YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Jupiter's Legacy S01 720p WEB-DL [Hindi 5.1 + English] x264 ESub - KatmovieHD.zip

3.2 GB N/A application/x-zip-compressed 351 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Love Hunter
4.6

အသက်နှစ်ဆယ်ဝန်းကျင် ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ ကာဇူအိုဟာ ကျောင်းနေဖက်သူငယ်ချင်း ဟီဆာကိုနဲ့ချစ်ကျွမ်းဝင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဘဝထဲကို ထူးခြားဆန်းကြယ်ပြီးအသိရခက်တဲ့ ကျိုကိုဆိုတဲ့သက်လတ်ပိုင်းမိန်းမလှတစ်ယောက် ဝင်ရောက်လာပါတော့တယ်။ ကျိုကိုဟာ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်တဲ့အသိုင်းအဝိုင်းကလာတဲ့သူဖြစ်တယ်။ ဒါပေမဲ့ အထက်တန်းလွှာရေပေါ်ဆီတွေထုံးစံ အရာရာပြည့်စုံနေတော့ သာယာမှုကိုနည်းမျိုးစုံနဲ့ရှာဖွေရာကနေ ကျော်မကောင်းကြားမကောင်း ဇာတ်လမ်းမျိုးတွေကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ ကာဇူအိုရော ဟီဆာကိုပါ သူတို့ကိုယ်တိုင်မသိလိုက်ခင် ဒီအသိုင်းအဝိုင်းထဲက စည်းဘောင်မဲ့လွတ်လပ်တဲ့၊ နာကျင်မှုတွေနဲ့သာယာမှုတွေနဲ့ရောပြွမ်းနေတဲ့လောကထဲ ဝင်ရောက်မိပါတော့တယ်။ ဒီဇာတ်ကားကတော့ ပါဝင်တဲ့ Incest ဆန်ဆန်လိင်မှုရေးရာခန်းတွေကြောင့် ညစ်ညမ်းမှုနဲ့ တရားစွဲခံရတဲ့အထိဖြစ်ခဲ့ပြီး နှစ်နှစ်နီးပါးတရားရင်ဆိုင်ခဲ့ရသလို အဲဒီတရားစွဲမှုကပဲ ဇာတ်ကားကိုပိုနာမည်ကြီးစေခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 630MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 12Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Fantasy • Horror • Thriller
4.6 1972 73 mins
Love Hunter
Kiss of Death
5.6

ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ... ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Drama
5.6 1995 101 mins
Kiss of Death
American Made
6.9

