YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Jujutsu Kaisen - 13v2 (1080p) {CM}.mp4

292.82 MB N/A video/mp4 2611 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Five Devils
7

Blue Is the Warmest Colour ထဲက မင်းသမီး Adèle Exarchopoulos က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗစ်ကီလို့ခေါ်တဲ့ ၈နှစ်သမီးလေးဟာ ရေကူးနည်းပြမေမေ မီးသတ်သမားဖေဖေတို့နဲ့ အတူတူနေထိုင်ပါတယ်။ အမေဖြစ်သူနဲ့ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်လွန်းပြီး ဗစ်ကီလေးဟာလည်း အမေမှ အမေ ဆိုပြီးဖြစ်နေသူလေးပေါ့။ ဒါပေမဲ့ သူ့အမေမသိတာ ၂ချက်ရှိပါတယ်။ တစ်ခုကတော့ ဗစ်ကီလေးဟာ ကျောင်းမှာ အလှောင်ခံလေးဖြစ်တယ်ဆိုတာနဲ့ နောက်တစ်ခုကတော့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်နေတယ်ဆိုတာပါပဲ။ အဲဒီစွမ်းအင်ကတော့ အနံ့တွေကို ခွဲခြမ်းစိတ်ဖြာစုဆောင်းနိုင်ပြီး သူကြိုက်ရာအနံ့တစ်ခုကိုရွေးချယ်လို့ ကာလကို ပြန်လည်ပုံဖော်နိုင်တာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရနံ့ထဲမှာ အမှတ်တရတွေရှိတတ်ပြီး ဗစ်ကီလေးက ပြန်ထုတ်ကြည့်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ယူဆလို့ရမယ်ထင်ပါတယ်။ ဒီလို စွမ်းအားပိုင်ရှင် ဗစ်ကီလေးနဲ့ သူ့ရဲ့ ချစ်လှစွာသော မေမေတို့ကြားကို သူ့ဖေဖေရဲ့ ညီမ (ဗစ်ကီအနေနဲ့ဆို ရှိလို့ရှိမှန်းမသိဖူးတဲ့ အဒေါ်တစ်ယောက်) ရောက်လာပါတယ်။ ဒီမှာပဲ လွမ်းဆွတ်ဖွယ်ကောင်းသလောက် ပြန်လည်မတူးဖော်သင့်တဲ့ သူ့မေမေရဲ့ အမှောင်ခြမ်း အတိတ်ရဲ့ အမှတ်တရတွေကို ဗစ်ကီလေးတစ်ယောက် ရနံ့တွေမှတဆင့် ဖမ်းယူလှမ်းဆုတ်မိတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7 2022 96 mins
The Five Devils
Project Wolf Hunting
6.3

စကားများတာမကြိုက်ဘူး Action ဆိုဖိုက်မှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရူးသွားစေလောက်တဲ့ ရုပ်ရှင်တစ်ကားထွက်လာပြန်ပါပြီ Action ဆိုတာထက် survival လို့ပြောလို့လည်း ရပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ ထောင်သားတွေကို ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ရွှေ့ပြောင်းတဲ့ သင်္ဘောပေါ်မှာ ထောင်ဖောက်မယ့် လူမိုက်တွေနဲ့ သူတို့မသိလိုက်ဘဲ သင်္ဘောပေါ်မှာပါလာတဲ့ မကောင်းဆိုးဝါးနဲ့ အကြိတ်အနယ်တွေ အသက်လုရမှာဖြစ်ပါတယ် နောက်ဆုံးအချိန်ထိ ပင်လယ်ရဲ့အလယ်ခေါင်မှာ ရပ်နေတဲ့ သင်္ဘောပေါ်ကလူတွေ လွတ်မြောက်နိုင်မလား အသက်ရှင်ကျန်တဲ့သူရှိမလားကိုတော့ ကြည့်လိုက်ကြပါဦး Action, Crime အမျိုးအစားဖြစ်ပြီးတော့ Seo In Guk, Jang Dong Yoon နဲ့ မူဒေါ့တဖြစ်လဲ Jung So Min တို့က အဓိကပါဝင်ထားပါတယ် သွေးထွက်သံယိုခန်းတွေအလွန်အကျွံသုံးထားသလို ဇာတ်ဝင်ခန်းတွေက အင်မတိအင်မတန်ကို ကြမ်းတမ်းပါတယ် တချို့အခန်းတွေမှာ မနှစ်မြို့စရာတွေပါတာကိုတော့ သတိပေးထားချင်ပါတယ် *** မွေးရာပါ နှလုံးရောဂါ ရှိသူများ၊ အသည်းငယ်တတ်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး *** အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime, Sci-fi Quality…. 1080p | 720p | 480p File size…1.83GB | 878MB | 325MB Format… mp4 Duration….2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Action • Comedy • Science Fiction
6.3 2022 122 mins
Project Wolf Hunting
Yugi
7

အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းလေးကတော့ နည်းနည်းဆန်းပါတယ် ကောင်မလေးတစ်ယောက်ပျောက်နေပါတယ်... ပျောက်သွားတဲ့ကောင်မလေးနေတဲ့ အိမ်ကလည်း အဲ့ဒီနားတဝိုက်မှာ ခြောက်တယ်လို့ ဂုဏ်သတင်းကြီး​နေပါတယ် ပိုပြီးထူးဆန်းဖို့ကောင်းတာက အဲ့ဒီကောင်မလေးကို ရဲတပ်ဖွဲ့ကရော... နိုင်ငံရေးသမားတွေကပါ အပူတပြင်းလိုက်ရှာနေကြပါတယ် အဲ့ဒီလို လိုက်ရှာနေရတာကိုလည်း သူတို့လည်း ဘာလို့လိုက်ရှာနေရမှန်း မသိကြပါဘူးဆိုတော့ တမီလ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းထိ ဆွဲဆောင်သွားမှာမို့ ​ ရှေ့ဆက်ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းလာမှာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြည့်ကြတော့နော်....။ File size…1.94GB / 917MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Poe & Yunni & Cherry

Drama • Romance
7 2022 131 mins
Yugi
6 Underground
6.3

deadpool မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကတော့... ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါ တာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲက မကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ် နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့ အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီး ဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ် သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ် ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါ နာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ…. actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(7.6 GB) / (2.5 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:08:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo

Drama
6.3 2019 128 mins
6 Underground
Love You My Arrogance 2

ဆန် အဖြစ် Nine Naphat အန်နာ အဖြစ် Mild Lapassalan တွန် အဖြစ် Oab Oabnithi "Love You My Arrogance "ပထမကားထွက်ပြီး ၂နှစ်အကြာမှာ " Love You My Arrogance 2 "ဆိုပြီး အဆက်ထွက်ရှိလို့လာခဲ့ပါပြီ ။ ဇာတ်လမ်းအကျဉ်း စာရေးဆရာမ အန်နာနဲ့ YouTuber တစ်ဦးဖြစ်တဲ့ ဆန်တို့က စကားတွေပြောရင်း သူငယ်ချင်းနက ရည်းစားမကျ နေရာမှာပဲ ရပ်နေကြတဲ့ နှစ်ယောက်ပေါ့ အန်အနေနဲ့လည်း ဆန့်ကို ဖွင့်ပြောလာစေချင်ပေမဲ့ ဖွင့်မပြောလာတာမို့ ကိုယ့်ဘက်ကလည်း စမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ် တစ်ရက် ဗီဒီယိုပြိုင်ပွဲတစ်ခုလုပ်ခဲ့ရာက YouTuber ဖြစ်တဲ့ ဆန်က ဆုကြေးရဖို့ ဝင်ပြိုင်ခဲ့ပါတယ် ဒီပြိုင်ပွဲကို အန်နာ့ ချစ်သူဟောင်း ဖြဖစ်တဲ့ ထိုင်းနိုင်ငံ Top 5 ဝင်တဲ့ ခရီးသွားyoutuber တွန်ပါ ဝင်ပြိုင်လာခဲ့ပြီး အန်နာ့ကို ပြန်ရဖို့ပါ ကြိုးစားလာခဲ့ပါတယ် အန်ကလည်း ရည်းစားမကျ သူငယ်ချင်းမက အခြေအနေကနေ ဆန် သူ့ကို ဖွင့်ပြောလာဖို့ နည်းမျိုးစုံသုံးကြိုးစားလာတဲ့အခါ... ဆန် တစ်ယောက် အန်နဲ့ တွန်ကို သဝန်တိုပြီးပဲ ဖွင့်ပြောလာမလား တွန်ကပဲ အန့်ကို စိတ်ပြောင်းပြီး သူ့ဆီပြန်လာအောင်လုပ်နိုင်မလား အလုပ်နဲ့ အချစ်ပြိုင်ပွဲနှစ်ခုမှာ ဆန်နဲ့ တွန် ဘယ်သူကများ အနိုင်ရမလဲဆိုတာ ကြည့်ရှုကြရအောင် ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(2.4 GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:58:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt

Fantasy
0 2022 192 mins
Love You My Arrogance 2
The Virgin Suicides
7.1

The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲ​ဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ညပါတီပွဲတက်ခွင့်ရတဲ့အခါမှာတော့... လှောင်အိမ်ထဲက ငှက်ကလေးတွေ ပျံဝဲရင်း ဘာတွေဆက်ဖြစ်မှာလဲ...? မိဘတွေကရော ဘာကြောင့် အဲ့လောက်ထိချုပ်ခြယ်တာလဲ...? သေဆုံးမှုမှာ ဘယ်သူက အဓိကတာဝန်ရှိတာလဲ...? စတဲ့အတွေးပေါင်းစုံနဲ့ 1970 ဝန်းကျင်လောက်ကို Retro Vibe နဲ့အတူ ပြန်သွားရင်း ယနေ့ခေတ်နဲ့ ယှဥ်ပြီး အတွေးနယ်ချဲ့လို့ကောင်းမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ File size…(1.92GB)/(1B)/(470MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Northener

Drama • Romance
7.1 1999 97 mins
The Virgin Suicides
Gundala
6.3

ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။ BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီး လစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။ အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။ အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။ သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ဆန်ချာကာအမေဖြစ်သူဟာ တစ်နေ့မှာ အပြင်ထွက်အလုပ်ရှာရင်းအပြီးတိုင်ပျောက်သွားခဲ့ပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ဆန်ချာကာလေးဟာ အိမ်ကနေထွက်၊ ကြုံရာလိုက်တောင်းရမ်းရင်း တခြားကလေးတွေလိုက်ရိုက်တာခံခဲ့ရပါတယ်။ ဆန်ချာကာကို နောက်ထပ်မိဘမဲ့လေးတစ်ယောက်က ကယ်တင်ခဲ့ပြီး နောက်နောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင် သိုင်းတွေလည်း သင်ပေးခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ သိုင်းလည်းတတ် ၊ ကိုယ်ကိုယ်၌ကမသိသေးတဲ့အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဆန်ချာကာလေးဟာ နောက်ထပ်ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့.... ဒီဇာတ်ကားလေးဟာ comic ကိုအသက်ပြန်သွင်းထားတဲ့ BumiLangit Cinematic Universe ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့် Gundala စတင်ဖြစ်လာပုံတွေ၊ Hero အသစ်တွေနဲ့ သူတို့ရဲ့ ဗီလိန်တွေကို မိတ်ဆက်တဲ့ ကနဦးဇာတ်ကားအနေနဲ့ပဲရှိပါသေးတယ်။ ဒါပေမယ့် ထင်ရက်စရာမရှိတာက ဇာတ်လမ်းကို အတတ်နိုင်ဆုံးဇာတ်အိမ်ကောင်းကောင်းဖွဲ့ပြီး ဗီလိန်နဲ့ ဟီးရိုးတွေကိုမိတ်ဆက်ပေးသွားတာပါပဲ။ စူပါဟီးရိုးကားသာဆိုပေမယ့် အချိတ်အဆက်မိတဲ့ အက်ရှင်ခန်းလေးတွေကလည် း The Raid ဇာတ်ကားထက်မလျော့တဲ့ ခံစားမှုမျိုးကိုပေးစွမ်းတာမို့ အားရစရာကောင်းလှပါတယ်။ IMDB Rating ကလည်း 7/10 တောင်မှဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ကတော့ ကျွန်တော် သဲသွေး (နေရဲနီ)ပဲဖြစ်ပါတယ်။ File Size : (900 MB)  Quality : WEB-DL 720p Running Time : 2hr 03min Format : Mp4 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC x264-NonDRM Translated by Nay Yell N Encoded by Thanhtike Zaw

