YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Khem Sorn Plai (2022) (Ep16).mp4

575.54 MB N/A video/mp4 305 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Keeper of Lost Causes
7.1

ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့ စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့် အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။ တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့ အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး အမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့် စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့ သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင် သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း IMDB မနည်းတာကို တွေ့ရှိရမှာပါ။ File size…1.03GB / 455MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy • Fantasy
7.1 2013 93 mins
The Keeper of Lost Causes
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
One Piece Film Red
7.4

One piece red film ................................. IMDb 6.9/10 Rotten Tomatoes 95% ဒီကားက​တော့ One Piece Animation Movie​တွေရဲ့၁၅ကား​မြောက်ရုပ်ရှင်ပါ။ မထွက်ခင်ကတည်းက ပရိသတ်​တွေကြား ​တော်​တော်ကိုhypeခဲ့ကြသလို ထွက်လာ​တော့လည်း Jujutsu no Kaisen movieကို ရုံဝင်​ငွေမှာ ​အ​မေရိကန်​ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်​မြောက်တဲ့ အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။ ဒါ​ပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့​တော့ဆက်မ​နေပဲ alternate timelineအ​နေနဲ့(non canon)ပဲရှိပါတယ်။ ဆို​တော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်က​ပေါ်လာတာလဲစဥ်းစားမ​နေနဲ့ဗျ။ ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ ဖျက်ဆီးခံလိုက်ရပြီလို့လူသိများတဲ့ Elegiaကျွန်း​ပေါ်မှာ နာမည်​ကျော်အဆို​တော်မ​လေး Utaဟာ သမိုင်းတွင်​လောက်မယ့်ရှိုးပွဲတစ်ခုကိုလုပ်ဖို့ စီစဥ်ထားတာ​ကြောင့် ငဖီတို့အဖွဲ့လည်း ရှိုးပွဲကြည့်ဖို့​ရောက်လာပါတယ်။ ရှိုးပွဲကို​​ရောက်​တော့ ငဖီနဲ့ Uta​တွေ့ဆုံချိန်မှာ Utaဟာ ငဖီရဲ့ငယ်သူငယ်ချင်းဖြစ်​နေတာကိုသိလိုက်ရပါတယ်။ Utaဟာ သူ့ရဲ့ရှိုးပွဲဟာ ရာသက်ပန်​ပျော်ရွှင်​စေမယ့်ပွဲဖြစ်​စေရမယ်လို့ ​ကြေညာခဲ့ပြီး ​ရွှေပွဲလာပရိသတ်​တွေကိုလည်းဆန်းကြယ်တဲ့​ ဖျော်​ဖြေမှု​တွေနဲ့တင်ဆက်ခဲ့ပါတယ်။ ဒါ​ပေမဲ့ သူ့ရဲ့ရှိုးပွဲ​နောက်ကွယ်မှာ​တော့ ​မှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုဟာ ​စောင့်ကြို​နေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်က​တော့..... File size…2.68GB / 1.36GB Quality…1080p HEVC / 720p  Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle(Hard Sub) Encoder….Thit San Khant Translated by Dr.Nyan

Action • Adventure • Fantasy
7.4 2022 115 mins
One Piece Film Red
Batman: The Doom That Came to Gotham

