YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Khem Sorn Plai (2022) (Ep13).mp4

575.64 MB N/A video/mp4 326 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee: The Four Heavenly Kings
6.3

Detective Dee: The Four Heavenly Kings (2018) IMDb Rating (6.4) / Rotten Tomatoes (60%) ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး မျိုးရိုးက မင်းမှုထမ်း သာမန်ဖြစ်နေတဲ့ လူမျိုးကို အာဏာအပ်နှင်းရမလားဆိုပြီးတော့ပေါ့။ ဒါနဲ့ မိဖုရားဝူက ပွဲကြမ်းတော်မူတယ်ပေါ့...ရှင်ဘုရင်ကလဲ သူ့မိဖုရားကို ချစ်ခင်နှစ်သက်တော်မူတာကြောင့် မိဖုရားဝူဟာ ဘုရင်မတစ်ပါးလိုဖြစ်နေတော့ နန်းတွင်းထဲ လုပ်ချင်ရာလုပ်နေသတဲ့။ မိဖုရားဝူအနေနဲ့ကတော့ နဂါးနိုင်ဓါး (ကျိုင်းတံ)ကိုပဲ ပြန်သိမ်းပြီး စုံထောက်ဒီးကို ပညာပေးပါဝါပြချင်ယုံပါ။ ဒါပေမယ့် ရှေ့မင်းဆက်လက်ထက်က ရာဇဝင်ကြွေးမကျေတဲ့ အိန္ဒိယက နတ်ဝိဇ္ဇာ စစ်သည်တော်တွေ မိဖုရားဝူကိုအကြောင်းပြုလို့ ဒီအမှုတွဲထဲကို ပါဝင်လာတဲ့အခါမှာတော့...စုံထောက်ဒီး ဘယ်လိုဖြေရှင်းမလဲဆိုတာ...။ ရိုက်ကူးထားတဲ့ သိုင်းကွက်တွေ လက်နက်ပစ္စည်းတွေ Special Effect တွေကတော့ ပြောနေကြအတိုင်း တဝိုးဝိုးဖြစ်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီးမှ ၂၀၁၀ က စုံထောက်ဒီး ဇာတ်ကားကို ကြည့်သင့်ပါတယ်..။ တရုတ်ပြည်သမိုင်းမှာ ထက်မြက်တယ် ဉာဏ်ပညာရှိတယ် ကောက်ကျစ်တယ် ရက်စက်တယ် အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြတဲ့ တစ်ဦးတည်းသောဘုရင်မဖြစ်ခဲ့တဲ့ Empress Wu တဖြစ်လဲ Wu Zetian အကြောင်းကို အနည်းငယ်မြည်းစမ်းကြည့်နိုင်မှာပါ။ File size…(4.3 GB)/(2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:11:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying

Adventure • Family • Fantasy
6.3 2018 132 mins
Detective Dee: The Four Heavenly Kings
Mr Illusion
6

