YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Khakee.the.Bihar.Chapter.S01E02.720p(CM).mp4

404.96 MB N/A video/mp4 241 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
Official Secrets
7.2

လူတွေဟာ ရာထူးနေရာတစ်ခု ရသွားတဲ့အခါ အဲဒီနေရာကိုစွန့်စားပြီး အခြားသူတွေအကျိုးအတွက် အမှန်ကိုထုတ်ပြောရဲဖို့ သတ္တိတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီလိုသတ္တိရှိခဲ့သူ တစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ လူတိုင်းတစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ အမျိုးအစားပါပဲ။ အကြောင်းအရာကတော့ အီရတ်ကို ဗြိတိန်နဲ့အမေရိကန်တို့ ဝင်တိုက်တော့မယ် ကာလမှာ ဖြစ်ခဲ့တာပါ။ အီရတ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ ရှိတယ်လို့ သက်သေမပြနိုင်သေးချိန်။ ကုလသမ္မဂသဘောတူညီချက် မရသေးခင်အချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ အီရတ်ကို တရားဝင်ကျူးကျော်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချဖို့အတွက်ဆို ကုလရဲ့ သဘောတူညီချက်လိုပါတယ်။ မဟုတ်ရင် အမေရိကန်နဲ့ဗြိတိန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ ဒီကာလမှာ ဗြိတိန်ထောက်လှမ်းရေး GCHQ ရဲ့ ဝန်ထမ်း ကတ်သရင်း ထရီဆာ ဂန်းဆီကို အမေရိကန် NSA က စာတိုတစ်စောင်ဝင်လာပါတယ်။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံငယ်တွေက ကိုယ်စားလှယ်တွေကို အကြပ်ကိုင်ဖို့ပါပဲ။ ဒါကိုလက်မခံနိုင်တဲ့ ကတ်သရင်းက ဒီစာကိုခိုးထုတ်ပြီး ဖြန့်လိုက်ချိန်မှာ ဆက်ဖြစ်လာတဲ့ ပြဿနာတွေကို ဆက်ကြည့်ကြည့်လိုက်ပါ။ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အသုံးလေးတွေ မှားတာရှိရင် သည်းခံပေးကြပါ။ အတတ်နိုင်ဆုံး နားလည်အောင် ဘာသာပြန်ပေးထားပါတယ်။ File Size : (1 GB , 396 MB ) Quality :  WEB-DL 720p Running Time : 1 hr 52 min Format : Mp4 Genre : Biography , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama • Romance
7.2 2019 112 mins
Official Secrets
The Grandmother
6

The Grandmother (2021) ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။ အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ရိုက်ထားတဲ့ ကားကောင်းပါ။ ဇာတ်ကိုလည်း မှန်းရလွယ်သလို ဖြစ်အောင် လုပ်ထားပေမဲ့ ‌ရင်ဖိုစရာအတော်ကောင်းပါတယ်။ မခြောက်ဘဲလည်း ရင်တုန်ရတာတွေပါပါတယ်။ ကောင်မလေးက သူ့အဘွားပုံကို ကြည့်တဲ့အခန်းမှာတောင် နောက်ခံအသံနဲ့ပေါင်းစပ်ပြီး ရင်တုန်စရာတကယ်ကောင်းပါတယ်။ ပညာသားပါပါနဲ့ ခြောက်ပြထားသလို ဝုန်းခနဲလည်း ခြောက်ပြထားတဲ့ ဟော်ရာကားကောင်း တစ်ကားပါပဲ။ Horror ကား Rating 6 ပါ။ သို့ပေမဲ့ စစကတည်းက ဘောင်မ၀င်တဲ့ User rating တွေကို ဖယ်ထားလိုက်ပါ။ အဲဒီ Rating ဘေးမှာ Critic Review ဆိုတာ ရှိပါတယ်။ ၀င်ကြည့်လိုက်ပါ။ 4/5 တွေ 4.5/5 တွေချည်း ပေးထားတာပါ။ ဒီလိုပေးဖို့လည်း တကယ်တန်ပါတယ်။ ဒါရိုက်တာကလည်း ဟော်ရာလိုင်းမှာ နာမည်ရှိတဲ့ Rec ကားတွေကို ရိုက်ခဲ့တဲ့ Paco Plaza ပါပဲ။ Size – 1.24GB, 591MB Quality – 1080p, 720p Format – mp4 Duration – 1H 40Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Crime • Drama • Thriller
6 2021
The Grandmother
The Hunter
6.7

Rotten tomatoes – 72% IMDb – 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာ‌တာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

