YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Justice Bao S2 E12 720p CM.mp4

496.86 MB 720p video/mp4 981 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Masquerade
6.9

IMDb Rating - 6.5/10 The Untouchable ထဲကမင်းသားကြီး Francois Cluzet ပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင် မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ် ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အ ကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်လမ်းကတော့ ဒီလိုပါ။ အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီး သူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်က အသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။ တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာ မနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ် ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေက ဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ် ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်) File Size..........(2.4 GB) / (960 MB) / (534 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hrs 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......EL, June Encoder..........SWM

Horror • Thriller
6.9 2022 142 mins
Masquerade
Where Is Anne Frank
6.7

Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ရဲ့ ယနေ့ခေတ်စွန့်စားခန်းတွေကိုရော တလှည့်စီပြထားပါတယ်။ 2021 ကထွက်တဲ့ Animated Film လေးပါ။Animation style ကကြည့်လို့ကောင်းပြီး ကြေကွဲစရာဖြစ်ရပ်တွေကိုလည်း ရှုစားရမှာပါ။ Rotten tomatoes -76% File size…(1.6gb)/(837mB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Drama/Animation/Fantasy/History/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Adventure • Family
6.7 2021 99 mins
Where Is Anne Frank
Bhola Shankar

Bhola shankar (2023) =================== ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲ ဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ … ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး…။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )

0 2023 158 mins
Bhola Shankar
Revanche
7.5

IMDb 7.5 , RT – 96 % ရသပေါင်းစုံ ပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဂျာမနီ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သင့်မှာ သိပ်ချစ်ရတဲ့ လူ တစ်ယောက်ရှိလား။ အဲဒီလူရဲ့ ဖြစ်တည်မှု၊ အပြုမူ၊ ကာရိုက်တာ၊ အလုပ်၊ အကုန်လုံးကို အရာရာ နားလည်ပေးနိုင်တဲ့အထိ ချစ်ပေးရတဲ့ Favourite person မျိုး ရှိပြီလား။ ယောင်္ကျားလေးတွေက ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးကိုဆိုရင် အသက်ပါပေးပြီး ကာကွယ်ပေးချင်ကြတာက သဘာဝပါပဲ။ အကယ်၍ ကိုယ် နှစ်နှစ်ကာကာ ချစ်ရတဲ့ ကောင်မလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော ….. ရင်ကွဲမတတ် ခံစားရမှာက မလွဲဧကန်ပါပဲ။ တာမာရာနဲ့ အဲလက်စ်က သိပ်ကို ချစ်ကြတဲ့ရည်းစားတွေပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတော့ ၂ယောက်လုံး ဆင်းဆင်းရဲရဲနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမယ့် လောကကြီးရဲ့ Matrix အတိုင်း ဆင်းရဲလေ ပိုပြီးဆင်းရဲလေ ဆိုတော့ ကြံမိကြံရာတွေ ကြံရပါတော့တယ်။ အဲလက်စ်တစ်ယောက် မရတဲ့အဆုံး ဘဏ်ဓားပြတိုက်ပါတော့တယ်။ ဒါပေမယ့် ဘဏ်ဓားပြတိုက်မှုအတွင်း အဲလက်စ်ရဲ့ကောင်မလေး တာမာရာက ရဲပစ်လိုက်တဲ့ ကျည်ဆံကြောင့် သေဆုံးသွားရပါတော့တယ်။ အဲလက်စ် တစ်ယောက် သူသိပ်ချစ်ရတဲ့ကောင်မလေးကို ဆုံးရှုံးလိုက်ရတော့ သူ့ကောင်မလေးကို သတ်သွားတဲ့ ရဲကို ရှာပြီး လက်စားချေဖို့လုပ်ပါတော့တယ်။ အဲလက်စ် တစ်ယောက် ဘယ်လို လက်စားချေမလဲ ….. အဲလက်စ်ဘက်ကအမြင် ….. ရဲရဲ့အမြင် ….. မိသားစုဝင်တွေဘက်ကအမြင် ….. လူပေါင်းမျိုးစုံ ဘက်ပေါင်းမျိုးစုံရဲ့အမြင်ဘက်ကနေ စုံလင်စွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကိုရီးယား/ဂျပန် ရုပ်ရှင်တွေ Dramaကောင်းမှန်း သိပေမယ့် ဂျာမနီ Drama ဘယ်လောက်ကောင်းကြောင်းကို ယခုရုပ်ရှင်မှာ မျက်မြင်တွေ့ရှိရမှာပါ။ ဇာတ်လမ်းက အနိမ့်ကနေ အမြင့်ထိကို ဆွဲခေါ်သွားနိုင်ပြီး ရုပ်ရှင်ရဲ့ run time ၂နာရီက ကုန်သွားလို့ကုန်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ပါဘူး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre…Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant kyi win

