YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

KANAKARAJYAM.2024.1080p.AMZN.WEB-DL.YK(CM).mkv

1.96 GB N/A video/x-matroska 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Das Boot
8.1

IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ရေငုပ်သင်္ဘောတစ်စင်းပေါ်ကို စစ်ကြောင်းထွက်တဲ့အချိန် လိုက်လာပြီး မှတ်တမ်းတင် အစီရင်ခံစာ တင်ဖို့ပေါ့။ အဲဒီမှာ ကပ္ပတိန်ကြီးရဲ့ အုပ်ချုပ်ပုံ၊ တိုက်ပွဲဖြစ်တဲ့ခါ ညွန်ကြားပုံတွေ နောက်ပြီး ဒီသင်္ဘောကျင်းကျင်းလေးပေါ်က နေထိုင်စားသောက်ရတဲ့ ဘဝတွေ ကြုံရပုံ တစ်ဖက်က ထောက်ပို့ယာဉ်တန်းတွေ တွေ့ရင် ဘယ်လိုအမဲလိုက်ကြပုံ ပြန်ခံရရင်လည်း ဘယ်လိုတွေ ခွာစစ်ဆုတ်ရပုံတွေ ဟိုက်ဒရိုဖုန်းဆိုတာနဲ့ အရပ်လေးမျက်နှာက အသံတွေကို နားထောင်ပြီး သင်္ဘောတစ်စင်းလုံး အပ်ကျသံမကြားရလောက်အောင်ထိ တိတ်ဆိတ်သွားပြီး ရန်သူ့အခြေအနေ အကဲခတ်လှုပ်ရှားရပုံတွေ စသဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေနဲ့ တင်ဆက်ပြသထားတာပါ။ နောက်ပြီး သူတို့ဘဝတွေက သူများကိုအမဲလိုက်ပြီး ကြမ်းတမ်းကြတယ်ဆိုပေမယ့် တစ်ခုခုဆို သူတို့ဘဝကလည်း လေတပ်ကလူတွေလိုမျိုးပဲ သေဖို့ရာခိုင်နှုန်းများတဲ့ တပ်သားတွေပါပဲ။ ၁၉၈၁ ခုနှစ်ထွက်ရုပ်ရှင်ဆိုပေမဲ့ တော်တော်လေးအဆင်ပြေပြီး အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာမို့ ပြေးသာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ IMDB ကလည်း 8.4 ဆိုတော့ မကောင်းမှာတော့ ပူမနေပါနဲ့တော့။ File size…2.73GB / 1.25GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 25m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • TV Movie
8.1 1981 150 mins
Das Boot
End of Days
6

ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1999 121 mins
End of Days
Zombie Reddy
6

အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေ လူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့ genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။ မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်း နှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီး ချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားက မြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်း ဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်က ကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။ အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊ လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်း Channel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ File size…4GB / 1.4Gb / 500MB Quality…1080p AAC 2.0 / 720p / 480p Format…mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & HM

