YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Killerman.2019.BluRay1080p5.1CH(CM).mp4

1.88 GB N/A video/mp4 284 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kadina Kadoramee Andakadaham
4.8

Kadina Kadoramee Andakadaham (2023) IMDb-6.6/10 ၂၀၁၉ နှစ်ကုန် ၀ူဟန်ကနေ စလိုက်တဲ့ ကိုဗစ်၁၉ဆိုတဲ့ ကိုရိုနာရောဂါပိုးက တကမ္ဘာလုံးကို ရက်ရက်စက်စက် ဒုက္ခပေးသွားခဲ့တယ်။အဲဒီ ကိုရိုနာပိုးက ကျွန်တော်တို့မြန်မာနိုင်ငံဆီကိုလဲ ၂၀၂၀နှစ်ဦးပိုင်းမှာ ဝင်လာခဲ့တယ်။ စစချင်းတော့ Social Distance ပေါ့၊သတ်မှတ်ထားတဲ့ အကွာအဝေးမှာ တဦးနဲ့တဦးခပ်ခွာခွာနေရ။ လက်မှန်မှန်ဆေးရ။ကွာရာန်တင်းတွေဝင်ကြရနဲ့။တဖြည်းဖြည်းဆိုးလာတော့ စီးပွားတွေပျက်ကြ။ မိသားစုဝင်တွေဆုံးရှုံးကြရ။တချို့တွေဆို မိသားစုလိုက် အသက်ဆုံးရှုံးလိုက်ကြရတမျိုးတွေထိ။ဒီကြားထဲမှာ ဝိသမလောဘသားတွေက နှာခေါင်းစည်းမကောင်းတာတွေ ဆေးမကောင်းတာတွေရောင်းကြတာမျိုး စျေးအဆမတန်တင်ရောင်းကြတာမျိုးတွေက ရှိသေးတယ်။ ခု တင်ဆက်ပေးမဲ့ မလေယာလမ်စကားပြော ဇာတ်ကားဟာဆိုရင်လည်း ကိုဗစ်ကာလအတွင်း အပေါ်ကလိုမျိုး အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဘာချူးတယောက် ကိုဗစ်ကာလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်။ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်လုပ်တာကြာပြီဖြစ်ပြီး သူ့အနားမှာ မရှိလို့ဆိုပြီး အဖေကို စိတ်နာနေတဲ့သူတယောက်လည်းဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ပါတယ်ဆိုနေမှ သူကုန်သွယ်တဲ့ နှာခေါင်းစည်းတွေက မကောင်းတာတွေဖြစ်နေရော။အဲလို ပြဿနာတွေကြားထဲမှာမှ တခြားမြို့မှာ ရှိတဲ့ အဖေဖြစ်သူကဆုံး။အလောင်းကို မွေးရပ်ပြန်သယ်ဖို့ကျလည်း ကိုဗစ်ကာလဆိုတော့ သိတဲ့အတိုင်း။အဲဒီလို အဖြစ်အပျက်တွေ၊အစိုးရချမှတ်ထားတဲ့ အတားအဆီးတွေ ဥပဒေတွေ၊ အလုပ်လုပ်ကိုင်ရ ခက်ခဲတဲ့ကိစ္စတွေကို မတမ်းတကောင်းသော်ငြား ပြန်ပြောင်းအောက်မေ့ဖွယ် ဇာတ်လမ်းလေးတပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~Saii~chiclon3~YH~Aditi တို့ပဲဖြစ်ပါတယ်) File size…1.68GB / 838MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~Saii~chiclon3~YH~Aditi

Drama • Mystery
4.8 2023 120 mins
Kadina Kadoramee Andakadaham
Last Christmas
7.2

ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(2 GB) and (1 GB) Quality…Blu-Ray 1080p & 720p (HEVC Encode) Format…mkv Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Action • Comedy • Crime • Thriller
7.2 2019 102 mins
Last Christmas
Private Desert
7

