YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Kaagaz 2 (2024) Hindi HQ HDRip - 720p - x264 - YK(CM).mp4

826.18 MB 720p video/mp4 873 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Beautiful Day in the Neighborhood
7

အော်စကာဆုပေးပွဲမှာ ဆန်ကာတင်ထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုလောက်ကြည့်ရအောင်။ မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါပဲ။ တကယ်ကို လှပတဲ့ ဒရာမာ ကားလေးပါ။ တွမ်ဟန့်ခ်ဟာ ဖရက် ရော်ဂျာစ်ဆိုတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်။ တစ်နိုင်ငံလုံးက ကလေးတွေ လူကြီးတွေ ချစ်ကြတဲ့ လူကောင်းကြီး။ သူ့အကြောင်းကို အင်တာဗြူးရမယ် ဂျာနယ်လစ်က လွိုက် ဗေဂယ်၊ ငယ်ငယ်ကတည်းက အဖေကို စိတ်နာနေတဲ့ လူ့ခွစာ တစ်ယောက်။ လူတွေကို အားမနာလျှာမကျိုး ရေးတတ်လို့ သူနဲ့ ဘယ်သူမှ အင်တာဗြူးခံမယ့်သူ မရှိတဲ့လူ။ ဒါပေမယ့် ဖရက်က သူ့ကို လက်ခံပြီး အင်တာဗြူးချိန်မှာ ဖရက်ဟာ သူမြင်ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံးလူဆိုတာ တွေ့လိုက်ရတယ်။ ဒါကို သူလက်မခံနိုင်ဘူး။ ဒါဟာ ဟန်ဆောင်နေတာဖြစ်ရမယ်၊ သူ့ရဲ့ စိတ်ရင်းအမှန်ကို သိအောင်လုပ်ရမယ်ဆိုပြီး ဖရက်ကို သေချာလေ့လာမိသွားတယ်။ ဖရက်ကလည်း လွိုက်ရဲ့ ဖခင်နဲ့ ပြဿနာ၊ စိတ်ဒဏ်ရာတွေကို ပြန်ကုစားပေးဖို့ ကြိုးစားလာတယ်။ သူတို့ ၂ ယောက် ဘယ်လိုဆက် စခန်းသွားကြမလဲ……. ဇာတ်လမ်းအစ စကားလုံးလေးတွေနဲ့ပဲ အဆုံးထိ ခံစားကြည့်သွားလိုက်ပါ။ ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ယောက်ကို ကျွန်တော်တို့ စိတ်ထဲမှာ ထားရှိနေတဲ့ အမုန်းတရားတွေဆီကနေ ကင်းလွတ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ။ ဒါပေမယ့် ထူးဆန်းတာက ခွင့်လွှတ်ခြင်းဆိုတာ အချစ်ရဆုံးလူတွေအပေါ်မှာ ပိုပြီးလုပ်ဖို့ ခဲယဉ်းနေတတ်တယ်တဲ့ဗျာ။ File Size : ( 1 GB , 327 MB ) Quality : WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama
7 2019 109 mins
A Beautiful Day in the Neighborhood
Haunted Harmony Mysteries: Murder in G Major
7.1