CM မှ အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမဲ့ ကားလေးကတော့ Mr. Illusion ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မင်ကော်ခေတ်မှာ ပုံရိပ်ယောင်ပညာဂိုဏ်းမှ ကပ်ဆိုးစိုက်ခဲ့ပါတယ်။ ရေဂိုဏ်းပုံရိပ်ယောင်ပညာရှင် ဖေကျင့်ကျစ်က ရတနာ ရှင်းယွင်တောင်ဝှေးကို လုဖို့အတွက် လူအများအပြားကို သတ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ထိုအချိန်က မီးဂိုဏ်းဂိုဏ်းချုပ်ဖြစ်သူ ဆရာခုန်းခုန်းက ပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက် ဆရာခုန်းခုန်းက မိဘမဲ့ကလေး ကျိုးဖေးဖန်ကိုခေါ်ပြီး အရပ်လေးမျက်နှာခရီးထွက်ခဲ့ပါတယ်။ နှစ် ၂၀ ကျော်ကြာပြီးနောက် ရေဂိုဏ်းမှ ကျန်ရစ်သူနဲ့ သစ်ဂိုဏ်းဂိုဏ်းချုပ်တို့က ဖေကျင့်ကျစ်ကို ကယ်တင်ခဲ့ပြီး ဂိုဏ်း ၅ ဂိုဏ်းကို ပြန်လည်အုပ်ချုပ်ဖို့ စီစဉ်ပါတော့တယ်။ မီးဂိုဏ်းဂိုဏ်းချုပ် လော့ရှာဖေးနဲ့ တပည့်ကျိုဖေးဖန်၊ ချိုးချီတို့ အတူတကွ ပြန်လည်တိုက်ခိုက်ကြတဲ့အခါ...... ကြမ်းတမ်းယုတ်မာတဲ့ လူဆိုးတွေကို သူတို့ အနိုင်ရနိုင်ပါ့မလား ...... ကျိုဖေးဖန်ရဲ့ ဘဝကရော ဒီကပ်ဆိုးကြီးနဲ့ ဘယ်လို ဆက်နွယ်နေမလဲ ...... ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6 2023 84 mins
Mr Illusion
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Fantasy • Mystery • Thriller
7.3 1991 154 mins
Center Stage
The Irishman
7.6

ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။ Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။ သမ္မတ နစ်ဆွန် နဲ့ ဂျေအက်ဖ် ကနေဒီတို့ခေတ်မှာ သမ္မတတွေပြီးရင် အင်အားအကြီးဆုံး၊ အထင်ရှားဆုံးလူတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ဂျင်မီဟော့ဖာ ပါတဲ့။ သူဟာ ကုန်ကားမောင်းသူများအဖွဲ့ ဥက္ကဌဖြစ်ပြီး သူ့အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း သန်းချီပြီးကို ရှိခဲ့ပါတယ်။ သူဟာ အလုပ်သမားအခွင့်အရေးအတွက် အများကြီးတိုက်ခိုက်ပေးခဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့လို့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာပါပဲ။ သူ့အဖွဲ့ရဲ့ ပင်စင်ရံပုံငွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိနေတော့ တရားမဝင်လုပ်ငန်းတွေအတွက် ငွေလိုနေတဲ့ မာဖီးယားဂိုဏ်းတိုင်းဟာ ဘဏ်ကချေးလို့မရဘဲ ဂျင်မီဆီမှာပဲ ချေးကြရတာပါ။ လက်စ်ဗီးဂတ်ကို မာဖီးယားတွေ စတည်ဆောက်တာ ဂျင်မီရဲ့ ငွေတွေအများကြီးပဲလို့ ပြောလို့ရတာပါပဲ။ သူဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ကာလအတော်ကြာမှပဲ နိုင်ငံတော်က သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တာပါ။ သူပျောက်ဆုံးသွားခဲ့ပုံ၊ သေဆုံးပုံနဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ အရှုပ်အရှင်းတွေကိုတော့ သူ့ရဲ့ လူယုံ ဖရန့်ခ် ရှီရန်က လူထုကို ဖွင့်ချပြခဲ့ပြီး နောက်မှ ာ စာရေးဆရာ Charles Bandt က I heard you paint houses ဆိုတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ ဖရန့်ခ်ရှီရန် (Robert De Niro) ပဲ ဖြစ်ပါတယ်။ God father, Good fellas တို့လို epic crime drama အမျိုးအစားပဲဖြစ်ပါတယ်။ နှစ်အတော်ကြာမှပဲ ဒီလိုရုပ်ရှင်မျိုး ပြန်ကြည့်ခွင့်ရကြတာပါပဲ။ မာဖီးယားစတိုင်အစစ်တွေကို ပြန်မြင်ရပါပြီ။ ဥပမာ ဖရန့်ခ် နဲ့ သူ့ရဲ့ ဆရာသမား မာဖီးယားဘော့စ် ရပ်ဆဲ တို့ စားသောက်ဆိုင်ထိုင်နေတယ်။ အခြားမာဖီးယားတစ်ယောက်က ရန်လာစတော့ အေးအေးဆေးဆေးလေးပဲ တောင်းပန်လိုက်တယ်။ ပြီးရင် တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဘဲ ကြည့်လိုက်တယ်။ ခဏနေ အိမ်ပြန်ပြီး သေနတ်ယူ သွားပစ်သတ်လိုက်တယ်။ ရှင်းပါတယ်။ ဒီလိုဖီလင်မျိုးတွေ မရတာ ကြာပြီမို့ အားရပါးရ ထိုင်ကြည့်လို့ရမယ့် ရုပ်ရှင်ပါပဲ။