7.5 2008
Revanche
Midnight Show
5.7

ဒီသရဲကားလေးကတော့ ဇာတ်ကားနာမည်အတိုင်း ညလယ်ခေါင် ရုပ်သေးပြဇာတ်နဲ့ပတ်သတ်ပြီး နေရတာတိုင်းပျံ့နေတဲ့ ကောလဟာလတွေနဲ့စထားပါတယ် ။ မြို့လယ်မှာရှိတဲ့ နံပါတ် ၃၇ ပြဇာတ်ရုံပတ်ဝန်းကျင်မှာ လန်ချားလှည်းလေးတွေမကြာခဏပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်တဲ့ ။ ဒီအကြောင်းကိုတိုင်တန်းတဲ့သူရှိလာလို့ ပြဇာတ်ရုံကို ရဲအရာရှိတစ်ဦးကိုယ်တိုင်လာစစ်ချိန်မှာတော့.. တကယ်ပဲ ရုပ်သေးပြဇာတ်ရုံထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲ ? ရုပ်သေးပြဇာတ်ရုံရဲ့မန်နေဂျာဖြစ်သူ လင်မိန်ကရော အပြင်ပန်းကကြည့်သလို ရိုးရှင်းနေမလား ? တကယ်ပဲ ဘာတွေကိုလျို့ဝှက်ထားသလဲဆိုတာကို သဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရမဲ့ သရဲကားလေးဖြစ်လို့ သရဲကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