Romance
6.3 2019 123 mins
Gundala
Gooische vrouwen
6

Gooische vrouwen (2011) =================== IMDb Rating - 6.2/10 "Gooische Vrouwen"ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာ ဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင် အဖြစ်ရိုက်ကူးထားတာတာပါ။ နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ 'ဟတ်ဂွိုင်'တွင် နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ် တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက် ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော် ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တော ခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့ မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်း လို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲ အချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ် လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size..........(2.0 GB) / (865 MB) / (530 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Kaung Paing Encoder..........SWM

Action • Adventure • Fantasy
6 2011 105 mins
Gooische vrouwen
Guns of Eden

Guns of Eden (2022) ၂၀၂၂ ထွက် အက်ရှင်ကားလေးပါ… စစ်တပ်မှာ လေ့ကျင့်ထားပေမဲ့ ရဲတပ်ဖွဲ့ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ မီဂန်က တာဝန်ချိန်ပြင်ပမှာ ဓားပြတိုက်မှုနဲ့တွေ့ပြီး ရဲတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်မိလိုက်ပါတယ်။ အဲဒီကိစ္စကြောင့် အလုပ်က နားပြီး စိတ်ဓာတ်ကျနေတဲ့အချိန် တွဲဖက်ဖြစ်သူက အခြားမိတ်ဆွေ နှစ်ယောက်နဲ့အတူ စိတ်ပြေလက်ပျောက် တောင်ပေါ်ကို စခန်းချသွားဖို့ခေါ်တာကို လိုက်သွားရင်း လူသတ်မှု ကျူးလွန်နေတဲ့ ရဲတစ်စုကို တွေ့ပြီး မျက်မြင်သက်သေဖြစ်သွားပါတယ်။ အကျင့်ပျက်ရဲတွေက သူတို့ လေးယောက်ကို နှုတ်ပိတ်ဖို့ ကြိုးစားတာကို လွတ်အောင်ပြေးပြီး ဘယ်လို ပြန်တိုက်ခိုက်မလဲဆိုတာကို ကြည့်ရမှာပါ။ နောက်ထပ် အဲဒီအကျင့်ပျက်ရဲတွေဆိုတာက မြေအောက်အဖွဲ့အစည်းကြီးတစ်ခုရဲ့ အဖျားစွန်းလေးတစ်ခုပဲဆိုတာကို သိသွားတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 720MB Quality – 1080p, 720p Format – mp4 Duration – 1H 31Min Genre – Action Subtitle – Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Thriller • Science Fiction • Drama
0 2022 91 mins
Guns of Eden
Beyond the Gates of Hell

လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က ခေါင်တဲ့နေရာမှာရှိတဲ့ အိမ်တစ်လုံးကို အောက်စျေးနဲ့ ဝယ်လို့ရလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီအိမ်က လူသေမှု လူသတ်မှု ရာဇဝင် အများကြီး ရှိထားပြီးသား အိမ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ကြုံနေတဲ့ လင်မယားနှစ်ယောက်က ဒီအိမ်ကို ဘာပြဿနာမှ မဖြစ်လောက်ဘူးထင်ပြီး ယူလိုက်ပါတယ်။ သူတို့အထင်နဲ့ တက်တက်စင်အောင်လွဲတာကတော့ အိမ်ကြီးက ငရဲဂိတ်ဝမှာ ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက American Horror Storyရဲ့ Murder House နဲ့လည်း ဆင်တူပါတယ်။ ရိုက်ထားတာကလည်း creepy vibe အပြည့်ရတယ်ဆိုပေမယ့် အရမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ရုပ်ရှင် ကြာချိန်ကလည်း တစ်နာရီ မပြည့်တော့ ကြည့်ရတာ မြန်မြန်သွက်သွက်ရှိပါတယ်။ File size…(739 GB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre…Horror, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Drama
0 2022
Beyond the Gates of Hell
Jaws
8.1

စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler’s Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving The Private Ryan တို့လို ကားတွေအထိ တစ်ကားမှမကောင်းမရှိရအောင် ရိုက်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရတော့ Jawsတို့ အင်ဒီယာနာတို့လိုကားတွေက စပီးဘာ့ဂ်ရဲ့ တင်ပြပုံမှော်ဆန်နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့မြင်နေကျ ခပ်ပေါပေါငါးမန်းကားတွေ ခပ်ပေါပေါရှေးဟောင်းသုတေသနစွန့်စားခန်းကားတွေ ဖြစ်သွားမှာပဲ။ စပီးဘာ့ဂ်ရဲ့ မှော်ဆန်မှုနဲ့ပေါင်းလိုက်မှသာ ဒီရုပ်ရှင်တွေဟာ ဂန္တဝင်ကားတွေဖြစ်လာခဲ့တာပဲ။ ဂျိမ်းစ်မန်ဂိုးဒ်လို အထင်ကရ ဒါရိုက်တာတစ်ယောက်ရိုက်တာတောင် အဲဒီလိုဆန်သွားတဲ့ အင်ဒီယာနာနဲ့ တစ်ကလွဲ နောက်ပိုင်းကားအကုန် သာမန်ငါးမန်းကားဖြစ်သွားတဲ့ Jawsကိုကြည့်ရင်ပဲ ဒီအချက်က မြင်သာတယ်။ Jawsမှာဆိုလည်း ငါးမန်းကားသက်သက်ပေမဲ့ စပီးဘာ့ဂ်ပေါင်းစပ်ထားတဲ့ Elementတွေဟာ Jawsကို သာမန်ငါးမန်းကားတစ်ကားထက်ပိုစေခဲ့တယ်။ နောက်သူက ပရိုဒတ်ရှင်းကုမ္ပဏီ Amblin Entertainmentကိုလည်း ထောင်ထားသေးတယ်။ အဲဒီကနေလည်း Back to the Futureတို့ Cape Fearတို့လို ရုပ်ရှင်တွေ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အဆက်ကို ဆက်ရိုက်ကြတာတွေကို ထုတ်ခဲ့တယ်။ သူ့ဘာသာအနေနဲ့လည်း ရုပ်ရှင်တွေအများကြီး ပရိုဂျူဆာလုပ်ခဲ့တယ်။ စပီးဘာ့ခ်ရဲ့ ရုပ်ရှင်ပိုးကို ဆွပေးခဲ့တဲ့ ရုပ်ရှင်တွေက Godzilla, King of the Monsters (1956)တို့ ကူရိုဆာဝါရုပ်ရှင်တွေတို့ Captains Courageous (1937), Pinocchio (1940)တို့ Lawrence of Arabia (1962)တို့ဆိုတော့ သူရွေးချယ်ထားတဲ့ ရုပ်ရှင်တွေက စုံလင်ဆန်းပြားနေတာလည်း မဆန်းဘူး။ အဲဒီကားတွေနဲ့ခပ်ဆင်ဆင်ကားတွေအကုန် သူရိုက်ပြခဲ့ပြီးပြီ။ Jawsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Jawsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Jawsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Blockbuster ဆိုတဲ့ စကားလုံးဟာ Jawsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Jawsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။ ဇာတ်ကြောင်းကိုတော့ ပြောပြဖို့မလိုလောက်ပါဘူး။ ဒါပေမဲ့လည်း စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေထည့်သွင်းထားတယ်။ ဒီကာရိုက်တာတွေကြောင့်ပဲ ဒီဇာတ်ဟာ သာမန်ငါးမန်းဇာတ်ထက်ပိုခဲ့တယ်။ ဂေါ်ဇီလာပရိသတ်ဖြစ်ဖူးလို့လားတော့မသိပါဘူး။ စပီးဘာ့ခ်က ငါးမန်းဖမ်းသမားကြီးပြောတဲ့ ဇာတ်လမ်းမှာ ငါးမန်းတွေရယ် နာဂါဆာကီနဲ့ ဟီးရိုးရှီးမားကို ကျဲမယ့်ဗုံးကို သွားပို့ပေးရတာရယ်ကို ချိတ်ဆက်ပြောသွားခဲ့တယ်။ ဒီအခန်းမှာ ဒီအနုမြူဗုံးရဲ့ပျက်စီးခြင်းအငွေ့အသက်ကို ခံစားမိအောင် စပီးဘာ့ဂ်ကလုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းကျောရိုးကြည့်ရင် မြင်နေကျဖြစ်နေရင်တောင်မှပဲ စပီးဘာ့ဂ်ဟာ ဒီလိုအရသာတစ်မျိုးပေးနိုင်တဲ့ Subplotsတွေ သူ့ရဲ့မှော်ဝင် Elementsတွေကိုသုံးပြီး အမြဲမှော်ဆန်အောင်လုပ်နိုင်ခဲ့တယ်။ Jaws ( 1975 )ဟာလည်း စပီးဘာ့ဂ် ဟိုးကတည်းက မှော်အောင်ခဲ့တဲ့ကားပါပဲ။ စပီးဘာ့ဂ်ဟာ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်ကို အားလုံးချစ်စေချင်တဲ့ သူတစ်ယောက်လို့ပြောရင် လွန်မယ်မထင်ဘူး။ File size… 3.2 GB / 1.3 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

