ပေးရတာနဲ့တန်တဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

Action • Crime • Thriller
6.8 2018
The Travelling Cat Chronicles
Blind Willow, Sleeping Woman
7.1

Blind Willow, Sleeping Woman (2022) ~ IMDb – 7.1/10, Rotten Tomatoes – 78% ~ မူရာကာမိရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းလာကြခဲ့တဲ့အထဲ အခုထိတော့ အနုပညာအရ မအောင်မြင်တာ မရှိသလောက်ပါပဲ။ ဒီတစ်ခါလည်း ရိုးရာမပျက်ခဲ့ပါဘူး။ ဒီတစ်ခါရုပ်ရှင်ကိုတော့ Pierre Földes လို့ခေါ်တဲ့ ရုပ်ရှင်တွေမှာ နောက်ခံတေးဂီတတွေ Compose လုပ်တဲ့သူက သူ့ပထမဆုံးကားအနေနဲ့ ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ သူ့ရှေ့က မူရာကာမိစာအုပ်ကို မှီးရိုက်ခဲ့တဲ့ နှစ်ကားလိုပဲ ဝတ္တုတိုတွေကိုပဲ အခြေခံထားတယ်။ ထူးတာက သူက ဝတ္တုတိုစုစည်းမှု စာအုပ်၃အုပ်ကနေမှ ဝတ္တုတို၆ပုဒ်ကို ထုတ်သုံးလိုက်တာပါ။ Blind Willow, Sleeping Woman ရယ်၊ The Elephant Vanishes ရယ်၊ After the Quake ရယ်က ၆ပုဒ်ပြန်ထုတ်သုံးထားတာပါ။ ဒါပေမဲ့ ဒါတွေအားလုံးကို တစ်ဆက်တည်းဖြစ်အောင် ပြန်ဆက်ပြီး တင်ဆက်ထားတယ်။ ဆက်ထားတာ သပ်ရပ်တယ်ပဲပြောရမလားပါပဲ။ တစ်ပုဒ်တည်းလို ခံစားရပေမဲ့လည်း ဒီဇာတ်လမ်းတွေရဲ့ မတူညီတဲ့ အဇ္စျတ္တတွေကို ရှာဖွေခြင်းတွေကပဲ ဒီဇာတ်လမ်းတွေကို အဟတစ်ခုဖြစ်သွားစေခဲ့တယ်။ တိုကျိုက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ဘဝမှာ ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ဘူး။ သူ့အလုပ်သူလုပ်နေရုံပဲ။ တာဝန်ကျေရုံလုပ်လိုက်လို့လည်း ပြီးတယ်။ ကောင်းကောင်းမွန်မွန်လုပ်ပေးလိုက်လို့လည်း သူ့ကို လာ အသိအမှတ်ပြုပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့လည်း သူက သူ့အလုပ်ကို သူကောင်းကောင်းမွန်မွန်ပဲ အမြဲလုပ်ခဲ့တယ်။ တစ်နေ့ကျ ဘဏ်က ချေးငွေရက်စေ့ပေမဲ့ ပြန်မရတဲ့ကိစ္စတစ်ခုအတွက် သူ့ခေါင်းပုံပြီး ဖြေရှင်းခိုင်းခံရတာပေါ့။ ဘဏ်က နောက်လူတစ်ယောက်ကျ သူ့မှာ တခြားအရည်အချင်းတစ်ခု ရှိကောင်းရှိမယ်။ ဒါပေမဲ့ သူက ပိုနေမြဲ ကျားနေမြဲ ဒီအလုပ်မှာပဲ ဆက်လုပ်နေခဲ့တယ်။ သူ့မှာ မိန်းမတော့ရှိပေမဲ့ သူ့မိန်းမနဲ့သူကြား တစ်စုံတရာရှိမရှိ၊ သူ့ဆီမှာရော သူ့မိန်းမအတွက် တစ်စုံတရာရှိမရှိ သူမသိခဲ့ဘူး။ ဒီလိုပဲနေလာခဲ့တယ်။ တစ်နေ့ကျ တိုကျိုမှာ လူတွေအများကြီး သေဆုံးခဲ့တဲ့ ငလျင်အကြီးစားကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူ့မိန်းမက ငလျင်သတင်းတွေပဲ နေ့နေ့ညညထိုင်ကြည့်နေပြီး ဘာဆိုဘာမှမလုပ်တော့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့မိန်းမက သူ့ကို စာတစ်စောင်ထားပြီး ထွက်သွားခဲ့တယ်။ ဒီလိုနဲ့ သူတို့ဘဏ်မှာ လူထက်ဝက်လောက်လျော့ဖို့ အကြောင်းဖန်လာခဲ့တယ်။ မိန်းမပစ်သွားတာခံရတဲ့သူက ခွင့်တစ်ပတ်ယူပြီး ခရီးထွက်ရင်း သူ့မိန်းမကိစ္စကို အဖြေရှာနေတဲ့အချိန်… ပထမလူဆီ ဖားပြုပ်ကြီးတစ်ကောင်ရောက်လာပြီး သူနဲ့အတူ တိုကျိုမြို့ကြီး ငလျင်ထပ်လှုပ်မယ့်ဘေးကနေ ကယ်တင်ဖို့ နားချတယ်။ ဒီလိုနဲ့ ပိုနေမြဲကျားနေမြဲနေလာတဲ့ သူနှစ်ယောက်ရဲ့ဘဝထဲကို သူတို့ကိုယ်သူတို့သိလာဖို့အတွက် သူတို့အဖြေကို သူတို့ပြန်ရှာဖို့လိုလာတဲ့ အခိုက်အတန့်တစ်ခု ကျရောက်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအခိုက်အတန့်ကနေ ဘယ်ကိုဆက်သွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပေါ့။ အန်နီမေးရှင်းအနေနဲ့ အသက်သွင်းထားလို့ ဒါရိုက်တာဟာ သူပြချင်တာကို လွတ်လွတ်လပ်လပ်ပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ မူရာကာမိရုပ်ရှင်တွေလောက်လည်း မလေးလံတာမို့ အားလုံးနီးပါးအတွက် ကြည့်ရအဆင်ပြေမယ့် အန်နီမေးရှင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 880MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 48Min Genre – Animation, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance • Comedy • Drama
7.1 2022 105 mins
Blind Willow, Sleeping Woman
Daddy Daughter Trip