Online Shopping တွေကနေ ပစ္စည်းမှာရင် Delivery လာပို့တဲ့သူတွေကို သိကြမှာပါ။ ကမ္ဘာပေါ်မှာ ပစ္စည်း Delivery ပို့တဲ့ အလုပ်လုပ်ပြီး ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာသွားတဲ့သူအကြောင်း သိချင်ပါသလား။ ဒါဆိုရင်တော့ ဒီ American Made ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားက မကြည့်မဖြစ် ကြည့်ရှူ့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 1980 မတိုင်ခင်ကစပြီး အမေရိကန်နိုင်ငံတွင်းကို အမေရိကအလယ်ပိုင်းကနေတဆင့် တရားမဝင်မူးယစ်ဆေးတွေ မှောင်ခိုသွင်းလာကြပါတယ်။ အဲ့ထဲမှာ သမီးဖြစ်သူ ဆောင်းတွင်း အရမ်းချမ်းလို့ ဒေါ်လာ ၂ သန်းကို မီးရှို့ပြီး အနွေးဓာတ်ရအောင်လုပ်ပေးဖူးတယ်ဆိုတဲ့ နာမည်ကျော်မူးယစ်ရာဇာကြီး Pablo Escobar လဲ အပါအဝင်ပါပဲ။ ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်မင်းသား Tom Cruise က Barry Seals လို့ခေါ်တဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အစပိုင်းမှာ TWA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေရာကနေ သူ့ရဲ့ လေကြောင်းကျွမ်းကျင်မှုကို သတိထားမိလာကြတဲ့အခါ CIA က စတင်ပြီး တရားမဝင်အလုပ်တွေကို ခိုင်းစေလာခဲ့ပါတယ်။ နောက်ပိုင်းမှာ CIA အပြင် Pablo Escobar ရဲ့ မူးယစ်ဂိုဏ်း၊ သူ့မိတ်ဆွေ ရှိတ်ဖာဆီမှ ရုရှားလက်နက်မှောင်ခိုသွင်းလုပ်ငန်းတို့တွင်ပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး သူရဲ့ အဓိကတာဝန်ကတော့ ကိုကင်း၊ AK-47 သေနတ်၊ လူမှောင်ခိုတို့ကို နယ်စပ်စစ်ဆေးရေးနဲ့ လေတပ်က မမြင်အောင် တစ်နိုင်ငံကနေ တစ်နိုင်ငံကို လျှို့ဝှက်ပို့ဆောင်ပေးရတာပါ။ Barry Seals တစ်ယောက် သူဋ္ဌေးဖြစ်အောင် ဘယ်လိုလုပ်ရသလဲ၊ သူ့မှာ သေချာတဲ့အနာဂတ်ရော ရှိရဲ့လား၊ မိတ်ဆွေအပေါင်းအသင်းတွေကရော တကယ်ယုံကြည်ရသလား ဆိုတာတွေကိုတော့ ဇာတ်ကားကြည့်ပြီး ဆက်လက်ခံစားကြပါ။ လက်ရှိ Imdb rating 7.3 ရရှိထားပါပြီး ဝေဖန်မှုကောင်းတွေ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာဖြိုးပါ) File Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr 55min Format : Mp4 Genre :Action, Biography, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Arkar Phyo Encoded by Thanhtike Zaw

