YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Justice.League.S02E20.Hereafter.Part.2.720p.BluRay {CM}.mp4

176.87 MB N/A video/mp4 288 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Asterix & Obelix: The Middle Kingdom
4.9

Asterix နဲ့ Obelix ဆိုရင်တော့ comedy ပိုင်းမှာ မသိတဲ့သူ မရှိအောင် နာမည်ကျော်တဲ့ ဇာတ်လမ်းတွဲတွေဆိုတော့ ထူးပြီး ပြောစရာမလိုလောက်ပါဘူး။ Asterix ၏ စွန့်စားခန်းများ comic book ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ် ကားတွေဖြစ်ပြီး၊ အခု 2023 မှာတော့ အသစ်စက်စက် စွန့်စား ခန်းတစ်ခု ဆက်လက်ထွက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နာမည် ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အီဗရာမိုဗစ်ကလည်း cameo အဖြစ် ပါလာသေးတာမို့ အားလုံး အကြိုက်တွေ့ကြဦးမှာပါ။ ဇာတ်လမ်းကတော့ နေရာတကာမှာနယ်ချဲ့နေတဲ့ ရောမလူမျိုးတွေ သိမ်းပိုက်လို့ မရသေးတဲ့ Asterix တို့ရဲ့ Gaul ဆိုတဲ့ ပြင်သစ်ရွာ လေးမှာ အခြေခံထားပါတယ်။ တစ်ရက်မှာတော့ အဲဒီရွာလေးကို မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ တရုတ်ပြည်က ဧကရီဘုရင်မရဲ့ သမီးတော်ဖြစ်သူ မင်းသမီးတစ်ပါးရောက်လို့လာခဲ့တယ်။ သူမက မင်းသားတစ်ပါးနဲ့ ထိမ်းမြားရမဲ့ မင်္ဂလာပွဲကို လက်မခံခဲ့တာကြောင့် ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပြီး ထီးနန်းသိမ်းခံလိုက်ရချိန်မှာ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့သူပါ။ Gaul တွေကလည်း တရုတ်ပြည်က ငါတို့ပြည်ဆိုပြီး ခံယူထားတဲ့ သူတွေဆိုတော့ အဆိုပါမင်းသမီးလေး တရုတ်ပြည်မှာ ပြန်ပြီးလက် စားချေနိုင်ဖို့ ကူညီပေးကြတော့တာပေါ့။ အဲဒီအတွက် အရဲရင့်ဆုံး စစ်သည်တော်နှစ်ဦးဖြစ်တဲ့ Asterix နဲ့ Obelix တို့ မင်းသမီးလေးရဲ့ ပြည်တော်ပြန်ခရီးမှာ အကူအညီပေးနိုင်ဖို့ ဘယ်လိုတွေကြိုးပမ်းကြ မလဲဆိုတာကို ရယ်မောဖွယ်ရာများနဲ့အတူ မြင်တွေ့ကြရမှာပဲ ဖြစ်ပါ တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်) File Size..........(2.62 GB) / (1.04 GB) / (620 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Family Translator.......CM Team Encoder..........SWM

Adventure • Comedy • Fantasy • Horror • Science Fiction
4.9 2023 112 mins
Asterix & Obelix: The Middle Kingdom
The Lost Patient
5.9

