YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Kairos.2020.EP11.mp4

564.36 MB N/A video/mp4 777 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Operation Seawolf
5.9

The Purge: Election Year, Hitman's Wife's Bodyguard နဲ့ Captain America: The Winter Soldier တို့ထဲပါခဲ့ပြီး မြန်မာနိုင်ငံကိုတောင် အလည်ခဏလာဖူးတဲ့ Frank Grillo နဲ့ The Expendables တို့၊ Rocky တို့၊ Creed တို့၊ Aquaman တို့ထဲပါဖူးပြီး ကျွန်တော်တို့ မြန်မာပရိသတ်တွေ ရုရှားအာနိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Dolph Lundgren တို့ တွဲဖက်ပါ၀င်ထားတဲ့ ရေတပ်ကားအသစ် အကြမ်းကြီးပါပဲ။ စစ်ကားထဲမှာမှ ကြည့်ရခဲလှတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ရေတပ်ကားပေါ့။ ဒုတိယကမ္ဘာစစ်ကြီး ကန့်လန့်ကာပိတ်သိမ်းဖို့ နီးကပ်လာတဲ့အချိန်၊ အဘက်ဘက်က အင်အားနည်းလာတဲ့ ဂျာမန်တပ်တွေဟာ စစ်ပွဲချိန်ခွင်လျှာပြောင်းဖို့ ကြံရာမရ နောက်ဆုံးအားထုတ်မှုတွေထဲက တစ်ခုအဖြစ်နဲ့ မဟာမိတ်တပ်တွေရဲ့ အဓိကအချက်အချာနေရာဖြစ်တဲ့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း နယူးယော့ခ်က ကုန်သွယ်သင်္ဘောသွားရာ ရေလမ်းကြောင်းတွေကို ရေငုပ်သင်္ဘောတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ပင်လယ်ဝံပုလွေဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို စတင်လာခဲ့တယ်။ ဒီစစ်ဆင်ရေးကိုဦးဆောင်ဖို့ သူတို့ရွေးချယ်လိုက်တာက ဝါရင့်သမ္ဘာရင့် ရေငုပ်သင်္ဘောတပ်မှူးဖြစ်တဲ့ ဟန်စ်ကတ်စ်လာပဲ။ ဒါပေမဲ့ သူ့ဘဝတလျှောက်လုံးနီးပါး တိုင်းပြည်အတွက် စစ်မှုထမ်းလာခဲ့တဲ့ ကတ်စ်လာမှာ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေနဲ့ထပ်တူ ကုစားမရတော့တဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း ရှိနှင့်နေတယ်။ စစ်အတွင်း ဗုံးကြဲမှုတစ်ခုမှာ တစ်မိသားစုလုံးကို ဆုံးရှုံးထားရတဲ့ ကတ်စ်လာဟာ သူ့စစ်မှုထမ်းဘဝရဲ့ နေဝင်ချိန်တွေကို အရက်ပုလင်းထဲခေါင်းထိုးရင်း ဖြတ်သန်းနေသူတစ်ယောက်။ ဒီလိုလူက နဂိုရှိနှင့်ပြီးသား သင်္ဘောကပ္ပတိန်ကို အစားထိုးပြီး လာဦးစီးမှာကို ရေငုပ်သင်္ဘောတပ်သားတွေက ကလန်ကဆန်လုပ်ချင်ကြပေမဲ့ သူတို့ရဲ့ မယုံကြည်မှုတွေကြားကနေ ကတ်စ်လာတစ်ယောက် စစ်ဆင်ရေးတလျှောက်မှာ စံပြဦးဆောင်နိုင်စွမ်းကို ပြသရင်းနဲ့ ယစ်ထုပ်ဘဝကိုစွန့်ပြီး ဘဝရည်ရွယ်ချက်ကို ပြန်ရှာတွေ့သလို ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အစတည်းက မျှော်လင့်ချက်နည်းခဲ့တဲ့ သူတို့ရဲ့စစ်ဆင်ရေး အောင်မြင်လုနီးပါး ဖြစ်လာကာမှပဲ ဒုတိယကမ္ဘာစစ်ကြီးက ပြီးဆုံးသွားတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Action, Adventure, History Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Horror • Thriller
5.9 2022 86 mins
Operation Seawolf
Naradan
6.9

ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလို အဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူ ချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့ သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက် နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။ အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။ File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena

Action • Drama • History
6.9 2022 150 mins
Naradan
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
Repo! The Genetic Opera
6.2

ဒီဇာတ်လမ်းကတော့ Opera type movie ဖြစ်တဲ့အတွက် ဇာတ်ကြောင်းကို သီချင်းတွေနဲ့ပဲရှင်းသွားတဲ့ဇာတ်ကားမျိုးပါ။ တစ်ကားလုံးမှာ Gothဆန်ဆန် ဖက်ရှင်နဲ့ lifestyleတွေကိုပဲတွေ့ရမှာမို့ Gothဖန်တွေအတွက် ကြည့်လို့ကောင်းမယ့်ကားမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုယ်တွင်းအင်္ဂါအချို့ပျက်စီးနေတဲ့သူတွေအတွက် ကယ်တင်ရှင်သဖွယ်လိုဖြစ်လာတဲ့ ဂျီနီကိုကုမ္ပဏီ၊ ဂျီနီကိုကုမ္ပဏီမှာ အရစ်ကျအကြွေးစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေဝယ်ယူလို့ရတယ်။ ဒါပေမဲ့ အကြွေးမရှင်းရသေးဘူးလို့ပြောလိုက်မိပါသလား။ ဒါဆိုရင်တော့ ပြန်သိမ်းသမားက အချိန်မဆိုင်းပဲရောက်လာပါလိမ့်မယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေကို သိမ်းတာမဟုတ်ပဲ အကောင်းအတိုင်းရှိနေဆဲအခြားကိုယ်တွင်းအင်္ဂါရပ်တွေကိုပါ အကြွေးအဖြစ်ပြန်သိမ်းယူတာပဲဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဂျီနီကိုက ကြီးပွားလာတာပေါ့။ ဂျီနီကိုရဲ့ သူဌေး ရော့တီလာဂိုနဲ့ ပြန်သိမ်းသမားနေသန်ကြားထဲက အချစ်ဟောင်းရန်ငြှိုး၊ ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာ အပြင်လောကကို မထွက်ရပဲမွန်းကြပ်နေတဲ့ နေသန့်ရဲ့သမီးရှယ်လို၊ တချက်တချက် ဇာတ်ကြောင်းရှင်းရင်း ထထပေါ်လာတဲ့ အုတ်ဂူဖောက်ထွင်းသမားနဲ့ ရော့တီရဲ့ အသုံးမကျတဲ့ သားသမီးသုံးယောက်တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ သီချင်းတွေကလည်း တကယ်နားထောင်ကောင်းတဲ့တေးသွားတွေဖြစ်ပြီး ဇာတ်လမ်းကတော့ darkဆန်ပေမဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါဝင်နေတဲ့အတွက် သူ့ဟာနဲ့သူတော့ gentleဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ပုံချစ်နည်းတွေကတော့ မှားယွင်းနေတာပေါ့။ ဇာတ်လမ်းအဆုံးမှာ ရော့တီရဲ့အစီအစဥ်တွေက ဘယ်လိုရှိတယ်၊ နေသန်နဲ့ရှယ်လိုကြားက သားအဖမေတ္တာတွေနဲ့ သူတို့ရဲ့ ကံကြမ္မာတွေအတွက် အဆုံးအဖြတ်ပေးမယ့်ဇာတ်သိမ်းကို မျိုးရိုးဗီဇအော်ပရာဇာတ်မှာ ဆက်လက်ကြည့်ရှုခံစားလို့ရပါပြီ။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:01:00 Genre...Horror, Science Fiction, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama
6.2 2008 98 mins
Repo! The Genetic Opera
American Sniper
7.4