6.7 2011
The Hunter
Outpost

စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကို အမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကို အကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့ သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့ တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်က သစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့် တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။ အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာ ကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေ များစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့ သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။ အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစား ကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.89GB / 763MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022 84 mins
Outpost
The Christmas Checklist
6.7

The Christmas Checklist (2022) ======================= အမ်မလီ ရောဘတ်ဆန်အတွက်တော့ ခရစ်စမတ်ကို အရမ်းချစ်တဲ့ မိခင်ဖြစ်သူ ရူဘီ ဆုံးပါးသွားပြီးတဲ့နောက် ဒီနှစ် ခရစ်စမတ်ဟာ သူမ အတွက် အခက်ခဲဆုံးနှစ်ပါပဲ။ ဒီလိုမျိုး ကြေကွဲနေရင်းနဲ့ပဲ အမေဖြစ်သူ ရူဘီရဲ့ နောက်ဆုံး တောင်းဆိုချက်အနေနဲ့ ထားခဲ့တဲ့ စာရင်းနဲ့ အချက် ၁၂ချက်ကို ခရစ်စမတ် အကြိုနေ့ အမီလုပ်ဖို့ ဖြစ်လာခဲ့ချိန်မှာ သူမတွေ့ ခဲ့တာကတော့ နိုအာဆိုတဲ့ အလွတ်တန်း သတင်းထောက် တစ်ယောက်ပါ။ ခရစ်စမတ်ရဲ့ ကြည်နူးစရာ‌ ပျော်ရွှင်စရာတွေဆိုတာကို အယုံအကြည် မရှိ‌တော့တဲ့ နိုအာရဲ့ အကူအညီနဲ့အတူ အမ်မလီတစ်ယောက် ခရစ်စမတ် စာရင်းကို ပြီးမြောက်အောင် လုပ်နိုင်သွားမှာလား။ နိုအာနဲ့ အမ်မလီတို့ ကြားမှာရော ဘယ်လိုမျိုး အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာကြ မလဲ။ ဒီစာရင်းရဲ့ ရည်ရွယ်ချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကရော ဘာဖြစ်မလဲဆိုတာကို the Christmas checklist ဆိုတဲ့ Hallmark ဇာတ်ကားလေးမှာ ရှူစား‌အားပေးကြပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်) File Size……….(2.51 GB) / (718 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Brackman Encoder……….SWM

6.7 2022
The Christmas Checklist
He Went That Way
5.1

ချစ်သူကမုန်း၊ ဖဲကရှုံး… ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ… ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။ တခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမယ့် ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။ အခုဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ နာမည်ကြီး Star Trek ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ Zarchari Quinto တို့ အဓိကဦးဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Jeffrey Darling ဖြစ်ပြီး အမေရိကန်စာရေးဆရာ Conrad Hilberry ရဲ့ ၁၉၈၇ ခုနှစ်ထွက် မှုခင်းဝတ္တု Luke Karamazov ဝတ္တုထဲကဇာတ်ကောင်ပေါ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Evan M Wiener ကရေးသားပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂျင်မ်ဟာ တောရိုင်းတိရစ္ဆာန်တွေလေ့ကျင့်ပေးပြီး ပြစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လောလောဆယ်မှာ စပန်ကီဆိုတဲ့ ချန်ပန်ဇီတစ်ကောင်ကို လေ့ကျင့်မွေးမြူထားပြီး ဝယ်လက်တစ်ယောက်ဆီ သွားပို့ဖို့ ထွက်လာတာဖြစ်ပါတယ်။ မျောက်ဝံပြစားတာ ယခင်လိုအလုပ်အကိုင်မကောင်းလို့ စပန်ကီကို ဝယ်လက်ဆီသွားပို့ကာမှ လမ်းမှာကားကပါပျက်ပါတော့တယ်။ ကားပျက်တာပြင်ပြီးလို့ ပြန်အထွက်မှာ ကားကြုံလိုက်မယ့် လူငယ်တစ်ယောက်ကို သနားစိတ်ဝင်ပြီး တင်မိရာကနေ အဲ့လူငယ်ဟာ သူထင်ထားသလို သာမန်ကောလိပ်ကျောင်းသားချာတိတ်မဟုတ်ဘဲ လူငါးယောက်ကိုပူပူနွေးနွေးသတ်လာတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်နေတဲ့အခါ၊ သူ့ကိုပါ အနုကြမ်းစီးပြီး ပါတာလေးတွေ ယူလိုက်တဲ့အခါ ဂျင်မ်တစ်ယောက် စုပ်လည်းဆူး၊ စားလည်းရူးအခြေအနေနဲ့ အဆိုပါလူငယ်နဲ့ ရှေ့ဆက်ဖို့ အတော်လေးအခက်ကြုံလာရပါတော့တယ်။ File size…(1.3GB)/(633 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Drama • Thriller • Action
5.1 2023
He Went That Way
Wake of Death
5.5