Drama
6.9 2017 115 mins
American Made
Superman I
7.4

Superman I (1978) Extended Cut =============================== ~ IMDb – 7.4/10, RT – 93%, Meta – 82% ~ ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။ အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် နောက်ခံ‌တေးသံကိုဖန်တီးခဲ့တာက စပီးဘာ့ခ်လက်စွဲတော် ဂန္ထ၀င်မြောက် Music Composer ကြီး ဂျွန်ဝီလီယမ်။ ဒါရိုက်တာက ရစ်ချက်ဒွန်နာ။ မင်းသားက စူပါမန်းဆိုတာနဲ့ သူ့ပဲပြေးမြင်ကြတဲ့ Charming အပြည့်နဲ့ ခရစ္စတိုဖာရိဗ်။ Line up ကြီးက ဂေါ်ထွက်နေရုံတင်မဟုတ်ဘဲ Rating တွေကလည်း ဟိုးထိပ်မှာရှိတယ်။ အကောင်းဆုံးမဟုတ်ရင်‌တောင် သမိုင်းအတွင်ခဲ့ဆုံး စူပါမန်းကားပါပဲ။ ခရစ်ပတွန်ဂြိုဟ်ကြီး မပျက်ခင်မှာ စထားပြီး စူပါမန်းအဖေ Jor-El တဖြစ်လဲ မာလွန်ဘရန်ဒိုကြီးရဲ့ ခရစ်ပတွန်ဂြိုဟ်ပေါ်က ဘ၀ကို အရင်ပြထားတယ်။ ခရစ်ပတွန်ဂြိုဟ်ကြီး ပျက်ရပုံတွေ၊ ဗိုလ်ချုပ်ဇော့ဒ်‌တို့ကို နယ်နှင်လိုက်ပုံ‌တွေ၊ စူပါမန်းကို ကမ္ဘာပေါ် လွှတ်လိုက်ပုံ၊ သူတတ်ထားတဲ့ ပညာတွေအကုန် အမွေထည့်ပေးလိုက်ပုံတွေနဲ့ စထားတယ်။ ဒီမှာထူးတာက မာလွန်ဘရန်ဒိုကြီးရဲ့ ဒိုင်ယာလော့တွေနဲ့တင် ခရစ်ပတွန်ဂြိုဟ်ဟာ ဘယ်လောက်ထိ အသိပညာအတတ်ပညာရှေ့တန်းရောက်နေတဲ့ ဂြိုဟ်ကြီးလဲဆိုတာ သိသာအောင်ပြထားတယ်။ ဒီဂြိုဟ်ကြီးပျက်ရခြင်းကိုလည်း ဒဿနိကဆန်ဆန်ပြထားတယ်။ နောက်ကမ္ဘာပေါ် စူပါမန်းရောက်လာပုံတွေ သူ့စွမ်းအားတွေကို ထိန်းချုပ်တတ်အောင် လူတွေအကြောင်းသိအောင် သင်ယူရပုံတွေ ပြထားတယ်။ ထူးတာက စူပါမန်းကားပေမဲ့ မသိမသာနဲ့ ဟာသတွေ တော်တော် ဖောဖော‌သီသီကို ထည့်ထားတယ်။ မသိရင် ဟာသကားလိုလိုပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒဿနိကတွေကိုလည်း မြင်နိုင်တယ်။ မာရီယိုပူဇိုကြီး The Godfather ဇာတ်ညွှန်းရေးပြီး ‌စိတ်အရမ်းလေးနေလို့များ ဖြေချလိုက်‌တယ်လို့ကို ထင်ရတယ်။ ဟာသတွေရော တချို့ဇာတ်၀င်ခန်းတွေကရော ဒီခေတ်နဲ့ဆို နည်းနည်းတော့ တစ်မျိုးဖြစ်ပေမဲ့ Iconic ဇာတ်၀င်ခန်းတွေဆိုတာကိုလည်း တစ်ချိန်တည်းမှာပဲ ခံစားမိနေတယ်။ သူ့ဟာသတွေက အတင်းကြီးလည်းမဟုတ်ပေမဲ့ စူပါမန်းက ဘာကောင်လဲသိနေတဲ့လူတွေအတွက် တော်တော်ရယ်ရတဲ့ဟာသတွေဆိုလည်းမမှားဘူး။ ကလာ့ခ်ကန့်ကိုရော စူပါမန်းကိုရော တော်တော်လေး လူဆန်ဆန်ပုံဖော်ထားတယ်။ ရယ်လည်းရယ်ရ မာစတာပိစ်လည်းဖြစ်သလို Iconic ဖြစ်တဲ့ စူပါဟီးရိုးရုပ်ရှင်မို့ စူပါဟီးရိုးကားကြိုက်ရင်ပဲဖြစ်ဖြစ် ငယ်ဘ၀ကကြည့်ဖူးတာကို ပြန်သတိရချင်ရင်ဖြစ်ဖြစ် ကလပ်စစ်ကားအရသာကို ခံစားချင်ရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ဂန္ထဝင်ရုပ်ရှင်ပါပဲ။ #Christopher Reeve (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.6GB Quality – Extended Cut 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration -3H 8Min Genre – Action, Adventure, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.4 1978
Superman I
Tiku Weds Sheru
3.7