IMDb 7.1 ရရှိထားတဲ့ လူသတ်သရဲကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ Full House, Family Guy, Detention, Roommates အစရှိတဲ့ ရုပ်ရှင်စီးရီးတွေရဲ့ မင်းသမီး Tamera Mowryက ယခုရုပ်ရှင်မှာ ဂတ်ဆန်းမန်းနီး ဆိုတဲ့ ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Too close , Delicious , The Inheritance, Extra ordinary အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာမှာ သရုပ်ဆောင်ဖူးတဲ့ Risteárd Cooperကြီးကပါ အဆိုပါရုပ်ရှင်ကို အတွဲညီညီနဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ( အေမန် မက်ကာသီနဲ့ အော်လာတို့က နိုင်ငံကျော် အနုပညာရှင် ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့၂ယောက်ကို လူတိုင်းကလည်း ချစ်ကြပါတယ်။ ဒါပေမယ့် သူတို့ချစ်သူ၂ဦးကြားမှာ အဖြစ်ဆိုးကြီး ဖြစ်သွားခဲ့ပါတယ်။ Official သတင်းအရဆိုရင် အေမန်က အော်လာကို သတ်ပြီး ကိုယ့်ကိုယ်ကို အဆိပ်သောက်သတ်သေသွားခဲ့တယ်လို့ဆိုပါတယ် …….. ) ဂတ်ဆန်းမန်းနီး ဘရောင်းလို့ခေါ်တဲ့ သီချင်းသင်တဲ့ ဆရာမက အိုင်ယာလန်မှာရှိတဲ့ ဘော်ဒါကျောင်းရဲ့ သံစုံတီးဝိုင်းက ကျောင်းသား/သူတွေကို သီချင်းသင်ပေးဖို့ အိုင်ယာလန်ကို ရောက်ရှိလာပါတယ်။ အိုင်ယာလန်ကို ရောက်လာတဲ့ ဂတ်ဆန်းမန်းနီးက စောနက အေမန့်ရဲ့အိမ်မှာ တည်းခွင့်ရပါတယ်။ အိုင်ယာလန်ကို ရောက်လာတဲ့ သူ(မ)ရဲ့ ရည်ရွယ်ချက်က သီချင်း သင်ပေးဖို့ပါပဲ။ ဒါပေမယ့် မမျှော်လင့်ထားဘဲ အေမန့်ရဲ့ ဝိညာဉ်နဲ့ တွေ့ဆုံလိုက်ရတဲ့အခါမှာတော့ ….. အေမန်ကရော Official သတင်းက ပြောသလို သူ့ရဲ့ချစ်သူ အော်လာကို တကယ်ပဲ သတ်ခဲ့တာလား …. အေမန်က နစ်နာသူလား …. အေမန်က အသတ်ခံခဲ့ရတာလား ….. သူအသတ်ခံရတာဆိုရင် အေမန်တို့ကို ဘယ်သူက သတ်သွားတာလဲ ….. ဘာလို့ သတ်ရတာလဲ ….. အေမန်က သေသွားတာတောင် ဘယ်လိုဖြစ်လို့ မကျွတ်သေးဘဲ ဝိညာဉ်အနေနဲ့ ပိတ်မိနေသေးတာလဲ ….. အေမန်နဲ့ အော်လာသေဆုံးမှုမှာ မထင်မှတ်ထားတဲ့အရာတွေ မထင်မှတ်ထားတဲ့ ကိစ္စတွေ ပါဝင်လာတဲ့အခါမှာတော့ …… ဂတ်ဆန်းမန်းနီးနဲ့ အေမန်တို့ အေမန် သေဆုံးရတဲ့အပေါ်ကို စုံစမ်းဖြေရှင်းတဲ့ပုံစံနဲ့ ယခုရုပ်ရှင်ကို စိတ်ဝင်တစားကြည့်ရှု့ရမှာဖြစ်ပါတယ်။ တရားခံက နောက်ဆုံးအချိန်ထိ သို့လောသို့လောဖြစ်နေအောင် Plotကို လုပ်ထားတာကို အတော်ကြိုက်မိတယ်။ လူသတ်ကားကိုမှ သရဲလည်းပါပြီး စုံစမ်းစစ်ဆေးရေးပုံစံလည်း ပါတယ် ပြီးတော့ serious ဆန်ပေမယ့် တအားကြီး စိတ်ဖိစီးရလောက်တဲ့အထိ serious မဆန်ဘဲ တချို့နေရာလေးတွေ အလိုလိုရယ်ရတဲ့အခန်းတွေလည်း ပါတော့ ကြည့်ရတာ ဘက်ပေါင်းစုံကနေ ရသပေးနိုင်မှာ သေချာပါတယ်။ ဒီလိုဇာတ်လမ်းမျိုးက ကြည့်ပြီးတာနဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို ကြည့်လိုက်ရလို့ ကျေနပ်တဲ့feelingမျိုးပေးစွမ်းနိုင်မှာ သေချာပါတယ်လို့ပြောရင်း reviewကို အဆုံးသတ်ပရစေ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.6 GB)/(902 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.1 2023
Haunted Harmony Mysteries: Murder in G Major
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
Immaculate
6.3

Immaculate (2024) IMDb Rating (6.3) / Rotten Tomatoes (70%) Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Immaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ကိုယ်ဝန်ဆောင်ထားတဲ့ ဒုတိယမြောက် မယ်တော်မေရီဆိုပြီး လက်ခံလိုက်ကြပါတယ်။ ဒါပေမဲ့ ဟော်ရာကားပီပီ အဲဒီ ယုံကြည်မှုနောက်ကွယ်က ကြောက်စရာ အစွန်းရောက်ကိစ္စတွေကို ဆယ်စီလီရာတွေ့လာရပြီး သီလရှင်ကျောင်းကြီးထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်။

