YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Karm Yuddh S01 EP08 Raja Aur Ikka TRUE WEB-DL.720p(CM).mp4

350.56 MB N/A video/mp4 185 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Lonely Place to Die
6.2

စကော့တလန်ကတောင်တန်းတွေပေါ်တက်ကြတဲ့တောင်တက်သမား အုပ်စုတစ်ဖွဲ့ တောင်ကြားတစ်လျှောက်လမ်းလျှောက်နေရင်းနဲ့ တစ်နေရာအရောက်မှာ အော်သံတစ်ခုကြားလိုက်ရတဲ့အခါ အရဲစွန့်ပြီးတော့ အဲ့နေရာကိုသွားခဲ့ကြပါတယ်။ ရောက်တဲ့အခါမှာတော့ လေထွက်ပေါက်ပုံစံလိုပိုက်ခေါင်းထဲက အသံကြားရတာဖြစ်ပြီး အဲ့ဒီအပေါက်ကလဲမြေကြီးထဲကနေထွက်နေတာပါ. ကလေးမလေးတစ်ယောက်အသံလိုကြားနေရတာမလို့ ကယ်ဆယ်ဖို့ သူတို့တွေကူညီကြတဲ့အခါမှာ ဘာကြောင့် ဒီကလေးမလေးက ဒီထဲကိုရောက်နေတယ်ဆိုတာရယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရယ်ကိုတော့ ဇာတ်ကားထဲမှာဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးကြပါဦးဗျာ ၁ နာရီခွဲနီးပါးကြာသလို ratingတွေလဲကောင်းတာကြောင့် Action, Mystery & thriller ကိုမှကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်စေမှာပါ File size…2.13GB / 998MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

Drama • Horror • Mystery
6.2 2011 99 mins
A Lonely Place to Die
My Son
5

“မိဘမေတ္တာဆိုတာ အတိုင်းအဆ မရှိ” ဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ… ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက် အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်း အစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါ ဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာ သူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲ​နေချင်နေတာပါ။ အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့ ……… မာမားကားထဲက စစ်မှုရေးရာအမတ်ကြီး တဖြစ်လဲ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Jang Hyun Sung နဲ့ All of us are dead ထဲမှာ အားလုံးရဲ့ မျက်ရည်တွေကို သိမ်းပိုက်သွားခဲ့တဲ့ ဂျွန်ယောင်းလေး တဖြစ်လဲ မင်းသား Ahn Seung Gyun တို့က ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်ပိုင်းသာမက … ဇာတ်လမ်းဇာတ်ကွက်ကပါ ဟာသရသ ၊ ကရုဏာရသမျိုးစုံကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 1.7GB | 824MB | 395MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thantsin Encoder .....August

Comedy • Fantasy • Horror
5 2022 119 mins
My Son
Marcel the Shell with Shoes On
7.7

A24 ရဲ့ Mockumentary ကားလေးပါ။ မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ... ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်‌တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb - 8.1/10, Rotten Tomatoes - 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ခရုခွံလေးရဲ့တီတီတာတာ စကားတွေကြောင့် လူတိုင်းကြိုက်ကြလောက်မှာပါ။ တော်တော်ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ မာဆယ်ဆိုတဲ့ ဖိနပ်စီးခရုခွံကလေးဟာ သူ့မိသားစုတွေကို ဆုံးရှုံးထားရပြီး သူ့အဖွားနဲ့နေနေရတာပါ။ လူတွေကိုရှောင်ရင်းပေါ့၊၊ တစ်နေ့ကျ ဒင်းန်လို့ခေါ်တဲ့သူက သူနဲ့ခင်သွားပြီး သူ့ကို ဒိုကူမန်ထရီရိုက် ယူကျူ့ပေါ်တင်ရာကနေ မာဆယ်နာမည်ကြီးသွားပါတယ်။ အဲဒီကနေမှ သူ့မိသားစုကို ပြန်ရှာဖို့ ကြိုးပမ်းတဲ့အကြောင်း ရိုက်ပြထားတာပါ။ သူ့အဘွားက မနေရတော့မှာမို့ သူ့မြေးကို ဘဝမှာ ရှင်သန်တတ်အောင် သင်ပေးတာတွေကလည်း အီမိုရှင်နယ်ဖြစ်ပါတယ်။ ချစ်ဖို့လည်းကောင်း ငိုလည်းငိုရမယ့် ခပ်ဆန်းဆန်း A24 ကားပါပဲ။ မဆန်းရင် A24 ဘယ်ဟုတ်ပါတော့မလဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 600MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 30Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Comedy • Science Fiction
7.7 2022 90 mins
Marcel the Shell with Shoes On
Moonshot
6.9

ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C hannel Myanmar ပရိသတ်ကြီးက ဆက်ကြည့်ပြီး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Loon Swal Eain က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Loon Swal Eain နဲ့ Leonard Lin တို့ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance, Sci-Fi Quality….WEB-DL 1080p and 720p File size… Format…mp4 Duration….1h 44min Subtitle….Myanmar Subtitle (Hardsub) Translator ..... Looon Swal Eain and Leonard Lin Encoder ..... August

6.9 2022 104 mins
Moonshot
Love Hotel
6.5

Love Hotel (1985) မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။ သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။ နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။ တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by s Encoded by RGB

Crime • Drama • Thriller
6.5 1985 88 mins
Love Hotel
Scoob!
7.1

2020 မှာ ရုံတင်ဖို့စီစဉ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။ စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေ သူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ် လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲက ဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့် စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို အသည်းအသန် ဖမ်းဖို့ ကြိုးစားနေတဲ့ လူဆိုးကြီးတစ်ကောင်လက်က ထွက်ပြေးဖို့ ဖြစ်လာရပါတော့တယ်။ ဖရက် တို့ကလည်း ဒါကိုသိပြီး သူတို့သူငယ်ချင်း ၂ ယောက်ကို လိုက်ကယ်ရင်း စကူဘီကို ဘာလို့ အပူတပြင်း လိုက်ဖမ်းနေရလဲ ဆိုတာကို သိအောင် လုပ်ရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p  Web-Rip Duration – 1 hrs 34 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Romance Source : 1080p.WEB-RIP Translator – Littleneo Encoder – San Win Maung

Action & Adventure • Drama
7.1 2020 93 mins
Scoob!
Godzilla Minus One
8.4

Godzilla Minus One (2023) ===================== IMDb Rating – 8.3/10 ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း – ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက် မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေ မျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်း ဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ် ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏု မြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာ ဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ် ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။ နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။ 1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေ မျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ် ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူ ဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာ ကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင် တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ် ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာ လံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာ ဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကို ပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင် ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေ ကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ် ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့ လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင် ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခု ဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(6.2 GB) / (2.02 GB) / (1.05 GB) Quality…………BLU-RAY 4K HEVC / 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MKV / MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