IMDb Rating (7.3) / Rotten Tomatoes (72%) အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။ Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။ အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။ Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိ‌ဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို "ငါလည်းစစ်တိုက်ချင်လိုက်တာ" ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု‌ Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(5.1 GB)/(1.8 GB)/ (1.2 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:12:38 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Fantasy
7.4 2014 133 mins
American Sniper
Aquaman
6.9

ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။ သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရပါတော့တယ်......... (ဘာသာပြန်သူ Littleneo ဖြစ်ပြီး အန်ကုတ်ပေးတာတော့ Than Htike Zaw ပါ) File Size : (2.0 GB),(1.10 GB),(550 MB),(800 MB) Quality : Blu-Ray (1080p 5.1,720p,720PX265,360p) Running Time : 2hr 23min Format : Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Littleneo Encode by Thanhtike Zaw

Crime • Horror • Thriller
6.9 2018 143 mins
Aquaman
Antlers
6.3

Story telling ဆိုတာ ​​ရှေးလူကြီး​တွေရဲ့ ဓ​လေ့​တွေ ယဥ်​ကျေးမှု​တွေ ဖြတ်သန်းခဲ့ရတဲ့ အ​တွေ့အကြုံ​တွေကို ​ နောင်လာ​နောက်သား​တွေဆီ ​ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့​ပြောတဲ့​နေရာမှာ တကယ့်သမိုင်း​ တွေသာမက fairytale ​တွေ၊ ဒဏ္ဍာရီ​တွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်​ရေဂန်​ဒေသက ​ရှေးတိုင်းရင်း အ​မေရိကန်လူမျိုး​တွေရဲ့ ယုံတမ်းပုံပြင်​တွေ အစပျိုးခဲ့တယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့​ခေါ်တဲ့ ခပ်ပိန်ပိန်​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အ​ပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံ​နေရတယ်။ တစ်​နေ့​ ဂျူလီက ပုံပြင်​ပြောပြဖို့ ​ရေးခဲ့ပါဆိုပြီး အိမ်စာ​ပေးလိုက်တယ်။ တခြားက​လေး​တွေက သာမန် နတ်သမီးပုံပြင်​တွေ ​ပြော​ပေမယ့် အဲ့ကောင်လေးက​တော့ မတူထူးဆန်း​နေတယ်။ "ဝက်ဝံ၃​ကောင်ဟာ ​တောင်​ပေါ်က ​အေးစက်တဲ့ ဂူမှာ​နေတယ် ဝက်ဝံကြီးရယ် ဝက်ဝံ​လေးရယ် ဝက်ဝံ​ပေါက်​လေးရယ်​ပေါ့ ဝက်ဝံကြီးက အားလုံးကို ​စောင့်​ရှောက်ရတာ​ပေါ့ တစ်​နေ့ဝက်ဝံ​လေးပြန်လာ​တော့ ဝက်ဝံကြီးနဲ့ ဝက်ဝံ​ပေါက်​လေးက ထူးဆန်း​နေတယ် ဝက်ဝံကြီးက ​နေမ​ကောင်းဖြစ်​နေပြီး စားစရာ အသားလည်းမရှိ​တော့ဘူး" လူးကတ်​ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီး​နောက် အိမ်တွင်းအကြမ်းဖက်ခံ​နေရတယ် အထင်နဲ့ စိုးရိမ်ပြီး ကိစ္စ​တွေကို စုံစမ်း​ဖော်ထုတ်ရင်း လူသား​တွေရဲ့ ပုံမှန် ပြသာနာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘာ​တွေဆက်ဖြစ်လာမလဲဆို တာကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Oleander ဖြစ်ပါတယ်။ File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 39min Subtitle – Myanmar Hardsub Format – MP4 Genre :  Drama, Horror, Mystery Translator – Oleander Encoder – SWM