6.3 2024 89 mins
Immaculate
Happy Ghost 5
6.1

1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 5 ဖြစ်ပါတယ်.. စုစုပေါင်း ငါးကားတိတိရှိပြီးတော့ အရှေ့က ၄ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ် Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ် Kathy မှာ အရမ်းချစ်စရာကောင်းပြီး သိတတ်တဲ့ မက်ဂျစ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ရှိပါတယ်။ သူမရဲ့ အမေရိကန်မှာရှိတဲ့ မိဘတွေဆီ အလည်သွားနေတုန်း ရည်းစားဖြစ်သူ အားကျယ်ဆီ အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အားကျယ်က မက်ဂျစ်ကို ကြည့်မရသူ ဖြစ်တဲ့အတွက် သေချာဂရုမစိုက်ပဲ ဖြစ်သလိုထားခဲ့ပါတယ်။ ဒါနဲ့ မက်ဂျစ်ဟာ အိမ်က ထွက်ခဲ့ပြီး ဘုရားကျောင်းတစ်ခုကို ဖြတ်သွားချိန် ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းနေတဲ့ အပျော်နတ်ဘုရားရုပ်တုကို ကယ်ခဲ့ပါတယ်။ အပျော်နတ်ဘုရားကလည်း ကိုယ်ထင်ပြပြီး မက်ဂျစ်ရဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ပါတယ်။ မက်ဂျစ်က လူဖြစ်ချင်တယ်လို့ ဆုတောင်းတော့ အပျော်နတ်ဘုရားက ၄၉ ရက်တာ လူဖြစ်ခွင့်ပေးခဲ့ပါတယ်။ ခွေးလေး မက်ဂျစ်ကနေ လူယောကျာ်းမက်ဂျစ် ဖြစ်သွားပြီးနောက် ဘယ်လိုအလွှဲလေးတွေ ဖြစ်မလဲ…… သူ့သခင် Kathy နဲ့တွေ့ရတဲ့အခါ သူ့ကို မှတ်မိလိမ့်မလား…… Kathy နဲ့ အားကျယ်ကြားမှာ မက်ဂျစ်တစ်ကောင် ဘယ်လိုဝင်ရှုပ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ရယ်မောလိုက်ရအောင်နော်။

6.1 1991 91 mins
Happy Ghost 5
Wishmaster
5.8

Genre – Fantasy, Horror မီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့ သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။ အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေး ဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းက ပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။ တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာ တမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီး ကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီး ယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကို ဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။ နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက ၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့် ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကို မင်းသမီးက အသက်ဝင်လာအောင် နိုးထပေးလိုက်သလိုဖြစ်ပြီး ကမ္ဘာမြေပေါ် ပြန်ရောက်လာပြီး လူတွေကို ဆုတွေတောင်းခိုင်းလိုက် သတ်ဖြတ်လိုက်နဲ့ သောင်းကျန်းနေတဲ့အခါ မင်းသမီးတစ်ယောက် ဘယ်လိုတားဆီးမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ပတ္တမြားအနီ သရဲကားဆိုပြီး အစ်ကိုတွေ ကြည့်နေတဲ့အချိန် လက်ဖဝါးလေးအုပ်ပြီး ခိုးကြည့်ခဲ့ဖူးပါတယ်။ ခိုးကြည့်ရဆို သူက သတ်တာဖြတ်တာတွေ သေတာတွေက သွေးသံတရဲရဲနဲ့ ရက်ရက်စက်စက် R Rated အဆင့် ရှိတာကိုး။ ဂျင်နတ်ဆိုးကြီးဆိုလည်း ခုမျက်စိနဲ့သာ မကြောက်တော့တာ ငယ်ငယ်ကတော့ သွေးပျက်ခဲ့ရတာပေါ့ဗျာ။ အဲဒါကြောင့် ကိုယ်တွေလိုမျိုး ငယ်ငယ်က ကြည့်ပြီး မှတ်မိနေတဲ့လူတွေလည်း အလွမ်းပြေ ပြန်ကြည့်နိုင်အောင် မကြည့်ဖူးသေးတဲ့လူတွေလည်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ Horror ကားကောင်းလေး ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ File size… 2.6 GB / 975 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Fantasy/ Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

5.8 1997 90 mins
Wishmaster
From the Shadows

Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(932 MB)/(532 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
From the Shadows
We Are Zombies
5.4

ဒီကားလေးကတော့၂၀၂၃ကမှထွက်ရှိထားတဲ့ zombie ဟာသကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့…. တစ်နေ့မှာလူသေတွေကပြန်ရှင်လာပြီးရုပ်ရှင်ထဲကလို zombie တွေဖြစ်လာပါတယ် ဒါပေမယ့်ရုပ်ရှင်တွေထဲမှာလိုမျိုးလူသားစားတာတွေဘာတွေမရှိပဲဒီတိုင်းပြန်ရှင်လာတာဖြစ်တာကြောင့်သူတို့ကလူတွေနဲ့အတူယဥ်တွဲနေထိုင်နေကြပါတယ် အဲ့ဒီမှာလူလိမ်သူငယ်ချင်းသုံးယောက်ကလုပ်ငန်းကြီးတစ်ခုရဲ့ zombie တွေကိုခိုးယူရာကနေသူတို့အဖွားပြန်ပေးဆွဲခံလိုက်ရတာကိုဟာသနှောပြီးရိုက်ထားတဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးဖြစ်ပါတယ် File size…(1.2 GB)/(620 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:20:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

5.4 2023 80 mins
We Are Zombies
The White Storm
6.7

Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ… ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ…ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ်

6.7 2013 140 mins
The White Storm
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
Anomalisa
7.1

Anomalisa (2015) **************** ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်… Michael Stone ကစီးပွားရေးလောကမှာ ဝန်ဆောင်မှုလုပ်ငန်းများတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်းဖြစ်ပါတယ်…ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်… သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမဲ့လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်… ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်… မှတ်ချက်….ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ… File Size : 791MB / 340MB Quality : 1080p / 720p Duration : 01:30:00 Genre : Animation, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Heather Oo

TV Movie • Drama
7.1 2015 91 mins
Anomalisa