Btaman : The Doom that came to Gotham (2023) Batman: The Doom that came to Gotham ဟာဆိုရင် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ အပိုင်းသုံးပိုင်း ပါဝင်တဲ့ နာမည်တူ Comic book ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီနာမည်ဟာဆိုရင် Sci-Fi horror မှာ ဆရာကြီး တစ်ပါးဖြစ်တဲ့ H.P. Lovecraft ရဲ့ The Doom that came to Sarnath ကို မှီငြမ်းပြီး ပေးထားတာပါ။ ဒီရုပ်ရှင်ဟာဆိုရင် Horror အရသာတွေပါသလို Detective ပိုင်းကို မလစ်ဟင်းအောင် ‌ပေါင်းဖက်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ ၂၀၂၃ ထဲမှာ ကျွန်တော် မျှော်နေတဲ့ ဇာတ်ကားတွေထဲက တစ်ခုအပါအဝင်ပါပဲ။ မျှော်လင့်ရကျိုးနပ်တယ်ပဲ ပြောရမလား တကယ်ကို ကြည့်လို့ကောင်းပါတယ်။ Horror အရသာတွေကို ကောင်းကောင်းပေးနိုင်ပြီး Detective ပိုင်းမှာဆိုရင်လည်း Plot twist တွေလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ Action အပိုင်းတွေကိုလည်း ရိုးအီမနေအောင် ထည့်ပေးထားလို့ ရသမျိုးစုံ ခံစားနိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အန္တာတိကမှာ ရှာဖွေရေးလုပ်နေတဲ့ အော့စ်ဝဲလ်ကိုဘယ်ပေါ့တ်တို့ လူတစ်စု ပျောက်ချင်းမလှ ပျောက်သွားလို့ ဘရု့စ်ဝိန်လည်း သူ့ရဲ့ မွေးစားသား တစ်သိုက်နဲ့အတူ လိုက်ပြီး ရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ ကိုဘယ်ပေါ့တ်တို့အဖွဲ့ကို သေဆုံးလျှက်ပြန်ရှာတွေ့ခဲ့ပေမယ့် အော့စ်ဝဲလ်နဲ့ တခြားတစ်ယောက်ကတော့ ပျောက်ဆုံးနေပါသေးတယ်။ အဲမှာပဲ အော့စ်ဝဲလ်ရဲ့ မှတ်စုစာအုပ်ကိုတွေ့သွားပြီး ဂေါ်သမ်မြို့‌ပေါ်ကို ကျရောက်တော့မယ် ကြမ္မာဂြိုဟ်ဆိုးကြီးအကြောင်းကို ဘရု့စ် သိသွားပါတော့တယ်။ ဂေါ်သမ်မြို့ကနေ ထွက်ခွာလာတာ အနှစ် ၂၀ နီးပါးရှိဖြစ်တဲ့ ဘရု့စ်လည်း ချက်ချင်းဆိုသလို ဂေါ်သမ်ကို ပြန်လာခဲ့ပါတော့တယ်။ ဂေါ်သမ်ကို ပြန်ရောက်တော့ အဲဂြိုဟ်ဆိုးကြီး ကျရောက်အောင် လုပ်မှာဘယ်သူလဲ၊ ဘာကြောင့်လဲဆိုတာကို ဘရု့စ်တစ်ယောက်လိုက်စုံစမ်းရင်း မြို့ကြီးရဲ့ အမှောင်ဖက်ခြမ်းက အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့…. ဘယ်လို plot twist တွေနဲ့ တင်ဆက်သွားမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Animation, Fantasy, Horror Quality…. 1080p | 720p | 480p File size… 1.4GB | 542MB | 266MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Comedy
0 2023
Batman: The Doom That Came to Gotham
Eingeschlossene Gesellschaft / Lock In Society
6.2

ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ ပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ် ချင်တိုင်း၊ လုပ်ချင်တိုင်း ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေနဲ့ တလွဲတချော်ဖြစ်နေတဲ့သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခုတော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File size…(1.6 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myo

Drama • Thriller
6.2 2022 97 mins
Eingeschlossene Gesellschaft / Lock In Society
Blind Willow, Sleeping Woman
7.1