5.7 2024
Midnight Show
James and the Giant Peach
6.7

James and the Giant Peach (1996) Genre – Animation, Adventure, Family IMDB – 6.7/10 “ဧရာမ မက်မွန်သီးကြီးတစ်လုံးနဲ့ ကောင်လေးတစ်ယောက်မှ ပိုးကောင်လေးတွေနဲ့အတူ နယူးယောက်မြို့သို့ စွန့်စားခန်းထွက်တော်မူခန်း….” Animation စတိုင်ပေါင်းစုံ ရှိတဲ့ထဲမှ Stop-motion စတိုင် ကြိုက်တဲ့လူဆို အရင်ခေတ်က ဒီကားဟောင်းလေးကို ကြည့်သင့်တယ်လို့ ညွန်းပေးလိုက်ပါရစေ။ Stop-motion စတိုင်ဆိုတာ ဘယ်လိုမျိုးလဲ ဥပမာပေးရရင်တော့ Kubo and the Two Strings တို့ Corpse Bride တို့ဆိုရင် သိကြမယ်ထင်ပါတယ်ဗျ။ ဒီ ဒါရိုက်တာ Henry Selick ဆိုရင်လည်း နာမည်ကျော် The Nightmare Before Christmas တို့ Coraline တို့ကို ရိုက်ခဲ့တဲ့လူဖြစ်ပြီး Little Nightmare ဆိုတဲ့ ချစ်စရာတစ်ဖြစ်လဲ ကျောချမ်းစရာ P4 ဂိမ်းလေးကိုလည်း ဖန်တီးပေးထားတဲ့လူတစ်ယောက်ပါ။ ဇာတ်လမ်းကလည်း နာမည်ကျော်ဖြစ်တဲ့ Charlie and the Chocolate Factory တို့ BFG တို့လို ဝတ္ထုတွေကို ရေးသားခဲ့တဲ့ ဗြိတိသျှစာရေးဆရာကြီး Roald Dahl ရဲ့ ဝတ္ထုကိုပဲ မှီငြမ်းထပ်တူပြု ရိုက်ကူးထားတာပါ။ ဘယ်လောက် Fantasy ဆန်မလဲ စဉ်းစားသာ ကြည့်လိုက်ပါတော့။ ဇာတ်လမ်းလေး အကျဉ်းချုပ်ပြောရမယ်ဆို ဂျိမ်းစ်ဆိုတဲ့ကောင်လေးက မိဘဖြစ်သူကို ဆုံးပါးလိုက်ပြီး အင်မတန် နှိပ်စက်တဲ့ အဒေါ်နှစ်ယောက်ရဲ့လက်အောက်မှာ နေနေရတာပေါ့။ မိဘတွေရှိစဉ်က အတူတူမက်ခဲ့တဲ့ အိပ်မက်လေးကတော့ မြို့တော်ကြီး နယူးယောက်ကို အတူတူသွားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပိုးကောင်တွေကိုမုန်းတဲ့ အဒေါ်တွေနဲ့ နှိပ်စက်ခံပြီး နေနေရချိန်မှာ တစ်ရက်ကျ ထူးဆန်းတဲ့ လူကြီးတစ်ယောက်နဲ့ တွေ့ပြီး ဒီလူကြီးက မိကျောင်းလျှာလို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း အစိမ်းရောင်လေးတွေ ပေးသွားခဲ့ပါတယ်။ ဒီအရာလေးတွေကြောင့် အပင်ပေါ်က မက်မွန်သီးတစ်လုံးက နဂိုမူလအရွယ်ကနေ ဧရာမအကြီးကြီး ဖြစ်သွားခဲ့ပါတယ်။ သူ့အဒေါ်တွေက ဒါကြီးကို ပြစားနေတုန်း ဂျိမ်းစ်တစ်ယောက် မက်မွန်သီးထဲရောက်သွားပြီး ပိုးကောင်တွေဖြစ်တဲ့ ပင့်ကူ၊ ကင်းခြေမျှား၊ ဓားခုတ်ကောင်၊ တီကောင်၊ လေဒီဘတ်ဂ်၊ ပိုးစုန်းကြူး စသဖြင့် အဖော်တွေ ရပြီး ဒီလူတွေနဲ့အတူ အဒေါ်တွေလက်ကနေ နယူးယောက်ကို ဘယ်လို စွန့်စွန့်စားစွား ထွက်ပြေးကြရမလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.6 GB / 717 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Animation/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Science Fiction • Fantasy • Horror
6.7 1996
James and the Giant Peach
The Void

ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။ File size…(1.1 GB)/(527 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Mystery, Horror, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 2016
The Void
Luckless in Love