Tiku Weds Sheru (2023) IMDb-3.7/10 ဘောလီးဝုဒ်လောကမှာ ပွဲရှာတာနာမည်ကြီးတဲ့ မင်းသမီးကန်ဂနားထုတ်ပေးခဲ့ပြီး Cameoပါဝင်ထားတဲ့ နဝါးဇ်ရဲ့ရှားရှားပါးပါး Drama/Romanceကားလေးပါ။ ဇာတ်လမ်းလေးကလည်း မဲပြာပုဆိုးတွေက ကွဲထွက်နေတဲ့ ပိုးပုဆိုးလေးလို ထူးထူးခြားခြားဇာတ်လမ်းဇာတ်ကွက် အလန်းလေးမို့ အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ် မင်းသားကြီးနဝါးဇ်ကဒီကားထဲမှာ ဒါရိုက်တာ ဇာတ်ညွှန်း သရုပ်ဆောင်ရူး ပြောရရင် ကိုယ်ပိုင်ဇာတ်ကားရိုက်ချင်နေတဲ့ သရုပ်ဆောင်ရူးလေးပါ ..အကြွေးတွေကလဲတပုံတပင်နဲ့ ဘာမဆို စိတ်နှစ်ပြီးလုပ်တတ်တယ်ဆိုတဲ့ ဆရာကြီးရဲ့တကယ့်အလုပ်ကတော့ ရွှေကြာချိတ်ဆက်ရေးပါ.. ရုပ်ရှင်တွေထဲမှာ ဖြတ်လျောက်လည်းလုပ်တယ်..လုပ်တိုင်းလည်း ခိုင်းသလိုငြိမ်ငြိမ်မနေပဲ တောင်ပြောဝင်ပြောလုပ်လို့ ကန်ထုတ်ခံရပါတယ် အဲ့အချိန်မှာအိမ်ကပေးစားတဲ့ |ရှော်တီလေးကို ပိုက်ဆံလဲရမိန်းမချောချောလေးရဆိုပြီး သပိတ်ဝင်အိတ်ဝင်လက်ထပ်လိုက်ပါတယ် မွမ်ဘိုင်းမြို့ကြီးက အိမ်မက်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတယ် ညတွင်းချင်းတောင် ဘဝတစ်ခုကို ပြောင်းလဲတိုးတက်စေနိုင်တယ်တဲ့ တီကူးတစ်ယောက် သူ့အိမ်မက်တွေ ပြည့်ဝနိုင်ဖို့ ချစ်ရသူကိုမျှော်ကိုးရင်း စောင့်နေခဲ့တာ ကြာပါပြီ ‌တစ်နေ့မှာ မွမ်ဘိုင်းသားကြီးက အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မွမ်ဘိုင်းမြို့ကြီးကို လိုက်ရဖို့ကြံပြီး ကိုနဝါးဇ်(ရှယ်ရူး)နဲ့လက်ထပ်ဖို့ ခေါင်းညိတ်လိုက်ပါတယ် ဇာတ်လမ်းနာမည်အတိုင်း တီကူးနဲ့ရှယ်ရူးတို့ညားကြလေသည်ပေါ့ တယောက်နဲ့တယောက်အကြောင်း သေချာမသိဘဲယူလိုက်ကြတဲ့နှစ်ယောက် တယောက်အရှုပ်အထုပ်တွေကို တယောက်ကသိပြီး အချင်းချင်းဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာတော့….။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Saii~BpL~V~ThaikSanတို့ပဲဖြစ်သည်)

Adventure • Family
3.7 2023
Tiku Weds Sheru
Lilo & Stitch 2: Stitch Has a Glitch
6.2

Lilo & Stitch 2: Stitch Has a Glitch (2005) ============================== IMDb Rating – 6.2/10 Lilo and Stitch (2002) ရဲ့ ဇာတ်သိမ်းမှာ Stitch အပါအဝင် Jumba နဲ့ Pleakly တို့ဟာ နယ်နှင်ဒဏ်အနေနဲ့ ကမ္ဘာမြေမှာထားခဲ့ခံရတာကြောင့် Lilo တို့မိသားစုနဲ့အတူနေလာတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ Lilo တို့ ညီအစ်မနဲ့အတူ လူတွေကြားမှာ နေသားကျလာတဲ့ Stitch လည်း အရင်လို တာတေလန်အောင် သောင်းကျန်းတတ်တာမျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့ Stitch ရဲ့ တည်ငြိမ်မှုက သက်တမ်းကုန်ဆုံးဖို့ဖြစ်လာတော့မှာပါ။ တစ်နေ့ထက်တစ်နေ့ စိတ်ဖောက်သောင်းကျန်းတာတွေများလာပြီး အခြေ အနေပိုပိုဆိုးလာတဲ့ Stitch ကို Lilo တောင် နားမလည်ပေးနိုင်တဲ့အချိန်တွေ ရှိလာပါတော့တယ်။ ပြဿနာအရင်းခံကိုသိနေတဲ့ ဂျမ်ဘာတစ်ယောက် Stitch ကို ပြန်ပြင်နိုင်မယ့်နည်းရှာနေချိန် Lilo နဲ့ Stitch ဆက်ဆံရေးက ပိုပိုဆိုးလာ ပါပြီ။ အကြောင်းမရှိထထဖောက်တဲ့ Stitch ကြောင့် Lilo အရှက်ကွဲပေါင်းများ လာပါတော့တယ်။ ပြဿနာကောင်လို့ အထင်လွဲခံရပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ ပစ်ပယ်မှုကိုပါခံလိုက်ရတဲ့ Stitch ရဲ့ ဇာတ်သိမ်းမှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.13 GB) / (457 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Drama Translator……Hnin Wut Yi Encoder……….Zin Phyo Aung

