YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Justice in the Wild (2023) (Ep12).mp4

874.56 MB N/A video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alexander
5.9

Alexander (2004) ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။ သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ထုဆစ်ခဲ့သူပါပဲ။ သူ့ရဲ့ စစ်ရေးလှုံ့ဆော်မှုတွေ၊ နည်းဗျူဟာကောင်းမွန်မှုတွေ၊ ယဉ်ကျေးမှုလွှမ်းနိုင်မှုတွေနဲ့ ကမ္ဘာကို ပုံဖော်ခဲ့သူတစ်ယောက်ပါ။ အလက်ဇန်းဒါးရဲ့ဖခင် ဖိလစ် က သိုးကျောင်းလူမျိုးစုတွေကို စုစည်းပြီး ဂရိလူမျိုးစုတွေကို အောင်နိုင်သိမ်းသွင်းခဲ့သူပါ။ အလက်ဇန်းဒါးအတွက် အစကောင်းတစ်ခုပါပဲ။ ဖိလစ် ရဲ့အိပ်မက်ကတော့ ဥရောပကနေ အာရှအထိခြေဆန့်လို့ ပါရှန်းအင်ပါယာကို အောင်နိုင်ချင်တာပါပဲ။ အလက်ဇန်းဒါးက သူ့ဖခင်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရုံမက ဘယ်သူမှလိုက်မမီနိုင်တော့တဲ့ ဂုဏ်ရည်ထွန်းပြောင်မှုကိုပါ တည်ဆောက်နိုင်သွားခဲ့ပါတယ်။ အလက်ဇန်းဒါးက မင်းသားတစ်ပါးအဖြစ်မွေးလာ၊ အချိန်တန်ဘုရင်ဖြစ်၊ တပ်ကိုဦးဆောင်၊ နယ်မြေတွေကို သိမ်းသွားခဲ့တာမဟုတ်ပါဘူး။ သူ့ဘဝက စကတည်းက ယဉ်သလိုကိုလို့ ပြောရမှာပဲ။ မိခင်က ဘာဘာရီယန် လို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်ဝင်တစ်ယောက်ပါ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် မျိုးမစစ်သားတစ်ယောက်အနေနဲ့ အလက်ဇန်းဒါးဟာ ထီးနန်းရဲ့ ဆက်ခံသူမဟုတ်ပါဘူး။ ဖခင်က ဂရိသူကိုယူ၊ သားကလေးမွေးလိုက်တဲ့အချိန် အလက်ဇန်းဒါးဟာ ရှင်ဘုရင်ရဲ့ အစ်ကိုတော်အဖြစ် ဇာတ်သိမ်းရဖို့ပဲရှိပါတော့တယ်။ ဒုတိယသားတော် လသားအရွယ်မှာပဲ ဘုရင်ကြီး ဖိလစ် လုပ်ကြံခံလိုက်ရခြင်းက အလက်ဇန်းဒါးကို နေ့မကူးဘဲ ဘုရင်ဖြစ်သွားစေခဲ့ပါတယ်။ အဲဒီနောက် အလက်ဇန်းဒါးဟာ ပါရှန်းပြည်ကိုခြေဆန့်လို့ ပါရှန်းဘုရင် ဒရိုင်းရပ်စ် ကိုဖယ်ရှားပြီး ဘေဘီလုံကို သိမ်းပိုက်ခဲ့တယ်။ အလက်ဇန်းဒါးအတွက် အင်ပါယာကိုထူထောင်တဲ့လမ်းကြောင်းတလျောက်မှာ အရေးအပါဆုံးကတော့ အရည်အချင်းပြည့်ဝလှတဲ့ စစ်ဗိုလ်ချုပ်တွေရယ်၊ သူ့ကို အူလှိုက်သည်းလှိုက်ချစ်တဲ့ စစ်တပ်ကြီးရယ်တို့ပါပဲ။ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ ဟက်ဖိုက်စတီရန်၊ ပထောလမီ၊ ကတ်ဆန်းဒါ၊ နီရားကတ်စ်၊ ကရားတို့စ် တို့ရဲ့ ပြောင်မြောက်တဲ့စစ်ရေးစွမ်းရည်တွေက အလက်ဇန်းဒါးအတွက် ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ။ အီဂျစ် နဲ့ ပါရှန်းကို အောင်နိုင်ပြီးနောက်မှာ အိန္ဒိယအထိ လက်တံမီခဲ့ပြီး သမိုင်းတလျောက် အကြွယ်ဝဆုံး အင်ပါယာကြီးဖြစ်ခဲ့တာပါ။ အလက်ဇန်းဒါးက မျိုးသမီးတွေကို သဘောမကျပါဘူး။ သူ့အမေရဲ့ လောဘနဲ့ ရက်စက်မှုတွေကို ငယ်ရွယ်စဉ်အသည်းနုနုနဲ့ မြင်ခဲ့ရတာတွေကြောင့်ပေါ့။ ဒီတော့ သူ့မှာ ကောင်လေးချစ်သူ နှစ်ဦးရှိပါတယ်။ ငယ်ပေါင်းသူငယ်ချင်း ဟက်ဖိုင်စတီရန် နဲ့ ပါရှန်းက သုံ့ပန်းကောင်ကလေး ဘာဂိုအက်စ် တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရော့ဇာနာ ဆိုနဲ့ ဘာဘာရီယန်နွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက်ထပ် မိဖုရားနှစ်ယောက်လည်း တင်မြှောက်ခဲ့ပါသေးတယ်။ အလက်ဇန်းဒါးက ပါရှန်းယဉ်ကျေးမှုကို တော်တော်လေး အားကျလေးစားသူဖြစ်တာနဲ့အညီ သူတို့ရဲ့ မက်ဆာဒိုးနီးယန်းယဉ်ကျေးမှုနဲ့ ရောယှက်စေခဲ့ပါတယ်။ ပါရှန်းကရတဲ့ တော်ဝင်မျိုးနွယ်ဝင် စစ်သုံ့ပန်းတွေကို