ပြင်သစ်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ မိသားစုတစ်စုလုံးအသတ်ခံလိုက်ရပြီး သေခါနီးဆဲဆဲ ဖြစ်နေတဲ့ ယောကျာ်းလေးတစ်ယောက်ကိုတော့ ဆေးရုံတင်ပေးလိုက်နိုင်ခဲ့ပါတယ်။ အချိန်မီဆေးရုံရောက်လာလို့ လူနာက အသက်ရှင်ပေမယ့် ကိုမာ (coma) ဝင်ပြီး (၃)နှစ်လောက်မေ့သွားပြန်ပါတယ်။ ပြန်သတိရလာတော့လည်း အိမ်မှာ ဖြစ်ခဲ့တာတွေကို သေချာမမှတ်မိတော့ဘဲ အတိတ်မေ့နေပါတယ်။ မိသားစုတစ်ခုလုံး အသတ်ခံရတဲ့အမှုမှာ အမှုမှန် ပေါ်ပေါက်ဖို့ သူသည်သာ မျှော်လင့်ချက်ဖြစ်နေတဲ့အတွက် စိတ်ပညာရှင်ဒေါက်တာအန်နာက သူ့အတိတ်ဖြစ်ရပ်ကို ကူညီဖော်ထုတ်ပေးပါတော့တယ်။ စတင်မေးမြန်းရာမှာပဲ တစ်မိသားစုလုံးအသတ်ခံရပေမယ့် သူ့အစ်မလော်ရာ ပျောက်နေတာကို သတိထားမိသွားပါတယ်။ လူသတ်သမားအစစ်ကိုရော မိနိုင်ပါ့မလား? ပျောက်နေတဲ့ လော်ရာ ကပဲ မိသားစုတစ်ခုလုံးကို သတ်ဖြတ်သွားတာဖြစ်နေမလား? သူ့အတိတ်ကရော သူထင်သလို ဖြစ်ပါ့မလား? ဆိုတာ ကို ဇာတ်လမ်းလေးကြည့်ရင်း စိတ်ပညာမေးခွန်းတွေ၊ ကုသနည်းတွေနဲ့ ကြိုးစားပြီး အဖြေရှာကြတာပေ့ါဗျာ။ Psycho၊ Shutter Island တို့လို ဂန္ဓဝင် စိတ္တဇဇာတ်လမ်းတွေနဲ့ မယှဉ်သာနိုင်ပေ မယ့် သူအတိုင်းအတာနဲ့သူ သည်းထိတ်ရင်ဖိုခံစားချက်တွေ ပေးစွမ်းနိုင်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။) File Size          : 964MB, 389MB, 210MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 32mins Genre              : Drama, Mystery, Thriller Translated by Ko Myo (Kop) Encoded by Kinnov

Drama • History
5.9 2022 93 mins
The Lost Patient
Bheeshma Parvam
6.4

ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင် မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲက လူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့ မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစု‌ဝင်တွေရဲ့ ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူး မိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီး မိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni

Drama • Romance
6.4 2022 144 mins
Bheeshma Parvam
Deception
5.6

ပြင်သစ်ကားတွေက အိမ်ထောင်ရေးဖောက်ပြန်တာကို အနုပညာဆန်ဆန် ဖန်တီးတဲ့နေရာမှာ စံထားလောက်တယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ အခု ''Deception'' ဇာတ်ကားလေးကလည်း ဒီလိုပါပဲ။ အိမ်ထောင်ရေး ဖောက်ပြန်တာကို ဇာတ်အိမ်တည်ပြီး အချစ်အ​ကြောင်းကို လှလှပပရိုက် ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီကားရဲ့အဓိကဇာတ်ဆောင်ကတော့ ဖီးလစ်ပေါ့။ ဖီးလစ်က ဂျူး - အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့မယားငယ်အမျိုးသမီးလေးနဲ့အတူ ရုံးခန်းလေးထဲမှာ ပေါင်းသင်းနေထိုင်ပါတယ်။ ဒီအခန်းလေးထဲမှာပဲ ဒီအမျိုးသမီးနဲ့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ ဂျူးလူမျိုးမုန်းတီးရေးဝါဒီတွေအကြောင်းပြောကြတယ်၊ စာပေအကြောင်းတွေဆွေးနွေးကြတယ်။ တစ်ယောက်အပေါ်တစ်ယောက် သဝန်တို စိတ်မချတာတွေမရှိဘဲ စည်းမဲ့ဘောင်မဲ့ အချစ်ကိုခံစားကြတယ်။ ဇာတ်ကားတစ်ခုလုံးက အိမ်ထောင်ရေးဖောက်ပြန်မှု စည်းဘောင်တွေကျော်ပြီး အချစ်အကြောင်းဖန်တီးထားတာ ဖြစ်ပါတယ်။ အကယ်၍ အိမ်ထောင်ရေးကိစ္စတွေကိုသာ လျစ်လျှူရှုပြီး ကြည့်ခဲ့ရင် ဒီဇာတ်လမ်းလေးက အချစ်အကြောင်းကို လှလှပပလေး ပုံဖော်ထားတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thar Htet ဖြစ်ပါတယ်) File Size..........(1.3 GB) / (565 MB) Quality............WebRip 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator....... Thar Htet Encoder..........SWM