Drama • Mystery • Sci-Fi & Fantasy
6.3 2021 99 mins
Antlers
Den of Thieves
6.8

အားလုံးစောင့်မျှော်နေကြတဲ့ Den of Thieves လာပါပြီ။ ဒုန်းဒုန်းဒက်ဒက် တုံးလုံးပတ်လက် အဆဲတစ်လိုင်း ခပ်ရိုင်းရိုင်းမှ ကြည့်ချင်သူတွေအတွက် ၂၀၁၈ ရုံတင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းက အများကြီးချဲ့ပြောလေ၊ မြုပ်ကွက်တွေပေါ်လေ ဖြစ်မှာစိုးတဲ့အတွက် အနည်းငယ်ပဲ ညွန်းထားတာဖြစ်ပါတယ်။ မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။ IMDb Rating 7 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်သူ Gerard Butler ဟာဆိုရင် 300, Olympus has Fallen လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဆဲအဆိုစကားတွေ အများကြီးပါတဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ ဆဲဆိုတဲ့စကားတွေ ပါတဲ့အကြောင်း ကြိုတင်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။ အားလုံးပဲ သင်္ကြန်အကြိုရက်မှာ ဝုန်းဒိုင်းကြဲ မိုက်ရိုင်းထွားကြိုင်းနိုင်ကြပါစေ ? File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 20min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by Thura & Arkar Phyo Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.8 2018 140 mins
Den of Thieves
Wolfkin

Twilight လိုသမန်းဝံပုလွေကားမျိုးတွေကိုကြိုက်တဲ့သူတွေအတွက် Wolfkin ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.5 ရရှိထားပြီး ကြည့်ရတာမဆိုးဘူးလို့ပြောလို့ ရပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ တခမ်းတနားရိုက်ကူး ထားတာမျိုးတော့မဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုးတာမို့ လက်ခံလို့ရတဲ့အနေအထားတစ်ခုမှာတော့ရှိပါတယ်။ ယောက်ျားထားသွားတာကိုခံခဲ့ရပြီးနောက်မှာ အီလိန်းကသူ့ရဲ့သားလေး ဖြစ်တဲ့ မာတင်နဲ့ အမေတစ်ခုသားတစ်ခုပဲ ကျန်ခဲ့ပါတော့တယ်။ ငွေကြေးမပြည့်စုံတဲ့အပြင် မိဘတွေပါမရှိတော့တဲ့အီလိန်းအတွက် ကလေးတစ်ယောက်ကို သူတစ်ယောက်တည်းပြုစုပျိုးထောင်ပေးဖို့ ဆိုတာကခက်ခဲခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ ကျောင်းမှာ မာတင်ကတခြား ကလေးတွေနဲ့ရန်ဖြစ်တဲ့အခါမှာတော့ ကျောင်းကခေါ်တွေ့တာတွေလည်း ခံခဲ့ရပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်းချင်းအခြေအနေပိုဆိုးလာပြီးမာတင်လည်း ကလေးတစ်ယောက်အနေနဲ့ အရမ်းစိတ်ညစ်နေတဲ့အခါမှာတော့ စိတ်ပြေ လက်ပျောက်ဖြစ်သွားအောင် သူ့အဖေဘက်ကအဖိုးအဖွားတွေဆီ အတူတူသွားခဲ့ကြပါတော့တယ်။ဟိုရောက်တဲ့အခါမှာတော့ သူတို့သားမှာ မာတင်လေးရှိနေတာကိုသိတောင်မသိခဲ့ပေမဲ့ အီလိန်းတို့ကိုနွေးနွေး ထွေးထွေးကြိုဆိုခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီအိမ်မှာနေရင်းနဲ့မှထူးဆန်းတဲ့ အရာတွေကြုံတွေ့လာပြီး မာတင်လဲတဖြည်းဖြည်းနဲ့ထူးဆန်းလာတဲ့ အခါမှာတော့ သူတို့မသိနိုင်တဲ့ဘယ်လိုနက်နဲ ထူးဆန်းတဲ့အရာတွေရှိနေမယ် ဆိုတာကို လျှို့ဝှက်နက်နဲစွာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.11 GB / 503 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022
Wolfkin
Black Sea
6.4

၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီးမင်းသား Jude Law ပါဝင်သရုပ်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောကိုအဓိက အခြေခံထားတဲ့ Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်. Jude Law ဟာဆိုရင် ကျွန်တော်တို့ရဲ့ Ironman မင်းသားကြီး Robert Downey Jr. ရဲ့ Sherlock Holems ရုပ်ရှင်တွေမှာ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ Dr.Watson နေရာကနေ သရုပ်ဆောင်သူဖြစ်ပြီး အခြားနံမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Enemy at the Gates, Rise of the Guardians အပြင် Fantastic Beasts ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်. ဇာတ်လမ်းအကျဉ်း ရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ရော်ဘင်ဆင်ဟာ သူလက်ရှိအလုပ်လုပ်နေတဲ့ အာဂိုရာဆိုတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ဇနီးနဲ့လည်း ကွာရှင်းထားခဲ့တဲ့သူဖြစ်ပါတယ်. နောက်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကာစတန်က ဂျော်ဂျီယာရေပိုင်နက်ထဲက ပင်လယ်နက်ထဲမှာ နစ်မြုပ်နေတဲ့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးနေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရွှေချောင်းတွေကို သွားသယ်ဖို့ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့အတူတူ ပူးပေါင်းပြီး ရေငုပ်သင်္ဘောတစ်စီးနဲ့အတူတူ အန္တရာယ်များလွန်းတဲ့ ပင်လယ်နက်ထဲကို အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး သွားကြပါတော့တယ်. ဘာတွေဆက်ဖြစ်ကြမလဲ. လူတွေရဲ့ စိတ်ရင်းအမှန်က ဘာတွေလည်းဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်ပြီး ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်. ၂ နာရီစာ ဇာတ်လမ်းတစ်လျှောက်လုံး စိတ်ဝင်စားစရာတွေနဲ့ လူတွေရဲ့ သဘာဝတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဆိုလည်း မှားမယ်မထင်ပါဘူး. File size…(1.7 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre… Adventure, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

Documentary • Crime
6.4 2014
Black Sea
Visfot

Visfot (2024) “တစ်ရက်တာ ကံကြမ္မာ” Genre – Crime, Thriller မင်းသား Fardeen Khan နဲ့ Riteish Deshmukh တို့ ပါဝင်ထားတဲ့ အသစ်စက်စက် ဟင်ဒီစကားပြော လျှို့ဝှက် သည်းထိတ်ရင်ဖို မှုခင်းကားကောင်းလေးကို တင်ဆက်ပေးသွားမှာပါ။ ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာ အမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီး လက်ထပ်ဖို့ ကြိုးစားနေသူပေါ့။ တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်က ကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။ အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့် ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။ အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီး ကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်း ပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင် ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Horror • Thriller
0 2024
Visfot
Reticent

ဒီကားလေးကတော့ 2024 ခုနှစ် ဒီဇင်လာလ ထဲမှာပဲ ထွက်ရှိထားတဲ့ ကျောင်းသား ဒရာမာ ဇာတ်ကားလေးပါ။ မင်းသား အနေနဲ့ ရော ဒါရိုက်တာအနေနဲ့ပါ Blake Holden ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း… Sam(Blake Holden) ဟာ ဟိုတယ်တစ်ခုမှာ အချိန်ပိုင်း ဝင်လုပ်နေတဲ့ ကောလိပ်ကျောင်းသားလေးတစ်ဦးပါ။ သူက သူ့ကိုယ်သူ ဖော်ပြတဲ့ နေရာမှာ အားနည်းလွန်းသူဖြစ်ပြီးတော့ စကားလည်းသိပ်မပြောတဲ့သူဖြစ်တဲ့ အလျောက် သူရဲ့ကောလိပ်ပထမနှစ်ကျောင်းသားဘဝက ခက်ခဲလာပါတော့တယ်။ အဲဒီလိုအခက်အခဲတွေကြားထဲမှာ သူ့ကိုယ်သူဘယ်လိုတွေ့အောင်ရှာမလဲ ဘယ်သူတွေကရော သူ့ကိုကူညီသွားမှာလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်…. File size…(1.3 GB)/(840 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:00:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