တော်ဝင်မိသားစုသဖွယ်ပဲ ဆက်ဆံခဲ့သူတစ်ယောက်ပါ။ သူဟာ မက်ဆာဒိုးနီးယားရဲ့ ချစ်ခင်မှုသာမက၊ ပါရှန်းနဲ့ အိန္ဒိယတို့ရဲ့အချစ်ကိုပါ အထိုက်အလျောက် ရခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူမသေခင်အထိ သူ့ရဲ့အင်ပါယာကြီးက ညီညွတ်စုစည်းနေခဲ့တာပေါ့။ ပါရှန်းကိုသိမ်းခဲ့တဲ့ ဂယ်ဂွယ်မယ်လာတိုက်ပွဲ၊ အိန္ဒိယဆင်တပ်နဲ့ ဆင်နွှဲခဲ့တဲ့ တောတွင်းတိုက်ပွဲတွေဟာ အလက်ဇန်းဒါး ဘာကောင်ဆိုတာကို မှတ်ကျောက်တင်ခဲ့တာတွေပေါ့။ အိန္ဒိယကအပြန် ဘေဘီလုံကိုပြန်ရောက်အပြီး မကြာခင်မှာပဲ အလက်ဇန်းဒါးသေဆုံးခဲ့ပါတယ်။ ဒီအကြောင်းတွေက ဇာတ်ကားထဲမှာ စုံစုံလင်လင် ပါမှာဖြစ်လို့ ဆက်မပြောတော့ပါဘူး။ ဇာတ်ကားအကြောင်းပဲ ဆက်ပြောကြတာပေါ့။ ကြီးမြတ်တဲ့ အလက်ဇန်းဒါးရဲ့ ဘဝဇာတ်ကြောင်းကြီးကို ရုပ်ရှင်တစ်ခုတည်းနဲ့ ပုံဖော်ခဲ့တဲ့အခါမှာ လူအများစုရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ရုပ်ရှင်ပြသချိန်က သုံးနာရီကျော်ရှိပြီး ဗိုလ်ချုပ် ပထောလမီ ကို သမိုင်းပညာရှင်အဖြစ် နာမည်ပြောင်အပေးခံရတဲ့အထိကို သူ့ရဲ့ဇာတ်ကြောင်းပြ နောက်ခံစကားပြောက နေရာတကာပါနေတာပါပဲ။ ဇာတ်ကားကြည့်တဲ့သူတွေအနေနဲ့ အနှောင့်အယှက်ကြီးစွာ ခံစားခဲ့ရသတဲ့။ အကယ်ဒမီများရှင် မင်းသားကြီး Colin Farrell ရယ်၊ ကျွန်တော်တို့ရဲ့ Angelina Jolie ရယ်၊ ကျွန်တော်သိပ်ကြိုက်ရတဲ့ အဘိုကြီးမင်းသား Anthony Hopkins ရယ်၊ စသဖြင့် Cast ကတော့ ဖျားသွားလောက်စရာပါပဲ။ ဒါပေမဲ့ Box Office မှာတော့ စရိတ်ကာမိရုံပဲပြန်ရခဲ့တာပါ။ Rating ကလည်း ထိုးဆင်းသွားပြီး Rotten Tomatoes မှာလည်း စုတ်ပြတ်သွားတာပဲ။ ပိုဆိုးတာက အဆိုးဆုံးရုပ်ရှင်ဆု၊ အဆိုးဆုံးသရုပ်ဆောင်ဆု၊ အဆိုးဆုံးဂီတဆု ဘာညာ ဆိုးဆိုးဝါးဝါးဇာတ်ကားတွေကို ပြောင်လှေင်ပြီးပေးတဲ့ ဆုတွေစာရင်းမှာ အနုပညာရှင် အတတ်ပညာရှင်ဆုတွေ တန်းစီပြီး စာရင်းဝင်ကုန်တာပါ။ အဆိုးဆုံးဆုတွေ မရခဲ့ပေမယ့် အဆိုးဆုံးအမျိုးသမီးစကားပြောဟန်ဆုတော့ ရသွားသေးတယ်။ Angelina Jolie နဲ့ Rosario Dawson တို့ရဲ့ မက်ဆာဒိုးနီးယန်းလေသံနဲ့ ဘာဘာရီယန်လေသံ လုပ်ပြောတာတွေ မပီမပြင်ဖြစ်ရတယ်ပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်ကား ကျဆုံးရခြင်းက အနုပညာနဲ့ အတတ်ပညာတို့နဲ့ မဆိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။ သမိုင်းရဲ့ အကြီးမြတ်ဆုံး ဧကရာဇ်တစ်ပါးကြီးကို လူတွေက နတ်ဘုရားဆန်ဆန် ယူဆ အထင်ကြီးထားချိန်မှာ ရုပ်ရှင်က သဘာဝဆန်လွန်းသွားလို့ လူတွေ စိတ်ပျက်သွားပုံရပါတယ်။ ရင်ထဲမှာ ပုံဖော်ထားတဲ့သူရဲကောင်းကြီးကို လိင်တူချစ်သူ၊ မာန်တက်နေတဲ့ အရက်သမားတစ်ယောက်အနေနဲ့ မြင်လိုက်ရချိန်မှာ လက်မခံနိုင်ဖြစ်ကြတယ်ထင်ပါရဲ့။ အလက်ဇန်းဒါးသာ တကယ်မရှိခဲ့ဘဲ ဒီဇာတ်ကားက စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုကို ပုံဖော်ထားတယ်ဆိုရင် ဒီဇာတ်ကားအောင်မြင်မှုက မိုးထိုးသွားမှာပါပဲ။ ဒါ့အပြင် ဒီဇာတ်ကားက တိုက်ပွဲမြင်ကွင်းတွေမှာ ချီးကျူးမှုတွေရရှိထားတဲ့ စစ်ပွဲဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကတော့ သေချာပေါက်ပါပဲ။ ( ဘာသာပြန်းပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ် ) File Size__(4GB) / (2.2GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__03:27:00 Type__Action, Adventure, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Thriller
5.9 2004 175 mins
Alexander
Master and Man
4.3