Adventure • Animation • Fantasy
5.6 2021 105 mins
Deception
Searching
7.6

Searching ဆိုတဲ့ကားလေးက ၂၀၁၈ ခုနှစ်ထွက် Thriller, Mystery, Drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် သားအဖနှစ်ယောက်ရှိတယ် အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခုသမီးတစ်ခု တစ်နေ့မှာ သမီးဖြစ်သူပျောက်သွားတယ် အဲ့ဒါနဲ့ရဲကိုတိုင်ချက်ဖွင့် လိုက်ရှာတယ် အဲ့ဒါပါပဲ။ ထူးခြားတာကတော့ တစ်ကားလုံး ကွန်ပြူတာစခရင်ပေါ်မှာပဲ ပြီးသွားပါတယ်။ (ဇာတ်လမ်းကိုတော့ Spoilသလိုဖြစ်မှာဆိုးလို့လုံးဝမရေးထားခြင်းဖြစ်ပါသည်) ဒိုင်ယာလော့ခ်တွေအကုန်လုံးက Facebook YouCast စတဲ့ social mediaတွေက live လွှင့်တာတွေVideo call ခေါ်တာတွေ Chat message တွေပဲဖြစ်ပါတယ်။ အဲ့လိုမျိုးကြီးရိုက်ထားလို့ ပျင်းစရာတော့လုံးဝမကောင်းပါဘူး တစ်ကားလုံး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ တင်ဆက်ထားပါတယ်။ ယနေ့ခေတ်ရဲ့ Social life ကိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးပါ။ အမှုအသွားအလာကလဲ စိတ်ဝင်စားဖို့ကောင်းသလိုသားသမီးနဲ့မိဘကြားက မထင်မှတ်တဲ့အမှားလေးတွေ နားလည်မှုလွဲမှုလေးတွေကိုလဲ လှစ်ဟပြထားပါသေးတယ်။ လျို့ဝှက်ဆန်းကြယ်ဇာတ်ကားမျိုးကိုမှသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲ့ဒါအပြင် တစ်ကားလုံး အင်တာနက်သုံးနေတာဖြစ်နေတဲ့အတွက် ဇာတ်ကားကြည့်ရင်းပညာပါရနိုင်ပါသေးတယ်ခင်ဗျ :D မှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Engမူရင်းစာဖိုင်မှာ Chat messageနေရာတွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဘာသာကိုယ်အသစ်ထည့်ပေးထားပါတယ်။အဲ့ဒါကြောင့်အချို့နေရာတွေမှာ စာတန်းမြန်နေတာမျိုးရှိနေနိုင်ပါတယ်။ စာတန်းအတွက် အချိန်နည်းလွန်းနေတာမျိုးပါ။ သည်းခံဖတ်ပေးကြပါခင်ဗျ :D (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (800 MB) and (380 MB) Quality : HCHDRip 720p Running Time : 1hr 42min Format : Mp4 Genre : Drama , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.HC.HDRip.X264.AC3-EVO Translated by Hein Min Tun Encoded by Thanhtike Zaw

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
7.6 2018 102 mins
Searching
Selma
7.5

၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်း​ခွဲခြား​မှုနဲ့ ဖိနှိပ်​ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်​ခဲ့ရပါတယ်။ အထူးသဖြင့်​တောင်​ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်​ရပ်ကွက်​တွေ လူမည်းမဝင်ရတဲ့ စားသောက်​ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူး​ကန် စာသင်​ကျောင်း​နဲ့ ဘတ်စ်ကားတွေအထိ လူဖြူ​တွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်​ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကား​ပေါ်က​လူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်​ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ​ လူဖြူ​သီးသန့်​ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကား​ရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကား​ဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa​ Park​ က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲက​ဖမ်းဆီး​ခဲ့ရာမှ Montogomery​ ဘတ်စ်ကား​သပိတ်​ကြီးပေါ်ပေါက်လာပြီး သမိုင်း​ဝင် အရပ်​ဘက်အခွင့်အရေး​လှုပ်ရှား​မှုကြီး (Civil Rights​ Movement) ပေါ်ပေါက်​လာပါတော့တယ်။ ဒီလှုပ်ရှားမှု​ကြီးရဲ့ အဓိက​ခေါင်း​ဆောင်​ကတော့ ဒေါက်တာ​မာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။ Selma ရုပ်ရှင်​က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်း​ဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစကို ဒေါက်တာ​မာတင်​လူသာကင်း ငြိမ်း​ချမ်း​ရေး​နိုဘယ်ဆုကိုလက်ခံရယူနေတဲ့အခန်းနဲ့စဖွင့်ထားပါတယ်။ မကြာ​ခင်မှာပဲ ဒေါက်တာ​ကင်းက လူမည်း​ခွဲခြားရေးစနစ်အရှိန်မကုန်သေးတဲ့ အလာဘားမားပြည်နယ် ဆယ်လ်မာမြို့ကို သူ့အဖွဲ့ SCLC နဲ့အတူရောက်ရှိလာပြီး လူမည်းမဲပေးခွင့်အတွက် လှုံ့ဆော်​ရင်း လူမည်း​မုန်း​တီးသူ ဆယ်လ်​မာ​မြို့​အာဏာပိုင်​တွေ လူဖြူ​ဒေသခံတွေနဲ့ ထိပ်​တိုက်​ရင်ဆိုင်​ရပါတော့တယ်။ အာဏာ​ပိုင်​တွေက နည်း​အမျိုး​မျိုး​နဲ့ အင်​အားသုံးပြီးဖြိုခွဲဖို့ကြိုးစားတာကို ကင်းနဲ့ဒေသခံလူမည်းတွေက အကြမ်းမဖက်​ဘဲကြံ့ကြံခံရင်း မဲပေးခွင့်​ရရှိဖို့ကြိုးစားပုံကို စိတ်ဝင်စား​ဖွယ်ကြည့်ရှုရမှာပါ။ ဇာတ်လမ်း​အမျိုးအစားက​ Drama/Documentary အမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်​ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ အကောင်း​ဆုံး​ရုပ်ရှင်​အော်စကာဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပြီး Best Original Song နဲ့ အော်စကာရခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်​ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး Documentary​ ထက်​ Drama​ ကိုအလေးကဲထားပြီး ဒေါက်တာ​မာတင်လူသာကင်းရဲ့ အထ္တုပ္ပတိအပိုင်းအစတစ်ခုအဖြစ်ကို ပိုဇောင်းပေးထားပါတယ်။ ဒေါက်​တာကင်းနဲ့ သူ့ဇနီးတို့အကြား ဆက်​ဆံရေး၊ သူ့ရဲ့​လုပ်​ဖော်​ကိုင်​ဖက်တွေအကြား ပဋိပက္ခ​တွေ ဆက်ဆံ​ရေးအနိမ့်အမြင့်အတက်အကျတွေကိုလည်း​ထည့်သွင်း​ပုံဖော်ထားပါတယ်။ဒီရုပ်ရှင်​မှာ ဒေါက်​တာ​ကင်းနဲ့ ခေတ်​ပြိုင်​ပုဂ္ဂိုလ်​တွေဖြစ်တဲ့ နာမည်​ကျော် အမေရိကန်နီဂရိုးခေါင်းဆောင် Malcom ​X နဲ့ အမေရိကန်​သမ္မတ​ Lyndon Johnson အက်ဖ်​ဘီအိုင်တည်ထောင်သူ J Edgar Hoover အလာဘားမားပြည်နယ်​အုပ်ချုပ်​ရေးမှူး Jim Wallace စတဲ့​သမိုင်း​ဝင်ပုဂ္ဂိုလ်များကိုလည်းတွေ့ရမှာပါ။ နိုင်ငံ​ရေး Drama​ ကားမျိုးနဲ့ အထ္တုပ္ပတိ​ရုပ်ရှင်​မျိုးနှစ်သက်သူတွေ အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး သမိုင်း​ကိုစိတ်ဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။ ဖြစ်​ရပ်​မှန်​ကိုအခြေခံထားပေမဲ့ စကား​ချည်း​ထိုင်ပြောနေတာမဟုတ်လို့ ပျင်း​ရိစရာမကောင်းဘဲ သာမန်​ရုပ်ရှင်​ပရိသတ်​တွေ​လည်း ကြည့်ရှုလို့အဆင်ပြေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Comedy • Romance
7.5 2014 127 mins
Selma
Srikanth
7.8

