YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Julie.and.Julia.480p.BrRip.CM.mp4

459.68 MB N/A video/mp4 20 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Emancipation
7.9

အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး survivalဆန်ပါတယ်။ ဒါမျိုး vibe​တွေကို ကြိုက်သူ​တွေအတွက် Apple+ က​နေ setting​ ကောင်း​ကောင်းနဲ့ ရှယ်ကိုတင်ဆက်​ပေးထားလို့ Will Smith ရဲ့ ပရိသတ်​တွေ​ရော၊ အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူ​တွေပါ မ​နော​ခွေ့ကြမှာပါ။ File size…2.89GB  / 1.15GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX & Thet Hnin Hsu

Action • Adventure • Comedy • Crime • Thriller
7.9 2022 132 mins
Emancipation
Sniper: The White Raven
7.6

Imdb-4.8/10 Rotten Tomatoes -86% Voices from the Balcony-4/5 Genre-War,Action, Drama Google users -85% liked this film ယူကရိန်းလို့ပြောလိုက်တာနဲ့ ပူတင်နှင့်ရုရှားကိုပါတွဲမြင်ကြမှာပါ ရုရှားတွေက ယူကရိန်းကို ဒုက္ခပေးကျူးကျော်ဖို့ချောင်းနေတာ အခု 2022မှမဟုတ်ပါဘူး 1994မှာ ယူကရိန်းဟာဆိုဗီယက်အမွေအနှစ်လက်ကျန် Nuclear လက်နက်တွေကို အမေရိကန်၊ဗြိတိန် နှင့်ရုရှားတို့ရဲ့ လုံခြုံရေးအာမခံပေးမှုကြောင့် ဖျက်သိမ်းခဲ့ပါတယ် ဒါပေမဲ့ ရုရှားတွေက 2014မှာ ယူကရိန်းပိုင်ကရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ပြီးအရှေ့ဘက်Donbassဒေသကိုကျူးကျော်ခဲ့ပါတယ် ဒီMovieကတော့ 2014ကရုရှားတို့ကျူးကျော်ချိန်မှာ Donbass region ကျေးလက်ဒေသ မှာအ‌ခြေချနေထိုင်သူမိုင်ကိုလာ ဗော်ရိုနမ်ကိုတို့လင်မယားရဲ့ကြေကွဲစရာအဖြစ်အ‌ပျက်ပေါ်အခြေခံထားပါတယ် မိုင်ကိုလာက ဒေသဆိုင်ရာကျောင်းမှာ ရူပဗေဒဆရာတစ်ယောက်ဖြစ်ပြီ ရူပ‌ဗေဒ၊ သင်္ချာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့သုံးခုတောင်ရရှိထားတဲ့ ပညာတတ်တစ်ယောက်ပါ ထို့အပြင် မိုင်ကိုလာတို့လင်မယား က စစ်ပွဲကိုဆန့်ကျင်သူ (ဝါ)ငြိမ်းချမ်းရေးဝါဒီတစ်ဦးဖြစ်ပါတယ် သို့ပေမဲ့ ရုရှားတပ်တွေကျူးကျော်တဲ့နေ့မှာပဲကိုယ်ဝန်လွယ်ထားရတဲ့ မိုင်ကိုလာဇနီးကို သူလျိုလို့စွပ်စွဲပြီး ရုရှားစစ်သားတွေကပစ်သတ်သွားပါတယ် မိုင်ကိုလာတို့အိမ်ကိုလည်းမီးရှို့သွားပါတယ် ရုရှားတွေရဲ့မိုက်မဲမှုက အိပ်နေတဲ့ ကျားကိုသွားလှုပ်နိုးသလိုဖြစ်ပြီး မိုင်ကိုလာက ယူကရိန်းလွတ်မြောက်ရေးစစ်တပ်ထဲဝင်ခဲ့ပါတယ် မိုင်ကိုလာတစ်ယောက်စနိုက်ပါဘဝကိုခံယူပြီး ကို့ယ်နိုင်ငံကိုကျူးကျော်လာတဲ့စစ်မိစ္ဆာတွေကို ဘယ်လိုတိုက်ထုတ်ပြီးဇနီးသေဆုံးမှုအတွက် ကလဲ့စားချေပုံကိုမြင်တွေ့ရမှာပါ ဒီMovieရဲ့အခြားWar action Movieတွေနဲ့ကွဲပြားတဲ့ အလွန်ထူးခြားတဲ့အချက်က လက်ဖြောင့်တပ်သားတစ်ယောက်ရဲ့ တွက်ချက်ပုံ စိတ်ရှည်မှု နည်းစနစ်တွေကို အတိအကျဖော်ပြထားတာတွေ့ရမှာပါ File size…(2.05GB)/(1.03GB)/(667MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama /  War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Kevin