Crime • Drama • Mystery
7.6 2019 209 mins
The Irishman
The Way Out

လောကကြီးမှာ လူမျိုးစုံ စရိုက်မျိုးစုံရှိကြပါတယ် အဲဒီလိုပဲ ကြုံရတဲ့ လောကဓံတွေကလည်း မျိုးစုံပါပဲ မတူတဲ့ လောကဓံတွေကို တုံ့ပြန်ကြတဲ့ ပုံစံကလည်း အမျိုးမျိုအထွေထွေကိုရှိနေတာပါ။ ဒီကားလေးထဲမှာတော့ အဖေနဲ့ အဆင်မပြေ အနိုင်ကျင့်ခံရလို့ စိတ်ညစ်ပြီး အရက်သောက်နေရာကနေ အရက်ဖြတ်ပြီး ၁နှစ်ကျော်ကြာတဲ့အချိန်မှာ အဖေ့ဆီပြန်သွားတော့ အဖေက အိမ်ထဲမှာ အသတ်ခံထားရတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ ကိုယ်နဲ့ဘယ်လောက်ပဲ မတည့်မတည့် ဖခင်အရင်းတစ်ယောက် အသတ်ခံလိုက်ရတာကိုတော့ အနည်းနဲ့အများ ဝမ်းနည်းကြတာချည်းပါပဲ။ အဲဒီလိုနဲ့ အဖေ့ရဲ့ အမွေအဖြစ် အိမ်ကြီးရော ကားတစ်စီးပါ ရသွားပေမဲ့ အပိုဆောင်းအနေနဲ့ အကြွေး ဒေါ်လာ ၅၀၀၀ပါ ကျန်ခဲ့သေးတာဆိုတော့ ပိုက်ဆံရှာဖို့အတွက် အိမ်ကြီးဆီမှာ လူငှားတင်ရတော့တာပါပဲ။ အိမ်လာငှားတဲ့ လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့် အားကစားနည်းပြ ငှားပေးတဲ့သူကလည်း လောလောလတ်လတ် အဖေဆုံးပါးသွားရတဲ့ လိင်တူချစ်တဲ့သူ သူတို့တွေ့သွားချိန်မှာတော့ အားကစားနည်းပြရဲ့ အသွန်အသင်တွေနဲ့ လောကဓံကြီးကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာတွေကို တဝကြီးကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size…(950 Mb)/(440 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by….Garfield