Srikanth (2024) ဆရီကန့်သ် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်‌ဆက်ပေး‌ချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။‌ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ကံဆိုးချင်တော့ မျက်မမြင်ကျောင်းရဲ့ကျောင်းအုပ်နဲ့ အဆင်‌မပြေဖြစ်ပြီး ကျောင်းကနေ ထုတ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဆရာမဒေဗီကာက သူ့ကို ပညာဆက်သင်ခိုင်းရင်း စာမေးပွဲကို 96 ရာခိုင်နှုန်းနဲ့ အောင်မြင်သွားပါတော့တယ်။ ကောလိပ်တက်ဖို့ ဘာသာရပ်ရွေးတဲ့အချိန် သိပ္ပံပညာရပ်ကို မျက်မမြင်မသင်ရဘူးဆိုတဲ့ ဥပဒေကြောင့် ဆရီကန့်သ်က အိန္ဒိယပညာရေးစနစ်ကြီးကို တရားစွဲရင်း ဆရီကန့်သ်တစ်ယောက် သူသင်ချင်တဲ့သိပ္ပံပညာသင်ကြားနိုင်ပါ့မလား….. သူ့ဘဝမှာရော နောက်ထပ် ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။

7.8 2024 134 mins
Srikanth
Exhuma
7.4

Exhuma 2024 ************** EXHUMA ရုံတင်ကားကြီး ကြည်တောက်ရှင်းထွက်လာပါပြီ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာတဲ့ ‘Exhuma’ ရုပ်ရှင် ပထမဆုံးရုံတင်ရက်ကနေ အခုချိန်ထိ Box office No 1 မှာပဲရှိနေခဲ့တဲ့ Exhuma ရုပ်ရှင်ဟာ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာရုံသာမက Box Office သမိုင်းမှာ 10 million viewers ကျော်ရရှိတဲ့ 23 ခုမြောက် ကိုရီးယားရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အကြည်ထွက်လာလို့ cm ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. နာမည်ကြီး kdrama တွေဖြစ်တဲ့ (Goblin, TheKing: Eternal Monarch, Little Women) တို့ရဲ့ မင်းသမီး Kim Go Eun နဲ့ (Youth Of May, The Good Bad Mother, The Glory) တို့ရဲ့ မင်းသား Lee Do-hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်…. ဒီ movieထဲမှာဆိုရင် မင်းသမီး Kim Go Eun ရော မင်းသား Lee Do-hyun ကပါ သူတို့တစ်ခါမှ သရုပ်မဆောင်ဘူးကြသေးတဲ့ နတ်ဆရာကာရိုက်တာတွေနဲ့ မြင်တွေ့ကြရမှာပါ…. ဇာတ်လမ်းကတော့ နတ်ဆရာအဖွဲ့ ဟာ အုတ်ဂူတွေတူးပြီး ဝိညဉ်တွေကိုနေရာပြောင်းဖို့လုပ်ရာကနေ ထင်မှတ်မထားတဲ့ကြမ္မာဆိုးတွေ ဆက်တိုက်တွေ့ကြုံလာတဲ့အကြောင်းဖြစ်ပါတယ်… ခံစားကြည့်ကြပါဦး…. File size…3.87GB / 1.73GB / 759MB Quality…WEB-DL 4K HEVC 1080p 720p Genres: Thriller, Mystery, Horror, Supernatural Duration: 2 hr. 13 min. Subtitle….Myanmar Subtitle (Hard Sub) Translated By Tiff, Theint, Miri, Chit Thae, Stary, Shwe Pyae & Zuri Encoded By Heather Oo , Min Wai