Crime • Drama • Mystery • Thriller
7.6 2022 120 mins
Sniper: The White Raven
World Ends at Camp Z
3.8

World Ends at Camp Z(2021) Julianလို့ခေါ်တဲ့လူငယ်လေး Camping La taque လို့ခေါ်တဲ့ စခန်းချခရီးထွက်လို့ရတဲ့နေရာမှာ ငယ်ငယ်ထဲကကြီးပြင်းလာတာပါ တကမ္ဘာလုံးကပ်ရောဂါဖြစ်နေတဲ့အချိန်မှာပဲ သူအရမ်းချစ်တဲ့အဲ့ဒီနေရာကို သူဦးလေးစတန်နဲ့ ဦးလေးသူငယ်ချင်းကလေးတို့က ရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ် ဝယ်မယ့်သူတွေဖြစ်တဲ့ Aaaron Prince နဲ့သူ့ရည်းစာလည်းဖြစ်ရှေ့နေလည်းဖြစ်တဲ့Venessaeတို့အုပ်စုက ကြိုတင်လေ့လာတဲ့သဘောနဲ့ Camping La taque ကို‌အလည်လာကြပါတယ်Julianကိုလည်း ဝယ်ပြီးရင်ဒီနေရာကိုဘာမှမပြောင်းလဲဘဲဒီအတိုင်းထားမယ်ဆိုပြီးVenessaeက ချွေးသိပ်‌လိုက်ပါတယ် ဒါပေမဲ့ Aaaron Prince နဲ့အပေါင်းအပါတစ်သိုက်ရဲ့ရည်ရွယ်ချက်အမှန်က အဲ့ဒီလိုမဟုတ်ပါဘူး အဲ့ဒီလိုJulianက သူ့နေရာကိုမရောင်းရဖို့နည်းလမ်းပေါင်းစုံထုတ်သုံးနေတဲ့အချိန်မှာ Pandemic Virusက မထင်မှတ်ထားတဲ့ Mutation ဝင်သွားတဲ့အခါမှာတော့... File size…(1.35GB)/(721MB)/(421MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Action / Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Kevin

Drama • Romance
3.8 2021 90 mins
World Ends at Camp Z
Haunted Universities 2nd Semester
4.3

တက္ကသိုလ်တွေတိုင်းမှာ ကြောက်မက်ဖွယ်ရာ သရဲပုံပြင်တွေရှိကြသလို ဒီဇာတ်လမ်းမှာလည်း ကျောင်းသူကျောင်းသားတွေကြားမှာ ပြောလေ့ရှိတဲ့ သရဲဇာတ်လမ်းသုံးခုကို တင်ဆက်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Haunted Universities ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး သရဲတွေကို ​ကျောင်းတက်ရင်းမြင်နေရတဲ့ သူငယ်ချင်းနှစ်ယောက်၊ အထိမ်းအမှတ်နေ့မှာမှ သေဆုံးခဲ့ရပြီး စိတ်စွဲနေခဲ့တဲ့ဆေးကျောင်းသားလေး နဲ့ ကျောင်းမပြီးခဲ့လို့သေသွားခဲ့တဲ့စီနီယာ၊ နှလုံးဖောက်ပြီးသေဆုံးခဲ့ရတဲ့ ဆရာမ၊ ကချေသည်သရဲဆိုတဲ့ ရာဇဝင်တွေရှိတဲ့ အဆောက်အဦးဟောင်းကြီး အစရှိတဲ့သရဲပုံပြင်တွေထဲက ကြောက်မက်ဖွက်ရာသရဲဝိဥာဥ်တွေရဲ့ စွဲလမ်းမှုတွေကို ကြောက်စရာ သနားစရာအပြင် ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတဲ့ "Haunted Universities 2nd Semester" ကို ကြည့်ရှူကြရအောင် ။ ထျန် အဖြစ် James Teeradon တျန် အဖြစ် Nana Sawanya မေ ဆာအဖြစ် Music Praewa တိုင် အဖြစ် Care Panisara ဂေါပ့် အဖြစ် Kit Krit မင် အဖြစ် Belle Kemisara ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__02:10:00 Type__Comedy, Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Thriller • War
4.3 2022 130 mins
Haunted Universities 2nd Semester
Ayngaran
5