တကယ်လို့ သင်ဟာ အချစ်အကြောင်းကိုရေးတဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်နေမယ်ဆိုပါတော့။ ဘယ်လိုအကြောင်းတွေကို ‌ရေးဖြစ်မယ်၊ ရေးချင်လည်းဆိုတာကို အက်ဒမင်စိတ်ဝင်စားမိပါတယ်။ အက်ဒမင်သာ အချစ်အကြောင်းရေးတဲ့ စာရေးဆရာမ ဘလော့ဂါတစ်ယောက်သာဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အတွေ့အကြုံတွေ၊ သူပြုံးလိုက်တိုင်း ရင်တွေမတရားခုန်နေတတ်တဲ့ အကြောင်းတွေကနေ သားသားမီးမီးလေးတွေနဲ့မိသားစုဘဝကြီးရတဲ့အထိရေးမိမှာပါဘဲ။ ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဝင်နီဆိုတဲ့ ဘလော့ဂါလေးကတော့ ထူးထူးခြားခြားမိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်။ “အချစ်ကံခေသူ” ဆိုတဲ့ ကလောင်နဲ့ သူမရဲ့တွဲခဲ့သမျှအမျိုးသားတွေနဲ့ အလွဲလွဲအချော်ချော် ဒိတ်တွေကို သူမရဲ့လူသိမများတဲ့ ဘလော့မှာ ရေးနေသူတစ်ယောက်ပေါ့။ သူမရဲ့အကြီးမားဆုံးအိမ်မက်က နာမည်ကျော် စာရေးဆရာမဖြစ်ဖို့ပါဘဲ။ တစ်ရက်မှာတော့ သူမရဲ့လုပ်နိုင်စွမ်းကိုပြဖို့ အခွင့်အရေး ပေါ်လာပါတော့တယ်။ အခွင့်အရေးရဖို့အရင်းအနှီးကတော့ သူမခဏတာ ချိန်းတွေ့ဖူးတဲ့လူရှုပ်တစ်ယောက်ကို ဆက်တွဲပြီး အဲ့ဒီလူရဲ့ ကမောက်ကမနိုင်မှုတွေကို ဆောင်းပါအနေနဲ့ရေးပေးရမှာပါ။ ဟိုလ်ဒန်ဆိုတဲ့ အင်္ဂလန်သား မုဆိုးဖိုကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့မဆိုရရုံတစ်မယ် မိန်းကလေးတွေကို ဆွဲဆောင်နိုင်လွန်းသူ အားကစားအေးဂျင့်တစ်ယောက်ပါ။ အင်္ဂလိပ်လေသံဝဲဝဲနဲ့ခန့်ချောကြီးကို ဘယ်သူလွန်ဆန်နိုင်ပါ့မလည်း? ဒါပေမယ့်သူနဲ့တွဲခဲ့တဲ့ မိန်းကလေးတွေက သူ့ရဲ့လျှို့ဝှက်ချက်ကို သိပြီးတာနဲ့ ထွက်ပြေးကုန်ကြလို့ နှင်းဆီခိုင်ကနေ အိုင်တွေ့ရင်ခြေဆေးတတ်တဲ့လူ ဘဝရောက်သွားပါတော့တယ်။ တစ်ရက်မှာတော့ သူအရမ်းစာချုပ်ချုပ်ချင် နေတဲ့ ကစားသမားကို စာချုပ်ချုပ်ခွင့်ရဖို့ဖန်လာပါတော့တယ်။ အခြေအနေတစ်ခုကသူ့အတွက်စိတ်ညစ်စရာဖြစ်နေပါတော့တယ်။ စာချုပ်ချုပ်ခွင့်ရဖို့ မိန်းကလေးတစ်ယောက်ကို အတည်တကျတွဲရမှာပါ။ အင်္ဂလန်သားကြီးတစ်ယောက် လူရှုပ်လူပွေဘဝကနေ အချစ်စစ်ကိုတွေ့နိုင်မှာလား? ဘလော့ဂါမလေးကရော သူမရဲ့လူရှုပ်လူပွေချိန်းတွေ့သူနဲ့ ကမောက်ကမအကြောင်းတွေရေးရင်း အချစ်စစ်ကိုရှာတွေ့သွားမှာလားကတော့ ပရိတ်သတ်ကြီးတို့ဘဲ ဇာတ်လမ်းလေးကို ဆက်ကြည့်ကြပါတော့နော်။ Rating ပေးပါဆိုရင်တော့ 7/10 ပါဘဲ။ ကြည့်ရတာပျော်ရတဲ့ အချစ်ဟာသကားလေးပါ။ #Scarlet File size…(1.6 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Scarlet Maung

Adventure • Action • Science Fiction
0 2023
Luckless in Love
Space Command Redemption
5