ပန်းချီလောကထဲမှာ ကျင်လည်နေတဲ့သူနှစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ချွန်းဘယ်နဲ့ အီဟျွန်းဒယ် ကိုယ်ရေးကိုယ်တာအရ သိပ်သဘောမကျပေမဲ့လည်း ချွန်းဘယ်လက်အောက်မှာနေရင်း မိန်းမယူတာကအစ သူ့သဘောအတိုင်း ယူလိုက်ရတဲ့ အီဟျွန်းဒယ် လူကသာနာမည်မကြီးသေးပေမဲ့ မိန်းမလိုက်စားမှုကနာမည်ကြီးနေလေတော့ ဟျွန်းဒယ်တစ်ယောက် ဒီပန်းချီလောကထဲက ဘယ်လိုမိန်းမတွေနဲ့ နှစ်ပါးသွားမလဲ သူဖြစ်ချင်တဲ့ နာမည်ကြီးပန်းချီဆရာအဖြစ်နဲ့ ချွန်းဘယ်ကို အာခံနိုင်မလားဆိုတဲ့ဇာတ်ကြောင်းကို 18+ scene တွေဝေဝေဆာဆာနဲ့ ကြည့်ရှုရမှာဖြစ်လို့ ညိုကီတို့ဒေါင်းထားသင့်ပါကြောင်း.... File Size :(1.2GB)and (576MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:33:00 Genre :Adult, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Adventure • Drama
4.3 2019 93 mins
Master and Man
Crawlspace
6.2