Adventure • Romance
6 2021 125 mins
Zombie Reddy
A Star Is Born
7.5

စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာ တစ်ပတ်လောက်ကလဲ ကစ်တတ်သေး ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ ဒီဂစ်တာတွေပေါ်မှာပဲ သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက် လောကကြီးက တရားပါတယ် သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု သူသွားတွေ့မိတယ် ကိုယ်တိုင်က အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့ မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား သူ့ဘဝမှာဒီလိုဖြစ်တာ ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင် လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာတယ် ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ် တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု တဖန်ပြန်ခံစားလိုက်ရတယ် စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့် ဂျက်ဆန်  ဆေးရော အရက်ပါဆွဲနေခဲ့ပြီ တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့ မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့ အချိန်မှ ဖြစ်တတ်စမြဲပဲလေ အချစ်ဆိုတဲ့ရသ ဂီတရဲ့ ဝိညာဉ်ကို အကောင်းဆုံးဖော်ကျူး ထားတဲ့ ကားလေးလို့ မြင်မိပါတယ် ဂျက်ဆန်မိန်းတဖြစ်လဲ Bradley Cooper အယ်လီတဖြစ်လဲ Lady Ga Ga ကသရုပ် ဆောင်ပေးထားပါတယ် အခွီကားတွေပဲအရိုက်များတဲ့ Cooper တစ်ယောက် အခုတော့ အဆွေးသီချင်းတွေ ဆိုတဲ့ဂစ်တာသမားကြီးကိုဖြစ်လို့ Lady Ga Ga ကတော့ ပြောစရာလိုမယ်မထင် ဒီကားလေးမှာ အထွေထူးပြောချင်တာတော့ တစ်ခုပဲရှိပါတယ် အဲ့ဒါက သီချင်းတွေပါ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ် သူတို့ နှစ်ယောက်ရဲ့ တွယ်တာမှု အတိမ်အနက် ဘယ်လောက်ရှိလဲ ဆိုတာ သီချင်းတွေကပဲ ဖော်ကျူးထားတာပါ သီချင်းတွေကအပုဒ် တိုင်းကိုကောင်းပါတယ် အခုလိုကားမျိုးတွေ ကျနော်အကြည့်နည်းလို့လားတော့မသိဘူး သီချင်းနဲ့ပေးချင်တဲ့ message သရုပ်ဆောင် နှစ်ယောက်ရဲ့ acting ပိုင်း အံဝင်ခွင်ကျ အတော်လေး ဖြစ်တယ်လို့ မြင်မိပါတယ် တစ်ယောက်တည်း နားကြပ်တပ်အသံကုန်ဖွင့် ကြည့်မယ်ဆို ကျက်သီးပါ ထအောင်ကောင်း တဲ့ ကားမျိုးပါ ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် စာသား အမှားများ ဘာသာပြန်အမှားများ ရှိပါက နားလည် ဖြည့်စွတ် ကြည့်ပေးကြပါလို့

Adventure • Fantasy
7.5 2018 136 mins
A Star Is Born
House Party
4.4

House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေ​ပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ တစ်ချက်တစ်ချက် သွေးထွက်သံယို​ပြကွက်တွေပါဝင်လို့ Rated R သတ်မှတ်ထားတာကြောင့် တစ်ချိန်လုံးဆဲတာတွေကြားနေရမှာပါ။ ရှေ့ကမှီငြမ်းထားတဲ့ ဇာတ်ကားလိုမျိုး ယခုကားမှာလည်း နာမည်ကြီး Celebrityတွေ အဆိုတော်တွေ ကစားသမားတွေ cameo အနေနဲ့ အများအပြားပါဝင်ထားပါသေးတယ်။ အဲဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာမောစရာ ကြည့်ချင်တယ်ဆိုရင်တော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ House Party ရုပ်ရှင်ကားကို ကြည့်ရှု့ကြည့်ဖို့ အကြံပြုလိုပါတယ် File size…(2.62GB) / (1.11GB) /794MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

4.4 2023
House Party
The Saint of Second Chances
7.6

The Saint of Second Chances (2023) ========================== IMDb Rating – 7.6/10 Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(2.13 GB) / (724 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Drama Translator……Thura Aung Encoder……….SWM

7.6 2023
The Saint of Second Chances
LOL
4.4

LOL (2012) ========== ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။ Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်) File Size……….(1.41 GB) / (552 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Miley Cyrus Encoder……….SWM

4.4 2012
LOL
Nede Vidudala

Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက် အွန်လိုင်းမီဒီယာက လူတွေအပေါ် ပိုပြီးတော့ လွှမ်းမိုးလာတော့တာပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ဒီအွန်လိုင်းမီဒီယာလုပ်ငန်းအကြောင်း တစေ့တစောင်းလေး‌ ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ‌၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊ သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲ‌ရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့ စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။ ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူက သူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်း‌ပေးလိုက်ပါတယ်။ အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ‌‌ ရောက်လာတဲ့ဆစ်ဒူ၊ အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့ မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့…. ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာ ရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

