YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Justice Bao E39 (720p) CM.mp4

841.62 MB 720p video/mp4 1672 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Rider
5.5

Ghost Rider ဆိုတာနဲ့ အရိုးခေါင်းကြီးမှာ မီးတွေတောက်နေပြီး ဆိုင်ကယ်ကြီးနဲ့ အထာကျကျဖြဲတတ်တဲ့ Marvel ဇာတ်ကောင်ကြီးကို တန်းမြင်ကြမယ်ထင်ပါတယ်။ Marvel မှာ Ghost Rider တွေ အများကြီးရှိပါတယ်။ဒါပေမယ့် အဲ့ဒီအထဲမှာ အထင်ရှားဆုံးကတော့Johnny Blaze ပါ။2007 မှာ မင်းသားကြီး Nicolas Cage နဲ့ LA ရိုက်လိုက်တဲ့နောက်ပိုင်း superhero fan မဟုတ်တဲ့သူတွေကြားမှာလည်း Ghost Rider Character ဟာ ပိုပြီးထင်ရှားပါတယ်။(Nicolas Cage ကို ခုနောက်ပိုင်းလူငယ်တွေ သိပ်မသိနိုင်တော့ပေမယ့်။သူ့ခေတ်သူ့အခါတုန်းကတော့ သူမှသူဆိုပြီး ဖြစ်ခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။Leaving Las Vegas နဲ့ အော်စကာဆုကို ရရှိခဲ့ပြီးNational Treasure, Con Air ,Face/Off စတဲ့ သူ့ရဲ့ဇာတ်ကားတွေဟာ Skynet ခေတ်မှာကျွန်တော်တို့ အရူးအမူးထိုင်စောင့်ကြည့်ခဲ့ရတဲ့ ကားတွေပေါ့ဗျာ။အခုထွက်မယ့် Renfield မှာလည်းDracula အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။) MCU မှာ multiverse ဘာညာနဲ့ characterတွေ ပြန်ပေါင်းနေပြီဆိုတော့ Ghost Rider ပါလာနိုင်တယ်ဆိုတဲ့ သတင်းတွေဟိုတစ်ဒီတစ်စ ကြားလာရပါတယ်။ဆိုတော့ အရင် Ghost Rider ကားလေးကို ပြန်နွှေးနိုင်ဖို့ သေချာပြင်ဆင်ပြီး ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Ghost Rider:Extended ဟာ Ghost Rider (Johnny Blaze) ရဲ့ origin story လို့ပြောလို့ရပါတယ်။ဒီဇာတ်ကားမှာတော့ သေခါနီးအဖေရဲ့ကင်ဆာကိုကုပေးဖို့အတွက် သူ့ဝိညာဉ်ကို နတ်ဆိုးဆီမှာရောင်းပြီးGhost Rider ဖြစ်လာတဲ့ Johnny Blaze ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နတ်ဆိုးဟာ စာချုပ်အတိုင်းသူ့အဖေရဲ့ ကင်ဆာကို ကုပေးခဲ့ပေမယ့်လည်း Johnnyကို နှောင်ကြိုးတွေမရှိစေချင်တာကြောင့်ချက်ချင်းပဲ ပြန်သတ်ပစ်ခဲ့ပါတယ်။ပြီးတော့ လိုအပ်တဲ့အခါပြန်လာရှာမယ်လို့ပြောပြီး ပျောက်ကွယ်သွားပါတယ်။Johnnyဟာလည်း သူ့အဖေသူ့ကြောင့်အချိန်မတိုင်ခင်သေရတာဆိုတဲ့နောင်တကြီးနဲ့ သူ့ဘဝကိုရှင်သန်ပြီး သေမှသေတော့ဆိုတဲ့စိတ်မျိုးနဲ့ အန္တရာယ်များတဲ့စတန့်ကွက်တွေ လုပ်ရင်းနာမည်ကြီးလာပါတယ်။ဒီလိုနဲ့ အရာအားလုံးပြန်အဆင်ပြေနေပြီဆိုတဲ့ တစ်နေ့မှာတော့ နတ်ဆိုးဟာ သူ့ဆီကို ပြန်ရောက်လာပါတော့တယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ပြီးသူတွေ သိပါလိမ့်မယ်။မကြည့်ရသေးဘူးဆိုလဲ အခုကြည့်ကြပါ(ဟဲ ဟဲ) MCUမှာပါလာခဲ့သည်ရှိသော်ဆိုပြီး နွှေးပြီးသားလည်းဖြစ်၊ ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးတဲ့ကားလည်း ဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အဲ့တော့ကြည့်ကြပါဗျာ။ ဒီဇာတ်ကားရဲ့အဆက် Ghost Rider: Spirit of Vengeance (2011) ကို ဒီမှာ https://channelmyanmar.org/ghost-rider-spirit-of-vengeance-2011/ ကြည့်ပါ။ File size…(2.2 GB)/(1.2 GB) Quality….BluRay(Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:03:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Damien