လယ်ရီက တီထွင်ဉာဏ်ရင့်သန်သူဖြစ်ပြီး ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်တတ်ပေမဲ့ သူ့ရဲ့ တီထွင်မှုတွေက ကြီးကြီးမားမား ဖြစ်မလာသေးသူပါ။ သူ့ရဲ့သမီးငယ်လေး ၈ နှစ်အရွယ် မယ်ရာကတော့ ပုံဆွဲရာမှာ ထူးချွန်လှသူဖြစ်ပြီး လယ်ရီပြောပြတဲ့ပုံပြင်လေးတွေကို ပုံလေးတွေဆွဲပြီး ကြီးလာရင် ကာတွန်းရေးဆရာမ လုပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ရှိသူလေးဖြစ်ပါတယ်။ ဒီလိုနဲ့ မယ်ရာ့ရဲ့နွေဦးကျောင်းပိတ်ရက်မှာ တခြားကလေးတွေလို ကျောင်းပိတ်ရက်ခရီးထွက်ချင်ပေမဲ့ အလုပ်မရှိဘဲ အချိန်ပိုင်းတွေသာလုပ်နေရတဲ့ လယ်ရီက ခရီးပို့ပေးမယ်လို့ အရင်နှစ်က ပေးခဲ့တဲ့ သူ့ရဲ့ကတိကို တည်အောင်ကြိုးစားရပါတော့တယ်။ လယ်ရီ တစ်ယောက် အစီအစဉ်မရှိဘဲ မယ်ရာ့ကို ခြေဦးတည့်ရာခေါ်သွားရင်း ဟိုဟိုဒီဒီလုပ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်ကြိမ် အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကံကြမ္မာက သူ့အတွက် မျက်နှာသာပေးတဲ့အနေနဲ့ ခရီးသွားဘလော့ဂါ လင်မယားနှစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ရာမှာတော့… သူတို့ကြား ပြဿနာတွေနဲ့ လွဲချော်မှုလေးတွေကို Comedy/Animation အဖြစ် ဟာသဆန်ဆန် ရိုက်ကူးထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့အတူ ကြည့်နိုင်မဲ့ ဇာတ်ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2022 100 mins
Daddy Daughter Trip
Tufang
6.7