အာကာသ သိပ္ပံ sci-fi ရုပ်ရှင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် 2024 ခုနှစ်အသစ်စက်စက်ထွက်ထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း မကောင်းသူပယ် ကောင်းသူကယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အာကာသယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ ဂျက်ခမ်မာဟာ နယ်မြေစူးစမ်းလေ့လာရေး ထွက်ရင်း စက်ချို့ယွင်းပြီး မီးလောင်ပျက်ကျတော့မယ် ယာဉ်ငယ်တစ်စင်းကို သူလက်ထောက်ယာဉ်မှူးဘဝမှာ ယာဉ်မှူးအမိန့်ကို ဖီဆန်ပြီး ကယ်ဆယ်ရင်း ပိုင်းလော့ ယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့နေတဲ့ဂြိုဟ်ပေါ်မှာ စက်ရုပ်လူသားတွေဟာ တဟုန်ထိုး နာမည်တွင်လာပြီး နေရာအသီးသီးမှာ နေရာယူနေတာဖြစ်ပါတယ်။ လူတွေကို လုံးဝအာဏာဖီဆန် ဆန့်ကျင်တာမျိုးမလုပ်ဘူးလို့ အာမခံပြီးတော့ပေါ့။ ဒါပေမဲ့ မိုင်းတွင်းလုပ်သားအနေနဲ့ အလုပ်လုပ်နေတဲ့ စက်ရုပ်လူသားတစ်ယောက်ဟာ မတော်တဆမှုတစ်ခုထဲမှာပါသွားပြီး သူ့ကိုထိန်းချုပ်ထားတဲ့ ချစ်ပ် ဆားကစ်လေး ပျက်သွားပြီး မူမမှန်တဲ့အပြူအမူတွေ လုပ်လာပါတော့တယ်။ ယာဉ်မှူးဖြစ်လာတဲ့အချိန်မှာ ဂျက်ခမ်မာဟာ သူကယ်ခဲ့တဲ့ အမျိုးသမီးက သူ့ကို သူတို့လုပ်နေတဲ့ မိုင်းတွင်းအောက်က တူးဖော်လေ့လာရေးအကြောင်းတွေကို ပြောပြပြီး ဂြိုဟ်သားတွေနဲ့ပတ်သက်တာ တစ်ခုခုတွေ့နိုင်တယ်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။ ဆိုတော့ တကယ်ပဲဂြိုဟ်သားတွေနဲ့ ပတ်သက်တာလား စက်ရုပ်လူသားတွေရဲ့ စနက်လားဆိုတာကို စိတ်ဝင်တစားနဲ့ အပန်းဖြေကြည့်ရှူလေ့လာနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျား။ File size…(2.4 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:02:00 Genre… Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

5 2024
Space Command Redemption
Lampir
6.2

Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:37:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.2 2024 97 mins
Lampir
Kyrie Kyrie No Uta
6.8