ဒီတစ်ခါမှာတော့ Tamil ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်၊ စိတ်ဝင်စားပါတယ် ဆိုတဲ့ သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု ရုပ်သံအကြည် ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ အပြိုင်ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ... တစ်ဖက်က သိပ္ပံနည်းကျ ပစ္စည်းတွေ တီထွင်ဖန်တီးရတာကို အရမ်းဝါသနာပါတဲ့ "မာသီ"၊ တစ်နေ့တစ်နေ့ သူ့ရဲ့ဖန်တီးမှုတွေကို အသိအမှတ်ပြုခံရဖို့ ကြိုးစားပေမဲ့လည်း ငြင်းလွှတ်ခံရတာကို အသားကျနေရတဲ့ အိပ်မက်ကြီးကြီးနဲ့ လူငယ်တစ်ယောက်၊ မတရားတာတွေ့ရင်လည်း ငြိမ်မနေနိုင်သလို လူတွေကိုကူညီပေး အကျိုးပြုပေးတတ်တဲ့သူ ... တစ်ဖက်မှာတော့ အစီအစဉ်တွေကို အကြီးအကျယ်ချထားပြီး လက်ဝတ်ရတနာဆိုင်တွေက စိန်တွေကိုမှ သီးသန့်လိုက်ဖောက်ထွင်းခိုးယူနေတဲ့ လူ ၆ ယောက်တစ်စု ... အဲ့လူ ၆ ယောက်နဲ့ "မာသီ" ဘယ်လိုတွေ့ဆုံကြမလဲ? တွေ့ဆုံရာကနေရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ Tamil ဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ကား အစကတည်းကပါတဲ့ သီချင်းမြူးမြူးလေးတွေကိုပါ လိုက်ပါခံစားလို့ရအောင် ဘာသာပြန်တင်ဆက်ပေးထားပါကြောင်း သတင်းကောင်းပါးရင်း ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.7GB, 1.3GB, 696MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr & 17mins Genre : Action, Drama Translated by Moe Lay & Chothet_mlmt Encoded by Kinnov

Comedy • Drama • Romance • TV Movie
5 2022 135 mins
Ayngaran
Night School
6.2

၀၁၉ နှစ်သစ်အချိန်အခါသမယလေးမှာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးမယ့် ပျော်ရွှင်စရာ ရယ်မောစရာ ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်… Kevin Hart , Tiffany Haddish စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေပါဝင်တဲ့အတွက် ပျော်ရွှင်ရယ်မောရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။…. တက်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စာမကြိုးစားချင်ဘဲ အထက်တန်းကျောင်းကထွက်လာတဲ့ လူတစ်ယောက်ဖြစ်ပြီး အပြင်လောကကြီးကို စာသင်ကျောင်းသဖွယ်မှတ်ယူထားသူပေါ့… အထက်တန်းကျောင်းကနေထွက်ပြီး ၁၅ နှစ်ကြာတဲ့အချိန်မှာ အောင်မြင်တဲ့အရောင်းသမားတစ်ဦးအဖြစ်ရှိနေစဉ်ကာလမှာ သူအလုပ်လုပ်ရာဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အလုပ်ကနေပြုတ်ခဲ့ပါတယ်… အထက်တန်းလွှာက အင်ဂျင်နီယာတစ်ယောက်ကို ရည်းစားတော်ထားတဲ့ တက်ဒီဟာ သူ့ရည်းစားစိတ်မပျက်ရလေအောင် အလုပ်ရှာဖို့ကြိုးစားပါသော်လည်း အထက်တန်းမအောင်တဲ့သူ့အတွက် လစာကောင်းတဲ့အလုပ်တွေ မရနိုင်လို့ အထက်တန်းအောင်လက်မှတ်ရဖို့ ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

History • Romance • War
6.2 2018 111 mins
Night School
Humming
6.2

လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။ အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။ သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။ ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက် အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.52GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Crime • Drama
6.2 2008
Humming
Marichi
8.8