အပ်ကျသံကအစအကုန်သိနိုင်တဲ့မြို့ငယ်လေးတစ်မြို့က ရောဘတ်ဆိုတဲ့ပိုက်ပြင်သမားလေးတစ်ယောက်... သူ့ရဲ့သဘောမနောကောင်းမှုတွေကို မိန်းမဖြစ်သူကနားပူနားဆာလုပ်လို့ ပိုက်ပြင်ဖို့ဆိုပြီးထွက်သွားခဲ့ပါတယ်။ သူပြင်ရတဲ့ပိုက်နေရာက အိမ်ရဲ့အောက်မြေအောက်ခန်းငယ်လေးထဲမှာ..တွားသွားပြီးသွားမှရတဲ့နေရာလေးပေါ့။ ဒီလိုနေရာထဲဝင်ပြီးပိုက်ပြင်နေရာက မထင်မှတ်ထားတဲ့ပြဿနာတစ်ခုနဲ့ကြုံတွေ့သွားရတဲ့အခါမှာတော့... ဒီကားလေးကတော့ စိတ်လှုပ်ရှားသဲထိပ်ရင်ဖိုကားတွေကြိုက်သူတွေအတွက် ရွှေးချယ်လို့ကောင်းမယ့် Rated R , Thriller ကားသစ်လေးပဲဖြစ်ပါတယ် ။ File Size__(1.6GB) / (800MB) Quality__WEBRip_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt

Fantasy
6.2 2022 90 mins
Crawlspace
Glass
6.7

ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ သူ့ေ့ရှကထွက်နှင့်ထားပြီးသားဖြစ်တဲ့ The Unbreakable (2000) နဲ့ Split (2016) တို့ကိုအရင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားသုံးကားဟာ ချိတ်ဆက်နေတယကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ေ့ရှနှစ်ကားမှာဇာတ်ကောင်တွေရဲ့စရိုက်သဘာဝတွေကိုရိုက်ကူးထားတာဆိုတော့ အဲ့ကားတွေအရင်ကြည့်ပြီးရင် ဒီကားဟာအချိတ်အဆက်ရှိရှိကြည့်လို့ကောင်းမယ့်ကားပဲဖြစ်ပါတယ်။ Thriller/Si-Fi ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ Cast တွေဟာလည်း သဘာရင့်မင်းသားကြီးတွေဖြစ်တဲ့ ေ့ရှကားတွေမှာလည်းပါဝင်ပြီးသားဖြစ်တဲ့ Bruce Willis, Samuel L.Jackson နဲ့ James McAvoy တို့ပဲဖြစ်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်သူ Mr.Glass ခေါ် Elijah ၊ စိတ်စရိုက်ပေါင်း ၂၄မျိုးနဲ့ Keven ၊ သူမတူတဲ့ခွန်အားတွေရှိတဲ့ David တို့သုံးယောက်ကို ချုပ်နှောင်ထားပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရာကစပါတယ်။ သူတို့ကိုယ်သူတို့ သဘာဝလွန်စွမ်းအားတယ်ရှိတယ်ဆိုတာကို မဟုတ်ကြောင်း၊ စိတ်ရောဂါတစ်ခုသာဖြစ်ကြောင်းဖြေရှင်းဖို့စမ်းသပ်နေကြတာပာ။ အစကတော့သီးခြားစီခွဲခြားပြီးလုပ်နေကြပေမဲ့ သုံးယောက်သားပူးပေါင်းမိမှာတော့ ရှုပ်ထွေးမှုတွေစပါတော့တယ်။ အထူးသဖြင့် Mr.Glass ၂၄မျိုးဘွဲ့ရှင် Keven တို့ပဲဖြစ်ပါတယ်။ တစ်ယောက်လည်း အင်မတန်ထူးဆန်းတဲ့ဦးနှောက်၊ နောက်တစ်ယောက်က ရှင်းပြရခက်တဲ့အမူအကျင့်တွေနဲ့ ပေါင်းမိတာအပြင် အဲ့ဒီစမ်းသပ်ခန်းကပါလွတ်ထွက်သွားလိုက်တော့ လိုက်ဖြေရှင်းရတာပါပဲ။ ဒါပေမဲ့ Mr. Glass ဟာလည်းသူ့ရဲ့ရည်ရွယ်ချက်အစစ်ကဘာလဲ။ Keven ဟာလည်းသူ့ရဲ့နောက်ဆုံးစရိုက်ဖြစ်တဲ့ The Beast ကအဓိကလွှမ်းမိုးနေတော့ သောင်းကျန်း၊ အထူးသဖြင့်သူနဲ့ယှဉ်နိုင်တဲ့ David နဲ့ထိပ်တိုက်တွေ့ချင်နေတာပါပဲ။ အဲဒီနောက် ပွဲစီစဉ်သူကြီး Mr.Glass ရဲ့ကောင်းမှုနဲ့ Demon စရိုက်ရှိတဲ့Keven နဲ့ ပင်ကိုယ်စိတ်ရင်းကောင်းတဲ့ David တို့ဘယ်လိုထိပ်တိုက်တွေ့ကြမယ်ဆိုတယ စောင့်ကြည့်စေချင်ပါတယ်။ ေ့ရှကားတွေနဲ့အတူအဆက်အစပ်ရှိရှိကြည့်မယ်ဆိုရင် တော်တော်စိတ်ဝင်စားစရာကောင်းပြီး ဝါရင့်မင်းသားကြီးတွေရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ရသအမျိုးမျိုးခံစားနိုင်ကြမှာလည်းဖြစ်ပါတယ်။