7.4 2024
Exhuma
Não Tem Volta
5

Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့‌ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (960 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance • Drama
5 2023 90 mins
Não Tem Volta
Purgatory Station
5

ရှေ့နေဂျိုး တစ်ယောက် ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ… နိုးလာတော့ မဲမှောင်နေတဲ့ ကွန်တိန်နာကြီးထဲမှာ တစ်ယောက်တည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာ သူ့ကိုယ်သူသိလိုက်ရတယ်… ပြန်ပေးသမားက ငွေလိုချင်လို့မဟုတ်ဘဲနဲ့ ဂျိုးကူညီပေးနေတဲ့ စီးပွားရေးလုပ်ငန်းစုနဲ့ ရန်ကြွေးရှိတဲ့သူဖြစ်နေတယ်… ဒီလုပ်ငန်းနဲ့ဆက်မလုပ်ဘဲနဲ့ ဖော်ကောင်လုပ်ပေးဖို့ သူ့ကိုအချိန် ၈ နာရီပေးတယ်… မလုပ်ပေးနိုင်ရင် ချစ်တဲ့သူတွေအကုန် အသတ်ခံရမယ့်အခြေအနေမှာ ဂျိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ… ချစ်တဲ့သူတွေကို ကယ်တင်ပြီး သူကိုယ်တိုင်ရော အမှန်တကယ် လွတ်မြောက်နိုင်ပါ့မလား… ပြန်ပေးသမားအစစ်အမှန်ကရောဘယ်သူဖြစ်မလဲ… File size… (1.49GB) / (731MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

5 2024 108 mins
Purgatory Station
Coup de Chance
6.5

Coup se chance ဆိုတဲ့ပြင်သစ်ဇာတ်ကားလေးကတော့ ချမ်းသာတဲ့စုံတွဲတစ်တွဲဖြစ်တဲ့ ဖန်နီ(Lou de Laâge)နဲ့ ဂျင်း(Melvil Poupaud) တို့က လူတိုင်းအားကျတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားရပေမဲ့ ပြဿနာလေးတွေ ရှိနေပါတယ်။ တစ်နေ့မှာတော့ ဖန်နီက ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူအယ်လန်(Niels Schneider)နဲ့ လမ်းမှာ အမှတ်မထင်တွေ့ကာ သူငယ်ချင်းက သူ့ကို ငယ်ငယ်တည်းက ကြိုက်နေကြောင်းဝန်ခံခဲ့ပါတယ်။ ဖန်နီနဲ့ သူ့ကိုအရူးအမူးသဘောကျနေဆဲဖြစ်တဲ့ သူငယ်ချင်းဟောင်း ၊ သူတို့နှစ်ယောက်ရဲ့အခြေအနေတွေအဆင့်တက်လာတဲ့နောက် ယောကျာ်းဖြစ်သူ ဂျင်း မသိအောင်ဘယ်လို ဖုံးကွယ်မလဲ။ ယောကျာ်းဖြစ်သူ ဂျင်းက သိသွားခဲ့ရင် ဘာတွေလုပ်လာမလဲ ဆိုတာကို ကြည့်ရမယ့် crime/thiller ဆန်ဆန် အိမ်ထောင်ရေး ကားလေးပဲဖြစ်ပါတယ်။ File size… (1.69GB) / (909MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Crime , Drama , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Drama • Romance
6.5 2024 96 mins
Coup de Chance
Reinas Queens
6.8