Marichi 2023 မရဏပန်း IMDb – 8.9/10 ဆရာဝန်တွေကိုပဲ ရွေးချယ်ပြီး သတ်နေတဲ့ လူတစ်ယောက်၊ သူဟာ လူသတ်ပြီးသွားရင်လည်း ပန်းလေးတစ်ပွင့်ကို သူသတ်ပါတယ်ဆိုတဲ့အနေနဲ့ အမြဲချန်ထားခဲ့တဲ့ လူသတ်သမား၊ ဆရာဝန်တွေကို သတ်တဲ့အခါမှာလည်း သူ့ရဲ့ပုံစံထဲကနေ သတ်တယ်ဆိုပေမဲ့လို့ မတူညီတဲ့နည်းလမ်းတွေနဲ့သတ်တဲ့သူ။ ဒီ ဆိုက်ကိုပါ့သ်လူသတ်ကောင်ကို ဖမ်းဖို့ တာဝန်ပေးခဲ့ရတဲ့ ဘိုင်ရာ့ဗ်ဆိုတဲ့ အရာရှိနဲ့ ဆိုက်ကိုပါ့သ်လူသတ်ကောင်တို့ကြား ဉာဏ်ချင်းယှဉ်ပြိုင်ကြရင်း ကြားထဲကနေ ဆရာဝန်ဘယ်‌နှစ်ယောက်လောက် အသတ်ခံရပြီးမှ ဒီလူသတ်သမားကို ဖမ်းမိသွားမှာလဲ………. ဒီဆိုက်ကိုပါ့သ်လူသတ်ကောင်ကရော ဘာလို့ ဆရာဝန်တွေကိုမှ ရွေးသတ်နေရတာလဲ …… ဘိုင်ရာ့ဗ်ကရော ဒီအမှုကို ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာကို လျှို့ဝှက်ဆန်ဆန်နဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023
Marichi
Birthmark
7.6

Birthmark 2024 ပြန်လည်မွေးဖွားခွင့် IMDb- 7.7/10 လူတစ်ယောက်ရဲ့အနိမ့်ပါးဆုံးအချိန် အသက်ဆက်ရှင်လိုတဲ့ဆန္ဒတွေ ပျောက်ဆုံးနေချိန်မှာ အလိုအပ်ဆုံးကတော့ သူဆက်ပြီးရှင်သန်နေဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ သေခြင်းရှင်ခြင်းဆိုတာ အတွေးတစ်ချက်မှာတင် ကိစ္စပြတ်သွားနိုင်တဲ့ဒီလိုကာလမှာ ကောက်ရိုးတစ်မျှင်ဆိုရင်တောင် လှမ်းဆွဲထားချင်ကြတာပဲမဟုတ်ပါလား။ အခုဒီဇာတ်လမ်းလေးထဲမှာတော့ အိန္ဒိယဗိုလ်ကြီးဒန်နီရယ်ရဲ့မျှော်လင့်ချက်က သူ့မိန်းမဖြစ်တဲ့ဂျန်နီပါပဲ။ သိပ်ချစ်လို့လက်ထပ်ခဲ့ကြတဲ့ ဂျန်နီနဲ့ဒန်နီရယ်တို့မှာ ကြာကြာကြည်နူးခွင့်မရပါဘူး။ တိုင်းပြည်တာဝန်ကိုထမ်းပိုးထားရတဲ့ လူဆိုတော့ လင်ယောက်ျားကို အပြည့်အဝပိုင်ဆိုင်ခွင့်သူ့မှာမရှိရှာပါဘူး။ ဒီလိုနဲ့ ဒန်နီရယ်လည်းစစ်ထွက်၊ စစ်ပွဲမှာ ပြန်ပေးဆွဲခံရပြီး ၆ လ သုံ့ပန်းဘဝနဲ့နေခွင့်ရပြီးမှ သူ့မိန်းမဆီကိုပြန်လာတဲ့အခါမှာတော့ ချစ်ဇနီးချောက တစ်ကိုယ်တည်းမဟုတ်တော့ဘဲ နေ့စေ့လစေ့ အချစ်စုဘူးလေးနဲ့ ဖြစ်နေပါသတဲ့။ သူစစ်ထွက်ပြီး အဖမ်းခံရတာက ၆ လ ပြန်လာတော့ချစ်ဇနီးက ဗိုက်ပူနေပြီမလို့ ဒန်နီရယ်ဘဝင်မကျတော့ပါဘူး။ အဲဒီအပြင် ဇနီးသည်က ချူချာနေပြီးတော့ ကလေးဖွံ့ဖြိုးမှုနှုန်းကလည်း နှေးနေပြန်တော့ ဒန်နီရယ်တစ်ယောက် မိ န်းမကိုဘာမှသေချာမပြောပြဘဲ ဒါဗန်သရီသဘာဝနည်းနဲ့မီးဖွားပေးတဲ့ရွာကို ဇွတ်ခေါ်လာပါသတဲ့။ နဂိုထဲက ကိုယ်ဝန်ဆောင်ကာလမှာ ယောက်ျားကမရှိ ကလေးကလည်းမကျန်းမာလို့ ပင်ပန်းရတဲ့ထဲ ယောက်ျားကပြန်လာတော့လည်း အပြုအမူကထူးဆန်း စိတ်ကလည်းဆတ်နေတဲ့အပြင် အရင်လိုနွေးနွေးထွေးထွေးမရှိ သူ့ကိုလည်းဘာမှမပြောပြတော့ စစ်ထဲမှာဘာဖြစ်လာမှန်းမသိရတဲ့အပြင် ဆရာဝန်တောင်မရှိတဲ့ ဒါဗန်သရီမှာ ကလေးလာမွေးခိုင်းတော့ ဂျန်နီကလည်း ကလန်ကဆန်၊ ဒန်နီရယ်ကလည်း သူ့ကိုပဲဇွတ်ယုံခိုင်းနေတဲ့အခါမှာတော့… ပြဿနာတွေအလီလီရှုပ်နေတဲ့ကြားက သိပ်ချစ်ကြတဲ့သူတို့နှစ်ယောက်ကြားက အေးစက်သွားတဲ့သံယောဇဉ်တွေ ဗိုက်ထဲကကလေးနဲ့အတူ ပြန်လည်မွေးဖွားလာမလားဆိုတာကို ဆက်လက်ရှုစားကြပါစို့လား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်)