~ IMDb - 7.2/10, Rotten Tomatoes - 100% ~ ဘရာဇီးကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အော်စကာဆုစာရင်းထဲမှာလည်းပါ၊ အော်စကာဆုများနဲ့လည်း ထိုက်တန်ပါတယ်လို့ ပြောဆိုမှုတွေရှိတဲ့ကြားက ဆုမချိတ်နိုင်ခဲ့ပေမဲ့ ကြည့်နေကြ ဟောလိဝုဒ်ထဲက ကွဲထွက်နေတဲ့ ဘရာဇီးကားလေးမို့ အရသာကတော့ အသစ်အဆန်းလေးပေါ့။ မော်ဒန်ခေတ်သစ်ရဲ့ အသုံးပြုမှုအများဆုံး ဆိုရှယ်ပလက်ဖောင်းလို့ခေါ်တဲ့ လူမှုကွန်ယက်‌ပေါ်က အချင်းချင်းတွေ့ကြတဲ့ဇာတ်လမ်းပါပဲ။ ဒေါသကို ထိန်းချုပ်ရာမှာ ပြဿနာရှိတဲ့ ရဲလေ့ကျင့်ရေးအရာရှိတစ်ယောက်က သင်တန်းသားလူသစ်တစ်ယောက်ကို ဆုံးမရင်း လက်လွန်မတတ်ဖြစ်သွားလို့ အလုပ်ပြုတ် တရားရင်ဆိုင်နေရတာကနေ ဇာတ်လမ်းစပါတယ်။ သူက အဖေအိုကြီးကို ပြုစုလုပ်ကျွေးနေသူတစ်ယောက်။ ရည်းစားမရှိ၊ မိန်းမမရှိ။ အွန်လိုင်းပေါ်ကတွေ့တဲ့ ကောင်မလေးကိုပဲ စွဲစွဲလမ်းလမ်း ချစ်နေတဲ့ လူပျိုကြီးပါပဲ။ သူတို့ဟာ လူချင်းမတွေ့ရပေမဲ့ လိုင်းပေါ်မှာကတော့ လင်မယားတွေလိုပဲ‌ပေါ့။ ကိုယ်တုံးလုံးပုံတောင် ကိုရဲကြီးက လှမ်းပို့သေးသတဲ့။ ဒါပေမဲ့ တစ်နေ့မှာ အကောင့်ပိုင်ရှင်လေးပျောက်ဆုံးလို့ စာမပြန် ဖုန်းမကိုင် သစ်စိမ်းချိုး ချိုးသွားတဲ့အခါမှာတော့... အလုပ်ပြုတ်တာ၊ တရားရင်ဆိုင်ရတာတွေက သူ့အတွက် အရေးမပါလှပါဘူး။ သိပ်ချစ်ရတဲ့ကောင်မလေး ရုတ်တရက် အဆက်ဖြတ်သွားတာကပဲ ကိုရဲကြီးကို ငါးရံ့ပြာလူး ဖြစ်စေခဲ့တာပါ။ ကောင်မလေးရှိရာ တောင်ပိုင်းပြည်နယ်ကို မိုင်နှစ်ထောင်‌ကျော် ကားမောင်းပြီး အပြေးရောက်လာတာကိုသာ ကြည့်တော့။ ဒါပေမဲ့ ကောင်မလေးက အတွေ့မခံပါဘူး။ အူနုကျွဲခတ်ခံရရှာတဲ့ ကိုရဲကြီးကလည်း ဓာတ်ပုံတွေ တစ်မြို့လုံးလိုက်ကပ်ပြီး ရှာတော့တာပါပဲ။ ကောင်မလေးဟာ ကောင်မလေး မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ချစ်ခြင်းမေတ္တာ၊ သူ့ရဲ့ နှလုံးသား၊ သူ့ခံစားချက်တွေကကောင်မလေးဆိုပေမဲ့ ကောင်မလေးဟာ လိင်အရတော့ ကောင်မလေး မဖြစ်တဲ့သူပေါ့။ အဲဒါကို ကိုရဲကြီး သိရှိဖော်ထုတ်မိချိန်မှာတော့ ... ချစ်ခြင်းကို ဖွဲ့သီတဲ့ ဇာတ်ကားဆိုပေမဲ့ လိင်တူချင်း တပ်မက်ကြတဲ့ ဇာတ်ကားလေးပါပဲ။ ဒီဘက်ခေတ်မှာ ရေပန်းစားလာတဲ့ အမျိုးအစားပေါ့။ ဒီတော့ သူတို့နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ကိုရဲကြီးက ဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုတုံ့ပြန်မှာလဲ။ ကောင်မလေးမဟုတ်ရှာတဲ့ ကောင်မလေးကရော ကိုရဲကြီးကို ပိုင်ဆိုင်ခွင့်ရနိုင်ပါ့မလား။ ငွေရောင်ပိတ်ကားပေါ်မှာ ရှုစားနိုင်ပါကြောင်း... (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.3GB, 803MB Quality - Blu-ray 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 2H 1Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7 2021 121 mins
Private Desert
Outlaw King
6.8

"အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander III နတ်ရွာစံံပြီးနောက်မှာ ဆက်ခံသူ မြေးတော် Magaretကလည်း ၁၂၉၀ မှာ ထပ်ပြီးနတ်ရွာစံတဲ့အခါ ထီးနန်းကိုဆက်ခံထိုက်တဲ့ သူကောင်းမျိုးအင်အားစု ၁၄ စုကြားမှာ နန်းလုတဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။ အင်္ဂလန်ပြည့်ရှင် ပထမမြောက်အက်ဒွပ်ဘုရင်ကို ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းတဲ့အခါ အက်ဒွပ်က John Balliolကို နန်းတင်ပေးတယ်။ ၁၂၉၆ မှာ EdwardဟာJohn Balliolကို နန်းချပြီး စကော့တလန်ကို သိမ်းပိုက်လိုက်တယ်။ စကော့တလန်တစ်ပြည်လုံးဟာ ကျောချမှ ဓားပြမှန်း သိလိုက်ရတဲ့အဖြစ်ကြုံခဲ့ရပြီး အင်္ဂလိပ်တွေ ဗိုလ်ကျသမျှကို ခံရတော့တယ်။ အဲဒီနောက်မှာ အင်္ဂလိပ်တွေကို အတိအလင်းတော်လှန်မယ့် William Wallace ဆိုတဲ့ သူရဲကောင်းပေါ်ထွက်လာပြီး ဘုရင်Edwardကို တော်လှန်တဲ့အခါ မထင်မှတ်လောက်အောင် အောင်မြင်မှုတွေရတယ်။ ဒါပေမဲ့ သွေးကွဲနေကြတဲ့ စကော့တလန်သူကောင်းမျိုး အင်အားစုတွေကြောင့် Falkirkတိုက်ပွဲ(July 22, 1298)မှာ စကော့တလန်သားတွေ အထိနာပြီး ဝေါလေ့စ်လည်း တောပြန်ခိုရတဲ့ဘဝရောက်သွားတော့တယ်။ ဘုရင်Edwardဟာ စကော့တလန်ကို ပြန်သိမ်းပြီး သူကောင်းမျိုးတွေကို သစ္စာပြန်ခံစေတယ်။ နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမယ့် Robert the Bruceဟာ သတ္တမမြောက် Bruceဖြစ်ပြီး သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruceဟာ Edwardနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်။ သတ္တမမြောက် Bruceဟာ ဝီလျံဝေါလေ့စ်ကို လေးစားကြည်ညိုသူဖြစ်ပေမယ့် နန်းလုနေတဲ့ သူကောင်းမျိူ းတွေကြားထဲမှာ အနေအထိုင် မမှားအောင်ဆင်ခြင်ရသူမို့ ဝေါလေ့စ်နဲ့ပေါင်းပြီး ထိထိရောက်ရောက် မတော်လှန်ဖြစ်ခဲ့ဘူး။ (Brave Heart 1995 ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး) Edwardဟာ စိတ်မချရတဲ့ သတ္တမြောက်Bruceကို Ulsterမြို့စား Richard Ogရဲ့သမီး Elizabeth de Burghနဲ့ လက်ထပ်ပေးလိုက်တယ်။ Bruceက ပထမဇနီးကွယ်လွန်ခဲ့ပြီး သမီးတစ်ယောက် ရနေပြီ။ လက်ထပ်ချိန်မှာ Bruceက ၂၈ နှစ် Elizabethက ၁၈ နှစ်ပဲရှိပါသေးတယ်။ လက်ထပ်ပြီး မကြာမီမှာပဲ သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruce ကွယ်လွန်သွားပြီး ဘုရင်Edwardကလည်း ဝီလျံဝေါလေ့စ်ကို ဖမ်းမိသွားတယ်။ ဝေါလေ့စ်ကို ခေါင်းဖြတ် လေးပိုင်းပိုင်းပြီး နိုင်ငံ တနံတလျားကို တစ်ပိုင်းစီပို့စေတဲ့အခါ ဝေါလေ့စ်ကို သိပ်ကြည်ညိုတဲ့ စကော့တလန်မှာ ဆူပူမှုတွေဖြစ်လာတယ်။ ဒါဟာပုန်ကန်ဖို့ အချိန်ကောင်းပဲဆိုတာကို သိလိုက်တဲ့ Bruceဟာ သူရဲ့အင်အားအကောင်းဆုံး ပြိုင်ဘက် John Comynနဲ့ လက်တွဲပုန်ကန်ဖို့ ဆွေးနွေးတဲ့အခါ မမျှော်လင့်တဲ့ပြဿ နာဖြစ်လာတယ်။ သူပုန်ထမယ့်ကိစ္စကို Edwardဆီသတင်းပို့မယ်လို့ ခြိမ်းခြောက်တဲ့အခါ Bruceက သူ့ကိုဓားနဲ့ ထိုးလိုက်တယ်။ ဘုရားကျောင်းအပြင်ဘက်မှာ စောင့်နေတဲ့ နောက်လိုက်တွေဆီက Bruceဟာ လက်မှာသွေးတွေနဲ့ ပြန်ရောက်လာပြီး "ငါဓားနဲ့ထိုးလိုက်တာ Comynသေပြီလား မသိဘူး"လို့ ပြောတဲ့အခါ William Wallaceရဲ့ ရောင်းရင်းဖြစ်ဖူးတဲ့ Roger de Kirkpatrickက ဒါဆိုလက်စတုံးမှဖြစ်မယ်ဆိုပြီး ဘုရားကျောင်းထဲ ဝင်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ Comynကို လက်စတုံးလိုက်တယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါ Bruceကို ချက်ချင်းဘိသိတ်မြှောက်ပြီး ဘုရင်ဖြစ်ဖို့ လုံးပမ်းကြရတော့တယ်။ ဘုရားကျောင်းထဲမှာ လူသတ်မှုကျူ းလွန်တဲ့အတွက် ပုပ်ရဟန်းမင်းက Bruceကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရင်ဖြစ်ပြီးပြီးချင်း Bruce စရင်ဆိုင်ရတာက Comynမိသားစုတွေနဲ့ Edwardကို သစ္စာခံထားတဲ့ အင်အားစုတွေကို စရင်ဆိုင်ရတယ်။ ၁၃၀၆ ဇွန်လမှာဖြစ်ခဲ့တဲ့ Methvenတိုက်ပွဲမှာ အကြီးအကျယ်အထိနာပြီး ထွက်ပြေးခဲ့ရတယ်။ Edwardရဲ့တပ်တွေ ထပ်ရောက်လာတဲ့အခါ Bruceရဲ့ မိသားစုတွေ အဖမ်းခံရပြီး အကျဉ်းချခံရတယ်။ညီလေးယောက်မှာ သုံးယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒီအချိန်တွေဟာ Robert the Bruceအတွက် အခက်ခဲဆုံး အချိန်တွေပဲ။ ၁၃၀၆-၁၃၀၇ ဆောင်းကာလမှာ Bruceဟာ စကော့တလန်ပြင်ပထိ သွားရှောင်နေခဲ့ရပြီး တကြော့ပြန်ဝင်လာတဲ့အခါ သမားရိုးကျမတိုက်ဘဲ ပြောက်ကျားနည်းနဲ့ ရန်သူကို အထိနာအောင်တိုက်ပါတော့တယ်။ ၁၃၀၇ ခုနှစ် မေလမှာဖြစ်ပွားခဲ့တဲ့ လောင်ဒွင်တောင်ကုန်း (Loudoun Hill)တိုက်ပွဲဟာ စကော့တွေအတွက် သမိုင်းတွင်တဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Robert the Bruceဟာ အင်အား ၆၀၀ တည်းနဲ့ အင်္ဂလိပ်တွေရဲ့ မြင်းတပ် အင်အား ၃၀၀၀ ကို ဗျူ ဟာကြွယ်ကြွယ်အနိုင်ယူပြီး အစွယ်ရိုက်ချိုးပြခဲ့တယ်။ စကော့တလန်ဘက်က ဆယ်ဂဏန်းအကျအဆုံးရှိပြီး အင်္ဂလိပ်တွေဘက်က အကျအဆုံး ရာချီပါတယ်။ ဒီတိုက်ပွဲမှာနိုင်ခဲ့ပေမယ့် Robert the Bruceဟာ စကော့တလန် တစ်ပြည်လုံးကို မနားတမ်း တိုက်ခိုက်ရ စည်းရုံးလိုက်ရတာ ၁၃၁၄ ခုနှစ်မှာ ညီလာခံ ကျင်းပပြီး အုပ်ချုပ်ရေး ပြန်လုပ်နိုင်ခဲ့တယ်။ ကံမကောင်းရှာတဲ့ Robert the Bruceဟာ သက်တော် ၅၄ နှစ်မှာ နူနာရောဂါနဲ့ ကွယ်လွန်တယ်လို့ ဆိုကြပါတယ်။ Brave Heart ရုပ်ရှင်ထဲမှာ နူနာရောဂါနဲ့ကွယ်လွန်တာ ဆဋ္ဌမမြောက် Bruce ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဒီရောဂါနဲ့ ကွယ်လွန်တာ King Bruce I (သတ္တမမြောက် Bruce)လို့ဆိုကြတယ်။ Robert the Bruceရဲ့ အုတ်ဂူကိုရှာဖွေတွေ့ရှိလို့ သူ့အရိုးတွေကို လေ့လာကြည့်တဲ့အခါ ဒီရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုတဲ့အခါ နူနာရောဂါနဲ့ ကွယ်လွန်တာ ဘယ် Bruceလဲ မခွဲခြားနိုင် ဖြစ်လာရတော့တယ်။ Robert the Bruceဟာ မိဖုရား Elizabethနဲ့ သားသမီးလေးယောက်ရခဲ့ပြီး သူ့ရဲ့ တီ ဆဋ္ဌမမြောက် Jamesဟာ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ရဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ဒါရိုက်တာ David Mackenzieရဲ့ လက်ရာ Outlaw King(2018)ဟာ ဒီနှစ်ထွက်တဲ့ရုပ်ရှင်တွေထဲမှာ လူသိပ်မသိပေမယ့် ကြည့်ရတာ တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ Robert the Bruceအဖြစ် Chris Pineက သရုပ်ဆောင်ထားပြီး Black Douglasအဖြစ် Avengers: Age of Ultronထဲက သွားလေသူ Quicksilverအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Aaron Taylor Johnsonတို့က သရုပ်ဆောင်ထားတယ်။ Brave Heartလို Fictionများလွန်းတဲ့ ရုပ်ရှင်မျိုးမဟုတ်ဘဲ သမိုင်းမှန်နဲ့ ပိုနီးစပ်အောင်ကြိုးစားထားပေမယ့် စကော့တလန်မဆန်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဟာတာတာဖြစ်နေပါတယ်။ Brave Heartထဲကလို James Hornerရဲ့ နောက်ခံတေးဂီတရဲ့ အင်အားကို မခံစားရတာလည်း ပါလိမ့်မယ်ထင်တယ်။ ကြည့်ကောင်းပြီး စိတ်ကျေနပ်ရတဲ့ရုပ်ရှင်မျိုး ဆိုပေမယ့် Brave Heart(1995)လိုတော့ အကြာကြီး လွမ်းမိနေမယ် မထင်ပါဘူး။ ဒီရုပ်ရှင်ကားကို Htet Htet Myint က ဘာသာပြန်ပေးထားပြီး အညွှန်းကိုတော့ Elvis မှ ရေးပေးထားပါတယ် Review By : Elvis Ref ~ The Battle of Loudoun Hill ~ Robert the Bruce ~ History of Scotland www.wikipedia.com