Reinas (2024) IMDb Rating (6.8) / Rotten Tomatoes (88%) “Queens” လို လူသိများတဲ့ “Reinas” ကို ဒါရိုက်တာ Klaudia Reynicke ရိုက်ကူးထားပြီး 74th Berlin International Film Festival မှာ Best Film in the Generation Kplus section အတွက် Grand Prix ဆုရရှိခဲ့ပြီး 97th Academy Awards မှာ Switzerland’s entry for the Best International Feature Film အဖြစ် ‌ရွေးချယ်ခံခဲ့ရတဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ စပိန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိသားစုဆက်ဆံရေးနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံကူးပြောင်းမှုကိစ္စတွေကို စစ်မှန်အောင်ဖော်ကျူးထားတဲ့ ရင်ထဲထိစရာ မိသားစုဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Plot summary 1990s ခုနှစ်ပိုင်း နိုင်ငံရေးတွေမကောင်းတဲ့ Peru မှာ နေထိုင်တဲ့ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Lucía နဲ့ Aurora က US အလုပ်ကိစ္စနဲ့နိုင်ငံကူးပြောင်းဖို့လုပ်နေတဲ့ သူတို့အမေ Elena နဲ့ အတူ US ကို လိုက်သွားဖိုစီစဉ်နေကြတယ်။ Aurora တို့ရဲ့ အဖေ Carlos ကတော့ တောထဲပျောက်သွားတာကြာနေပြီး သူစိမ်းတစ်ယောက်လိုပဲ သူတို့ရဲ့ဘဝထဲမှာ မရှိခဲ့တဲ့လူလိုဖြစ်နေပါပြီ။ ဒါပေမဲ့ Aurora တို့အမေ US သွားဖို့စီစဉ်နေတဲ့ ရက်ပိုင်းအတွင်းမှာပဲ Carlos က ရုတ်တရက် သူ့သမီးတွေဆီကိုပြန်ရောက်လာပါတယ်။ Carlos က သူ့ရဲ့သမီးတွေကိုအရမ်းချစ်ပြီး ကျပ်တည်းတဲ့အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားရပေမယ့် Aurora တို့ အတွက်တော့ သူတို့ကိုထားခဲ့တဲ့သူမို့ သူတို့အဖေကို ဖော်ဖော်ရွေရွေ ဆက်ဆံတာမျိုးတော့မရှိခဲ့ကြဘူး။ Carlos က သူ့သမီးတွေ US ကို မသွားခင် နောက်ဆုံးတွေ့ရမယ့်အချိန်လေးတွေမှာ အဖေနဲ့သမီးတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်ရဖို့ကြိုးစားရင်း ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ၊ ဖခင်နဲ့သမီးတို့ရဲ့ ချစ်ခြင်းမေတ္တာတွေရော ပြန်ထူထောင်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….Blu-Ray Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Horror • Mystery • Thriller
6.8 2024 102 mins
Reinas Queens
The Tenant

Dava ဆိုတဲ့ Apartment ​လေးတစ်ခုဟာထူးဆန်းတဲ့အ​ကြောင်းအရာ​​တွေ သရဲ​တ​စ္ဆေ​တွေနဲ့ငှားသူမရှိဘဲ​ခြောက်ကပ်ပြီးတိုက်ပျက်ကြီးတစ်ခုလိုလိုင်း​ပေါ်မှာ​တော်​တော်​လေးနာမည်ကြီး​နေပါတယ်။ ဒီအ​ကြောင်းအရာ​တွေကအမှန်တကယ် ဟုတ်မဟုတ် စုံစမ်းဖို့အတွက် “မာ့ခ်” ဆိုတဲ့​ကောင်​လေးဟာ အခန်းငှားဖိုအတွက်​ရောက်ရှိလာပါတယ်။ ဒါ​ပေမဲ့ ဒီတိုက်ခန်းဟာလူတိုင်းအတွက်မဟုတ်ဘဲ “အိမ်ထိန်းအန်တီထိဒါ” ရဲ့ခွင့်ပြုချက်ရမှသာငှားရမ်းခွင့်ရှိတာဖြစ်ပါတယ်။ ဒီတိုက်ခန်းလွတ်​တွေရဲ့လစဥ်​ကြေး​ပေး​ဆောင်မှုဟာ ​ငွေ​အ​​မြောက်အများပေး​ချေရန်မလိုဘဲ အလဲအလှယ်တစ်ခုနဲ့သာ​အခန်းခကိုပေး​ချေရမှာဖြစ်ပါတယ်။ “မာ့ခ်” ဟာအစ်မဖြစ်သူရဲ့ထူးဆန်းစွာဆုံးပါးမှုအ​ကြောင်းစုံစမ်းရန်အတွက် Dava Apartment ကို​ရောက်ရှိလာခဲ့ပါတယ်။ Dava Apartment မှာ​နေထိုင်သူ မိသားစုဝင်​တွေဟာထူးဆန်း​မှုတွေ လျှိုု့ဝှက်ချက်​တွေနဲ့​နေထိုင်​နေကြသူ​တွေဖြစ်ပြီး ညဘက်​ရောက်တိုင်းထူးဆန်းတဲ့အသံ​တွေအပြင် စကားများရန်ဖြစ်သံများလည်းမကြာခဏကြား​နေရတာဖြစ်ပါတယ် ။ ဒီ​တော့ Dava Apartment အတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေဟာ တကယ်ပဲသရဲ​တ​စ္ဆေ​ခြောက်လှန့်ခြင်းနဲ့သက်ဆိုင်​နေမလား၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့နက်နဲလျှို့ဝှက်ချက်​တွေရှိ​နေမလား၊ ပြီး​တော့ “မာ့ခ်” ​ရော အစ်မဖြစ်သူရဲ့​သေဆုံးရခြင်းအ​ကြောင်းအရာ​တွေနဲ့ Dava တိုက်ပျက်ကြီးအတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေကိုစုံစမ်း​ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ဖြစ်တဲ့ ” The Tenant ” ဆိုတဲ့ movie ​လေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1 GB)/(605 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by CM Team