Action • Comedy • Drama • Family
5.5 2007 114 mins
Ghost Rider
Twins Mission
5.1

Review- အမွှာတွေချည်းပဲဖွဲ့စည့်ထားတဲ့အဖွဲ့အစည့်တစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်၂ဦးဟာ ရည်မှန်းချက်မတူတာကြောင့် ၂ဖွဲ့ကွဲသွားခဲ့ပါတယ် ကျေးညီနောင်၂ဦးလိုတစ်ဖွဲ့ကမကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး နောက်တစ်ဖွဲ့ကတော့တရားမျှတမှုအဖွဲ့ပါ တစ်ရက်မှာ Lau Hay နဲ့ Uncle Luck ဟာ Heaven's Bead လို့ခေါ်တဲ့အစေ့ကိုဟောင်ကောင်ကိုသယ်ယူလာတုန်းခြုံခိုတိုက်ခိုက်ခံရတာကြောင့် လမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအစေ့ကိုမှော်စွမ်းအင်တွေရှိပြီး သေဆုံးသွားတဲ့လူတွေကိုပြန်ခေါ်နိုင်တယ်လို့ ယုံကြည်တာကြောင့် လူဆိုးအမွှာအဖွဲ့လိုက်ရှာတာကို နောက်တစ်ဖွဲ့ကတားဆီးတာပဲဖြစ်ပါတယ် တစ်ဖက်မှာလဲမြို့တော်စီမံကိန်းတွေရှိနေတယ့် Professor Mok ဟာ သူ့တူမ Li ပိုင်ဆိုင်တဲ့မြေနေရာကွက်တွေကိုလိုချင်နေတာကြောင့် နေမကောင်းဖြစ်နေတဲ့သူ့ညီမကို Heaven's Bead နဲ့အကျပ်ကိုင်လာပါတယ် Lau Hay နဲ့ Uncle Luck တို့ဟာအင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့အမွှာအဖွဲ့သားတွေကိုအကူအညီတောင်းလာရပါတော့တယ် သူတို့တွေHeaven's Bead ကို ဘယ်လိုပြန်ယူမလဲ Li ညီအစ်မနှစ်ယောက်ကိုပါဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Son Gohan ပါ ) File Size__(1.8GB) Quality__BluRay_720p IMDb Rating__5.1/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama
5.1 2007 103 mins
Twins Mission
First Love
5.7