Kyrie (2023) IMDb Rating (6.8) ရွှန်းဂျီ အိဝါအီ ဒါရိုက်တာက သူ့ကိုယ်ပိုင် ဝတ္ထုဖြစ်ကို အခြေခံရိုက်ကူးထားတဲ့ Kyrie no Uta ဆိုတဲ့ အချစ်အသားပေးမဟုတ်ဘဲ ဘဝအသားပေးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ပေးလိုက်ပါတယ်… ဘဝအသားပေးဆိုတာ ဘယ်လိုမျိုးလဲဆိုရင် သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့တဲ့ အစတည်းက ဖွံ့ဖြိုးမှုအားနည်းတဲ့ ကောင်မလေးတစ်ယောက် တစ်ချိန်တည်းမှာ မိသားစု၊ အချစ်၊ ပျော်ရွှင်မှုကို ပျောက်ဆုံးရုံမကဘူး သူဟာ ဘယ်သူဆိုတာကိုပါ မသိတော့တဲ့ ကောင်မလေးတစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ… ဒီကားလေးထဲမှာ ခံစားချက်နက်ရှိုင်းမှုတွေ၊ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ လူတချို့ရဲ့ ဘဝခံစားချက်တွေ၊ ထရာမာရပြီး ပြန်လည်တည်ဆောက်တဲ့ပုံတွေကို ပုံဖော်တင်ဆက်ထားပါတယ်… အဓိက ဇာတ်ဆောင် ကီရီအယ် ဆိုတဲ့ ကောင်မလေးကတော့ ပလပ်ဖောင်းပေါ်မှာနေပြီး နေ့စဉ် ဂစ်တာတစ်လုံးနဲ့ သီချင်းတွေကို သီဆိုပြီး ဘဝကို ဖြတ်သန်းနေခဲ့သူပေါ့…. သူ့ထူးခြားချက်က စကားပြောရင် တစ်လုံးနဲ့ တစ်လုံး ခွာပြောတတ်သလို တစ်နေ့နေလို့ စကား ၁၀ ခွန်းပြည့်တောင် မပြောနိုင်တဲ့ ထူးခြားတဲ့ကလေးမျိုးပေါ့… ဒါပေမယ့် သီချင်းဆိုရင်တော့ ချောနေတာပဲ… ဒါပေမယ့် သူ့နာမည်အရင်းက ကီရီအယ်မဟုတ်ခဲ့ဘူး… သူ့နာမည်အရင်းက ရုကာတဲ့… ဘာကြောင့် ကီရီအယ်ဖြစ်သွားတယ်ဆိုတာ ကို မပြောတော့ဘူး ကိုယ့်ဘာသာ ဇာတ်ကားထဲ အဖြေရှာကြည့်လိုက်… ဒီလို ပလပ်ဖောင်းခေါင်းအုံးအိပ်ဖို့ ကြံနေတဲ့ ကီရီအယ်ရဲ့ဘဝထဲ အလင်းတန်းတစ်ခုပေါ်လာတယ်… ဒါကတော့ အိကို ဆိုတဲ့ သူ့အရင်က မိတ်ဆွေဟောင်းပဲ…ရုတ်တရက်ပေါ်လာပြီး ပရိုဖြစ်အောင်ကူညီပေးဖို့ကြိုးစားပြုပြင်ပေးခဲ့တယ်… ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ နောက်ပြီး live performer ဖြစ်လာဖို့အထိ အဆက်အသွယ်တွေနဲ့ မိတ်ဆက်ပေး၊ သူကိုယ်တိုင် ပစ္စည်းတွေရှာပြီး ကိုယ်တိုင်ကြိုးစားပေးခဲ့တာပေါ့ … အလွယ်နဲ့ရောက်လာတဲ့ ပျော်ရွှင်မှုက မီးပန်းအလှလိုပဲ လှပေမယ့် တိုတောင်းလွန်းတယ်… တစ်နေ့ အိကို ကီရီအယ်ဘဝထဲပျောက်သွားခဲ့တယ်… ဘာကြောင့်ပျောက်တယ်ဆိုတာတော့ spoil တယ်ဖြစ်မှာစိုးလို့ မပြောတော့ဘူး… အဆိုတော်တစ်ယောက်အကြောင်းဆိုပေမယ့် သီချင်းတွေက ဇာတ်လမ်းရဲ့ ပင်မကျောရိုးမဟုတ်နေခဲ့ဘူး… ဒီတော့ မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ အရာရာကို နှေးနှေးလေးနဲ့ ဖြတ်သန်းနေတဲ့ ကီရီအယ်ရဲ့ လမ်းဘေးတင်ဆက်သူဘဝလေးထဲ CM နဲ့အတူ ဝင်ကြည့်လိုက်ကြရအောင်နော်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Chu Chu ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Music Duration….02:00:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Chu Chu

Drama • Adventure • Thriller
6.8 2023 178 mins
Kyrie Kyrie No Uta
Carry-On
6.7

Carry-On (2024) IMDb Rating (6.7) / Rotten Tomatoes (88%) Kingsman မင်းသား Taron Egerton နဲ့ Ozark ထဲက မင်းသားကြီးJason Bateman တို့ပါဝင်ထားတဲ့ လေယာဉ်အကြမ်းဖက် ပြန်ပေးဆွဲ Carry- on ထွက်လာပါတယ်။ အီသန်ကိုပက်ခ်က ခရစ်စမတ်မှာ သူ ၃ နှစ်တာ လေဆိပ်စစ်ဆေးရေးဝန်ထမ်းအဖြစ်လုပ်ခဲ့တဲ့ အလုပ်ကနေထွက်ပြီး ရဲသင်တန်းတက်ဖို့ ဒွိဟတွေဖြစ်နေပါတယ်။ ဒါပေမယ့် သူနောက်ဆုံးအလုပ်ထွက်စာတင်မယ့်နေ့မှ အထက်လူကြီးက သူ့ကို ရာထူးတစ်ဆင့်မြှင့်ပြီး အိတ်တွေကို စကန်ဖတ်စက်နဲ့ စစ်ဆေးရတဲ့နေရာမှာ အစမ်းခန့်ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ သူ့နောက်ဆုံးနေ့မှာပဲ လူ ၂၅၀ ပါဝင်တဲ့ လေယာဉ်ကို ဇီဝဓာတ်ငွေ့နဲ့အဆိပ်ခတ်ပြီး လေယာဉ်ပေါ်မှာ ပါတဲ့ အမတ်ကို ရုရှားစပိုင်က လုပ်ကြံဖို့ ကြိုးစားပါတယ်။ ပြဿနာတစ်ခုရှိတာက အဆိပ်ဗုံးထည့်ထားတဲ့အိတ်ကို စကန်ဖတ်စက်မှာဖြတ်လို့မရတာပါ။ ဒီအတွက် အဲ့ဒီနေ့မှာ အစားထိုး စကန်ဖတ်စက်ကိုင်ရတဲ့ အီသန်ကိုပက်ခ်ကို လုပ်ကြံရေးသမားက အမျိုးမျိုးအကြပ်ကိုင်ခြိမ်းခြောက်ပြီး လေယာဉ်ပေါ်တက်ဖို့ ကြိုးစားပါတယ်။ ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အီသန်တစ်ယောက် ဒီအခြေအနေက ဘယ်လိုရုံးထွက် စွန့်စားသွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာကြည့်ရမယ့် Thriller ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(7.9 GB) / (2.3 GB) / (1.2 GB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Mystery, Thriller Duration….02:00:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thiha Yan Naing