Wake of Death (2004) 2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် ကလပ်​လောကက​နေ အနားယူ​တော့မယ်လို့ ဘန်အာချာတစ်​ယောက် လုပ်​ဖော်ကိုင်ဖက်​တွေကို​ပြောပြီး​နောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်​​ယောက် ကင်မ်ဆိုတဲ့ တရားမဝင်​ရွေ့​ပြောင်း​နေထိုင်သူက​လေးကို ကူညီ​​ပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှု​နောက်ကွယ်က တရုတ်ဂိုဏ်း​နောက် ဘန်တစ်​ယောက်လိုက်လံ​ချေမှုန်းရာက​နေ ဘယ်လိုဆုံးရှုံးမှု​တွေ ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ရမလဲ… ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 31Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2004
Wake of Death
Maximum Overdrive
5.4

Maximum Overdrive (1982) Genre – Action, Comedy, Horror IT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ် အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့ စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင် သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် (သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင် Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC က တီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ၈ ရက်လောက် ကပ်မိသွားတာဖြစ်လို့ ကမ္ဘာပေါ်က လျှပ်စစ်ပိုင်းဆိုင်ရာ မော်တာပါ စက်ပစ္စည်းမှန်သမျှဟာ သူ့ဘာသာ အသက်တွေဝင်လာပြီး လူသားတွေကို သတ်ဖြတ်တာမျိုး ဖြစ်သွားတာပါ။ ဒီလို စက်ယန္တရားရန်စွယ်တွေကနေ ဒစ်ဆီဘွိုင်းဆိုတဲ့ ဆီဆိုင် စားသောက်ဆိုင်လေးတစ်ဆိုင်ထဲမှာ ရဲရင့်ဖြတ်လတ်တဲ့ ဝိတ်တာလေးရယ် လမ်းကြုံလေလွင့်လာတဲ့ ကောင်မလေးတစ်ယောက်ရယ် ကြင်စဦး ဇနီးမောင်နှံတို့ရယ် အဖေဖြစ်သူကို လိုက်ရှာနေတဲ့ ကလေးတစ်ယောက်ရယ်နဲ့ ဆိုင်ထဲက တခြားလူတွေရယ် အကုန်စုပေါင်းပြီး ဘယ်လိုတွေ ကာကွယ်တိုက်ခိုက် စွန့်စားကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Action/Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5.4 1986 97 mins
Maximum Overdrive
GirlHouse

“Girl House” ဆိုတဲ့ ရုပ်ရှင်ဟာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းနဲ့ ကြည့်ရတာကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။”Girl House” ဟာ အွန်လိုင်းတွင် လူကြီးအကြည့် စီစဉ်မှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ လူငယ်မိန်းကလေးတွေကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒီအလုပ်ကို လုပ်ရင်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့် ကောင်မလေး Kylie (Ali Cobrin) ရဲ့ အတွေ့အကြုံကို ပုံဖော်ပြထားပါတယ်။ Kylie သည် သူ့အမေရဲ့ ကုန်ကျစရိတ်များတဲ့အတွက် Girl House လို့ခေါ်တဲ့ အွန်လိုင်းအိမ်တွင် အလုပ်လုပ်ရင်း ဇာတ်လမ်းစတင်ပါတယ်။ Kylie က သူ့ရဲ့ အလုပ်ကို သာမာန်အလုပ်တစ်ခုလိုလုပ်ရင်း အမိုက်စား အိုင်တီနည်းပညာတွေနဲ့ အွန်လိုင်းဘဝကို ဖြတ်သန်းနေစဉ်၊ လျှို့ဝှက်သော ပုရိသတစ်ယောက်ဖြစ်တဲ့ “Loverboy” (Slaine) ဟာ အစီအစဉ်ကို ကြည့်ရှုနေပြီး ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ သူ့ကို ရင်ဆိုင်စေတဲ့အခါမှာ ဇာတ်လမ်းက ပိုမိုစိတ်ဝင်စားစရာဖြစ်လာပါတယ်။ “Girl House” ဟာ သည်းထိတ်ရင်ဖို၊ အင်တာနက်အန္တရာယ်နဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းဖြစ်လို့ သင့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို တက်သက်စေမှာပါ။ သရုပ်ဆောင်တွေကလည်း ထူးချွန်ပြီး ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။Horror ရုပ်ရှင်တွေရဲ့သဘောအတိုင်း ကိုယ်ကြည့်ရှုမှပဲ ခံစားချက်အပြည့်အဝရတာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦး။ File size…(1.6 GB)/(839 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Action • Animation • Science Fiction
0 2014
GirlHouse
Song One
5.8

သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီး ကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8 ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင် တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင် Johnny Flynn တို့ပဲဖြစ်ပါတယ်။ ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက် ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ် နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာ သီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာ အဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီး လမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့ အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြော ဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကို စောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။ အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်း ဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင် သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 26m Genre ….. Drama ,Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror
5.8 2014 86 mins
Song One
Scooped
5.9

ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ကလေးတစ်သိုက် နဲ့ ရေခဲမုန့်သည်တို့ရဲ့ အကြောင်းပဲဖြစ်ပါတယ် ကလေးတစ်သိုက်ဟာ ရေခဲမုန့်စားချင်လို့ ရေခဲမုန့်လာဝယ်ရာကနေ ဇာတ်လမ်းစတာပါပဲ ရေခဲမုန့်စားချင်တဲ့ ကလေးတစ်သိုက်ကို ရေခဲမုန့်သည်ကလည်း သဘောကောင်းစွာနဲ့ပဲ သုံးရက်ဆက်တိုက် “ရေခဲမုန့်မရှိတော့ဘူး ရောင်းလို့ကုန်သွားပြီ “ လို့ ပြောပြီး တမင်သက်သက်မရောင်းပေးပါဘူး အဲ့သလိုသုံးရက်ဆက်တိုက် အညစ်ခံရတဲ့အခါမှာ ကလေးတစ်သိုက်ဟာ ရေခဲမုန့်သည်ကို သံသယစဝင်လာပါတော့တယ် သံသယမီးပွားလေးကနေစပြီး တစ်ဖက်ကရေခဲမုန့်သည်တို့ရဲ့ လျှို့ဝှက် အကြံအစည်ကြီးကို ကလေးတို့သဘာဝပီပီ စပ်စုနောက်ယောင်ခံရာကနေစပြီး သိလာတဲ့အခါမှာ ဘယ်လိုမျိုးတားဆီးသွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yamone

5.9 2024
Scooped
Johnny Puff: Secret Mission
5.5

ပေါ့ပေါ့ပါးပါး သားသားမီးမီးတို့ကြည့်ဖို့ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကာတွန်းကားလေးရဲ့ နာမည်ကတော့ Johnny Puff : Secret Mission ဖြစ်ပြီး 2020 တုန်းက ထွက်ရှိခဲ့တဲ့ Puffins ဆိုတဲ့ တီဗီ Series လေးရဲ့ အဆက်ဖြစ်ပါတယ်။ဇာတ်ကားနာမည်က Johnny Puff ဖြစ်သလို အသံသရုပ်ဆောင်ကလည်း ဂျက်စပဲရိုးသရုပ်ဆောင် Johnny Depp ပဲ ဖြစ်ပါတယ်။ ဒီကာတွန်းကားလေးရဲ့အဓိကဇာတ်ဆောင်တွေကတော့ ပင်လယ်ပျော် ငှက်ကလေး ၄ ကောင်နဲ့ သူတို့ရဲ့ရန်သူတော်အင်ဂျင်နီယာ ဖျံကြီးတို့ပဲ ဖြစ်ပါတယ်။အဲ့ဒီပင်လယ်ပျော်ငှက်ကလေး ၄ ကောင်ကစွန့်စားခန်းတွေ ထွက်ရတာကြိုက်ပြီး တစ်နေ့မှာတော့ ဥက္ကာခဲကြီးတစ်ခုနဲ့တွေ့ကာ တစ်ကောင်ကိုအစွမ်းတစ်မျိုးစီရခဲ့တဲ့စူပါငှက်ကလေးတွေဖြစ်တဲ့အတွက် သူတို့ရဲ့ရန်သူတော် လူဆိုးဖျံကြီးက သူတို့ကိုနှောင့်ယှက်ဖို့ပစ္စည်းတစ်ခု တီထွင်လိုက် မအောင်မြင်လိုက်နဲ့လုံးလည်ချာလည်လိုက်နေပုံတွေကို ရယ်စရာရိုက်ကူးထားတာဖြစ်တဲ့အတွက် သားသားမီးမီးတွေသဘော ကျမဲ့ကာတွန်းကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 710MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance • Fantasy
5.5 2024 85 mins
Johnny Puff: Secret Mission
Apocalypse Z: The Beginning of the End
6.5