Crime • Sci-Fi & Fantasy
6.8 2018 122 mins
Outlaw King
Alita: Battle Angel
7.2

နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။ Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ "Greatest movie in the world" ပါပဲလို့ပြောပါတယ်။ ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။ Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့ Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။ အရာအားလုံးက ရှင်းလင်း မြင်သာတယ်။ Ready Player One တုန်းကတောင် နည်းနည်းခပ်မှောင်မှောင် ဖြစ်သေးတယ်။ Mo-cap လက်ရာကတော့ အစစ်နဲ့ အတု ခွဲလို့မရလောက်အောင်ကိုလက်ရာမြောက်လွန်းတယ်။ ချကြဗြင်းကြတဲ့အခန်းတွေမှာဆိုလည်း မည်ကဲ့သို့လုပ်လိုက်သည်မသိ ဆိုပြီးဝုန်းဒိုင်းနဲ့ ပြီးမသွားဘူး။ ရှင်းရှင်းလင်းလင်း လှလှပပ အားရပါးရကိုမြင်ရတယ်။Motorball game အခန်းတွေဆို လုံးဝလန်ထွက်။ သတ်တာဖြတ်တာဆိုလည်းတကယ့် brutal ပဲ။ ထင်မထားတာတွေ အကြမ်းကြီးတွေ လုပ်ပြတယ်။Character design တွေလည်း လန်ထွက်။ မြင်ကွင်းပိုင်းမှာ အရောင်အသွေးအကုန် ပြီးပြည့်စုံလှပါတယ်ဆိုပေမဲ့Alita ဟာ ဇာတ်ညွှန်းပိုင်းမှာ နည်းနည်းလေး ပေါ့နေပါတယ်။ ဇာတ်လမ်းက ဒီထက်အများကြီး ချောမွေ့လို့ရပါတယ်။အခုက တချို့နေရာတွေ scene တစ်ခုနဲ့တစ်ခုကူးတာမှာ ထောက်နေတာတွေရှိတယ်။ ဇာတ်လမ်းစကတည်းက ဖြစ်ပျက်နေတာတွေ များလွန်းနေသလိုဖြစ်နေတယ်။ ဒီလိုဖြစ်ပျက်နေတာတွေ များလွန်းလို့ ကြားထဲမှာပျောက်နေခဲ့တာတွေအများကြီးပဲလို့ မြင်မိတယ်။ မိုက်လှပါတယ်ဆိုတဲ့ ဇာတ်ကောင်တွေကိုဒီထက် character ပိုပြနိုင်ရင်လည်းပိုကောင်းပါမယ်။ အခုက character arc လည်းသိပ်မပါခဲ့သလိုတချို့ဇာတ်ကောင်တွေဆို သေသွားလည်း ရင်ထဲဘာမှမဖြစ်သလို ပေါ့ပေါ့ပဲ။ဟိုမိန်းမကြီးကလည်း ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိ။ ဇာတ်လမ်းပိုင်း နည်းနည်းလေး လိုနေတာကလွဲရင် Battle Angel ဟာလုံးဝ ကြည့်ရတန်တဲ့ ကားတစ်ကားပါပဲ။ သေလောက်အောင် လှပ ပြင်းထန်လှတဲ့ မြင်ကွင်းတွေကတစ်ကားလုံး မပျင်းရအောင် လုံးဝဆွဲဆောင်သွားပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်) Admin KPK DatShin: 3/5 IMDB: 7.6/10 Tomatometer: 60% ရုပ်ရှင်ကားကိုတော့ Little Neo မှ ဘာသာပြန်ပေးထားပါတယ် File Size : (5.4 GB)/(4.3 GB)/ (950 MB) Quality :OpenMatte 4K HEVC/ BluRay 1080p HEVC/720p Running Time : 2hr 02min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by THZ,Nyeinsaeya Aung

Comedy • Drama • Family
7.2 2019 122 mins
Alita: Battle Angel
[18+] Wet Dreams (2002) Mongjunggi
5.4

Sex is Zero လို ကျောင်းသားဟာသကားတွေကြိုက်တတ်ရင်တော့ Wet Dreams ဆိုတဲ့ ဒီကိုရီးယားကားမှာလဲ ခွီရဦးမှာပါ။ ဒေါင်ဟွန်း ဆန်းမင်း ယောင်ဂျေး ဆွတ်ဂူးတို့ဟာယောက်ျားလေးသီးသန့်ကျောင်းမှာတက်ရောက်နေတဲ့ လူပျိုဖော်ဝင်စ၊အပျံသင်စ လိင်မှုကိစ္စကိုထဲထဲဝင်ဝင်နှိုက်နှိုက်ချွတ်ချွတ်စိတ်ဝင်တစား စူးစမ်းချင်စပြုလာတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်။ အဲ့ဒီကျောင်းကိုမှ သူတို့နဲ့အသက်ချင်းသိပ်မကွာတဲ့ ငယ်ငယ်လှလှ ဆရာမလေးတစ်ယောက်က အလုပ်သင်အဖြစ်ဝင်လာတဲ့အချိန်မှာတော့ အဲ့ဒီဆရာမလေးနဲ့ နီးစပ်ခွင့်ရဖို့အရေး သူတို့တွေအလောင်းအစားနဲ့အကြံအဖန်လုပ်ကြတဲ့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီဆရာမလေးကလဲ ကိုယ်ပိုင်ဇာတ်လမ်းရှိပါတယ်။ ဆရာမလေးရဲ့တစ်ဖက်သတ်အချစ်ဦး ဆယ်ကျော်သက်တုန်းက တဖက်သတ်ကြိတ်ကြွေခဲ့ရတဲ့ ဆရာအစ်ကိုကြီးဟာ အဲ့ဒီကျောင်းမှာကျောင်းဆရာအဖြစ်ရှိနေလို့ဒီကျောင်းကိုမရောက်ရောက်အောင် ဖန်တီးယူခဲ့တာဖြစ်နေလို့ပါပဲ။ဆရာမလေးကသူ့ဇာတ်လမ်းနဲ့သူ့ချစ်ရသူကိုနီးစပ်ခွင့်ရဖို့ကြိုးစားသလို ဒေါင်ဟွန်းတို့လေးယောက်ကလဲ ဆရာမလေးလက်ကိုကိုင်ဖို့၊ အောက်ခံဘောင်းဘီ ဘာရောင်လဲဆိုတာမြင်ရဖို့တို့ ညစ်တီးညစ်ပတ်အလောင်းအစားတွေနဲ့ကြိုးစားနေရင်းက ဒေါင်ဟွန်းဟာ ဆရာမလေးအပေါ် တစ်ပါးသူ စကားနဲ့ထိပါးလာရင်တောင်မခံချင်မခံမရပ်နိုင်ဖြစ်လာတဲ့အထိမေတ္တာရှိမြတ်နိုးသွားမိတဲ့အခါမှာတော့..။ စိတ်ကူးယဉ်တတ်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အိမ်မက်ပင်လေးကိုပျိုးမိတော့တာပါပဲ၊ သူ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ? ဆရာမလေးရဲ့ အထက်တန်းကျောင်းကတည်းကစခဲ့တဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကရော? ဇာတ်သိမ်းကတစ်ခုပဲလှဖို့ရှိပါတယ်။ Wet Dream ဟာကျွန်တော်တို့ဆီမှာနာမည်ကျော်ဖြစ်တဲ့ Sex is Zero နဲ့ တစ်နှစ်ထဲထွက်ရှိခဲ့ပြီး အပြိုင်နာမည်ကြီးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ကိုရီးယားလှိုင်းအစရုပ်ရှင်တွေထဲမှာတစ်ကားအပါအဝင်ဖြစ်ပြီးကြည့်ဖူးတဲ့သူတွေဆို တစ်ချို့ဇာတ်ကွက်တွေကိုမှတ်မိကြဦးမှာပါ။ သူတို့သူငယ်ချင်းလေးယောက်ရဲ့လိင်ကိစ္စ စပ်စုပုံ၊စူးစမ်းပုံတွေ၊ ဆရာမလေးအနားကပ်ခွင့်ရဖို့ကြိုးစားကြပုံတွေဟာ အသေခွီနေရပြီးကိုယ့်ငယ်ဘဝကိုယ်ပြန်အမှတ်ရစရာတိုက်ဆိုင်မှုလေးတွေကိုပါမြင်ရတွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ Credit scene ဆန်ဆန်တစ်ခန်းပါဝင်ပြီး၊ အဲ့ဒီနေရာမှာ ဆရာကြီးတစ်ယောက် Cameo အဖြစ်စပရိုက်တိုက်ထားပါတယ်။ Wet Dreams 2 ဆက်ထွက်ခဲ့ပြီး Wet Dream နှစ်ကားစလုံးကို https://channelmyanmar.to/?s=wet+dreams မှာကြည့်ပါ။