6.7 2024
Carry-On
The King Rise Again
5.8

စစ်ဘုရင်တစ်ပါးဟာ နယ်မြေတွေပေါင်းစည်းပြီး သာယာဝပြောတဲ့ရည်ရွယ်ချက်နဲ့ တခြားမျိုးနွယ်စုတွေကိုသိမ်းပိုက်ဖို့ကြိုးစားပါတယ်။ တစ်နေ့မှာ မျိုးနွယ်စုတစ်စုရဲ့မင်းသမီးလေးတစ်ပါးကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။ အစပိုင်းမှာ ကိုယ့်တိုင်းပြည်ကိုကျူးကျော်လာတဲ့စစ်ဘုရင်ကို မင်းသမီးကရွံမုန်းပေမယ့် ဘုရင်ကြီးရဲ့အချစ်စစ်ကိုခံစားရတဲ့နောက်ပိုင်းမှာ မင်းသမီးလေးကလဲပြန်ချစ်လာခဲ့တယ်။ သူတို့နှစ်ယောက်ဟာ လှပတဲ့ရှုခင်းတွေကိုအတူကြည့်ရင် အချစ်တွေနဲ့အချိန်တွေကိုဖြတ်သန်းကြတယ်။ ဒါပေမယ့်လှပတဲ့အရာတွေဟာရေရှည်မခံပါဘူး စစ်ဘုရင်ကြီးဟာ သူ့ရဲ့တာဝန်နဲ့ရည်မှန်းချက်အတွက် မင်းသမီးလေးကိုထားခဲ့ရပါတယ်။ အဲဒီအချိန်မှာမင်းသမီးလေးဟာ သူ့ရဲ့ကိုယ်ဝန်ကိုလွယ်ထားနေရပေမယ့် နားလည်ပေးစွာပဲ ဘုရင်ကြီးကိုလက်လွှတ်ခဲ့ပါတယ်။ တစ်နေ့မှတော့ ဘုရင်ကြီးဟာရုတ်တရက်လုပ်ကြံခံလိုက်ရပါတယ်။ ရာဇပုလ္လင်ကိုတက်မက်နေတဲ့ညီတော်ရဲ့ရန်ကိုကြောက်နေရပြီးတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်ကိုစိုးရိမ်ရလာတဲ့အတွက် မိဖုရားခေါင်ကြီးဟာ ဘုရင်ကြီးသားတော်ဖြစ်သူကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့မင်းသားလေးရဲ့ပြည်တော်ပြန်ဇာတ်လမ်းတစ်ပုဒ်ဟာစတင်လာခဲ့ပါတယ်……

Comedy
5.8 2025
The King Rise Again
Brokedown Palace

“Brokedown Palace (1999)”ဇာတ်ကားက…..တကယ်တမ်းခံစားလို့ကောင်းတဲ့ကားတစ်ကားပါ။ ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုသိသွားတာက… လူချင်း၊သူငယ်ချင်း အချင်းချင်း “ယုံကြည်မှု” ဆိုတာ နောက်ဆုံး အကျဉ်းထောင် ထဲအထိပါသယ်သွားလို့ရတယ်ဆိုတာပဲ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုမေးမိတယ်— “မင်းဆိုမင်းရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် တကယ်စတေးခံနိုင်လား”ပေါ့….. အားလုံးသိကြတဲ့အတိုင်း ဘဝမှာသူငယ်ချင်းတွေကြား နားလည်မှုတွေ ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတာ တစ်ခါတစ်ရံ အဲ့ဒီယုံကြည်​မှုတွေကို လောကဓံက စမ်းသပ်လေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်နေရင်း ဇာတ်ကားထဲမှာ စီးမျောခံစားရင်း ထပ်ပေါင်းစဥ်းစားစရာတွေလဲ အများကြီးပါပါတယ်။ — ဇာတ်လမ်းအကျဉ်း — အဲလစ်နဲ့ ဒါလိန်းတို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါလိန်းက အဝေးမှာတက္ကသိုလ်သွား တက်ရတော့မှာမို့ သူငယ်ချင်းနှစ်ယောက် မခွဲခွာခင် ခရီးအတူတူထွက်ဖို့ စီစဥ်ခဲ့ကြတယ်။ Hawaii ကိုသွားမယ်လို့ အိမ်ကိုလိမ်ပြောပြီး ထိုင်းနိုင်ငံရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက် အဲ့မှာ Nick Parks ဆိုတဲ့သူတစ်ယောက်နဲ့ ရင်းနှီးသွားကြတော့…. ဒီလိုနဲ့ ရင်းနှီးလာကြရင်း Nick Parks က ဟောင်ကောင်ကိုအပျော် ခေါ်သွားပေးချင်တယ်ဆိုပြီး အဲလစ်နဲ့ ဒါလိန်းကို ကမ်းလှမ်းလာပါတယ်။ နောက်တော့ လေဆိပ်မှာ မူးယစ်ဆေးတွေ ခိုးသယ်တဲ့အမှုနဲ့ သူငယ်ချင်းနှစ်ယောက် အဖမ်းခံလိုက်ရတဲ့အခါမှာ……. File size… (1.4 GB) / (778 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Drama • Horror
0 1999
Brokedown Palace