8.1 1975 124 mins
Jaws
Love Syndrome: The Beginning
5.7

Love Syndrom : The Beginning (2024) ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love Syndrome 3 စီးရီးရဲ့prequelလေးဖြစ်တဲ့ Love Syndrome: The Beginning movieထွက်ရှိလို့လာပါပြီ။ အချစ်ကြမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ သင်္ဘောမမတို့အကြိုက် Day-Itt coupleလေးကို တစ်ဖန်ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ အချစ်ကြမ်း အနမ်းလည်းကြမ်း ကြမ်းစရာရှိတာအကုန်ကြမ်းတဲ့ ဒီကားလေးမှာ BDSMလေးတွေလည်း ဝေဝေဆာဆာပါဝင်တာမလို့ ၁၈ ယောက်စုပြီးမှပဲ သိုက်သိုက်ဝန်းဝန်းလေး ကြည့်ရှုခံစားပေးကြပါဦး။ လွန်ခဲ့တဲ့ ၆ လက ‌လူချမ်းသာသားသမီးပီပီ အလိုလိုက်ခံထားရပြီး ပျက်စီးနေတဲ့ အစ်တို့သူငယ်ချင်းတစ်သိုက် မလုပ်သင့်တဲ့ အလောင်းအစားတစ်ခုကို လုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ နိုက်ဆိုတဲ့မနူးမနပ်ကောင်လေးကို လှည့်ဖြားပြီးတော့ အစ်ရဲ့သူငယ်ချင်းဂီယာက နိုက်ကို အညွန့်ချိုးမုဒိမ်းကျင့်လိုက်တာပါပဲ။ လုပ်ချင်ရာလုပ်ပြီး ဘားမှာသောက်စားပျော်ပါးနေတဲ့ အစ်တစ်ယောက် သူ့ကားကို ဝင်တိုက်မိတဲ့သူနောက် အလျော်တောင်းဖို့လိုက်သွားမိပြီးခါမှ ကျားဂူထဲအောင်းမိမှန်း သိလိုက်ရပါတယ်။ သူ့ကားကိုဝင်တိုက်တဲ့သူက နိုက်ရဲ့အစ်ကိုဒေးဖြစ်ပြီးတော့ အစ်တို့ကို လက်စားချေချင်လို့ ကားကိုတမင်ဝင်တိုက်ပြီး အကွက်ဆင်ထားတာမှန်း အသိနောက်ကျသွားတဲ့အစ်တစ်ယောက် နိုက်လိုထပ်တူအဖြစ်မျိုး ကြုံရဖို့ဖြစ်လာပါတော့တယ်။ အမုန်းတရားတွေ ရန်ငြိုးတွေ ကလဲ့စားတွေနဲ့ အစပျိုးခဲ့တဲ့ အစ်နဲ့ဒေးကြားကပတ်သက်မှုက ဘယ်လိုခရီးဆက်မလဲဆိုတာ ကြည့်ရှု အဖြေရှာရအောင်ပါ။ အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, CharOu, Su Myat တို့ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama Quality…. 1080p | 720p File size… 1.1GB | 642MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, CharOu, Su Myat Encoder ….. Aaron