Blind Willow, Sleeping Woman (2022) ~ IMDb – 7.1/10, Rotten Tomatoes – 78% ~ မူရာကာမိရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းလာကြခဲ့တဲ့အထဲ အခုထိတော့ အနုပညာအရ မအောင်မြင်တာ မရှိသလောက်ပါပဲ။ ဒီတစ်ခါလည်း ရိုးရာမပျက်ခဲ့ပါဘူး။ ဒီတစ်ခါရုပ်ရှင်ကိုတော့ Pierre Földes လို့ခေါ်တဲ့ ရုပ်ရှင်တွေမှာ နောက်ခံတေးဂီတတွေ Compose လုပ်တဲ့သူက သူ့ပထမဆုံးကားအနေနဲ့ ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ သူ့ရှေ့က မူရာကာမိစာအုပ်ကို မှီးရိုက်ခဲ့တဲ့ နှစ်ကားလိုပဲ ဝတ္တုတိုတွေကိုပဲ အခြေခံထားတယ်။ ထူးတာက သူက ဝတ္တုတိုစုစည်းမှု စာအုပ်၃အုပ်ကနေမှ ဝတ္တုတို၆ပုဒ်ကို ထုတ်သုံးလိုက်တာပါ။ Blind Willow, Sleeping Woman ရယ်၊ The Elephant Vanishes ရယ်၊ After the Quake ရယ်က ၆ပုဒ်ပြန်ထုတ်သုံးထားတာပါ။ ဒါပေမဲ့ ဒါတွေအားလုံးကို တစ်ဆက်တည်းဖြစ်အောင် ပြန်ဆက်ပြီး တင်ဆက်ထားတယ်။ ဆက်ထားတာ သပ်ရပ်တယ်ပဲပြောရမလားပါပဲ။ တစ်ပုဒ်တည်းလို ခံစားရပေမဲ့လည်း ဒီဇာတ်လမ်းတွေရဲ့ မတူညီတဲ့ အဇ္စျတ္တတွေကို ရှာဖွေခြင်းတွေကပဲ ဒီဇာတ်လမ်းတွေကို အဟတစ်ခုဖြစ်သွားစေခဲ့တယ်။ တိုကျိုက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ဘဝမှာ ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ဘူး။ သူ့အလုပ်သူလုပ်နေရုံပဲ။ တာဝန်ကျေရုံလုပ်လိုက်လို့လည်း ပြီးတယ်။ ကောင်းကောင်းမွန်မွန်လုပ်ပေးလိုက်လို့လည်း သူ့ကို လာ အသိအမှတ်ပြုပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့လည်း သူက သူ့အလုပ်ကို သူကောင်းကောင်းမွန်မွန်ပဲ အမြဲလုပ်ခဲ့တယ်။ တစ်နေ့ကျ ဘဏ်က ချေးငွေရက်စေ့ပေမဲ့ ပြန်မရတဲ့ကိစ္စတစ်ခုအတွက် သူ့ခေါင်းပုံပြီး ဖြေရှင်းခိုင်းခံရတာပေါ့။ ဘဏ်က နောက်လူတစ်ယောက်ကျ သူ့မှာ တခြားအရည်အချင်းတစ်ခု ရှိကောင်းရှိမယ်။ ဒါပေမဲ့ သူက ပိုနေမြဲ ကျားနေမြဲ ဒီအလုပ်မှာပဲ ဆက်လုပ်နေခဲ့တယ်။ သူ့မှာ မိန်းမတော့ရှိပေမဲ့ သူ့မိန်းမနဲ့သူကြား တစ်စုံတရာရှိမရှိ၊ သူ့ဆီမှာရော သူ့မိန်းမအတွက် တစ်စုံတရာရှိမရှိ သူမသိခဲ့ဘူး။ ဒီလိုပဲနေလာခဲ့တယ်။ တစ်နေ့ကျ တိုကျိုမှာ လူတွေအများကြီး သေဆုံးခဲ့တဲ့ ငလျင်အကြီးစားကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူ့မိန်းမက ငလျင်သတင်းတွေပဲ နေ့နေ့ညညထိုင်ကြည့်နေပြီး ဘာဆိုဘာမှမလုပ်တော့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့မိန်းမက သူ့ကို စာတစ်စောင်ထားပြီး ထွက်သွားခဲ့တယ်။ ဒီလိုနဲ့ သူတို့ဘဏ်မှာ လူထက်ဝက်လောက်လျော့ဖို့ အကြောင်းဖန်လာခဲ့တယ်။ မိန်းမပစ်သွားတာခံရတဲ့သူက ခွင့်တစ်ပတ်ယူပြီး ခရီးထွက်ရင်း သူ့မိန်းမကိစ္စကို အဖြေရှာနေတဲ့အချိန်… ပထမလူဆီ ဖားပြုပ်ကြီးတစ်ကောင်ရောက်လာပြီး သူနဲ့အတူ တိုကျိုမြို့ကြီး ငလျင်ထပ်လှုပ်မယ့်ဘေးကနေ ကယ်တင်ဖို့ နားချတယ်။ ဒီလိုနဲ့ ပိုနေမြဲကျားနေမြဲနေလာတဲ့ သူနှစ်ယောက်ရဲ့ဘဝထဲကို သူတို့ကိုယ်သူတို့သိလာဖို့အတွက် သူတို့အဖြေကို သူတို့ပြန်ရှာဖို့လိုလာတဲ့ အခိုက်အတန့်တစ်ခု ကျရောက်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအခိုက်အတန့်ကနေ ဘယ်ကိုဆက်သွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပေါ့။ အန်နီမေးရှင်းအနေနဲ့ အသက်သွင်းထားလို့ ဒါရိုက်တာဟာ သူပြချင်တာကို လွတ်လွတ်လပ်လပ်ပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ မူရာကာမိရုပ်ရှင်တွေလောက်လည်း မလေးလံတာမို့ အားလုံးနီးပါးအတွက် ကြည့်ရအဆင်ပြေမယ့် အန်နီမေးရှင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 880MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 48Min Genre – Animation, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance • Comedy • Drama
7.1 2022 105 mins
Blind Willow, Sleeping Woman
Take Shelter
7.3

IMDb 7.3 အထိရရှိခဲ့တဲ့ မင်းသားကြီး မိုက်ကယ်ရှန်နန်ရဲ့ ၂၀၁၁ထွက် ဒရာမာရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ဆုပေါင်း ၄၂ ခု နဲ့ ဆန်ကာတက်ရွေးချယ်ခံရမှု ၄၆ ခု တို့ကိုလည်း ရရှိထားပါသေးတယ်။ မိုက်ကယ်ရှန်နန်က “ကားတစ်”အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကားတစ်ဟာ လူလတ်တန်းစားမိသားစုတစုရဲ့ အိမ်ထောင်ဦးစီးတဦးဖြစ်ပြီး ပိုက်လိုင်းတူးဖော်နဲ့ကုမ္ပဏီတခုမှာ လုပ်ကိုင်နေသူပါ။ ကားတစ်မှာ သမီးလေးတဦးရှိပြီး ဟန်နာဆိုတဲ့သမီးလေးတဦးရှိပြီး ဟန်နာဟာ မွေးရာပါဆွံ့အနားမကြားသူတဦးပါ။ ဒီလိုနဲ့ ကားတစ်တို့ရဲ့ ပျော်ရွှင်နေတဲ့မိသားစုဘ၀လေးထဲကို တနေ့မှာတော့ အဖြစ်ဆိုးတခု မမျှော်လင့်ဘဲရောက်ရှိလာခဲ့ပါတယ်။ ကားတစ်ဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်လာပြီး ဆိုးရွားတဲ့ လေဆင်နှာမောင်းမုန်တိုင်းတခု ဖြစ်ပွားတော့မယ်လို့ ထင်ယောင်ထင်မှားဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကားတစ်ရဲ့ ထင်မြင်မှုတွေဟာ မိသားစုနဲ့ ပတ်၀န်းကျင်ကိုပါ ထိခိုက်လာခဲ့အခါမှာတော့ ကားတစ်တယောက် ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်မလဲ ကားတစ် မြင်တွေ့ခံစားမိနေတဲ့အရာတွေကရော အမှန်တကယ်ဟုတ်ရဲ့လား ကားတစ်ရဲ့ နောက်ကွယ်ကအကြောင်းအရာကရော ဘာများလဲ သူများတွေမမြင်နိုင် မခံစားမိနိုင်တဲ့အရာတွေကို သူတဦးတည်းက ဘာလို့ခံစားမိနေလဲဆိုတာကိုတော့ စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ထဲက ကားတစ်ရဲ့ သမီးလေးဖြစ်သူ ဟန်နာအဖြစ် သရုပ်ဆောင်ထားတဲ့ မိန်းကလေးငယ်လေးဟာ အပြင်လောကမှာလည်း ဆွံ့အနားမကြားသူတဦးဖြစ်ပြီး ၎င်းရဲ့မိဘနှစ်ဦးဟာလည်း ဆွံ့အနားမကြားကြသူများလို့ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့လောကက ကျန်းမာရေးပြဿနာတွေအပေါ်မှာ အခြေခံထားပြီး ဇာတ်လမ်းပြီးသွားတဲ့တိုင်အောင် ကြည့်ရှုသူကို အတွေးတခုနဲ့ကျန်ရစ်နေစေခဲ့မယ့် ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ အညွှန်းကိုဒီမှာပဲရပ်လိုက်ပါတယ်။ File size…(2 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

7.3 2011
Take Shelter
All Jacked Up and Full of Worms

(အဖော်အချွတ်ခန်း ကိုယ်လုံးတီးများ သွေးထွက်သံယို ရွံစရာ ပြကွက်များနှင့် အကောင်ပလောင်များ ပါဝင်သောကြောင့် ကလေးသူငယ်များ မကြည့်ရှုသင့်ပါ။) ဇာတ်လမ်းက ပြောရမယ်ဆို ဘာပြောရမှန်းတောင် မသိပါဘူး။ တီကောင်တွေကို စိတ်ကြွထင်ယောင်ထင်မှားဖြစ်စေတယ်ဆိုပြီး မူးယစ်ဆေးအနေနဲ့လုပ်ပြီး သုံးစွဲနေကြတာက အဓိကပေါ့နော်။ အဲဒီမှာ ချစ်သူဖြစ်တဲ့ကောင်မလေးက ဟစ်ပီဆေးတွေ ချခိုင်းပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ဘဲပါမယ်။ နောက်ပြီးတော့ ကလေးလိုချင်တယ်ဆိုပြီး ပရမ်းပတာ အရုပ်ကြီးတွေဝယ် ကလေးရူး ရူးနေတဲ့ ဝတုတ်ကြီးတစ်ယောက် ရှိမယ်။ အူကြောင်ကြောင် တီဗီအစီအစဉ်တွေ ကြည့်ပြီး ဂေါက်သီးထ တီကောင်တွေကျွေးနေတဲ့ ပြည့်တန်ဆာမ တစ်ယောက်ရှိမယ်။ လမ်းမပေါ်တင် ဖြစ်ချင်ရာဖြစ် သောင်းကျန်းချင်ရာ သောင်းကျန်းနေတဲ့ အာရှသူတစ်ယောက်နဲ့ ဂျိုကာလို လူပြက်တို့ စုံတွဲတစ်တွဲလည်း ရှိမယ်။ ဒီလူတွေအားလုံးက ဒီလို ရွံစရာကောင်းတဲ့ တီကောင်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရှုပ်ကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ File size…(1.6 GB)/(854 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:12:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

0 2022 72 mins
All Jacked Up and Full of Worms
Shaitaan
7.2

Shaitaan (2024) “မကောင်းဆိုးဝါး” IMDb – 7.2/10 အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းက ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကလည်း လက်ပွားမင်းသားရဲ့ Super 30(2019)၊ နောက် မကြာသေးခင်ကမှ ကျွန်တော်တို့ ဘောလိ၀ုဒ်တီးမ်က ဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ Sunflower (2021)ရုပ်ရှင်စီးရီးတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Vikas Bahl။ အဂျေးအပြင် တခြားသရုပ်ဆောင်တွေကြည့်မယ်ဆိုရင်လည်း ကျောင်းအုပ်ဆရာမကြီးရုပ်ရှင် Raatchasi (2019)ထဲက တောင်ပိုင်းမင်းသမီးကြီး ဂျိုသီကာ၊ 3 Idiots(2009)ထဲက ကျွန်တော်တို့ရဲ့ဓာတ်ပုံဆရာကြီး ဖာဟန်တို့အပြင် အခုတင်ဆက်ပေးလိုက်တဲ့ ရှိုက်တန်ရုပ်ရှင်ရဲ့ မူရင်းရုပ်ရှင် Vash (2023)ထဲက မင်းသမီးချောလေးဂျန်ကီဘိုဒီဝါလာပါ ပါဝင်ထားပါတယ်။ ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။ မူရင်းရုပ်ရှင် Vash (2023)ကို ကြည့်ပြီးသူတွေကတော့ ဇာတ်လမ်းကိုသိပြီးသားဖြစ်မှာဆိုပေမဲ့ တင်ဆက်ပုံကွဲပြားတဲ့အတွက် မတူညီတဲ့ရသကို ခံစားရစေမှာပါ။ စေတန်တဲ့…။ မကောင်းဆိုးဝါးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ ဒီမကောင်းဆိုးဝါးက ဘယ်သူ့ကိုကိုယ်စားပြုမှာလဲ။ သိပ္ပံပညာ တိုးတက်လာတာနဲ့အမျှ အရာရာကို သိပ္ပံနဲ့ဖြေရှင်းလို့ရ‌လာ‌ပေမဲ့ ‌အောက်လမ်း၊ အထက်လမ်း၊ သရဲတစ္ဆေနဲ့ ပရလောကဆိုတဲ့ သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ လောကမှာ ဒုနဲ့ဒေး။ အခုတင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်ဆိုတာလည်း ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။ ချစ်စရာကောင်းတဲ့ သားငယ်လေးရယ် သမီးကြီးရယ်နဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ကဘီးရ်ကတော့ သာယာချမ်းမြေ့တဲ့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်။ တစ်နေ့ သူတို့မိသားစု အပန်းဖြေအိမ်ကို အပျော်ခရီးထွက်လာကြတဲ့အချိန်မှာတော့ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်နဲ့တွေ့ရာကစပါတယ်။ အပျော်ထွက်လာတဲ့ခရီးက သူစိမ်းတစ်ယောက်ကြောင့် ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အချိန်မှာတော့ ကဘီးရ်တစ်ယောက် မိသားစုကိုကာကွယ်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size…2GB / 864MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Action • Horror • Science Fiction
7.2 2024
Shaitaan
Pretty Woman
7.1

Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက “ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။” ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။ 90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။ Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ AnemoiVerse Rating: 4/5 Author: Anemoi (ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။) မင်းသမီး Julia Roberts နဲ့ မင်းသားကြီး Richard Gere တို့ရဲ့ နာမည်ကျော် ရိုမန့်ဒရမ်မာရုပ်ရှင်ကားလေးဖြစ်ပြီး IMDb Rating (7.1) ထိ ရရှိထားပါတယ်။

7.1 1990
Pretty Woman
Twitches Too
5.7

ဒီဇာတ်ကား က​တော့ Coventry လို့​ခေါ်တဲ့​မှော်တိုင်းပြည်မှာရှိတဲ့ Alex နဲ့ Camryn လို့​ခေါ်တဲ့ အမွှာစုန်းမနှစ်​ယောက်ရဲ့ ​မှော်စွန့်စားခန်းပဲဖြစ်ပါတယ်။ သူတို့နှစ်​ယောက်ဟာ လွန်ခဲ့တဲ့ ၂၁နှစ်ကနှိမ်နင်းခဲ့တဲ့ အ​မှောင် စွမ်းအား​တွေပြန်လည်နိုးထဖို့ကြိုးစားလာတဲ့အချိန် ဘယ်လိုတားဆီးကြမလဲကိုကြည့်ရှု့ရမှာဖြစ်ပါတယ်။ အမွှာနှစ်​ယောက်ရဲ့ အလွဲအ​ချော်​တွေ ငြင်းခုံမှု​တွေကို ရယ်စရာအ​နေနဲ့မြင်ရမယ့်အပြင် သူတို့ရဲ့ မှော်စွမ်းအား​တွေကိုထိန်းနိုင်​အောင်ဘယ်လို​လေ့ကျင့်ကြမလဲဆိုတာကို ကြည့်ရှု့ကြပါဦးခင်ဗျာ။ File Size : 2.2 GB, 930 MB Quality : WEB-DL 1080p / 720p Running Time : 1hr 23min Format : Mp4 Genre : Drama,Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant

5.7 2007 83 mins
Twitches Too
The Skulls
5.6

The Skulls (2000) IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်​ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန်​ အိုင်​ဗီလိဂ် တက္ကသိုလ်​တွေရဲ့​ အထူး​လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​ အကြောင်း​နဲ့ အဲဒီ​အဖွဲ့​မှာ ပါဝင်​ပတ်သက်​မိတဲ့ ကျောင်း​သား​တစ်ဦး​ အကြောင်း​ကို တင်ဆက်​ထားတာ​ဖြစ်ပါတယ်​။ Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်​တစ်ဦး​ဖြစ်​တဲ့ Paul Walker နဲ့ Joshua Jackson တို့က​ အဓိက​ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်​တဲ့ ကောလိပ်​ကျောင်းသား​တစ်ဦး​ဖြစ်ပြီး အိုင်​ဗီလိဂ်​လို့ခေါ်တဲ့​ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်​သီး​တက္ကသိုလ်​ရှစ်ခုထဲက တစ်ခုမှာ တက်​ရောက်​နေသူ​ဖြစ်​ပါတယ်​။ ကြီး​လေးတဲ့ ကျောင်း​စရိတ်​အတွက် စကောလားရှစ်တွေနဲ့ အချိန်​ပိုင်း​အလုပ်​တွေကို​ လုပ်​ကိုင်​ပြီး ရုန်းကန်​နေရ​သူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls​ လို့​ခေါ်​တဲ့ လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​က အသင်း​ဝင်​အဖြစ် ကမ်း​လှမ်း​လာပါ​တယ်။ Skulls အဖွဲ့​အစည်း​က တက္ကသိုလ်​ကျောင်းသား​တွေ​ကြား​မှာ ဒဏ္ဍာရီ​လိုလို​ အမှန်​တကယ်​လိုလို​ လူပြောများနေတဲ့ လျှို့ဝှက်​အဖွဲ့အစည်း​တွေထဲက အင်​အား​အကြီးဆုံး အဖွဲ့​ဖြစ်​ပါတယ်။ ဒီအဖွဲ့မှာ လူ့မလိုင်တွေ လူချမ်းသာတွေနဲ့ အစိုး​ရထိပ်ပိုင်းပုဂ္ဂိုလ်တွေ ပါဝင်​နေတယ်လို့​ ဆိုကြ​ပြီး အိုင်​ဗီကောလိပ် ကျောင်း​သား​တွေ​ထဲက အတော်​ဆုံး​ အထက်​ဆုံး​ ကျောင်းသား​တွေကိုပဲ အသင်း​ဝင်​အဖြစ်​ လက်​ခံလေ့ရှိပါတယ်။ ဒီလို​နဲ့ Luke တစ်ယောက်​ Skulls​ အဖွဲ့​နဲ့ ပတ်​သက်​မိပြီး နောက်​ပိုင်း​မှာ သူ့ဘဝကို ပြောင်း​လဲစေမဲ့ အဖြစ်အပျက်​တွေ​နဲ့ရင်ဆိုင်​လာရပြီး ဒီအဖြစ်အပျက်တွေက Luke အပြင်​ သူ့ရည်းစား Chloe နဲ့ သူငယ်ချင်း​ Will တို့ကို​ပါ သက်​ရောက်​မှုရှိလာချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​ကြမလဲ ဆိုတာကို​ ကြည့်​ရှု​ရမှာ​ဖြစ်ပါတယ်​။ ၂၀၀၀ ခုနှစ်​က ကား​ဟောင်း​လေး​ ဆို​ပေမဲ့​ Action/Thriller အမျိုး​အစား​ဖြစ်​ပြီး သွက်လက်​မြန်ဆန်​တဲ့ ဇာတ်​အိမ်​နဲ့အတူ ကြည့်​ပျော်​တဲ့ ဇာတ်ကား​ကောင်း​တစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(4.1 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:47:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim

Western • Drama • Action
5.6 2000 106 mins
The Skulls
Mokshapatam
5.7

Mokshapatam (2025) “အိတ်တစ်လုံးဇာတ်လမ်း” မဆလာပရိတ်သတ်တို့အတွက် တေလဂူးသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂါယာထရီဆိုတဲ့ လူလတ်တန်းစား ကလေးအမေတစ်ယောက်ဟာ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ပိုအဆင်ပြေတဲ့ဘဝကို တောင့်တနေသူပါ သူတို့ အနှစ်နှစ်အလလ စုထားတဲ့ပိုက်ဆံက သူ့ယောကျာ်းသူငယ်ချင်းလက်ချက်ကြောင့် ဆုံးသွားတဲ့အတွက်လည်း ယောကျာ်းလုပ်သူကို စိတ်ပျက်လျက်ရှိပါတယ် ကံကောင်းချင်တော့ ဟိုတယ်ခန်းထဲမှာ တည်းခိုသူတစ်ယောက် မတော်တဆကျန်ခဲ့တဲ့ အိတ်တစ်လုံးကိုဖွင့်လိုက်ရာမှာ မမျှော်လင့်ထားတာကို တွေ့လိုက်ရပါတော့တယ် တစ်ဖက်မှာလည်း လူဆိုးတစ်သိုက်က အဲဒီအိတ်နဲ့ ပတ်သက်နေလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ မဆလာပရိသတ်တို့ကပဲ ခံစားကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Thriller • Western
5.7 2025 134 mins
Mokshapatam