0 2023
Nede Vidudala
Cyrano Agency
6.5

Cyrano Agency (2010) ********************** Cyrano လို့ခေါ်တဲ့ မြားနတ်မောင်အေဂျင်စီဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားလေတော့ သူတို့ အိုင်ဒီယာလေးတွေက အတော်မိုက်တယ် .. သူတို့က အောင်သွယ်ပေးဖို့ အလုပ်လာအပ်တဲ့သူကို အကြံပေးရုံသက်သက်တင်မဟုတ်ဘူး…… အောင်သွယ်ပေးရမဲ့လူ (၂)ယောက်လုံးရဲ့ Biography ကို အသေးစိတ်လေ့လာတယ် .. ပြီးရင် Plan တွေ စနစ်တကျဆွဲတယ် .. နားကြတ်တပ်ပေးပြီးတော့ အနီးကပ်ညွှန်ကြားပေးတဲ့အပြင် သူတို့(၄)ယောက်ကလည်း လိုအပ်ရင် လိုအပ်သလို planထဲ ကွက်တိဝင်အောင် သရုပ်ဆောင်ပေးတယ်….. တစ်နေ့တော့ သူတို့အဖွဲ့ဆီကို ကောင်လေးတစ်ယောက်က အောင်သွယ်လုပ်ပေးဖို့အလုပ်အပ်တယ်… အလုပ်အပ်တဲ့ကောင်လေးနဲ့ အောင်သွယ်ပေးရမဲ့ကောင်မလေးရဲ့ အချက်အလက်တွေစုဆောင်းပြီးတဲ့ အချိန်မှာတော့ Cyrano အေဂျင်စီမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်ကုန်တယ်… ကောင်လေးတစ်ယောက်က မဖြစ်နိုင်ဘူး ဒီအလုပ်ဆက်မလုပ်ရဘူးလို့ ကန့်ကွက်တယ် ကျန်တဲ့သူတွေက ဒီအလုပ်ကို လက်ခံလိုက်တယ် .. ဒီကားရဲ့သရုပ်ဆောင် Tae-woong Eom, Lee Min Jung, Park Shin Hye Daniel Choi စတဲ့ နာမည်ကြီး (၄)ယောက်ကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…. ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း Entertainment အတော်ဆန်လှတယ် Story တွေက သိပ်မဆန်းရင်တောင် ဇာတ်ကွက်လေးတွေက အတော်ဆွဲဆောင်မှုရှိတယ် နောက်တစ်ခု ချီးကျူးစရာကောင်းတာက Lighting ပိုင်းပါ သရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေအမူအရာတွေကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တယ် သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း lightion ကြောင့် ကြွရွထွက်နေတယ်…. ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ .. File size…1.61GB / 710MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 1 min. Genre ….. Comedy, Romance, MelodramaDrama Subtitle….Myanmar Subtitle (Hard Sub) Translated by Chu Chu Encoded by AHtet

6.5 2010 118 mins
Cyrano Agency
Way of the Stone 2
5.8

ကွန်ဖူးဝါသနာရှင်တစ်ယောက်ဖြစ်တဲ့ရှီထိုရဲ့ အရှေ့မြောက်ပိုင်းရွာလေးကနေပြီး တောင်ပိုင်းစွန်းက ပင်လယ်ကမ်းခြေစန်းယအထိသွားပြီး သူရဲ့ကွန်ဖူးအိပ်မက်ကိုအကောင်အထည်ဖော်တဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဂျက်ကီချန်းလို အောင်မြင်တဲ့ကြယ်ပွင့်ကြီးဖြစ်ချင်အိပ်မက်၊ စတီဗင်ချောင်လို အောက်ခြေကစခဲ့ပြီး အောင်မြင်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ရှီထိုတို့သူငယ်ချင်း(၂)ယောက်ဟာ တရုတ်ပြည်မြောက်ဖျားကနေ တောင်စွန်းထိစွန့်စားပြီးရောက်လာခဲ့ကြတယ်။ မထင်မှတ်ပဲ ဇာတ်ဆောင်မင်းသမီးရဲ့အိတ်လုခံရတာကို ပြန်ယူပေးခဲ့မိပြီး ရင်းနီးသွားခဲ့ကြတယ်။ အဲဒီအချိန်မှာမင်းသမီးကိုကြိုက်နေတဲ့ သူဌေးတစ်ယောက်က ရှီထိုတို့ကိုမနာလိုဖြစ်ပြီး မကောင်းလိုက်ကြံတော့တာပေါ့။ သူဌေးကြီးရဲ့ယုတ်မာမှုတွေကိုသည်းခံနိုင်ပါ့မလား။အလွဲလွဲအချော်ချော်တွေကြားမှာ ရွာသား၂ယောက်ရဲ့အိပ်မက်ကိုဘယ်လိုများ အကောင်အထည်ဖော်ကြမလဲဆိုတာကို ရယ်ရယ်မောမောခံစားကြည့်လိုက်ပါနော်။