Comedy • Romance • TV Movie
6.7 2019 129 mins
Glass
H.P. Lovecraft’s Witch House
4.1

H.P. Lovecraft’s Witch House (2022) H.P. Lovecraft ဟာ အထူးခြားဆုံးဟော်ရာဇာတ်လမ်းတွေ ထူးဆန်းထွေလာတွေကို ကြိုက်တဲ့သူတွေထဲ မသိသူမရှိတဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ H.P. Lovecraft ရဲ့ The Dreams in the Witch House ဆိုတဲ့ ဝတ္ထုတိုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပေါ့။ ရိတ်တင်တော့ မများလှပေမဲ့ ဟော်ရာဖန်တွေ လျှို့ဝှက်ဆန်းကြယ်ဖန်တွေတော့ သဘောကျကြမှာပါ။ ဇာတ်လမ်းက တစ္ဆေ သရဲဇာတ်လမ်းလို့လည်း ဆိုလို့ရသလိုလိုရှိပေမဲ့ အဲဒီထက်အများကြီးဆန်းကြယ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ဆီက အင်းတွေ ဘာတွေလိုပဲ ဂျီဩမေတြီပညာရပ်မှာ စွမ်းအားရှိတယ်လို့ ယုံကြည်ထားတဲ့ အယူအဆကို မီးမောင်းထိုးပြထားတာပါ။ ဂျီဩမေတြီပညာရပ်ကနေ မယုံနိုင်စရာကောင်းတဲ့ သဘာဝလွန်အရာတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ဘွဲ့လွန်စာတမ်းပြုစုနေတဲ့ ကျောင်းသူစတစ်ယောက်ဟာ ထူးဆန်းတဲ့အိမ်ကြီးတစ်အိမ်ကို ပြောင်းနေရာက အိမ်ကြီးရဲ့ ဂျီဩမေတြီနည်းကျ ဗိသုကာမှာ စွမ်းအားတွေကိန်းအောင်းနေတဲ့အကြောင်းကို လေ့လာပြီး စာတမ်းပြုစုတဲ့အကြောင်း ရုပ်ရှင်ပေါ့။ ဇာတ်ဟာအလှည့်အပြောင်းတွေများသလို ကိုယ့်မျက်လုံးကိုယ်ခွာထုတ်တဲ့ ဇာတ်ဝင်ခန်းတွေရော Jump scare ဆန်ဆန်တွေရော အကုန်ရောသမမွှေထားပြီး ညဘက်မှာ မီးမှိတ်ပြီး တသိမ့်သိမ့်နဲ့ ကြောက်ဖို့ ကြည့်ရမယ့် ရုပ်ရှင်ကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.22GB, 532MB Quality – 1080p, 720p IMDb Rating – 4.1/10 Format – mp4 Duration – 1H 22Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Comedy • Romance
4.1 2022
H.P. Lovecraft’s Witch House
Shattered
7

Shattered(2007) *************** မင်းသားကြီး Pierce Brosnan နဲ့ Gerard Butler တို့အဓိက ပါဝင်သရုပ်ဆောင်ထားတယ်…. သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။ လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။ သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။ တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့ သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူး ကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \ သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Muse ပဲဖြစ်ပါတယ်… File size… 1.4GB& 613MB Quality…Blu-Ray 1080p & 720p Format…mp4 Duration….1hr 35min Genre ….. Crime, Thriller ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Muse