8.4 2023
Godzilla Minus One
Léon: The Professional
8.5

Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, Drama The Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို DEAအရာရှိတွေက တစ်ယောက်မကျန် ရှင်းသွားခဲ့တယ်။ သူတို့မိသားစုထဲက Mathildaဆိုတဲ့ ကလေးမလေးကို Leonက ကယ်ထားခဲ့တယ်။ Mathildaက သူ့တစ်မိသားစုလုံးက သူ့ကို အနိုင်ကျင့်နေတာမို့ သူ့မိသားစုကို သူ့ဘာသာတောင် သတ်ချင်နေတဲ့သူမို့ သူ့မိသားစုသေသွားတာကတော့ Mathildaအတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ လေးနှစ်သား သူ့မောင်လေး သေသွားတာတဲ့အတွက်တော့ သူက အဲဒီယစ်မျိုးအရာရှိဆိုးတွေကို ကလဲ့စားချေချင်ခဲ့တယ်။ဒီလိုနဲ့Mathildaက Leonကို နားပူနားဆာလုပ်ပြီး သူ့ကို လုပ်ကြံသတ်ဖြတ်တတ်အောင် သင်ပေးခိုင်းတယ်။ Leonလည်း မနိုင်တဲ့အဆုံးသင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့ကြား ဘာမှန်းမသိတဲ့တစ်စုံတရာ ပေါ်ပေါက်လာသလိုကလဲ့စားချေတဲ့ခရီးမှာလည်း ပြဿနာတွေပေါ်လာခဲ့တယ်။ ဒီနေရာမှာ သူတို့ဖောင်းထုခံခဲ့ရတဲ့ အချက်က Leonနဲ့ Mathildaရဲ့ ဝေဝါးနေတဲ့ ဆက်ဆံရေးပဲဖြစ်လိမ့်မယ်။ ဒါကလည်း ဒါရိုက်တာ Luc Bessonရဲ့ မိန်းမ Maiwenn ဖြေရှင်းတဲ့စကားအရတော့ ဒီဇာတ်လမ်းက သူတို့ဆက်ဆံရေးကို မှီးထားတယ်လို့ဆိုခဲ့တယ်။ ဒါရိုက်တာနဲ့ သူ့မိန်းမကလည်း ဒီလိုမျိုးအသက်ကွာခြားမှုကြီးတဲ့ အချစ်မျိုးကို ပိုင်ထားတဲ့လူတွေပဲ။ Bessonအသက်၂၉ Maiwennအသက် ၁၂မှာ သူတို့စုံတွဲဟာ စတွေ့ခဲ့ကြပြီး တရားဝင်စတွဲတာကတော့ Maiwennအသက် ၁၅မှာပါ။ Maiwennအသက် ၃၃မှလက်ထပ်ခဲ့ပြီး Maiwennဟာ ၁၆နှစ်မှာ ကိုယ်ဝန်ရခဲ့တယ်။ဒီရုပ်ရှင်ထဲက Leonနဲ့ Mathildaရဲ့ဆက်ဆံရေးဟာ စွပ်စွဲကြသလို မဟုတ်ဘူးလို့တော့ ပြောရခက်ပါတယ်။ ကိုယ်ပိုင်အမြင်ရလည်း သူတို့ဆက်ဆံရေးဟာ အဲဒီလိုဆက်ဆံရေးမျိုးပါပဲ။ သူတင်ဆက်ပြတဲ့ပုံအရတော့ ဒါကိုအပြစ်လို့ မြင်ဖို့တော့ တော်တော်ခက်လိမ့်မယ်။ အကြောင်းရင်း သိနေသကိုး၊။ ဟိုစာစုတစ်ခုရဲ့ခေါင်းစဉ်လိုပေါ့ “တူညီတဲ့ရှုထောင့်ကနေကြည့်ရင် ဖြစ်ရပ်တိုင်းဟာ မှန်တယ်”တဲ့။ ကျွန်တော်တို့နားလည်နိုင်တာကတော့ လောကကြီးမှာ နားလည်စရာ ဘာမှမရှိတာကို နားလည်ဖို့ပါပဲ။ မူရင်းဗားရှင်းမှာတော့ ၁နာရီ၅၀သာရှိပေမဲ့ အခု EXTENDEDဗားရှင်းမှာတော့ ၂နာရီ ၁၃မိနစ်အထိပါပါတယ်။ Mathildaက Leonကို အတူအိပ်ဖို့ပြောခဲ့ပြီး လီယွန်က ငြင်းလိုက်တာတွေ။ Leonရဲ့ငယ်ဘဝနောက်ကြောင်း။ သူတို့အတူတူ အိပ်ယာထဲရိုးရိုးသားသားအိပ်တာတွေ။ Mathildaက Russian rouletteလုပ်ပြီး ခြိမ်းခြောက်တာတွေအပြင် တခြားအခန်းတွေလည်း ပါပါတယ်။ File size… 3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 13m Genre ….. Action/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

Drama
8.5 1994 111 mins
Léon: The Professional
Natsume’s Book of Friends: Ephemeral Bond

Natsume’s Book of Friends: Ephemeral Bond (2018) IMDb Rating – 7.1 ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် ‌အမျိုးတွေရဲ့အိမ်မှာ လိုက်နေနေရတဲ့ နာဆုမဲတာကာရှိက အဘွားဖြစ်သူ နာဆုမဲရဲခိုရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကိုအမွေရရှိခဲ့ပါတယ်။ အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။ အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲရဲခိုတစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကိုအနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးပါ… မကောင်းဆိုးဝါးတွေရဲ့နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကိုခေါ်လိုက်ရင် အခေါ်ခံရတဲ့မကောင်းဆိုးဝါးက အမိန့်ကိုနာခံရတဲ့အစွမ်းပါရှိပါတယ်။ အဲဒီလိုအစွမ်းကြီးတဲ့စာအုပ်ကို အပိုင်စီးချင်တဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ ထွက်ပြေးရင်း နာဆုမဲတာကာရှိတစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက်ပြန်ပေးနေပါတယ်။ ဒီ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ephemeral Bond ဆိုတဲ့ရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲတစ်ယောက် အဘွားကိုသိတဲ့လူတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုမျိုးမကောင်းဆိုးဝါးတွေနဲ့တွေ့ရမယ်၊ အဘွားဖြစ်သူရဲ့ဘယ်လိုဇာတ်ကြောင်းတွေကို သိရှိရမယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်က Benni ဖြစ်ပါတယ်။ File size… 1.5 GB / 678 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Action • Thriller
0 2018 104 mins
Natsume’s Book of Friends: Ephemeral Bond
Doraemon the Movie: Nobita’s Earth Symphony
6.6