5.8 2024
Way of the Stone 2
Valiant One
5.2

Valiant One (2025) IMDb Rating (5.2) / Rotten Tomatoes (33%) အက်ဒဝပ် ဘရော့ခ်မန်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ နည်းပညာရှင်တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ဆယ်ဘီကတော့ သူနဲ့ ရာထူးအဆင့်တူတဲ့ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ တောင်ကိုရီးယားပိုင်နက်မှာ တခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ မြေအောက်ခြေရာခံစက်ချို့ယွင်းမှုကို စစ်ဆေးဖို့အတွက် သာမန်စစ်ဆင်ရေးတစ်ခုအနေနဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နည်းပညာချို့ယွင်းမှုကို စစ်ဆေးပြီး ပြန်အလာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ဗိုလ်မှူးက အပြင်းအထန်ဒဏ်ရာရပြီး ရှေ့ဆက်သွားဖို့မဖြစ်နိုင်တဲ့အတွက် ဘရော့ခ်မန်းကို ဦးဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတော့တယ်။ သူတို့ဟာ ဂြိုဟ်တုဖုန်းနဲ့ အခြေစိုက်စခန်းကို လာရောက်ကယ်ဆယ်ပေးဖို့ စစ်ကူတောင်းခံတဲ့အခါ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတော့တယ်။ အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်နက်ကို ဝင်တာနဲ့ စစ်ကြေညာတဲ့သဘော သက်ရောက်သွားမှာဖြစ်တဲ့အတွက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်ခြားမျဉ်းက ကိုဩဒိနိတ်တစ်ခုကို အရောက်လာခဲ့မှသာလျှင် ကယ်ထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီတော့ သူတို့တွေ မြောက်ကိုရီးယားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(4.4 GB) / (1.5 GB) / (900 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

TV Movie • Drama • Comedy • Romance
5.2 2025
Valiant One
Cruel Winter Blues
7

Cruel Winter Blues (2006) ************************* Crime ရုပ်ရှင်တွေ ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်အနေနဲ့တော့ Hope, Memoir Of A Murderer, Kill Boksoon, A Normal Family စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ လူကြိုက်များတဲ့ မင်းသားကြီး Sul Kyung Gu က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်…။ IMDb 7.0 ရှိပြီး Rotten Tomatoes ကလည်း 70% ရရှိထားပါတယ်။ ဇာတ်လမ်းလေးကတော့ (Sul Kyung Gu) ဂျယ်မွန်းဆိုတဲ့ လူမိုက်က သူ့ရဲ့ဆရာနဲ့ ငယ်သူငယ်ချင်းကို သတ်သွားခဲ့တဲ့ လူမိုက်ဒယ်ရှစ်ကို ပြန်လက်စားချေတဲ့ ဇာတ်လမ်းပါ…။ ဂျယ်မွန်းက လက်စားချေဖို့အတွက် လူမိုက်လောကထဲကို အသစ်ဝင်ရောက်လာတဲ့ တိုက်ကွမ်ဒိုကစားသမား ချီဂုနဲ့အတူ ဒယ်ရှစ်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဂယိုဆိုတဲ့ မြို့ငယ်လေးကို ထွက်လာခဲ့ပါတယ်။ လက်စားချေမယ့် အခွင့်အရေးကို စောင့်နေတုန်းမှာပဲ ဂျယ်မွန်းက ထမင်းစွပ်ပြုတ်ဆိုင် ဖွင့်ထားတဲ့ ဒယ်ရှစ်ရဲ့မိခင်နဲ့ ရင်းနှီးသွားခဲ့တယ်။ ဒယ်ရှစ်ရဲ့အမေကလည်း ဂျယ်မွန်းကို သားအရင်းတစ်ယောက်လို ပြုမူဆက်ဆံတဲ့အခါမှာ ဂျယ်မွန်းရဲ့စိတ်ထဲမှာ လက်စားချေဖို့အတွက် အကျပ်ရိုက်သွားပါတော့တယ်။ ဂျယ်မွန်းနဲ့ ဒယ်ရှစ်တို့ရဲ့ အဆုံးသတ် ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ .. ရင်ခုန်စိတ်လှုပ်ရှားစရာ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုခံစားကြပါနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…3.91GB / 1.1 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 58 min. Genre ….. Action, Crime, Drama, Martial Arts Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama • Science Fiction
7 2006 118 mins
Cruel Winter Blues
The Black Hole
6