0 2022 94 mins
The Way Out
Box: Metaphor

ဒီဇာတ်ကားကတော့ ကြည့်ပြီးရင်စဉ်းစားစရာတွေကျန်ခဲ့စေမယ့် psychological thriller ကားတစ်ကားဖြစ်ပါတယ်။ ထောင်တွေနဲ့မဆံ့အောင် ရာဇဝတ်သားတွေများလာတဲ့ ပျက်ကပ်စိုက်နေတဲ့ dystopian future တစ်ခုမှာ Box Rehabilitation ဆိုတဲ့ လူကိုသေတ္တာထဲလှောင်ပိတ်ပြီး ထောင်ချတဲ့စနစ်တစ်ခုကို ကျင့်သုံးကြတာအပေါ် ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကားနာမည်နဲ့လိုက်အောင် တစ်ကားလုံး boxလေးထဲမှာပဲရိုက်ကူးထားတာဖြစ်ပြီး၊ ကိုယ်ကိုယ်တိုင် ဇာတ်ဆောင်နဲ့အတူ သေတ္တာထဲအချုပ်ခံထားရသလိုခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဖြည်းဖြည်းနှေးနှေးနဲ့ဇာတ်လမ်းကိုတည်ဆောက်ပြီး ဆွဲခေါ်သွားတတ်တဲ့ဇာတ်ကားမျိုးကိုကြိုက်ရင် ဒီကားကိုကြည့်ကြည့်သင့်ပါတယ်။ ပုံစံခွက်ထဲကလူ့အဖွဲ့အစည်းရဲ့နောက်ကွယ်ကရက်စက်မှုတွေရဲ့သဘာဝရယ်၊ မာကျောတဲ့လူ့စိတ်ဓာတ်ရယ်ကို ရှုစားရမယ့် thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(468 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2023 79 mins
Box: Metaphor
Reminiscing Shadows

မျက်နှာဖုံးနဲ့ အစုလိုက်အပြုံလိုက်လူသတ်မှု ကြူးလွန်နေတဲ့ အဖွဲ့ကို လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာန မှ စုံထောက်နှစ်ယောက်ကို ဖြေရှင်းရန်တာဝန်ပေးခံရသောအခါ ဘယ်လိုတွေဖော်ထုတ်ကြမလဲ ဘယ်လိုအခက်အခဲတွေရှိကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ဒန်နီရယ်ဆိုတဲ့ ပါတနာမရှိပဲ ခုနနှစ်ကျော်တယောက်တည်းရပ်တည်ခဲ့တဲ့ စုံထောက်နဲ့ မူးယစ်ဌာနက ပြောင်းလာတဲ့ အာရွန်တို့နှစ်ယောက် အတူတူလက်တွဲလုပ်ဖို့ တွန်းအားပေးခံရသောအခါ ဘာတွေကြုံတွေ့ရမလဲကို တစိမ့်စိမ့်ကြည့်ရမယ့် ဇာတ်ကားဖြစ်ပါတယ် ဂျွန်ဆန် မာတင် က ရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.3 GB)/(650 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre… Mystery, Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dar Dar

0 2023
Reminiscing Shadows
Swag
6.5

Swag (2024) “အမွေလုပွဲ” ကျား၊မ တန်းတူညီမျှရေးဆိုတာကို သရော်ထားတဲ့ တလေဂူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အမျိုးသမီးတွေပဲကြီးစိုးနေတဲ့ ခေတ်ကာလတစ်ခု။ အဲဒါကိုဖောက်ဖျက်ပစ်ခဲ့တဲ့ ယောကျ်ားတစ်ယောက်။ မျိုးရိုးစဉ်ဆက် သားတွေကိုပဲ အမွေဆက်ခံဖို့စည်းမျဉ်းချထားခဲ့တဲ့ ဆွက်ဂါနီကာမျိုးဆက်။ ကာလရှည်လျားလာတာနဲ့အမျှ ဒီမျိုးဆက်က ယောကျ်ားလေးအမွေခံကိုရှာဖို့အတွက်တာဝန်က အိမ်တော်ထိန်းသားမိနှစ်ယောက်ပဲကျန်ရစ်ခဲ့ပါတယ်။ အိမ်တော်ထိန်းသားဖြစ်သူက အမွေတွေအပေါ်လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံပေမဲ့ မိခင်ဖြစ်သူကို မလွန်ဆန်နိုင်တာကြောင့် အမွေခံယောကျ်ားလေးကိုရှာမတွေ့စေဖို့ကြိုးစားပေမဲ့ လူ့ချဉ်ဖတ် စုံစမ်းရေးမှူးကြီး ဘာဗာဘူသီက အမွေခံဆိုပြီး ရောက်ချလာတဲ့အခါမှာတော့…။ တကယ့်အမွေခံကို ရှာတွေ့မှာလား…။ အိမ်တော်ထိန်းသားဖြစ်သူ ဒါမှမဟုတ် ဘာဗာဘူသီကပဲ အမွေတွေကိုအပိုင်သိမ်းလိုက်မှာလားဆိုတာ ကြည့်ရှု။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.5 2024 157 mins
Swag
The Contract
5