Tufang (2023) “ပစ္စတိုဖူးစာ” IMDb – 6.3/10 ပန်ချာပီအဆိုတော်အနေနဲ့ နာမည်ကြီးတဲ့ ဂူရီက အဓိကဇာတ်ကောင်နေရာကနေပါဝင်ထားပါတယ်။ မင်းသမီးကတော့ တလေဂူး၊ ဟင်ဒီ၊ ကန်နာဒါရုပ်ရှင်နယ်ပယ်တွေမှာ ပါဝင်နေကျဖြစ်တဲ့ ရုခ်ရှာဒီလွန်။ မင်းသားက ဦးလေးဖြစ်သူနဲ့အတူ သေနတ်ဆိုင်ဖွင့်ထားသူတစ်ယောက်။ သေနတ်တွေကို ချစ်မြတ်နိုးပြီး သေနတ်တွေကို အစမ်းပစ်ပြတဲ့ သူ့ရဲ့အွန်လိုင်းဗီဒီယိုတွေကလည်း အားပေးသူအထိုက်အလျောက်ရှိတဲ့သူဖြစ်ပါတယ်။ မင်းသမီးကတော့ သူ့လိုပဲ သေနတ်တွေကိုခုံမင်တဲ့သူ။ ညီမဖြစ်သူတွေအိမ်ထောင်ကျ ကလေးတွေရတဲ့အထိ သေနတ်ပစ်ဖို့နဲ့ သေနတ်တစ်လက်ပိုင်ဆိုင်ဖို့တွေးနေတတ်တဲ့သူဖြစ်တာကြောင့် မိခင်ဖြစ်သူရဲ့ ဆူပူမှုကို နေ့စဉ်နဲ့အမျှခံရသူ။ ခပ်တည်တည်နဲ့ ရဲစခန်းမှာသေနတ်လိုင်စင်သွားလျှောက်တော့လည်း မရပြန်တာကြောင့် မင်းသားပိုင်တဲ့ဆိုင်ကနေ ခိုးဖို့အကွက်ချစီစဉ်ပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရဲ့စီစီတီဗီမှာ သူ့မျက်နှာပါနေပြီး မင်းသားက သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့။ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ ဘယ်လိုဗီလိန်တွေပါဝင်လာမလည်းဆိုတာတော့ ဒီအက်ရှင်ဒရာမာဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6.7 2023
Tufang
Familyhood
6.3

Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် .. Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ .. ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် ‘အရူးမ’လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ .. ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ .. ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် အစ်မဖြစ်သူနဲ့ခက်ခက်ခဲခဲရှင်သန်နေရတဲ့အပြင် အသက်မပြည့်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဖြစ်လာတယ် .. ချစ်သူဖြစ်သူရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ ဂျူယွန်းတစ်ယောက် သူ့ကိုသစ္စာမဖောက်ဘဲ ဘေးမှာအမြဲရှိပေးမယ့်သူကို စဉ်းစားလိုက်တဲ့အခါမှာ မိသားစုဖြစ်နေခဲ့တယ် .. အဲဒီလိုနဲ့ ကလေးယူဖို့ ကြိုးစားလိုက်ပေမဲ့ မရနိုင်တော့တဲ့ဂျူယွန်းက အလယ်တန်းကျောင်းသူ ကိုယ်ဝန်သည်ဒန်ဂျီကို တွေ့သွားခဲ့တယ် .. ဒန်ဂျီရဲ့ကလေးကိုမွေးစားဖို့ ဖြောင်းဂူနဲ့တိုင်ပင်ပြီး စာချုပ်ချုပ်ဆိုခဲ့ကြရာကနေ… အများပြည်သူဆီကနေ အာရုံစိုက်ခံနေရတဲ့ မင်းသမီးတစ်ယောက် ကိုယ်ဝန်ရတယ်ဆိုပြီး ဘယ်လိုဇာတ်လမ်းတွေခင်းသွားမလဲ…. ဒန်ဂျီနဲ့စာချုပ်မှာရော ဘယ်လိုပြဿနာတွေ ကြုံတွေ့ရမလဲဆိုတာကို ဟာသလေးတွေနှောထားတာမို့ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားထားပါတယ်) File size…1.64GB / 768MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 59 min. Genre ….. Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.3 2016
Familyhood
Missing You
6.7

Missing You (2016) ******************* IMDb….6.7 ဒီတစ်ခါမှာတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ Crime, Thriller အမျိုးအစား ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့ သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။ လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲ အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာ ဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။ ၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီး ဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။ တစ်ဖက်မှာလည်း စုံထောက်ဂျိုဒယ်ယောင်း (Yoon Je-Moon) က သူ့ရဲ့ပါတနာဟောင်းဖြစ်သူ ဟီဂျူ့အဖေကိုသတ်မှုနဲ့ ဂင်ဂီဘုမ်းကို အပြစ်ရှိကြောင်း စီရင်ချက်ကျခံရစေဖို့အတွက် လက်မလျှော့ဘဲ ကြိုးပမ်းနေဆဲပေါ့။ အဲဒီလိုနဲ့ ဂင်ဂီဘုမ်း ထောင်က ပြန်လွတ်လာတဲ့အခါမှာတော့… ဟီဂျူတစ်ယောက် အဖေဖြစ်သူ အသတ်ခံရမှုအတွက် တရားမျှတမှုကို ဘယ်လို ပြန်လည်ရယူသွားမလဲ..။ စုံထောက်ဂျိုကရော ဂင်ဂီဘုမ်းကို ပြန်ပြီး ထောင်ထဲ ဖမ်းထည့်နိုင်မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဒီကားလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…) File Size : 1.46GB/ 680MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

6.7 2016 108 mins
Missing You