5.7 2024
Love Syndrome: The Beginning
The Blackwood City Gold Theft Case
5.7

၆လအတွင်းမှာ ဟေးမုမြို့ရဲ့ငွေတိုက်(၅)တိုက်ကရွှေငွေရတနာတွေခိုးခံလိုက်ရပါတယ်။ ခရိုင်တရားသူကြီးဟာ အပျော်အပါးမက်ပြီးတော့ တရားရေးကိုစိတ်မဝင်စားတဲ့အတွက် ဒီအမှုတွေရဲ့တရားခံအစစ်ဟာဥပဒေအောက်ကလွတ်မြောက်နေပါတယ်။ တစ်နေ့မှာတော့ စာဂျပိုးလေး ရွှီသခင်လေးရောက်လာပြီးတော့ ဒီအမှုတွေကိုစုံစမ်းဖို့တာဝန်ယူခဲ့ရပါတယ်။ ခိုးမှုကိုစုံစမ်းနေချိန်မှာ အမျိုးမျိုးနှောက်ယှက်ခံရပေမယ့် ရွှီသခင်လေးဟာသဲလွန်စတွေနောက်လိုက်ရင် ကြိုးအထုံးပြေသလို အမှန်တရားတွေဟာတစ်ဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ လုံခြုံရေးတင်းကြပ်တဲ့ငွေတိုက်ထဲကနေသူခိုးဟာဘယ်လိုခိုးခဲ့တာလဲ……. ဒီများပြားတဲ့ရွှေငွေရတနာတွေကိုခိုးရတဲ့နောက်ကွယ်ကရည်ရွယ်ချက်ဟာဘာဖြစ်နေမလဲ……

Adventure • Action • Drama • Thriller
5.7 2025
The Blackwood City Gold Theft Case
The Miracle of a Woman’s Tears
5.5

The Miracle of a Woman’s Tears (2025) IMDb Rating (5.5) Kiki ဆိုတဲ့အမျိုးသမီးက သူ့ရဲ့ခင်ပွန်းဖြစ်သူ ရုတ်တရက်သေဆုံးသွားတဲ့အတွက် ဘဝအပြောင်းအလဲကြီးတစ်ခု ဖြစ်သွားပါတယ်။ ခင်ပွန်းဆုံးသွားကတည်းက အလုပ်အကိုင်အဆင်မပြေ၊ ငွေကြေးအကြပ်အတည်းနဲ့ သူ့သမီးလေးကို တွေ့ခွင့်မရတော့တဲ့ အခက်အခဲတွေကို တစ်ပြိုင်နက်တည်းရင်ဆိုင်နေရတဲ့ Kiki ကို သူငယ်ချင်းဖြစ်သူ Rahma က ဘာသာရေးကိုင်းရှိင်းဖို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ Kiki တစ်ယောက် ကံကောင်းခြင်းတွေရောက်ရှိလာဖို ဘယ်လိုစိတ်ရှည်သည်းခံပြီး အခက်အခဲတွေကိုကျော်လွန်မလဲဆိုတာကို ဘာသာရေးသင်ခန်းစာတွေနဲ့အတူ ဘုရားသခင်အပေါ် အချစ်နဲ့ယုံကြည်မှုတွေကို အလေးပေးရိုက်ကူးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:47:47 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Thwal Htoo Zin

Crime
5.5 2025 110 mins
The Miracle of a Woman’s Tears