Comedy
6.2 2005
Lilo & Stitch 2: Stitch Has a Glitch
No One Will Save You
6.5

ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။ အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။ အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလို အတုလိုလို စဉ်းစားရခက်နေတာပါ။ ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရော ဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ The Divergent Series: Insurgent တို့ Love and Monsters တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။ မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable ဆိုတဲ့ စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။ သူနာမည်ကြီးခဲ့တဲ့ Unbelievable စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။ အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲ သူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။ File size… 3 GB / 1 GB / 758 MB Quality… WEB Rip 4k / 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson

6.5 2023 93 mins
No One Will Save You
Honeymoon
5.7

ပေါလ်နဲ့ ထရစ္စီတို့ဟာ ညားကာစလင်မယားဖြစ်ပါတယ်။ မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်ခါနီးမှာ ထရစ္စီနေမကောင်းဖြစ်တာကြောင့် မြို့ကြီးပြကြီးတွေဆီမသွားဖြစ်တော့ဘဲ ထရစ္စီတို့မိသားစုပိုင် သစ်တောအိမ်ကလေးမှာပဲ အနားယူဖို့ထွက်လာခဲ့ကြပါတယ်။ လူသူ အရောက်အပေါက်နည်းတဲ့ တောအုပ်လေးနဲ့ ရေကန်လေးနားက အိမ်ကလေးမှာ ကြင်စဦးဇနီးမောင်နှံနှစ်ယောက် အေးအေးလူလူအနားယူနေကြပါတယ်။ တစ်ညနေမှာ လမ်းလျှောက်ထွက်ရင်း မနီးမဝေးက စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်သွားပါတယ်။ ဆိုင်ထဲကိုရောက်တဲ့အခါ ဆိုင်တစ်ခုလုံးခြောက်ကပ်နေပြီး ဆိုင်ရှင်ကလည်း ရန်လိုတဲ့ပုံစံနဲ့အတင်းနှင်ထုတ်တာကြောင့် လင်မယားနှစ်ယောက် ပြန်ခါနီးဆဲဆဲမှာ ဆိုင်ရှင်က ထရစ္စီကို နာမည်ခေါ်ပြီးနှုတ်ဆက်လိုက်ပါတယ်။ ဆိုင်ရှင်ဟာ ထရစ္စီရဲ့ ငယ်ရည်းစား ဝီလ်ဖြစ်နေပြီး ဝီလ်ဟာအိမ်ထောင်ကျပြီးနောက် ဇနီးဖြစ်သူအန်နီတို့မိသားစုပိုင်ဆိုင်တဲ့ တောကြိုအုံကြားက စားသောက်လေးမှာ နေထိုင်နေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ရှင်ဇနီးဖြစ်သူ အန်နီရုတ်တရက် ရောက်လာပြီး ဧည့်သည်တွေကိုနှင်ထုတ်ပါတော့တယ်။ ဝီလ်ကဇနီးသည်နေမကောင်း ဖြစ်နေတဲ့အတွက် ပြောမိတာဖြစ်ကြောင်း တောင်းပန်ပြီးပြန်လွှတ်လိုက်ပေမယ့် ဧည့်သည်လင်မယားနှစ်ယောက်ဟာ ဆိုင်ရှင်နှစ်ယောက်ရဲ့ ထူးဆန်းတဲ့အမူအရာ တွေကြောင့် သံသယစိတ်တွေနဲ့ ပြန်လာခဲ့ကြပါတယ်။ အဲဒီညမှာပဲ ပေါလ်ဟာ ဇနီးသည်ထရစ္စီတစ်ယောက် အိမ်ထဲကနေရုတ်တရက် ပျောက်သွားတာ သိလိုက်ရပါတယ်။ အိမ်နားပတ်ချာလည်လိုက်ရှာရင်း အနီးက တောအုပ်ထဲမှာ ထရစ္စီတစ်ယောက် အဝတ်အစားမပါဘဲ တစ်ယောက်တည်းငူငူကြီး ရပ်နေတာ တွေ့လိုက်ရပါတော့တယ်။ ထရစ္စီကိုချက်ချင်းပြန်ခေါ်လာပြီး ဖြစ်ကြောင်း ကုန်စင်မေးမြန်းပေမယ့် အိပ်ပျော်စဉ်လမ်းလျှောက်တာဆိုတဲ့ အဖြေကလွဲလို့ ရေရေ ရာရာမသိခဲ့ရပါဘူး။ နောက်နေ့မနက်စကပြီး ထရစ္စီဟာ ရေတိုမှတ်ဉာဏ်တွေ သိသိ သာသာအားနည်းလာတာ ပေါလ်သိလိုက်ရပါတယ်။ ပေါလ်ဟာထရစ္စီကို ဂရုတစိုက် မေးမြန်းပေမယ့် ထရစ္စီကတော့ အဆင်ပြေကြောင်းသာပြောဆိုနေခဲ့ပါတယ်။ ထရစ္စီရဲ့ ပေါင်ရင်းမှာ ဒဏ်ရာတွေတဖြည်းဖြည်းပေါ်လာပြီး ထရစ္စီကိုယ်တိုင်လည်း ပေါလ်နဲ့လင်မယား ကိစ္စမဖြစ်အောင် သိသိသာသာရှောင်ဖယ်လာခဲ့ပါတယ်။ ညဘက်ရောက်တဲ့အခါမှာလည်း အိမ်အပြင်ကနေ ဓါတ်မီးနဲ့ထိုးနေတာတွေ၊ တချွတ်ချွတ်အသံကြားရတာတွေကြောင့် ပေါလ်ဟာ ဒီကိစ္စမှာ ဝီလ်ရဲ့လက်ချက်မကင်းကြောင်းသံသယဝင်လာပါတော့တယ်။ ထရစ္စီရဲ့ရေတိုမှတ်ဉာဏ်ဟာ တစတစဆိုးရွားလာပြီး ပေါလ်နဲ့တွေ့ရင်ပြောရမယ့် စကားတွေကိုပါ ထရစ္စီဟာအခန်းထဲမှာ တစ်ယောက်တည်းကြိုလေ့ကျင့်နေမှန်း သိလိုက်ရတဲ့နောက်မှာတော့ ပေါလ်ဟာသံသယအကြီးအကျယ်ဝင်ပြီး အိမ်ပြန်ဖို့ စီစဉ်ပါတော့တယ်။ အိမ်မပြန်ခင်မှာ သူသံသယရှိတဲ့ဝီလ်နဲ့စာရင်းရှင်းဖို့သွားပေမယ့် ဝီလ်ကိုမတွေ့ရဘဲ သူ့ဇနီးသည်အန်နီကိုသာတွေ့ခဲ့ပြီး အန်နီ့ဆီမှာလည်း ထရစ္စီလို ဒဏ်ရာတွေရှိနေတာ၊ အန်နီရေးထားတဲ့စာတွေက ထရစ္စီရေးထားတဲ့စာတွေနဲ့ တူနေတာတွေ့လိုက်ရတဲ့နောက်မှာ ပေါလ်ဟာထရစ္စီရှိတဲ့ဆီပြန်လာပြီး အကြီးအကျယ် စစ်ဆေးမေးမြန်းပါတော့တယ်။ အဲဒီအချိန်မှာပဲ ထရစ္စီရဲ့ခန္ဓာကိုယ်ထဲကနေထွက်လာတဲ့ အရာဝတ္ထုတစ်ခုကြောင့် ပေါလ်ဟာလုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားချိန်မှာပဲ ထရစ္စီဟာပေါလ်ရဲ့ခေါင်းကို ရိုက်နှက်ပြီးမေ့မျောသွားအောင်လုပ်လိုက်ပါတော့တယ်။ ပေါလ်သတိရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ..။ ထရစ္စီခန္ဓာကိုယ်ထဲကထွက်လာတဲ့အရာဟာဘာလဲ။ ဝီလ်ကကော ဘယ်ရောက်သွားလဲ..။ ဝီလ်ဟာအဓိကလက်သည်ဖြစ်နိုင်လား..။ ဝီလ်ရဲ့ဇနီးသည်အန်နီကကော တကယ်ပဲ စိတ်မူမမှန်နေတာ ဟုတ်ပါ့မလား..။ ထရစ္စီကိုယ်တိုင်ကကော ရိုးရိုးသားသားပဲလား.. ဟန်ဆောင်နေတာလား..။ သူတို့နှစ်ဦးရဲ့ကံကြမ္မာဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြဖို့ Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ရပါတယ်။ File size…1.54GB / 750MB Quality…Blu-Ray 1080p 720p Format…mp4 Duration….1h 27m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