7 2007 95 mins
Shattered
Box: Metaphor

ဒီဇာတ်ကားကတော့ ကြည့်ပြီးရင်စဉ်းစားစရာတွေကျန်ခဲ့စေမယ့် psychological thriller ကားတစ်ကားဖြစ်ပါတယ်။ ထောင်တွေနဲ့မဆံ့အောင် ရာဇဝတ်သားတွေများလာတဲ့ ပျက်ကပ်စိုက်နေတဲ့ dystopian future တစ်ခုမှာ Box Rehabilitation ဆိုတဲ့ လူကိုသေတ္တာထဲလှောင်ပိတ်ပြီး ထောင်ချတဲ့စနစ်တစ်ခုကို ကျင့်သုံးကြတာအပေါ် ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကားနာမည်နဲ့လိုက်အောင် တစ်ကားလုံး boxလေးထဲမှာပဲရိုက်ကူးထားတာဖြစ်ပြီး၊ ကိုယ်ကိုယ်တိုင် ဇာတ်ဆောင်နဲ့အတူ သေတ္တာထဲအချုပ်ခံထားရသလိုခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဖြည်းဖြည်းနှေးနှေးနဲ့ဇာတ်လမ်းကိုတည်ဆောက်ပြီး ဆွဲခေါ်သွားတတ်တဲ့ဇာတ်ကားမျိုးကိုကြိုက်ရင် ဒီကားကိုကြည့်ကြည့်သင့်ပါတယ်။ ပုံစံခွက်ထဲကလူ့အဖွဲ့အစည်းရဲ့နောက်ကွယ်ကရက်စက်မှုတွေရဲ့သဘာဝရယ်၊ မာကျောတဲ့လူ့စိတ်ဓာတ်ရယ်ကို ရှုစားရမယ့် thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(468 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2023 79 mins
Box: Metaphor
Star Wars: Episode IX – The Rise of Skywalker
6.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IX – The Rise of Skywalker (2019) စတားဝါးဇာတ်လမ်းတွဲကြီးရဲ့ ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာ ပါပတင်းရဲ့ အသံကို ပြန်ကြားလာရပါတယ်။ ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့ ကြေညာလိုက်သံကြီးပါပဲ။ (မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့် ဘာလို့ ကြေညာလဲတော့ မသိပါဘူး) ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့ အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေဆဲပါပဲ။ ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့ ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။

Drama • Comedy
6.8 2019
Star Wars: Episode IX – The Rise of Skywalker
The Mysterious Cloths
6

မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား… ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ… ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်… ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့ ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ… တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်… ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်… ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်…. စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား… လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ… မြဝတ်ရုံရဲ့ တကယ့်ဇစ်မြစ်ကရော ဘာလဲ… ရှီရှပြည်ထောင်နဲ့ လျန်ဝမ်သေဆုံးမှုက တကယ် ပတ်သက်နေတာလား… ဇာတ်လမ်းလေးထဲမှာ အဖြေရှာတွေ့မှာပါ

6 2022
The Mysterious Cloths
Don’t Die: The Man Who Wants to Live Forever
6.2

Don’t Die: The Man Who Wants to live forever (2025) IMDb 6.2/10 ဒီတစ်ခေါက် Documentary လေးကိုတော့ တချို့တော်တော်များများ ဖတ်ဖူးကြားဖူးမယ့်လူလို့ ထင်ပါတယ်။ သူကတော့ တခြားမဟုတ် ဘရိုင်ယန်ဂျွန်ဆင်လို့ခေါ်တဲ့ အသက်၄၀ကျော်အရွယ်ကနေ ဖြစ်နိုင်ရင် ထာဝရနေနိုင်အောင် ဆယ်ကျော်သက်လေးလို ပြန်လည်ငယ်ရွယ်အောင် ကုထုံးမျိုးစုံနဲ့ ကြိုးစားနေတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပါတယ်။ တချို့လူတွေအတွက်တော့ သူကပိုက်ဆံရှိလို့ လျှောက်လုပ်နေတဲ့ ငကြောင်တစ်ကောင်လို မြင်ကြပြီး တချို့ကလည်း သူလိုက်တဲ့အတိုင်း လိုက်လုပ်တဲ့လူတွေပါ ရှိလာပါတယ်။ အခြေအနေကိစ္စတစ်ရပ်မှာ တစ်မျိုးထက်မကတဲ့ သဘောထားတွေရှိနိုင်တဲ့အတွက် သူ့ရဲ့လုပ်ရပ်က မှန်တယ်မှားတယ် မပြောလိုပေမယ့် သူ့ကြောင့်နဲ့ ကျန်းမာရေးရဲ့အရေးပါမှုကို လူတွေသတိပြုလာအောင်တော့ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့အတွက် သူ့မှာပေးဆပ်ရတာ သန်းနဲ့ချီတဲ့ဒေါ်လာတွေတင်မဟုတ်ဘဲ သားသမီးတို့ရဲ့ ချစ်ခင်ယုံကြည်မှုနဲ့ လူအများရဲ့ ဝေဖန်ပုတ်ခတ်တာကိုပါ ခံခဲ့ရပါတယ်။ မဖြစ်နိုင်ဘူး မလွယ်ဘူးဆိုပေမဲ့ ငယ်ရွယ်နုပျိုလာအောင် သူ့ရဲ့လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့စိတ်ခံစားချက်တွေကြောင့် သူဘယ်လိုဒီအနေအထားနဲ့ဒါတွေကို လုပ်နေလဲဆိုတာ စိတ်ဝင်စားဖွယ် ဗဟုသုတအဖြစ် ရှုစားရမယ့် Documentary လေးပဲဖြစ်ပါတယ်ခင်ဗျ။