Comedy • Music
0 2024 56 mins
Reticent
[18+] Cat Girl
6.1

******************** ဂျွန်ချောက သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူကောင်မလေး ဟျွန်းဂျူနဲ့ အတူနေနေပါတယ် .. ။ ဟျွန်းဂျူက လက်ထပ်ဖို့ ဆန္ဒရှိတာဖြစ်လို့ မိဘတွေနဲ့ ဂျွန်ချောကို တွေ့စေချင်နေပေမဲ့ ဂျွန်ချောကတော့ ဇာတ်လိုက်မင်းသားလုပ်ရပြီးနောက်မှပဲ မိဘတွေကို သွားတွေ့ပါရစေဆိုပြီး အချိန်ဆွဲထားတဲ့အတွက် ဟျွန်းဂျူလည်း ဂျွန်ချောကို ပြတ်မယ်ပြောပြီး အိမ်ကနေ နှင်ထုတ် လိုက်ပါတော့တယ် .. ။ ဂျွန်ချောတစ်ယောက် နေစရာမရှိဖြစ်နေချိန်မှာပဲ စီနီယာတစ်ယောက်က သူ အလုပ်ခရီးထွက်‌နေတုန်း သူ့အိမ်က ကြောင်လေးကို ကြည့်ပေးထားပါဆိုပြီး တောင်းဆိုလာပါတယ်။ ဒါပေမဲ့ တကယ်တမ်း သွားကြည့်လိုက်တော့ ကြောင်လေးမဟုတ်ဘဲ စကားမပြောနိုင်တဲ့ အိမ်ပြေးကောင်မလေး ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဂျွန်ချောနဲ့ ကြောင်မလေးလို့ ခေါ်တဲ့ အိမ်ပြေးကောင်မလေး‌နဲ့ အတူတူ နေထိုင်ဖြစ်သွားပြီး နှစ်ဦးသား ရင်းနှီးလာကြတဲ့အခါမှာတော့… File Size : 1.67GB, 551MB Quality : 1080p,720p Format…mp4 Duration…1 hr. 26 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama • Comedy
6.1 2013
[18+] Cat Girl
Werckmeister Harmonies Werckmeister harmóniák
8

Werckmeister Harmonies (2000) IMDb Rating (8.0) / Rotten Tomatoes (98%) ၂၀၀၀ ပြည့်နှစ်ထွက် ဟန်​ဂေရီ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Béla Tarr ရဲ့ Masterpiece လို့ နာမည်ကြီးပါတယ်။ Drama, Mystery အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Béla Tarr ဟာ ရိုက်ချက်အရှည်ကြီးတွေရိုက်တတ်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်း တစ်ဆက်တည်းရိုက်ချက် အရှည်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားလုံးမှာမှ ရိုက်ချက် ၃၉ ခုပဲရှိခဲ့တာပါ။ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူးပြီးတော့ ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်တွေဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ IMDB 8.0 အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့.. မနှစ်မြို့စရာတွေ အပြည့်နဲ့ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ မြို့ကိုရောက်ရှိလာအပြီး လူ့စိတ်သဘောတွေ ချယ်လှယ်ခံရပုံ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးပြိုလဲရပုံ မြို့ကြီးတစ်ခုလုံးကပ်စိုက်ရပုံ ကိုရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (13.6 GB) / (3.9 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery Duration….02:20:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Min Thway

Romance • Drama
8 2000 139 mins
Werckmeister Harmonies Werckmeister harmóniák