Action • Thriller
5.4 1900 94 mins
[18+] Wet Dreams (2002) Mongjunggi
Yes Boss
6.7

Yes Boss (1997) *************** ဒီဇာတ်ကားလေးကတော့ ဘောဝုဒ်ရဲ့ Kingလို့တင်စားကြတဲ့ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီးကြီး ဂျူဟီးချောင်လာတို့ရဲ့ Romance/Dramaအမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.7အထိ ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရာဟူးလ်ရဲ့သူဋ္ဌေးဆစ်ဒါးသ်ဟာ တရားဝင်မိန်းမရှိသူဖြစ်သော်လည်း ဆီမာဆိုတဲ့ မိန်းကလေးကိုသဘောကျကာ ချဥ်းကပ်နိုင်ဖို့အတွက် ရာဟူလ်းကို အခကြေးပေးကာ အကူအညီတောင်းပါတယ်။ ဒါပေမဲ့ ရာဟူးလ်ဟာ ဆီမာကို နှစ်သက်စွဲလမ်းကာ ချစ်မိသွားပြီး သူ့ရဲ့အလုပ်နဲ့ နှလုံးသားနှစ်ခုထဲက တစ်ခုကို ရွေးချယ်မှရတော့မယ့် အခြေအနေ ဆိုက်ရောက်လာတဲ့အခါ … ရာဟူးလ်တစ်ယောက် သူ့ရဲ့အချစ်ကို ရွေးချယ်နိုင်မှာလား … ဘယ်လို အခက်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ … ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ … ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ Darama/Romanceအပြင် ဟာသတွေပါ ရောနှောထည့်သွင်းထားပြီး ပျင်းစရာလုံးဝမကောင်းတဲ့ ကားကောင်းလေး တစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း … ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။

6.7 1997
Yes Boss
Days of Daisy
5

Daisyဟာ West High school ရဲ့သာမန် စာကြည့်တိုက်မှူးတစ်ယောက်ပါ။ ဒါပေမဲ့ကျောင်းမှာရှိတဲ့ ပန်းချီဆရာမဟာကျောင်းရဲ့ ထောက်ပံ့မှုမရှိခြင်း ၊ ကလေးတွေစိတ်မဝင်စားခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ နှစ်ဝက်မှာတင် အလုပ်ထွက်သွားခဲ့တဲ့ပါတယ်။ ဒါနဲ့ပဲ ပန်းချီသင်ပေးမယ့်ဆရာမ မရှိတော့တာကြောင့် ဆောက်တည်ရာမရ ဖြစ်နေတဲ့ ကလေးတွေကို ကူညီပေးချင်တဲ့ စိတ်တစ်ခုနဲ့ Daisy တစ်ယောက်ဟာပန်းချီဆရာမနေရာကို ပန်းချီမဆွဲတတ်ဘဲနဲ့ ရောက်လာပါတော့တယ်။ Personal life မှာလဲ Pressure တွေအရမ်းများနေတဲ့ သူ့ရဲ့ဘဝထဲကို လွတ်လပ်စွာနေတတ်သူ Jack Palmer ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက် ရောက်လာသောအခါ…..။ File size…(1.3 GB)/(700 Mb)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dave

TV Movie • Comedy • Romance • Mystery • Drama
5 2022 96 mins
Days of Daisy
Francesca Quinn, PI
6