5.7 2014
Honeymoon
Three Wise Men and a Baby
7.6

Three Wise Men and a Baby (2022) ========================== IMDb Rating – 7.6/10 ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။ သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (604 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Ngwe Zin Encoder……….SWM

7.6 2022 84 mins
Three Wise Men and a Baby
The 6th Day

ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။ လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။ လူသားတွေ မွေးထားတဲ့ အိမ်‌မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။ သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။ လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ကိုယ်ပွားဆိုတာရှိလာရင် ဥပဒေအရ ပိုင်ဆိုင်ခွင့်တွေ နေထိုင်ခွင့်တွေမရှိဘဲ ဖျက်ဆီးသတ်ဖြတ်တာခံကြရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူ သူဌေးကြီးတစ်ဦးနဲ့ လူသားပုံတူကူးခြင်းကို အပြည့်အဝ လုပ်ဆောင်နိုင်သူ သိပ္ပံပညာရှင်တစ်ယောက်တို့ ပူးပေါင်းပြီး ဇာတ်ရှုပ်ကြီး လုပ်လိုက်တဲ့အခါ အဒမ် ဂစ်ဘ်ဆင် (အာနိုး) နှစ်ယောက်ဖြစ်လာတဲ့အကြောင်းတွေကို ကြည့်ရှုရမယ့် Old but Gold တစ်ကားဖြစ်ပါကြောင်း။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Science Fiction, Action, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

0 2000
The 6th Day
Friday the 13th Part VIII: Jason Takes Manhattan

Friday the 13th Part VIII: Jason Takes Manhattan (1989) ကိုသေခဲလှကြီး ဂျေဆင်က ခရစ်စတယ်ရေကန်အောက်ကနေ ပြန်ပေါ်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဂျေဆင်က သူ့အိမ်ကွင်းကနေ အဝေးကွင်းကို သွားကန်မှာပါ။ အဝေးကွင်းဆိုတာတောင်မှ ပင်လယ်ကိုဖြတ် နယူးယောက်အထိသွားပြီး ခြေစွာမှာပေါ့လေ။ ခရစ်စတယ်ရေကန်မှာ စက်လှေတစ်စင်းပေါ်ကနေ ချစ်ရည်လူးနေကြတဲ့ စုံတွဲ ချလိုက်တဲ့ ကျောက်ဆူးကြိုးက မြေအောက်ပါဝါလိုင်းကိုချိတ်မိပြီး ဂျေဆင်နဲ့သွားထိ ဓာတ်တွေလိုက်ကုန်ပြီး ကိုဂျေဆင် နိုးလာပြန်ပါပြီ။ အဲဒီစက်လှေကနေတဆင့် ကျောင်းသားတွေ နယူးယောက်ကို လေ့လာရေးသွားကြမယ့် သင်္ဘောပေါ် ဂျေဆင် တက်သွားတယ်။ အလကားတော့ မဟုတ်ဘူး။ အဲဒီသင်္ဘောပေါ်မှာ သူနဲ့ ပဌာန်းဆက်ပါတဲ့ ကောင်မလေးပါနေလို့ဗျ။ ဒီမှာတင် သင်္ဘောပေါ်မှာ တွေ့သမျှလူလိုက်သတ်။ သတ်ရင်းဖြတ်ရင်း ကာလနာတွေတိုက်ပြီး သင်္ဘောကြီး နစ်ပါလေရော။ ဒါတောင်မှပဲ အသက်ကယ်လှေနဲ့ နယူးယောက်အထိ လှော်ပြေးတဲ့ ရှင်သန်ကျန်ရစ်သူတွေနောက် အငြိုးတကြီးလိုက်သတ်သေးတာ။ ခရစ်စတယ်သား ဂျေဆင်ကြီး နယူးယောက်မြို့ပေါ်မှာ သောင်းကျန်းသတ်ဖြတ်တာတွေကို ကြည့်ရဦးမယ့် ၈ ကားမြောက် ဇာတ်ကားပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.1GB Quality – 1080p, 720p Format – mp4 Duration – 1H 40Min Genre – Adventure, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

0 1989
Friday the 13th Part VIII: Jason Takes Manhattan
Novoland

ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။ အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။ မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။ မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ? တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။

0 2024
Novoland
Amber Alert
6

ဒီဇာတ်ကားလေးကတော့ 2012 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Amber Alert ဆိုတဲ့ရုပ်ရှင်ကို remake ပြန်ရိုက်ထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ IMDb မှာ 5.9/10 ဆိုတဲ့ rating ကို ရရှိထားပြီးတော့ အရင်ဇာတ်ကားဟောင်းရဲ့ ဒါရိုက်တာကပဲ ဒီဇာတ်ကားအသစ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ Tyler James Williams, နာမည်ကြီး Heroes series နဲ့အတူ နာမည်ရလာတဲ့ Hayden Panettiere, ဝါရင့်သရုပ်ဆောင်ကြီး Kevin Dunn တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အနောက်နိုင်ငံတွေမှာ ကလေးပြန်ပေးဆွဲမှုဖြစ်ပြီဆိုရင် AMBER alert ဆိုတဲ့ သတိပေးချက်ကို ထုတ်ပြန်ပြီးတော့ ဒေသခံတွေရဲ့အကူအညီနဲ့ အတူ တရားခံကိုဖမ်းဆီးပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Jacqueline နဲ့ Shane ဆိုတဲ့ ဒေသခံနှစ်ယောက်က ပြန်ပေးဆွဲတရားခံကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးကြပုံကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Thriller Genre ဖြစ်တာနဲ့အညီ ကြည့်ရှုသူတွေကို Plot twist တွေနဲ့ အသည်းတယားယားဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအသွားက တကယ်မိုက်ပြီးတော့ ရသမျိုးစုံပေးစွမ်းနိုင်ကာ ကြည့်ရှုသူပရိသတ်ကို ဇာတ်လမ်းအဆုံးထိ ခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File size…1.12GB / 642 MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

6 2024 91 mins
Amber Alert
Tom and Jerry: The Magic Ring
Asterix & Obelix Take on Caesar

ပိတ်ရက်မှာပဲ ဖြစ်ဖြစ် အားလပ်ချိန်မှာပဲ ဖြစ်ဖြစ် အနားယူချိန်မှာ serious မဖြစ်ပဲ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ အမျိုးစားလေးဖြစ်ပါတယ် ။ဒီကားလေးကတော့ ဥရောမမှာ အောင်မြင်ခဲ့တဲ့ ပြင်သစ်ရုပ်ပြ ကာတွန်းကနေ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ခပ်တုံးတုံး ရှိပေမဲ့ စွမ်းအားကြီးတဲ့ အိုဘိလိစ် ရယ် ဉာဏ်ကောင်းတဲ့ သူငယ်ချင်း အက်စထရိစ် တို့ဖြစ်ပြီး သူတို့ရဲ့ ရွာကို ကျူးကျော် လာတဲ့ ရောမတွေ ရန်ကနေ ကာကွယ်တဲ့ စွန့်စားခန်းကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ခံစားရမှာပါ ၊ ခေတ်ကတော့ ဂျူးလိယက် ဆီဆာရဲ့ ခေတ်ကို အခြေပြုထားပြီး ၊ ဆီဆာက အိုဘိလိစ် တို့ ဂေါလ်ရွာကို ဘာကြောင့် တိုက်ခိုက်လဲ ၊ ‌ဒီထရိကျုစ် ဆိုတဲ့ ဆီဆာ့ရဲ့ အမှုထမ်းက ဘယ်လို လှည့်စားမလဲ ၊ ဂေါလ်တွေရဲ့ လျို့ဝှက်လက်နက် ဖြစ်တဲ့ မှော်ဆေးရည်ကိုသောက်လိုက်တာနဲ့ အင်အားကြီးလာတဲ့ ဂေါလ်တွေကို ဆီဆာ့ တပ်တွေ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ် ကလေးရော လူကြီးပါ မိသားစုနဲ့ ပေါ့ပေါ့ပါးပါး အပန်းပြေစေမယ့် ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ် File size… (2.7 GB) / (1.5 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Family,Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kafka

Drama
0 1999
Asterix & Obelix Take on Caesar