Apocalypse Z: El principio del fin (The Beginning of the End ) ဒါကတော့ ဇွန်ဘီးကမ္ဘာပျက်ကိန်းအကြောင်း စပိန်ရုပ်ရှင်သစ်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး နိုင်ငံတကာအရောင်းရဆုံး စပိန်ဝတ္ထု တွဲတွေထဲက ပထမဆုံးစာအုပ်ကို ရိုက်ကူးထားတာဖြစ်လို့ အဆက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** မာနဲဆိုတဲ့ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ဇနီးဆုံးသွားပြီးနောက်မှာ ကြောင်ကလေး လူကူလိုနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ သူ့မှာ အရမ်းချစ်ရတဲ့ ဘယ်လန်ဆိုတဲ့ အစ်မမိသားစုလည်းရှိပါတယ်။ ဘယ်လန်ရဲ့ အမျိုးသားက စစ်တပ်ကပါပဲ။ ရုရှားစမ်းသပ်ခန်းတစ်ခုကနေ ပြန့်လာတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ဇွန်ဘီး ကမ္ဘာပျက်ကိန်းကြီး စတင်လာချိန်မှာ သူ့အစ်မ လင်မယားက ဘေးကင်းတဲ့ ဌာနချုပ်ကိုရောက်သွားပေမဲ့ မာနဲနဲ့ ကြောင်ကလေးက မြို့ပျက်ကြီးထဲမှာ ကျန်နေခဲ့ပါတယ်။ ဇွန်ဘီးတွေကြားမှာ အသက်ရှင်ဖို့ ကြိုးစားရင် အစ်မရှိတဲ့ ဌာနချုပ်ကို သွားဖို့ ကြိုးစားတဲ့ စွန့်စားခန်းတွေကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.44GB / 891MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Adventure • Action • Comedy • Thriller
6.5 2024 119 mins
Apocalypse Z: The Beginning of the End
The Fault is Not Yours
7.8

The Fault is Not Yours (2019) ****************************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ All of us Are Dead မှ Yoon Chan-Young, Racket Boys မှ Son Sang-Yeon နဲ့ IZ*ONE အဖွဲ့ဝင် Kim Min-Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ပညာပေး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် .. – ဇာတ်လမ်းအကျဉ်း – ဂျွန်ယောင်း (Yoon Chan-Young) ဟာဆိုရင် ရောဂါသည်အမေ့ကို တစ်ယောက်တည်း ပြုစုရင်း ကျောင်းတက်နေရသူလေးပါ .. ငယ်ငယ်ရွယ်ရွယ်နဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုး ထားရတဲ့ ဂျွန်ယောင်းကို အမြဲ ကူညီပေးနေတဲ့သူကတော့ ဂျွန်ယောင်းရဲ့ဆရာ မင်ဂျယ် (Kim Jae-Chul) ပဲဖြစ်ပါတယ် .. ဒါပေမဲ့ ဂျွန်ယောင်းတစ်ယောက် တကယ်တမ်း ကူရာမရဖြစ်လောက်တဲ့အထိ စိတ်ပျက်လက်မှိုင် ကျနေတဲ့ အခြေအနေမှာမှ ဆရာဖြစ်သူက အမှုမဲ့အမှတ်မဲ့ သဘောထားလိုက်မိတဲ့အတွက် ဂျွန်ယောင်းလည်း အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ် .. ဂျွန်ယောင်းကို ဆုံးရှုံးလိုက်ရတဲ့ ဆရာဖြစ်သူလည်း နောက်ထပ် ကျောင်းသားတွေကို မဆုံးရှုံးရစေဖို့အတွက် ဆရာတစ်ယောက်အနေနဲ့ အကူအညီလိုအပ်နေတဲ့ ကျောင်းသားတွေကို စိတ်ရင်းစေတနာအပြည့်နဲ့ ဖေးမပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ် .. လက်ရှိ ဆရာမင်ဂျယ် အတန်းပိုင်လုပ်နေတဲ့ အတန်းက ကလေးတွေမှာလည်း စိတ်ဒဏ်ရာအသီးသီး ရှိနေကြပါတယ် .. ဒီလို စိတ်ဖိစီးစရာကိစ္စ ကိုယ်စီရှိနေကြတဲ့ ကလေးတွေကို ဒီတစ်ခေါက်မှာတော့ ဆရာမင်ဂျယ်က ဖေးမကူညီ‌ပြီး ကာကွယ်ပေးသွားနိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် .. (အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်) File size…1.06GB / 487MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by AHtet

Horror • Thriller
7.8 2019 108 mins
The Fault is Not Yours