“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။ “ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann) “အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg) ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ .. တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် စိတ်ဓာတ်တွေကျနေတာပါ။ တစ်သက်လုံးကြိုးစားခဲ့သမျှအားလုံးပျက်စီးသွားပြီး လက်မှိုင်ချစိတ်ဓာတ်ကျနေတဲ့ Greg နဲ့ နောက်အလုပ်တစ်ခုကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပြီး ယောက်ျားကိုပံ့ပိုးဖို့သာ အားသန်နေတဲ့ Kay တို့ အယူအဆ သဘောထားတွေကွဲလွဲပြီး အချစ်ကိုချစ်စရာရယ်လို့ သတိပါမရနိုင်ကြတော့တဲ့အခါ .. ဆယ်ကျော်သက်လူငယ်တွေရဲ့ ကြည်နူးစရာအချစ်နဲ့ အခက်အခဲတွေအပြင် အိမ်ထောင်ကျပြီး သက်တမ်းတွေကြာနေပြီဖြစ်တဲ့ အချစ်တို့ကိုနှိုင်းယှဉ်ပြထားတာမို့ romance dramaကြိုက်သူတွေအဖို့တော့ အပျင်းပြေကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 658MB |276MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Action • Crime • Thriller
5.7 2022 95 mins
First Love
Crook: It's Good to Be Bad

ဒီဇာတ်ကားလေးကတော့ အင်မရန်းဟာရှ်မီနဲ့ နေဟားရှရ်မာတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Action/Thrillerအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ''သူခိုးရဲ့သားက သူခိုးပဲဖြစ်မယ်။ လူမိုက်ရဲ့သားက လူမိုက်ပဲဖြစ်လိမ့်မယ်။ ဒါကလူတွေ မြင်ကြတဲ့ လောကကြီးရဲ့ နိယာမတစ်ခုပေါ့'' ဒုစရိုက်သမားကြီးဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးပြီးတဲ့နောက်မှာ ဆူရာ့ဂျ်ဟာ နာကျည်းစိတ်နဲ့ ဒုစရိုက်အလုပ်တွေပဲလုပ်ရင်း မိုက်တွင်းနက်သထက်နက်နေမိတယ်။ ဒါကိုမြင်ရတော့ မွေးစားအဖေဖြစ်သူ ရဲအရာရှိကြီးဂျိုးဆပ်က လူမိုက်တွေနဲ့ဝေးသွားရင်တော့ စိတ်ပြောင်းသွားနိုင်ရဲ့ဆိုတဲ့အတွေးနဲ့ ဆူရာ့ဂျ်ကို သြစတြေးလျနိုင်ငံပို့ဖို့ စီစဥ်လိုက်ပါတယ်။ နယ်မြေသစ် နေရာသစ်ရောက်သွားတဲ့ ဆူရာ့ဂျ်ဟာ စိတ်သစ်လူသစ်နဲ့ ဘဝကိုအကောင်းဆုံးနေထိုင်ရင်း အိန္ဒိယသူလေး ဆူဟာနီနဲ့ဆုံခဲ့တယ်။ တိုင်းတစ်ပါးမှာသာနေနေပေမယ့် ဆူဟာနီရဲ့ ကိုယ့်လူမျိုးပေါ်မှာချစ်တဲ့စိတ်ကမသေးပါဘူး။ သူ့ဘဝအခြေကျဖို့ကြိုးစားရင်း ဒီမျိုးချစ်ကောင်မလေးအပေါ် အချစ်တွေလည်းတိုးရင်းပေါ့။ ဒါပေမဲ့ ဆူဟာနီရဲ့ အစ်ကိုကတော့တယူသန်...သြစတြေးလျလူမျိုးတွေဆို နာကျည်းမုန်းတီးနေတာ။ နာကျည်းဆို သြစတြေးလျလူမျိုးတွေက အိန္ဒိယလူမျိုးတွေအပေါ် နိုင်ထက်စီးနင်း ခွဲခြားဆက်ဆံမှုကို မြင်တွေ့နေရတာကိုး။ ဒီလိုနဲ့ သြစတြေးလျတွေနဲ့ အိန္ဒိယလူမျိုးတွေကြားက တင်းမာမှုတွေကြီးမားလာပြီး သတ်ဖြတ်လုယက်တဲ့ အနေအထားဖြစ်လာတဲ့အခါမှာ ဆူရာ့ဂျ်တစ်ယောက် ပါဝင်ပတ်သတ်လာရပါတော့တယ်။ လူမျိုးနှစ်စုအကြားက တင်းမာမှုဟာ နှစ်နိုင်ငံအကြားတင်းမာမှုအခြေအနေအထိ ရောက်လာတဲ့အခါမှာ ဆူရာ့ဂျ်ဘယ်လိုပါဝင်မလဲ၊ ဒီတင်းမာမှုကြီးရဲ့ ရင်းမြစ်ကရော ဘယ်ကစတာလည်းဆိုတာကို ဘယ်လိုအဖြေရှာမလဲဆိုတာ အက်ရှင်ခန်းတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းအောင်ရှုစားရမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို John, Intelligenceနဲ့ Thaik Sanတို့မှ တင်ဆက်ထားတာပါ။) File size…(2.7 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by John, Intelligence, Thaik San