The Black Hole (2025) ဇာတ်လမ်းအကြောင်းအရာကတော့ ဒီဇာတ်ကားကို အပိုင်းသုံးပိုင်းခွဲပြီး ရိုက်ထားသလိုမျိုးပါ တစ်နေရာတည်းမှာနေထိုင်ကြတဲ့လူတွေကပိုကောင်းတဲ့ဘဝကိုလိုချင်နေကြတာပါ။ တစ်နေ့မှာ Black Hole ကြီးတစ်ခုပေါ်လာပြီးအဲ့ကနေ ဂြိုဟ်သားတွေ ပင့်ကူအကြီးကြီးတွေရောက်လာကြပါတယ်။ ဂြိုလ်သားတွေကလဲ အမျိုးသမီးသက်လတ်ပိုင်းတွေကိုသုတေသနလုပ်ပြီး စူးစမ်းလေ့လာချင်ကြတယ်အဲ့တော့ အမျိုးသမီးနှစ်ယောက်ကို Euro 1000 စီပေးပြီး စမ်းသပ်ကြတယ်။ နောက်တော့ ဩစတြီးယားက လူလိမ်တွေနဲ့ အကြောင်းရောက်သွားတယ်။ ဇာတ်လမ်းက ကြည့်ကြည့်လိုက်တာပိုကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Fantasy Duration…. 01:56:16 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat

Drama
6 2025 115 mins
The Black Hole
Silent Murmur
5.5

Silent Murmur (2025) ဟာဆိုရင် social-thriller ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုပညာပေးကို ဦးစားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ Emilyဟာ တတ်ကြွပြီးပျော်ပျော်နေတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Ryanဆိုတဲ့ Gym trainerလေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ Ryan ကိုအစကတော့ သဝန်တိုတတ် ချစ်တတ်တဲ့သူလိုပဲ မြင်ခဲ့ရာကနေ Ryanရဲ့ အမှောင်ခြမ်းကို Emilyတစ်ယောက်မြင်လာရတဲ့အခါမှာ နောက်ကျသွားခဲ့ပါပြီ။ အချစ်ကြောင့် Ryanပြောင်းလဲနိုင်မယ်ထင်ခဲ့ပေမယ့် မပြောင်းလဲတဲ့အခါ Emilyတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ။ Emilyရဲ့အဖွားဖြစ်သူ Helenကရော Emilyအတွက် နောင်တတွေကိုဖြေဖျောက်နိုင်မလား။ တိတ်တဆိတ်ခံစားနေရတဲ့တီးတိုးသံတွေ ကြားကြရပါ့မလားဆိုတာကို Emilyအဖွားဖြစ်သူ Helenရဲ့ ဇာတ်ကြောင်းပြန် ပူဆွေးမှုနဲ့အတူ လိုက်ပါခံစားရမှာဖြစ်လို အတူတူကြည့်ရှုလိုက်ရအောင်။ File Size… (915 MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration…1h 12m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki

Comedy • Drama
5.5 2025 75 mins
Silent Murmur