7.6 2024 123 mins
Birthmark
White Bird
7.3

ဒီဇာတ်ကားကတော့ မင်းသမီးကြီး Helen Mirrenပါဝင်ထားပြီး IMDb 7.3/10 ရရှိထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ဇာတ်အိမ်က ယနေ့ခေတ်မှာတည်ထားပေမယ့် အဓိကကတော့ ပြင်သစ်ကို နာဇီတွေမင်းမူနေပြီး သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျူးလူမျိုးကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြတဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ယနေ့ခေတ်မှာ ဂျူလီယန်ဟာ အရင်ကျောင်းအဟောင်းကနေအထုတ်ခံခဲ့ရပြီး ကျောင်းအသစ်ကိုရောက်ခဲ့ပေမယ့် အရင်ကျောင်းကအတိတ်တွေကြောင့် သူ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုဆိုရင်သေချာမဆုံးဖြတ်နိုင်ပဲ လမ်းပျောက်နေခဲ့တာပါ။ ဒါ့ကြောင့်ပဲ သူ့ရဲ့အဖွားဟာ ဂျူလီယန်ရဲ့ဘဝကိုပြောင်းလဲစေနိုင်ဖို့ သူမရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့ငယ်ဘဝကတော့ ဂျာမန်တွေအပိုင်သိမ်းထားတဲ့ပြင်သစ်မှာ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ထွက်ပြေးရင်းနဲ့ ကောင်လေးတစ်ယောက်က သူမကိုကယ်ခဲ့ပါတယ်။ အဲဒီကနေ သူတို့က အချစ်ဦးတွေဖြစ်ခဲ့ကြတာတွေ၊ စပါးကျီထဲမှာပုန်းနေရတဲ့သူမအတွက် စိတ်ကူးယဉ်ကမ္ဘာကိုဖန်တီးကြတာတွေ၊ ဂျာမန်တွေကိုပုန်းရှောင်ခဲ့ရတာတွေနဲ့ ကောင်လေးရဲ့မိဘတွေဟာ သွေးမတော်သားမစပ်ပေမယ့် သူမကိုအတတ်နိုင်ဆုံးစောင့်ရှောက်ခဲ့တာတွေကို ပုံပြင်ရှည်ကြီးတစ်ခုလို ပြောပြသွားတာကြောင့် မိတ်ဆွေတို့လဲ လိုက်ပါစီးမြောမိမှာပါ။ ဒီတော့ ဒုတိယကမ္ဘာစစ်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကို အခုပဲကြည့်ရှုခံစားလိုက်ကြတာပေါ့။ File size…(1.9 GB GB)/(930 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre… Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