Action • Adventure • Fantasy
null 2010 119 mins
Crook: It's Good to Be Bad
Dawn Breaks Behind the Eyes
6.4

Dawn Breaks Behind the Eyes (2021) =========================== တစ်ချို့ရုပ်ရှင်တွေဟာ စေ့စေ့တွေးမှ ရေးရေးပေါ် လို့ပြောမလား နှစ်ထပ်ရှိမှ မှတ်မိတယ်ခေါ်မလား ဒီရုပ်ရှင်ကို နှစ်ခါပြန်ကြည့်မှ ဇာတ်လမ်းကပေးချင်တဲ့ Message ကိုနည်းနည်းလောက်ခန့်မှန်း လို့ရပါတယ်။ ရဲတိုက်ကြီးတစ်လုံး အမွေရတဲ့ ကွဲခါနီး လင်မယားနှစ်ယောက်ဟာ လူမနေတော့တဲ့ရဲတိုက်ကို သွားကြည့်ခဲ့ပါတယ်။ အိုမင်းဟောင်းနွမ်း နေတဲ့ ရဲတိုက်ကြီးမှာ သူတို့ဘာများကြုံတွေ့ရမှာလဲ။ တဖက်မှာ အကောင်းဆုံးရုပ်ရှင်တစ်ခုကိုဖန်တီးဖို့ကြိုးစားနေတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဟာလည်း ရဲတိုက်မှာရုပ်ရှင်ရိုက်ဖူးကြတဲ့အခါ သူတို့လင်မယားနဲ့ ဘယ်လိုပတ်သတ်မှုရှိလာမလဲ။ ဘယ်လိုရှုပ်ထွေး မှုတွေပေါ်ပေါက်လာမလဲဆိုတာ စီးမျောခံစားလိုက်ပါဦး။ Horror Movie ဆိုတာထက် ဒဿန ဆန်တဲ့ ရုပ်ရှင်တပုဒ်လို့ ညွှန်းဆိုချင်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)

Crime • Drama
6.4 2021 74 mins
Dawn Breaks Behind the Eyes
Maurh – Lehndi Rutt De Nayak
8.4

Maurh (2023) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။ သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်

8.4 2023 141 mins
Maurh – Lehndi Rutt De Nayak
Saheb Biwi Aur Gangster Returns
6.7

Saheb Biwi Aur Gangster Returns (2013) IMDb – 6.7 /10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ် မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလား ဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါ ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.7 2013 139 mins
Saheb Biwi Aur Gangster Returns
The Preparation
8.1

The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon Lovers, Moving, High Kick 2 တို့လို နာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင် ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Wutyi Myaing ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.5GB | 707MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Wutyi Myaing Encoder ….. Aaron

8.1 2017
The Preparation
The Pig, the Snake and the Pigeon
6.1

ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

6.1 2024
The Pig, the Snake and the Pigeon
The Last Frenzy
5.7

CMကနေဒီတစ်ခါမှာတော့ ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကပ်စေးနည်းခြင်းအမွေကို ဆက်ခံလာတဲ့ ကျာယိုဝေ တစ်ယောက် သန်းချီလှဲလျောင်းခြင်းအစီစဉ်ကို အကောင်ထည်ဖော်ဖို့အတွက် မစားရက်မသောက်ရက်နဲ့ ငွေတွေစုနေခဲ့တာပါ ဒါပေမယ့် တစ်ရက်မှာ မူးလဲပြီးဆေးရုံရောက်သွားချိန်မှာ သိလိုက်ရတာတော့ ဦးနှောက်အကျိတ်ရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီး အကျိတ်ရဲ့ကြီးထွားနှုန်းက အရမ်းမြန်နေပြီး ၁၀ရက်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ဆရာဝန်က သတ်မှတ်ပေးလိုက်ပါတယ် အဲ့လိုနဲ့ ကျာယိုဝေတစ်ယောက် သူ့မှာစုထားတဲ့ငွေတွေအပြင် အိမ်ခန်းကိုပါရောင်းပြီးတော့ သူ့ငယ်သူငယ်ချင်းတွေကိုပြန်ခေါ်ပြီး ပိုက်ဆံဖြုန်းတဲ့အစီစဉ်ကို စတင်ပါတော့တယ် ၁၀ရက်ပြည့်တဲ့ညမှာ ကျာယိုဝေတစ်ယောက် မူးလဲအော့အန်ပြီး ဆေးရုံရောက်သွားတဲ့နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမှာလဲ တကယ်သေသွားမှာလားဆိုတာကို ဟာသ‌အနှောလေးနဲ့ကြည့်ရမှာမို့လို့ ပေါ့ပေါ့ပါးပါးအပန်းဖြေချင်တဲ့သူတွေ‌အနေနဲ့ ကြည့်ရှုသင့်တဲ့ကားလေးဖြစ်လို့ CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်

5.7 2024
The Last Frenzy
The Santa Clause 2

ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါ အဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ် ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ “ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်”ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ် စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2002
The Santa Clause 2
Weekend in Taipei
6

ကားတွေမောင်း သေနတ်တွေပစ်ပြီး အသေအကြေချတဲ့ အက်ရှင် ရုပ်ရှင်ကောင်းကောင်းမျိုး ကြည့်ချင်ရင် ဒီကားကို ကြည့်ရမှာပါ။ Fast & Furious မှာ Han အဖြစ် အသိများကြတဲ့ Sung Kang က ဗီလိန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ Dracula Untold ထဲက Luke Evans ပါပဲ။ ဇာတ်လမ်းအကျဉ်း ************* မူးယစ်နှိမ်နင်းရေးအေးဂျင့် ဂျွန် လောလော်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က တိုင်ပေက ဘိန်းရာဇာ ခွမ်းကို ဖမ်းဖို့ လာထောက်လှမ်းခဲ့ပေမဲ့ မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရပါတယ်။ နောက် ၁၅ နှစ်ကြာချိန်မှာမှ ခွမ်းကို ဖမ်းနိုင်ဖို့ အရေးကြီးတဲ့ စာရင်းစာအုပ်တစ်အုပ်ကို တိုင်ပေမှာ စွန့်စားပြီး သွားယူဖို့ကြုံလိုပါတယ်။ အဲဒီအချိန်မှာပဲ အတိတ်က အချစ်ဟောင်းနဲ့ သူမသိခဲ့တဲ့ သားတစ်ယောက်ရှိနေတာကို သိလာပြီး မိသားစု ၃ ယောက် ခွမ်း ရဲ့လက်ထက်ကနေ အသက်ရှင်ဖို့နဲ့ ခွမ်းကို ဖမ်းနိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ အက်ရှင်အသားပေးဖြစ်သလို မိသားစုဒရာမာလည်းဖြစ်တာကြောင့် အတော်ကြည့်ကောင်းတဲ့ ဖျော်ဖြေရေးရုပ်ရှင်ထဲမှာ ထည့်ရမှာပဲ ဖြစ်ပါတယ်။ File size… ( 4K ) /(1.98GB) / (996MB ) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khnat Translated by Mr.Anderson

6 2024 101 mins
Weekend in Taipei
Casino Raiders II
5.8

ဒီဇာတ်ကားက ပထမ Casino Raidersနဲ့ ဇာတ်လမ်းသွား လုံးဝမတူဘဲ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို ပြောင်းလဲ ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပထမကားက Andy Liu ကပဲ ဒီဇာတ်ကားမှာတော့ Chicken Feetဆိုတဲ့ ဇာတ်ရုပ် နဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက‌တော့ ကစ်နဲ့ Chicken Feetဆိုတဲ့ ညီအစ်ကို ဖဲဝိဇ္ဇာ၂ယောက်နဲ့သူတို့ရဲ့ကျေးဇူးရှင် အန်ကယ်ဖန်းဆိုတဲ့ သင်္ဘောကာစီနိုသူဌေးတို့ကို ဂျိမ်းစ်ဆိုတဲ့ တိုင်းတပါးသား ဖဲဝိဇ္ဇာနဲ့ သူ့ဂိုဏ်းက အကောက်ကြံလိုက်လို့ ကစ်ကလည်း ထောင်ကျသွားသလို အန်ကယ်ဖန်းလည်း ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်တို့က မ‌ကျေနပ်နိုင်ဘဲ အားလုံးကို အပြစ်ရှင်းပစ်ဖို့ လုပ်လာလို့ သူတို့ကို လက်စားချေဖို့ Chicken Feetနဲ့ ကစ် ညီအစ်ကို ၂‌ယောက်ကြိုးစားရင်း ဘယ်သူတွေ စတေးရမလဲ ဘာကို ထပ်ပြီးဆုံးရှုံးရဦးမလဲဆိုတာ ကြည့်ရမှာပါ။ File size… 3.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

5.8 1991 91 mins
Casino Raiders II
The Newton Boys

ဒီဇာတ်ကားကတော့ ၁၉၁၉ ကနေ ၁၉၂၄ ခုနှစ်အတွင်း ဘဏ်ပေါင်း ၇၅ ခုနဲ့ ရထား ၆စင်းကို ဓားပြတိုက်ခဲ့ကြတဲ့ နယူတန် ညီအစ်ကို လေးယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဓားပြမှုအများအပြားကို အစီအစဉ် တိတိကျကျဆွဲပြီး ပိပိရိရိကျူးလွန်ခဲ့ပေမယ့် လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ခဲ့ဖူးသလို နာမည်ကျော် ဓားပြဂိုဏ်းတွေထက်ကို ပိုပြီး တိုက်ရာပါပစ္စည်းတွေ များခဲ့ပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုသလို သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ ရောင်းအောက် ရထားဓားပြမှုမှာတော့ အလွဲလွဲ အချော်ချော် ဖြစ်ပြီး အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ် ကြီးမားတဲ့ စွမ်းဆောင်မှုကတော့ ညီအစ်ကိုလေးယောက်လုံး (အခြားရာဇဝတ်သားတွေနဲ့မတူ) မီးစာကုန် ဆီခန်းတဲ့အထိ နေထိုင်နိုင်သွားတာပါ။ ထိုခေတ် ထိုအခါက ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ခဲ့ပါတယ်။ – [x] Matthew McConaughey က ဝီလစ်စ် နယူတန် – [x] Skeet Ulrich က ဂျိုး နယူတန် – [x] Ethan Hawke က ဂျက်စ် နယူတန် – [x] Vincent D’Onofrio က ဒေါက်ဂ် – [x] Dwight Yoakam က ဂလက်စ်ကော့ခ် – [x] Julianna Margulies က လူဝီဇ် – [x] Bo Hopkins က FBI အေးဂျင့် အော်လ်ဒရစ်ချ် ဒါရိုက်တာကတော့ Richard Linklater ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Action • Crime • Drama
0 1998
The Newton Boys