ဒီဇာတ်ကားလေးကတော့ Comedy Family Drama အမျိုးအစားဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Gabrielle Dennis, Lil Duval, Caryn Ward တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Dennis နဲ့ Anna တို့ရဲ့အိမ်ထောင်ရေးမှာ မိန်းမဖြစ်သူ Anna က ကလေးအရမ်း လိုချင်နေပြီးတော့ Dennis က ကလေးမယူချင်ပါဘူး။ အဲဒီအခါမှာ Anna အနေနဲ့ သူ့ယောကျ်ားလိုချင်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်းနဲ့ ကလေးယူချင်လာအောင် သိမ်းသွင်း ပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးမှာ ဘယ်လို ဖြစ်သွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ စကားအသုံး အနှုန်းတွေက နည်းနည်းညစ်ညမ်းတာကြောင့် မိသားစုနဲ့အတူ ကြည့်သင့်တဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ File size… (1.26GB) / (735MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024
The Contract
Drama Special Season 15: To My Lonely Sister
6

To My Lonely Sister (2024) *************************** မိသားစုဝင်ထဲမှာ ကျန်းမာရေးချို့တဲ့တာဖြစ်ဖြစ် တစ်ခုခု abnormal ဖြစ်နေတဲ့ လူတစ်ယောက်လောက်ရှိနေရင် ကျန်တဲ့လူတွေပင်ပန်းရတာက ထုံးစံပါပဲ။ ကိုယ်ချစ်ရတဲ့မိသားစုဝင်တစ်ယောက်က သာမန်လူတွေနဲ့မတူဘဲ ချို့ယွင်းချက်ရှိနေတဲ့အခါ ပစ်မထားရက်ဘဲ သူ့ကိုပဲ ပိုဂရုစိုက်ပေးရတာနဲ့တင် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတဲ့အခိုက်အတန့်တွေလည်း ရှိစမြဲမဟုတ်လား။ ဒီကားလေးမှာဆိုရင်လည်း လူကြောက်တတ်ပြီး စိတ်ဓာတ်ကျဝေဒနာကိုခံစားနေရတဲ့ အစ်မဖြစ်သူ “နိုအူး” ကို ဂရုစိုက်ပေးနေရတာနဲ့တင် ကိုယ့်ရဲ့ငယ်ရွယ်မှုအချိန်တွေကို ပျောက်ဆုံးနေရတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေး “ဟာနူး” ကို မြင်တွေ့ရမှာဖြစ်ပြီး cast တွေအနေနဲ့ကလည်း Oh Ye Ju, Kim Kang Min, Park Ho San နဲ့ Yang Ui Jin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်။ အဖေဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် အဝေးမှာအလုပ်ထွက်လုပ်နေရတာမလို့ သားအဖ ၃ ယောက်တည်းရှိတဲ့ မိသားစုလေးမှာ “ဟာနူး” ကပဲ ကျောင်းတစ်ဖက်နဲ့ အစ်မဖြစ်သူ “နိုအူး” ကို စောင့်ရှောက်နေရတာပါ။ စိတ်ဓာတ်ကျဝေဒနာကြောင့် အခန်းထဲကအခန်းပြင်မထွက်ဘဲနေနေတဲ့ အစ်မဖြစ်သူကြောင့် “ဟာနူး” ခမျာလည်း ၃ နှစ်လုံးလုံး ကျောင်းနဲ့အိမ်ကလွဲ ဘယ်မှကို မသွားနိုင်ရှာပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ ဂျယ်ဂျူကျွန်းကို အလည်လာဖို့ခေါ်တဲ့သူငယ်ချင်းဆီကို သွားလည်ချင်လွန်းလှတဲ့ “ဟာနူး” တစ်ယောက် အစ်မဖြစ်သူအတွက်ရော သူ့အတွက်ရော အဆင်ပြေမဲ့နည်းကိုရှာရာကနေ ၃ နှစ်တာလုံး အခန်းအောင်းနေခဲ့တဲ့အစ်မဖြစ်သူကို အခန်းပြင်ထွက်လာအောင်လုပ်ဖို့ကြံပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ညီအစ်မနှစ်ယောက်လုံး ကိုယ်စီလွတ်လပ်မှုတွေ ရရှိသွားကြမလား… စိတ်ကလေးကြည်သာနေဖို့က လူတစ်ယောက်အတွက် ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကို ရှုစားနိုင်မဲ့ healing drama ကောင်းလေး တစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Lai Laii မှ ရေးသားပေးထားပါတယ်…) File Size : 1.12GB/ 410MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:07:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Laii Laii & Miri Encoded by Tiff

Animation • Family • TV Movie • Mystery • Comedy
6 2024
Drama Special Season 15: To My Lonely Sister
Scooby-Doo! Frankencreepy
6.6

စကူဘီဒူးဖန်တစ်ယောက်ဆိုရင် ကြည့်ထားသင့်တဲ့ဇာတ်ကားလေး တင်ဆက်ပေးပါမယ်။ Velma ရဲ့ မိသားစုသမိုင်းကြောင်းကို သိကြပါသလား။ ကဲ ဒီဇာတ်လမ်းမှာတော့ ဉာဏ်ထက်တဲ့ ဒီကောင်မလေးရဲ့မျိုးရိုးဇာတ်ကြောင်း နောက်ခံထည့်ပေးထားပါတယ်။ Velma တစ်ယောက် နယ်စားဖြစ်ခဲ့တဲ့ အဘိုးလေးဆီက အမွေတွေ ဆက်ခံရပါမယ်ဆိုပြီး မိသားစုရှေ့နေက ဆက်သွယ်လာပါတယ်။ ဒါပေမဲ့ အဘေးလေးက ကျိန်စာတိုက်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ ဒီတော့လည်း ဒီကိစ္စထဲ ဝင်စွက်ဖက်ကြဦးမယ့် စကူဘီဒူးတို့အဖွဲ့ ထရန်ဆယ်ဗေးနီးယားရွာလေးဆီ ရောက်လာကြတာပေါ့။ ဘယ်လိုပြဿနာတွေကြုံရဦးမလဲ ဆိုတာတော့ ကြည့်လိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့ editing စတိုင်က တစ်မူကွဲပြားနေတာမို့ တစ်မျိုးလေးစိတ်ဝင်စားဖို့ကောင်းနေမှာပါ။ ဟာသတွေလည်း ရောစပ်ထားလို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့စေမှာပါ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.5 GB, 743 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

6.6 2014 74 mins
Scooby-Doo! Frankencreepy
Twisted Devotion

Twisted Devotion (2025) လေးစားအားကျရတဲ့သူ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို လျှောက်လှမ်းဖို့မျှော်လင့်ချက်ပေးတဲ့သူဆိုတာ လူတွေဘဝမှာရှိတတ်ကြပါတယ် ဒီလိုပဲ အနုပညာရှင်တွေဆိုတာလဲ နှစ်သက်သူလူတိုင်းရင်မှာ နေရာတစ်ခုတော့ယူထားနိုင်စမြဲပါ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ ဘဝပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် အားပေးမှုအဖြစ်ယူဆထားကြတယ် အဆိုတော်တွေ သူတို့သံစဉ် သီချင်းတွေနဲ့ ဘဝအမောတွေဖြေပေးနိုင်တာကလဲ ကျေးဇူးတင်စရာပါပဲ ဒ ါဆိုရင် လေးစားမှုမှာပဲရပ်တန့်သွားမှာလား အရမ်းကို လေးစားချစ်ခင်လာတဲ့အခါ ကိုယ့်ခံစားချက်တွေဟာ ဒီနေရာမှာပဲရပ်တန့်သွားတာမဟုတ်ပါဘူး စွဲလန်းမှု ဟုတ်တယ် စွဲလန်းမှုဆိုတာ ကြောက်ဖို့ကောင်းတဲ့အထင်မှားမှုတစ်ခုပါ စွဲလန်းကြသူလူသားတိုင်းကဒါကို အမှန်အတိုင်းမမြင်နိုင်ကြဘဲ အချစ်လို့ပဲယူဆကြတဲ့သူတွေကြီးပါပဲ အချစ်နဲ့စွဲလန်းမှုကြားမှာလဲ စည်းပါးပါးလေးပဲခြားပါတယ် တကယ်တော့နောက်ကွယ်မှာနက်ရှိုင်းတဲ့ခံစားချက်တွေ နစ်မြုပ်နေစမြဲပါ ဒီကားလေးမှာလဲ နာမည်ကြီးလူကြိုက်များတဲ့သီချင်းတွေနဲ့နောက်ကွယ်က ပေါ့အဆိုတော်မလေး စကိုင်းတစ်ယောက် ဘဝမှာနစ်မွန်းလာပြီးအနားယူရာကနေ တစ်ဖန်ပြန်ကျော့လာတဲ့ သူ့ရဲ့အယ်ဘမ်အသစ်က အရမ်းကို ပေါက်သွားပါတယ် သူ့ရဲ့ဘဝအတွေ့အကြုံ သူ့ခံစားချက်ဘက်ကနေ သူ့ကိုစွဲလန်းလေးစားသူ အချစ်လို့သတ်မှတ်ထားတဲ့သူ့ပရိသတ်တစ်ယောက်ကတော့ သူ့ဘဝမှာ သူ့ကိုလက်ခံနိုင်ဖို့အတွက် ဘယ်လိုတွေမထင်မှတ်ထားနိုင်တဲ့ စည်းမျဉ်းကိုချိုး ဖောက်လိုက်လဲ စိတ်ရဲ့စေရာကိုလိုက်ရင်းက ရူးသွပ်မှုတစ်ခုကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

Animation • Adventure • Family • History • War
0 2025 70 mins
Twisted Devotion
The Jönsson Gang Returns
6

ဆွီဒင်ရဲ့ အကျော်ကြားဆုံး သူခိုးဂိုဏ်းလေး ပြန်လာပါပြီ! နှစ်ပေါင်းများစွာ ထွက်ပြေးနေခဲ့ရတဲ့ ဆစ်ကန်ဟာ သူ့ရဲ့ အဖွဲ့ဟောင်း ဗန်ဟီဒန်၊ ဒိုရစ်နဲ့ ဒိုင်နမိုက်ဟယ်ရီတို့နဲ့ ပြန်လည်ပေါင်းစည်းပြီး သဘာဝသမိုင်းပြတိုက်က တီရက်စ်အရိုးစုတစ်ခုလုံးကို ခိုးယူဖို့ အစီအစဉ်ဆွဲတယ်။ ဒီအရိုးစုကို စီးပွားရေးသမား ဝေါလ်အင်ဘတ်ကို ခရိုနာ သန်း ၃၂၀ နဲ့ ရောင်းချဖို့ အသေးစိတ်စီမံထားပြီးပြီ။ ဒါပေမယ့် ဂျွန်ဆင်ဂိုဏ်းကို ဖမ်းဆီးဖို့ စိတ်အားထက်သန်နေတဲ့ ရဲမေရစ်မောဂရင်းကို သူတို့ကို ဖမ်းဆီးဖို့ကြိုးစားတဲ့အခါမှာတော့…. ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်… File Size… (1.86 GB) / ( 885 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Drama • Family
6 2024 104 mins
The Jönsson Gang Returns
Phantom Detective
6.7