အခုတစ်ခါမှာတော့ လူတိုင်းသိကြတဲ့ Doraemon ဇာတ်ကားသစ်လေးပါ။ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်းနှီးခဲ့ကြတဲ့ Doraemon ဆိုတဲ့ ကြောင်ပြာလေးကို အခုတစ်ခါ ပိတ်ကားထက်မှာ ပြန်မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း အကျဥ်းကတော့ နိုဘီတနဲ့ သူငယ်ချင်းတစ်စုက ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာကို သတိထားမိလာပါတယ်။ ဒီအခါမှာတော့ သူတို့က ဒိုရေမွန်ရဲ့ အကူအညီနဲ့ အနာဂတ်ခေတ်က ပစ္စည်းတွေကို သုံးပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ လုပ်ကြရပါတော့တယ် ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့ရဲ့ အချစ်တော် ကြောင်ပြာလေးကို Amimation ကောင်းကောင်းနဲ့ ပြန်မြင်ရမှာဖြစ်ပြီး ဒိုရေမွန်ဆိုတဲ့ အတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အသင်းအဖွဲ့လိုက် လုပ်ဆောင်ခြင်းတွေကို ပျော်ပျော်ပါးပါး ကြည့်ရှုရင်း သင်ခန်းစာရအောင် တင်ပြထားပါတယ် File Size : 2.3 GB, 1.1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 55min Format : Mp4 Genre : Advemture, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

Drama • Romance • Fantasy
6.6 2024 115 mins
Doraemon the Movie: Nobita’s Earth Symphony
Genius
6.5

Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(750 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

6.5 2016 104 mins
Genius
Culprit
5.6

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် Mystery/Thriller အမျိုးအစားဇာတ်ကားကောင်း‌လေးဖြစ်ပြီး IMDb rating 5.6/10 ရရှိထားတာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇ နှစ်တုန်းက Huntsville မြို့ငယ်လေးမှာ ကတ်ထရီနာ ဆိုတဲ့ မိန်းကလေးငယ်လေးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံခဲ့ရပါတယ်။ ဒီအမှုအတွက် ကလေးထိန်းဖြစ်သူ အသက် ၁၄ နှစ် အရွယ် ဂျက်ဟဲရစ် ဟာ တရားခံအဖြစ် စွပ်စွဲထောင်ချခံခဲ့ရပါတယ်။ ဆယ်စုနှစ် ၃ ခုနီးပါးအကြာ ထောင်ထဲမှာနေခဲ့ရပြီး နောက်ဆုံး အမှုကို ပြန်လည်စစ်ဆေးချိန်မှာ သက်သေခံပစ္စည်းတွေဟာ မှားယွင်းနေခဲ့ကြောင့် သက်သေထွက်လာတဲ့အတွက် အပြစ်မရှိဘဲ မှားယွင်းဆုံးဖြတ်ခံရတယ်လို့ စီရင်ချက်ချပြီး ပြန်လည်လွတ် မြောက်လာပါတယ်။ ဒါပေမဲ့လည်း နာမည်ဂုဏ်သတင်းဟာ သေသွားခဲ့ပြီ ဖြစ်တာကြောင့် မြို့ဟာ သူ့ကို အရင်လို မကြည်ဖြူ တော့ပါဘူး။ အသတ်ခံလိုက်ရတဲ့ကောင်မလေးရဲ့ မိဘတွေဟာလည်း ဂျက်ဟဲရစ် ကို မကျေနပ်ပဲ သူ သတ်ခဲ့တယ်လို့သာ ယူဆထား တာကြောင့် လှုပ်ရှားမှုတွေ စတင်ပြုလုပ်လာပါတော့တယ်။ ဂျက်ဟာလည်း နာမည်ဂုဏ်သတင်းကို ပြန်လည်အဖတ်ဆည်ဖို့ အတွက် တရားခံအစစ်ကို ရှာဖွေဖို့ စတင်ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ နှစ်ဘက်ထိပ်တိုက်တွေ့ကြချိန်မှာတော့ ဘယ်လို တွေဖြစ်သွားမလဲ….. ဘယ်သူတွေမှားလို့ ဘယ်သူတွေမှန်ကြလဲ … အသည်းတအေးအေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါစို့ခင်ဗျာ။ File size… (1.22GB) / (721MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama
5.6 2025 97 mins
Culprit
A Way Station
6.2

ဟိုးငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ အထက်တန်းကျောင်းသားနဲ့ ကျောင်းသူလေးတို့ နှစ်ယောက်သားအရမ်းချစ်ခဲ့ကြတယ် တစ်နည်းပြောရရင်‌ ငယ်ချစ်ဦးတွေပေါ့ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့် ကွဲသွားကြတယ် ဒီလိုနဲ့ကောင်မလေးက ဆိုးလ်မှာအလုပ်လုပ်နေရင်း သူ့မှာ ကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတာ သိလိုက်ရတော့ နယ်မြို့လေးဆီပြန်လာခဲ့တယ် ငယ်သူငယ်ချင်းတွေနဲ့ဆုံဖြစ်တော့ ငယ်ချစ်ဦးလေးလည်းပါ‌တာပေါ့နော် ကောင်လေးမှာက အယ်ဇိုင်းမားဖြစ်နေတယ် ကောင်မလေးက ကင်ဆာနောက်ဆုံးအဆင့်ရောဂါသည် နှစ်ယောက်လုံးက ချစ်ရက်နဲ့လမ်းခွဲခဲ့ကြရတော့ ကောင်လေးဘက်ကကျ ကျန်ရှိနေတဲ့အချိန်ကို နှစ်ယောက်အတူဖြတ်သန်းချင်တယ် ကောင်မလေးကကျ ကောင်လေးကိုသနားလည်းသနားမိသလို အားလည်းနာတဲ့အတွက် လက်မခံချင်ဘူး နှစ်ယောက်သား သူတို့ဘဝရဲ့လက်ကျန်အချိန်တွေကို သီးသန့်စီပဲဖြတ်သန်းဖြစ်ကြမလား အတူတူ‌အနားမှာရှိနေပေးကြရင်း ကုန်ဆုံးကြမလားကိုတော့ ကိုယ့်ဘာသာကိုယ်ပဲကြည့်လိုက်ကြပါတော့ မင်းသားက ZE:A အဖွဲ့ထဲကပါ မင်းသမီးကတော့ ဟိုတလောကပြီးသွားတဲ့ Devil Judge ထဲက supporting actress ပါ နှစ်ယောက်လုံးက ပရိတ်သတ်တွေရင်းနှီးပြီးသားသူတွေချည်းပါပဲ ဇာတ်လမ်းတစ်ခုလုံးက အဆွေးအမြည့်တွေချည်းမဟုတ်သလို အချိန်ပြည့် ရိုမန်တစ်ဆန်နေတာလည်း မဟုတ်ပါဘူး ကောင်မလေးနဲ့ပတ်သက်သမျှသေးသေးလေးတွေကအစ အသေးစိတ်မှတ်ထားတတ်တဲ့ ကောင်လေးရယ် ဂရုမစိုက်ဘူး မချစ်ဘူးထင်ရပေမယ့် ရင်ထဲအသည်းထဲကနေ နှစ်နှစ်ကာကာချစ်နေတဲ့ ကောင်မလေးရယ် ကြည့်နေရင်းကို ကြည်နူးမှု‌ကြောင့်ရင်ထဲနွေး‌သွားမှာပါ Quality : FHDRip 1080p Format : mp4 During : 1h 41min Genres : Drama , Romance Subtitle : Myanmar Subtitle ( Hardsub ) Translated By Saint Thiri Encoded By LK

Family • Adventure • Animation • Comedy
6.2 2021
A Way Station