မှုခင်းစုံထောက် ဇာတ်လမ်းကောင်းလေးကို ရှာနေတဲ့ သူတွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် စိန့်ဘန်းဆိုတဲ့ မြို့လေးတစ်မြို့မှာ လူသတ်မှုလို့ မထင်ရဘဲနဲ့ နှလုံးဖောက်တာ ကားမတော်တဆဖြစ်တာ စတဲ့အမှုတွေနဲ့ လူတွေသေဆုံးခဲ့ကြပါတယ် ဒါပေမဲ့ လူတစ်ယောက် ရေနစ်သေဆုံးတာကို စစ်ဆေးတဲ့အခါမှာတော့ ဒါတွေဟာ လူသတ်မှုဖြစ်တယ်ဆိုတာကို သိလာကြပါတယ် ဒီလိုနဲ့ တရားခံကိုရှာကြတဲ့အခါ တရားခံဟာ ရဲမှုးကြီးဂျက်ရဲ့ ဇနီး မှုခင်းသိပ္ပံစုံထောက် ဖရန်ကီရဲ့ မိထွေး မက်ဂန်‌ဆိုတဲ့ သူဖြစ်နေပါတယ် မက်ဂန်တစ်ယောက် ထောင်ကျသွားပြီးတဲ့နောက် အားလုံးအဆင်ပြေခဲ့ပြီ ထင်ခဲ့ပေမယ့် တစ်ရက်မှာတော့ ဖရန်ကီရဲ့ သတို့သားလောင်းဖြစ်သူ ကားလ်တစ်ယောက် အသတ်ခံလိုက်ရ‌ပါတော့တယ် ဒီလိုနဲ့ အမှုကို စစ်ဆေးကြတဲ့အခါမှာတော့ ဘာတွေများ တွေ့ရှိလာကြမလဲ ထောင်ထဲရောက်နေတဲ့ မက်ဂန်ကရော ဒီအမှုနဲ့ သက်ဆိုင်ရဲ့လား အကွက်ကျကျစီစဉ်ထားတဲ့ အမှုကနေ လူသတ်သမားအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာ Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

6 2022
Francesca Quinn, PI
Jaane Jaan
7.7

Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ် ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါ ဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော.. နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)

7.7 2023
Jaane Jaan
Rise of the Legend
6.5

Rise Of The Legend (2014) IMDb – 6.4/10 Rotten Tomotoes – 63% ဒီတစ် ခေါက် မိတ်ဆက် ပေးမယ့်ကား လေးက တော့ Rise Of The Legend ဆိုတဲ့ တရုတ် သိုင်းကားအက်ရှင်ကား လေးပဲဖြစ်ပါတယ် 2014 မှာထွက်ရှိထားပြီီး Sammo Kam-Bo Hung, Eddie Peng တိုနာမည်ကြီးသရုပ် ဆောင် တွေပါဝင်အားဖြည့်ထားတဲ့ကားဖြစ်ပြီး ဆု တွေလည်းအများကြီးလည်းရထားပါတယ် ဇာတ်လမ်းအညွှန်း ကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အ တောအတွင်း ဂွမ်ဂျုံးပြည်နယ် ကုန်သွယ် ရေးဂိတ်ကိုကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို စိုးမိုးထားစဥ် အချိန်အခါကို ကျောရိုးထားပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဖိန်းဆိုတဲ့ သိုင်းသမားလူငယ်တစ် ယောက် ဂိတ်ကိုစိုးမိုး နေတဲ့ လူဆိုးဂိုဏ်း တွေကို ရှင်းလင်းဖို သူငယ်ချင်း ဝူနဲ့ ချန်းတိုနဲ့ အတူ နှစ်ရှည်အစီအစဥ်ဆွဲ အ ကောင်အထည် ဖော်ဖိုကြိုးစားရင်း ဖိန်းတစ် ယောက် ရန်သူကိုအတွင်းက နေတိုက်ဖို ကျားမဲဂိုဏ်းထဲကိုဝင်သွားခဲ့ပါတယ် အဲ့ဒီအချိန်ကာလက ဂိတ်ကို ကြီးစိုးထားတဲ့ ကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို အာဏာအတွက် အပြိုင်အဆိုင်လုနေတဲ့အချိန်ပဲဖြစ်ပါတယ် ဖိန်းတစ် ယောက်ဂိုဏ်းထဲဝင်ပြီး ဂိုဏ်း ခေါင်း ဆောင်ရဲ့ ယုံကြည်မှုကို ရယူဖို ဘယ်လို တွေကြိုးစားခဲ့ရလဲ ရန်သူ့အတွင်းထဲက နေ ဘယ်လို တွေ ကြံရွယ်ထားတဲ့အစီအစဥ် တွေကို ဖော် ဆောင်လဲ ဆိုတာ တွေကိုကြည့်ရှူရမယ့်ကား လေးပဲဖြစ်ပါတယ် ဒါ့အပြင် အိမ်မက်တစ်ခုကို ဖော် ဆောင်ရင်ဖြစ် နေကျအတိုင်း ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာ တွေလည်းရှိပါတယ် ထိုစွန့်လွှတ်မှု တွေကို ဖိန်းတစ် ယောက်ဘယ်လို တွေ ခက်ခက်ခဲခဲ ဖြတ် ကျော်ခဲ့ရလဲ ဘယ်လိုအ တွေးအ ခေါ် တွေနဲ့ အောင်မြင်မှုကိုရယူခဲ့လဲဆိုတာ တွေကိုလည်း တွေ့မြင်ရမယ့်တရုတ်သိုင်းကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ DB ပါ ) P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက် အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါ မာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါ အသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ် File size_(2.8GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:11:00 Genre_Action, Biography, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Horror • Science Fiction • Thriller
6.5 2014
Rise of the Legend
My New Partner
8

My New Partner (2008) ************************** ပြည်တွင်းရေးရာဌာနမှာ အလုပ်လုပ်နေတဲ့ ဂန်ယောင်းဂျွန်းဟာ အဖေဖြစ်သူရဲ့ ရဲဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေ၊ မိန်းမပွေရှုပ်ပြီး အမေဖြစ်သူကို သေအောင်လုပ်ခဲ့တာတွေကြောင့် အငြှိုးအကြီးကြီးထားပြီး သူ့အဖေလိုလူတွေကို ထောင်ထဲရအောင်ထည့်ဖို့အတွက် ရဲဖြစ်လာသူတစ်ယောက်ပါ။ ၈နှစ်ကြာ သားအဖသံယောဇဥ်ဖြတ်ပြီး နေနေရာမှ မူးယစ်ဆေးမှုတစ်မှုကြောင့် ဘူဆန်ဆင်းပြီး ဒေသခံစုံထောက်တွေနဲ့ အတူပူးပေါင်းဖို့ဖြစ်လာတဲ့အခါမှာတော့ မေ့မေ့ပျောက်ပျောက်နေနေခဲ့တဲ့ သားအဖနှစ်ယောက်ဟာ တစ်ဖွဲ့တည်းမှာ အတူတူဆုံစည်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သားအဖနှစ်ယောက်ကြား ဘုနဲ့ဘောက် တစ်မျိုးစီ စုံစမ်းစစ်ဆေးကြရင်း မူးယစ်ဖောက်ကားနေတဲ့ အကောင်အကြီးကြီးနဲ့ သွားပတ်သတ်မိကြတဲ့အခါမှာတော့… သွေးဆိုတာရေထက်ပျစ်တယ်ဆိုတဲ့အတိုင်း အဲဒီအမှုနဲ့ဆက်စပ်ပြီး အရင်က သူ့အဖေအပေါ် အထင်လွဲခဲ့မိတာတွေ၊ သူ့အဖေရဲ့မေတ္တာတရားတွေကို နားလည်လာပြီး ပြန်ပေးဆွဲခံလိုက်ရတဲ့ အဖေကို ဒုစရိုက်ကောင်တွေဆီက ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးထဲမှာတော့ သားအဖနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေတင်မကဘဲ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အလွမ်းအဆွေးဟာသတွေကပါ ပံ့ပိုးမှုအားမြိုင်ဆိုင်လွန်းတာမို့ သေချာပေါက်ကြည့်ပြီး နောင်တမရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်ရှင်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size…2.16GB / 910MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hsu Pyae

Action • Thriller • Comedy • Drama
8 2008 110 mins
My New Partner
Re-encounter
6.8

Re-encounter (2011) ******************** ဒီတစ်ခါ တင်ဆက်ပေးမဲ့ ကားလေးမှာတော့ ဟယ်ဟွာ အဖြစ် မင်းသမီး Yoo Da-In သရုပ်ဆောင်ထားပြီး ဟန်ဆူအဖြစ် မင်းသား Yoo Yeon-Seok (When the Phone Rings) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။ ဟယ်ဟွာအမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်လျက်ရှိပြီး လေလွင့်ခွေးလေးတွေ နေစရာအိမ်မရှိရင် သူ့အိမ်ခေါ်ထားပြီး စောင့်ရှောက်ပေးတတ်တဲ့သူလေး ဖြစ်ပါတယ်။ သို့သော်လည်း အတိတ်အဖြစ်ဆိုးကြောင့် ဘဝမှာ ပျှော်ရွှင်မှုဆိုတာကို မေ့လျော့စွာ ဖြတ်သန်းနေခဲ့သူပါ တစ်နေ့မှာတော့ ခွေးလေးတစ်ကောင်ကို ကယ်တင်ပြီးအပြန်လမ်းမှာ လွန်ခဲ့တဲ့ ၅ နှစ်က ရူးရူးမူးမူးချစ်ခဲ့ကြတဲ့ ချစ်သူဟောင်း ဟန်ဆူ နှင့်ပြန်ဆုံခဲ့ပါတယ် .. ကိုယ်ဝန်ဆောင်ခဲ့ရပြီး မီးဖွားခါနီးအချိန်မှာမှ စွန့်ခွါသွားခဲ့တဲ့သူ့ချစ်သူအပေါ် နာကျည်းချက်တွေ ရှိရုံမက ကလေးဆုံးရှုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာကို ခံစားခဲ့ရတဲ့ ဟယ်ဟွာတစ်ယောက်ဟာ ဟန်ဆူကို မျက်နှာမမြင်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ် .. အဲဒီအချိန်မှာပဲ ဟန်ဆူက ဟယ်ဟွာကို သူတို့ကလေးက မသေဘဲ မွေးစားခံလိုက်ရတာဖြစ်ကြောင်း လာပြောပြချိန်မှာ ဟယ်ဟွာတစ်ယောက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုပြန်ရရှိသလို ခံစားလိုက်ရပြီး အပူတပြင်း လိုက်ရှာပါတော့တယ် .. ဟန်ဆူနဲ့ဟယ်ဟွာတို့ သူတို့ကလေးလေးကို ရှာတွေ့သွားမလား .. နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှူနိုင်မယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် .. (အညွှန်းကို Thinn Thinzar မှ ရေးသားထားပါတယ်) File size…1.33GB / 554MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Melodrama, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by AHtet

Action
6.8 2011 108 mins
Re-encounter