Phantom Detective (2016) ************************** ၁၉၈၀ ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ စုံထောက်ကျော် အက်ရှင်ဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Taxi Driver ထဲက Lee Je-Hoon, Kim Sung-Kyun နဲ့ မမ Go Ara တို့လို ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေပါဝင်ထားတဲ့ ၂၀၁၆ခုနှစ်က ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ************** ဟုံးဂီဒုံ(Lee Je-Hoon)ဟာ .. ဥက္ကဌဟွမ်(Go Ara) တည်ထောင်ထားတဲ့ တရားမဝင်စုံထောက်အေဂျင်စီမှာ ပုဂ္ဂလိကစုံထောက်ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေသူပါ။ အမှုမှန်သမျှကို တစ်ခဏအတွင်းဖြေရှင်းနိုင်ပြီး တစ်နာရီအတွင်း မရှာနိုင်တဲ့လူမရှိအောင်ထက်မြက်တဲ့ ဟုံးဂီဒုံဆီမှာ နှစ်ပေါင်း၂၀ကြာ ရှာမတွေ့နိုင်တဲ့လူတစ်ယောက်ရှိပါတယ်။ အဲဲဒီလူကတော့ ငယ်စဥ်ဘဝက သူ့မျက်စိရှေ့မှာတင် သူ့အမေကိုသတ်သွားခဲ့တဲ့ ဂင်ဗြောင်ဒေါ့ဆိုတဲ့လူပါ။ တစ်နေ့မှာတော့ ဂင်​ဗြောင်ဒေါ့ရှိတဲ့နေရာကို သိလို​က်ရပြီး လက်စားချေဖို့ ရောက်လာတဲ့အခါမှာတော့ ဂင်ဗြောင်ဒေါ့ဟာ ထူးဆန်းတဲ့လူတစ်စုရဲ့ ပြန်ပေးဆွဲတာခံလိုက်ရပြီး မြေးမလေးတွေဖြစ်တဲ့ ဒုံအီနဲ့ မာဆွန်းသာ ကျန်နေခဲ့တာကို တွေ့လိုက်ရပါတယ်။ ပါးစပ်နားရောက်ခါနီးမှ ရိုက်ချခံရသလို ခံစားလိုက်ရတဲ့ ဟုံးဂီဒုံတစ်ယောက် ကလေးမလေးနှစ်ယောက်ကို မြင်လိုက်ပြီးနောက်မှာတော့ တစ်ပုံစံတည်းလက်စားပြန်ချေဖို့အတွက် ကလေးမလေးနှစ်ယောက်ကို “အဘိုးကို ရှာပေးမယ်”လို့ လိမ်​ညာခေါ်ဆောင်ပြီး ဂင်ဗြောင်ဒေါ့ရှာပုံတော် စဖွင့်ပါတော့တယ်။ ဒီလိုနဲ့ အဘိုးကြီး​ပြန်ပေးဆွဲခံရမှုက စုံထောက်ကျော် ဟုံးဂီဒုံထင်နေသလို မလွယ်ကူနေဘဲ နောက်ကွယ်မှာ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ .. တွေ့တာနဲ့ သတ်ဖို့ကြံစည်ထားတဲ့ ဟုံးဂီဒုံနဲ့ .. အဘိုးမရှိလို့မဖြစ်တဲ့ မြေးမလေးနှစ်ယောက်ကြား ရှာပုံတော်လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲအချော်လေးတွေနဲ့ ကြုံတွေ့ရမလဲ … နောက်ကွယ်က အဖွဲ့အစည်းကြီးနဲ့ ဟုံးဂီဒုံတို့ကြားမှာရော ဘယ်လိုပတ်သတ်ဆက်နွှယ်မှုတွေရှိနေမလဲဆိုတာကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ စိတ်ဝင်တစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Hsu Pyae မှ ရေးသားထားပါတယ်) File size…1.84GB / 892MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 6 min. Genre ….. Action, Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by AHtet

Comedy • Drama • Family
6.7 2016 125 mins
Phantom Detective