Action • History • Drama • Adventure • War
6.2 2025 88 mins
Don’t Die: The Man Who Wants to Live Forever
Art of the Devil
6.4

Art Of The Devil (2004) *********************** တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ Art Of The Devil ဇာတ်လမ်းတွေထဲကမှ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Art Of The Devil 1 ကို တင်ဆက်ပေးလိုက်ပါတယ်… Horror, Mystery အမျိုးအစားဖြစ်လို့ horror ကြိုက် ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– ဘွန်းဆိုတဲ့ မိန်းကလေးက ပရာတန်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသားနဲ့ပက်သက်မိရာကနေ ဘွန်းမှာကိုယ်ဝန်ရလာတဲ့အခါ ပရာတန်က ဘွန်းကို ငွေပေးပြီးနှုတ်ပိတ်ပါတော့တယ်… ဒါပေမဲ့လည်း ယုတ်မာလှတဲ့ ပရာတန်က သူပေးလိုက်ရတဲ့ ငွေနဲ့တန်အောင်ဆိုပြီး သူ့သူငယ်ချင်းတွေနဲ့ ဘွန်းကိုပေးအိပ်ပါတော့တယ်…အဖွဲ့လိုက်အနိုင်ကျင့်ခံရပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့ ဘွန်းတစ်ယောက် နောက်ဆုံးမှာတော့ သူ့အပေါ် အနိုင်ကျင့်ခဲ့တဲ့သူတွေကို လက်တုံ့ပြန်နိုင်ဖို့အတွက် အောက်လမ်းပညာကို အသုံးချပါတော့တယ်…ပရာတန်နဲ့ သူငယ်ချင်းတွေအပါအဝင် သူ့မိသားစုကို ဘွန်းဘယ်လိုမျိုး လက်စားချေသွားမှာလဲ… အောက်လမ်းပညာကို သုံးပြီး လက်စားချေတာကရော အောင်မြင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kim ဖြစ်ပါတယ် File Size : 3.04GB / 1 GB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:40:00 Genres : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Kim Encoded by Heather Oo

Drama • Comedy • Romance
6.4 2004
Art of the Devil
Gangster No. 1

Gangster No. 1 က 2000 ခုနှစ် ဗြိတိသျှဂန်းစတား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ထိပ်ဆုံးကို တက်လှမ်းဖို့ ဘာမဆိုလုပ်မယ့်Paul Bettany အဖြစ် သရုပ်ဆောင်ထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့လူဆိုးဂိုဏ်းအကြောင်းပါတယ်။ ဒီဇာတ်ကားက အကြမ်းဖက်မှုတွေ၊ သစ္စာဖောက်မှုတွေ၊ တင်းမာတဲ့အခိုက်အတန့်တွေနဲ့ ပြည့်နှက်နေပါတယ်။ Bettany စွမ်းဆောင်မှုက ပြင်းထန်တာကြောင့် ဇာတ်ကောင်ကို ကြည့်ရှု့ရတာတော့အလွန်သွေးအေးတဲ့ကောင်ပါပဲ ။ ရုပ်ရှင်က ကြမ်းတမ်းတဲ့ခံစားချက်ရှိပြီး Paul McGuigan ရဲ့လမ်းညွှန်ချက်တွေနှင့် အကုန်လုံးကို ကောင်းမွန်ပါတယ် မူရင်းဇာတ်လမ်းမဟုတ်ပေမယ့်လည်း သောက်ကြမ်း ဇာတ်ကောင်တွေနှင့် သည်းထိတ်ရင်ဖိုစရာတွေကို ကြိုက်ရင်တော့ကြည့်သင့်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Crime, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2000
Gangster No. 1
Like for Likes
6.8

Like for Likes (2016) ******************** IMDb… 6.8 ခေတ်သစ်လူမှုဘဝမှာ ဆိုရှယ်မီဒီယာကို အခြေခံပြီး ချစ်ခြင်းမေတ္တာကို ဖော်ကျူးကြတဲ့ စုံတွဲသုံးတွဲအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Kim Joo-hyeokနဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Yoo Ah-in, Kang Ha-neul, Choi Ji-woo, Lee Mi-yeon, Esom တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း နိုဂျင်အူ (Yoo Ah-in)ဟာ စစ်မှုထမ်းပြီးတာ မကြာသေးတဲ့ နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဂျိုဂယောင်းအာ (Lee Mi-yeon) ကတော့ ဇာတ်လမ်းတွဲတွေရေးတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ ဂယောင်းအာက သူ့ရဲ့ဇာတ်လမ်းတွဲအသစ်ထဲမှာ ပါဝင်ဖို့ နိုဂျင်အူကို ကမ်းလှမ်းခဲ့ပေမဲ့ နိုဂျင်အူကတော့ ငြင်းပယ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မင်္ဂလာဆောင်တစ်ခုမှာ နိုဂျင်အူဟာ ဂယောင်းအာရဲ့သားလေး ဘုမ်းလေး ကို ရုတ်တရက် တွေ့လိုက်ရပြီးတဲ့နောက်မှာ အတိတ်က ဇာတ်လမ်းတစ်ခုကြောင့် ဘုမ်းလေးက သူ့ကလေးများဖြစ်နေမလားဆိုတဲ့ သံသယတွေ ဝင်လာခဲ့ပါတော့တယ်။ ဂျောင်ဆောင်ချန်း (Kim Joo-hyuk) ကတော့ ဂျပန်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ချစ်သူနဲ့ လက်ထပ်ပြီးရင် အတူနေဖို့အတွက် တိုက်ခန်းလေး တစ်ခန်း ငှားရမ်းဖို့လိုက်ရှာရင်းကနေ လေယာဥ်မယ်လေး ဟမ်ဂျူရန် (Choi Ji-woo) ဆီကနေ အခန်းငှားရမ်းဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှချင်တော့ ဆောင်ချန်းဟာ ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံလိုက်ရပြီးနောက် တစ်ချိန်တည်းမှာပဲ ဂျူရန်ကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ရာကနေ ပိုက်ဆံအလိမ်ခံလိုက်ရပြီး ခိုကိုးရာမဲ့နေချိန်မှာ ဆောင်ချန်းက သူငှားထားတဲ့ တိုက်ခန်းမှာ ဂျူရန်နဲ့ အတူနေထိုင်ဖို့ လမ်းလှမ်းဖြစ်ခဲ့ပါတယ်။ အီဆူဟို (Kang Ha-neul) ကတော့ သီချင်းရေးဆရာတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းသားဘဝတုန်းက ကားမတော်တဆမှုကြောင့် အကြားအာရုံချို့ယွင်းခဲ့ရသူပါ။ သူဟာ ဆောင်ချန်းရဲ့စားသောက်ဆိုင်က ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ စားသောက်ဆိုင်ထိုင်နေရင်း ဇာတ်လမ်းတွဲ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ဂျန်နာယွန်း (Esom) နဲ့ တွေ့ဆုံခဲ့ရာကနေ နှစ်ဦးသား ရင်းနှီးသွားကြပါတော့တယ်။ အဲဒီနောက်မှာ facebookကနေတစ်ဆင့် မက်ဆေ့ချ်တွေ အပြန်အလှန် ပို့ခဲ့ကြပြီး နှစ်ဦးသား ဒိတ်တွေလည်း လုပ်ခဲ့ကြပေမဲ့ ဆူဟိုဟာ သူ့ရဲ့ အကြားအာရုံချို့ယွင်းမှုအကြောင်းကို နာယွန်းကို ဖွင့်မပြောနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။ ဒီစုံတွဲလေး သုံးတွဲရဲ့ အချစ်ဇာတ်လမ်းလေး သုံးပုဒ်ဟာ နောက်ဆုံးမှာ ပျော်ရွှင်ဖွယ်အဆုံးသတ်လေးဖြစ်သွားနိုင်မလား…. ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သူတို့ရဲ့ အချစ်တွေကို ဘယ်လိုဖော်ကျူးသွားမှာလဲ….ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.75GB/ 850MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:49:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

Action • Drama
6.8 2016 120 mins
Like for Likes