7.3 2024
White Bird
Lust, Caution
7.6

Lust, Caution (2007) IMDb Rating (7.6) / Rotten Tomatoes (73%) အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို အမွှန်းတင်တဲ့ကားဖြစ်နေတာကြောင့်ရော လိင်မှုခန်းတွေ အသက်ဝင်လွန်းတာကြောင့်ရော တရုတ်အစိုးရက သဘောမကျခဲ့သလို ထျန်းဝေကိုယ်တိုင်လည်း တရုတ်မှာ နှစ်ပါင်းများစွာ ရုပ်ရှင်ရိုက်ခွင့်အပိတ်ခံခဲ့ရတယ်။ ဇာတ်အိမ်တည်ထားတာက ၁၉၃၈ဟောင်ကောင်နဲ့ ၁၉၄၂ရှန်ဟိုင်းမှာ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တစ်နှစ်နဲ့ မပြီးသေးခင်ကာလပေါ့။ ၁၉၃၇မှာ တရုတ်ပြည်ကို ဂျပန်တွေ ဝင်ကျူးကျော်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၃၈မှာ ဟောင်ကောင်က လင်းနန်တက္ကသိုလ်မှာ ဝမ်ကျားချီဆိုတဲ့ ကောင်မလေးက ကျောင်းလာတက်တယ်။ ဒီအချိန်မှာ ဝမ်ကျားချီဟာ ယင်ဖိုတောင်မသန်းဖူးသေးတဲ့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ရိုးသားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ဝမ်ကျားချီဟာ တက္ကသိုလ်မှာ မျက်စိပွင့်နားပွင့်အမြင်ကျယ်လာသလို အပေါင်းအသင်းတွေလည်းရလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းမတစ်ယောက်ကနေတစ်ဆင့် တက္ကသိုလ်ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကွမ်ယုမင်နဲ့ ချိတ်မိသွားတယ်။ ကွမ်ယုမင်က ဝမ်ကျားချီကို မင်းသမီးတင်ပြီး မျိုးချစ်ပြဇာတ်တစ်ပုဒ်ကရာမှာ တော်တော်လေးအောင်မြင်သွားခဲ့တယ်။ မျိုးချစ်စိတ်ဓာတ်တွေလည်း ပိုများလာခဲ့တယ်။ ဒီလိုနဲ့ ကွမ်ဟာ သူ့အစ်ကိုရဲ့သူငယ်ချင်းဖြစ်တဲ့ တရှိုနဲ့သွားတွေ့တယ်။ တရှိုက အဲဒီအချိန်မှာ ဂျပန်အလိုတော်ရိဖြစ်နေတဲ့ ဝမ်ကျင်းဝေရဲ့ ထိပ်တန်းအေးဂျင့်ဖြစ်တဲ့ မစ္စတာရီဆိုတဲ့လူဆီမှာ အလုပ်လုပ်နေတာသိတော့ သူတို့တွေ ဂျပန်အလိုတော်ရိ မစ္စတာရီအိမ်ထဲ ချည်းဝင်ပြီး လုပ်ကြံဖို့ကြံကြတယ်။ ပြဇာတ်လောက်နဲ့တင်းတိမ်မနေဘဲ တကယ့်သစ္စာဖောက်တွေကို သတ်ရမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီလိုနဲ့ သူတို့ တရှိုရဲ့အချိတ်အဆက်ကိုသုံးပြီး မစ္စတာရီနဲ့ ရင်းနီးလာအောင်လုပ်ကြတယ်။ ပြဇာတ်သမားတွေဆိုတော့ သူတို့ချည်းကပ်ပုံကလည်း ပြဇာတ်ဆန်ဆန်ပါပဲ။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မစ္စတာမာနဲ့ သူ့မိန်းမ မဒမ်မာအနေနဲ့ သရုပ်ဆောင်ပြီး ရှန်ဟိုင်းက လာတာမို့ ဟောင်ကောင်ကို သိပ်မကျွမ်းသေးတဲ့ မစ္စတာရီ့ဇနီးကို ဟောင်ကောင်ကို လိုက်ပတ်ပြပေးမယ်ဆိုပြီး ချဉ်းကပ်ခဲ့တယ်။ မဒမ်ရီနဲ့ ရင်းနှီးသွားတဲ့နောက် မဒမ်မာတစ်ဖြစ်လဲ ဝမ်ကျားချီဟာ မစ္စတာရီတို့အိမ်ကို အမြဲလိုမာကျောက်သွားကစားပြီး သူတို့ကြားပိုရင်းနှီးလာအောင်လုပ်ခဲ့တယ်။ အောင်မြင်ခဲ့ပါတယ်။ ဝမ်ကျားချီဟာ မစ္စတာရီ သူ့အပေါ် အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားလာအောင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ မစ္စတာရီက သူ့ကိုစိတ်ဝင်စားလာတဲ့နောက် သူ့ခန္ဓာကိုပါ ဆက်ရင်းဖို့ လုပ်ခဲ့တယ်။ ဒီနေရာမှာ သူက မဒမ်မာအနေနဲ့ နေနေတာဆိုတော့ အပျိုဖြစ်နေလို့မရသလို အတွေ့အကြုံမရှိမဖြစ်နေလို့လည်း မရတာကြောင့် သူတို့ထဲက တစ်ယောက်နဲ့ သူပန်းဦးခြွေခဲ့တယ်။ ဒီအခန်းရဲ့ရက်စက်မှုကတော့ ဝမ်ကျားချီရဲ့နောက်ပိုင်း ရမ္မက်ကြီးမှုတွေမှာ ဖုံးသွားသလိုလိုရှိပေမဲ့ သူချစ်တဲ့သူရှေ့မှာတင် တခြားတစ်ယောက်ဆီ ခန္ဓာပေးခဲ့ရတဲ့အထိ ရက်စက်မှုမျိုးဟာ ဒီအပြာရောင်သန်းတဲ့အခန်းတွေနောက်မှာ ကွယ်ဝှက်နေခဲ့တယ်။ ဒီလောက်ထိ လုပ်ခဲ့ကြပေဲ့လည်း အထက်က အမိန့်မရတာကြောင့် ဘာမှဆက်မလုပ်နိုင်နေတဲ့အချိန် မစ္စတာရီက ရှန်ဟိုင်းကိုပြန်ရဖို့အကြောင်းဖန်လာပြီး သူတို့ရဲ့ တော်လှန်ရေးအိပ်မက်ဟာ ပျက်သုဉ်းသွားတယ်။ ဇာတ်ရဲ့နောက်ထပ်ကာလက လေးနှစ်အကြာ ၁၉၄၂မှာ ရှန်ဟိုင်းမှာ ဝမ်ကျားချီပြန်ရောက်နေတာက စတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ပေါ့။ ဂျပန်တွေက တရုတ်ကိုသိမ်းထားတုန်းပဲ။ ဝမ်ကျင်းဝေကလည်း ရုပ်သေးအစိုးရရဲ့ သမ္မတဖြစ်နေပြီ သူ့အောက်က မစ္စတာရီကလည်း ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်နေပြီ။ ချိန်ကေရှိတ်တို့ ပြည်တွင်းစစ်ရှုံးပြီး ထိုင်ဝမ်ကို မကူးခင်ကာလပေါ့။ ဝမ်ကျင်းဝေရဲ့ အဓိကရန်ဘက်က ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ။ ရှန်ဟိုင်းက ပြည်သူတွေ နိုင်ငံခြားသားတွေကတော့ ဒုက္ခတွေ ပေါင်းစုံနေအောင် ခံနေရပြီ။ မစ္စတာရီကလည်း သတိလည်းပိုကြီးလာသလို သူ့အာဏာကလည်းပိုကြီးလာတဲ့အလျောက် သူ့ကိုလုပ်ကြံဖို့ဆိုတာ တော်တော်ခက်သွားပြီ။ တော်လှန်ရေးသမားတွေအနေနဲ့ သူ့ကိုလုပ်ကြံဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီအချိန်မှာ ကွမ်ယုမင်ကလည်း ကူမင်တန်ထောက်လှမ်းရေးအေးဂျင့်ဖြစ်နေပြီ။ သူက ဝမ်ကျားချီကိုလာရှာပြီး သူတို့အပြီးမသတ်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကို ပြန်စဖို့ကြံကြတယ်။ Spoilerd Alert အန်းလီဟာ Lust, Cautionရဲ့ ဇာတ်က ကျွန်တော်တို့ကို ခေါ်သွားချင်တဲ့နေရာဆီ အရင်ခေါ်သွားပြီးမှ နောက်ပြန်ခေါ်ပြီး ဒီနေရာဆီ ဘယ်လိုရောက်လာခဲ့လဲ တဖြည်းဖြည်းချင်း ရုပ်လုံးပြန်သွင်းပြထားတယ်။ ပြောရရင် ဝမ်ကျားချီဟာ မစ္စတာရီကို မဒမ်မာအဖြစ် မလှည့်စားခင် ကျွန်တော်တို့ကို အရင်လှည့်စားသွားခဲ့တယ်။ Lust, Cautionရဲ့ တရုတ်နာမည်ဟာ လက်စွပ်ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်သေးတယ်။ အန်းလီဟာ စစမှာတင် ဒီကားရဲ့ symbolicဖြစ်တဲ့ လက်စွပ်ကိုလည်း ထည့်ပြောထားခဲ့တယ်။ မစ္စတာရီရဲ့ အတွေ့အောက်မှာ ဝမ်ကျားချီဟာ သူ့နှလုံးသားပါသွားတော့မလိုလိုဖြစ်ခဲ့တယ်။ ဝမ်ကျားချီဟာ ရမ္မက်ကနေ ပြောင်းလဲသွားတဲ့ တရွေ့ရွေ့တက်လာတဲ့ချစ်စိတ်တွေကို သတိနဲ့ ချွန်းအုပ်ထားခဲ့ရပေမဲ့ အဲဒီသတိကို ပြိုလဲစေခဲ့တဲ့အရာက လက်စွပ်တစ်ကွင်းဖြစ်ခဲ့တယ်။ မစ္စတာရီရော ဝမ်ကျားချီပါ သတိကြီးကြတဲ့လူတွေပါပဲ။ မစ္စတာရီရဲ့ သတိကိုပြိုလဲစေခဲ့တဲ့အရာက ရမ္မက်ဖြစ်ခဲ့ပြီး ဝမ်ကျားချီရဲ့သတိကိုပြိုလဲစေတဲ့အရာကတော့ လက်စွပ်တစ်ကွင်း ဖြစ်ခဲ့တယ်။ အဲဒီလက်စွပ်ဟာ ဝမ်ကျားချီအတွက်တော့ အချစ်ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ Lust, Cautionဟာ ကြမ်းကြုတ်တဲ့ခေတ်တစ်ခေတ်နောက်ခံက ဘက်မတူတဲ့လူနှစ်ယောက် သတိလွန်ဆွဲကြတဲ့ ဇာတ်ဆိုလည်းဟုတ်တယ်။ နိုင်ငံရေးအမြင်တွေ ကိုယ်ပိုင်ခံယူချက်တွေ, ရမ္မက်တွေ အချစ်တွေ သတိတွေလွန်ဆွဲကြတာဆိုလည်း ဟုတ်တယ်။ အန်းလီအတွက် ဒီမတိုင်ခင်က သူ့ဇာတ်ကားတိုင်းလိုလိုမှာ ဒီလိုလွန်ဆွဲကြတဲ့အကြောင်းအရာမျိုးတွေ ရိုက်ပြဖူးပြီးသားဆိုတော့ Lust, Cautionမှာ သူ့ကာရိုက်တာတည်ဆောက်ပုံဟာ ဒီလိုဇာတ်အတွက် တော်တော်ပိုင်နိုင်နေပြီ။ ကာရိုက်တာနှစ်ကောင်တည်းရဲ့ လွန်ဆွဲပွဲနဲ့တင် အန်းလီဟာ ဒီဇာတ်တစ်ခုလုံးကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဇာတ်အိမ်ကတော့ သူပြထားတဲ့ခေတ်နဲ့မလိုက်အောင်ကို ခေတ်ထက် ဒီလူ၂ယောက်ကိုပဲ အကုန်ပုံထားခဲ့တယ်။ ဒါကလည်း အန်းလီထက် မူရင်းစာရေးဆရာမ Eileen Changလက်ချက်။ သူ့ခေတ်က နိုင်ငံရေးကို ပိုထည့်ရေးကြတဲ့ခေတ်ဖြစ်ခဲ့ပေမဲ့ Eileen Changကတော့ နိုင်ငံရေးကို အရန်လောက်ပဲသုံးပြီး ဇာတ်ကောင်၂ကောင်ဆီပဲ ဦးတည်ထားခဲ့တယ်။ အန်းလီကလည်း ဒီတိုင်းပဲ အသက်သွင်းခဲ့တယ်။ Lust, Cautionရဲ့ ကာရိုက်တာနှစ်ယောက်ထဲက ထျန်းဝေရဲ့ကာရိုက်တာအပေါ်မှာတော့ မတရားလှတဲ့ရက်စက်ခြင်းတွေ လွှမ်းခြုံထားတယ်။ အဲဒီရက်စက်ခြင်းတွေဟာလည်း ကျွန်တော်တို့ဘဝထဲက အရာများစွာလိုပဲ အဖြေမရှိဘူး။ ဝမ်ကျားချီရဲ့ ရွေးချယ်မှုအတွက်လည်း အဖြေမရှိဘူး။ ဒါပေမဲ့ ကိုယ်က ဘယ်အရာအတွက် ပိုတာဝန်ရှိလဲ ရွေးချယ်ဖို့လိုလာတဲ့အခါ နှလုံးသားအတိုင်းလိုက်ရင် အမှားများကောင်းများလိမ့်မယ်။ ဒါပေမဲ့ အသိစိတ်အတိုင်းလိုက်ရင်တော့ ကိုယ့်အတွက် နောင်တပိုများနေမှာပဲ။ ပထမလမ်းအတိုင်းလိုက်တာက မှားနေရင်တောင် မှန်နေမယ်လို့ ကျွန်တော်တော့ သေချာတယ်။ ဝမ်ကျားချီမှာတော့ နောင်တရှိခဲ့မယ်မထင်ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

7.6 2007 158 mins
Lust, Caution
7.2

Shooter (2007) ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့ Thriller/Action ကားလေးပဲဖြစ်ပါတယ်။ ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။ အေးချမ်းတဲ့သူ့ဘဝထဲကို “သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ”ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့.. သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။)

Romance • Comedy
7.2 2007
Shooter
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers