YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Just Breathe (2025) 720p WEB-DL [RMC].mp4

686.71 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Guillermo del Toro's Pinocchio
8.2

သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။ ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။ ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။ ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့ လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကောင်းပါလိမ့်မယ်။ Pan's Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။ ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။ မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ ၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို့ အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။ ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ တွေးစရာတွေထည့်သွင်းနေကျမို့ ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းမှာပါ။ ဥပမာ ကောင့် ဗိုပီဆိုတဲ့ ဗီလိန်ဆိုရင် (ဗိုပီဆိုတာက အီတလီလို မြေခွေး) နှာခေါင်းအရှည်ကြီးဖြစ်နေတာကြောင့် "လိမ်ပြောလေလေနှာခေါင်းရှည်လေလေ" ဆိုတဲ့ ပုံပြင်ကို လူသားမှာပါ သရုပ်ဖော်ထားသလိုဖြစ်နေတာမျိုးပေါ့။ ပီနိုခီရိုပုံပြင်ကို ခဏခဏကြည့်ဖူးဖတ်ဖူးပေမဲ့ ဒီတစ်ခါတော့ တစ်မျိုးခံစားကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Animation, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1.12GB | 400MB Format… mp4 Duration….1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Thriller
8.2 2022 117 mins
Guillermo del Toro's Pinocchio
Wu Song's Bloody Battle With Lion House

ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ နာမည်ကြီးကာတွန်းတစ်ခုကနေ ရုပ်ရှင်အပြင်အသက်သွင်းထားတဲ့ ဇာတ်လမ်းတစ်ခုပါ။ တစ်နေ့မှာတော့ ‌ကျားကိုသတ်ခဲ့လို့ဆိုပြီး သိုင်းသမား ဝူစုန့်တစ်ယောက်က ပြန်လာရင်း တစ်နယ်‌တစ်ကျေးကို ပြောင်းနေပြီထင်တဲ့ အစ်ကိုအရင်းဖြစ်သူ ဝူတာ့လန်နဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ ဖန်ကျင်းလျန်ဆိုတဲ့ မရီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ရိုးအတဲ့အစ်ကိုဖြစ်သူရဲ့ ဇနီးမို့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ပေမယ့်လည်း နောက်ကြောင်းမရှင်း အကြံကြီးလှတဲ့မရီးဖြစ်သူဟာ ဂွင်ဖန်ပေမယ့် ကိုယ်ကျင့်တရားကောင်းသူ ဝူစုန့်ကတော့ မဖြုံခဲ့ဘူး မြို့အနှံ့အချောအလှနာမည်ကြီးနေတဲ့ ဖန်ကျင်းလျန်ရဲ့ အလှကျော့ကွင်းမှာ မိသွားသူကတော့ ရှီမန်းချင်ဆိုတဲ့ လူတစ်ယောက်ပေါ့။ ဖန်ကျင်းလျန်ကိုမှ လိုချင်လှပါချည်ရဲ့ဆိုပြီး အဘွားနန်ကို လာဘ်ထိုးလို့ ရယူဖို့ ကြိုးစားခဲ့ရာကနေ အရှုပ်အထွေးတွေဖြစ်လာခဲ့တယ် ဝူတာ့လန်နဲ့ ဖန်ကျင်းလျန်ရဲ့အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်မလဲ.... ရှီမန်းချင်ရဲ့ဝင်ရှုပ်မှုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ.... ဝူစုန့်ကရော ဘာကြောင့်အစ်ကိုဖြစ်သူရဲ့စကားကို ပယ်ရှားရတာလဲ.... [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2021 93 mins
Wu Song's Bloody Battle With Lion House
The Tragedy of Macbeth
7