0 2024
The Tenant
Longing for the World L’amour du monde
5.8

Longing for the World (2024) L’amour du monde ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ကမ်းစပ်က ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Jenna Hasse ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ဆယ်ကျော်သက်မိန်းကလေး မာဂေါ့ဇ် (Margaux) ဖြစ်ပြီး သူမရဲ့ နွေရာသီအားလပ်ရက်ကို သူ့ဖခင်နဲ့အတူ ဟိုတယ်တစ်ခုမှာ ကုန်ဆုံးရင်း ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်သင်အဖြစ် လုပ်ကိုင်နေပါတယ်။ ဒီမှာ မာဂေါ့ဇ်ဟာ ခုနစ်နှစ်အရွယ် မွေးစားခံထားရတဲ့ ကလေးမလေး ဂျူးလိယက် (Juliette) နဲ့ သုံးဆယ်ကျော်အရွယ် ဒေသခံ ငါးဖမ်းသမား တစ်ယောက်နဲ့ ဆုံတွေ့ရာကနေ သူမရဲ့ ဘဝဟာ ပြောင်းလဲသွားပါတယ်။ ဒီသုံးယောက်ဟာ မထင်မှတ်ထားတဲ့ ဆက်ဆံရေးတခုကို တည်ဆောက်ပြီး မာဂေါ့ဇ်ဟာ ဂျူးလိယက်ရဲ့ ကလေးသဘာဝ ကစားတတ်တဲ့စိတ်နဲ့ ငါးဖမ်းသမားရဲ့ ရိုးရှင်းတဲ့ ဘဝအမြင်တွေကနေ နူးညံ့မှုနဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမယ့် ဒီသုံးဦးဟာ ဘဝရဲ့ လွတ်မြောက်လိုတဲ့ ဆန္ဒတွေကြားမှာ ရုန်းကန်နေရပါတယ်။ မာဂေါ့ဇ်ဟာ သူ့ရဲ့ ဆယ်ကျော်သက်ဘဝရဲ့ အရှုပ်တွေ၊ ဂျူးလိယက်ရဲ့ ကလေးဆန်ပေမယ့် နက်နဲတဲ့ စိတ်ခံစားချက်တွေနဲ့ ငါးဖမ်းသမားရဲ့ ဘဝအတွေ့အကြုံတွေကို ဖြတ်သန်းရင်း သူ့ကိုယ်သူ ပိုနားလည်လာပါတယ်။ ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့အတူ လူသားဆန်တာ၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်နေရာကိုယ်ရှာဖွေတဲ့ ခရီးတစ်ခုကို ပုံဖော်ထားပါတယ်။ သရုပ်ဆောင်တွေရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်နဲ့ ရိုးရှင်းပေမယ့် နက်နဲတဲ့ ဇာတ်လမ်းက ထူးခြားတဲ့ အနုပညာလက်ရာတစ်ခုမို့လို့ ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:17:11 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Horror • Action • Fantasy
5.8 2024 76 mins
Longing for the World L’amour du monde