မင်းသားကြီး ဒန်ဇယ်ဝါရှင်တန် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရယ် အကောင်းဆုံး Cinematography ဆု အကောင်းဆုံး Production Design ဆု အော်စကာသုံးဆု ဆန်ကာတင်ဝင်နေတဲ့ ရုပ်ရှင်ကြီးတစ်ခုကို တင်ဆက်ပေးထားပါတယ်။ ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ပြဇာတ်ကြီးကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ မူရင်း ပြဇာတ်စကားတွေကို အသုံးပြုထားတာမို့ တိုက်ရိုက်ဘာသာပြန်ရင် အတော်ကို ဖတ်ရပြန်ရ ခက်ခဲတာမို့ စကားပြေအနေနဲ့ ဘာသာပြန်ပေးထားပါတယ်။ အကုန်လုံးမှန်မယ်လို့တော့ သေချာမပြောရဲပါဘူး။ ဒီပြဇာတ်ထဲက စာသားတွေကို ရုပ်ရှင်တွေ စာအုပ်တွေ အများကြီးမှာ ပြန်လည်ကိုးကားအသုံးပြုထားကြပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုထားတာတွေလည်းအများကြီးပါပဲ။ ဥပမာ V for Vendetta ရုပ်ရှင်မှာဆို I dare do all that may become a man; Who dares do more is none (ယောကျာ်းကောင်းတစ်ယောက်လုပ်ဝံ့တဲ့အရာအားလုံး ငါလုပ်ဝံ့တယ်၊ မလုပ်သင့်တာကို လုပ်ရဲတဲ့သူဟာ ယောကျာ်းကောင်းမဟုတ်ဘူး) ဆိုပြီး သုံးခဲ့တာမျိုး၊ Harry Potter မှာ "Double, double, toil and trouble, something wicked this way comes" ဆိုတဲ့ ဂါထာကို ပြန်သုံးတာမျိုး၊ Beauty and The Beast ထဲမှာ "screw their courage in the sticking place." ဆိုတာမျိုး၊ Birdman ရုပ်ရှင်ထဲမှာပြောသွားတဲ့ "Tomorrow and tomorrow and tomorrow" ဆိုတာမျိုး စသဖြင့် အများကြီးပါပဲ။ စကားလုံးလှပမှုတွေအပြင် ဇာတ်လမ်းကလည်း စံတင်လောက်အောင် ရသမြောက်ပါတယ်။ ပြဇာတ်စာသားအားလုံးမပါဘဲ ချုံ့ထားတာမို့ စိတ်ဝင်စားရင်တော့ ပြဇာတ်မူရင်းကို ရှာဖတ်ကြည့်လိုက်ပါ။ ဒီရုပ်ရှင်ထက် ပိုလှတာတွေ့ပါလိမ်မယ်။ ဇာတ်လမ်းအကျဉ်း စကော့တလန်နိုင်ငံရဲ့ ဂလမ်းစ်နယ်စား မက်က်ဘက်သ်ဟာ အင်အားကြီးလှတဲ့ ရန်သူတွေကို ရဲရဲရင့်ရင့်အနိုင်ယူခဲ့ပြီး သူ့မိတ်ဆွေဘန်ကိုနဲ့အတူ အပြန်လမ်းမှာ စုန်းမသုံးယောက်နဲ့ တွေ့ခဲ့ပါတယ်။ စုန်းမတွေက မက်က်ဘက်သ်ကို ဂလမ်းနယ်စားရာထူးအပြင် ကော်ဒေါ်နယ်စားရာထူးကိုပါ ရရုံမက ဘုရင်ဖြစ်လာလိမ့်မယ့်လို့ ဟောပြောသွားခဲ့တယ်။ သူ့သူငယ်ချင်း ဘန်ကိုကိုတော့ ဘုရင်မဖြစ်နိုင်ပေမဲ့ ဘန်ကိုရဲ့သားသမီးတွေဟာ ဘုရင်ဖြစ်လာလိမ့်မယ်လို ဟောပြောခဲ့ပါတယ်။ ဒီဟောကိန်းကြောင့် မက်က်ဘက်သ်တစ်ယောက်စိတ်ရိုင်းတွေဝင်လာပြီး မလုပ်သင့်တာတွေကို လုပ်မိလာပါတော့တယ်။ ရှိတ်စပီးယားရဲ့စကားအတိုင်း Bad deeds force you to commit more bad deeds (ဒုစရိုက်လုပ်ရပ်တွေဟာ နောက်ထပ်ဒုစရိုက်လုပ်ရပ်တွေ ထပ်လုပ်မိစေတယ်) ဆိုသလို မက်က်ဘက်သ်တစ်ယောက် မိုက်တွင်းအနက်ကြီး နက်လာတဲ့အခါ.... File size…(2 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Crime • Drama • Mystery
7 2021 105 mins
The Tragedy of Macbeth
Yoga Class
5

Yoga Class (2009) ============= Horror ကြိုက်သူတွေအတွက် Yoga ဆိုတဲ့ Korea Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းမှာ ၂ပတ်ကြာ နေရာယူနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း ဟျိုဂျောင်းဟာ ဟုမ်းရှော့ပင်း show တစ်ခုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ် ပါတယ်။ တစ်ရက် ဟျိုဂျောင်းရဲ့နေရာကို အသက်ငယ်ငယ်ချောချောကောင် မလေးတစ်ယောက်က လုယူသွားခဲ့တာပေါ့။ ဟျိုဂျောင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး သူမသူငယ်ချင်းလမ်းညွှန်ပေးတဲ့ ယောဂသင်တန်း ကျောင်းကို သွားခဲ့တယ်။ သင်တန်းကျောင်းမှာ ၇ ရက်တာ အပြင်းအထန်လေ့ကျင့်မှုအတွက် စာရင်းသွင်း ခဲ့ပါတယ်။ ဟျိုဂျောင်းနဲ့ အတူ နောက်ထပ် မိန်းကလေး ၄ ယောက်လည်း ဒီလေ့ ကျင့်မှုမှာပါဝင်ခဲ့ပြီး၊ ဒီ ၅ ယောက်ထဲက အဆုံးအထိ အောင်မြင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ကသာ ကွန်ဒါလီနီလို့ခေါ်တဲ့ ထာဝရလှပမှုရဲ့ လျှို့ဝှက်ချက်ကို သိရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကွန်ဒါလီနီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူသိသွားမှာလဲ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ Yoga Class (2009) မှာ ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားတင်ဆက်ပေးသူကတော့ Hay Thar ဖြစ်ပါတယ်။) File Size……….(1.25 GB) / (509 MB) Quality…………WebRip 1080p / 720p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror, Mystery Translator…….Hay Thar Encoder……….SWM

Action
5 2009
Yoga Class
The Twins Effect II (Vampire Effect 2)
5.5

Twin Effect 2 မှာ​တော့ 1က သရုပ်​ဆောင်​တွေပဲ ပြန်ပါလာ​ပေမယ့် ဇာတ်​ကြောင်းလုံးဝကွဲပြားသလို သရုပ်​ဆောင်အသစ်​တွေ အများကြီးပါဝင်လာပါတယ်။ 1တုန်းက ပါခဲ့တဲ့ Jackie Chanအပြင် ဒီကားမှာ Ip Man အဖြစ်လူသိများတဲ့ Donnie Yenပါ ဧည့်သည်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဇာတ်​ကြောင်းက​တော့ ​​ယောကျ်ား​တွေကို စိတ်နာ​နေတဲ့ အ​မေဇုန်ပြည်ဘုရင်မကြီးဟာ အာဏာ​ရော ​မှော်အစွမ်း​တွေပါ သုံးပြီး တိုင်းပြည်ကိုထိန်းချုပ်ထားတာပါ။ ​ ယောကျ်ား​တွေလို ​​ငွေဝယ်ကျွန်လို​ ​ရောင်းဝယ်​ဖောက်ကားကြပြီး မိန်းမ​တွေက ပြားပြားဝပ် ဖိနှိပ်ထားတဲ့ တိုင်းပြည် တစ်ခု​ပေါ့။ ဒီလိုမျိုးအစွန်း​ရောက်​နေတဲ့ ဘုရင်မကြီးကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်း​​သော နည်းက​တော့ ကြယ်တာရာ သူရဲ​ကောင်းတစ်​ဦးက Excaliburဓါးနဲ့အတူ ဘုရင်မကြီးကို သတ်ပစ်ရမှာပါ။ သူ့ကို​ ချေမှုန်းနိုင်မယ့်သူရှိတာ သိ​နေတဲ့ဘုရင်မက တိုင်းပြည်ထဲက ​​​ယောကျ်ားမှန်သမျှ လိုက်ဖမ်းပြီး သူရဲ​ကောင်းအ​လောင်းအလျာကို ရှာ​ဖွေ​နေခဲ့တာပါ။ ဒါ​​ပေမဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့် အထက်ပါ သူရဲ​​ကောင်းက လွတ်​မြောက်​နေပြီး ​​နောက်ဆုံးမှာ မိစ္ဆာဘုရင်မကြီးနဲ့ ထိပ်တိုက်​တွေ့ဆုံပါ​တော့တယ်။ ထိုသူရဲ​ကောင်းက ဘယ်သူဖြစ်မလဲ၊ သူတို့ရဲ့ excaliburဓါးရှာပုံ​တော်က ဘယ်လို​တွေဖြစ်ခဲ့လဲ၊ ​ဘုရင်မနဲ့ တိုက်ပွဲမှာ ဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာ ပထမကားလိုပဲ ဟာသဆန်ဆန်ကြည့်ရှုခံစားရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • Mystery • Thriller
5.5 2004
The Twins Effect II (Vampire Effect 2)
Wilderness Mystery Case
6

ကုမ္ပဏီသူဌေးတစ်ယောက်နဲ့ ဝန်ထမ်း(၇)ယောက်ဟာ ကုမ္ပဏီပျော်ပွဲရွှင်ပွဲအနေနဲ့ မြို့ပြင်မှာ စခန်းချပျော်ပွဲစားထွက်ကြတယ်။ နောက်နေ့မနက်နိုးလာတော့ ကုမ္ပဏီသူဌေးဟာ ချောက်ကမ်းပါးကပြုတ်ကျပြီးသေနေတာတွေ့ရပါတယ်။ သူ့ရဲ့နောက်ကျောမှာ ဖိနပ်ရာတစ်ခုရှိပြီး မှုခင်းနေရာမှာ သူတို့အားလုံးရဲ့ခြေရာတွေကိုတွေ့ရတဲ့အတွက် တရားခံဘယ်သူဖြစ်မလဲဆိုတာဝေခွဲရခက်နေပါတယ်။ ဒီလိုနဲ့ အမှုကိုစစ်ဆေးရင် သူတို့ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာကိုရှာတွေ့သွားပါတယ်။ အချက်အလက်တွေကိုတရားမဝင်ရောင်းစားတဲ့တရားခံကဘယ်သူဖြစ်မလဲ…… လူသတ်တရားခံအစစ်ကရောဘယ်သူဖြစ်မလဲ…… လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားအတိုင်းပဲ အကွက်တွေရွှေ့ရင်း ကိုယ်တိုင်ထောင်ချောက်ထဲကျရတဲ့အဖြစ်မျိုးပေါ်လာတဲ့အပြင် နောက်ဆုံးလူသတ်တရားခံကလဲ မထင်မှတ်ထားတဲ့သူတစ်ယောက်ကဖြစ်နေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်မဆိုးဘူးလို့ပြောလို့ရမယ့် ရဲဘက်စုံထောက်မှုခင်းကားလေးပဲဖြစ်ပါတယ်။

Drama
6 2023
Wilderness Mystery Case
Red Paper Crane
6

ယောကျာ်းတစ်ယောက်က မိန်းမကို လက်သီးနဲ့စရွယ်လိုက်တဲ့အချိန်ကစပြီး တစ်ကြိမ်သည်းခံလိုက်ခြင်းဟာ တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တာပဲ။ CM ရဲ့ ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ လေယာဉ်မယ်အိုးယန်ကျီဟဲ့ဟာ မိဘအတွက် သမီးကောင်း ကုမ္ပဏီအတွက်လည်း လုပ်ဖောင်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူမယောကျာ်းကို သတ်မိပြီဆိုပြီး သူမကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ထို့နောက် ရှေ့နေအကူအညီများကို ငြင်းခဲ့ပြီး အသေခံဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ကျန်းထုံဟာ ဥပဒေအကူအညီရှေ့နေတစ်ယောက်အနေနဲ့ ကျီဟဲ့ရဲ့ အမှုမှာ ဖုံးကွယ်ထားတာတွေ ရှိဦးမယ်ဆိုတာ ခံစားနေရပါတယ်။ သူမဟာ မောင်ရိရဲ့ အကူအညီဖြင့် အဓိက သက်သေတွေကို ရှာတွေ့ခဲ့ပြီး လေယာဉ်မယ်လူသတ်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်လေးဟာ အိမ်တွင်းအကြမ်းဖက်မှုကို အဓိကထား ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ အမှန်တရားကို သိရဖို့ ကျန်းထုံတစ်ယောက် ဘယ်လို အခက်အခဲတွေ အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရလဲ ဆိုတာကိုတော့ ရုပ်ရှင်ကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်။

Drama
6 2022
Red Paper Crane
In the Land of Saints and Sinners
6.4

အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။ သမိုင်းအကျဉ်း အိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ UK လက်အောက်မှာပဲ ဆက်တည်ရှိနေပါတယ်။ ဒါကိုသဘောတူလိုက်တဲ့အချက်ကလည်း အိုင်ယာလန်မြောက်ပိုင်း ပရိုတက်စတင့်နဲ့ အခြားပြည်နယ်တွေက ကတ်သလစ်ဘာသာဝင်တွေကို အတူစည်းရုံးလို့မရမဲ့အတူတူဆိုပြီး သဘောတူလိုက်တာများပါတယ်။ ဒီစာချုပ်ကြောင့် IRA နှစ်ခြမ်းကွဲသွားခဲ့ပြီး စာချုပ်ကိုသဘောတူတဲ့ IRA နဲ့ သဘောမတူတဲ့ IRA ဆိုပြီး အချင်းချင်းထချကြလို့ အိုင်ယာလန်ပြည်တွင်းစစ် ၁၉၂၂ မှာဖြစ်သွားပါတော့တယ်။ အိုင်ယာလန်အကွဲအပြဲတွေကို သရော်တဲ့အနေနဲ့အလကားနေရန်ထဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ The Banshees of Inisherin ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ ပြည်တွင်းစစ်မှာ စာချုပ်သဘောတူတဲ့အဖွဲ့က အစိုးရတပ်ဖွဲ့ Provisional Government of Irelandဖြစ်လာပြီး မတူတဲ့အဖွဲ့က anti-Treaty Irish Republican Army ဖြစ်လာခဲ့ပါတယ်။ စာချုပ်ဆန့်ကျင်ရေး IRA ၁၉၂၃ စစ်ရှုံးသွားခဲ့ပေမဲ့ လက်နက်မချဘဲ ၁၉၆၉ အထိ ဆက်လက်တည်ရှိခဲ့ပါတယ်။ ဒီဆန့်ကျင့်ရေးအဖွဲ့ကို အင်္ဂလန်ဗုံးခွဲမှုတွေနဲ့ ၁၉၃၁ မှာ တရားမဝင်အဖွဲ့အစည်းကြေညာခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိန်ကိုတိုက်ချင်ဇောနဲ့ ဟစ်တလာဆီက အကူအညီတောင်းခံခဲ့လို့ IRA ခေါင်းဆောင် ၅ ယောက်ကြိုးပေးခံခဲ့ရပါတယ်။ ၁၉၆၉ မှာကျတော့ အဲဒီ ဆန့်ကျင်ရေး IRA က ထပ်ပြီး ကွဲသွားပါတယ်။ ရိုမန်ကတ်သလစ်၊ ပရိုတက်စ်တန့်ဘာသာအရေးအခင်းကြောင့်ပါပဲ။ ဆန့်ကျင်ရေး IRA ကိုမှ Official IRA နဲ့ Provisional IRA ဆိုပြီးကွဲသွားတာပါ။ Official IRA က နိုင်ငံရေးလိုင်းကနေ အိုင်ယာလန်ကို ပေါင်းစည်းဖို့ကြိုးစားပြီး Provs IRA ကတော့ အကြမ်းဖက်လိုင်းဖြစ်သွားပါတယ်။ IRA ဗုံးခွဲတဲ့ကိစ္စနဲ့ပတ်သတ်တဲ့ဇာတ်ကားကိုတောင် The Foreigner ဆိုပြီး ဂျက်ကီချန်းနဲ့ရိုက်ထားတာရှိပါတယ်။ ဒီလက်နက်ကိုင် Prov IRA ဟာ ၂၀၀၅ မှာမှ စစ်ရေးဆန့်ကျင်မှုတွေကနေ နိုင်ငံရေးအဖြစ် ပြောင်းလဲဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ စစ်ပြန်ကြီး ဖင်းဘားဟာ မိန်းမဖြစ်သူသေဆုံးသွားပြီးနောက်ပိုင်း ကြေးစားလူသတ်သမားအလုပ်နဲ့အသက်မွေးပါတယ်။ ဒီလိုနဲ့အသိဝင်လာပြီးအနားယူတော့မဲ့အချိန်မှာမှ IRAဖောက်ခွဲရေးသမား ဝရမ်းပြေးတစ်ယောက်က သူ့ရွာမှာ လာပုန်းနေရင် ကလေးမလေးတစ်ယောက်ကို နှိပ်စက်နေတာတွေလို့ သတ်လိုက်မိပါတယ်။ အဲဒီ IRA ရဲ့ အပေါင်းအပါတွေကို လက်စားချေဖို့ လိုက်ရှာတာကို ပြန်ရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ သူတော်စင်တွေနဲ့အပြစ်သားတွေရဲ့မြေဆိုတာက အများအားဖြင့် ဘာသာရေးကိုင်းရှိုင်းပြီး ညစ်ညမ်းတဲ့အပျော်အပါးတွေပေါတဲ့ မြို့တွေကို တင်စားခေါ်ကြတာများပါတယ်။ ဒီရုပ်ရှင်မှာတော့ နှလုံးလှတဲ့လူသတ်သမားရဲ့ ဝိရောဓိကိုလည်း တင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်းဘွိုင်ဆန်ဆန် ရွာလေးထဲကလူနည်းစု တိုက်ပွဲတွေကလည်း အရသာတစ်မျိုးမို့ ကြည့်လိုက်ကြပါဦး။ File size… 1.40GB / 625MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.4 2023
In the Land of Saints and Sinners
[18+] Mapanukso
5.5

ကာလိုက ဘားတစ်ခုမှာ အကသမားအဖြစ် အလုပ်လုပ်ပါတယ်။ လူသိမခံချင်တဲ့ ဩဇာကြီး လူ့မလိုင်အလွှာက ဒိတ်ဒိတ်ကြဲ အမျိုးသမီးတွေ စိတ်လွတ်ကိုယ်လွတ်အပျော်ရှာဖို့ဖွင့်ထားတဲ့ ဘားဖြစ်ပြီးငွေပေးနိုင်ရင် ဘာမဆိုအကုန်ရပါတယ်။ ကာလိုနဲ့အတူအလုပ်လုပ်နေတဲ့ တစ်ခြားလူငယ်တွေ အများကြီးရှိပြီး အားလုံးဟာ ကိုယ့်ဦးတည်ချက်နဲ့ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ။ ဒီဇာတ်ကားမှာတော့ သူတို့တွေအလုပ်သဘောအရဆက်ဆံနေရတဲ့အမျိုးသမီးတွေက တစ်ဖက်၊ ကိုယ့်အိမ်သူ၊ ချစ်သူတွေကတစ်ဖက်နဲ့ ဝါသနာနဲ့အလုပ်ကြား မျှတအောင်ထိန်းကျောင်းနေရတဲ့ ဘ၀တွေကိုတွေ့မြင်ရပါမယ်။ သူတို့နဲ့ပတ်သက်ဆက်ဆံနေရတဲ့ အထက်တန်းစားအမျိုးသမီးတွေဟာ သူတို့ဘ၀ကိုကောင်းနေချိန်မှာမြှင့်တင်ပေးနိုင်သလို အမြင်မကြည်ချိန်မှာပဲ အသက်ကိုပါရန်ရှာတဲ့အထိဒုက္ခပေးနိုင်လို့ပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:36:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • Fantasy • Romance
5.5 2024 95 mins
[18+] Mapanukso
CID Ramachandran Retd SI
7.3

CID Ramachandran Retd.SI (2024) ပင်စင်စားရာမာချန်ဒရန် လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကို အရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့ အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့ နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီး တရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး စုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီး စုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.3 2024
CID Ramachandran Retd SI
Death Wish
6.9

ဒီဇာတ်ကားဟာ Brian Garfield ရဲ့ Death Wish ဆိုတဲ့ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီးတော့ မင်းသားကြီး Charles Bronson ဦးဆောင်ထားတဲ့ Death Wish Franchise ရဲ့ ပထမဆုံး ဇာတ်ကားလည်းဖြစ်ပါတယ်။ 1970 ခုနှစ်ကာလ မှုခင်းဖြစ်ပွားနှုန်းတွေ မြင့်တက်နေတဲ့ နယူးယောက်မြို့ကြီးကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်လို့ ထိုခေတ်အခါက ပရိသတ်စိတ်ဝင်စားခဲ့သလို ဝေဖန်မှုတွေ များခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့. ပေါလ်ကာဆီဆိုတဲ့ စစ်ပြန်ဗိသုကာပညာရှင်တစ်ယောက်ရဲ့ ဘဝမှာ ချစ်ရတဲ့ဇနီး သမီးဖြစ်သူတို့နဲ့ ပြည့်စုံကြွယ်ဝနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ဇနီးဖြစ်သူနဲ့ သမီးတို့ စူပါမားကတ်က အပြန်မှာ လမ်းသရဲတစ်သိုက်ရဲ့ ပစ္စည်းပို့သူဟန်ဆောင်ပြီး အကြမ်းဖက်စော်ကားခြင်းကို ခံခဲ့ရပါတယ်.။ ဇနီးဖြစ်သူက ဆေးရုံမှာတင် သေဆုံးခဲ့ပြီး သမီးဖြစ်သူ ကယ်ရိုးကတော့ စော်ကားခံရတဲ့စိတ်ဒဏ်ရာတွေကြောင့် ရှင်လျက်သေနေတဲ့ဘဝကို ရုတ်ချည်းရောက်ရှိသွားရပါတော့တယ်။ နယူးယောက်မြို့ရဲ့ များပြားလှတဲ့မှုခင်းဖြစ်ရပ်တွေကြောင့် ဇနီးဖြစ်သူနဲ့သမီးအတွက် တရားမျှတမှုကို ရဲတပ်ဖွဲ့က ယူဆောင်ပေးလာနိုင်ခဲ့ခြင်း မရှိပါဘူး။ ဇနီးဖြစ်သူကိုလည်း ဆုံးရှုံး. သမီးရဲ့အဖြစ်ကိုလည်း မရှုရက်နိုင်ဖြစ်နေတဲ့ ပေါလ်ကာဆီအတွက် တူဆန် ဆိုတဲ့ အနောက်ပိုင်းဒေသကို ဗိသုကာပရောဂျက်တစ်ခုအတွက် ခရီးဆက်နိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်မှုယဉ်ကျေးမှု မတိမ်ကောသေးတဲ့ အရပ်ဒေသဖြစ်တဲ့တူဆန်မှာ သေနတ်ပစ်ကလပ်တစ်ခုကို ဝင်ရင်းနဲ့ ပေါလ်ကာဆီရဲ့ တိမ်မြှုပ်နေတဲ့အရည်အချင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လက်နက်ကိုင်ဆောင်ဖို့ ငြင်းဆန်ထားတဲ့ ဆေးတပ်သားဟောင်း ပေါလ်ကာဆီဟာ သေနတ်ပစ်ရာမှာ မထင်မှတ်ထားဘဲ ကျွမ်းကျင်နေတာကို သူကိုယ်တိုင် သိရှိသွားခဲ့ပါတယ်.။ ပရောဂျက်အတွက် မြေနေရာကြည့်ရှုအပြီး အပြန်မှာတော့ မြေပိုင်ရှင် အိမ်းစ်ဂျိန်းချေးလ်ရဲ့ လက်ဆောင်တစ်ခုကို ရရှိခဲ့ပါတယ်။ အိမ်အရောက်မှာတော့ ထိုလက်ဆောင်ဟာ ကို့တ် ပွိုင့် ၃၂ ပစ္စတိုတစ်လက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီညမှာပဲ သေနတ်ကို ကျည်ဖြည့်ပြီး ပေါလ်တစ်ယောက် မှုခင်းထူပြောလှတဲ့ နယူးယောက်ညခင်းကို မကြောက်မရွံ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လုယက်သူတစ်ယောက်က ပေါလ်ကို သေနတ်နဲ့ ချိန်းခြောက်ပြီး ငွေတောင်းခဲ့ပါတယ်။ ပေါလ်က လက်ဦးမှုရယူပြီးတော့ သေကွင်းသေကွက်ကို အရပစ်နိုင်ခဲ့ပါတယ်။ သေနတ်ပစ်ကျွမ်းကျင်မှုကို လက်တွေ့အသုံးချအပြီးမှာတော့ ပေါလ်ရဲ့စိတ်ထဲမှာ ဇနီးနဲ့သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို လက်တုံ့ပြန်နိုင်ဖို့ နယူးယောက်မြို့ရဲ့မှုခင်းတွေကို တစ်ကိုယ်တော်ဖြေရှင်းဖို့ အကြံပေါ်လာခဲ့ပါတယ်.။ ထိုအကြံဉာဏ်ကြောင့်ပဲ ရာဇဝတ်သားတွေရဲ့ အိပ်မက်ဆိုး. နယူးယောက်မြို့သူမြို့သားတွေအတွက် တရားမျှတမှုကို ယူဆောင်လာပေးမယ့် ပြည်သူ့ဘက်တော်သား “The Vigilante” တစ်ဦး ပေါ်ပေါက်လာခဲ့ပါတော့တယ်။ File Size : 1.8 GB, 916 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Fantasy • Romance • Comedy • Drama
6.9 1974 93 mins
Death Wish
M3GAN 2.0
6.7

IMDb Rating (6.3) / Rotten Tomatoes (57%) 2022 M3GAN ရုပ်ရှင်ရဲ့အဆက် ထပ်ထွက်လာပါပြီ။ အချို့ရုပ်ရှင်အဆက်တွေက အတင်းလုပ်ယူထားသလိုဖြစ်တတ်ပေမဲ့ ဒီတစ်ခါတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း အက်ရှင်ကောင်းကောင်းနဲ့ ပထမကားကို အမီလိုက်ပြီး ထွက်လာပါပြီ။ မင်းသမီး Allison Williams ပဲ ပြန်ပါဝင်ထားပြီး မက်ဂန် အသံသရုပ်ဆောင်ကလည်း Jenna Davis ပါပဲ။ ဇာတ်လမ်းအကျဉ်း ++++++++++ ပထမကားမှာ စမ်းသပ်ခန်းတစ်ခုလုံးကို အမဲဖျက်ပြီးသောင်းကျန်းသွားတဲ့မက်ဂန်ရဲ့ ဖြစ်စဉ်ကြောင့် အေအိုင်ထိန်းချုပ်ရေး ဥပဒေကို တိုက်တွန်းဖို့ အဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ မက်ဂန်ကို ဖန်တီးခဲ့တဲ့ သိပ္ပံပညာရှင် ဂျမ်မာကလည်း အဲဒီအဖွဲ့တွေမှာ ပါဝင်နေပါပြီ။ ဒါပေမဲ့ အစိုးရ ကာကွယ်ရေးဌာနကတော့ ထုံးစံအတိုင်း နည်းပညာအသစ်တွေ့ရင် လက်နက်ထုတ်ဖို့ပဲ စဉ်းစားလိုက်ပါတယ်။ မက်ဂန်လို စက်ရုပ်တစ်ရုပ်ကို ဝယ်ယူပြီး ကွန်မန်ဒိုအနေနဲ့ စစ်ဆင်ရေးတွေမှာ သုံးဖို့ကြိုးစားလာပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း အမီလီရာ ဆိုတဲ့ စက်ရုပ်က ထိန်းချုပ်မှုလွတ်သွားပြီး သူ့ကိုဖန်တီးခဲ့တဲ့လူအားလုံးကို ပြန်လိုက်ရှင်းပါတော့တယ်။ အဲဒီအချိန်မှာပဲ မက်ဂန်ဟာ ဒစ်ဂျစ်တယ်ပုံစံအနေနဲ့ အသက်ရှင်နေသေးတာကို သိလိုက်ရပြီး ဂျမ်မာနဲ့ကေဒီကို ကာကွယ်ပေးဖို့ သူ့ကိုအသက်ပြန်သွင်းလာပါလို့ တောင်းဆိုလာပါတော့တယ်။ အမီလီရာ နဲ့ မက်ဂန် တို့ အားပြိုင်ကြမလား၊ အေအိုင်နှစ်ရုပ်ပေါင်းပြီးမွှေကြမလား ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြပါ။ File Size…(4.9 GB)/ (1.68GB) / (983 MB) Quality… WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv / mp4 Duration…2h Genre ….. Action , Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr.Anderson

Family • Action • Adventure • Drama
6.7 2025 120 mins
M3GAN 2.0
A Samurai in Time
7.1

A Samurai in Time (2023) IMDb – 7.1/10, RT – 100% Edo ခေတ်ကာလမှာ Shogun ဆန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ Choshu မျိုးနွယ်ဝင်တွေနဲ့ Shogun ထောက်ခံရေးအဖွဲ့ဝင်ဖြစ်တဲ့ Aizu မျိုးနွယ်ဝင်တွေက အချင်းချင်း တိုက်ခိုက်နေကြပါတယ်။ တစ်ရက်မှာတော့ Aizu မျိုးနွယ်ဝင်ဖြစ်တဲ့ ဆာနိုဆကဲနဲ့ ခိုဆကတို့က Choshu မျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ ရာမဂတဟိကိုကုရိုကို အလစ်ဝင်တိုက်ပါတော့တယ်။ ဒီလိုနဲ့ တိုက်ခိုက်နေရင်းမှာပဲ မိုးတွေရွာရင်း လျှပ်စီးလက်ပြီး တစ်လောကလုံးလင်းထိန်သွားပါတော့တယ်။အဲဒီနောက် ခိုဆကတစ်ယောက် သတိရတဲ့အချိန်မှာ သူက နှစ်ပေါင်း ၁၄၀ လောက် အချိန်ခရီးသွားလာမိတဲ့အကြောင်းကို သိသွားပါတယ်။ ဒီလိုနဲ့ ဆာမူရိုင်းတွေမေ့ပျောက်ခံနေရတဲ့ လက်ရှိခေတ်မှာ ဆာမူရိုင်းတွေကို အမှတ်ရစေဖို့အတွက် ခိုဆကတစ်ယောက် သမိုင်းကြောင်းရုပ်ရှင်တွေမှာ စတန့်သမားအဖြစ်နဲ့ အလုပ်ဝင်လုပ်ပါတော့တယ်။ ခိုဆကတစ်ယောက် သမိုင်းကြောင်းရုပ်ရှင်တွေရိုက်ရင်း ကြုံတွေ့ရမယ့်အရာတွေ… ဆာမူရိုင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ပြတ်သားမှုတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ A Samurai in Time ဆိုတဲ့ရုပ်ရှင်က 37 ကြိမ်မြောက် Nikkan Sports Film Awards, 67 ကြိမ်မြောက် Blue Ribbon Awards, 48 ကြိမ်မြောက် Japan Academy Film Prize စတဲ့ ဆုပေးပွဲတွေမှာ ဆုပေါင်း ၇ ဆုရရှိခဲ့တဲ့အပြင် တခြားဆု ၇ ဆုအတွက်လည်း Nominate စာရင်းဝင်ခဲ့ပါသေးတယ်။ ဆာမူရိုင်းရုပ်ရှင်တွေကို စိတ်မဝင်စားတဲ့သူကိုတောင် စိတ်ဝင်တစားဆွဲ‌ခေါ်သွားနိုင်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်တဲ့အတွက် ကြည့်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲ ဖြစ်ပါတယ်) File size… 2 GB / 980 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Benni

Action • Fantasy • Horror
7.1 2023 131 mins
A Samurai in Time